← Chapters

အနာဂတ်မှ ကျိန်စာ

Vol. 28 Ch. 409

အနာဂတ်မှ ကျိန်စာ

Vol. 28 Ch. 409

စိတ်ဂယောင်ခြောက်ခြားဖြစ်နေသော လော်တုန်းသည် ရှေ့သို့သာ စိုက်ကြည့်နေခဲ့သည်။ ဘတ်စ်ကားသည် ပိုမို အသက်ဝင်လာသည်ဟု သူ ခံစားနေရသည်။ သူနောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်သောအခါ သူ့ကျောပြင်တွင်ချွေးအေးများ စီးကျလာခဲ့သည်။ ဘတ်စ်ကားထဲတွင် ‘လူများ’ မည်သည့်အချိန်က ပြည့်လာသည်ကို သူမသိခဲ့မိချေ။

ခရီးသည်များသည် အစပိုင်းတွင် အရိပ်အယောင်မျှသာ ဖြစ်သည်။ သို့သော်လည်း အသားရုပ်သေး၏ နှလုံးသားမှ သွေးများ ပိုမိုယိုစိမ့်ထွက်လာသည်နှင့်အမျှ ခရီးသည်တို့၏ခန္ဓာကိုယ်များသည် ပိုမိုပီပြင်လာတော့သည်။

“ဒီအရာတွေက ဘာကြီးတွေလဲ”

ခရီးသည်များမှာ ထူးဆန်းသည့် အမျိုးအစားမျိုးစုံဖြစ်သည်။ အချို့မှာ လီစန်းဆေးရုံမှ လူနာဝတ်စုံများကို ဝတ်ဆင်ထားသည်။ ကိုယ်လက်အင်္ဂါများ ဖြတ်တောက်ခံပြီးနောက် ပြန်လည်ချုပ်လုပ်ထားသော လူနာများလည်းရှိသည်။ မျက်နှာမဲ့ နေထိုင်သူများလည်း ရှိနေသည်။ လော်တုန်းကို အံ့အားသင့်စေဆုံးခရီးသည်မှာ နောက်ဆုံးတန်းမှ ထိတ်လန့်တကြားဖြစ်နေသော အဒေါ်ကြီးတစ်ဦး ဖြစ်သည်။ သူမသည် ကြောက်စရာကောင်းသော ခရီးသည်များနှင့် ဘတ်စ်ကားအပြင်ဘက်ရှိ အလောင်းပင်လယ်ကြီးကို လျစ်လျူရှုထား၏။ သူမသည် လက်ကိုင်တန်းကို ဆုပ်ကိုင်၍ လော်တုန်းရှိရာ ယာဉ်မောင်းခန်းဆီသို့ လျှောက်လာလေသည်။ သူမ တံခါးကို ပုတ်လိုက်ပြီး စိုးရိမ်တကြီး မေးလာ၏။

“ဟယ်လို ကျွန်မကလေးကို မြင်မိသေးလားရှင်၊ သူ့ခြေလက်တွေက ချိန်းကြိုးတွေနဲ့ ဖောက်ခံထားရတာပါ၊ ပြီးတော့ တစ်ခုခုက သူ့ကို ခေါ်သွားပါတယ် ၊ သူက သူ့ဝိညာဉ်ကို လောင်းကြေးအဖြစ် အသုံးပြုပြီး ဖြစ်နိုင်ခြေတစ်ခုအတွက် တိုက်ခိုက်ချင်တယ်လို့ ပြောသွားပါတယ်၊ သူ့အတွက် ကျွန်မအရမ်းစိုးရိမ်နေလို့ပါ”

“အန်တီ ၊ ကျုပ်အခု နည်းနည်း အလုပ်များနေတယ်နော်”

ထိုအမျိုးသမီး ဘာပြောနေသည်ကို လော်တုန်းမသိချေ။သူ့တွင် သူမနှင့်စကားပြောရန် စွမ်းအင် သို့မဟုတ် အချိန်မရှိချေ။ ခရီးသည်များ ပိုများပြားလာခဲ့သည်။ သူတို့သည် ဘတ်စ်ကားထဲတွင် သွေးနီရောင်မြို့တော်တစ်ခုကို ရေးဆွဲရန်အတွက် သူတို့၏ဝိညာဉ်သွေးကို အသုံးပြုရန် လှုပ်ရှားလာကြသည်။ သွေးနီရောင်မြို့တော်အား အပြည့်အဝရေးဆွဲပြီးသောအခါ ဘတ်စ်ကားသည် သွေးနီရောင်အဖြစ်သို့ ပြောင်းသွားခဲ့သည်။ မူလရှိနေသောစည်းမျဉ်းများ အတင်းအကျပ် ဖျက်ဆီးခံလိုက်ရပြီး ဥမင်လှိုဏ်ခေါင်း၏အဆုံးတွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာတော့သည်။

“ထွက်ပေါက်ပဲဟေ့ ၊ ထွက်ပေါက်ကို ငါ မြင်နေရတယ်!”

လော်တုန်း စတီယာရင်ဘီးကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။ သူသည် ဘတ်စ်ကားကို အသုံးပြု၍ ပထမဆုံးအကြိမ် ကားပြိုင်ရလိမ့်မည်ဟု တစ်ခါမှမမျှော်လင့်ခဲ့မိချေ။

နတ်ဘုရား၏အော်ဟစ်သံသည် သူ့နောက်မှ ဥမင်လှိုဏ်ခေါင်းထဲမှ ဟိန်းထွက်လာသည်။ အနက်ရောင်ချည်မျှင်များက ကောင်းမင်၏အလောင်းများမှ စီးထွက်လာကြသည်။ ကံကြမ္မာနှင့် အချိန်တို့ကို ဝါးမြိုနိုင်သော အနက်ရောင်လိုင်းများသည် အနာဂတ်နတ်ဘုရား၏ အစစ်အမှန်ခန္ဓာကိုယ် ဖြစ်ပုံရသည်။၎င်းသည် လော်တုန်း ယူဆောင်လာနိုင်သည့် အကျိုးသက်ရောက်မှုက ၎င်း၏အစီအစဉ်ကို ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု မခန့်မှန်းနိုင်ခဲ့ချေ။ ကောင်းမင်သည် ဖန်လီနှင့် လော်တုန်းတို့ နှစ်ဦးစလုံးကို ရွေးချယ်ခဲ့သည်။ တကယ်တမ်း ကောင်းမင်သည် သူကျဆုံးသွားပါက ကံကြမ္မာကို ဆက်လက်တိုက်ခိုက်နိုင်ရန်အတွက် သူ့မစ်ရှင်ကိုဆက်ခံစေရန် သူတို့အား စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ကောင်းမင်အားလုံး၏အရေပြားများကို အနက်ရောင်လိုင်းများ ထိုးဖောက်သွားခဲ့သည်။ များစွာသောအနက်ရောင်လိုင်းများက ကောင်းမင်၏အလောင်းများထဲသို့ ထိုးသွင်းလိုက်သည်။ နတ်ဘုရားသည် ကောင်းမင်၏အသားနှလုံးကို သိမ်းပိုက်လိုနေခြင်းဖြစ်သည်။

ကောင်းမင်၏အလောင်းများမှ အနက်ရောင်လိုင်းများ ထွက်သွားရန် ကြိုးစားလိုက်စဉ် အသားရုပ်သေး၏သရဲမျက်နှာက ရုတ်တရက်ပြုံးလိုက်သည်။ ၎င်းက နှုတ်ခမ်းများကို ပိတ်လိုက်ရာ ၎င်း၏မျက်နှာတွင် အက်ကြောင်းများ ပေါ်လာတော့သည်။ သားစားကြူးနတ်ဘုရားသည် ယင်းအတွက် ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။၎င်းသည် ကောင်းမင်များစွာကို ၎င်း၏စွမ်းအားကို အသုံးပြု၍ တည်ဆောက်ထားခဲ့သည်။ ထိုအချိန်တွင် သားစားကြူးနတ်ဘုရားသခင်သည် အနက်ရောင်ချည်မျှင်များကို ယာယီပိတ်လှောင်ထားရန် အလောင်းများကို အသားလှောင်အိမ်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။ အစွမ်းထက်လှသော နတ်ဘုရားမှာ ပိတ်လှောင်ခံလိုက်ရသည်။ ဘတ်စ်ကားသည် ဥမင်လှိုဏ်ခေါင်းမှ အောင်မြင်စွာ ထွက်ခွာသွားတော့သည်။

နေရောင်ခြည်သည် သူ့အရေပြားပေါ်သို့ ထိုးကျလာသောအခါ လော်တုန်းသည် သူ ပြန်လည်မွေးဖွားလာသည်ဟု ခံစားရသည်။

“ငါ လုပ်နိုင်ခဲ့ပြီကွ ၊ ငါတကယ် ထွက်လာနိုင်ခဲ့ပြီ”

အနက်ရောင်မြူခိုးထဲတွင် မကောင်းဆိုးဝါးများ လှည့်လည်သွားလာနေဆဲပင်။ လော်တုန်းသည် အောင်ပွဲခံမနေခဲ့ချေ။ သူသည် ကောင်းမင်၏မိဘများရှိရာ တိုက်ခန်းဆီသို့ ဘတ်စ်ကားကို မောင်းသွားလိုက်၏။ အမှန်တကယ်တွင် လော်တုန်း ထိုသို့ပြုလုပ်ရန်ပင် မလိုအပ်ချေ။ အသားရုပ်သေးသည် နတ်ဘုရားရုပ်တုဖြင့် ဖိနှိပ်ခံရခြင်းမရှိတော့သည့်နောက် ခရီးသည်များ၏ အနှစ်သာရများကို စတင်စုပ်ယူတော့သည်။ ၎င်းသည် ကောင်းမင်၏ အတိအကျတည်နေရာကို အာရုံခံမိလိုက်သည်။

အသားနှလုံးသားသည် နတ်ဘုရားနှလုံးသားနှင့် ထပ်တူကျသွား၏။ ၎င်းတို့ကြားမှ အကွာအဝေးမှာ တိုတောင်းလာလေသည်။

“ငါ မြို့ကို ဖြတ်သွားရမယ် ၊ ငါ တိုက်ခန်းကို ပြန်ရောက်တာနဲ့ သားစားကြူးနတ်ဘုရားက ကျန်တာကို လုပ်နိုင်လိမ့်မယ်”

လော်တုန်းသည် သူ့နှလုံးသားထဲမှ မွန်းကြပ်မှုကို အော်ထုတ်ပစ်ချင်နေသည်။ သူသည် ဘတ်စ်ကားကို လမ်းပေါ်တွင် ရမ်းရမ်းကားကားမောင်းနှင်လိုက်ပြီး အတိုက်ရိုက်ဆုံးနည်းလမ်းဖြင့် မြူများကို ဖြတ်သွားတော့သည်။

…

လူချမ်းသာရပ်ကွက်၊ အဆောက်အအုံ ၃ရှိ အသက်ရှင်ကျန်ရစ်သူများသည် တစ်ခုခုမှားယွင်းနေကြောင်း စတင်သဘောပေါက်လာကြသည်။ အဆောက်အအုံအတွင်းတွင် လူများ ပိုမိုများပြားစွာ ထွက်ပေါ်လာကြပြီး သူတို့ကိုယ်သူတို့ ကောင်းမင်၏ မိဘများအဖြစ် ပြောဆိုနေကြသည်။ ကောင်းမင်ကို ရှာဖွေရန်ဟူသောအကြောင်းပြချက်ဖြင့် သူတို့သည် တားမြစ်ချက်များကို လျစ်လျူရှု၍ အန္တရာယ်အရှိဆုံးနေရာများသို့ ရည်ရွယ်ချက်ရှိရှိ သွားလာနေကြသည်။ သူတို့သည် သူတို့အတွင်းတွင် ကျိန်စာများနှင့်အဆိပ်များကို ဖုံးကွယ်ထားကြလေသည်။ ကောင်းမင်၏နာမည်ကို ခေါ်လိုက်တိုင်း သူတို့သည် သူ့ကို ကျိန်ဆဲနေကြခြင်းပင်ဖြစ်သည်။ အကယ်၍ ဤ ‘မိဘများ’သာ ကောင်းမင်ကို အမှန်တကယ်တွေ့သွားပါက အကျိုးဆက်များသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ဆိုးရွားလိမ့်မည်ဖြစ်သည်။

“ဒါက အရမ်းအောက်တန်းကျတာပဲ”

ဖန်လီသည် လူသားတို့၏အောက်ဆုံးစည်းကို သူမျက်မြင်တွေ့ခဲ့ရပြီဟု ထင်ခဲ့သော်လည်း ဤအတွေ့အကြုံက သူ၏နားလည်မှုကို ပျက်စီးသွားစေခဲ့သည်။ ထိုဇနီးမောင်နှံစုံတွဲများသည် သူတို့ ကောင်းမင်ကို မည်မျှချစ်ကြောင်း ထပ်ခါတလဲလဲ ပြောနေကြသော်လည်း သူတို့လုပ်သမျှ အားလုံးသည် ကောင်းမင်အား ထိခိုက်စေရန်နှင့်ကျိန်စာတိုက်ရန်သာ ဖြစ်သည်။ ဖန်လီသည် အစတွင် သူတို့ကိုကူညီရန် ကြိုးစားခဲ့သော်လည်း သူလေ့လာမိလေ ပိုကြောက်လာလေဖြစ်လာခဲ့သည်။

“ငါ သူတို့ကို ကောင်းမင်နဲ့တွေ့ခွင့်ပေးလို့ မရဘူး”

ဖန်လီသည် အဆောက်အအုံထဲရှိ အခြားသူများကို ဆက်သွယ်ရန်ကြိုးစားသော်လည်း အချည်းနှီးပင်။

“ဘာလို့ သူတို့ကို ရှာမတွေ့တာလဲ၊ ကောင်းမင်ကို ဒီအဆောက်အအုံထဲမှာ တစ်ယောက်ယောက်က ကိုယ်တိုင်မြင်ခဲ့တာပဲ”

ထို သက်လတ်ပိုင်းအရွယ်အမျိုးသားက စိတ်လှုပ်ရှားလာ၏။ သူ့မျက်လုံးများတွင် ထူထဲသော သွေးကြောများပေါက်ထွက်လာလေသည်။

“တစ်ယောက်ယောက်က ငါ့ကလေးကို ခိုးသွားတာလား ၊ သူ့ကို အပိုင်းပိုင်းဖြတ်ပြီး နေရာမျိုးစုံမှာ သိမ်းထားတာလား”

ကောင်းမင်၏မိဘများသည် ပို၍ ပို၍ စိတ်မတည်ငြိမ်ဖြစ်လာတော့သည်။ သူတို့၏ခန္ဓာကိုယ်ထဲမှ ကျိန်စာများသည် ပေါက်ကွဲလုနီးပါး ဖြစ်နေသော်လည်း ကျိန်စာ၏ပစ်မှတ်ဖြစ်သော ကောင်းမင်ကို သူတို့ မတွေ့နိုင်သေးချေ။ ထိုဇနီးမောင်နှံစုံတွဲက သူတို့နောက်ရှိ ဖန်လီ၊ ဟယ်ကျင်းနှင့် ရှရန်တို့ကို လှည့်ကြည့်ရန် သူတို့၏ခန္ဓာကိုယ်များကို ဖြည်းညှင်းစွာတွန့်လိမ်လိုက်ကြသည်။

“မင်းတို့က ကောင်းမင်ရဲ့မိတ်ဆွေတွေပဲ၊ မင်းတို့ သူ့ကိုမြင်ခဲ့တယ်လို့ ငါတို့ကို ပြောခဲ့တယ် ၊ ဒါပေမယ့် အဆောက်အအုံတစ်ခုလုံး ရှာပြီးတာတောင် ငါတို့ သူ့ကိုရှာမတွေ့သေးဘူး…”

ထိုလူက ခေတ္တရပ်လိုက်ပြီးနောက် ခေါင်းကို မော့လိုက်သည်။

“မင်းတို့ ငါ့ကို လိမ်နေတာလား ၊ မင်းတို့ ကောင်းမင်ကို သတ်လိုက်တာလား”

ဆင်ခြင်တုံတရားများ ပျောက်ကွယ်သွားချေပြီ။ ကျိန်စာများကို စုဆောင်းပြီးခဲ့ပြီဖြစ်သည်။ နောက်တစ်ခုအနေဖြင့် ဤမိဘများသည် အစီအစဉ်၏နောက်ဆုံးအဆင့်ကို ပြီးမြောက်ရန်အတွက် ကောင်းမင်၏အရင်းနှီးဆုံး သူငယ်ချင်းများကို လိုက်လံရန် စီစဉ်ထားသည်။

“ကျုပ်တို့လည်း ကောင်းမင်ကို ရှာနေတာပဲလေဗျာ”

ဟယ်ကျင်း၏ ဦးရေပြားများ ထုံကျင်သွားသည်။

“သေစမ်း ၊ ကောင်းမင်ရဲ့ မိဘတွေက ဘာလို့ သူ့ထက် ပိုရူးသွပ်နေရတာလဲ”

“ခင်ဗျား ဘာလို့ အချိန်ဖြုန်းနေတာလဲ”

ဖန်လီက ရှရန်ကို သယ်ဆောင်လိုက်သည်။

“ပြေးတော့”

“မင်းတို့ သတ်လိုက်တာပဲ ဖြစ်ရမယ်၊ ဟုတ်တယ်”

ဟယ်ကျင်းက ထိုစုံတွဲသည် ကောင်းမင်ကို အမှန်တကယ်ရှာဖွေမနေကြောင်း… သို့မဟုတ် သူတို့သည် ကောင်းမင်ကို သတ်ဖြတ်ရန် ရှာဖွေနေခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားသည်။

“ဒီလိုမိဘမျိုးတွေနဲ့ဆို ကောင်းမင် ဘာလို့ဒီလောက်ထိ ရူးသွပ်သွားရတယ်ဆိုတာ ငါ နားလည်နိုင်သွားပြီ”

သုံးဦးသား ကောင်းမင်၏မိဘများကို ဖယ်ထုတ်ရန် ကြိုးစားသော်လည်း မိဘများက သူတို့ထံ ပြေးဝင်လာကြသည်။

အလားတူကိစ္စများမှာ အဆောက်အအုံတစ်ခုလုံးတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ သတ်မှတ်ထားသည့် အချိန်တစ်ခုတွင် လူတိုင်း၏အနာဂတ်သည် ကောင်းမင်၏မိဘများဖြင့် ချည်နှောင်ခြင်း ခံလိုက်ရသည်။ သူတို့သည် ကောင်းမင်ကို သတ်ပစ်ရန်အတွက် အသက်ရှင်ကျန်ရစ်သူအားလုံး၏ကံကြမ္မာအား ရောထွေးလိုက်ကြသည်။

“သူ့မိဘတွေရဲ့ ကျိန်စာတိုက်ခံရတာနဲ့ အမဲလိုက်ခံရတာ… ဒါက ကောင်းမင်ရဲ့ အဆိုးရွားဆုံး အနာဂတ်လား”

ဖန်လီ တစ်စုံတစ်ရာကို နားလည်သွားပုံရသည်။ သူသည် သူ့နှလုံးသားမှခေါ်သံများနှင့် ဝေးရာသို့ ရည်ရွယ်ချက်ရှိရှိ စတင်ရွေ့လျားလိုက်သည်။ သူသည် ရှရန်ကို သယ်ဆောင်၍ မြေအောက် ကားပါကင်သို့ ရွေ့သွား၏။

“ကောင်းမင်က သူ့ ‘မိဘတွေ’ကို ဘယ်တော့မှ ထိခိုက်အောင်လုပ်မှာမဟုတ်ဘူး ၊ သူ့အတွက် ငါ လုပ်ပေးမယ်”

ရှရန်သည် ဖန်လီက သူ့အား မည်သည့်နေရာသို့ခေါ်ဆောင်သွားနေသည်ကို သဘောပေါက်သောအခါ သူ့မျက်နှာမှာ ရှုံ့မဲ့သွားသည်။ သူ ဖန်လီကို တားဆီးချင်သော်လည်း သူသည် အပြင်းအထန် ဒဏ်ရာရထားခြင်းဖြစ်သည်။

All Chapters