← Chapters

နယ်မြေအတွင်းပိုင်းခရီးစဥ်

Vol. 46 Ch. 661

နယ်မြေအတွင်းပိုင်းခရီးစဥ်

Vol. 46 Ch. 661

…

ဤသည်မှာ ကုန်သည်အစည်းအရုံး ပိုင်ဆိုင်သည့် နယ်မြေ အနည်းငယ်မျှသာ မဟုတ်ဘဲ နယ်မြေကြီး တစ်ခုလုံး ဖြစ်လေသည်။

အထက်ကမ္ဘာမှ အခြားမျိုးနွယ်စုများသည် ဘုရင်မျိုးနွယ်စုအနေဖြင့် တပ်ပြန်ဆုပ်သွားပြီးနောက် သာမန် ဘဝဖြင့်သာ နေထိုင်ခဲ့ကြသည်ဟု အမြဲတမ်း ယူဆထားခဲ့ကြသည်။

သို့သော် ကျားယွင်သည် လက်တွေ့မြင်တွေ့လိုက်ရသော အခြေအနေမှာ ထိုသတင်းများနှင့် လုံးဝကွဲပြားနေသဖြင့် ထိတ်လန့် သွားခဲ့ရသည်။

သူမ၏ ဖခင် သည် ထိုမျိုးနွယ်စုနှင့် သဘောတူညီချက် ရယူရန် အဘယ်ကြောင့် ဤမျှ စိတ်အားထက်သန် နေခဲ့သည်ကို နောက်ဆုံးတွင် သူမအနေနှင့် နားလည်သွားခဲ့၏။

ဤနယ်မြေ တစ်ခုတည်းကပင် ရတနာသိုက်တစ်ခုအလား ဖြစ်နေပြီဖြစ်ကာ ဤ မျိုးနွယ်စု၏ ခွန်အားသည်ကား ပြောစရာပင် မလိုတော့ပေ။

ယင်းအစား ထိုမျိုးနွယ်စု သည် ယခင်အထက်ကမ္ဘာအား အုပ်စိုးခဲ့စဉ်ကထက်ပင် ပို၍ ခွန်အားကြီးလာနေသည်ဟု သူမအနေနှင့် ခံစားမိလိုက်၏။

ထူးခြားသည့် ရောင်ဝါများ တစ်လက်လက်တောက်ပနေသော မိုးမျှော်သစ်ပင်ကြီးများ သည်လည်း ကောင်းကင်ပေါ်သို့ မြင့်မားစွာ ထိုးထွက်လျက်ရှိသည်။

သူမသည် ထိုသစ်ပင်များ၏ ကိုင်းအခက်များ ပေါ်တွင် နားနေသော ဒဏ္ဍာရီလာ သားရဲငှက်များစွာကိုပင် လှမ်း၍ မြင်နိုင်နေပြီး ၎င်းတို့ထဲမှ အများစုမှာ သူမအနေနှင့် စာအုပ်များအတွင်း၌သာ ဖတ်ဖူးခဲ့သော ငှက်များ ဖြစ်ကြလေသည်။

ထို့ပြင် ထိုနေရာရှိမြစ်များတွင် စီးဆင်းနေသောရေများသည်ပင် သာမန်ရေများ မဟုတ်ကြပဲ အသန့်ရှင်းဆုံး အော်ရာများ ပျော်ဝင်နေသဖြင့် အနီရောင်ပင် သန်းလျက်ရှိ၏။

ထိုအနီရောင် မြစ်ရေများသည် ကုန်မြေ၏ အလှအပကို ပိုမိုပြည့်စုံစေခဲ့ကာ လှပသော ကောက်ကြောင်းများကို သဘာဝအရ ထွင်းထုပေးထားသော ပန်ချီကားတစ်ချပ် ပမာပင်။

“ဟင်” သူမသည် မြစ်ထဲမှ တစ်စုံတစ်ရာ ခုန်ထွက် လာသည်ကို မြင်သောအခါ ရုတ်တရက် အံ့အားသင့်၍ အမှတ်တမဲ့ပင် နောက်သို့ ဆုတ်မိလိုက်သည်။

“ခရမ်းရောင် နတ်နဂါးလား”

ထူးဆန်းသည့် ခရမ်းရောင်ရှိသော နဂါး တစ်ကောင်သည် ထိုမြစ်ထဲမှ ခုန်ထွက် လာပြီးနောက် မကြာမီ ရေထဲသို့ ပြန်ဝင်၍ ပျောက်ကွယ် သွားခဲ့၏။

ကျားယွင် သည် လမ်းတစ်လျှောက်ရှိ မြင်ကွင်းများကို ကြည့်မိလေလေ ပို၍ စွဲမက်မိ လေလေ ဖြစ်ခဲ့ရသည်။

ဘုရင်မျိုးနွယ်စုသည် ယခုမြင်နေရသည့် အတိုင်းဆိုပါက အထက်ကမ္ဘာတွင် အသန်မာဆုံး မျိုးနွယ်စုတစ်ခု ဖြစ်နေဆဲဖြစ်မည်ဟု သူမအနေနှင့် ပို၍ပင် သေချာသွားခဲ့သည်။

အကယ်၍ ၎င်းတို့သာ အထက်ကမ္ဘာအား ပြန်လည်အုပ်စိုးချင်သည်ဆိုပါက အချိန်မရွေး ပြုလုပ်နိုင်သည့်အပြင် ယခင်ထက်ပို၍ပင် သြဇာအာဏာ သက်ရောက်နိုင်လိမ့်မည်ဖြစ်၏။

ထို မျိုးနွယ်စု သည် ထိုသို့သော ခွန်အားမျိုးကို ပိုင်ဆိုင်ထားသော်လည်း အထက်ကမ္ဘာ တစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် အခွင့်အရေးများကို လျစ်လျူရှုကာ အဘယ့်ကြောင့် ဤနေရာတွင် ဇာတ်မြှုပ်နေကြသည်ကို မည်သူမျှ သိနိုင်မည်မဟုတ်ပေ။

ထို့ပြင် သူတို့အနေနှင့် အထက်ကမ္ဘာနှင့် အဆက်အဆံမလုပ်ရတော့သည့် အကြောင်းရင်းမှာ ၎င်းတို့ ခွန်အားနည်းသွား၍တော့ မဟုတ်ပေ။

သူမဘေးတွင် ရပ်နေသော ထို မျိုးနွယ်စု၏ မျိုးဆက် တစ်ဦးတည်းကသည်ပင်လျှင် ထိုအဆိုပြုချက်များအား မှားယွင်းနေကြောင်း သက်သေပြလျက်ရှိနေသည် မဟုတ်ပါလား....။

သူမသည် အနီရောင်မျက်လုံးများကို ပိုင်ဆိုင်ထားသောလူငယ်အား မေးခွန်းအချို့ မေးချင်နေခဲ့သော်လည်း မမေးဝံ့သဖြင့် သည်အတိုင်းသာ စိုက်ကြည့်နေမိ၏။

ယခုအချိန်တွင် တစ်ခုတည်းသော ပြဿနာမှာ သူမ၏ မသိစိတ်၌ပင် ထိုလူငယ်အား ကြောက်ရွံ့ နေမိခြင်းပင်။

သူမမေးမည့် မေးခွန်းများတွင် ၎င်းတို့ မျိုးနွယ်စု ၏ လျှို့ဝှက်ချက်များ ပါဝင်နေမည်ဆိုပါက သူ မည်သို့ တုံ့ပြန် မည်နည်း။

ထိုအရာကို သူမအနေနှင့် စမ်းသပ်မိလိုခြင်း မရှိပေ။

ဤသို့ဖြင် ကုန်သည်သင်္ဘောသည် မိနစ်အနည်းငယ်အတွင်း၌ မိုင်ပေါင်းများစွာ ခရီးပေါက်သောအရှိန်ဖြင့် ရွေ့လျားနေစဥ် သူမ၏ အာရုံကို ပတ်ဝန်းကျင်သို့သာ ပြန်လည် ပို့လွှတ်ထားလိုက်သည်။

လမ်းတစ်လျှောက်တွင် မြင်တွေ့ရသော မြင်ကွင်းများ သည် ပို၍ပင် လှပ လာခဲ့သည်။ ထိုနေရာတွင် ထူးဆန်းသော တောင်တန်းများ ရှိနေခဲ့သည်။

ဤသို့ဖြင့် တစ်ဖက်ခြမ်းကို ဆီးနှင်းများဖြင့် ဖုံးအုပ်ထားသော်လည်း အခြားတစ်ဖက်ခြမ်းကိုမူ ချော်ရည်ပူများဖြင့် ဖုံးအုပ်ထားသော ထူးဆန်းသည့် တောင်တစ်တောင်ကိုလည်း မြင်တွေ့လိုက်ရသည်။

ကွဲပြားခြားနားသော ဒြပ်စင် နှစ်ခုသည် ဆန့်ကျင်ဘက်အနေအထားဖြင့် ဤသို့ တစ်ပြိုင်နက် တည်ရှိနေမှု သည် အတော်လေးထူးဆန်းသော မြင်ကွင်းပင်ဖြစ်၏။

ထိုတောင်၏ ထိပ်ပိုင်း နေရာတစ်ခုတွင် နေအိမ်ငယ် တစ်လုံးရှိနေခဲ့ကာ ၎င်းသည် ဆီးနှင်းများ ကြဆင်းရာနေရာနှင့် ချော်ရည်ပူများထွက်ပေါ်နေရာနှစ်ခု၏ အလယ်တည့်တည့်၌ တည်ရှိနေခြင်း ဖြစ်‌လေ၏။

“အဲဒီ အိမ် ထဲမှာ တစ်စုံတစ်ယောက် နေထိုင်တာလား...” ကျားယွင်သည် အမှတ်တမဲ့ဖြင့် ဘေးနားရှိလူငယ်အား မေးလိုက်မိသည်။

“ဟုတ်တယ်။ ကိုယ်တို့ မျိုးနွယ်စုရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ် တစ်ဦး အဲဒီမှာ နေတယ်။ သူမက နည်းနည်းတော့ ရူးသွပ်နေတယ်ပြောရမယ် ဒါပေမယ့် ကိုယ်တောင် အဲဒီနေရာကို အကြောင်းမရှိဘဲ မသွားရဲဘူး”

ဘုရင်မျိုးနွယ်စု မှ လူငယ် သည် ကျားယွင်၏အမေးကို ပြုံးပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

သူသည် နောက်ထပ်အခြားဘာမှ ထပ်မပြောတော့သော်လည်း ထိုတောင်ထိပ်ကို ကြည့်နေသောသူ၏ သူ၏ အကြည့်၌ စိတ်မသက်မသာဖြစ်မှု အနည်းငယ်အား သတိထားမိနိုင်လေသည်။

“အရေးပါတဲ့ တစ်စုံတစ်ဦး ဆိုပါတော့” ထိုလူငယ်၏ တွန့်ဆုတ်နေမှု ကို သတိပြုမိလိုက်သဖြင့် သူမသည်လည်း မည်သည့်အရာမျှ ထပ်၍ မမေးဝံ့တော့ပေ။

သူမ နားလည်လိုက်သည့် တစ်ခုတည်းသော အရာမှာ ထိုလူငယ်ပင် ထိတ်လန့်ရသည့် ထိုတောင်ပေါ်ရှိ နေအိမ်တွင် နေထိုင်သူသည် ဘုရင်မျိုးနွယ်စုအတွင်းမှ ရာထူးမြင့် အရေးပါသူ တစ်ဦးသာ ဖြစ်လိမ့်မည် ဆိုသည့် အချက်တစ်ချက်ပင်။

၎င်းသည် ဘုရင်မျိုးနွယ်စုမှ ဘိုးဘေးများ၏ တိုက်ရိုက်မျိုးဆက်တစ်ဦးပင် ဖြစ်နေနိုင်လေသည်။

ကျားယွင်သည် သူမအနေနှင့် သွားမရှုပ်သင့်သော ပုဂ္ဂိုလ်ဖြစ်မှန်း သဘောပေါက်လိုက်သဖြင့် အခြားနေရာများသို့သာ အာရုံကို ပြန်လည် ပို့လွှတ်ထားလိုက်သည်။

ဤသို့ဖြင့် ဆက်လက်သွားနေစဉ် အချို့အရာများသည် သူမ၏ လောဘကိုပင် ဆွဲဆောင်နိုင်လိုက်သဖြင့် ထိုစိတ်ခံစားချက်များကို လျင်မြန်စွာပင် ပြန်လည် ဖိနှိပ် ထားလိုက်ရသည်။

ကုန်သည်အစည်းအရုံး သည် ရှားပါးသော သတ္တုရိုင်းများ၊ ရှေးဟောင်းပစ္စည်းများ၊ ဆေးဖက်ဝင်အပင်များ နှင့် အခြားအရာများစွာတို့ကို အရောင်းအဝယ်ပြုလုပ်သော နေရာဖြစ်လေသည်။

သို့သော် ဤ မျိုးနွယ်စု ၏ နယ်မြေအတွင်းရှိ ကြွယ်ဝမှုများနှင့် နှိုင်းယှဉ်ပါက သူမတို့ပိုင်ဆိုင်သည့် အရာအားလုံးသည် သာမန်အဆင့်မျှသာ ရှိမှန်းသဘောပေါက်လိုက်သည်။

သူမ၏ ဖခင်မှ နတ်ဘုရားအဆင့် ရှေးဟောင်းပစ္စည်း တစ်ခုအား လက်ဆောင် အဖြစ် ထည့်ပေးလိုက်ခြင်းအား အလွန်အကျွံ လုပ်ဆောင်ခြင်းဟုပင် သူမအနေနှင့် အတွေးမှားခဲ့ဖူးသည်။

သို့သော် ယခုမူ ၎င်းသည် လွန်စွာမှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း သဘောပေါက်လိုက်ပြီဖြစ်သည်။

နတ်ဘုရားအဆင့် ရှေးဟောင်းပစ္စည်းသည် ဤကဲ့သို့မျိုးနွယ်စုတစ်ခုအတွက်ဆိုပါလျှင် နှုတ်ဆက် လက်ဆောင်အဖြစ်နှင့် ထိုက်တန်သောပစ္စည်းတစ်ခု ဖြစ်လေသည်။

အစောပိုင်း အမြင်မကြည်ခဲ့သော အစောင့်များသည်ပင် ယခုမှသာ ခေါင်းဆောင်၏ လိမ္မာပါးနပ်မှုအား သဘောပေါက်သွားကြသည်။

အနီရောင်မျက်ဝန်းများပိုင်ရှင် လူငယ်သည် ရုတ်တရက် ရယ်မောလိုက်သည်။

၎င်းက ကျားယွင် ၏ အာရုံကို ထိုလူငယ်ထံသို့ ပြန်လည် ဆွဲဆောင်နိုင်ခဲ့သည်။

လူငယ်သည် သင်္ဘော၏ လက်ရန်း အနီးတွင် ရပ်နေခဲ့ပြီး သူ၏ ပတ်ဝန်းကျင်ရှိ အံ့ဖွယ်အရာများ ကို အနည်းငယ်မျှပင် အရေးစိုက်ပုံမရပဲ ၎င်းတို့သည် သူ့အတွက် သာမန် မြင်ကွင်းများသာ ဖြစ်နေသည့်နှယ်ပင်။

“ခုတော့ ဒီနေရာကို နည်းနည်း အထင်ကြီး သွားပြီမလား” လူငယ်သည် ကျားယွင်အား မေးခွန်းတစ်ခုမေးလိုက်ပြီးနောက် သူ၏ သွေးနီရောင် မျက်ဝန်းများဖြင့် သူမအား စူးစိုက်ကြည့်နေလိုက်၏။

သူတို့အတွင်းရှိ မှိန်ဖျော့သော လခြမ်းအရိပ် သည် သိမ်မွေ့စွာ တောက်ပ နေပုံရသည်။ “ဒီဟာက နယ်မြေရဲ့ အပြင်ပိုင်းသက်သက်ပဲရှိသေးတယ်။ ကျုပ်တို့ရဲ့ အစစ်အမှန် နယ်မြေတွေက အတွင်းဘက်မှာပါ...”

ကျားယွင်သည် လူငယ်၏စကားကြောင့် သူမ၏ နှလုံးသားဆီမှ တုန်ယင်နေမှုကို တည်ငြိမ်စေရန် အသဲအသန်ကျိုးစားလိုက်ရသည်။

“ဒါ... ဒါက ကျွန်မအတွက် အရမ်း ခမ်းနားလွန်းနေတယ်။ ကျွန်မ ကြားထားဖူးတဲ့ ပုံပြင်တွေထက်ကို အများကြီးကျော်လွန်နေတယ်...”

ထို့နောက် ကျားယွင်သည် သူမ၏ ဦးခေါင်းကို အနည်းငယ်ငုံ့ ၍ ရိုသေလေးစားသော လေသံဖြင့် မေးလိုက်သည်။

“ကျွန်မတို့ကို ခုလို တကူးတက လာရောက်ခေါ်ဆောင်ပေးတဲ့ အကို့ရဲ့ နာမည်ကိုကော သိခွင့်ရှိမလားရှင်...”

ထိုလူငယ်သည် ကျားယွင်၏ စကားကြောင့် ထပ်မံ၍ပြုံးလိုက်ပြီး ပြန်ဖြေပေးလိုက်သည်။

“မင်း ငါ့ကို ရှီယန်လို့ ခေါ်နိုင်တယ်။ ငါက ခေါင်းဆောင်ရဲ့ သတ္တမမြောက်သား ဖြစ်တယ်”

လူငယ်သည် လက်ကိုနောက်ပြန်ပစ်လိုက်ပြီးနောက် သူ၏ အမည်မှာ ဤမျိုးနွယ်စု၌ သိပ်၍ အရေးမပါသည့်ဟန် ပြောလိုက်သည်။

“အဖေက မင်းတို့ကို ခေါ်လာ ဖို့ ငါ့ကို စေလွှတ်လိုက်တာ”

ထိုသို့ပြောပြီးသည်နှင့် ရှီယန်ဆိုသူလူငယ်သည် နောက်ဘက်သို့ပြန်လှည့်လိုက်ပြီး ကျယ်ပြန့်သော ကွင်းပြင်တစ်ဖက်ရှိ အတွင်းပိုင်းတစ်နေရာ ဆီသို့ လက်ဟန် ပြလိုက်သည်။

သူ၏ မမြင်နိုင်သော ထိန်းချုပ်မှု အောက်၌ ရှိနေသေးသော လေသင်္ဘောသည် အော်ရာများအား ဖုန်းကွယ်ထားသည့် အဝေးတစ်နေရာမှ တောင်တစ်လုံးဆီသို့ ဦးတည်ချက် ပြောင်းသွားခဲ့သည်။

နောက်ထပ် တစ်နာရီခန့် ကြာပြီးနောက်...

“ဒီခရီးစဥ်က အချိန်အနည်းငယ်လောက် ထပ်ကြာဦးမယ်” ရှီယန်သည် ကျားယွင်အားတစ်ချက် အကဲခပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“မင်း ပတ်ဝန်းကျင်ကို စိတ်ကြိုက်လေ့လာဖို့ အချိန်ရတာပေ့ါ”

ကျားယွင်သည် ရှီယန်အား ခေါင်းညိတ်ပြလိုက်သည်။

သူမသည် အစေခံများအား ရှီယန်အတွက် ထိုင်ခုံတစ်ခုံကိုပင် ပြင်ဆင်ပေးရန် ပြောခဲ့သော်လည်း ထိုလူငယ်သည် သူမအား ရိုးရှင်းစွာပင် ငြင်းဆန် လိုက်၏။

ထို့နောက် သူသည် လက်ပိုက်လျက် ထိုနေရာ၌သာ ငြိမ်သက်စွာ ဆက်လက် ရပ်နေ ခဲ့သည်။

ကျားယွင်သည်လည်း ထိုလူငယ်အား အနှောက်အယှက်ပေးသလိုဖြစ်မည်စိုး၍ သည်အတိုင်းငြိမ်နေလိုက်ရသည်။

ကံကောင်းစွာဖြင့် ခရီးစဥ်သည် အမှန်တကယ်တွင်မူ သိပ်၍ မကြာလိုက်ပေ။

နောက်ထပ် တစ်နာရီခန့် ကြာပြီးနောက် ကုန်သည်သင်္ဘောသည် သူ၏ ဦးတည်ရာ နေရာသို့ ရောက်ရှိသွားခဲ့သည်။

ကျားယွင်သည် သူမ၏ အစောင့်များအား လက်‌ဆောင်ပစ္စည်းများကို အသင့်ပြင်ထားရန် အမိန့်ပေးလိုက်သည်။

#Catfoot

All Chapters