← Chapters

ဘုရင်မျိုးနွယ်စု၏ ပိုင်နက်

Vol. 46 Ch. 660

ဘုရင်မျိုးနွယ်စု၏ ပိုင်နက်

Vol. 46 Ch. 660

....

“အဲဒီ မျိုးမစစ်ကောင်က ထွက်ပြေးတာ မြန်လိုက်တာ။ သူ့ကိုသာ ဖမ်းမိရင် င့ါအချိန် တွေ ဖြုန်းတီးစေခဲ့တဲ့အတွက် သူ့ရဲ့ ဦးခေါင်း ကို အမှုန့်ချေပစ်ရမယ်” နတ်ဘုရားတစ်ပိုင်းအဆင့် အစောင့်အရှောက်သည် ရတနာများ ထားရှိရာအခန်း အတွင်း၌ ထိုင်နေရင်းဖြင့် ကျူးကျော်သူအား ကြိမ်ဆဲနေခြင်းဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ထိုသူကြောင့် သူသည် ခေါင်းဆောင်၏ သမီးဖြစ်သူ သခင်မလေး ကျားယွင်ထံမှ ဆူပူကြိမ်းမောင်းမှုအချို့ကို ခံခဲ့ရသောကြောင့်ပင်။

ထို့နောက် တအောင့်ကြာသော် ရေတွက်မရသော ရတနာများ ဖြင့် ပြည့်နှက်နေသော အခန်းအတွင်း၌ သူသည် ထိုင်ခုံ တစ်ခုပေါ်တွင် ထိုင်ကာ သူ၏ မျက်လုံးများ ကို မှိတ်ထားလိုက်သည်။

ဤသို့ဖြင့် နောက်ပိုင်း ခရီးစဉ်တစ်လျှောက်၌ လေသင်္ဘောပေါ်တွင် မည်သည့် အနှောင့်အယှက်မျှ မကြုံတွေ့ခဲ့ရပေ။

အစောင့်များသည် ဤ အချိန်တစ်လျှောက်လုံး၌ ပို၍ပင် သတိထား စောင့်ကြပ်နေခဲ့ကြသော်လည်း ကျူးကျော်သူသည် ထပ်မံပေါ်မလာခဲ့ချေ။

ထို့ကြောင့် သူ့အတွက် ပြင်ဆင်ထားသော ထောင်ချောက်များ အားလုံးသည် အချည်းနှီး ဖြစ်ခဲ့ရ၏။

“သူ တကယ်ပဲ လက်လျှော့ လိုက်တာများလား” ကျားယွင်သည် သူမ၏ နဖူး ကို ပြန်လည် ပွတ်သပ်လိုက်ပြီး စိတ်ပျက်မှု အချို့ကို ပြသခဲ့သည်။

ကျူးကျော်သူသည် ဤနေရာသို့ ပြန်လာစေရန် သူမ အနေနှင့် အမှန်တကယ် မျှော်လင့် မိခဲ့သည်။

သူမသည် သူ့အတွက် ဝင်ရောက်ရ ပိုမို လွယ်ကူစေရန် သင်္ဘော ၏ အကာအကွယ်လွှာ အချို့တွင်ပင် ဟာကွက်များ ရေရွယ်ချက်ရှိရှိ ချန်ထားပေးခဲ့သော်လည်း ထိုကျူးကျော်သူသည် လုံးဝ ပြန်မလာခဲ့ပေ။

ဤသို့ဖြင့် မကြာမီမှာပင် လေသင်္ဘောကြီးသည် ဦးတည်ရာ ပန်းတိုင်ဆီသို့ ရောက်ရှိသွားခဲ့သည်။

ဤအချိန်၌ ထိုကျုးကျော်သူ ပြန်ပေါ်မလာတော့မည် မဟုတ်မှန်း ကျားယွင် အနေနှင့် သေချာသလောက်နီးပါး ဖြစ်သွားခဲ့ပြီဖြစ်သည်။

ထိုကျုးကျော်သူ မည်မျှပင် သတ္တိ ရှိပါစေ ထို မျိုးနွယ်စု ၏ နယ်မြေအတွင်းသို့ လိုက်ပါလာဝံ့မည်မဟုတ်ပေ။

ကုန်သည်အစည်းအရုံး ခေါင်းဆောင် ၏ တစ်ဦးတည်းသော သမီး အနေဖြင့် သူမသည် ထို မျိုးနွယ်စုပိုင် နယ်မြေ ထဲသို့ ဝင်ရောက်သွားခဲ့ပါက သူမ၏ လုံခြုံရေးအတွက် စိတ်ချရပြီဟု ယုံကြည်ထားမိသော်လည်း ပွင့်ပွင့်လင်းလင်းဆိုရလျှင် သူမအနေနှင့်ပင် အတော်လေး မသက်မသာ ခံစားနေရဆဲပင်။

နောက်ဆုံးတွင် ၎င်းမျိုးနွယ်စုသည် တစ်ချိန်က အထက်ကမ္ဘာ တစ်ခုလုံးကိုပင် အုပ်စိုးနိုင်ခဲ့သော မျိုးနွယ်စုတစ်ခုဖြစ်နေသည် မဟုတ်ပါလား....။

၎င်းတို့သည် ဆယ်စုနှစ်များ စွာကြာအောင်အထိ ၎င်းတို့၏ ဂုဏ်ပုဒ်ကို ဆက်လက်ထိမ်းထားနိုင်ခြင်း မရှိခဲ့သော်လည်း ထို မျိုးနွယ်စု၏ ခွန်အားသည် လူတိုင်း၏ နှလုံးသား၌ ယခုအချိန်ထိ ဆက်လက် ထိတ်လန့်နေရဆဲပင်ဖြစ်၏။

ထိုဘုရင်မျိုးနွယ်စုအကြောင်း ယုံကြည်ရန်ပင် ခက်ခဲသည့် ဒဏ္ဏာရီဆန်ဆန် ပုံပြင်များပင် အများအပြား ရှိနေလေသည်။

ထို့ပြင် အတော်များများက ၎င်းတို့သည် ပုံပြင်မဟုတ်ပဲ အစစ်အမှန်များ ဖြစ်ခဲ့သည်ဟု ဆိုကြသေးသည်။

“ဘုရင်မျိုးနွယ်စုရဲ့ သာမန် အစေခံ တစ်ဦးနဲ့ စကားပြောရင်တောင် လေးစားမှုအချို့ကို ပြသပေးဖို့လိုအပ်တယ်။ ဒါကြောင့် ရှင်တို့အနေနဲ့ အမှားတစ်စုံတစ်ရာ လုပ်မိခဲ့ရင် အစည်းအရုံးကိုယ်တိုင်တောင် ရှင်တို့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး”

ကျားယွင်သည် သူမနှင့် အတူ သင်္ဘောကုန်းပတ် ပေါ်တွင် စုရုံးနေသော အစောင့်များကို သတိပေးစကား ဆိုနေခြင်းဖြစ်၏။

အဝေးတစ်နေရာ၌ ရှေ့ကို ကျော်လွန်၍ မြင်နိုင်ခြင်း မရှိစေရန် တားဆီးထားသော ဧရာမ အနက်ရောင် အကာအကွယ်လွှာကြီး တစ်ခုကို မြင်နေရပြီသည်။

၎င်းက ဘုရင်မျိုးနွယ်စုပိုင် နယ်မြေ ထဲသို့ ခွင့်ပြုချက်မရပဲ မည်သို့မျှ ဝင်ရောက်ရန် မဖြစ်နိုင်သော အကာအကွယ်လွှာတစ်ခုပင် ဖြစ်လေ၏။

နတ်ဘုရားအဆင့်တစ်ဦးသည်ပင် ထိုအကာအကွယ်လွှာအား ဖြတ်၍ ဘုရင်မျိုးနွယ်စု ၏ အခြေအနေကို စစ်ဆေးရန် မဖြစ်နိုင်ဟု ဆိုကြလေသည်။

ထိုအဆိုကိုကြားပြီးနောက် နတ်ဘုရားအဆင့်များစွာသည် ထိုသို့ လုပ်ဆောင်ရန် ကြိုးစားခဲ့ကြသော်လည်း သူတို့အားလုံး အမှန်တကယ်ပင် ကျရှုံးခဲ့ကြလေ၏။

အကယ်၍ အတွင်းတွင်ရှိသည့်အရာများကို သိရှိချင်သည်ဆိုပါက ထိုအကာအကွယ်လွှာကို မဖြစ်မနေ ချိုးဖျက်ဝင်ရောက်နိုင်မှသာ ဖြစ်ပေလိမ့်မည်။

သို့သော် ထိုအကာအကွယ်လွှာသည် နတ်ဘုရားအဆင့် ပုဂ္ဂိုလ်များစွာ ဝိုင်းဝန်း တိုက်ခိုက်မည်ဆိုလျှင်ပင် ရက်သတ္တပတ်များစွာ တိုင်အောက် ကြံ့ကြံ့ခံနိုင်စွမ်းရှိလေသည်။

မည်သည့် နတ်ဘုရားအဆင့် ပုဂ္ဂိုလ်ကမှလည်း ထို အကာအကွယ်လွှာ၏ ခွန်အား ကို စမ်းသပ်ကြည့်လိုခြင်း မရှိခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော် ဘုရင်မျိုးနွယ်စု သည် မည်သည့်အတိုင်းအတာအထိ အားနည်း သွားခဲ့ခြင်းဆိုသည်အား သူတို့အနေနှင့် အမှန်တကယ် မသိနိုင် သောကြောင့်ပင် ဖြစ်၏။

....

ဤသို့ဖြင့် ကုန်သည်အစည်းအရုံး၏ ရတနာများအပြည့် တင်ဆောင်ထားသော လေသင်္ဘောကြီးတစ်စင်းသည် အနက်ရောင် အကာအကွယ်လွှာ ရှေ့ မီတာအနည်းငယ် အကွာ၌ ရပ်တန့်သွားခဲ့သည်။

ကျားယွင်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် သင်္ဘောဦးပိုင်းဘက်သို့ ထွက်သွားခဲ့သည်။

သူမသည် အကာအကွယ်လွှာကို ဖြတ်သန်း၍ မမြင်နိုင်သော်လည်း တစ်ဖက် ၌ တစ်စုံတစ်ယောက် ရှိနေသည်ဟု ခံစားမိခဲ့သည်။

ထို မျိုးနွယ်စုမှလူများသည် သူမတို့ လေသင်္ဘောချဉ်းကပ် လာခြင်းအား သတိမပြုမိ နိုင်စရာ အကြောင်းမရှိပေ။

“နှုတ်ဆက်ပါတယ်ရှင်။ ကျွန်မက ကုန်သည်အစည်းအရုံးကို ကိုယ်စားပြုတဲ့ ကျားယွင် ပါ။ ကုန်သည်အစည်းအရုံးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျွန်မ အဖေကိုယ်တိုင် စေလွှတ်လိုက်တာပါ” သူမသည် မိတ်ဆက် စကားအချို့ ပြောပြီးနောက် စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့၏။

ထို့နောက် တအောင့်အကြာတွင် အနက်ရောက် အကာအကွယ်လွှာကြီး၏ အပိုင်းငယ် အချို့သည် ပျက်ပျယ်သွားခဲ့ကာ လေသင်္ဘောတစ်စင်း ဝင်ရောက်ရန် လုံလောက်သော ပမာဏ တစ်ခုကို ဖန်တီးပေးခဲ့သည်။

“အဖေ ပြောပြထားတဲ့ ကုန်သည်အဖွဲ့ဆိုတာ ခင်ဗျားတို့ပဲထင်တယ်” ထို့နောက် အကာအကွယ်လွှာ၏ အခြားတစ်ဖက်မှ ထွက်လာသော လူငယ်တစ်ဦးအား လှမ်း၍ မြင်လိုက်ရလေသည်။

သူသည် ခမ်းနားသော ခရမ်းရောင်ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်သည်သာ ထိုသူ၏ မျက်လုံးများကို အာရုံစိုက်ကြည့်မည် ဆိုပါက ရာစုနှစ်များစွာကို ဖြတ်သန်းခဲ့ရသော ရင့်ကျက်မှုမျိုးကို မြင်တွေ့နိုင်လေသည်။

သို့သော် ထိုမျက်ဝန်းများကို လျစ်လျူရှုထားမည်ဆိုပါက ထိုလူငယ်သည် အသက်နှစ်ဆယ် အရွယ်ခန့်သာ ရှိသေးပုံရလေသည်။

ထိုသူသည် သူ၏ အော်ရာကိုပင် ထုတ်လွှတ်နိုင်ခြင်း မရှိသေးသော်လည်း ကျားယွင်အတွက်မူ အသက်ရှူကြပ်သလို စတင် ခံစားနေရပြီဖြစ်၏။

ဤလူငယ်သည် ဘုရင်မျိုးနွယ်စုဝင်တစ်ဦး ဖြစ်လေသည်။

သူ၏ မျက်လုံးသူငယ်အိမ်သည် သွေးနီရောင်သန်းလျက်ရှိပြီး ၎င်း၏ အလယ်တည့်တည့်၌လည်း ထူးဆန်းသော လခြမ်းသဏ္ဍာန် အမှတ်အသားတစ်ခု ရှိနေခဲ့၏။

၎င်းက အတုမရှိနိုင်သော ဘုရင်မျိုးနွယ်စု ၏ ထူးခြားသော လက္ခဏာတစ်ရပ်ပင်။

သူမသည် ထို မျက်လုံးများ အကြောင်းကို ပုံပြင်များစွာ ကြားဖူးထားလေသည်။ အထက်ကမ္ဘာ၌ ထိုမျက်လုံးပိုင်ရှင်များ ပေါ်မလာခဲ့သည်မှာ အချိန်အတော်ပင် ကြာခဲ့ပြီ ဖြစ်၏။

“မင်း ကိုယ့်ကို ကြောက်နေတာလား” လူငယ်၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခုပေါ်လာခဲ့ကာ ကျားယွင်အား မေးလိုက်၏။

သို့သော် ထိုအပြုံးသည် ကျားယွင်အား ရုတ်တရက် သွေးသမုဒ္ဒရာကြီးတစ်ခုထဲသို့ တွန်းချ ခံလိုက်ရသည့်နှယ် ခံစားမိလိုက်စေသည်။

၎င်းခံစားချက်သည် စက္ကန့်ဝက်လောက်သာ ကြာလိုက်ခြင်းဖြစ်သော်လည်း သူမ၏ ကျောရိုးတစ်လျှောက် ချွေးစေးများဖြင့် စိုရွှဲသွားစေခဲ့သည်။

“မင်း အဆင်ပြေ ရဲ့လား” ထိုလူငယ်က ထပ်မံမေးလိုက်သော်လည်း ဤတစ်ကြိမ်တွင်မူ သူသည် ကျားယွင် ၏ ဘေး သို့ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

“မင်းက ကြောက်စရာ သားရဲတစ်ကောင်ကို မြင်လိုက်ရတဲ့ပုံဖြစ်နေပါလား။ကိုယ်က အဲဒီလောက်ထိ ကြောက်စရာ မကောင်းပါဘူးနော်”

ကျားယွင်သည် ဤ ခရီးစဉ် တစ်လျှောက်လုံးတွင် သူမကိုယ်သူမ ပြင်ဆင်ထား ခဲ့သော်လည်း ထို မျိုးနွယ်စုဝင်တစ်ဦးအား ယခုကဲ့သို့ အမှန်တကယ် ရင်ဆိုင် ရသောအခါတွင်မူ အတော်လေး ထိတ်လန့်နေခဲ့ရဆဲပင်ဖြစ်၏။

သူမသည် အသက်ပြင်းပြင်းတစ်ချက် ထပ်မံရှူသွင်းလိုက်ပြီး သူမ၏ နှုတ်ခမ်းများ ကို ဖွင့်ရန်ပြင်လိုက်စဥ်မှာပင် ထိုလူငယ်သည် သူ၏ လက်များ ကို ဝှေ့ယမ်း လိုက်သည်။

“ငါတို့ ဧည့်သည်တွေကို ‌စောင့်ခိုင်းထားရတာ ကြာနေပြီ။ အထဲကို ဝင်ခွင့်ပေးလိုက်ရအောင်....”

ကျားယွင်တစ်ယောက် တစ်စုံတစ်ရာပင် မပြောနိုင်မှီမှာပင် လေသင်္ဘော သည် သူ့အလိုလို စတင် ရွေ့လျားသွားခဲ့သည်။

၎င်းက သူမကိုပင် အံ့အားသင့်စေခဲ့သည်။

သူမ၏ ခွင့်ပြုချက်မရဘဲ ဤလေသင်္ဘောအား မည်သူမောင်းနှင်ခဲ့သည်ကို သိနိုင်ရန် နောက်ကို ပြန်လှည့်ကြည့်လိုက်ရာ သင်္ဘောမောင်းသူသည်ပင် ကုန်းပတ် ပေါ်၌ ရပ်နေဆဲဖြစ်သည်ကို သတိပြုမိခဲ့သည်။

မောင်းနှင်သူ မပါဘဲ ထိုလေသင်္ဘော သည် အလိုလို ရွေ့လျားနေသည်တဲ့လား...။

၎င်းက ထိုလေသင်္ဘောတစ်ခုလုံးသည် ထိုလူငယ်၏ ထိန်းချုပ်မှုအတွင်းသို့ ကျရောက်သွားခဲ့ပြီဟု ဆိုလိုနေခြင်းမဟုတ်ပါလား....။

ကိုယ်ပိုင် အကာအကွယ်လွှာများဖြင့် ပြည့်နှက်နေသော ဤကဲ့သို့ ကြီးမားသည့် လေသင်္ဘောတစ်စင်းကို ထိန်းချုပ် နိုင်လောက်အောင်အထိ သူသည် မည်မျှ ခွန်အားကြီးမားသူတစ်ဦး ဖြစ်ပါသနည်း။

ဤသို့ဖြင့် လေသင်္ဘောသည် ကြီးမားသည့် အနက်ရောင် မြူခိုးများဖြင့် ဝန်းရံနေသည့် အကာအကွယ်လွှာကြီးကို ဖြတ်သန်းသွားခဲ့သည်။

ထိုသို့ ဖြတ်သန်းသွားပြီးသည်နှင့် ထိုအကာအကွယ်လွှာ၏ ပွင့်နေသော သေးငယ်သည့် အပေါက်သည် ပြန်လည် ပိတ်သွားခဲ့၏။

မြင်တွေ့ရသည့် ထိုပြောင်းလဲမှုတစ်ခုစီတိုင်းသည် ကျားယွင်အတွက် မူ လွန်စွာ အံ့အားသင့်စရာများသာ ဖြစ်ခဲ့ရသည်။

ဤသည်မှာ စွန့်ပစ်ထားသော နယ်မြေတစ်ခု မဟုတ်ခဲ့ပေ။

ဤနေရာရှိ နယ်မြေတိုင်းသည် လွန်စွာသန့်ရှင်းစင်ကြယ်သည့် အော်ရာများဖြင့် လွှမ်းခြုံနေသည့် အဖိုးတန်နယ်မြေတစ်ခု ဖြစ်နေခဲ့လေသည်။

ကုန်သည်အစည်းအရုံးအနေနှင့်ပင် ဤအရာနှင့် အနည်းငယ်ဆင်တူသော နယ်မြေ အနည်းငယ်ကိုသာ ပိုင်ဆိုင်ထားနိုင်လေသည်။

#Catfoot

All Chapters