← Chapters

မိသားစုနဲ့ အိမ်

Vol. 28 Ch. 415

မိသားစုနဲ့ အိမ်

Vol. 28 Ch. 415

အနာဂတ်နတ်ဘုရား ရောက်မလာခင်က ထိုမိန်းကလေးထံတွင် ပြီးပြည့်စုံ၍ ပျော်ရွှင်သောမိသားစုတစ်စု ရှိခဲ့သည်။ သူမသည် သူမမိဘများ၏ ကောင်းစွာ ကာကွယ်ပေးခြင်းခံခဲ့ရသော ကလေးတစ်ယောက်ဖြစ်သည်။ သူမသည် ကြင်နာတတ်သူဖြစ်ပြီး နှလုံးသားထဲတွင် မျှော်လင့်ချက်ရှိသည်။ သို့သော်လည်း လူချမ်းသာရပ်ကွက်သည် အနာဂတ်နတ်ဘုရား၏ယုံကြည်မှုကြောင့် ဖျက်ဆီးခံခဲ့ရသည်။ မြို့သူမြို့သားများမှာ ၎င်း၏ ရုပ်သေးရုပ်များ ဖြစ်လာခဲ့ကြသည်။ ထိုမိန်းကလေး၏မိဘများသည် နတ်ဘုရား၏ ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံခဲ့ရပြီး သူမသည်လည်း နတ်ဘုရား၏အရုပ်တစ်ရုပ် ဖြစ်လာခဲ့ရသည်။

ထိုမိန်းကလေး၏ဆန္ဒ(လှပသောချစ်ခြင်းမေတ္တာ)ကြောင့် သူမသည် အခြားသားကောင်များ၏ အနာဂတ်များတွင် ချစ်သူများ၏အခန်းကဏ္ဍများကို မဖြစ်မနေပါဝင်ခဲ့ရသည်။ သူမသည် သူမတန်ဖိုးအထားရဆုံးသောအရာအား သူမ၏မျက်စိရှေ့တွင် အကြိမ်ကြိမ် ဆုတ်ဖြဲခံရသည်ကို ကြည့်ရှုရသည့် ကံကြမ္မာကိုခံစားခဲ့ရသည်။

သူမသည် တစ်ချိန်က ကြင်နာပြီးလှပသော်လည်း ယခုအခါ အရုပ်ဆိုးပြီး ကြောက်စရာကောင်းသော သရဲမတစ်ကောင် ဖြစ်နေခဲ့ချေပြီ။ သူမသည် သူမကိုယ်သူမပင် ကောင်းစွာမကြည့်ရဲတော့ချေ။ သူမသည် အခြားသူများ၏အနာဂတ်များတွင် ပုန်းအောင်းရန်၊ အခြားသူများ၏အရေပြားကို ဝတ်ဆင်ရန်နှင့် စစ်မှန်သောချစ်ခြင်းမေတ္တာကို ဘယ်တော့မှမခံစားရမည့် သရဲမတစ်ကောင် ဖြစ်လာရန်သာ ရဲရဲတင်းတင်းလုပ်နိုင်ခဲ့သည်။

ကောင်းမင်က သူမအား အိမ်သို့ခေါ်လာပြီးနောက် သူမနှလုံးသားထဲမှနာကျင်မှုမှာ ဖော်ပြမရနိုင်ချေ။ အိမ်၏နွေးထွေးမှုသည် သူမ၏မှတ်ဉာဏ်ကို လင်းလက်စေခဲ့သည်။ သူမသည် ကောင်းမင်ချစ်သောသူ ဖြစ်လာရန် တောင့်တသော်လည်း ၎င်းသည်မဖြစ်နိုင်ကြောင်း သူမသိသည်။

ရွှမ်ဝမ်၏အရေပြားက ကွဲကြေသွားခဲ့ပြီဖြစ်သည်။ သူမ၏အစစ်အမှန် ကိုယ်ကို ဖော်ထုတ်လိုက်ရသောအခါ သူမသည်ထောင့်တွင် ကွေးကွေးလေးလုပ်နေရန်သာ ဝံ့ရဲခဲ့သည်။ တချိန်က မင်းသမီးလေးသည် စွန့်ပစ်ခံရပြီးပျက်စီးနေသော ကြောင်ကလေးတစ်ကောင် ဖြစ်လာခဲ့သည်။

ကောင်းမင်၏မိခင်ဖြစ်သူက သူမထံ ချဉ်းကပ်လာသောအခါ သူမပျာယာခတ်သွား၏။ သူမသည် မောင်းထုတ်ခံရပြီး မုန်းတီးခံရရန် အဆင်သင့်ဖြစ်နေခဲ့သည်။ ထိုအမျိုးသမီးက သူမ၏လက်ကို ညင်သာစွာဆုပ်ကိုင်လာလိမ့်မည်ဟု သူမမမျှော်လင့်ခဲ့ချေ။ တခဏအတွင်း သူမသည် ထိုအမျိုးသမီးထဲတွင် သူမ၏ကိုယ်ပိုင်မိခင်ကို မြင်လိုက်ရလေသည်။

“လာစားပါကွယ်”

ကောင်းမင်၏မိခင်က ထိုမိန်းကလေးကို ပြောလိုက်သည်။ သူမသည် သုံးမီတာကျော်ရှည်သော ထိုမိန်းကလေးမြင်သောအခါ ကောင်းမင်ကို စိုက်ကြည့်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် သား သူ့ကိုရွေးချယ်ခဲ့တာ ဖြစ်တဲ့အတွက် တာဝန်ယူရမယ် ၊ သူကို အနိုင်မကျင့်ပါနဲ့”

ဆုံးမစကားကို ကြားသောအခါ ကောင်းမင်က သူ့ခေါင်းကို စောင်းလိုက်သည်။ သူ မူလတန်းကျောင်းတက်စဉ်က အိမ်သို့ လမ်းဘေးကြောင်တစ်ကောင် ခေါ်လာခဲ့သည့်အချိန်ကို ပြန်သတိရလိုက်သည်။ သူ့မိသားစုက ဘာမှ မပြောခဲ့ချေ။ သူတို့သည် ထိုအဖြစ်အပျက်ကို သူ့အတွက် ဘဝကိုလေးစားတန်ဖိုးထားတတ်ရန် သင်ယူရန်အတွက် သင်ခန်းစာတစ်ခုအဖြစ် အသုံးပြုခဲ့သည်။

သူ အိမ်ထဲသို့ဝင်လာပြီးနောက် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးသည် ကောင်းမင်အတွက် အလွန် ရင်းနှီးနေလေသည်။ ၎င်းသည် အနာဂတ်နတ်ဘုရားသခင်၏ ဖန်တီးထားခြင်းဖြစ်သည်ဟု မခံစားရချေ။ ၎င်းသည် အဓိပ္ပါယ်မဲ့ခြင်းပင်လယ်ထဲမှ ပုံမှန်ဖြစ်မှု၏ရေပွက်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

သူတို့ ထမင်းစားပွဲပတ်လည်တွင် ထိုင်လိုက်ကြသည်။ ချက်ပြုတ်ထားသော အစားအ‌သောက်၏ အနံ့သည် ကောင်းမင်၏ဝမ်းဗိုက်ကို တဂွီဂွီအော်မြည်စေ၏။ သူသည် ထိုမျှအရသာရှိသော အစားအသောက်များ မစားခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ ကောင်းမင်သည် လူတိုင်းအတွက် ထမင်းခူးထည့်ပေးလိုက်သည်။ သူက အမျိုးသမီးသရဲအတွက်ပင် ထမင်းပန်းကန်လုံးတစ်လုံး ပြင်ဆင်ပေးခဲ့သေး၏။ သူ့မိခင်သည် သူ့အား သတိထား၍ စောင့်ကြည့်နေလေသည်။ ကောင်းမင်သည် ဤကဲ့သို့ ယခင်ကမလုပ်ခဲ့ဖူးချေ။ ဤကောင်းမင်သည် သူမ၏သားအစစ်ကဲ့သို့ အမှန်တကယ် ခံစားနေရသည်။

‘ဒါက တကယ်ပဲ ငါ့သားဆိုရင်တောင် သရဲရည်းစားတစ်ယောက်ကို အိမ်ခေါ်လာတာကလည်း တကယ်ကြီး ဂုဏ်ပြုစရာကိစ္စတော့ မဟုတ်ဘူး’

ကောင်းမင်၏မိခင်က မျက်မှောင်ကြုတ်လိုက်သည်။ များမကြာမီ သက်လတ်ပိုင်းလူသည် နောက်ဆုံး ဟင်းပွဲနှင့်အတူ မီးဖိုချောင်မှ ထွက်လာခဲ့လေသည်။ ၎င်းမှာ ကောင်းမင်မုန်းတီးသော ပန်းဂေါ်ဖီကြော် ဖြစ်သည်။ ထိုလူက ဘာမှမပြောဘဲ ဟင်းပန်းကန်ကို ကောင်းမင်နှင့်ခပ်ဝေးဝေးတွင် ချထားလိုက်သည်။ သူသည် သူ့ဇနီးနှင့် တိတ်တဆိတ် အကြည့်ချင်းဖလှယ်လိုက်သည်။ ဟင်းလျာအများစုသည် ဘေးကင်း၏။ ပန်းဂေါ်ဖီကြော်ကတော့ ချွင်းချက်ဖြစ်သည်။ ဤကောင်းမင်သည် သူ့သား အမှန်တကယ်ဖြစ်ပါက သူအမုန်းဆုံး ဟင်းတစ်ခွက်ကို တမင်တကာရွေးချယ်မည်မဟုတ်ချေ။

“ကျွန်တော့်သူငယ်ချင်းက ထူးခြားပေမယ့် ခင်ဗျားတို့ သူ့ကို မအံ့သြကြဘူးနော် ၊ ခင်ဗျားတို့ ဒီမှာ အချိန်အတော်ကြာအောင် ရှိနေခဲ့ပုံရတယ်”

ကောင်းမင် သူ့မိဘများကို ကြည့်လိုက်သည်။ သူတို့ နှစ်ဘက်လုံးသည် တစ်ဦးနှင့်တစ်ဦး၏ ကိုယ်ပိုင်လက္ခဏာများကို သက်သေပြုရန်ကြိုးစားနေကြသည်။

“လောကကြီးက တကယ့်ကို ပြောင်းလဲသွားခဲ့ပြီလေ”

သက်လတ်ပိုင်းလူသည် ဝိုင်တစ်ခွက်ကို သူ့ဘာသာငှဲ့လိုက်သည်။ တစ်ငုံသောက်ပြီးနောက် သူက သူ၏ ဧည့်သည်များနှင့်ပုံပြင်ကို ပြောပြလေသည်။ သူတို့သည် သရဲတက္ကစီမောင်းသမားနှင့်တွေ့ဆုံခဲ့ပြီး ငရဲမှာလာသောခရီးသည်များစွာအတွက် တက္ကစီမောင်းသူဖြစ်လာခဲ့ပြီး သူတို့သား၏ အငှားအိမ်တွင် ခရီးအဆုံးသတ်သွားသည်။ ကောင်းမင်၏ဖခင်သည် ထိုပုံပြင်ကို ပေါ့ပေါ့ပါးပါးပြောပြနေသော်လည်း ကောင်းမင်သည် ၎င်းအတွင်းတွင် ရှိသောအန္တရာယ်ကို ကြားနိုင်လေသည်။ ထိုဇနီးမောင်နှံစုံတွဲသည် အကြိမ်များစွာ သေလုနီးပါး ဖြစ်ခဲ့ရသည်။ သူတို့၏ကံကောင်းမှုသာမရှိပါက သူတို့သည် အပြင်ဘက်တွင် ထာဝရပျောက်ဆုံးသွားလိမ့်မည်ဖြစ်သည်။ ကောင်းမင်က နွေးထွေးနေသော ဆန်ပြုတ်ကို တစ်ငုံသောက်လိုက်သည်။ ကောင်းမင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူသည် ဥမင်လိုဏ်ခေါင်းမှ ထွက်ခွာလာသည့်အခါတိုင်း သူ့မိဘများထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်ကို အမှတ်ရလိုက်သည်။ သို့သော်လည်း ဖုန်းခေါ်သူများသည် သူ့မိဘများဟု မခံစားရချေ။ သူ့နှလုံးသားထဲတွင် မေးခွန်းတစ်ခုရှိသည်။

မွေးနေ့ကိတ်တွေနဲ့အတူ သူ့အိမ်ကို လာခဲ့တဲ့မိဘတွေက သူ့မိဘအစစ်တွေလား ဒါမှမဟုတ် ဖုန်းထဲက လူများလား။ ဘေးကပ်ဆိုး ဖြစ်ပွားခဲ့တုန်းက သူ့မိဘတွေက ဘယ်မှာရှိနေခဲ့တာလဲ။

ဤနာရီကမ္ဘာတွင် ကောင်းမင်သည် သူ့အဖြေကို မမျှော်လင့်ဘဲ တွေ့ရှိသွားသည်။

သူ အန္တရာယ်နှင့်ကြုံရပြီး ရွှမ်ဝမ်က သူ့ကိုသယ်ဆောင်လာသောအခါ သူ၏မိဘများသည် သူ့ကို စိတ်ပူသောကြောင့် ဟန်ဟိုင်းသို့ လာခဲ့ကြသည်။ သူတို့သည် ဆာလောင်တစ္ဆေပွဲတော်ညတွင် အရိပ်ကမ္ဘာထဲ ပိတ်မိသွားခဲ့ကြသည်။ သူသည် အကြိမ်ပေါင်းများစွာ သေဆုံး၍ အကြိမ်ပေါင်းစွာ ပြန်လည်ရှင်သန်ခဲ့ရပြီး သူ့မိဘများသည်လည်း သူ့ကိုရှာဖွေရန်အတွက် အကြိမ်တိုင်း ခရီးသွားခဲ့ကြသည်။ နှစ်ဖွဲ့လုံးသည် အဆုံးမဲ့စက်ဝန်းပိတ်တစ်ခုထဲတွင် ပိတ်မိနေခဲ့ကြခြင်းဖြစ်သည်။

ကောင်းမင်၏မိဘများသည် အရိပ်ကမ္ဘာထဲတွင် ထူးခြားသည့်အဖြစ်အပျက်များနှင့် တွေ့ကြုံခဲ့ကြသည်။ သူတို့အများစုသည် မတော်တဆမှုများကြောင့် သေဆုံးခဲ့ကြသော်လည်း အချို့ကမူ ကောင်းမင်ကို ရှာတွေ့ခဲ့ကြသည်။ သို့သော်လည်း သူတို့သည် အရိပ်ကမ္ဘာရှိအမည်မသိ လွှမ်းမိုးမှုများကြောင့် လူသေဓာတ်ပုံထဲရှိဗားရှင်းပုံစံကဲ့သို့ ဖြစ်လာခဲ့ကြသည်။

“တကယ်လို့ ဒီလူတွေက… တကယ်ပဲ ငါ့မိဘတွေဖြစ်ခဲ့မယ်ဆိုရင် အနာဂတ်နတ်ဘုရားက သူတို့ကို ငါ့မွေးနေ့ဓာတ်ပုံထဲကနေ ဆွဲထုတ်ခဲ့တာလား ၊ ဒါဆို ငါ့မိဘတွေရဲ့ အစိတ်အပိုင်းတစ်ခုက အရိပ်ကမ္ဘာရဲ့ တစ်နေရာရာမှာ ပိတ်မိနေတုန်းပဲလား”

ကောင်းမင်၏လက်များက သူ၏လက်ဆောင်ဆီသို့ အလိုအလျောက် ရွေ့လျားသွားခဲ့သည်။ သူ့မွေးနေ့ဓာတ်ပုံသည် သူ့အား မည်သည့်အထူးစွမ်းအားကိုမျှ မပေးချေ။ ရှရန်နှင့် စီတုအန်းတို့၏ လူသေဓာတ်ပုံများနှင့် နှိုင်းယှဉ်ရလျှင် ၎င်းသည် အလွန်ပင်ပုံမှန်ဖြစ်နေ၏။ သူ့တွင် သူ့မိဘများ ပို့ဆောင်ပေးခဲ့သော အဆုံးမဲ့ကိတ်မုန့်များသာ ရှိလေသည်။

“ဒါ ငါ့လူသေဓာတ်ပုံက မပြီးသေးလို့လား”

သူ့စိတ်ထဲ ထိုအတွေးရှိလာသည့်အချိန်တွင် ကောင်းမင်သည် လူသေဓာတ်ပုံထဲမှ သူ့မိဘများအားလုံး သူ့ကို လှည့်ကြည့်လာသည်ကို ခံစားလိုက်ရသည်။ ဓာတ်ပုံနောက်ကျောမှ စကားလုံးများကြောင့် သူ့စိတ်ထဲတွင် အကြံတစ်ခုပေါ်လာခဲ့သည်။

“ဒီတစ်ခါတော့ အနာဂတ်နတ်ဘုရားက ငါ့ကိုကူညီခဲ့တာပဲ ၊ သူတို့ရဲ့ ထူးဆန်းတဲ့ စွမ်းအားက ငါ့ကို ဖုံးကွယ်ထားတဲ့ အမှန်တရားနဲ့ ပိုနီးကပ်လာစေခဲ့တယ်”

ကောင်းမင်သည် အနာဂတ်နတ်ဘုရားနှင့်အတိတ်နတ်ဘုရားတို့၏ မရဏဘုံများတွင် အများအပြားရရှိခဲ့သည်။ သူသည် သူ၏အတိတ်ဗားရှင်းများအားလုံးနှင့် ပြန်လည်သင့်မြတ်ခဲ့ပြီး စူပါလူသားတစ်ယောက်၏ ကိုယ်စိတ်ဖွဲ့စည်းပုံတို့ကို ရရှိခဲ့သည်။ အကယ်၍ သားစားကြူးနတ်ဘုရားသည် နတ်ဘုရားနှစ်ပါးလုံး သူတို့ကိုယ်သူတို့အတွက် ပြင်ဆင်ထားသော ခန္ဓာကိုယ်များကို စားသုံးနိုင်ခဲ့ပါက သူသည် အဆင့်အသစ်သို့ ရောက်ရှိလိမ့်မည်ဖြစ်သည်။

“စားတာကိုပဲ အာရုံစိုက်လေ ၊ အတွေးလွန်မနေနဲ့”

သက်လတ်ပိုင်းလူက ရေရွတ်လိုက်သည်။ သူ့တွင် မည်သည့်မကောင်းသော ရည်ရွယ်ချက်မှ မရှိချေ။ သူသည် သူ့စိုးရိမ်ပူပန်မှုများကို ဖုံးကွယ်ရန် ပြောလိုက်ခြင်းသာ ဖြစ်သည်။

“ကျွန်တော့်အတွက် ဒီလောက် အရသာရှိတဲ့ဟင်းလျာတွေ အများကြီးချက်ပေးထားတာ ကျေးဇူးတင်ပါတယ် ၊ ဒါပေမယ့်…”

ကောင်းမင် ဟင်းပွဲဆီသို့ လက်လှမ်းလိုက်စဉ် အိပ်ခန်းထဲမှ ထူးဆန်းသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ယင်းသည် ငါးပုံးတစ်ပုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသကဲ့သို့ အသံထွက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ကြမ်းပြင်ပေါ်တွင် အားနည်းစွာဖြင့် တဖျတ်ဖျတ်ခတ်နေကြသည်။

“ဒါ လူသံ မဟုတ်ဘူး”

ကောင်းမင် ထိုအိပ်ခန်းကို မှတ်မိသည်။ သူသည် သူ၏မိဘများစွာကို ထိုနေရာတွင် ထည့်ထားဖူးသည်။

All Chapters