ရင်းမြစ်
Vol. 28 Ch. 407
“ဒီနေရာကြီးက အရမ်းထူးဆန်းတယ် ၊ ကောင်းမင် ဘာတွေကြုံတွေ့ခဲ့ရတာလဲ ၊ အဲဒီတုန်းက မူမမှန်မှုတွေတောင် ရောက်မလာသေးဘူးလေ “
ကားသည် အလွန်တိတ်ဆိတ်စွာ ရွေ့လျားနေခဲ့သည်။အချိန်အတော်ကြာအောင် တွေဝေနေပြီးနောက် လော်တုန်းက နောက်ထပ်မီတာတစ်ရာခန့်ထပ်မောင်းလိုက်ပြီး ကားသော့ကိုဆွဲနုတ်၍ အမှောင်ထဲတွင်ပုန်းအောင်းရန် ကားပေါ်မှဆင်းလိုက်သည်။ သူက မြေကြီးပေါ်တွင် ပြားပြားဝပ်လိုက်၏။ ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားသောအခါ လော်တုန်းက ကားပေါ်မှ ခလုပ်တစ်ခုကို နှိပ်လိုက်သည်။တက္ကစီ၏ရှေ့မီးများ ဖြာထွက်သွားပြီး အလင်းတန်းက အမှောင်ထုကို ထွင်းဖောက်သွားလေသည်။လော်တုန်းသည် အလင်းရောင်ကြောင့် သူ့ပတ်ဝန်းကျင်ကို ပိုကောင်းကောင်းကြည့်လို့ရသွားသည်။ဥမင်လှိုဏ်ခေါင်း၏အလယ်တည့်တည့်တွင် အိုဟောင်းနေသော ဘတ်စ်ကားတစ်စီးရှိနေခဲ့သည်။ ဘတ်စ်ကား ပတ်ပတ်လည်ရှိ နံရံများတွင် များစွာသောအလောင်းများကို မြှုပ်နှံထားလေသည်။ အလောင်းများအားလုံးသည် ကောင်းမင်နှင့်ရုပ်ချင်းဆင်ကြသည်။ကြောက်စရာအကောင်းဆုံးအရာမှာ သူတို့ထဲမှ တချို့သည် လှုပ်ရှားနေကြဆဲပင်။သူတို့ ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများက ကောင်းမွန်လာသည်။သူတို့သည် နံရံထဲမှ တွားထွက်လာချင်နေကြပြီး ဥမင်ထဲမှထွက်၍ တစ်နေရာရာသို့ သွားရန်ကြိုးစားနေကြခြင်းဖြစ်သည်။
လော်တုန်းသည် မအော်မိစေရန် သူ့ပါးစပ်ကို အုပ်ထားလိုက်ရသည်။ဤည သူမြင်တွေ့နေရသောအရာသည် သူကြုံဖူးသမျှအားလုံးထက် များစွာကျော်လွန်နေခဲ့သည်။
“ကောင်းမင်အဖြစ်ပြောင်းလဲသွားတဲ့ မကောင်းဆိုးဝါးတွေ အကုန်လုံး ဒီဥမင်ထဲက လာခဲ့တာပဲ ၊ ဒါပေမယ့် ဘာလို့လဲ ၊ ဒီဥမင်ထဲမှာ မကောင်းဆိုးဝါးကောင်းမင်တွေ မေ့ကျန်ခဲ့တာက ဘာများလဲ”
သူ့စိတ်ထဲတွင် များစွာသောယူဆချက်များ ထွက်ပေါ်လာခဲ့သည်။သူ့မျက်ဆံများက တုန်ယင်နေပြီး သူ့နှလုံးမှာလည်း လှိုင်းများကဲ့သို့ ဆူပွက်နေလေသည်။သူ အသံကျယ်ကျယ်ပင် အသက်မရှူဝံ့ချေ။
လော်တုန်း ရှေ့သို့ ဖြည်းညင်းစွာတိုးသွားလိုက်ရာ နောက်ထပ်တစ်ခုကို ရှာတွေ့လိုက်သည်။အသက်ရှုသံတစ်ခုသည် ပိုမိုထင်ရှားလာပြီး ထိုအသံမှာ အက်ဆီးဒင့်ဖြစ်ထားသည့် ဘတ်စ်ကားထဲမှ လာနေခြင်းဖြစ်သည်။
“ကောင်းမင်အစစ်က ဘတ်စ်ကားထဲမှာ ပိတ်မိနေတာလား”
ထိုစဉ် ရှေ့မီးများ မှိန်ကျသွားလေသည်။တက္ကစီနှင့်နီးကပ်နေသော နံရံတစ်ခုမှ အက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။လည်ပင်းကျိုးနေသော ကောင်းမင်တစ်ယောက်က သူ့လက်ကို နံရံထဲမှ ဆန့်ထုတ်လိုက်သည်။သူ၏ ကြောင်အနေသောမျက်လုံးများက စတင်၍ အသိစိတ်ဝင်လာနေ၏။သူ့ခန္ဓာကိုယ်က နံရံထဲမှ ဖုတ်ခနဲပြုတ်ကျသွားသည်။သူသည် သူ့လည်ပင်းကို လက်နှင့်ထိန်းလိုက်၏။သူ့အရိုးများ တဂျွတ်ဂျွတ်မြည်လာပြီး သူ့ခေါင်းကို ဖြည်းညင်းစွာ တည့်မတ်လိုက်သည်။
သူ့အဝတ်အစားပေါ်ရှိ သွေးများက မြေကြီးထဲသို့ စိမ့်ဝင်သွားသည်။သူ့လက်များကို နံရံတွင် ထောက်ထားရင်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာလေသည်။
“မင်းငါ့ကို ဘယ်လောက်ကြာအောင် တားဆီးနိုင်မှာလဲ ၊ ငါက မင်းနဲ့ ပိုပိုပြီး တူလာနေပြီလေ ၊ မကြာခင် ငါက မင်းဖြစ်လာပြီး မင်းရဲ့အသားနဲ့မှတ်ဉာဏ်တွေကို ဝါးမြိုပစ်တော့မှာ “
မြေပြင်ပေါ်ရှိ ကျောပိုးအိတ်ကို ကောက်ယူနေရင်း ကောင်းမင်ဖြစ်တည်မှုနှင့်အမူအရာတို့မှာ တဖြည်းဖြည်းပြောင်းလဲနေလေသည်။လော်တုန်းသည်ပင် ယင်းကို ကောင်းမင်အစစ်ဟု ထင်မိသည်။ကောင်းမင်အသစ်က ဥမင်ထဲက ထွက်ရန်ပြင်လိုက်ချိန်တွင် ရုတ်တရက်ရပ်တန့်သွား၏။ ရှေ့မီးသီးများလင်းနေသော တက္ကစီကို သူမြင်လိုက်ရခြင်းဖြစ်သည်။
“ဒါက…ဒီနေရာမှာ ရှိနေရမှာလား ၊ ကားအက်ဆီးဒင့် ၊ သေ…ငါ့ခေါင်း…”
မျက်နှာက ထပ်မံတွန့်လိမ်သွား၏။မကောင်းဆိုးဝါးကောင်းမင်၏ မှတ်ဉာဏ်မှာ ပြဿနာတစ်ခုနှင့်ကြုံလိုက်ရသည်။ သူက သူ့ခေါင်းကို အထပ်ထပ်အခါခါ ထုရိုက်တော့သည်။ သူ့မျက်လုံးများထဲမှ သေးငယ်သောအနက်ရောင်လိုင်းများ ထွက်လာခဲ့သည်။ ထိုအနက်ရောင်လိုင်းများသည် ကံကြမ္မာ၏ကျိန်စာများနှင့် တူ၏။လိုင်းတစ်ခုစီသည် ကြီးမားသောကျိန်စာတစ်ခုကို သယ်ဆောင်ထားသည်။ဦးခေါင်းက ထပ်မံ၍ ရွဲ့စောင်းသွားပြီး ထိုမကောင်းဆိုးဝါး၏ ရင်ဘတ်တွင် တွဲလောင်းဖြစ်သွားခဲ့သည်။ကောင်းမင် အော်ဟစ်လိုက်သည်။ ဦးခေါင်းက အမှောင်ထဲတွင်ပုန်းအောင်းနေသော လော်တုန်းကို မြင်သွား၏။
“ဒီ…ဒီမှာ တခြားလူတွေ ရှိနေတယ်”
ထိုအော်ဟစ်သံကြောင့် ကောင်းမင်၏အလောင်းများသည် တစ်စုံတစ်ခု၏ဆွဲဆောင်ခြင်း ခံလိုက်ရဟန်ရှိသည်။သူတို့၏ ကြောင်တောင်တောင်မျက်လုံးများက စတင်လှုပ်ရှားလာပြီး ဥမင်၏ထောင့်သို့ စိုက်ကြည့်လိုက်ကြသည်။
လော်တုန်းမှာ များပြားလှသော လူသေအလောင်းများ၏ စိုက်ကြည့်ခံလိုက်ရသောကြောင့် စိတ်လွတ်မတတ်ဖြစ်သွား၏။ထိုကဲ့သို့ သွေးပျက်ဖွယ်ကောင်းလှသည့်တစ်စုံတစ်ခုကို သူမမြင်ဘူးခဲ့ချေ။
“မကောင်းတော့ဘူး”
ဘတ်စ်ကားနှင့်တက္ကစီကြားရှိ အကွာအဝေးကိုတွက်ချက်လိုက်ပြီး လော်တုန်းက ဘတ်စ်ကားဆီ အမြန်ပြေးလိုက်သည်။
သူ့ခြေထောက်ကို ကြွလိုက်ရာ ကြာပွတ်ရာများနှင့်လက်တစ်ဖက်ဆန့်ထွက်လာပြီး လော်တုန်း၏ခြေထောက်ကို ဖမ်းဆွဲလိုက်လေသည်။လော်တုန်း နောက်ပြန်လှည့်ကြည့်လိုက်သည်။မြေကြီးနှင့် နံရံဆုံသောနေရာတွင် နှိပ်စက်ညှင်းပန်းခံထားရသော ကောင်းမင်တစ်ယောက်ရှိနေ၏။သူ့မျက်နှာမှာ တစ်ဝက်သာကျန်တော့သည်။လှီးဖြတ်ခံထားရသော သူ့နူတ်ခမ်းများက ကြက်သီးထဖွယ်ကွေးညွတ်သွားပြီး
“မင်းက…ဘယ်သူလဲ…”
လော်တုန်း ဘာမှ ထပ်မစဉ်းစားနိုင်တော့ပဲ ပြေးတော့သည်။သူ့ထွက်ပေါက်မှာ ပိတ်ဆို့ခံလိုက်ရပြီဖြစ်သည်။ ဘတ်စ်ကားသည်သာ သူရှင်သန်နိုင်မည့် တစ်ခုတည်းသောလမ်းဖြစ်ပေလိမ့်မည်။
ပဲ့တင်ထပ်နေသော ဟိန်းဟောက်သံများ ဥမင်တစ်လျှောက်ပျံ့နှံ့သွား၏။နံရံထဲရှိ အလောင်းများလုံး အသက်ဝင်လာကြသည်။သူတို့သည် နံရံထဲမှ ထွက်လာနိုင်ရန် အသဲအသန်ရုန်းကန်နေကြသည်။
“ဥမင်လှိုဏ်ခေါင်းက သူတို့ကို ကန့်သတ်ထားတာပဲ ၊ အလောင်းတွေက သူတို့ထွက်မသွားခင် သတ်မှတ်ထားတဲ့အခြေအနေတွေကို ဖြည့်ဆည်းဖို့လိုအပ်တာပဲ”
လော်တုန်း ထိုသို့တွေးမိလိုက်စဉ် အပေါ်ဘက်မှ ကြိုးဆွဲချသေထားသော ကောင်းမင်တစ်ယောက်ပြုတ်ကျလာခဲ့သည်။သူ့အလောင်းမှာ မြေကြီးပေါ်သို့ပြုတ်ကျလာသော်လည်း လက်ချောင်းများက တဆတ်ဆတ်လှုပ်နေဆဲဖြစ်သည်။အနက်ရောင်ချည်မျှင်များက သူ့ခန္ဓာကိုယ်တဝိုက်တွင် ရစ်ပတ်လာပြီး သူထရပ်နိုင်အောင် ထောက်ပံ့ပေးထား၏။
မျက်နှာကျက်ပေါ်မှ နောက်ထပ်အလောင်းတစ်လောင်း ပြုတ်ကျလာလေသည်။လော်တုန်း၏ နှလုံးသည် အပြင်းအထန်ခုန်ပေါက်သွားသည်။သူ့ မော့ကြည့်လိုက်ရာ အဆုံးမရှိသော လူသေကောင်းမင်များ မျက်နှာကျက်မှ အဆက်မပြတ်ပြုတ်ကျလာနေသည်ကို တွေ့လိုက်ရသည်။ မြေကြီးပေါ်ရှိသွေးများက ရုတ်တရက်ပွင့်လာသော အနီရောင်ပန်းများကဲ့သို့ ဖြစ်နေခဲ့သည်။ပုတ်အဲအဲအနံ့များက ဥမင်တစ်ခုလုံးဖုံးလွှမ်းနေတော့သည်။သူတို့သည် ကောင်းမင်၏ ခြောက်ခြားဖွယ်အနာဂတ်ကို ရေးဆွဲနေကြခြင်းဖြစ်သည်။
“ဒါကြီးက အရမ်းများသွားပြီ”
လော်တုန်းသည် သူ့အကြောက်တရား၏အကန့်အသတ်ကို ပထမဆုံးအကြိမ် ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။သူ့မိုးကာအင်္ကျီအတွင်းမှ ဝိညာဉ်များက အော်ဟစ်နေကြပြီး သူ့အားထွက်ပြေးရန် တိုက်တွန်းနေကြသည်။
ကောင်းမင်မိဘများပေးလိုက်သော စာကို ကိုင်ထားရင်း လော်တုန်းသည် မြန်နိုင်သမျှ မြန်မြန်ပြေးတော့သည်။
“ဘတ်စ်ကားသာ ငါ့ကို အကူအညီမပေးနိုင်ရင် ငါ့အဆုံးသတ်က ဒီကောင်းမင်တွေထက် ပိုဆိုးသွားလိမ့်မယ်”
သူ့စိတ်ထဲတွင် အတွေးမျိုးစုံပေါ်လာသော်လည်း လော်တုန်းက သူ့နှလုံးသားထဲမှ အသံကိုသာ ယုံကြည်ထားလိုက်တော့သည်။
“ပြေး ၊ ငါရပ်လို့မဖြစ်ဘူး”
သူ့မျက်လုံးများနီရဲလာပြီး သူ့နှဖူးတွင် သွေးကြောများထောင်ထလာ၏။လော်တုန်း သတိမထားမိသော်လည်း လက်အနည်းငယ်က သူ့အား ရှေ့သို့တွန်းပို့ပေးနေလေသည်။သူတို့သည် သူအား အဆက်မပြတ်ထောက်ပံ့ပေးနေကြသည်။သူတို့သည် သူ့မိအားစု၏ စွမ်းအားများဖြစ်သည်။
“ငါ ရောက်အောင်သွားမှ ဖြစ်မယ်”
လော်တုန်းက သူ့လမ်းကို ပိတ်ဆို့နေသော အလောင်းကိုတွန်းဖယ်လိုက်ပြီး ဘတ်စ်ကားပေါ်သို့ ပြေးတက်လိုက်၏။သူတက်လိုက်သည်နှင့် လော်တုန်းက ဘတ်စ်ကားတံခါးကို ပိတ်ပစ်လိုက်ပြီး ဘတ်စ်ကားပြတင်းပေါက်များကို ပိတ်ရန်လှုပ်ရှားလိုက်သည်။စက္ကန့်အနည်းငယ်အတွင်း ဘတ်စ်ကားသည် အလုံပိတ်နေရာတစ်ခုဖြစ်သွားလေသည်။ဘတ်စ်ကားထဲတွင် လော်တုန်းတစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။
ဘတ်စ်ကားမှာ အနည်းငယ်ယိမ်းထိုးနေခဲ့သည်။ပိုမိုများပြားလာသော အလောင်းများက နံရံများပေါ်မှ ဆက်တိုက်ပြုတ်ကျနေကြသည်။သူတို့သည် ဘတ်စ်ကားဆီသို့ အစီစဉ်မကျ ပြေးတက်လာနေကြသည်။ဘတ်စ်ကားပြတင်းပေါက်များတွင် သူတို့၏ ကြောက်မက်ဖွယ်ကောင်းလှသောမျက်နှာများ ကပ်လာကြတော့သည်။
ဘန်း ဘန်း။
သူတို့၏လက်များဖြင့် မှန်ကို ဆောင့်ရိုက်နေခဲ့ကြသည်။ယင်းသည် လော်တုန်းအား စိတ်လွတ်သွားလုနီးပါး ဖြစ်နေစေတော့သည်။
“စိတ်အေးအေးထားစမ်း ၊ ခေါ်သံက ဒီနေရာက လာတာပဲ ၊ ကောင်းမင်တွေအားလုံး အတုဆိုတာကတော့ မဖြစ်နိုင်ဘူး ၊ ဒီကလက်သည်ဆီမှာ တခြားကောင်းမင်တွေရဲ့ မူရင်းကော်ပီတစ်ခု ရှိနေရမယ် ၊ မူရင်းပုံစံက ဒီမှာ ရှိနေသင့်တယ် “
လော်တုန်းက အံကြိတ်လိုက်ပြီး ယာဉ်မောင်းခန်းကို လှမ်းကြည့်လိုက်သည်။
“ငါက ဒီဘတ်စ်ကားကို အက်ဆီးဒင့်ဖြစ်တဲ့နေရာက မောင်းထွက်သွားရမှာလား “