← Chapters

ကိုယ်စားလှယ်လောင်းများ

Vol. 30 Ch. 371

ကိုယ်စားလှယ်လောင်းများ

Vol. 30 Ch. 371

"ဝါး အွန် ဝါး အွန်"

"အစားကို မျိုချပြီးမှ စကားပြောပါ"

ပါးစပ်ထဲမှာ ငရုတ်သီး ကြက်သားကြော်နဲ့ ထမင်းတွေ အပြည့် ဖြစ်နေတဲ့ ရှီဖုန်းလန်ကို ကြည့်ပြီး ကျန်းပေရန် မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

"အော်"

ပါးစပ်ထဲက အစားအစာတွေကို အတင်း မြိုချလိုက်ပြီး ရှီဖုန်းလန် အာမေဋိတ် ပြုလိုက်လေသည်။

"ဒီ ငရုတ်သီး ကြက်သားကြော်က အရမ်း စားကောင်းတာပဲ အရင်ကထက်တောင် ပိုကောင်းနေသေးတယ် ပေရန်လေး မင်း ဘာထည့်လိုက်တာလဲ"

"ဒီမှာ ငရုတ်သီး အသစ်တစ်မျိုး တွေ့လို့ စမ်းသုံးကြည့်လိုက်တာ"

"တကယ် အရသာရှိတယ် နောင်ကျရင်... အာ မိုမို ငါ့အတွက် ချန်ထားဦးလေ"

ပေရန်လေးကို အခုမှ စချီးကျူးနေတုန်း ရှိသေးတယ် အောက်ငုံ့ကြည့်လိုက်တော့ ပန်းကန်ထဲက ငရုတ်သီး ကြက်သားကြော် အများစုကို ရှီကျာမု စားပြီးနေတာ တွေ့လိုက်ရလေသည်။

သူမ ဒေါ်လေး အော်တာ ကြားတော့ ရှီကျာမုက တူကို မရပ်လိုက်တဲ့အပြင် ကျန်နေတဲ့ အနည်းငယ်ကိုတောင် ပိုမြန်မြန် စားလိုက်သေးသည်။

"အာ"

ရှီဖုန်းလန် သနားစရာ ကောင်းအောင် အော်လိုက်ပြီး ကျန်းပေရန်ရဲ့ လက်မောင်းကို ဆွဲကာ ရှီကျာမုကို လက်ညှိုးထိုးပြပြီး အော်လိုက်လေသည်။

"ပေရန်လေး သူ့ကို ကြည့်ပါဦး သူ့ကို ကြည့်ပါဦး"

ရွှေရောင် ဆေးအိုး ကျွန်း မြေပုံကို လေ့လာနေတဲ့ ကျန်းပေရန်က ခေါင်းမလှည့်ဘဲ ပြန်ဖြေလိုက်လေသည်။

"အိုးထဲမှာ ရှိသေးတယ် ကိုယ့်ဘာသာ သွားယူလိုက်"

"ယေး" ရှီဖုန်းလန် အော်ဟစ်လိုက်တုန်း ရှိသေးတယ် ရှီကျာမုက သံအိုးဆီ ပြေးသွားနေတာ မြင်လိုက်ရလေသည်။

"မိုမို နင် အဲ့ဒီမှာ ရပ်လိုက်နော်"

ကောင်မလေး နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် လိုက်ဖမ်းနေကြတုန်း ကျန်းပေရန်က ရွှေရောင် ဆေးအိုး ကျွန်း မြေပုံကို ကြည့်ပြီး သက်ပြင်းချလိုက်လေသည်။

ကောင်းကင်ရတနာတွေ လုယူမယ့် မိုးပြာရောင် ကောင်းကင် စုဝေးပွဲ ထက် သူက ရွှေရောင် ဆေးအိုး ကျွန်း ကို ပိုစိတ်ဝင်စားနေသည်၊ ပိုမှန်အောင် ပြောရရင် သူ့ကို ကာကွယ်ထားတဲ့ မဟာအစီအရင် ပေါ့။

ရတနာတွေ အများကြီးနဲ့ နဂါးနက် ကုန်းမြေတိုက်ကြီးပေါ်မှာ အနှစ် ၃၀ ကြာအောင် "ဘေးကင်းလုံခြုံစွာ" တည်ရှိနေနိုင်တယ် ဆိုတာက လက်ရှိ ခေတ်ကာလရဲ့ အစွမ်းထက်ဆုံး ပညာရှင်တွေတောင် ဒီ မဟာအစီအရင်ကို အင်အားသုံးပြီး မချိုးဖျက်နိုင်ဘူး ဆိုတာ ပြသနေလေသည်။

ဒါက ဘာအဓိပ္ပာယ်လဲ။

ဒါက ပြိုင်ဘက်ကင်းပဲ။

ဒီလောက် အစွမ်းထက်တဲ့ အစီအရင်က ဘယ်လိုမျိုးလဲ ဆိုတာ ကျန်းပေရန် တကယ် သိချင်နေမိလေသည်။

သူသာ တစ်ခု တည်ဆောက်နိုင်ရင် တစ်နည်းအားဖြင့် ပြောရရင် သူလည်း လောကမှာ ပြိုင်ဘက်ကင်း ဖြစ်သွားမှာ မဟုတ်ဘူးလား။

ကံမကောင်းစွာပဲ ရွှေရောင် ဆေးအိုး ကျွန်း က ပုံမှန်ဆို ဖွင့်မထားပေ။

မိုးပြာရောင် ကောင်းကင် စုဝေးပွဲ ကျင်းပတဲ့ အချိန်ကျမှသာ မျိုးနွယ်စုကြီးတွေရဲ့ တပည့်တွေကို ဝင်ခွင့်ပြုတာ ဖြစ်သည်။

ဒါပေမဲ့ ကျန်းပေရန် နားလည်ပါတယ်။

ရတနာတွေ ဆိုတာ အစွမ်းထက်တဲ့ သူတွေအတွက်ပဲလေ။

သာမန်လူတွေ ဆိုရင်တော့ အနားကပ်ခွင့်တောင် ရှိမှာ မဟုတ်ပေ။

သူတို့က မင်းကို ပေးကစားမှာ မဟုတ်ဘူး။

ရွှေရောင် ဆေးအိုး ကျွန်း ကို အနီးကပ် မလေ့လာနိုင်တာကြောင့် ကျန်းပေရန်က သူ့ရဲ့ တပ်မက်မှုကို ဖြေဖျောက်ဖို့ မြေပုံကိုပဲ ကြည့်နိုင်ပြီး အဲ့ဒီကနေ တစ်ခုခု ခွဲခြမ်းစိတ်ဖြာနိုင်မယ်လို့ မျှော်လင့်နေရလေသည်။

ဒါပေမဲ့ တကယ်တမ်းကျတော့ မြေပုံကြည့်ရုံနဲ့ စစ်မှန်တဲ့ ကျေနပ်မှုကို မရနိုင်ပါဘူး၊ သူက အစစ်အမှန်ကို လိုအပ်တာပါ။

"နင် အများကြီး စားပြီးပြီလေ ကျန်တာ ငါ့ဟာ ငါ့ဟာ"

"ဦးသူ ယူပဲ ဟဲဟဲ အခု ငါ့ဟာ ဖြစ်သွားပြီ"

ကောင်မလေး နှစ်ယောက် အိုးလုပြီး ပျော်ပျော်ပါးပါး ရန်ဖြစ်နေကြတာ မြင်တော့ ကျန်းပေရန် ထရပ်လိုက်ပြီး လျှောက်သွားကာ သူ့ရဲ့ သိုလှောင်လက်စွပ်ထဲက ပါဝင်ပစ္စည်း တချို့ ထပ်ထုတ်လိုက်လေသည်။

ရှီကျာမုရဲ့ မျက်လုံးတွေ ချက်ချင်း လင်းလက်သွားလေသည်။

"ဦးလေး ဘာ အစားအစာကောင်းတွေ ထပ်လုပ်မလို့လဲ"

"အချိုပွဲ လုပ်မလို့"

"အချိုပွဲ"

ရှီဖုန်းလန်က ငရုတ်သီး ကြက်သားကြော် အကြောင်း မေ့သွားပြီး ကျန်းပေရန် ဘေးနား ပြေးသွားကာ စက်သေနတ်ပစ်သလို မေးလိုက်လေသည်။

"ပဲစိမ်းကိတ် လား ဒါမှမဟုတ် ချိုမြိန်တဲ့ ပေါင်းထားတဲ့ ဒိန်ခဲ လား ငါ သိပြီ မက်မွန်ပွင့် မုန့်ချို မလား"

"ပြီးရင် သိရမှာပေါ့"

သူမ တစ်ခါမှ မကြားဖူးတဲ့ အချိုပွဲ နာမည်တွေကို သူမ အဒေါ်လေး ပါးစပ်ကနေ ကြားလိုက်ရတော့ ရှီကျာမု တံတွေး မမျိုချဘဲ မနေနိုင်တော့ပေ။

သူမ အခု မြောက်များစွာသော ပန်းချိုင့်ဝှမ်း ကို နေ့တိုင်း လာရတဲ့ အကြောင်းရင်းက ဖဲကစားချင်တာ အပြင် အဓိကအားဖြင့် ဦးလေး ချက်တဲ့ အစားအစာတွေက အရမ်း စားကောင်းလွန်းလို့ပါပဲ။

ဦးလေး လက်ရာ စားဖူးကတည်းက တခြား ဘာစားစား တစ်ခုခု လိုနေသလိုမျိုး အရသာ မရှိသလို ခံစားနေရလေသည်။

ဂျုံမှုန့် တချို့ကို ပန်းကန်လုံးထဲ လောင်းထည့်ရင်း ရေထည့်နေတဲ့ ကျန်းပေရန်က ရှီကျာမုကို မေးလိုက်လေသည်။

"ပညာရှိက မင်းတို့ မျိုးနွယ်စုမှာ နေရာ ၁၅ နေရာ ရှိတယ်လို့ ပြောတယ် ကျန်တဲ့ လူတွေက ဘယ်သူတွေလဲ"

ရှီကျာမုက မက်မွန်ပွင့် မုန့်ချိုရဲ့ အရသာ ဘယ်လို နေမလဲ ဆိုတာ စိတ်ကူးယဉ်နေတာ။

ကျန်းပေရန်ရဲ့ မေးခွန်းကို ရုတ်တရက် ကြားလိုက်ရတော့ သူမ ခဏ ကြောင်သွားပြီး ပြန်ဖြေလိုက်လေသည်။

"မဆုံးဖြတ်ရသေးဘူး"

'ဖူး'

ကျန်းပေရန် သီးလုနီးပါး ဖြစ်သွားလေသည်။

ဒါဆို ငါ အလိမ်မခံရခင်တုန်းက မင်းက စစ်သား မရှိတဲ့ ဗိုလ်ချုပ် တစ်ယောက်ပေါ့။

ပြန်မပြောမိအောင် အားတင်း ထိန်းချုပ်ရင်း ကျန်းပေရန် မေးလိုက်လေသည်။

"မိုးပြာရောင် ကောင်းကင် စုဝေးပွဲ က ဘယ်တော့ စမှာလဲ"

"နောက်လ အစမှာ"

"ဒါဆို ဆယ်ရက် ကြာချိန် နှစ်ခုပဲ လိုတော့တာပေါ့ လူစာရင်း မဆုံးဖြတ်ရသေးဘူး ဆိုတာ ဖြစ်နိုင်လို့လား"

"ဒီလောက် အရေးကြီးတဲ့ ကိစ္စအတွက် သေချာပေါက် ဖြည်းဖြည်းချင်း ရွေးရမှာပေါ့"

ဒီအဖြေကို ကြားပြီးနောက် အဖွဲ့ခေါင်းဆောင် အနေနဲ့ သူမရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါလဲ ဆိုတာ ကျန်းပေရန် နောက်ဆုံးတော့ နားလည်သွားလေသည်။

သူမမှာ အာဏာ တော်တော် ရှိတာပဲ။

"မင်းမှာ ကိုယ်စားလှယ်လောင်း စာရင်း ရှိရမယ် မလား"

"ဒါပေါ့"

"ငါ့ကို ပေးကြည့်"

"အဲ့ဒါ လျှို့ဝှက်ချက်"

"ဒါဆို မစားနဲ့တော့"

"ကောင်းပြီလေ ဦးလေးက ဒုတိယ ခေါင်းဆောင် ဆိုတော့ ခြွင်းချက် အနေနဲ့ ပေးကြည့်လိုက်မယ်"

မုန့်နယ်နေတဲ့ လက်တွေကို ရပ်လိုက်ပြီး ကျန်းပေရန်က ခေါင်းလှည့်ကာ ရှီကျာမုကို ကြည့်ပြီး မေးလိုက်လေသည်။

"ဘယ်သူက ဒုတိယ ခေါင်းဆောင်လို့ ပြောလိုက်တာလဲ"

ကျန်းပေရန်ရဲ့ "ဖော်ရွေသော" အပြုံးကို ကြည့်ပြီး ရှီကျာမု ခဏလောက် ရုန်းကန်နေပြီးမှ ရှက်ရွံ့စွာ ရယ်မောလိုက်လေသည်။

"စတာပါ စတာပါ"

ပြောပြီးတာနဲ့ သူမက စာအုပ်ငယ် တစ်အုပ် ထုတ်လိုက်ပြီး ဖွင့်ကာ ကျန်းပေရန်ကို ပြလိုက်လေသည်။

"ကျွန်မဆီမှာ အခု ကိုယ်စားလှယ်လောင်း ၁၈ ယောက် ရှိတယ် ၁၄ ယောက်က မျိုးနွယ်စု အတွင်းက ပြီးတော့ ၄ ယောက်က ပြင်ပက သူတို့ရဲ့ အင်အားတွေက အဆင့် ၅ အနက်ရောင်ဘုရင် အထက်မှာ ရှိကြတယ်"

ဂုဏ်သိက္ခာ ကြီးမားတဲ့ ရှီမျိုးနွယ်စု အနေနဲ့ အထွတ်အထိပ် အနက်ရောင်ဘုရင် ဆယ်ယောက်လောက် မစုဆောင်းနိုင်ဘူးလို့ ကျန်းပေရန် မထင်ပေ၊ ဒါကြောင့် အဆင့် ၅ အနက်ရောင်ဘုရင် အဆင့်ပဲ ရှိပေမယ့် ရှီကျာမု ရွေးချယ်ထားတဲ့ သူတွေမှာ အထူး ကျွမ်းကျင်မှု တချို့ ရှိနေမှာ သေချာလေသည်။

နာရီဝက်လောက် ကြာတော့ ကျန်းပေရန်က ကြော်ထားတဲ့ "ကြွပ်ရွသော ပျားရည် ပန်းပွင့်များ" ပန်းကန် တစ်ချပ်ကို စားပွဲပေါ် တင်လိုက်လေသည်။

ကောင်မလေး နှစ်ယောက်က ကျန်းပေရန် တစ်ခု ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်တဲ့ အထိ စောင့်ပြီးမှ ဆာလောင်နေတဲ့ ကျားတွေလို အုပ်မိုးပြီး ကိုယ့်ဝေစု ကိုယ် ယူလိုက်ကြလေသည်။

"ကြွပ်"

တစ်ကိုက် ကိုက်လိုက်တာနဲ့ ကြွပ်ရွတဲ့ အသံက "လီဆယ်ခု အကွာက လူတွေကိုတောင် လန့်သွားစေနိုင်လောက်အောင်" ကျယ်လောင်လေသည်။

"စားကောင်းလိုက်တာ" ရှီဖုန်းလန်နဲ့ ရှီကျာမု ပြိုင်တူ အာမေဋိတ် ပြုလိုက်ကြလေသည်။

"ကြွပ် ကြွပ် ကြွပ်"

ကြွပ်ရွသော ပျားရည် ပန်းပွင့် တစ်ခုကို အမြန် စားပြီးနောက် ရှီဖုန်းလန်က ဝါးရင်း မေးလိုက်လေသည်။

"ပေရန်လေး ဒါကို ဘာခေါ်လဲ ဘယ်လို လုပ်တာလဲ"

ကြွပ်ရွသော ပျားရည် ပန်းပွင့် ကို ဖြည်းဖြည်းချင်း မြည်းစမ်းနေတဲ့ ကျန်းပေရန်က ပြန်ဖြေလိုက်လေသည်။

"ဒါကို ကြွပ်ရွသော ပျားရည် ပန်းပွင့် လို့ ခေါ်တယ် ဂျုံမှုန့်ကို ပျားရည် ထောပတ်တို့နဲ့ ရောပြီး နှမ်းနက်စေ့တွေ ထည့်ကာ ကြော်ထားတာ"

"ကြားရတာတင် အရမ်း စားကောင်းမယ့် ပုံပဲ"

ရှီကျာမုက "ကြွပ် ကြွပ်" အသံတွေနဲ့ စားရင်း ပြောလိုက်လေသည်။

"မိုမို နင် ဘယ်လိုလုပ် နှစ်ခု တစ်ပြိုင်တည်း စားနိုင်ရတာလဲ ဟွန့် ဒါဆို ငါက သုံးခု တစ်ပြိုင်တည်း စားမယ်"

"ကြွပ်"

ကျန်းပေရန်က သူ့လက်ထဲက ကြွပ်ရွသော ပျားရည် ပန်းပွင့် ကို တစ်ကိုက် ကိုက်လိုက်ပြီး စာရင်းထဲမှာ ရင်းနှီးတဲ့ နာမည်တစ်ခု ရုတ်တရက် တွေ့လိုက်ရလေသည်။

ရှီယွီထုံ…..

'သူမက အခုမှ အရွယ်ရောက်တာလား ကြည့်ရတာ တော်တော် ဖွံ့ဖြိုးနေတာပဲ'

ဒီ ထူးခြားဆန်းကြယ်တဲ့ ကောင်မလေးကို ပထမဆုံး တွေ့တုန်းက ကျန်းပေရန် သူမရဲ့ ကျင့်ကြံခြင်း အဆင့်ကို စစ်ဆေးခဲ့တယ်၊ အဆင့် ၉ အနက်ရောင်ဘုရင်။

ဒါပေမဲ့ အဲ့ဒီအချိန်မှာ ကျန်းပေရန်က ဒီလို ရယ်စရာကောင်းတဲ့ အသက်နဲ့ ကျင့်ကြံခြင်း ပေါင်းစပ်မှုကို ယဉ်ပါးနေပြီမို့ သိပ် မအံ့သြခဲ့ပေ။

"ဒီ ရှီယွီထုံ မှာ ဘာထူးခြားတာ ရှိလို့လဲ"

ကျန်းပေရန်က ကြွပ်ရွသော ပျားရည် ပန်းပွင့် ကို ဝါးရင်း မေးလိုက်လေသည်။

"ထုံထုံ ကို ပြောတာလား" ရှီကျာမုက ကြွပ်ရွသော ပျားရည် ပန်းပွင့် တွေကို လုယူရင်း ပြန်ဖြေလိုက်လေသည်။

"သူမရဲ့ အာရုံခံစားမှုက ယုံနိုင်စရာ မရှိလောက်အောင် စူးရှတယ် အန္တရာယ် မဖြစ်ခင် ကြိုရှောင်နိုင်တယ် မတော်တဆမှု မရှိရင် သူမကို အဖွဲ့ထဲ သေချာပေါက် ထည့်ရမှာပဲ"

'အာရုံခံစားနိုင်စွမ်း...'

သူမက ဗေဒင်ပညာကို ကြိုက်တယ်လို့ ပြောတာနဲ့ ပေါင်းစပ်လိုက်ရင် သူမက ဗေဒင်ပညာမှာ တကယ်ပဲ တစ်ခုခု အောင်မြင်ထားတာ ဒါမှမဟုတ် တခြား အထူး ဖွဲ့စည်းပုံ တစ်ခုခု ပိုင်ဆိုင်ထားတာ ဖြစ်နိုင်တယ်လို့ ကျန်းပေရန် သံသယဝင်စရာ အကြောင်း ရှိနေလေသည်။

ကျန်းပေရန် တိတ်ဆိတ်နေတာ မြင်တော့ ရှီကျာမုက ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။

"ဦးလေး သူ့ကို သိလို့လား"

"မသိပါဘူး"

"အော်"

ကိုယ်စားလှယ်လောင်း စာရင်း တစ်ခုလုံးကို ဖတ်ပြီးနောက် ကျန်းပေရန်က စာအုပ်ငယ်ကို ရှီကျာမုဆီ ပြန်ပေးပြီး ပြောလိုက်လေသည်။

"အဖွဲ့ဝင်တွေကို နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်က ငါ့ဆီမှာ ရှိတယ်"

"ဘာကိစ္စနဲ့လဲ" ရှီကျာမု ချက်ချင်း အော်လိုက်လေသည်။

"မင်း ငါ့ကို အကြွေးတင်နေတဲ့ ကိစ္စနဲ့လေ"

"ကျွန်မ"

ရှီကျာမုက ကြွပ်ရွသော ပျားရည် ပန်းပွင့် တစ်ခုကို အားပါးတရ ကိုက်လိုက်လေသည်။

"ကောင်းပြီ ဦးလေး ယူလိုက်တော့ ကျွန်မလည်း အလုပ်ရှုပ် သက်သာတာပေါ့"

ကျန်းပေရန်က အဖွဲ့ ရွေးချယ်ခွင့် အာဏာ လိုချင်ရတဲ့ အကြောင်းရင်းက ပထမအချက်၊ သူက ရှီမျိုးနွယ်စုကို သူ့အပေါ် ကျေးဇူးတင်စေချင်နေမှတော့ အကြီးကြီး တင်စေချင်လို့ပါပဲ။

ချန်ပီယံ ဖြစ်ဖို့က မဖြစ်မနေ လိုအပ်သည်။

ဒုတိယအချက်၊ ကျန်းပေရန်ရဲ့ အစီအစဉ်က ဖြစ်နိုင်ရင် ဘာအလုပ်မှ မလုပ်ဘဲ နေဖို့ပါပဲ။

ဘာအလုပ်မှ မလုပ်ဘဲ နေနိုင်ဖို့ ဆိုရင် သဘာဝကျကျ အစွမ်းအထက်ဆုံး ရှီမျိုးနွယ်စု အိပ်မက် အသင်း ကို ဖွဲ့စည်းရလိမ့်မည်။

ကြွပ်ရွသော ပျားရည် ပန်းပွင့် နောက်ဆုံး တစ်ကိုက်ကို စားပြီးနောက် ရှီကျာမုက နှုတ်ခမ်းကို သပ်လိုက်ပြီး သိပ်မကျေနပ်သေးတဲ့ ပုံစံနဲ့ ကျန်းပေရန်ကို ကြည့်လိုက်လေသည်။

"ဦးလေး စာရင်းထဲက ဘယ်သူတွေကို သဘောကျလဲ ကျွန်မ အသေးစိတ် ပြောပြပေးလို့ ရတယ်"

"အင်း ငါ မင်းကို အသေးစိတ် မေးစရာတော့ ရှိတယ်"

"ဒါဆို ဒီ ကြွပ်ရွသော ပျားရည် ပန်းပွင့် နောက်ထပ် တစ်ပန်းကန်လောက် ထပ်ကြော်ပေးနိုင်မလား စားရင်း ပြောကြတာပေါ့"

"ငါ့ကို လာပြီး ဈေးမဆစ်နဲ့"

"ဟွန့်... နှမြောလိုက်တာ"

ဒါပေမဲ့ ရှီကျာမုက ငြင်းခံရမယ်လို့ မျှော်လင့်ထားပြီးသားမို့ သိပ် ဂရုမစိုက်ဘဲ စာရင်းထဲက လူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို ကျန်းပေရန်ကို စတင် ပြောပြလိုက်လေသည်။

"ဘယ်လိုလဲ ဦးလေး ဘယ်သူ့ကို သဘောကျလဲ" ရှီကျာမု မေးလိုက်လေသည်။

"ဒီလူတွေကို ရွေးတုန်းက မင်း တိုက်ခိုက်ရေး တစ်ခုတည်းကိုပဲ ထည့်စဉ်းစားထားတာလား"

နားထောင်ပြီးနောက် ကျန်းပေရန် မေးလိုက်လေသည်။

"တခြား ဘာရှိဦးမှာလဲ တခြားလူတွေက လိမ္မာစွာနဲ့ ရတနာ လိုက်ရှာမယ်လို့ ကျွန်မ မယုံဘူး"

ရှီကျာမုက သဘာဝကျတဲ့ ကိစ္စ တစ်ခုလို ပြန်ဖြေလိုက်လေသည်။

"သူတို့က ရတနာ လိုက်ရှာဖို့ လိမ္မာနေမှာ မဟုတ်တာ သေချာပါတယ် ဒါပေမဲ့ မင်းရဲ့ အဖွဲ့ ဖွဲ့စည်းပုံက တိုက်ခိုက်ရေးကိုပဲ အဓိက မထားသင့်ဘူး"

"ဘာလို့လဲ" ရှီကျာမု နားမလည်စွာ မေးလိုက်လေသည်။

"ဒီပြိုင်ပွဲမှာ အနိုင်ရတဲ့သူက ရတနာ အများဆုံး ရှာတွေ့တဲ့သူ ဖြစ်ပြီး လူအများဆုံး သတ်တဲ့သူ မဟုတ်ဘူး ဆိုတာ မင်း နားလည်ဖို့ လိုတယ်"

"သိပါတယ် ဒါပေမဲ့ မတိုက်ခိုက်ရင် ရတနာ ဘယ်လို ရမှာလဲ"

"ဒါကြောင့် မင်းရဲ့ စတင်တဲ့ အချက်က မှားနေတယ်လို့ ပြောတာပေါ့ မင်းပဲ ပြောတယ်လေ ရွှေရောင် ဆေးအိုး ကျွန်း ရဲ့ အတွင်းပိုင်းက အရမ်း ကြီးမားတယ်လို့ လူတစ်ထောင် မကဘူး တစ်သိန်းလောက်တောင် ဆံ့တယ်လို့ ပြောတယ်မလား ဆိုလိုတာက ရှာဖွေစရာ နေရာတွေ အများကြီး ရှိတယ် ဒါကြောင့် မင်းရဲ့ အာရုံစိုက်မှုက တိုက်ပွဲနဲ့ ကြုံရင် ဘာလုပ်ရမလဲ ဆိုတာထက် တိုက်ပွဲကို ရှောင်ရှားပြီး ရတနာ ပိုရအောင် ဘယ်လို လုပ်မလဲ ဆိုတာပေါ်မှာ ရှိသင့်တယ်"

ဒါကို ကြားတော့ ရှီကျာမု တိတ်ဆိတ်သွားလေသည်။

'ဟုတ်သားပဲ

တန်ဖိုးအကြီးဆုံး ရတနာတွေ ရတဲ့ အသင်းက နိုင်မှာ ဆိုတော့ ရည်မှန်းချက်က ရတနာ ရှာဖွေခြင်း ဖြစ်သင့်တယ် တိုက်ခိုက်ခြင်း မဟုတ်ဘူး

ဒီပြိုင်ပွဲကို နိုင်ဖို့ အကောင်းဆုံး နည်းလမ်းက ဘာ ပဋိပက္ခမှ မရှိဘဲ ရတနာ အများဆုံး ရယူခြင်းပဲ'

"ဦးလေး ဦးလေးက အရမ်း ဉာဏ်ကောင်းတာပဲ"

သတိဝင်လာပြီးနောက် ရှီကျာမု ချီးကျူးလိုက်လေသည်။

"ဒါက အတွေ့အကြုံလို့ ခေါ်တယ်"

ကျန်းပေရန်က စာအုပ်ငယ်ကို ရှီကျာမုဆီ ပြန်ပေးလိုက်လေသည်။

"ဒါဆို ဒီစာရင်းကို ခဏ ထားလိုက်ဦး ပိုသင့်တော်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရှိမလား ငါ သွားကြည့်လိုက်ဦးမယ်"

"ကျွန်မ အကူအညီ လိုမလား"

"လိုရင် ခေါ်လိုက်မယ်"

"ငါလည်း ကူညီနိုင်တယ်" ရှီဖုန်းလန်က ဘေးနားကနေ အော်ပြောလိုက်လေသည်။

ပေရန်လေးရဲ့ အကြည့်က သူမဆီ ရောက်လာတာ မြင်တော့ ရှီဖုန်းလန်က ပြုံးဖြီးဖြီးနဲ့ မေးလိုက်လေသည်။

"ဟိုလေ... ငါ အချိုပွဲ နည်းနည်းလောက် ထပ်လိုချင်လို့"

"မရှိတော့ဘူး"

ပြောပြီးတာနဲ့ ကျန်းပေရန် လှည့်ထွက်သွားလေသည်။

"အာ နည်းနည်းလောက်ပဲ ထပ်လုပ်ပေးပါ နည်းနည်းလောက်ပါပဲ"

ရှီဖုန်းလန်က ကျန်းပေရန် နောက်လိုက်ရင်း အော်ပြောလိုက်လေသည်။

...

နောက်တစ်နေ့ နေ့လည်ခင်းမှာ ကျန်းပေရန် လျှို့ဝှက်ဈေးကို ရောက်ရှိလာခဲ့လေသည်။

ဒါပေမဲ့ ဒီနေ့ သူ့ရည်ရွယ်ချက်က အရည်အချင်း အမှတ်တွေ စုဆောင်းဖို့ မဟုတ်ဘဲ "လူရှာဖို့" ဖြစ်လေသည်။

လျှို့ဝှက်ဈေးထဲမှာ တစ်လကျော် လမ်းလျှောက်ပြီးနောက် သူ အမှတ်တွေချည်းပဲ စုဆောင်းနေတာ မဟုတ်ပေ။

အတွင်းထဲက ရောင်စုံ ဇာတ်ကောင်တွေ အများကြီးကိုလည်း သူ မှတ်မိလာပြီး ဒီနေရာက ပါရမီရှင်တွေ စုဝေးရာ နေရာလို့ သေချာပေါက် ခေါ်ဆိုနိုင်မှန်း သိလာခဲ့လေသည်။

လျှို့ဝှက်ဈေးထဲမှာ လူကြိုက်အများဆုံး ဆိုင်တွေထဲက တစ်ခု အနေနဲ့ လေးရာသီ နွေဦး ဆိုင်က နေ့တိုင်း ဆေးလုံး အမျိုးမျိုး လာဝယ်ကြတဲ့ ကျင့်ကြံသူ အများအပြားကို ကြိုဆိုလေ့ ရှိလေသည်။

ဒါကြောင့် လျှို့ဝှက်ဈေး တစ်ခုလုံးမှာ အကြီးဆုံး ဆိုင် ဖြစ်ပေမယ့် လူတွေနဲ့ ပြည့်ကျပ်နေတုန်းပင်။

လူအုပ်ကြားထဲမှာ အပြာရောင် ရှပ်အင်္ကျီ ဝတ်ထားတဲ့ လူငယ် တစ်ယောက်က သူ့နောက်က စင်ပေါ်ကနေ ဆေးဖက်ဝင် အပင်တွေနဲ့ ဆေးလုံး ထုပ်တွေကို မနားတမ်း ယူနေလေသည်။

"တိမ်တိုက် ဆောင်းရာသီ တစ်ချန် နဂါးဖြူ အမြစ် တစ်ဆိတ် မင်ရည်ကွဲ နှစ်လျန် ရော့ပါ ယူသွားပါ"

"ဒါနဲ့ မင်း အချိန်မပေးတော့ဘူးလား မင်းတို့ ဆိုင်က ပစ္စည်းတွေက အရမ်း ဈေးကြီးတာ မင်း လျှော့ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ"

ဖောက်သည်ရဲ့ တိုင်တန်းမှုကို ကြားတော့ အပြာရောင် ဝတ်စုံနဲ့ လူက ပြုံးပြီး ပြန်ဖြေလိုက်လေသည်။

"စိတ်မပူပါနဲ့ ခင်ဗျားအတွက် ကျွန်တော် တိုင်းတာပေးလိုက်တဲ့ ဆေးက အလေးချိန် မှန်ကန်ကြောင်း အာမခံပါတယ် ခင်ဗျား စိတ်မချရင် တိမ်တိုက် စင်မြင့် ဆီ သွားပြီး ပြန်ချိန်ကြည့်လို့ ရပါတယ်"

အပြာရောင် ဝတ်စုံနဲ့ လူက သူ့ခေါင်းပေါ်က သစ်သား ဆိုင်းဘုတ်ကို ညွှန်ပြလိုက်လေသည်။

"ကျွန်တော်တို့ဆီမှာ 'လျော့ရင် ဆယ်ဆ လျော်ပေးမယ်' ဆိုတဲ့ မူဝါဒ ရှိပါတယ် ဒါကြောင့် စိတ်ချပါ"

"ဒါပေမဲ့ အဲ့ဒါက ဒုက္ခရောက်အောင် လုပ်နေတာ မဟုတ်ဘူးလား ဒီမှာတင် ရှင်းရှင်းလင်းလင်း ချိန်ပေးလိုက်တာ ပိုကောင်းပါတယ်"

အဲ့ဒီလူက ဇွတ်အတင်း လုပ်နေတာ မြင်တော့ သူ့နောက်မှာ တန်းစီနေတဲ့ ဖောက်သည်တွေ စိတ်မရှည် ဖြစ်လာကြလေသည်။

"ဒါနဲ့ ခင်ဗျားက လေးရာသီ နွေဦး ကို ပထမဆုံး ရောက်ဖူးတာလား 'တစ်ဆုပ်တည်း' ဆိုတဲ့ နာမည်ကို မကြားဖူးဘူးလား သူ ဆေးယူပေးသရွေ့ အမှား တစ်ခုမှ ရှိမှာ မဟုတ်ဘူး သူ့ဂုဏ်သတင်းက နှစ်တွေ အများကြီး တည်ဆောက်လာခဲ့တာဗျ တောသားကြီးရဲ့"

"ဘယ်သူ့ကို တောသားလို့ ခေါ်တာလဲ"

"ခင်ဗျားကို ခေါ်တာ ဘာဖြစ်လဲ မကျေနပ်ဘူးလား ငါ့အချိန်တွေကို ဖြုန်းတီးရဲသေးတယ်"

တဖက်လူဆီကနေ ပေါက်ကွဲထွက်လာတဲ့ အနက်ရောင်ဧကရာဇ် အရှိန်အဝါကို ခံစားလိုက်ရပြီး အဲ့ဒီလူ ချက်ချင်း တိတ်ဆိတ်သွားကာ စိတ်ပျက်လက်ပျက် ပြေးထွက်သွားလေသည်။

"တောသား"

အဲ့ဒီလူ ပြေးသွားတဲ့ ဘက်ကို တံတွေး ထွေးလိုက်ပြီး အနက်ရောင်ဧကရာဇ်က ရှေ့တိုးကာ ကောင်တာကို မှီပြီး အပြာရောင် ဝတ်စုံနဲ့ လူကို လက်ယပ်ခေါ်လိုက်လေသည်။

အပြာရောင် ဝတ်စုံနဲ့ လူက ချက်ချင်း ရောက်လာပြီး ပြုံးကာ ပြောလိုက်လေသည်။

"ဆရာဖုန်း ဒီနေ့ ဘာကူညီပေးရမလဲ"

"ငါ့အတွက် ပစ္စည်းတချို့ စစ်ဆေးပေးပါဦး"

အနက်ရောင်ဧကရာဇ်က သူ့ရဲ့ သိုလှောင်လက်စွပ်ထဲက သေတ္တာ တစ်လုံး ထုတ်လိုက်ပြီး အထဲက ဆေးလုံးကို ဖွင့်ပြကာ မေးလိုက်လေသည်။

"ဒီ ဆီးနှင်း ဖား ဆေးလုံး က အဆင့်မြင့် ဟုတ် မဟုတ် စစ်ဆေးပေးပါဦး"

"ချက်ချင်းပါပဲ"

အပြာရောင် ဝတ်စုံနဲ့ လူက ကိုင်းညွှတ်ပြီး အနံ့ခံလိုက်ရာ သူ့မျက်နှာပေါ်မှာ ဝမ်းနည်းတဲ့ အရိပ်အယောင် ပေါ်လာလေသည်။

"ဆရာဖုန်း ဒီ ဆီးနှင်း ဖား ဆေးလုံး မှာ ဆေးဖက်ဝင် အပင် နှစ်မျိုး လိုနေပါတယ် အကောင်းဆုံး ဆိုရင်တောင်... အဆင့်နိမ့် ပါပဲ"

"တောက်"

အနက်ရောင်ဧကရာဇ်က ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

"သူ ငါ့ကို လိမ်ရဲတယ်ပေါ့"

ကျိန်ဆဲပြီးနောက် အနက်ရောင်ဧကရာဇ်က သေတ္တာကို ပြန်သိမ်းလိုက်ပြီး အပြာရောင် ဝတ်စုံနဲ့ လူကို ပြောလိုက်လေသည်။

"ကျေးဇူးပဲ နောက်တစ်ခါကျရင် မင်းကို ငါ တစ်ခွက် တိုက်မယ်"

"ဆရာဖုန်းက သဘောကောင်းလွန်းပါပြီ နောင်ကျရင် ကျွန်တော်တို့ကို ပိုပြီး အားပေးဖို့ပဲ လာခဲ့ပါ"

"အေးပါ ငါ သွားတော့မယ်"

အပြာရောင် ဝတ်စုံနဲ့ လူကို လက်သီးဆုပ် အရိုအသေပြုပြီး အနက်ရောင်ဧကရာဇ်က ထွက်ပေါက်ဆီ တိုးဝှေ့ ထွက်သွားလေသည်။

ရှီမျိုးနွယ်စုရဲ့ လျှို့ဝှက်ဈေးမှာ ဖောက်သည်တွေကို အနိုင်ကျင့်တဲ့ မူဝါဒ မရှိပေ။

ဒီက ဝန်ထမ်းတွေ အားလုံးက အရမ်း ယဉ်ကျေးကြသည် ဒါကလည်း လျှို့ဝှက်ဈေးကို ဂုဏ်သတင်းကောင်း ရစေခဲ့လေသည်။

ပြီးတော့ ဒီ လေးရာသီ နွေဦး မှာ အကျော်ကြားဆုံးက ဒီ "တစ်ဆုပ်တည်း" ဂျီဇီရှီ ပင် ဖြစ်သည်။

ဒီလူမှာ ထူးခြားတဲ့ အချက် နှစ်ချက် ရှိလေသည်။

တစ်ချက်က ဆေးဖက်ဝင် အပင်တွေရဲ့ ပမာဏကို သူ ခန့်မှန်းတာ အလွန် တိကျခြင်း ဖြစ်သည်။

တစ်ချန် ဆို တစ်ချန်၊ တစ်ဆိတ် ဆို တစ်ဆိတ်။

သူက ခင်ဗျားကို တစ်စေ့ ပိုပေးမှာ မဟုတ်သလို လျှော့ပေးမှာလည်း မဟုတ်ပေ။

ဒုတိယ အချက်က သူ့ရဲ့ အလွန် အာရုံခံစားလွယ်တဲ့ နှာခေါင်း ဖြစ်သည်။

ဆေးဖက်ဝင် အပင် ဆိုရင် တစ်ချက် အနံ့ခံလိုက်ရုံနဲ့ သက်တမ်းနဲ့ ပေါက်ရောက်ရာ နေရာကို သူ ပြောပြနိုင်လေသည်။

ဆေးလုံး ဆိုရင် တစ်ချက် အနံ့ခံလိုက်ရုံနဲ့ ဘယ်လို အရည်အသွေး ရှိတဲ့ ဆေးဖက်ဝင် အပင်တွေ သုံးထားလဲ ဆိုတာ သူ ပြောပြနိုင်လေသည်။

ဒီကျွမ်းကျင်မှု နှစ်ခုနဲ့ ဒီ ဂျီဇီရှီ က လေးရာသီ နွေဦး ရဲ့ သက်ရှိ ဆိုင်းဘုတ် ဖြစ်လာခဲ့လေသည်။

ပညာရှင် အများအပြားက သူ့ဂုဏ်သတင်းကြောင့် ဒီကို လာကြပြီး ဆေးဖက်ဝင် အပင်တချို့ ဒါမှမဟုတ် ဆေးလုံးတချို့ကို အကဲဖြတ်ပေးဖို့ တောင်းဆိုကြလေသည်။

ပြီးတော့ ဒီနေ့ ကျန်းပေရန်လည်း သူ့အတွက် လာခဲ့ခြင်း ဖြစ်သည်။

All Chapters