← Chapters

အနာဂတ်က ငိုနေတာလား

Vol. 28 Ch. 411

အနာဂတ်က ငိုနေတာလား

Vol. 28 Ch. 411

“ကျွန်တော့်မျက်နှာမှာ တစ်ခုခုများ ရှိနေလို့လား”

စီဆန်းက သူ့မျက်နှာကို ဘယ်ဘက်လက်ဖြင့် ထိလိုက်သည်။သူ၏ညာဘက်လက်ကိုတော့ ရွှေ့ရဲခြင်း မရှိချေ။ သူ့လက်ဆောင်သည် အလွန်ထူးခြားသည်။ အကယ်၍ အခြားသူများ မြင်သွားပါက သူ့အား နှာဘူးတစ်ယောက်ဟု ထင်သွားနိုင်သည်။

“ငါ တောင်းပန်ပါတယ်”

ဖန်လီ ချက်ချင်း တောင်းပန်လိုက်သည်။

“မင်းက ဓာတ်လှေကားထဲမှာ ပိတ်မိနေတာ မဟုတ်ဘဲ မကောင်းဆိုးဝါးရဲ့ခန္ဓာကိုယ်ထဲကို တမင်ခိုးဝင်သွားတာမလား”

“ငါတို့ သုံးယောက်က မိဘစုံတွဲတစ်တွဲကိုပဲ အာရုံစိုက်အောင်လုပ်နိုင်ခဲ့တာ ၊ မင်းကတော့ မကောင်းဆိုးဝါးတွေအပြည့်ပါတဲ့ ဓာတ်လှေကားတစ်ခုလုံးကို ရှင်းထုတ်နိုင်ခဲ့တယ်ပေါ့ ၊ ဒါက မင်းရဲ့ ထောင်ချောက်များလား”

ဟယ်ကျင်းနှင့် ကျိုးကျွင်းတို့သည် လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသည်။ အခန်း ၁၃ မှ ကျောင်းသားများ မည်မျှ ကောက်ကျစ်သည်ကို သူသိပေသည်။

“ဒါက တကယ်ကြီးထောင်ချောက် မဟုတ်ပါဘူးဗျာ”

စီဆန်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်တွေးတောလိုက်သည်။ သူသည် ကောင်းမင်၏မိဘများကို ကောင်းမင်အား ရှာဖွေရန် စိတ်အားထက်သန်စွာ ကူညီခဲ့ခြင်းဖြစ်သည်။သူတို့အား အဆောက်အအုံအတွင်းရှိ တားမြစ်ချက်များအကြောင်းကို သူပြောပြခဲ့သည်။ ထို ဇနီးမောင်နှံစုံတွဲသည် သူတို့၏ပုန်ကန်သောကာလရှိ ဆယ်ကျော်သက်များနှင့် တူနေခဲ့သည်။ သူတို့သည် တားမြစ်ချက်အားလုံးကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့သည် ဝိညာဉ်များကို ဆင့်ခေါ်ရန် ဓာတ်လှေကားထဲသို့ ဝင်ရောက်ခဲ့သည်။ စီဆန်းသည် သူတို့ကို အချိန်အကြာကြီး ဖြောင်းဖျစည်းရုံးခဲ့ပြီးနောက် သူသည် ထိုပူဇော်ပွဲအတွက် သူတို့ရွေးချယ်ထားသော ယဇ်ကောင်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။

ယဇ်ပူဇော်ခံရလုနီးပါး ဖြစ်ခဲ့သော စီဆန်းက သူ့ကိုယ်ခန္ဓာမှ သွေးများကို သုတ်လိုက်သည်။ သူ အကြောင်းအရာကို ပြောင်းပြောလိုက်သည်။

“ကျွန်တော် အန္တရာယ်အများအပြားကို ရင်ဆိုင်ခဲ့ရပြီးတော့ အချက်အလက်အချို့လောက် ရခဲ့ပါတယ် ၊ ကောင်းမင်ရဲ့ မိဘတွေက အဆောက်အအုံတစ်ခုလုံးမှာ ရှိနေကြတာ ၊ သူတို့က အထပ်တိုင်းက နာကြည်းမှုတွေကိုစုဆောင်းဖို့ ဓာတ်လှေကားကို အသုံးပြုနေကြတာပဲ ၊ သူတို့က တစ်ခုခုကို ညစ်ညမ်း‌အောင်လုပ်ဖို့ ကြိုးစားနေပုံရတယ်”

“သူတို့ ကောင်းမင်ရဲ့ဝိညာဉ်ကို ညစ်ညမ်းအောင်ကြိုးစားနေတာလား”

“ကျွန်တော် မသိဘူး၊ ဒါပေမယ့် ကျွန်တော် ခံစားရတာကတော့…”

စီဆန်းက မရေမရာပြောလိုက်သည်။

“အဲဒီ သန္ဓေပြောင်းမိဘတွေက ကောင်းမင် သူတို့ကို သတ်ဖြတ်ချင်လာအောင် ရည်ရွယ်ချက်ရှိရှိ ဆွဲဆောင်နေကြတာပဲ ၊ ဒါဟာ လျှို့ဝှက်ကြံစည်မှုတစ်ခု ဖြစ်နိုင်တယ် ၊ ကောင်းမင် သူတို့ကို မသတ်ရင် သူတို့က ဆက်ပြီးကျိန်ဆဲနေလိမ့်မယ် ၊ ကောင်းမင် သူတို့ကိုသတ်လိုက်ရင်တော့ သူ့အတွက် အရမ်းဆိုးရွားတာ တစ်ခုခု ဖြစ်လာလိမ့်မယ် ၊ ကောင်းမင် အဲ့ဒါကို နောင်တရလိမ့်မယ်”

“အရမ်းထက်မြက်တဲ့ လေ့လာချက်ပဲ၊ အခန်း ၁၃ ကလူတစ်ယောက်ဆိုတဲ့အတိုင်းပဲ”

ဟယ်ကျင်း ခေါင်းညိတ်လိုက်သည်။

“ခင်ဗျား ချီးကျူးနေတာပါ ၊ ကျွန်တော်တို့အခန်းက မူမမှန်မှုတွေနဲ့ သရဲပုံပြင်တွေမှာ ကျွမ်းကျင်သူတွေပဲ ၊ ကျွန်တော့် အခန်းဖော်တွေနဲ့အချိန်တစ်ခုထိနေပြီးတော့ ကျွန်တော်လည်း လွှမ်းမိုးခံလိုက်ရတယ်လို့ ထင်ပါတယ်”

စီဆန်းသည် အလွန် ရိုကျိုးနေလေသည်။ သူသည် အခြားသူများ၏ အထောက်အထားကို မသိခင်အထိ သူ၏အရည်အချင်းများကို ထုတ်ပြလိုခြင်းမရှိချေ။

“ကောင်းမင်ကို နောင်တရစေနိုင်တဲ့ တစ်စုံတစ်ခု”

ဖန်လီ စတင်တွေးတောသည်။

“ဒီမကောင်းဆိုးဝါးတွေက အနာဂတ်နတ်ဘုရား ဖန်တီးထားတာ ထင်ရှားတယ် ၊ သူတို့ကို သတ်လိုက်တာက အဆင်ပြေမှာပါ၊ ဒါမှမဟုတ် ကောင်းမင်ရဲ့ မိဘအစစ်တွေက သူတို့ကြားထဲမှာ ရောနှောနေတာလား ၊ အနာဂတ်နတ်ဘုရားက ကောင်းမင်ကိုစိတ်ဓာတ်ပျက်စီးသွားအောင် သူ့မိဘတွေကို သူကိုယ်တိုင်သတ်ခိုင်းချင်တာလား”

ကောင်းမင်သည် ဖန်လီတွေ့ဖူးသမျှ လူများထဲတွင် စိတ်ဓာတ်အခိုင်မာဆုံးသောသူ ဖြစ်သည်။ အနာဂတ်နတ်ဘုရားသည် ကောင်းမင်ကို ဖျက်ဆီးနိုင်ရန် ထိုကဲ့သို့သော နည်းလမ်းများကို အသုံးပြုနေရသည်။

“ဒါက အရမ်းယုတ်မာတာပဲ”

ဖန်လီ တွေးလေလေ ဖြစ်နိုင်ချေ ပိုများလေလေ ဖြစ်သည်။ သူ မြေအောက်ကားပါကင်သို့ ဦးတည်သော လှေကားပေါ်တွင် ထိုင်လိုက်သည်။ သူက သူ့နားထင်များကို နှိပ်နယ်လိုက်သည်။ အလွန်အကျွံ တွေးတောရခြင်းက သူ့ကို အပြင်းအထန်ခေါင်းကိုက်စေလေသည်။ အစတွင် သူဂရုမစိုက်ခဲ့ချေ။ သို့သော်လည်း ရုတ်တရက် ရှရန်က သူ့ကို ထူးဆန်းစွာ ကြည့်နေသည်ကို သူသတိပြုမိလိုက်သည်။ သူသည် တစ်ဖက်လူ၏မျက်လုံးများထဲတွင် အနုပညာလက်ရာတစ်ခု ဖြစ်လာသကဲ့သို့ပင်။ အေးစိမ့်စိမ့် ခံစားမှုတစ်ခုက သူ့ကျောပေါ် တက်လာသည်။ ဖန်လီက သူ့နောက်သို့ ဓားဖြင့် ခုတ်ချလိုက်သည်။ နံ့စော်နေသောသွေးများ ရေတံခွန်ကဲ့သို့ သူ့အပေါ် စီးကျလာလေသည်။ ကားပါကင်နေရာ၏တံခါးသည် ဆန်းကြယ်စွာ ပွင့်လာခဲ့ခြင်းဖြစ်သည်။ ခေါင်းပြတ်နေသော အမျိုးသမီးအလောင်းတစ်လောင်းက ဖန်လီ့ကျောပေါ်သို့ တက်ရန် ကြိုးစားနေခြင်းပင်။

“ဒါက ဘာကြီးလဲ”

ထိုခန္ဓာကိုယ်တွင် ဦးခေါင်းမရှိသော်လည်း သူမ၏ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် လှပသည်။ သူမ၏ ခန္ဓာကိုယ်အချိုးအစားသည် ပြီးပြည့်စုံသည်။ တစ်ခုတည်းသော ချို့ယွင်းချက်မှာ သူမ၏ဗိုက်ပေါ်တွင် ဧရာမပါးစပ်တစ်ခု ရှိနေခြင်းပင်ဖြစ်သည်။

ထိုအမျိုးသမီးအလောင်းကို ခုတ်လိုက်သောအခါ သူမ ထိတ်လန့်သွားပုံရသည်။ သူမသည် ကြမ်းပြင်ပေါ်တွင် လျင်မြန်စွာ တွားသွားလိုက်သည်။ ဖန်လီ တုံ့ပြန်လိုက်ချိန်တွင် သူမက ကားပါကင်နေရာသို့ ဆုတ်သွားခဲ့ပြီး ဖြစ်သည်။

“ခင်ဗျား သူ့ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့တာပဲ ၊ ဘာလို့ ကျုပ်ကို သတိမပေးတာလဲ”

ဖန်လီ ရှရန်ကို ဆုပ်ကိုင်လိုက်သည်။ သို့သော်လည်း ရှရန်က သူ့အား အပြည့်အဝ လျစ်လျူရှုထား၏။ သူသည် ခဏတာအတွင်းက ကောင်းမွန်သောအမှတ်ရစရာများကို ပြန်လည်အမှတ်ရနေသကဲ့သို့ မျက်လုံးများကို မှိတ်ထားလေသည်။

“မင်းမှာ ရူးသွပ်တဲ့ဝါသနာ တစ်ခုခုရှိနေတာလား”

ဖန်လီသည် ရှရန်ကို ထိုးချင်နေသော်လည်း ထိုအမျိုးသားကို မတော်တဆသတ်မိသွားမည်ကို စိုးသည်။

“ရန်မဖြစ်ကြပါနဲ့ ၊ သူက အချိန်မီတုံ့ပြန်နိုင်တဲ့ပုံ မပေါ်ဘူး”

စီဆန်းက သူတို့ နှစ်ဦးကို လူခွဲလိုက်သည်။ သူသည် သူ့အသံကိုနိမ့်၍ လေးနက်စွာပြောသည်။

“ကျွန်တော်က လူချမ်းသာရပ်ကွက်ထဲကို ပထမဆုံးဝင်ရောက်တဲ့အသုတ်ထဲက တစ်ယောက်ဖြစ်ပြီး ဒီမှာဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲတွေအများကြီးကို ကိုယ်တိုင်တွေ့ကြုံခဲ့ရတယ် ၊ ခင်ဗျားတို့ မြေအောက်ကားပါကင်ကို မသွားတာကောင်းတယ် ၊ အဲဒီနေရာက အကြီးမားဆုံးတားမြစ်ချက်ပဲ”

“ဘာလို့လဲ”

“ခင်ဗျား အဲဒီခေါင်းပြတ်နေတဲ့ အမျိုးသမီးကို မြင်ခဲ့တယ်မလား ၊ မြေအောက်ကားပါကင်ထဲက အလောင်းတွေအားလုံး အမျိုးသမီးတွေအဖြစ် ပြောင်းလဲသွားလိမ့်မယ် ၊ သူတို့က အနာဂတ်ကို ကိုယ်စားပြုတယ်”

စီဆန်းက ဆန်းကြယ်စွာ ပြောလိုက်သည်။

“ကျွန်တော့်မှာ ဝမ်ကျားလို့ခေါ်တဲ့ သူငယ်ချင်းကောင်းတစ်ယောက် ရှိတယ် ၊ ကျွန်တော်တို့ ဒီနေရာကို မဝင်ခင် သူ့ အကြီးဆုံးဦးလေးက ကျွန်တော်တို့ကို သတင်းအချက်အလက်အချို့ ပြောပြခဲ့တယ်၊ မူမမှန်မှုထဲမှာ အတိတ်နဲ့အနာဂတ်ကို ကိုယ်စားပြုတဲ့ရွှံ့ရုပ်နှစ်ရုပ်ရှိတယ်တဲ့ ၊ အတိတ်နတ်ဘုရားအကြောင်း ကျွန်တော်အများကြီး မသိပေမယ့် အနာဂတ်နတ်ဘုရားက သူ့ကိုယ်သူအတွက် ပြင်ဆင်ထားတဲ့ ခန္ဓာကိုယ်က လက်ရှိမြေအောက်ကားပါကင်ထဲမှာ ရှိနေတယ်ဆိုတာတော့ ကျွန်တော် သိတယ်”

“မင်း ပြောနေတာက အနာဂတ်နတ်ဘုရားဆိုတာ ခေါင်းပြတ်နေတဲ့မိန်းမတစ်ယောက်လား”

ဖန်လီ အံ့အားသင့်သွားသည်။ သူ ရှရန်ကိုလွှတ်လိုက်ပြီး စီဆန်း၏စကားများကို စဉ်းစားလိုက်သည်။

“ဟုတ်လည်း ဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ဘူး ၊ ကျွန်တော် ပြောခဲ့သလိုပဲ မြေအောက် ကားပါကင်ထဲက အလောင်းတွေအားလုံး တဖြည်းဖြည်းနဲ့ အမျိုးသမီးတွေဖြစ်လာလိမ့်မယ် ၊ သူတို့ရဲ့ တစ်ခုတည်းသောအလုပ်က အနာဂတ်အတွက်သားအိမ်တွေ ဖြစ်လာဖို့ပဲ ၊ အနာဂတ်မွေးဖွားမလာခင်မှာ ကျွန်တော်တို့က သားအိမ်ကို ဖျက်ဆီးပစ်ရမယ် ၊ အဲဒါက သူ့ကို ဖျက်ဆီးဖို့ တစ်ခုတည်းသော နည်းလမ်းပဲ”

စီဆန်းတွင် စွမ်းရည်များစွာမရှိသော်လည်း သူသည်ကောင်းမွန်သော နောက်လိုက်တစ်ဦး ဖြစ်သည်။ ဝမ်ကျားနှင့်ကပ်လျက်နေခြင်းကြောင့် သူသည် အရာများစွာသိရှိခဲ့သည်။

“အနာဂတ်နတ်ဘုရားက အတိတ်နတ်ဘုရားထက် ပိုသတ်ရခက်မယ့်ပုံပဲ”

“ဟုတ်တယ် ၊ အတိတ်က ခိုင်မာပြီး မှတ်ဉာဏ်ထဲမှာ တည်ရှိနေတာ ၊ အနာဂတ်ကတော့ ရောက်မသေးဘဲ မသိနိုင်တဲ့အရာတွေနဲ့ ပြည့်နေတာလေ”

စီဆန်း သက်ပြင်းချလိုက်သည်။

“ခင်ဗျားတို့ကို ပိုဆိုးတဲ့သတင်းတစ်ခု ပြောပြဦးမယ် ၊ခင်ဗျားတို့ နတ်ဘုရားနှစ်ပါးလုံးကို အချိန်တိုအတွင်း ဖျက်ဆီးပစ်ရမယ်ဗျ၊ ဘာကြောင့်လဲဆိုတော့ တစ်ပါးပါး အသက်ရှင်နေသရွေ့ နောက်တစ်ပါးက မကြာခင်ပြန်လည်မွေးဖွားလာလိမ့်မယ်”

သူတို့ စကားပြောနေစဉ်တွင် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသော ရှရန်သည် လုံခြုံရေးတံခါးကို စိုက်ကြည့်နေလေသည်။ ဖန်လီ သူ့အား မည်သို့ဆက်ဆံသည်ကို သူဂရုမစိုက်ချေ။ သူသည် မျက်လုံးများကို မှေးစင်း၍ တံခါးနောက်မှ အမှောင်ထုကြီးလေ့လာလျက်ရှိသည်။ သူ့လက်ဖဝါးပေါ်ရှိ ဖန်လီ၏ခြေထောက်ပုံကို သုတ်ပစ်လိုက်သည်။ ထိုအစား ရှရန်က ထူးဆန်းသော အမျိုးသမီးအလောင်းကို သူ့လက်ဖဝါးပေါ်တွင် စတင်ရေးဆွဲနေခဲ့သည်။

သူ၏စုတ်ပြတ်နေသော ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ရုန့်ရန်းပြီး ကြွယ်ဝသောကင်းဗတ်စတစ်ခု ဖြစ်သည်။ ၎င်းသည် တချိန်က ရူးသွပ်နေသောအနီရောင်တစ္ဆေတစ်ကောင်ကိုသာမက ကောက်ကျစ်တတ်သောစီတုအန်းကိုပါ ပိုင်ဆိုင်ခဲ့ဖူးသည်။ သူသည် သွေးနီရောင်မြို့တော်၊ သားစားကြူးနတ်ဘုရားနှင့် မတူညီသောကောင်းမင်များစွာကိုပင် မည်သူ့ကိုမျှမပြောဘဲ ရေးဆွဲခဲ့ဖူးလေသည်။

မည်သူကမျှ သူ့ကိုအာရုံမစိုက်နေစဉ်တွင် ရှရန်သည် သူ့သွေးကိုအသုံးပြု၍ ထို အမျိုးသမီးအလောင်းကို ရေးခြစ်နေခဲ့သည်။ ဆွဲဆောင်မှုရှိသောအချိုးအစားများက သူ့ကို စိတ်လှုပ်ရှားစေ၏။ ယင်းသည် သူ့ဒဏ်ရာများကိုပင် ကုစားပေးခဲ့သည်။

သူ နောက်ဆုံးစုတ်ချက်ကို အပြီးသတ်လိုက်သောအခါ မြေအောက်ကားပါကင်ထဲမှ ကလေးငိုသံတစ်ခု ထွက်ပေါ်လာသည်။ ထူးဆန်းသည်ကား ရှရန်တစ်ဦးတည်းသာ ယင်းကိုကြားနိုင်ခဲ့ခြင်းဖြစ်သည်။

“အနာဂတ်က ငိုနေတာလား”

သူ တံခါးကို ညင်သာစွာကြည့်လိုက်သည်။ ထို့နောက် ရှရန်၏မှေးစင်းထားသော မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုအရိပ်အမြွက်တစ်ခု ပေါ်လာတော့သည်။

All Chapters