← Chapters

သုံးရက်တာ ရှင်သန်နေထိုင်ခြင်း

Vol. 46 Ch. 657

သုံးရက်တာ ရှင်သန်နေထိုင်ခြင်း

Vol. 46 Ch. 657

…..

အစစ်အမှန် အာရန်သည်ကုန်သည်အစည်းရုံး၏ သင်္ဘောအတွင်း၌ ရှိနေဆဲဖြစ်သည်။

သို့သော်သူသည် အောက်ကမ္ဘာမှအဖြစ်ပျက်များ အကြောင်းကို ယခင်ကကဲ့သို့ မသိနိုင်သူတစ်ဦး မဟုတ်တော့ပေ။

အဘယ်ကြောင့်ဆိုသော် သူသည်ဝိညာဉ်ဘုရင်မ ယီလန် နှင့်အချိန်မရွေး ဆက်သွယ်နေနိုင်ပြီ ဖြစ်သောကြောင့်ပင်။

ယီလန် ဆီမှ အောက်ကမ္ဘာနှင့်ပတ်သက်သောသတင်းအချက်အလက်များကို မိမိအလိုရှိသည့်အချိန်တိုင်း လက်ခံရရှိနိုင်ပြီး ဖြစ်၏။

အချို့သော အခြေအနေများတွင် အာရန်အနေဖြင့် သန့်စင်ဧကရာဇ်အဖြစ် ဟန်ဆောင်ထားသောသူ၏ ကိုယ်ပွားမှရရှိထားသော သတင်းအချက်အလက်များ ထက်ပင် ပိုမိုလျှင်မြန်စွာ ရရှိနိုင်လေသည်။

သို့သော်အာရန်သည် ဘုရင်မျိုးနွယ်စုဆီသို့ ကုန်သည်အစည်းအရုံးနှင့် အတူသွားနေရခြင်း ဖြစ်သောကြောင့် သူ၏ကိုယ်ပိုင်ပြဿနာများကို အာရုံစိုက်နိုင်ခြင်းမရှိသေးပေ။

သန့်စင်အင်ပါယာ တစ်ခုလုံးနီးပါးကျဆုံးသွားခဲ့ပြီးဆိုသည့် သတင်းနှင့်အတူ သန့်စင်မြို့တော် တစ်ခုတည်းသာ လက်ရှိ ကျန်နေတော့သည့် အဖြစ်ကိုလည်း သိရှိပြီးဖြစ်၏။

ထို့ကြောင့် သူ၏အတွေးများတွင် အောက်ကမ္ဘာဆီသို့သာ အချိန်ပြည့် ရောက်ရှိနေခဲ့၏။

အတိတ်က သန့်စင်မြို့တော်သည် သန့်စင်နတ်ဘုရားမ၏ ကောင်းချီးအကာအကွယ် အောက်တွင် ရောက်ရှိနေသောကြောင့် ရန်သူများအနေဖြင့် လွယ်ကူစွာ ထိုးဖောက် နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် အာရန်၏ အခြားတစ်ဖက်သည် ထိုနတ်ဘုရားမကို သတ်ပစ်ခဲ့ပြီး ဖြစ်၏။

သူမ၏သေဆုံးခြင်းနှင့်အတူ ထိုအကာအကွယ်လွှာသည်လည်း အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။

ထိုအကာအကွယ်လွှာသည် အတုအယောင် ပယောဟိတ်မအား

အနောက်တိုက်၏ ဇာတ်လိုက်မထံမှ ကာကွယ်ပေးထားသော ဇာတ်ညွှန်းအကာအကွယ် တစ်ခုလည်း ဖြစ်လေသည်။

နောက်ပိုင်ရောက်မှသာလျှင် ဇာတ်လိုက်မသည် ထိုအကာကွယ်လွှားအား ဇာတ်လမ်းသွားအရ ချိုးဖျက်နိုင်ခဲ့ကာ အတုယောင် ပယောဟိတ်မအား နှိမ်နင်းနိုင်သွားလိမ့်မည် ဖြစ်လေ၏။

ပြောရမည်ဆိုလျှင် ထိုအနောက်ဘက်တိုက်၏ ဇာတ်လမ်းတစ်ခုလုံးသည် အကာအကွယ်လွှာအား ဖျက်ဆီးနိုင်ရန် ကြိုးစားခြင်းများတွင်သာ အချိန်တော်ကြာသည်အထိ ဇာတ်အိမ်တည်ထားခြင်း ဖြစ်လေ၏။

ထိုလုပ်ငန်းစဉ်အတွင်း သူမသည် မဟာမိတ်များစွာအား ဖွဲ့ယူနိုင်ခဲ့သည်။

အထူးသဖြင့် သန့်စင်ဧကရာဇ်၏ ညီတော်ထရီနီယယ်အား သူမဘက်သို့ ပါအောင်စည်းရုံးနိုင်ခဲ့သည်။

ထို့နောက် အခက်အခဲပေါင်းများစွာအား ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးနောက် စာအုပ်၏ နောက်ဆုံးအတွဲသို့ ရောက်မှသာ ထိုအကာအကွယ်လွှားအား မဟာမိတ်များနှင့် အတူတကွ ပူးပေါင်း၍ ဖျက်ဆီးနိုင်ခဲ့လိမ့်မည်ဖြစ်၏။

ထိုအကာအကွယ်လွှာအား ဖျက်ဆီးနိုင်ပြီးနောက် ဇာတ်လိုက်မသည် သန့်စင်မြို့တော်အတွင်းသို့ ဝင်ရောက်ကာ အတုအယောင်ပယောဟိတ်မအား ရင်ဆိုင်နှိမ်နင်းပြီးနောက် ထိုဝတ္ထုအား ဇာတ်သိမ်းပစ်မည် ဖြစ်လေသည်။

သို့သော် အာရန်၏ လုပ်ရပ်များသည် ထိုဇာတ်လမ်းသွားတစ်ခုလုံးအား လုံးဝပြောင်းပြန်လှန်ပစ်ခဲ့သလို ဖြစ်သွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် ထိုအကာအကွယ်လွှာသည် ဇာတ်လမ်းအစပိုင်းမှာ ကတည်းက ပျက်စီးသွားခဲ့သောကြောင့်ပင်တည်း။

ထို့ပြင်အာရန်သည် အနောက်တိုက်ဇာတ်လမ်း၏ အဓိကဗီလိန်ကို ကိုယ်တိုင်သတ်ခဲ့သည့်အပြင် သန့်စင်ဘုရားကျောင်းအားလည်း သိမ်းပိုက်ခဲ့သေးသည်။

ထိုသို့ပြုလုပ်ခဲ့သောကြောင့် ထိုဇာတ်လမ်းသည် ဤနေရာမှာပင် ဇာတ်သိမ်းသွားခဲ့လိမ့်မည်ဟု အာရန်တစ်ယောက် ထင်မှတ်ထားခဲ့သည်။

ထိုဇာတ်လိုက်မ လုပ်ဆောင်ရမည့် အရာအားလုံးကို သူကိုယ်တိုင်လုပ်ဆောင်ခဲ့ပြီးဖြစ်သည် မဟုတ်ပါလား... ။

သို့သော်ကံမကောင်းစွာဖြင့် အခြေအနေများသည် လုံးဝဆန့်ကျင်ဘက် လမ်းကြောင်းသို့ ရောက်ရှိသွားခဲ့၏။

ထိုဇာတ်လိုက်မသည် သူသတ်ရမည့် ဗီလိန်သေဆုံးသွားပြီဖြစ်သော်လည်း တစ်စုံတရာကို လက်စားချေလိုနေဆဲပင်ဖြစ်၏။

ဤသို့ဖြင့် မူလဇာတ်လမ်းစီးဆင်းပုံ သွေးဖယ်သွားခဲ့ကာ အာရန်၏ကိုယ်ပွားသည် သူမလက်စားချင်‌သော ပစ်မှတ်တစ်ဦး ဖြစ်လာခဲ့တော့သည်။

ဇာတ်လမ်းက ပုံမှန်အတိုင်း ဖြစ်မသွားသည့်အပြင် ၎င်းကအာရန်အတွက် အခြေအနေများကို ပိုမို၍ပင် ရှုပ်ထွေးသွားစေခဲ့သည်။

ထို့အပြင် အခြားတိုက်ကြီးမှ ကမ္ဘာကူးပြောင်းလာသူတစ်ယောက်ပါ ထပ်မံ၍ ပါဝင်လာသဖြင့် အခြေအနေများသည်ပို၍ပင် ဆိုးရွားသွားခဲ့၏။

တစ်ဖန်သူ၏ နောက်ထပ်လုပ်ဆောင်ချက်များကြောင့် မြောက်ပိုင်းတိုက်ကြီး၏ ဇာတ်လမ်းကိုပါ ထပ်မံပြောင်းလဲစေခဲ့သည်။

အာရန်သည် ငရဲဘုံထိပါသွားရောက်၍ နစ်ခရိုမန်ဆာမျှော်စင်သခင်နှင့်အတူ မြောက်ပိုင်းတိုက်ကြီးအဓိက ဇာတ်လိုက်ကိုပါ သုတ်သင်ပစ်ခဲ့၏။

ထိုအခါ မြောက်ပိုင်းတိုက်ရှိ ကမ္ဘာကူးပြောင်းလာသူသည် မြောက်ပိုင်းတိုက်၌ လုပ်ဆောင်စရာများ မရှိတော့သဖြင့် အနောက်ဘက်တိုက်သို့ စောစီးစွာ ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်လေ၏။

ထိုသို့ လိပ်ပြာအကျိုးသက်ရောက်မှု (Butterfly Effect) များကို ဖြစ်စေခဲ့သူသည် သူကိုယ်တိုင်သည်သာ ဖြစ်သဖြင့် အာရန်သည် မိမိကိုယ်ကိုယ်သာ အပြစ်တင်၍ ရပေတော့မည်။

ယခုထိုဇာတ်လိုက်မနှင့် ကမ္ဘာကူးပြောင်းလာသူတို့ နှစ်ဦးသား ပူးပေါင်းသွားကြပြီ ဖြစ်သဖြင့် အာရန်၏ကိုယ်ပွားအတွက် ပို၍ပင်အခြေအနေများ ဆိုးရွားသွားခဲ့ရသည်။

"သန့်စင်အင်ပါယာကို ကယ်တင်ဖို့ နည်းလမ်းမရှိတော့ဘူးလား။ငါတကယ်ပဲ အဲ့ဒီနေရာကို ငါ့အတွက် ခံစစ်ကောင်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ထားခဲ့တာ"

အာရန်သည် ကိုယ်တိုင်သွားစရာမလိုဘဲ လုပ်ဆောင်နိုင်မည့် နည်းလမ်းတစ်စုံတစ်ရာ ရှိမရှိစဉ်းစားရင်း တီးတိုးရွတ်လိုက်မိသည်။

သူ့အနေနှင့် ယခုအချိန်အထိ မူလစိတ်ဝိညာဉ်ကို အောက်ကမ္ဘာသို့ ဆင်းသက်စေနိုင်မည့် နည်းလမ်းမျိုးကို ရှာမတွေ့သေးပေ။

အာရန်သည် ဝိညာဉ်များ၏ အကူအညီကို တောင်းခံနိုင်စွမ်းရှိသည်။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်လောကတစ်ခုလုံးသည် သူ၏လက်အောက်သို့ ရောက်ရှိနေပြီ မဟုတ်ပါလား။

ထို့ပြင် ဝိညာဉ်များ၏ ဘိုးဘေးကြီးဟု ခေါ်ဆိုနိုင်သော ပထမဝိညာဉ်ဘုရင်မသည်ပင် သူ၏အစောင့်ရှောက်ဝိညာဉ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အာရန်အနေဖြင့် ဝိညာဉ်များကို သူ့အတွက်စစ်ပွဲအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ပေးရန် အမိန့်ပေး နိုင်သော်လည်း ၎င်းတို့အနေနှင့် သန့်စင်ပယောဟိတ်မတို့ တပ်ဖွဲ့အား အမှန်တကယ် ရင်ဆိုင် အနိုင်ယူနိုင်ပါ့မည်လော။

အထူးသဖြင့် ၎င်းတို့ရင်ဆိုင်ရမည့် ရန်သူတစ်ဦးသည် သူ့ကိုသတ်လိုက်သည့် အချိန်တိုင်း၌ ပိုမို၍ စွမ်းအားကြီးလာကာ ပြန်လည်ရှင်သန်နိုင်သည့် အစွမ်းမျိုး ပိုင်ဆိုင်ထားလေသည်။

သို့သော်ထိုမြောက်ပိုင်းတိုက်မှ ကမ္ဘာကူးပြောင်းလာသူသည်ပင် ဝိညာဉ်များအတွက် အဆိုးဝါးဆုံးရန်သူတစ်ဦး မဟုတ်သေးပေ။

၎င်းတို့အတွက် အဆိုးဝါးဆုံးသော ရန်သူမှာ သန့်စင်ပယောဟိတ်မ ကိုယ်တိုင်ပင်ဖြစ်၏။

သူမ၏ ကောင်းချီးစွမ်းအင်များသည် သဘာဝအရ ဝိညာဉ်များအပေါ်တွင် အမှန်တကယ် ထိခိုက်စေနိုင်စွမ်းရှိလေသည်။

အကယ်၍ အာရန်သည်သာ ဝိညာဉ်များကို သူ့အတွက်တိုက်ခိုက်ပေးရန် စေလွှတ်ခဲ့ပါလျှင် ၎င်းက သူ၏ အရေးပါသော ဝှက်ဖဲတစ်ချပ်အား ရန်သူများရှေ့၌ ထုတ်ဖော်ပြသလိုက်သလို ဖြစ်သွားပေလိမ့်မည်။

အကယ်၍ ထိုဝိညာဉ်များသာ ရှုံးနိမ့်သွားပါက ပို၍ရှုပ်ထွေးသော အခြေအနေတစ်ရပ် ဖြစ်သွားနိုင်လေသည်။

"ကောင်းပြီလေ။ မြို့ကတစ်မျိုးပဲ ကျန်တော့တာကိုး။အဲဒါကို ကယ်တင်ဖို့ ကြိုးစားလည်း အပိုပဲလေ။ ကိုယ့်ရဲ့ ကိုယ်ပွားကို ဆက်သွယ်ပြီး သန့်စင်မြို့တော်ကနေ စွန့်ခွာဖို့ကိုပဲ ပြောပေးလိုက်တော့။"

ဟုအာရန်မှ သက်ပြင်းတစ်ချက်ချပြီးနောက် ယီလန်အား ပြောလိုက်သည်။

အာရန်သည် ငရဲဘုံမှ ထွက်ခွာနိုင်ခဲ့ပြီ ဖြစ်သော်လည်း သူ၏ကိုယ်ပွားအား ယခုအချိန်ထိ ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

ယီလန်ကိုပင် ဝိညာဉ်စာချုပ်ကြောင့်သာ ဤနေရာမှလှမ်း၍ ဆက်သွယ်နိုင်ခြင်း ဖြစ်လေ၏။

ယီလန်သည် အာရန်၏ အမိန့်အား ခေါင်းညိတ်၍ နာခံလိုက်သည်။

ဤအချိန်တလျှောက်လုံး၌ သူမသည်အောက်ကမ္ဘာ၏ အရေးကိစ္စများတွင် ကြားဝင်ဆောင်ရွက်ခြင်းမျိုး မရှိခဲ့ပေ။

အာရန်၏ ကိုယ်ပွားရှေ့၌ပင် အရေးပါသည့် ကိစ္စနည်းငယ်ရှိသည့် အချိန်မှ လွဲ၍ မကြာခဏပေါ်လာခြင်းမျိုး မရှိခဲ့‌ချေ။

သူမသည် အာရန်၏ ခွင့်ပြုချက်မရဘဲ မည်သည့်အရာကိုမျှ လုပ်ဆောင်လိုခြင်း မရှိသောကြောင့် အာရန်၏ ကိုယ်ပွားအားပင် အစစ်အမှန် အာရန်နှင့်ဆက်သွယ်နိုင်ပြီ ဖြစ်ကြောင်း အသိပေးပြောဆိုခဲ့ခြင်းမရှိပေ။

"ခဏနေဦး"

ယီလန်သည် ထိုနေရာမှာထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အာရန်မှလှမ်၍ ခေါ်လိုက်သည်။

ယီလန်သည် အာရန်၏ မျက်လုံးများမှာ တစ်စုံတစ်ရာအား စိုက်ကြည့်လျက်ရှိကြောင်း သတိထားမိသွား၏။

အာရန်အား ထိုကဲ့သို့ အခြေအနေမျိုးဖြင့် မြင်ဖူးသည်မှာ ယခုသည် သူမအတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။

"ကိုယ့်ရဲ့ကိုယ်ပွားကိုပြောလိုက်ပါ။ ကိုယ်တို့ ဒီစစ်ပွဲကို အနိုင်ရမှာ ဖြစ်မယ်လို့။ပြီးတော့ တတ်နိုင်သမျှ အချိန်ဆွဲထားဖို့လည်း ထပ်ပြီးသတိပေးလိုက်ဦး"

အာရန်သည် ဟင်းလင်းပြင် တစ်နေရာအား ငေးကြည့်နေရင်ထပ်မံ၍ ပြောလိုက်ခြင်းဖြစ်သည်။

"ရှင် ဒီလိုပြောပေးစေချင်တာ သေချာလား"

"သေချာတယ်။ နောက်ပြီး သူ့ကို အနည်းဆုံး နောက်ထပ်သုံးရက်လောက် ထပ်ပြီး အချိန်ဆွဲနိုင်မယ်ဆိုရင် သူအမြဲတမ်း လိုချင်နေခဲ့တဲ့ တစ်စုံတစ်ရာကို ကိုယ်ကိုယ်တိုင် ဆုချမယ်လို့ပါပြောလိုက်ပါ။ ဒါပေမဲ့ သူ့အနေနဲ့ အဲဒီစစ်ပွဲကနေ ထွက်ပြေးဖို့ ကြိုးစားမယ်ဆိုရင်တော့ သူကကိုယ့်ရဲ့စိတ်ဝိညာဉ် တစ်စိတ်တစ်ပိုင်းနေရင်တောင်မှ အနာကျင်ဆုံး နည်းလမ်းတွေနဲ့ ကိုယ်ကိုယ်တိုင် သူ့ကို ဖျက်ဆီးပစ်မယ်လို့ပါ ထပ်ပြီး သတိပေးလိုက်ဦး"

ယီလန်သည်အာရန် အဘယ်ကြောင့်ရုတ်တရက် စိတ်ပြောင်းသွားခဲ့သည်ကို နားမလည်နိုင်ခဲ့ပေ။

နောက်ဆုံးစက္ကန့်ပိုင်းတွင်မှ ဘာကြောင့်ထိုသို့ပြောင်းလဲသွားခဲ့သနည်း။

သူမတွေမေးခွန်းများစွာ ရှိနေသေးသော်လည်း အာရန်ပြောသည်အတိုင်းသာ ဆက်လက်လုပ်ဆောင်ရန် ထိုနေရာမ ထွက်ခွာသွားခဲ့၏။

#Catfoot

All Chapters