အလွန်ကြီးမားသော အစီအရင်
Vol. 30 Ch. 367
ပြီးခဲ့တဲ့ တစ်လအတွင်းမှာ လူယန်ယွီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ပေမယ့် လူယန်ယွီက သူတွေ့သမျှ ရတနာတိုင်းကို သူ့ကို မျှဝေပေးလောက်အောင် ကောင်းမွန်မယ်လို့ ကျန်းပေရန် ကိုယ့်ကိုယ်ကိုယ် အထင်မကြီးခဲ့မိပေ။
ဒါကြောင့် အဲ့ဒီ ရှေးဟောင်းစာအုပ်ကို မြင်လိုက်ရတဲ့အချိန်မှာ ဒီနှစ်ယောက်လုံး အဲ့ဒါကို နားမလည်နိုင်လို့ သူ့ကို လာရှာတာ ဖြစ်လောက်တယ် ဆိုတာ ကျန်းပေရန် အခြေခံအားဖြင့် သေချာနေခဲ့လေသည်။
'ခင်ဗျားတို့က ကျွန်တော့် အကူအညီ လိုချင်ရတဲ့အထဲ ကျွန်တော်က ခင်ဗျားတို့ကို ကျေးဇူးတင်ရဦးမှာလား'
'အိပ်မက်သာ မက်နေလိုက်တော့'
သူ့ရဲ့ လှည့်ကွက်ကို ရိပ်မိသွားတာတောင် ရှက်ရွံ့မှု မရှိတဲ့ လူယန်ယွီကို ကြည့်ပြီး ကျန်းပေရန်က ပြုံးပြီး ခေါင်းခါလိုက်ကာ လက်ကို ဆန့်ထုတ်လိုက်လေသည်။
"ကျွန်တော့်ကို ပေးကြည့်ပါဦး"
"ကောင်းပါပြီဗျာ"
ထို့နောက် လူယန်ယွီက စားပွဲနားက ရှန်ထျန်းဟွာကို လှမ်းကြည့်ပြီး အော်လိုက်လေသည်။
"မင်းက ဘာလုပ်နေတာလဲ စာအုပ်ကို မြန်မြန် ယူလာခဲ့လေ"
ဒါကို ကြားတော့ ရှန်ထျန်းဟွာ ရင်ထဲမှာ တော်တော်လေး မလိုလားအပ် ဖြစ်နေမိလေသည်။
သူ့အသက်နဲ့ ရင်းပြီး ရယူခဲ့ရတဲ့ ဒီရှေးဟောင်းစာအုပ်ကို ထူးဆန်းတဲ့ လူငယ်လေး တစ်ယောက်ကို ပေးကြည့်ရတာတင် ဆိုးနေပြီ၊ အခု သူကပဲ ဖတ်ပေးဖို့ တောင်းပန်နေရသလို ဖြစ်နေလေသည်။
ဒါပေမဲ့ တခြားနည်းလမ်း မရှိပေ။
သူ ဒီရှေးဟောင်းစာအုပ်ကို ရပြီးနောက် အချိန်အကြာကြီး လေ့လာခဲ့ပေမယ့် ဘာမှ နားမလည်ခဲ့ပေ။
ဒါကြောင့် သူက စမ်းကြည့်ဖို့ လူယန်ယွီဆီ လာခဲ့တာ……
တကယ်တမ်းကျတော့ လူယန်ယွီကလည်း သူ့လိုပါပဲ ခေါင်းကိုက်တာကလွဲရင် ဘာမှ မရခဲ့ပေ။
သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေတုန်း လူယန်ယွီက မကြာသေးမီက လက်ရာမြောက် အလုပ်ရုံကို အစီအရင် ပညာရှင် တစ်ယောက် ရောက်လာတယ်၊ သူတို့နှစ်ယောက် ပေါင်းတာထက် ပိုတော်တဲ့ ပညာရှင် အစစ်ပဲ ဆိုပြီး ရုတ်တရက် ပြောလာခဲ့လေသည်။
ရှန်ထျန်းဟွာ အစတုန်းက မယုံခဲ့ပေမယ့် လူယန်ယွီက သူသိတဲ့ အကျွမ်းကျင်ဆုံး အစီအရင် ဆရာ ဖြစ်နေလေသည်။
ဒီရှေးဟောင်းစာအုပ်ကို အဓိပ္ပာယ်ဖော်ဖို့ ကူညီပေးနိုင်မယ့် တခြားလူကို သူ ရှာမတွေ့နိုင်တော့ပေ။
ဒါကြောင့် အများကြီး တွေဝေပြီးနောက် သေနေတဲ့ မြင်းကို အရှင်လို သဘောထားပြီး ကုသသလိုမျိုး လူယန်ယွီကို စမ်းခွင့်ပြုလိုက်ရလေသည်။
အခု ဒီလောက် ငယ်ရွယ်တဲ့ လူငယ်လေး တစ်ယောက်က အစီအရင် ပညာရပ်မှာ သူတို့နှစ်ယောက်လုံးထက် ဘယ်လို သာလွန်နိုင်မလဲ ဆိုတာ စိတ်ကူးရ ခက်နေတုန်းပဲ ဖြစ်ပေမယ့် လူယန်ယွီရဲ့ သဘောထားကို ကြည့်ပြီး သူ မယုံလို့ မရတော့ပေ။
ဘာပဲဖြစ်ဖြစ် အစီအရင် ဆရာ တစ်ယောက် အနေနဲ့ လူယန်ယွီရဲ့ မာနက သူ့ထက် မလျော့နည်းပေ။
ဒီ ကျန်းပေရန် ဆိုတဲ့လူက တကယ် မတော်ရင် လူယန်ယွီက ဒီလို သဘောထားမျိုး ဘယ်တော့မှ ပြမှာ မဟုတ်ပေ။
"ရော့ ယူလိုက်"
ရှန်ထျန်းဟွာက ရှေးဟောင်းစာအုပ်ကို လူယန်ယွီဆီ ကမ်းပေးရင်း ပြောလိုက်လေသည်။
စာအုပ်ကို ယူပြီး လူယန်ယွီက ကျန်းပေရန်ဆီ လွှဲပေးလိုက်ပြီး ပြောလိုက်လေသည်။
"ညီလေးကျန်း မင်းကိုပဲ ဒုက္ခပေးရတော့မယ်"
"ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်"
ရှေးဟောင်းစာအုပ်ကို လက်ခံရယူပြီးနောက် ကျန်းပေရန်က ပထမဆုံး စာမျက်နှာကို လှန်လိုက်လေသည်။
"ရွှပ်... ရွှပ်..."
တိတ်ဆိတ်နေတဲ့ အထဲမှာ ကျန်းပေရန်က မရပ်မနားဘဲ စာမျက်နှာ ဒါဇင်ပေါင်းများစွာကို ဖတ်ရှုသွားလေသည်။
လူယန်ယွီနဲ့ ရှန်ထျန်းဟွာက သူ့ကို မနှောင့်ယှက်ရဲတာကြောင့် လျှို့ဝှက် အသံလွှင့်စနစ်နဲ့ ဆက်သွယ်နေကြလေသည်။
"ဒီကောင်လေးက တကယ်ရော တော်ရဲ့လား"
"တော်ပါစေလို့ မင်း ဆုတောင်းလိုက်တာ ပိုကောင်းမယ် မဟုတ်ရင် ဒါက တကယ့် ပြဿနာ ဖြစ်လာလိမ့်မယ်"
"အင်း မင်းပြောတာ ဟုတ်တယ်"
သူတို့နှစ်ယောက် သီးသန့် စကားပြော နေတုန်း ကျန်းပေရန်က ရုတ်တရက် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး နှာခေါင်းရိုးကို လက်နဲ့ ပွတ်သပ်လိုက်လေသည်။
ဒါကို ကြားတော့ လူယန်ယွီ အမြန် ခေါင်းလှည့်ကြည့်ပြီး မေးလိုက်လေသည်။
"ဘယ်လိုလဲ တစ်ခုခု ရှာတွေ့လား"
မျက်လုံးတွေကို ခဏ အနားပေးပြီးနောက် ကျန်းပေရန်က ရှန်ထျန်းဟွာ ဘက် လှည့်ပြီး ပြောလိုက်လေသည်။
"စီနီယာရှန် ဟုတ်တယ်မလား ဒီဂျူနီယာ တစ်ခုလောက် ခန့်မှန်းကြည့်မယ် ခင်ဗျား ဒီရှေးဟောင်းစာအုပ်ကို ထာဝရ ရေခဲဖုံးလွှမ်းနေတဲ့ နေရာကနေ ရခဲ့တာလား"
ရှန်ထျန်းဟွာရဲ့ မျက်လုံးတွေ အံ့သြမှုကြောင့် ပြူးကျယ်သွားလေသည်။
'ဟုတ်တယ် ငါ ဒီရှေးဟောင်းစာအုပ်ကို ရေခဲမြစ် တစ်ခုထဲကနေ တကယ် ရှာတွေ့ခဲ့တာ
ဆရာက အဲ့ဒါကို ဖတ်ပြီး တစ်ခုခု ရှာတွေ့သွားတာလား'
ရှန်ထျန်းဟွာက သူ့ကို "ဆရာ" လို့ ချောချောမွေ့မွေ့ ခေါ်လိုက်တာ ကြားတော့ လူယန်ယွီက "ဖူး" ခနဲ ရယ်လိုက်လေသည်။
"အခု ငါ့ကို ယုံပြီလား မင်းရဲ့ အစ်ကိုကြီးက ဘယ်တုန်းက မှားဖူးလို့လဲ"
ရှန်ထျန်းဟွာ ပြန်မပြောနိုင်ခင် လူယန်ယွီက ကျန်းပေရန်ကို ချက်ချင်း မေးလိုက်လေသည်။
"မြန်မြန် မင်းရဲ့ အစ်ကိုကြီးကို ပြောပြစမ်း ဒီရှေးဟောင်းစာအုပ်ထဲမှာ ဘာတွေ ရေးထားတာလဲ"
စာအုပ်ကို မြှောက်ပြလိုက်ပြီး ကျန်းပေရန် ပြန်ဖြေလိုက်လေသည်။
"ဒါက မပြည့်စုံတဲ့ အတွဲပါ နားလည်ဖို့ အတွက်ဆိုရင် တခြား အတွဲတွေကို ရှာရပါမယ်"
ရှန်ထျန်းဟွာရဲ့ အံ့သြမှုက ပိုမို နက်ရှိုင်းလာလေသည်။
"ဆရာ... ဆရာက အဲ့ဒါကိုတောင် ပြောနိုင်တာလား"
လူယန်ယွီက ဒါကို ကြားတော့ မပျော်မရွှင် ဖြစ်သွားလေသည်။
သူ လှည့်ပြီး ရှန်ထျန်းဟွာရဲ့ ကော်လာကို ဆွဲကာ ပြောလိုက်လေသည်။
"ဟေ့ကောင် မင်း ဒါက မပြည့်စုံတဲ့ အတွဲဆိုတာ အစကတည်းက သိနေတာပဲ ဘာလို့ စောစောက မပြောတာလဲ မင်းက ငါ့အချိန်တွေကို ဖြုန်းတီးပစ်လိုက်တာပဲ"
လူယန်ယွီရဲ့ လက်ကို ပုတ်ထုတ်လိုက်ပြီး ရှန်ထျန်းဟွာ ပြန်ပြောလိုက်လေသည်။
"မင်း မြင်ရတာကိုပဲ ဝမ်းသာသင့်တယ် ပြည့်စုံတာ မပြည့်စုံတာ ဘယ်သူ ဂရုစိုက်လို့လဲ"
ထို့နောက် ရှန်ထျန်းဟွာက ကျန်းပေရန်ကို ပြန်ကြည့်ပြီး ပြောလိုက်လေသည်။
"ဆရာက ဒီရှေးဟောင်းစာအုပ် မပြည့်စုံဘူး ဆိုတာ ဘယ်လို သိတာလဲ ပြီးတော့ ရေခဲမြစ်ထဲက ရလာတာ ဆိုတာကိုရော ဘယ်လို သိတာလဲ ဆိုတာ သိချင်ပါတယ်"
ရှေးဟောင်းစာအုပ်ကို စားပွဲပေါ် တင်လိုက်ပြီး ကျန်းပေရန် အနည်းငယ် ပြုံးလိုက်လေသည်။
"ပေါ့ပေါ့ပါးပါး ခန့်မှန်းကြည့်တာပါ"
လူယန်ယွီနဲ့ ရှန်ထျန်းဟွာက အဲ့ဒါကို ယုံမှာ မဟုတ်ဘူး ဆိုတာ သေချာပေမယ့် ကျန်းပေရန်က အဲ့လို ပြောမှတော့ အဖြေရဖို့ တစ်ခုခု ပေးရမယ် ဆိုတဲ့ အဓိပ္ပာယ်ပင်…….
ရှန်ထျန်းဟွာ ခဏ စဉ်းစားပြီးနောက် ရှေ့တိုးလာကာ လက်သီးဆုပ် အရိုအသေပြုလိုက်လေသည်။
"ကျွန်တော့်ကို ဉာဏ်အလင်း ပေးဖို့အတွက် ဆရာ ဘာလိုချင်လဲ မသိဘူး"
"ဉာဏ်အလင်း ပေးတယ်လို့တော့ မပြောရဲပါဘူး ကျွန်တော် တစ်ခုပဲ ပြောနိုင်တယ် တခြား ရှေးဟောင်းစာအုပ်တွေကို မစုစည်းနိုင်ရင် အဆင့် ၉ အစီအရင် ဆရာတောင် အထဲက အကြောင်းအရာတွေကို အဓိပ္ပာယ်ဖော်နိုင်မှာ မဟုတ်ဘူး"
"ဒါက..."
ရှန်ထျန်းဟွာ ခဏ တိတ်ဆိတ်သွားပြီးမှ ပြန်မော့ကြည့်လိုက်လေသည်။
"ကျွန်တော် နားလည်ပါပြီ ကျေးဇူးတင်ပါတယ် ဆရာ"
ဘေးနားမှာ ရပ်နေတဲ့ လူယန်ယွီက သူ့မေးစေ့ကို ပွတ်သပ်ပြီး ရှန်ထျန်းဟွာကို ကြည့်ကာ မေးလိုက်လေသည်။
"အသံနေအသံထား အရဆိုရင် တခြား အတွဲတွေ ဘယ်မှာ ရှိလဲ ဆိုတာ မင်း သိလောက်တယ် မဟုတ်လား"
"အင်း"
ရှန်ထျန်းဟွာ ခေါင်းညိတ်လိုက်လေသည်။
"ဒီစာအုပ်ကို မျက်စိကျနေတာ ငါ တစ်ယောက်တည်း မဟုတ်ဘူး တိုက်ခိုက်နေတုန်းမှာ တခြား အတွဲတွေကို ငါ့ပြိုင်ဘက်တွေ လုယူသွားကြတယ်"
"တောက် မင်းက လျှို့ဝှက်ချက်ကို တကယ် ထိန်းသိမ်းတတ်တာပဲ ဘာလို့ ခုနက မပြောတာလဲ"
"မင်းမှ မမေးတာ"
"ဟဲဟဲ"
အနည်းငယ် ရယ်မောပြီးနောက် လူယန်ယွီ ဆက်ပြောလိုက်လေသည်။
"ဒါဆို ညီလေးကျန်း ပြောသလိုဆိုရင် တခြားလူတွေက မင်းဆီက အတွဲကို လိုက်ရှာနေလောက်တယ် မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ"
"ငါ သူတို့နဲ့ အရင် ပူးပေါင်းဖို့ ကြိုးစားကြည့်မယ်"
ပြောပြီးနောက် ရှန်ထျန်းဟွာက ကျန်းပေရန်ကို ဦးညွှတ်ပြီး မေးလိုက်လေသည်။
"ဆရာ ဒီ မပြည့်စုံတဲ့ အတွဲက ရေခဲမြစ်က လာတယ် ဆိုတာ ဆရာ သုံးသပ်နိုင်မှတော့ တခြား ဘာများ အဓိပ္ပာယ်ဖော်နိုင်သေးလဲ"
"ဘာမှ မရှိတော့ပါဘူး"
ရှန်ထျန်းဟွာက သဘာဝကျကျ မယုံကြည်ပေမယ့် အတင်းအကျပ် မေးနေရင် အသုံးမဝင်မှန်း သူ သိလေသည်။
ခဏ စဉ်းစားပြီးနောက် သူက စမ်းသပ် မေးကြည့်လိုက်လေသည်။
'ဆရာကျန်းက ဒီရှေးဟောင်းစာအုပ်ကို စိတ်ဝင်စားမလား မသိဘူး'
"စိတ်မဝင်စားပါဘူး" ကျန်းပေရန်က ပြုံးပြီး ပြန်ဖြေလိုက်လေသည်။
"..."
ရှန်ထျန်းဟွာက အရမ်း ငယ်ရွယ်လွန်းပြီး ယုတ္တိမရှိလောက်အောင် တော်တဲ့ ဒီအစီအရင် ဆရာကို တကယ် နားမလည်နိုင်တော့ပေ။
ဒါပေမဲ့ ဒီလူက တကယ် ကျွမ်းကျင်မှန်း သိတာကြောင့် ရှန်ထျန်းဟွာက သူ့ကို စည်းရုံးဖို့ ကြိုးစားချင်နေတုန်းပင်။
ကျန်းပေရန်ကို ထပ်မံ ဦးညွှတ်ပြီး ရှန်ထျန်းဟွာ ဆက်ပြောလိုက်လေသည်။
"ဒီရှေးဟောင်းစာအုပ်က ဝေဝါးပြီး နားလည်ရ ခက်ပါတယ် တခြား အတွဲတွေ အကုန် စုစည်းမိရင်တောင် နားလည်ဖို့ ခက်ခဲမှာကို ကျွန်တော် စိုးရိမ်မိတယ် အဲ့ဒီအခါကျရင် အဓိပ္ပာယ်ဖော်ဖို့ ဆရာ့ကို ဒုက္ခပေးရပါလိမ့်မယ် ဒါပေါ့ ဆရာ ကျေနပ်လောက်မယ့် ဆုလက်ဆောင်ကို ကျွန်တော် ပေးပါ့မယ်"
"သဘောတူပါတယ်"
ကျန်းပေရန်က တကယ်တော့ ဒီရှေးဟောင်းစာအုပ်ကို အရမ်း စိတ်ဝင်စားနေတာ ဖြစ်သည်။
အတွင်းထဲမှာ မှတ်တမ်းတင်ထားတဲ့ အကြောင်းအရာတွေက သူ အတိအကျ လိုအပ်နေတဲ့ အရာတွေပါပဲ အလွန်ကြီးမားသော အတိုင်းအတာရှိသည့် အစီအရင်များကို ဘယ်လို တည်ဆောက်ရမလဲ ဆိုတာပေါ့။
ချီတိုင်းပြည်ရဲ့ နိုင်ငံတော် ကာကွယ်ရေး မဟာအစီအရင်လိုမျိုး ဒီလို အလွန်ကြီးမားသော အတိုင်းအတာရှိသည့် အစီအရင်တွေ တည်ဆောက်တာက အလွန် ရှုပ်ထွေးလေသည်။
ဒါပေမဲ့ ပြီးစီးသွားရင် သူတို့ရဲ့ အာနိသင်တွေက သာမန် အစီအရင်တွေ စွမ်းဆောင်နိုင်တာထက် အများကြီး သာလွန်လေသည်။
ဘာလို့လဲဆိုတော့ သူတို့က ကြီးမားတဲ့အတွက် လုပ်ဆောင်ချက် ပိုများများ သယ်ဆောင်နိုင်ပြီး တကယ် လည်ပတ်တဲ့အခါ ကြီးမားတဲ့ စွမ်းအားကို ပြသနိုင်လို့ ဖြစ်သည်။
ဒီအစီအရင် အမျိုးအစားကို သူ ဘာလို့ သင်ယူချင်တာလဲ ဆိုတာကတော့ သဘာဝကျကျ ရှန့်တိုင်းပြည် အတွက်ပါပဲ။
သူ့ရဲ့ အမြစ်က ရှန့်တိုင်းပြည်မှာ ရှိတယ်ဆိုတာ ကျန်းပေရန် အမြဲ နားလည်ထားလေသည်။
နိုင်ငံခြောက်နိုင်ငံရဲ့ နယ်မြေတွေက ဝိညာဉ်စွမ်းအင် ဘယ်လောက်ပဲ ကြွယ်ဝပါစေ ဒီနေရာက သူနဲ့ မဆိုင်ဘူးဆိုတာ သူ အမြဲ သိနေလေသည်။
ရှေးစကား ဆိုရိုးအတိုင်း ကိုယ့်အိမ်လို နေရာမျိုး ဘယ်မှာမှ မရှိပေ။
ရှန့်တိုင်းပြည်က နယ်စပ် နိုင်ငံငယ်လေး ဖြစ်ပေမယ့် ကျန်းပေရန်က အဲ့ဒီမှာ အာဏာရှိလေသည်။
ပြီးတော့ သူ အကြိုက်ဆုံး အရာက အရာအားလုံး သူ့ထိန်းချုပ်မှု အောက်မှာ ရှိနေတာပါပဲ။
ပြီးတော့ နိုင်ငံခြောက်နိုင်ငံ ကရော။
သူတို့ဆီမှာ စွမ်းအားကြီးတဲ့ ပညာရှင်တွေ ပြည့်နှက်နေပြီး ဂိုဏ်းတွေ မျိုးနွယ်စုတွေက အများကြီး ရှိတယ် အဲ့ဒီအထဲက အများစုက နှစ်ပေါင်း တစ်ထောင်နဲ့ အထက် တည်ရှိခဲ့ကြတာ။
ရှီမျိုးနွယ်စုလို မျိုးနွယ်စု ဒါမှမဟုတ် ဂိုဏ်းတစ်ခုက သူ့ကို အိမ်တော်ထိန်း အဖြစ် ဖိတ်ခေါ်ရင်တောင် သူက အများဆုံး အိမ်တော်ထိန်း တစ်ယောက်ပဲ ဖြစ်နေမှာ။
အာဏာရှိဖို့ မပြောနဲ့ အချိန်မရွေး အမြောက်စာ အဖြစ် အစတေးခံရနိုင်သေးသည်။
ဒါကြောင့် ကျန်းပေရန်ရဲ့ အစီအစဉ်က ရှန့်တိုင်းပြည်ကို ပိုကြီးမားပြီး ပိုသန်မာလာအောင် လုပ်ဖို့၊ နောက်ဆုံးမှာ နဂါးနက် ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို မျိုချပစ်ဖို့ပါပဲ။
ကမ္ဘာကြီး တစ်ခုလုံး သူ့ရဲ့ သစ္စာရှိ အမိန့်အောက် ရောက်နေတဲ့အခါ ကောင်းကင်တာအိုက သူ့ကို ဘယ်လို ဒုက္ခပေးနိုင်ဦးမလဲ ဆိုတာ ကြည့်ရသေးတာပေါ့။
ပြီးတော့ ရှန့်တိုင်းပြည် မသန်မာလာခင်မှာ ကျန်းပေရန်က သဘာဝကျကျ သူ့ကို ကောင်းကောင်း ဂရုစိုက်ရမည်။
ပါရမီရှင်တွေ စုဆောင်းတာပဲ ဖြစ်ဖြစ် ကာကွယ်တာပဲ ဖြစ်ဖြစ် နယ်မြေ တဖြည်းဖြည်း ချဲ့ထွင်တာပဲ ဖြစ်ဖြစ် အရာအားလုံးကို တစ်ဆင့်ချင်း လုပ်ဆောင်ရမည်။
ပြီးတော့ ဒီ အလွန်ကြီးမားသော အတိုင်းအတာရှိသည့် အစီအရင်က ကျန်းပေရန်ရဲ့ အစီအစဉ်မှာ မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အလွန်ကြီးမားသော အတိုင်းအတာရှိသည့် အစီအရင်တွေက ကာကွယ်ရေး အမျိုးအစား တစ်ခုတည်းမှာ ကန့်သတ်ထားတာ မဟုတ်ဘူး တိုက်ခိုက်ရေး၊ ရွေ့လျားနိုင်စွမ်းနဲ့ ပုန်းကွယ်ခြင်း အမျိုးအစားတွေလည်း ရှိသေးသည်။
ဒီအစီအရင်တွေ တစ်ခုစီမှာ ကိုယ်ပိုင် အံ့ဖွယ် အသုံးပြုပုံတွေ ရှိကြသည်။
ကျန်းပေရန်သာ အားလုံး သင်ယူလိုက်ရင် ရှန့်တိုင်းပြည် တစ်ခုလုံးကို အဆုံးစွန် ခံတပ်ကြီး တစ်ခု အဖြစ် ပြောင်းလဲဖို့က ကိတ်မုန့်စားသလောက် လွယ်ကူသွားလိမ့်မည်။
သူ စိတ်မဝင်စားဘူးလို့ ပြောရတဲ့ အကြောင်းရင်းက စနစ် ရွေးချယ်မှုတွေကနေ ကျန်းပေရန် တစ်ခုခု သင်ယူခဲ့လို့ပါ တစ်ခုခုကို ပိုကြိုက်လေလေ အဲ့ဒါကို ဂရုမစိုက်သလို ပိုဟန်ဆောင်သင့်လေလေပါပဲ။
မဟုတ်ရင် ခင်ဗျားက တဖက်လူကို ခင်ဗျားကို ထိန်းချုပ်နိုင်မယ့် အခွင့်အရေး ပေးလိုက်သလို ဖြစ်နေလိမ့်မည်။
ဆရာကျန်း သဘောတူလိုက်တာ မြင်တော့ ရှန်ထျန်းဟွာ နည်းနည်း စိတ်အေးသွားလေသည်။
စာအုပ် ယူသွားတဲ့ တခြားလူတွေနဲ့ ပူးပေါင်းတာပဲ ဖြစ်ဖြစ် သူတို့ဆီက စာအုပ် လုယူတာပဲ ဖြစ်ဖြစ် အန္တရာယ် ကြီးမားမှန်း သူ သိလေသည်။
အဲ့ဒီလောက် ကြိုးစားပြီးမှ သူ နားမလည်နိုင်တဲ့ အစီအရင် လက်စွဲစာအုပ် တစ်အုပ် ရလာရင် သူ ငိုစရာ နေရာတောင် ရှိမှာ မဟုတ်ပေ။
"ဟေ့ ဟွာဇီ မင်းနဲ့ စာအုပ် လုတဲ့သူတွေက ဘယ်သူတွေလဲ ပြောပြပါဦး မင်းရဲ့ အစ်ကိုကြီးက အကြံဉာဏ်တချို့ ပေးနိုင်မလားလို့"
ကုလားထိုင်ပေါ် ထိုင်ပြီး ဝိုင်ငှဲ့နေတဲ့ လူယန်ယွီက ရုတ်တရက် မေးလိုက်လေသည်။
"အကြွင်းမဲ့ မြေကမ္ဘာ ခန်းမ၊ လောက အသရေတော် ချိုင့်ဝှမ်း နဲ့ ငါ မသိတဲ့ နောက်တစ်ခု"
"ဝါး ဒါက ပွဲကြီးပွဲကောင်းပဲ"
လူယန်ယွီက ဝိုင်ခွက်ထဲက တစ်ငုံ သောက်လိုက်လေသည်။
"ဆက်ပြောပါဦး ဘာတွေ ဖြစ်ခဲ့လဲ"
ရှန်ထျန်းဟွာ စကားပြောတော့မယ့် အချိန်မှာပဲ ကျန်းပေရန် ထရပ်ပြီး ပြောလိုက်လေသည်။
"ဒီမှာ ကျွန်တော့် ကိစ္စ ပြီးပြီဆိုတော့ ခင်ဗျားတို့ နှစ်ယောက် စကားပြောကြပါ ကျွန်တော့်မှာ တခြား လုပ်စရာ ကိစ္စတွေ ရှိသေးလို့ ပြန်ခွင့်ပြုပါဦး"
ပြောပြီးတာနဲ့ သူ အောက်ထပ် ဆင်းသွားလေသည်။
ကျန်းပေရန် ဒီလိုပဲ ထွက်သွားတာကို ကြည့်ပြီး ရှန်ထျန်းဟွာ ကြောင်သွားလေသည်။
ခဏကြာမှ သူ လူယန်ယွီကို ပြောလိုက်လေသည်။
"ဒီဆရာရဲ့ ဇာစ်မြစ်က ဘာလဲ သူက တစ်စိတ်တစ်ပိုင်း နားလည်နိုင်မှတော့ ဒီရှေးဟောင်းစာအုပ်ရဲ့ တန်ဖိုးကို နားလည်သင့်တာပေါ့ သူက ဘယ်လိုလုပ်ပြီး ဘာမှ မဖြစ်သလို နေနိုင်ရတာလဲ"
ရှန်ထျန်းဟွာ အတွက်လည်း ဝိုင်တစ်ခွက် ငှဲ့ပေးရင်း လူယန်ယွီ ခေါင်းခါပြီး ပြောလိုက်လေသည်။
"မင်း တစ်ယောက်တည်း မဟုတ်ပါဘူး ငါလည်း သူနဲ့ အတူနေတာ အချိန်တစ်ခု ကြာပြီ သူ့ကို နားမလည်နိုင်သေးဘူး ဘာပဲဖြစ်ဖြစ်... သူ့ကို သာမန် အသိဉာဏ်နဲ့ ဆုံးဖြတ်လို့ မရဘူး"
"ဘာကို ဆိုလိုတာလဲ"
"သူ့ကို မင်းရဲ့ အတွေးလမ်းကြောင်း အတိုင်း လိုက်လာအောင် လုပ်ဖို့ အရမ်း ခက်ခဲတယ် မင်း မသိလိုက်ခင်မှာပဲ သူက စကားဝိုင်းကို ဦးဆောင်နေလိမ့်မယ်"
"အဲ့ဒါတော့ နည်းနည်း ရှိတယ်"
ရှန်ထျန်းဟွာက သဘောတူစွာ ခေါင်းညိတ်ပြီး ခွက်ထဲကနေ တစ်ငုံ သောက်လိုက်လေသည်။
ဒါပေမဲ့ အဲ့ဒီ တစ်ငုံနဲ့တင် သူ့မျက်နှာထား ချက်ချင်း ပြောင်းလဲသွားလေသည်။
"ပြင်းလိုက်တဲ့ ဝိုင်"
ရှန်ထျန်းဟွာ အံ့သြစွာ အော်ဟစ်လိုက်ပြီး လူယန်ယွီကို အလျင်အမြန် တိုက်တွန်းလိုက်လေသည်။
"မြန်မြန် ငါ့ကို နောက်တစ်ခွက် ငှဲ့ပေးပါဦး ဒီဝိုင်ကို မင်း ဘယ်က ရတာလဲ"
"ဟဲဟဲ ဒီလို ဝိုင်ကောင်းမျိုး တစ်ခါမှ မသောက်ဖူးဘူး မလား" လူယန်ယွီက ရှန်ထျန်းဟွာ အတွက် နောက်တစ်ခွက် ငှဲ့ပေးရင်း ပြုံးပြီး ပြောလိုက်လေသည်။
"မသောက်ဖူးတာတင် မဟုတ်ဘူး တစ်ခါမှတောင် မကြားဖူးဘူး ဒီလောကကြီးမှာ ဒီလောက် ပြင်းတဲ့ အရည် ရှိလိမ့်မယ်လို့ တွေးတောင် မတွေးမိဘူး"
အရသာရှိစွာ တစ်ငုံ သောက်လိုက်ပြီး လူယန်ယွီက လှေကားဘက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်လေသည်။
"အဲ့ဒီ ဆရာ ချက်ထားတာပဲ"
"သူ ချက်တာ ဟုတ်လား"
နှုတ်ခမ်းနား တေ့ထားတဲ့ ရှန်ထျန်းဟွာရဲ့ လက် ရပ်တန့်သွားလေသည်။
"သူက ဝိုင်ချက်တာမှာလည်း အဲ့လောက် ကျွမ်းကျင်တာလား"
လက်မထောင်ပြရင်း လူယန်ယွီ ပြောလိုက်လေသည်။
"ကျောက်စိမ်း သန့်စင်ခြင်းမှာလည်း သူက အဲ့လောက် တော်တယ်"
"တကယ်ကြီး... ဒီလို ပါရမီရှင်မျိုး ရှိတာလား"
ရှန်ထျန်းဟွာ တကယ် မယုံကြည်နိုင်အောင် ဖြစ်နေလေသည်။
သူ့အတွက်တော့ အစီအရင် ပညာရပ် တစ်ခုတည်းနဲ့တင် သူ့ဘဝ တစ်ခုလုံးရဲ့ စွမ်းအင်တွေ ကုန်ခမ်းသွားခဲ့ပြီး လုံလောက်ဖို့ အဝေးကြီး လိုနေသေးသည်။
ဒါပေမဲ့ ဒီလူက အစီအရင် ပညာရပ်မှာ သူ့ထက် အများကြီး သာလွန်ရုံတင် မကဘဲ တခြား အရာတွေကို လေ့လာဖို့ အချိန်ပိုတွေ ရှိနေပြီး အဲ့ဒီအရာတွေမှာလည်း အဲ့ဒီလောက် ကျွမ်းကျင်နေသေးသည်။
"အခု မင်း နားလည်ပြီ မလား" လူယန်ယွီက သူ့ခွက်ကို မြှောက်ပြီး တခစ်ခစ် ရယ်လိုက်လေသည်။
"သူက သူ့စိတ်အခြေအနေပေါ် မူတည်ပြီး လုပ်တတ်တာ ဒါကြောင့် အရမ်းကြီး မစဉ်းစားနဲ့ အတိုချုပ် ပြောရရင် ဒီဆရာရဲ့ အကူအညီကို တကယ် လိုချင်ရင် ရိုးသားပါ နောက်ကွယ်က ရည်ရွယ်ချက်တွေ မထားပါနဲ့ မဟုတ်ရင် မင်းပဲ ခံရလိမ့်မယ်"
ရှန်ထျန်းဟွာ ဒီစကားတွေကို ခဏလောက် စဉ်းစားပြီးနောက် နောက်ဆုံးမှာ သူ့ဝိုင်ခွက်ကို မြှောက်ပြီး လူယန်ယွီရဲ့ ခွက်နဲ့ တိုက်လိုက်လေသည်။
"နားလည်ပြီ"
...
အထွတ်အထိပ် စည်းလုံးခြင်း ခန်းမကနေ ထွက်လာပြီးနောက် ကျန်းပေရန်က မြောက်များစွာသော ပန်းချိုင့်ဝှမ်းဆီ ကျွမ်းကျင်စွာ လျှောက်သွားလိုက်လေသည်။
"ဟေ့ အစ်ကိုကျန်း ငါတို့ ပြန်တွေ့ကြပြန်ပြီ"
အပေါ်ကနေ ကြားရတဲ့ သူ့ရဲ့ စာရင်းနက်ထဲ ရောက်နေပြီးသား အသံကို ကြားလိုက်ရပေမယ့် ကျန်းပေရန် မော့မကြည့်ဘဲ ရှေ့ဆက်လျှောက်သွားလေသည်။
ကျန်းပေရန်က သူမကို လျစ်လျူရှုနေတာ မြင်တော့ ခေါင်မိုးပေါ်မှာ ထိုင်နေတဲ့ ရှီယွီထုံက ဒေါသမထွက်ပေ။
သူမ ခုန်ဆင်းလိုက်ပြီး သူ့ကို အမီလိုက်ကာ ပြောလိုက်လေသည်။
"ဆရာကျန်း ရှင်က ကျွန်မကို ဗေဒင်ပညာ သင်မပေးချင်ဘူးလို့ တကယ် ဆုံးဖြတ်ထားတာလား"
"ဟုတ်တယ်" ကျန်းပေရန် ခေါင်းညိတ်လိုက်လေသည်။
"ရှီမျိုးနွယ်စုကနေ ထွက်သွားနိုင်အောင် ကျွန်မ ကူညီပေးမယ် ဆိုရင်ရော"
ရှီယွီထုံက ဒီလို ကမ်းလှမ်းမှုမျိုး လုပ်လိမ့်မယ်လို့ ကျန်းပေရန် မထင်ထားခဲ့မိပေ။
'ဒီကောင်မလေးက ငါ တကယ် ထွက်သွားချင်နေတာကို ပြောပြနိုင်တယ်ပေါ့'
ဒါပေမဲ့ အပြင်ပန်းမှာတော့ သူ တည်ငြိမ်နေပြီး အေးဆေးစွာ ပြန်ဖြေလိုက်လေသည်။
'ငါ ဒီမှာ နေရတာ တော်တော် ကောင်းပါတယ် အခုလောလောဆယ် မထွက်သွားချင်သေးပါဘူး'
"ဟိဟိ"
ရှီယွီထုံ ပြုံးဖြီးဖြီး လုပ်လိုက်လေသည်။
"အခု မထွက်သွားရင် နောက်ကျရင် ထွက်သွားဖို့ ခက်ခဲလိမ့်မယ်နော်"
'အရေးပါတဲ့ လူတစ်ယောက်လို ဟန်ဆောင်မနေပါနဲ့
ငါ့မှာ ငါ့ကို ကာကွယ်ပေးတဲ့ စနစ် ရှိတယ်
မင်းလို ကလေးမလေး တစ်ယောက်က ဘာလုပ်ရမလဲ ဆိုတာ ငါ့ကို သတိပေးဖို့ လိုလို့လား'
ရှီယွီထုံရဲ့ စကားကို လျစ်လျူရှုပြီး ကျန်းပေရန် ရှေ့ဆက်လျှောက်သွားလေသည်။
ဒီကောင်မလေးကို ဘယ်လို ခါချရမလဲ ကျန်းပေရန် စဉ်းစားနေတုန်း ရုတ်တရက် အစွမ်းထက်တဲ့ အတွင်းအား လှိုင်းလုံးကြီး တစ်ခု သူ့ဆီ လွှမ်းမိုးလာလေသည်။
'ဘာဖြစ်တာလဲ'
"ဘုန်း"
ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး တစ်ခုနဲ့ အတူ အနက်ရောင် အရိပ် နှစ်ခု သူတို့ဆီ ပျံသန်းလာလေသည်။
"အစ်ကိုကျန်း" ရှီယွီထုံ လန့်ဖျပ်ပြီး အော်လိုက်လေသည်။
သူမရဲ့ မျက်နှာထား အရ ဆိုရင် သူမ တကယ် ကြောက်လန့်နေပုံ ရလေသည်။
ဒါပေမဲ့ သူမ အသံဆုံးတာနဲ့ ကျန်းပေရန် ရှေ့မှာ ရွေးချယ်မှု နှစ်ခု ပေါ်လာလေသည်။
[ရွေးချယ်မှု ၁ - ရှီယွီထုံကို ကာကွယ်ပါ။
ပြီးမြောက်ပါက ဆုလက်ဆောင် - ဖြူပြာရောင် လှိုင်းလုံး ရတနာ လက်စွဲ (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]
[ရွေးချယ်မှု ၂ - အမြန် ထွက်ခွာသွားပါ။
ပြီးမြောက်ပါက ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]
ရွေးချယ်မှုတွေ ပေါ်လာတာနဲ့ ကျန်းပေရန်က ဒုတိယ တစ်ခုကို တိုက်ရိုက် ရွေးချယ်ပြီး လှည့်ပြေးတော့သည်။
[ရွေးချယ်မှု တာဝန် ပြီးမြောက်ပါပြီ။
ဆုလက်ဆောင် - လျင်မြန်မှု +၁]
"အယ်" နောက်ပြန်လှည့်မကြည့်ဘဲ ပြေးသွားတဲ့ ကျန်းပေရန်ရဲ့ ကျောပြင်ကို ကြည့်ပြီး ရှီယွီထုံ နည်းနည်း ကြောင်သွားလေသည်။
'သူ ငါ့ကို ဒီအတိုင်း ထားခဲ့ပြီး ပြေးသွားတာလား'
တစ်ချိန်တည်းမှာပဲ အနက်ရောင် အရိပ် နှစ်ခုက ကြီးမားတဲ့ အရှိန်အဟုန်နဲ့ ပျံသန်းလာလေသည်။
"ဘုန်း"
နောက်ထပ် ကျယ်လောင်တဲ့ အသံ တစ်ခုနဲ့ အတူ လူပုံရိပ် နှစ်ခု မြေပြင်ပေါ် ဆင်းသက်လာလေသည်။
"ကောင်းပြီ ကောင်းပြီ တိုက်ခိုက်တာ ရပ်လိုက်ကြတော့"
ရှီယွီထုံက လူပုံရိပ် နှစ်ခုကို လက်ဝှေ့ယမ်းပြလိုက်လေသည်။
အနက်ရောင် ဝတ်ထားတဲ့ လူက အံ့သြသွားပြီး မျက်နှာဖုံး တစ်ဝက် ချွတ်လိုက်လေသည်။
"မင်းကို ပြန်ပေးဆွဲတဲ့ အခန်းကဏ္ဍ သရုပ်ဆောင်စရာ မလိုတော့ဘူးလား"
"မလိုတော့ဘူး ရှင်တို့ ပြန်လို့ ရပြီ"
ရှီယွီထုံက လက်ဝှေ့ယမ်းပြီး မောင်းထုတ်လိုက်ကာ တခြား လမ်းဘက်ကို ထွက်သွားလေသည်။