နတ်ဘုရားတွေလား
Vol. 46 Ch. 668
….
အာရန်အနေနှင့် နောက်ထပ်ပုန်းအောင်းနေထိုင်ရန် ကျန်ရှိတော့သည့် နယ်မြေမှာ ရှစ်ခုသာ ကျန်တော့သည်။
ယင်းက သူ့အတွက် အခက်ခဲဆုံး လုပ်ဆောင်ရမည့် ကိစ္စတစ်ခုလည်း ဖြစ်လေသည်။
လွန်ခဲ့သည့် နှစ်ရက်တာကာလအတွင်း ဘုရင်မျိုးနွယ်စု၏ လုံခြုံရေးသည် အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်သွားခဲ့ပြီဖြစ်၏။
အထူးသဖြင့် အတွင်းပိုင်းဗဟိုဒေသများတွင် ပိုမို၍ပင် တင်းကျပ်နေခဲ့၏။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ သင်္ဘောသည် အတွင်းပိုင်းဗဟိုဒေသများသို့ ထွက်ခွာသွားစဥ်တွင် ရုတ်တရက် ပျောက်ကွယ်သွားသည်အား မြင်တွေ့သူ ရှိခဲ့သောကြောင့်ပင်။
သို့သော် ထိုသို့ ဗဟိုဧရိယာ အဓိက တင်းကျပ်မှုများကြောင့်ပင် အာရန်အနေဖြင့် အပြင်ဘက်နယ်မြေများတွင် လှည့်ပတ်ပုန်းအောင်းရာ၌ အနည်းငယ် ပိုမိုလွယ်ကူခဲ့သည်။
သူသည် နယ်မြေတစ်ခုစီတွင် သုံးနာရီခန့်သာ နေထိုင်ရန် အချိန်ရပြီး အန္တရာယ်ရှိသည် ခံစားမိသော လမ်းအားလုံးကို အလိုလို ရှောင်ရှားခဲ့၏။
ထိုအချိန်တစ်လျှောက်လုံးတွင် အာရန်အနေနှင့်သွားရောက်ရန် ကြောက်ရွံ့မိသော နေရာအနည်းငယ်တော့ ရှိနေခဲ့သည်။
၎င်းတို့အနက် အထင်ရှားဆုံးမှာ နေရာတစ်ခုမှာ တစ်ဖက်တွင် ဆီးနှင်းများ ဖုံးလွှမ်းနေပြီး အခြားတစ်ဖက်တွင် ချော်ရည်ပူများ စီးဆင်းနေသည့် တောင်ပင် ဖြစ်၏။
အာရန်တစ်ယောက် ထိုတောင်ထိပ်ပေါ်သို့ပင် မတက်ခဲ့ပဲ တောင်ခြေရင်း၌သာ သုံးနာရီကြာ အချိန်ကုန်ဆုံးခဲ့လေသည်။ ထို့နောက်မှသာ နောက်ထပ်နယ်မြေများသို့ ဆက်လက် ထွက်ခွာသွားခဲ့သည်။
...
အာရန်သည် ဘုရင်မျိုးနွယ်စုများအား ကျူးကျော်သူသည် ဗဟိုနယ်မြေများသို့ ရောက်ရှိနေပြီဟု လှည့်စားထားနိုင်ခဲ့သည်။
၎င်းက အပြင်ဘက်ဒေသ၌ လျှောက်သွားနေစဉ်က သူ့အားလွယ်မူမှုအချို့အား ဖန်တီးပေးခဲ့သော်လည်း ယခုအခါတွင်မူ ထို ဗဟိုအတွင်းပိုင်းဒေသသို့ သွားရောက်ရန် လိုအပ်လာပြီဖြစ်သဖြင့်သည့် ၎င်းသည် သူ့အတွက် အကြီးမားဆုံးပြဿနာတစ်ခု ဖြစ်လာခဲ့ရသည်။
ဤတစ်ကြိမ်တွင် သူသည် သင်္ဘောကို ထပ်မံ ဖုံးကွယ်ထား၍ မရတော့ပေ။ အပြင်ဘက် အစွန်အဖျားဒေသများမှ ဗဟိုအတွင်းပိုင်းဒေသသို့ အချိန်မှီ ဝင်ရောက်ရှိရန်အတွက် သာမန်လူသားများ မစွမ်းဆောင်နိုင်သော အလျင်နှုန်းဖြင့် အမြန်ဆုံး ခရီးနှင်ရတော့မည် ဖြစ်၏။
သူသည် သင်္ဘောကို ထပ်မံ ဖုံးကွယ်မထားနိုင်တော့ပါ။
ဤသို့ဖြင့် ထိုတစ္ဆေသင်္ဘောကြီးသည် ဘုရင်မျိုးနွယ်စု၏ အပြင်ဘက် နယ်မြေတစ်ခုဆီမှ ရုတ်တရက် ပြန်လည် ပေါ်ထွက်လာခဲ့တော့သည်။
အာရန်သည် သူထိမ်းချုပ်ထားသော ထိုမိန်းကလေးအား သင်္ဘောကို ဆက်လက် မောင်းနှင်စေခဲ့ပြီး ဤတစ်ကြိမ်တွင်မူ လမ်းတစ်လျှောက်ရှိ အတားအဆီးများ အားလုံးကို ဂရုမစိုက်ခိုင်းတော့ဘဲ အနက်ရှိုင်းဆုံး ဗဟိုဧရိယာဒေသများသို့ တည့်တည့်မတ်မတ်ပင် မောင်းနှင်စေလိုက်သည်။
တစ္ဆေသင်္ဘော ပြန်လည်ပေါ်ထွက်လာခြင်း သတင်းသည် မကြာမီပင် ဘုရင်မျိုးနွယ်စု၏ အဆင့်မြင့်ပုဂ္ဂိုလ်များ နားထဲသို့ ရောက်ရှိသွားခဲ့ပြီး ၎င်းတို့သည် ထိုလေသင်္ဘောအား တွင်းပိုင်းဗဟိုအနယ်မြေတစ်ခုတွင် စောင့်ဆိုင်း၌ တားဆီးရန် ထွက်ခွာလာကြသည်။
“ဒီတစ်ခါ သူက ပြန်ပျောက်မသွားဘူးလား....”
အကြီးအကဲတစ်ဦးသည် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
သင်္ဘောအား မည်သည့်အတားအဆီးကမျှ ရပ်တန့်ရန်မစွမ်းဆောင်နိုင်ခဲ့ပေ။
သူတို့သည် အတားအဆီးများ ဖန်တီးရာတွင် အမျိုးမျိုးသော ရတနာပစ္စည်းများကိုပင် အသုံးပြုခဲ့သော်လည်း သင်္ဘောသည် ရပ်တန့်ရန် မည်သည့်ရည်ရွယ်ချက်မျှ ရှိပုံမရချေ။
ထိုစဥ် အကြီးအကဲတစ်ဦးသည် သူ၏ အထူးပစ္စည်းတစ်မျိုးဖြစ်သော ရွှေရောင်တောင်ကြီး တစ်လုံးကိုပင် ဆင့်ခေါ်လိုက်ပြီး ထိုသင်္ဘောမှာ ဤတစ်ကြိမ်တွင်တော့ ထိုတောင်နှင့်မတိုက်မိခင်တွင် ရပ်သွားလိမ့်မည်ဟု ယူဆထားခဲ့သည်။
ထိုသင်္ဘောအား မောင်းနှင်သူသည် မည်ကဲ့သို့သူမျိုး ဖြစ်နေပါစေ သင်္ဘောအား ထိုတောင်နှင့် ဝင်တိုက်မိစေလောက်သည်အထိတော့ မိုက်မဲလိမ့်မည် မဟုတ်ဟုလည်း သူက ယူဆထားသည်။
သို့သော် ကံမကောင်းစွာဖြင့် သူတို့သည် မှားယွင်းသောတွက်ချက်မှုတစ်ခုကို ပြုလုပ်ခဲ့မိကြောင်း မကြာမီမှာပင် သိလိုက်ရ၏။
သင်္ဘောက အရှိန်လျှော့သွားမည့်အရိပ်အယောင်မပြသည့်အပြင် ဆန့်ကျင်ဘက်အနေနှင့် ၎င်း၏ အရှိန်သည်ပင် ပိုမို၍ တိုးလာခဲ့သည်။
“ဒါ... ဒါက”
ထိုသင်္ဘောသည် ဘုရင်မျိုးနွယ်စု၏ ရတနာတစ်ခု ဖြစ်သည်။
၎င်းကို အချိန်အတော်ကြာအောင် အသုံးမပြုခဲ့သည်မှာ မှန်သော်ငြားလည်း ၎င်းသည် ဘုရင်မျိုးနွယ်စုအနေနှင့် အတိတ်တွင် ဖန်တီးခဲ့ရသည့် ရတနာများထဲမှ အဖိုးထိုက်တန်ဆုံး ရတနာတတစ်ခု ဖြစ်နေဆဲပင်။
ထို့ကြောင့် မျိုးနွယ်စုဝင် မည်သူတစ်ဦးတစ်ယောက်ကမျှ ဤလေသင်္ဘော ပျက်စီးသွားသည့်အဖြစ်ကို အလိုမရှိခဲ့ကြပေ။
ထိုလေသင်္ဘောကြီးထဲတွင် မကောင်းဆိုးဝါးဆန်သည့် ဝိညာဉ်ရတနာတစ်မျိုး ရုတ်တရက် အသက်ဝင်လာကာ ၎င်းအား ထိန်းချုပ်နေသည်ဟုပင် မျိုးနွယ်စုအတွင်း၌ ကောလာဟလများ ပျံ့နှံ့လျက်ရှိ၏။
“သူက မရပ်ဘူးဆိုရင်တော့ ဒါဟာ ငါတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လိမ့်မယ်”
ထိုတောင်ကြီးအား ထိန်းချုပ်ထားသော အကြီးအကဲသည် အနည်းငယ် တွန့်ဆုတ်သွားမိသည်။
သင်္ဘော ပျက်စီးသည်ဖြစ်စေ ထိုဝိညာဉ်တောင် ပျက်စီးသည်ဖြစ်စေ ၎င်းက ဘုရင်မျိုးနွယ်စုအတွက် ကြီးမားသော ဆုံးရှုံးမှုပင်ပေလိမ့်မည်။
သင်္ဘောသည် ကာကွယ်ရေးစနစ်များအား အသက်သွင်းလိုက်ကာ ထိုတောင်အား ဝင်တိုက်တော့မည့်ဟန်ပြင်နေသည်ကို မြင်လိုက်ရသဖြင့် ထိုအကြီးအကဲများသည် ချွေးများဖြင့် ရွှဲနစ်သွားခဲ့ရသည်။
ထို့နောက် "ဒုန်း" ဟူသည့် ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ ၎င်းက ဘုရင်မျိုးနွယ်စု၏ အဖိုးတန် ရတနာနှစ်ခု ထိပ်တိုက်တွေ့ဆုံရာမှ ထွက်ပေါ်လာခြင်းဖြစ်လေသည်။
ထိုအသံနှင့်အတူ နယ်မြေတစ်ခုလုံးသည်လည်း တုန်ခါသွားခဲ့ရသည်။
ထိုထိခိုက်မှုသည် အလွန်ပြင်းထန်လွန်းလှသဖြင့် အကြီးအကဲအချို့သည်ပင် နောက်သို့ အနည်းငယ်လွင့်သွားကြကာ ၎င်းတို့၏ အခြေအနေအား ခက်ခက်ခဲခဲပင် ပြန်လည်ထိန်းချုပ်လိုက်ကြရသည်။
ထို့နောက် သူတို့၏ မျက်လုံးရှေ့တွင်ပင် ထိုတောင်ကြီးသည် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့လေသည်။
တစ်ဖက်တွင်မူ သင်္ဘောသည် အက်ကြောင်းအနည်းငယ်သာ ဖြစ်ပေါ်ခဲ့ပြီး ရှေ့သို့ ဆက်လက် ထွက်ခွာနေဆဲပင်။
“တော်လောက်ပြီ...”
ထိုစဥ်မှာပင် ကောင်းကင်ပြင်ထက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် မိုးတိမ်များ နှစ်ခြမ်းကွဲသွားပြီး ဧရာမ ရွှေရောင်လက်ကြီးတစ်ဖက်သည် ကောင်းကင်ဘုံမှ ကျဆင်းလာသည့်နှယ် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ထိုဧရာမလက်ကြီးသည် အစောပိုင်း လေသင်္ဘောကြီးထက်ပင် ပိုမို၍ ကြီးမားလေသည်။
ထိုလက်၏ လက်ချောင်းတစ်ချောင်းသည် တောင်ကြီးတစ်လုံးတစ်မျှ ကြီးမားသည်။
ထိုရွှေရောင်လက်ကြီးတစ်ဖက်သည် ပျံသန်းနေသော လေသင်္ဘောအား လှမ်း၍ ဆုပ်ကိုင်လိုက်ပြီးနောက် နောက်သို့ ပြန်လည် ဆွဲယူလိုက်သည်။
ထို့နောက် ထိုရွှေရောက်လက်ကြီး၏ လက်ဖဝါးထက်မှ ရွှေရောင်မီးလျှံတစ်ခု တောက်လောင်လာခဲ့ပြီး သင်္ဘောအတွင်းရှိ အရာအားလုံးအား မီးလောင်တိုက် သွင်းတော့သည်။
သင်္ဘောကိုယ်ထည်ပိုင်းမှလွဲ၍ ကျန်အစိတ်အပိုင်းများသည် မီးလောင်ကျွမ်းခြင်းမှ မလွတ်ကင်းခဲ့ကြပေ။
၎င်းမီးလျှံများသည် သက်ရှိဖြစ်စေ၊ဝိညာဉ်ဖြစ်စေ အရေးစိုက်မည်မဟုတ်ပေ။ ထိုမီးလျှံများသည် သင်္ဘောပေါ်ရှိ အရာများအားလုံးအား လောင်ကျွမ်းပစ်ခဲ့သည်။
ထိုသင်္ဘောအတွင်း၌ မည်သူမည်ဝါရှိနေသည်အား အနည်းငယ်မျှ ဂရုစိုက်မည်မဟုတ်ပေ။
၎င်း၏ရည်ရွယ်ချက်သည် နောက်ထပ် အပျက်အစီးများမှ ကာကွယ်ရန်အတွက် သင်္ဘောအား ရပ်တန့်စေလိုခြင်းသာ ဖြစ်လေ၏။
သင်္ဘောကို ထိန်းချုပ်နေသော မိန်းကလေးသည် သူမပတ်ဝန်းကျင်၌ ရွှေရောင်မီးလျှံများကို မြင်လိုက်ရသည်။
ထိုမီးလျှံများကြောင့် သူမအပေါ် အာရန်၏ ထိန်းချုပ်မှုများလည်း ပြန်လည် ပျက်ပျယ်သွားခဲ့ရသည်။
ထို့ကြောင့် သူမသည် အပြငဘက်သို့ လှမ်း၍ အကူအညီတောင်းခံရန်နှင့် သူမ အပြစ်ကင်းကြောင်း အခြားသူများအား ပြောပြရန် အော်ဟစ်လိုက်သည်။
သို့သော် ကံမကောင်းစွာဖြင့် သူမ၏ အသံ လည်ချောင်းအတွင်းမှ မထွက်ခွာမီမှာပင် သူမ၏ အသံကြိုးများသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့်အတူ လောင်ကျွမ်းသွားခဲ့ရလေသည်။
သူမသည် သိစိတ်ကို ပြန်လည်ရရှိခဲ့သော်လည်း ထိုရရှိပြီးပြီးချင်း ခဏမှာပင် သေဆုံးသွားခဲ့ရ၏။
ဤအဖြစ်ဆိုးအား ဖြစ်စေခဲ့သော အမျိုးသားအား ကျိန်ဆဲခြင်းမှလွဲ၍ သူမ မည်သည့်အရာမျှ မလုပ်နိုင်ခဲ့ပေ။
သူမသည် ထိုကဲ့သို့ သေဆုံးချိန်၌ပင် စိတ်ဖြောင့်ဖြောင့်မသေခဲ့ရပေ။
အကြောင်းမှာ ဤကိစ္စအတွက် တာဝန်ရှိသူသည် သင်္ဘောပေါ်တွင် ရှိမနေခဲ့ကာ ထိုအရာက သူမအနေနှင့် ပို၍ နာကျင်ခံစားခဲ့ရသောကြောင့်ပင်။
“အဲ့ဒါ ဘာကြီးလဲ...”
အာရန်သည် အဝေးတစ်နေရာမှနေ၍ ကောင်းကင်အား မယုံကြည်နိုင်စွာ ငေးကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
အာရန်သည် သင်္ဘောနှင့် တောင်ကြီးတစ်ခု ဝင်တိုက်မိချိန်တွင် ဆူပူသံများကို အခွင့်ကောင်းယူ၍ သင်္ဘောပေါ်မှ အချိန်ကိုက် ခုန်ချနိုင်ခဲ့၏။
သူ့အနေနှင့် ဘုရင်မျိုးနွယ်စုမှ အကြီးအကဲများသည် ထိုသင်္ဘောနောက်သို့ ရူးသွပ်စွာဖြင့် ဆက်လက် လိုက်ပါသွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
သို့သော် သင်္ဘောအား ဤမျှ လျင်မြန်စွာ ပြန်မိသွားလိမ့်မည်ဟု အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။
အထူးသဖြင့် ဤကဲ့သို့သော အရာမျိုးဖြင့် ဖမ်းဆီးခဲ့လိမ့်မည်ဟု စိတ်ကူးပင် မယဉ်ခဲ့ဖူးချေ။
အာရန်သည် ဘုရင်မျိုးနွယ်စု၏ ခွန်အားအကြောင်းကို ကြားဖူးထားပြီးဖြစ်သော်လည်း ယခုကဲ့သို့ လက်တွေ့ မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်၏။
အကယ်၍ သူသာ ၎င်းတို့၏ လက်တွင်းသို့ ကျရောက်သွားခဲ့မည်ဆိုပါက သူ၏ ကံကြမ္မာကို စိတ်ကူးယဉ်ကြည့်၍ပင် ရလေသည်။
ဘုရင်မျိုးနွယ်စု၏ ခွန်အားကို မြင်တွေ့ရပြီးနောက် အာရန်၏ စိတ်ထဲတွင် စကားလုံးတစ်လုံးသာ ပေါ်လာခဲ့သည်။
“နတ်ဘုရားတွေလား....”
#Catfoot