← Chapters

အချစ်ဦးလား

Vol. 28 Ch. 413

အချစ်ဦးလား

Vol. 28 Ch. 413

“ငါ ရှာနေတဲ့ အနာဂတ်လား”

တစ်ချက်ချက်ဖြစ်နေသော နာရီသံများသည် နေရာတိုင်းမှ ထွက်ပေါ်နေခဲ့သည်။ ကောင်းမင်သည် အချိန်မြစ်ထဲတွင် ပေါ်ထွက်လာတော့သည်။ အတိတ်သည် ထပ်ခါတလဲလဲ ဖြစ်ပေါ်နေပြီး အနာဂတ်သည် အဆက်မပြတ် ပြန်လည်ပုံဖော်ခံနေရသည်။ နံရံပေါ်ရှိ နာရီတိုင်းသည် မတူညီသော အဆုံးသတ်တစ်ခုကို ဖုံးကွယ်ထားပေသည်။

“အနာဂတ်နတ်ဘုရားက အနာဂတ်တွေအားလုံးကို ဒီအခန်းထဲမှာ စုဆောင်းထားတာပဲ”

ထိုအမျိုးသမီး စကားပြောလိုက်သည်နှင့် သူမ၏ခန္ဓာကိုယ်မှ အဝတ်စုတ်ပြဲသံတစ်ခု ထွက်ပေါ်လာ၏။ သူမ၏ ပြီးပြည့်စုံသော အသွင်အပြင်များမှာ တွန့်လိမ်လာတော့သည်။

“နတ်ဘုရားဟာ အရိပ်ကမ္ဘာထဲမှာ လွန်ခဲ့တဲ့ကာလတွေကတည်းက သေဆုံးနေခဲ့တာ ၊ သူ့ရဲ့ ရုပ်တုဟာ သူ့ရဲ့ဝိညာဉ် အပြည့်အဝနှင်ထုတ်မခံရတဲ့ အချိန်စီးကြောင်းတစ်ခုကို ရှာဖို့ မတူညီတဲ့ အနာဂတ်တွေအားလုံးကို အရူးအမူး စုဆောင်းနေခဲ့တယ် ၊ ကံကြမ္မာ ရှိနေသေးသရွေ့ သူ့ရဲ့ အနာဂတ်က ချိတ်ပိတ်ခံထားရမှာပဲ ၊ ဒါကြောင့် သူဟာ ကံကြမ္မာသတ်ဖြတ်ခံရတဲ့ အနာဂတ်တစ်ခုကို ရှာဖို့ လိုအပ်ခဲ့တယ် ၊ တိုက်ဆိုင်စွာနဲ့ပဲ သူက ရှင့်ရဲ့ အနာဂတ်တစ်ခုမှာ ဒီဖြစ်နိုင်ချေကို တွေ့ခဲ့ရတယ်”

‘ရွှမ်ဝမ်’ သည် အရာအားလုံးကို ကောင်းမင်အားပြောပြလိုက်သည်။ ထို့နောက် သူမအား အနာဂတ်နတ်ဘုရား ဆုချခဲ့သောစွမ်းအားသည် ကျိန်စာတစ်ခု ဖြစ်လာတော့သည်။

ကောင်းမင်သည် နံရံပေါ်ရှိ နာရီများကို စစ်ဆေးကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ အနာဂတ်နတ်ဘုရားသည် အခြေခံအားဖြင့် သူ့ စွမ်းအားအားလုံးကို သူ့အပေါ်တွင်သာ အကုန်အကျခံခဲ့ခြင်းဖြစ်သည်။ ၎င်းသည် သူ၏အာရုံခံစားမှုများကို မရှင်းမလင်းဖြစ်အောင် လုပ်ခဲ့ရုံသာမက သူ့အားထိခိုက်စေရန် သူ့မိဘများကို အဆောက်အအုံအတွင်းရှိ ကျိန်စာများအားလုံး စုဆောင်းခိုင်းခဲ့သည်။ ထိုအချိန်တွင် ကောင်းမင်သည် နာရီများထဲရှိ နာရီတစ်လုံးမှ ပြတ်တောင်းပြတ်တောင်းခေါ်သံတစ်ခုကို ခံစားလိုက်ရသည်။ သို့သော်လည်း အနာဂတ်နတ်ဘုရား၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ကောင်းမင်သည် ၎င်းကို တိတိကျကျမသိနိုင်ခဲ့ချေ။

“ငါအမှားကိုရွေးမိရင် ဘယ်လိုလုပ်မလဲ”

ကောင်းမင်သည် အဆုံးမဲ့သောရွေးချယ်မှုများကြားမှ တစ်ခုတည်းသော အဖြေကို ရှာဖွေရန် လိုအပ်ပေသည်။

“ရှင် အဲဒီအချိန်စီးကြောင်းထဲမှာ ခဏလောက် ပိတ်မိနေနိုင်တယ် ၊ ပြီးတော့ ရှင်အဲဒီထဲကို ပေါင်းစည်းသွားနိုင်တယ် ၊ ဖြစ်လာနိုင်တာပါ…”

ထိုအမျိုးသမီး ဆက်မပြောတော့ချေ။ အကျိုးဆက်သည် သူမကဲ့သို့ပင် အနာဂတ်နတ်ဘုရား၏ အရုပ် ဖြစ်လာခြင်းပင် ဖြစ်သည်။

သူမ၏ကျောပေါ်တွင် ဧရာမဟက်တက်ကွဲရာကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ရွှမ်ဝမ်၏ အရေပြားသည် စုတ်ပြဲနေသော အဝတ်အစားများနှင့် တူနေတော့သည်။ သူမသည် သူမ၏ အသွင်အပြင်ကို ထပ်မံထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ချေ။ သူမသည် ကောင်းမင်ရှေ့တွင် သူမ၏ ရုပ်အဆိုးဆုံးနှင့် အစစ်မှန်ဆုံးကိုယ်ကို ထုတ်ဖော်မိရန် နီးကပ်နေပြီဖြစ်သည်။ ‘ရွှမ်ဝမ်’ နောက်သို့ ကျုံ့လိုက်သည်။ သူမသည် ကောင်းမင် သူမကိုမြင်သွားမည်ကို ကြောက်ရွံ့နေလေသည်။ သူမသည် ကောင်းမင်အား လှည့်ပြန်ရန် ပြောချင်သော်လည်း မကြာမီ သူမ၏အသံမှာ ပြောင်းလဲသွားသည်ကို သဘောပေါက်လိုက်သည်။ ၎င်းသည် ရွှမ်ဝမ်၏အသံကဲ့သို့ သာယာနာပျော်ဖွယ် မရှိတော့ပါချေ။ ၎င်းသည် သရဲတစ်ကောင်၏အော်ဟစ်သံ ဖြစ်လာခဲ့သည်။

ကောင်းမင်သည် ရွှမ်ဝမ်ဆီမှ လှည့်ထွက်သွားလိုက်၏။ သူသည် သူ့လက်များကို သူ့ရင်ဘတ်ပေါ်တွင် တင်လိုက်သည်။ သူ၏အတိတ်ကိုယ်ပွားများအားလုံးနှင့် ပေါင်းစည်းပြီးနောက် သူ့အသိစိတ်သည် အတိတ်နတ်ဘုရားကဲ့သို့ သန်မာလာခဲ့သည်။

ကော်ရစ်ဒါအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။ မကြာမီ တစ်ယောက်ယောက်က ဤလျှို့ဝှက်အခန်း၏တံခါးကို ခေါက်လာလေသည်။

“ကောင်းမင် မင်းတို့အိမ်မှာ ရှိလား ၊ ငါတို့က သူ့ရဲ့ မိဘတွေပါ ၊ သူ အိမ်ကိုပြန်မသေးလို့ပါ ၊ သူ ငါတို့ ခေါ်တာကိုလည်း မဖြေဘူး ၊ ငါတို့ သူ့အတွက် အရမ်းစိုးရိမ်နေတာ”

“ချီးစကားတွေ”

ထိုအမျိုးသမီးက သူမ၏ခန္ဓာကိုယ်ဖြင့် တံခါးကို ပိတ်ဆို့ထားလိုက်သည်။ သူမ၏မျက်စိသူငယ်အိမ်များသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေလေသည်။

“တံခါးဖွင့်ပေးပါ ၊ ငါ့ကလေး ပျောက်နေတယ်၊ သူ ဒီမှာရှိနေတာလား”

“ကောင်းမင်! ကောင်းမင်!”

“တံခါးဖွင့်စမ်း”

တံခါး တုန်ခါသွားခဲ့သည်။ ထိုအမျိုးသမီးထံမှ ရွှမ်ဝမ်၏အရေပြားမှာ လျှောကျသွားခဲ့သည်။ သူမ၏ အရုပ်ဆိုးလှသောပုံရိပ်က တံခါးကိုကျောပေးထား၏။ ကောင်းမင်သည် ကူညီရန် လှုပ်ရှားတော့မည်ဖြစ်သော်လည်း ထိုအမျိုးသမီးက သူ့ကိုအော်ဟစ်လိုက်သည်။

“မလာနဲ့ ၊ ရှင့်အနာဂတ်ကို သွားရှာပါ”

ယင်းအသံသည် ရွှမ်ဝမ်နှင့်လားလားမှ မသက်ဆိုင်ချေ။ ၎င်းသည် နားမချမ်းသာသော်လည်း ကောင်းမင်သည် ၎င်းကြောင့် နွေးထွေးမှုကို ခံစားလိုက်ရသည်။ အမှန်တကယ်တွင် သူသည် ထိုအမျိုးသမီးမှာ ရွှမ်ဝမ်မဟုတ်ကြောင်း သိသော်လည်း သူမဖော်ထုတ်ခဲ့ချေ။

“မင်းရဲ့ အိပ်ခန်းထဲမှာ မင်းနဲ့မင်းမိဘတွေရဲ့ ပုံကို ငါမြင်ခဲ့တယ် ၊ငါ အနာဂတ်နတ်ဘုရားကို သတ်နိုင်ခဲ့ရင် မင်းကို မင်းရဲ့မိသားစုနဲ့ ပြန်ပေါင်းစည်းပေးမယ်”

ကောင်းမင်သည် သရုပ်ဆောင်ခြင်းကိုရပ်လိုက်ပြီး အခန်းထဲသို့ နက်နက်ရှိုင်းရှိုင်း ရွေ့လျားသွားလိုက်သည်။ ပုံမှန်အားဖြင့် အနာဂတ်နတ်ဘုရားက သူ့လမ်းကိုပိတ်ဆို့နေသဖြင့် သူ အဖြေကို ရှာတွေ့နိုင်မည်မဟုတ်ချေ။ သို့သော်လည်း နှစ်ဦးလုံး မမျှော်လင့်ထားသော တစ်စုံတစ်ခုသည် နာရီများထဲမှ တစ်လုံးအတွင်းတွင် ဖြစ်ပွားလာလေသည်။ ကောင်းမင်သည် ရင်းနှီးသောအရာတစ်ခုက သူ့ထံသို့ ရောက်လာနိုင်ရန် ချိတ်တံဆိပ်အလွှာများစွာကို ဖြတ်၍ယိုစိမ့်ထွက်လာသည်ကို ခံစားလိုက်ရသည်။ ကောင်းမင်သည် ထောင့်တစ်နေရာရှိ နာရီတစ်ခုရှေ့တွင် ရပ်တန့်လိုက်လေသည်။

“ငါ့မှာ အခွင့်အရေးတစ်ခုတည်းပဲ ရှိတယ် ၊ ဒါများလား”

တံခါးခေါက်သံသည် ပို၍ ပြင်းထန်လာခဲ့သည်။ ရွှမ်ဝမ်မှာ နောက်ထပ်ဆက်ထိန်းထားနိုင်တော့မည် မဟုတ်ချေ။ သူမသည် ကောင်းမင်၏မိဘများကြောင့် ဆုတ်ဖြဲခံရဖွယ်ရာရှိသည်။ ကောင်းမင် မျက်လုံးများကို မှေးစင်းလိုက်ပြီး သူ၏ရွေးချယ်မှုကို ပြုလုပ်လိုက်သည်။ သူသည် ‘ရွှမ်ဝမ်’ကို စွန့်ပစ်ခဲ့ခြင်း မရှိချေ။ သူ နောက်လှည့်လိုက်ပြီး ကြောက်စရာကောင်းသော ‘ရွှမ်ဝမ်’ ကို ဖမ်းဆွဲ၍ မထင်မရှားဖြစ်နေသော နာရီဆီသို့ ဆွဲခေါ်သွားလိုက်သည်။ နှစ်ဦးသား ထွက်ခွာသွားသည်နှင့် ကောင်းမင်၏မိဘများ အခန်းထဲသို့ အတင်းဝင်လာကြတော့သည်။ သူတို့သည် သူတို့နှင့်အတူ ကျိန်စာများစွာကို သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကောင်းမင်နှင့် ‘ရွှမ်ဝမ်’ တို့မှာ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

‘ရွှမ်ဝမ်’ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။ သူမသည် သူမ၏လက်ကောက်ဝတ်ကို ခေါင်းငုံ့၍ ကြည့်လိုက်သည်။ ကောင်းမင်သည် သူမ၏ ဒဏ်ရာများဖြင့်ညိုမဲနေသော ကျိန်စာသင့်လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလေသည်။ သူမသည် ရွှမ်ဝမ်၏အရေပြားကို ဆုံးရှုံးသွားပြီး သူမ၏ပုံမှန်ခန္ဓာကိုယ် ပြန်ဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း ကောင်းမင်သည် သူမအား ယခင်ကကဲ့သို့ ကြင်နာစွာ ဆက်ဆံနေဆဲပင်။

“ရှင် မျက်စိကန်းနေတာလား”

ထိုအမျိုးသမီး၏နှလုံးသားထဲတွင် အဖြေတစ်ခုရှိသည်။ ကောင်းမင်သည် အစကတည်းက အရာအားလုံးကို သိနေခဲ့သည်။ သို့သော်လည်း သူမကိုအံ့အားသင့်စေဆုံးအရာမှာ ကောင်းမင်သည် သူမကို ကယ်တင်ရန်ရွေးချယ်ခဲ့ပြီး သူ၏အနာဂတ်ထဲသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ထိုအမျိုးသမီးနှင့် နှိုင်းယှဉ်ပါက ကောင်းမင်၏အမူအရာမှာ ရှုပ်ထွေးနေလေသည်။ သူသည် သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးနှင့်ရင်းနှီးနေခဲ့သည်။ ဤသည်မှာ သူယခင်ကငှားနေခဲ့သော အငှားအိမ်ဖြစ်သည်။ သူသည် ဆာလောင်တစ္ဆေပွဲတော်ညသို့ ပြန်ရောက်သွားသကဲ့သို့ ဖြစ်နေသည်။ သူ၏အနာဂတ်အားလုံးသည် ဤအခိုက်အတန့်မှ စတင်ခဲ့သည်။

“ငါ့ဘဝဟာ အဆုံးမဲ့တဲ့ သေဆုံးမှုတွေပဲ ၊ အနာဂတ်ရဲ့အဆုံးသတ်က အစအားလုံးရဲ့စတင်ခြင်းပဲ”

ရင်းနှီးနေသောကော်ရစ်ဒါအတိုင်း လျှောက်သွားနေရင်း ကောင်းမင်သည် လမ်းကြောင်းကိုပုံဖော်ရန်ပင် မလိုအပ်ချေ။ သူ၏ခန္ဓာကိုယ်သည် အိမ်ဆီသို့ အလိုအလျောက်ရွေ့လျားသွားခဲ့သည်။

“ငါ့ကိုခေါ်နေတဲ့ အသံက ပိုနီးလာပြီ ၊ သူက ညအမှောင်ထဲမှာ မြို့ကိုဖြတ်ပြီး ငါ့ဆီ လာနေတာပဲ…”

ကောင်းမင် သူ့အိမ်ရှေ့တွင် ရပ်တန့်လိုက်သည်။ ရင်းနှီးသော တံခါးနှင့်သော့ခလောက်ကို သူကြည့်လိုက်သည်။ သူသည် အလေ့အကျင့်အတိုင်း သူ့အိတ်ကပ်ထဲသို့ လက်လှမ်းလိုက်သော်လည်း သော့ကို အိမ်ရှင်အား ပြန်ပေးခဲ့သည်မှာကြာပြီဖြစ်သည်။

ထိုစဉ် သူ့အိမ်ထဲမှ အသံတစ်ခု ထွက်လာလေသည်။ ကောင်းမင်၏အကြည့်များ ပြောင်းလဲသွား၏။ သူသည် တံခါးခေါက်ရန် သူ့လက်ကို မြှောက်လိုက်သည်။

ကောင်းမင် ဘာမှ မပြောခဲ့ချေ။ သူသည် တံခါးကိုသာ စိုက်ကြည့်နေမိသည်။ သူ၏နားများသည် အသံတိုင်းကို ဖမ်းယူနေခဲ့သည်။

အိမ်အတွင်းမှ မညီညာသောခြေသံများ ထွက်ပေါ်လာခဲ့သည်။ ပြေးလွှားသံများနှင့် လေးလံသော တစ်စုံတစ်ခုကို ဆွဲယူနေသည့် အသံများလည်းရှိသည်။

တစ်မိနစ်ခန့်ကြာပြီးနောက် တံခါးပွင့်သွား၏။

မှိန်ဖျော့၍ နွေးထွေးနေသောမီးရောင်များ အခန်းထဲမှ ထွက်ပေါ်လာပြီး ကောင်းမင်ပေါ်သို့ ထိုးကျလာခဲ့သည်။ သူသည် သူ၏ယခင်အိမ်တွင် နေထိုင်နေသော သက်လတ်ပိုင်းဇနီးမောင်နှံစုံတွဲကို စိုက်ကြည့်လိုက်သည်။

“သား နောက်ကျတယ် ! သားအမေက ဟင်းတွေကို နွှေးနေရတာ အကြိမ်ပေါင်းများစွာရှိနေပြီ ၊ သွားလက်ဆေးပြီး စားဖို့ပြင်ဆင်တော့”

ထိုသက်လတ်ပိုင်းလူက စကားများကိုလှည့်ပတ်ပြောလိုက်သည်။

ထို့နောက် ထိုလူသည် ကောင်းမင်နောက်မှလိုက်လာသော ကြီးမားပြီးခန့်ညားထည်ဝါလှသည့် အမျိုးသမီးသရဲကို မြင်လိုက်လေသည်။

All Chapters