← Chapters

နောက်ဆုံး ပန်းတိုင်

Vol. 46 Ch. 669

နောက်ဆုံး ပန်းတိုင်

Vol. 46 Ch. 669

....

“နတ်ဘုရားတွေလား....”

ဤအရာက အာရန်တစ်ယောက် ကောင်းကင်ပြင်ကို မော့ကြည့်ပြီးနောက် ရုတ်တရက် ပေါ်လာခဲ့သည့် တစ်ခုတည်းသော အတွေးပင် ဖြစ်သည်။

ဘုရင်မျိုးနွယ်စုသည် ဤမျှလောက်ထိပင် အင်အားကြီးမားလေသည်။

ဤအရာသည် အာကေးဒီးယားမျိုးနွယ်ဝင်တစ်ဦး၏ မှတ်ဉာဏ်များမှ အာရန်တစ်ယောက် သိရှိခဲ့ရသည်များထက်ပင် များစွာ သာလွန်နေသေး၏။

ဘုရင်မျိုးနွယ်စုသည် အလွန်အင်အားကြီးမားသည်မှာ မှန်သော်လည်း ၎င်းတို့သည် အထက်ကမ္ဘာ၏ သီးသန့် နေရာလေးတစ်ခုတွင်သာ သိုသိုသိပ်သိပ်နှင့် နေထိုင်ခဲ့သည်။

ဤမျိုးနွယ်စုသည် မိမိတို့၏ ဆန္ဒအလျောက် အခြားသူများနှင့် ခပ်ကင်းကင်း နေထိုင်ခြင်းဆိုသည်အား အာရန်တစ်ယောက် သံသယဝင်မိခဲ့သည်။

သို့သော် ထိုသို့ မဟုတ်ပါလျှင် ဤနယ်မြေငယ်လေးထဲမှနေ၍ အပြင်သို့ ခြေတစ်လှမ်းမျှ မထွက်ရဲဘဲ သီးခြားနေထိုင်ရန် မည်သူကများ ၎င်းတို့ကို အတင်းအကျပ် ဖိအားပေးနိုင်ခဲ့ပါသနည်း။

“ငါ့ရဲ့ ချစ်လှစွာသော စနစ်လေးရေ... မင်းပေးမဲ့ ဆုလာဘ်တွေ ဘာလို့ ဒီလောက် ကောင်းနေရတာလဲဆိုတာ ငါမအံ့သြမိတော့ပါဘူး။ ဒီနေရာမှာ အသက်ရှင် ရပ်တည်ဖို့ဆိုတာ သေမျိုးတစ်ယောက်အနေနဲ့ ကမ္ဘာပေါ်က အမြင့်ဆုံးတောင်ထိပ်ကို လက်ဗလာနဲ့ တက်ရတာထက်တောင် ပိုပြီး ခက်ခဲနေသေးတာပဲ”

....

မျိုးနွယ်စုမှ အကြီးအကဲများသည် ယခုမှသာ သက်ပြင်းချရင်း စိတ်သက်သာရာ ရသွားကြသည်။

သင်္ဘောသည် အနည်းငယ်မျှသော အက်ကွဲကြောင်းများဖြစ်သွားခဲ့ရုံမှအပ ပုံမှန်အကောင်းအတိုင်း ရှိနေဆဲပင်။

ထိုသို့ စိတ်သက်သာရာရမှု နောက်ကွယ်တွင် ၎င်းတို့သည် ကောင်းကင်တောင် ကဲ့သို့သော အဖိုးတန် ရတနာပစ္စည်းအချို့အား ဆုံးရှုံးခဲ့ရခြင်းအတွက် နောင်တအနည်းငယ်ကိုလည်း ခံစားနေကြရသည်။

“မျိုးနွယ်စုခေါင်းဆောင်သာ ဝင်ပါမယ်မှန်းသိခဲ့ရင် ကောင်းကင်တောင်ကို စတေးလိုက်မိမှာ မဟုတ်ဘူး။ ဘယ်လောက်တောင် ကြီးမားတဲ့ ဆုံးရှုံးမှုလဲ”

အကြီးအကဲအဖိုးအိုတစ်ဦးသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်မိသည်။

ကောင်းကင်ထက်မှ ကျဆင်းလာခဲ့သော ဧရာမ လက်ကြီးတစ်ဖက်သည် မကြာမီမှာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဟင်းလင်းပြင်မှ ရုတ်တရက် ထွက်ပေါ်လာကာ စိတ်ပျက်လက်ပျက်ဖြစ်နေသော အဖိုးအို၏ ပခုံးအား ပုတ်လိုက်သည်။

“ငါ မင်းကို နောက်မှ လျော်ကြေးပြန်ပေးပါ့မယ်” ဟု သက်လတ်ပိုင်းအရွယ် အမျိုးသားမှ ပြောလိုက်သောအခါ အကြီးအကဲသည် စိတ်သက်သာရာရသွားခဲ့သည်။

“ကျေးဇူးပါ ခေါင်းဆောင်” သူသည် ခေါင်းငုံ့အရိုအသေပေးလိုက်ပြီး နောက်သို့ ဆုတ်ကာ လမ်းဖယ်ပေးလိုက်၏။

အကြီးအကဲများနှင့် မျိုးနွယ်စုခေါင်းဆောင်တို့သည် သင်္ဘောကြီးပေါ်သို့ ဆင်းသက်လိုက်ကာ အတွင်းရှိ အခြေအနေများအား စစ်ဆေးကြည့်လိုက်သည်။

ကံအားလျော်စွာဖြင့် ပျက်စီးမှုမှာ များများစားစားတော့ မရှိခဲ့ပေ။

“ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတဲ့သူက ဒီကောင်မလေးဖြစ်နေမယ်လို့ ဘယ်သူက ထင်မှတ်ထားမှာလဲ။ သူမက ရူးများသွားတာလား”

အကြီးအကဲတစ်ဦးသည် သူ၏ခြေထောက်နားမှ လက်စွပ်တစ်ခုနှင့် အချက်အလက်အချို့အား စစ်ဆေးကြည့်ရင်း တိုးတိုးလေး ကျိန်ဆဲလိုက်မိသည်။

သူတို့အားလုံးသည် နောက်ဆုံး၌ ဤလေသင်္ဘောအား ထိန်းချုပ်မောင်းနှင်ခဲ့သူအား မြင်လိုက်ကြရသည်။

၎င်းသည် ၎င်းတို့မျိုးနွယ်စုမှ မိန်းကလေးတစ်ဦးပင် ဖြစ်လေသည်။

“ကျုပ် ဒါကို မယုံနိုင်ဘူး။ သူက ဘာလို့လုပ်ပြီး ဒါမျိုးကိစ္စတွေ လုပ်ရမှာလဲ” အကြီးအကဲတစ်ဦးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

“အဲ့ဒီကလေးမက မင်းရဲ့ မြေးမလေးဖြစ်နေလို့ မင်း မယုံချင်တာ မဟုတ်လား။ အဲ့ဒီ ကလေးမကို ဒီလိုမိုက်မဲတဲ့အရာတွေ လျောက်လုပ်ဖို့အတွက် မင်း ဘာတွေများ လိုက်မြှောက်ပေးထားသလဲ”

အစပိုင်းတွင် အကြီးအကဲများသည် ထိုမိန်းကလေးအား အခြားပျောက်ဆုံးသွားသော မျိုးနွယ်စုဝင်များကဲ့သို့ ပြန်ပေးဆွဲခြင်းခံလိုက်ရသည်ဟု ယူဆထားခဲ့ကြသည်။

သို့သော် သူမအနေနှင့် ဤလေသင်္ဘောအား ဝိညာဥ်တောင်နှင့် တိုက်မိစေရန် ထိန်းချုပ်နေသည်ကို မြင်လိုက်ရသောအခါတွင်မူ သူမသည်သာလျှင် ဤအရာအားလုံး၏ နောက်ကွယ်တွင် ပြုမူနေခဲ့သူဖြစ်ကြောင်း ရှင်းလင်းသွားခဲ့သည်။

သို့သော် မေးခွန်းများစွာမှုမူ ကျန်ရှိနေဆဲပင်။

ထိုမိန်းကလေးအနေနှင့် ဤကဲ့သို့ ကိစ္စများကို ရူးရူးမိုက်မိုက် လျှောက်လုပ်ရန် မည်သည့်အကြောင်းပြချက်မျှ မရှိပေ။

ထို့ပြင် ထိုလေသင်္ဘောကြီးသည် တစ္ဆေသင်္ဘောကြီးတစ်စင်းအလား ဟိုနေရာပေါ် ဒီနေရာပေါ် ဖြစ်နေခဲ့ခြင်းသည်ကော...။

ထိုမိန်းကလေးအနေနှင့် ထိုကဲ့သို့ ကိစ္စများကို မည်သည့်နည်းနှင့်များ လုပ်ဆောင်နိုင်ခဲ့သနည်း။ ထိုအရာများအတွက် ၎င်းတို့တွင် အဖြေမရှိချေ။

သို့သော် အကြီးအကဲများသည် မိမိတို့၏ မျက်စိဖြင့် မြင်ခဲ့ရသည့် အရာများကို ငြင်းပယ်၍မူ မရနိုင်ပေ။

မေးခွန်းများစွာရှိသေးသည့်တိုင် ၎င်းတို့သည် လက်တွေ့အခြေအနေကို လက်ခံလိုက်ရုံသာရှိတော့သည်။

မျိုးနွယ်စုခေါင်းဆောင်သည်ပင်လျှင် ထိုအရာများအတွက် အဖြေမပေါ်သော ပ‌ဟေဠိများအလား ခံစားနေရသည်။

သူ့အနေနှင့် ထိုလေသင်္ဘောအား ရပ်တန့်ရန် ကြိုးပမ်းစဉ်၌ပင် ထိုမိန်းကလေး သည် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဥ်အတွင်း ထူးဆန်းစွာဖြင့် သူမ၏ စိတ်ဝိညာဉ်သည်ပင် ပျက်စီးသွားခဲ့ရသဖြင့် ၎င်းတို့သည် သူမအပေါ်၌ ဝိညာဉ်ရှာဖွေခြင်းမျိုးပင် မပြုလုပ်နိုင်တော့ပေ။

“သူမက တကယ်ပဲ အရာအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေခဲ့တာလား”

ဤသို့ဖြင့် လူတိုင်းသည် ပဟေဠိများစွာဖြင့်ပင် တစ္ဆေသင်္ဘော ဖြစ်ရပ်နောက်ကွယ်မှ တရားခံအား ရှာတွေ့ပြီဟု ကောက်ချက်ချလိုက်ကြရသည်။

မိန်းကလေးသည် တစ်နေရာရာသို့ မတော်တဆ ရောက်ရှိသွားခဲ့၍ မကောင်းဆိုးဝါးဝိညာဥ်တစ်ဦးမှ ဝင်ရောက်ပူးကပ်ခြင်းကိုခံခဲ့ရကာ ဤသို့သော အရာများကို ပြုလုပ်မိခဲ့ခြင်းဖြစ်မည်ဟုလည်း ဖြည့်တွေးလိုက်ကြ၏။

ထိုအချိန်တွင်၎င်းတို့နှင့်ဝေးရာဆီသို့ လျှင်မြန်စွာ ပြေးလွှားနေသည့် လူငယ်တစ်ဦး ရှိနေခဲ့သည်ကိုမူ မည်သူမျှ သတိမထားမိခဲ့ကြပေ။

ထိုလူငယ်သည် အကြီးအကဲများ သင်္ဘောဆီမှ ပြန်လည် မထွက်ခွာမီ သူ၏ နောက်ဆုံးပန်းတိုင်သို့ ရောက်ရှိရန် ကြိုးစားနေခြင်းဖြစ်သည်။

...

အကြီးအကဲများသည် သူတို့၏ ရတနာပစ္စည်းများကို ဆုံးရှုံးလိုက်ရခြင်းအတွက် နောင်တရနေကြသည်။

ထို့အတူ အာရန်သည်လည်း ဤမျှလောက် လွယ်ကူစွာ ထိန်းချုပ်နိုင်သည့် ထိုအထင်ကြီးစရာ လေသင်္ဘောအား စွန့်ပစ်ခဲ့ရခြင်းအတွက် နောင်တရနေလေသည်။

ဤတာဝန်သည်သာ အလျင်စလို ပြီးမြောက်ရန်လိုအပ်ခြင်းမဟုတ်ပါက သူသည် သင်္ဘောအား ထိုအကြီးအကဲများ၏ အာရုံကို ပြောင်းလဲရန်အတွက် ဘယ်သောအခါမှ စတေးပစ်ခဲ့မိလိမ့်မည် မဟုတ်ပေ။

ဤသို့ဖြင့် အကြီးအကဲများသည် ထိုကိစ္စအား ပြီးဆုံးသွားပြီဟု သတ်မှတ်လိုက်ကြသဖြင့် ဗဟိုဒေသအတွင်းရှိ လုံခြုံရေးများသည် အစောပိုင်းကာလများလောက် မတင်းကျပ်တော့ချေ။

အာရန်တစ်ယောက် မျှော်လင့်ထားသည့်အတိုင်းပင် လုံခြုံရေးသည် နောက်ထပ် နာရီအနည်းငယ်အတွင်း သိသိသာသာ လျော့ကျသွားခဲ့သည်။

တစ္ဆေသင်္ဘော ဖြစ်ရပ် ပြီးဆုံးသွားသည့်အခါ အကြီးအကဲများသည် ၎င်းတို့၏ သက်ဆိုင်ရာဌာနများသို့ အသီးသီး ပြန်သွားခဲ့ကြသည်။

မျိုးနွယ်စုခေါင်းဆောင်သည်ပင်လျှင် နောက်ထပ် သဲလွန်စ အထောက်အထား တစ်စုံတစ်ရာကို ရှာမတွေ့ရတော့သောကြောင့် သူ့နန်း‌တော်ဆီသို့သာ ပြန်သွားခဲ့ရသည်။

သူသည် ကုန်သည်အစည်းအရုံးမှ အဖွဲ့ဝင်များကို လွှတ်ပေးခဲ့ပြီး ၎င်းတို့အား ထိမ်းသိမ်းထားခဲ့ရမှုအတွက် အတိုချုပ် ရှင်းပြချက်တစ်ခု ပေးခဲ့သည်။

ကုန်သည်အစည်းအရုံးမှ မင်းသမီးလေးသည် ထိုလုပ်ရပ်အတွက် ဘုရင်မျိုးနွယ်စုအား အပြစ်မတင်ဝံ့ခဲ့ချေ။

ထို့ပြင် ၎င်းတို့အနေဖြင့် ဤကဲ့သို့ မျိုးနွယ်စုကြီးအား အပြစ်တင်ချင်လျှင်ပင် မဖြစ်နိုင်ပေ။

၎င်းတို့သည် နေရာတစ်ခုတွင် အချိန်တစ်ခုအထိ ပိတ်လှောင်ခံခဲ့ရပြီး အကြိမ်ကြိမ် စစ်ဆေးမေးမြန်းခြင်းများ ခံခဲ့ရသော်လည်း ထိခိုက်နာကျင်အောင်အထိတော့ စစ်ဆေးခြင်း မခံခဲ့ရချေ။

ပို၍အရေးကြီးသည်မှာ ဘုရင်မျိုးနွယ်စု၏ ဘိုးဘေးခေါင်းဆောင် ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ချိန်တွင် ထို ကြောက်မက်ဖွယ်ကောင်းသော အော်ရာအား ၎င်းတို့အနေဖြင့် ခံစားမိခဲ့ကြသည်။

ကုန်သည်အစည်းအရုံးမှ နတ်ဘုရားတစ်ပိုင်းအဆင့်အစောင့်အရှောက်သည်ပင်လျှင် မျိုးနွယ်စုခေါင်းဆောင်နှင့် မျက်လုံးချင်း စေ့စေ့မဆုံဝံ့ပေ။

ဘုရင်မျိုးနွယ်စုခေါင်းဆောင်သည် ကုန်သည်အစည်းအရုံးမှ မိန်းကလေးနှင့် ဆွေးနွေးမှုအချို့ ဆက်လက် ပြုလုပ်ခဲ့ပြီး ၎င်းတို့အား ဤနေရာသို့ ခေါ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်အားလည်း ပြောပြခဲ့၏။

“မိသားစုခေါင်းဆောင်အနေနဲ့ ကျွန်မတို့ကို လူနှစ်ယောက် ရှာခိုင်းချင်နေတာလား”

ထိုမိန်းကလေးငယ်သည် ချက်ချင်းပင် အလေးအနက်ထားသည့်အမူအရာဖြင့် ပြန်မေးလိုက်သည်။

ဘုရင်မျိုးနွယ်စုကဲ့သို့ မျိုးနွယ်စုကြီးမှ ရှာဖွေလိုသော ထိုလူနှစ်ဦးသည် မည်သူများဖြစ်မည်နည်းဟု သူမ သည် အတော်လေး စိတ်ဝင်စားလာမိသည်။

ထိုကိစ္စသည် ၎င်းမျိုးနွယ်စုအနေနှင့် အထက်ကမ္ဘာမှ ပျောက်ကွယ်သွားရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းနှင့် ဆက်စပ်မှုများ ရှိနေမလားဟုပင် သူမ တွေးမိလိုက်သည်။

...

“နောက်ဆုံးတော့ နေရာတစ်ခုပဲ ကျန်တော့တယ်”

တတိယနေ့ သတ်မှတ်ချိန် ကုန်ဆုံးခါနီး၌ အာရန်သည် နောက်ဆုံးသွားရမည် နယ်မြေ အဝင်ဝတွင် ရပ်လိုက်သည်။

သူ၏ တာဝန်များ ပြီးမြောက်ရန် နောက်ထပ် သုံးနာရီ လိုတော့သည်။

ယခုသွားရမည့်နေရာသည် ဘုရင်မျိုးနွယ်စု နယ်မြေများအတွင်းရှိ အဓိကဖြစ်သော အလယ် ဗဟိုဧရိယာတစ်ခု ဖြစ်နေလေသည်။

ဘုရင်မျိုးနွယ်စု နယ်မြေအတွင်းတွင် အာရန်အား ဤကဲ့သို့ ထူးဆန်းသော ခံစားမှုတစ်ခုကို ဖြစ်ပေါ်စေသည်မှာ ဤအကြိမ်သည် ဒုတိယအကြိမ် ဖြစ်လေ၏။ သူသည် ဤနယ်မြေထဲသို့ ခြေမချရသေးမှီမှာပင် သူ၏ မျက်လုံးများအတွင်းမှ ပြင်းထန်သော နာကျင်မှုတစ်ခု စတင် ခံစားနေရပြီဖြစ်သည်။

အာရန်၏ မျက်လုံးများသည် အလိုလို လေးလံလာကြသည်။

သို့သော် ထိုနာကျင်မှုများသည် သူ၏ ဦးခေါင်းပိုင်းအထိတော့ မပျံ့နှံ့‌သေးပေ။

“ဒီနေရာက မင်း ငါ့ကို ဒီတာဝန် ပေးရတဲ့ အစစ်အမှန် အကြောင်းရင်းလား” ဟု အာရန်တစ်ယောက် သူ၏ စနစ်အား တိုးတိုးလေး မေးခွန်းထုတ်မိလိုက်သည်။

သို့သော်လည်း သူသည် ယခင်ကကဲ့သို့ပင် မည်သည့် တုံ့ပြန်မှုမျှ ပြန်မရရှိခဲ့ပေ။

#Catfoot

All Chapters