← Chapters

ပြန်လာခြင်း

Vol. 28 Ch. 416

ပြန်လာခြင်း

Vol. 28 Ch. 416

ကံကြမ္မာပစ်လိုက်သော ထိကပြန်က ဂျက်ပေါ့အကြီးကြီးကို ဝင်လိုက်မိလိုက်ချေပြီ။ကောင်းမင်သည် နက်နဲသောအမူအရာဖြစ်သွား၏။သူသည် အရင်က သူ့လက်တွေ့ဘဝတွင် ယင်းနှင့်ဆင်တူသည့် ဆူညံသံများကို ကြားဖူးသည်။ထိုအိမ်ခန်းသည် သူ့မိဘများကို သူကြိုးချည်ပြီး ပိတ်လှောင်ရန်အသုံးပြုခဲ့သည့် နေရာမဟုတ်ပါလား။

တစ်ချိန်တည်းမှာပင် ကောင်းမင်၏မိဘများသည်လည်း ထူးဆန်းသောအမူအရာများ ရှိနေကြလေသည်။သူတို့က တည်တည်ငြိမ်ငြိမ်ဖြစ်ရန် အစွမ်းကုန်ကြိုးစားနေကြ၏။သို့သော်လည်း ကောင်းမင်၏မိခင်ဖြစ်သူက စားပွဲအောက်မှနေ၍ သူခင်ပွန်းကိုကန်လိုက်ပြီး တစ်ခုခုပြောဦးဟု အချက်ပြလိုက်သည်။မိသားစုသုံးယောက်သည် ထူးခြားသောအသံတစ်ခုကြောင့် တစ်မိနစ်အတွင်းအမူအရာများ ပြောင်းလဲကုန်ကြသည်။

အမျိုးသမီးသရဲမက သူမ၏တူကို ချလိုက်ပြီး ယင်းကိုတိတ်ဆိတ်စွာ ကြည့်နေလေသည်။ ထိုအခိုက်အတန့်တွင် သူမသည် သာမန်လူတစ်ယောက်ဖြစ်နေပုံရသည်။

“ကျွန်တော် အိပ်ခန်းကို သွားစစ်ကြည့်ပေးရမလား”

ကောင်းမင်က အလျင်စလိုမတုံ့ပြန်ခဲ့ပေ။ သူက သူ့မိဘများကို ယဉ်ယဉ်ကျေးကျေးခွင့် တောင်းလိုက်သည်။

“မင်းနားသင့်ပြီ ၊ တစ်နေကုန်သွားလာနေရတာဆိုတော့ မင်းပင်ပန်းနေရော့ပေါ့”

သက်လတ်ပိုင်းလူက ထရပ်လိုက်သည်။မိခင်က သူ့ပန်းကန်ထဲသို့ ဟင်းတချို့ခပ်ထည့်ပေးလိုက်သည်။ ထိုမိသားစုက တစ်ယောက်ကို တစ်ယောက်အတည်ပြုနေကြခြင်းဖြစ်သည်။ အမျိုးသမီးသရဲတစ်ယောက်သာ သူမပန်းကန်ထဲမှ အသားကို စိုက်ကြည့်နေခဲ့သည်။ကောင်းမင်၏ မိသားစုသည် အလွန်နွေးထွေးလှသည်ဟု သူမခံစားရသည်။

“အခုနောက်ပိုင်း ကိစ္စတွေက မအေးချမ်းဘူး ၊ ရပ်ကွက်ထဲကို ကြွက်တွေအများကြီး ဝင်လာကြတယ် ၊ အိပ်ခန်းထဲကို တစ်ခုခုခိုးဝင်လာတာလို့ ထင်တယ်”

သက်လတ်ပိုင်းလူက အကြောင်းပြချက်တစ်ခုပေးလိုက်ပြီး တံခါးကို တိတ်တဆိတ်ဖွင့်လိုက်၏။ သူဖွင့်လိုက်သည့်အချိန်တွင် တံခါးပတ္တာလည်သံက အခန်းထဲတွင်ရှိနေသောအရာကို နိုးဆွမိလိုက်သည်။ ထူးဆန်းသည့်အသံက ပိုကျယ်လောင်လာတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော မျက်နှာတစ်ခုသည် လွတ်မြောက်ဖို့ရုန်းကန်ရင်း အိပ်ခန်းတံခါးနှင့် တိုက်မိသွားလေသည်။ ဧည့်ခန်းမီးများက အိပ်ခန်းထဲသို့ အလင်းရောင်ပေးလိုက်သည်။အိပ်ခန်းထဲမှ အရိပ်က ဖြေးညင်းစွာမှေးမှိန်သွားသည်။မှင်နက်ရောင်အမှောင်ထုနှင့် မှိန်ဖျသောအလင်းရောင်တို့ အခန်းထဲတွင် ရောယှက်သွားကြသည်။အလင်းအမှောင်ကူးပြောင်းသော နေရာတွင် များစွာသော သွေးပျက်ဖွယ်မျက်နှာများနှင့် တွန့်လိမ်နေသောခန္ဓာကိုယ်များ ရှိနေကြလေသည်။

အခန်းထဲတွင် ပိတ်မိနေသော ကောင်းမင်များနှင့် မိဘနှစ်ပါးတို့ ရူးသွပ်သွားကြသည်။ဖြစ်နိုင်သည်က သူတို့ ကောင်းမင်အစစ်ကို မြင်တွေ့လိုက်ရခြင်းကြောင့် သို့မဟုတ် လော်တုန်းက ဥမင်ထဲက ယဇ်ပလ္လင်ကို ဝင်တိုက်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။

ကောင်းမင်များ၏မျက်နှာများပေါ်တွင် ထူထဲသောသွေးကြောများ ဖောင်းကြွလာပြီး သူတို့၏ပုံရိပ်များက ရှုံ့တွလာကြတော့သည်။သူတို့သည် လူသားနှင့်တူသည်ဆိုရုံမျှသာ ရှိတော့သည်။

သူတို့ရှေ့မှ ထိုကြောက်မက်ဖွယ်မြင်ကွင်းကြောင့် ဘယ်သူမှ ကြောက်မသွားကြပေ။ တကယ်တမ်းဆိုရလျှင် ကောင်းမင်၏မိခင်မှာ ရှက်နေတဲ့ပုံပေါ်နေလေသည်။ကောင်းမင်ကမူ ဤအရာသည် သူ့မှတ်ဉာဏ်ထဲကအတိုင်း အလွန်ရင်းနှီးနေသည်ဟုသာ ခံစားရသည်။

ကြောက်ရွံ့နေသည့် တစ်ဦးတည်းသောသူမှာ အမျိုးသမီးသရဲဖြစ်သည်။ထို ဇနီးမောင်နှံစုံတွဲသည် အိပ်ခန်းခန်းလုံးပြည့် ကောင်းမင်များကို သိမ်းထားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမစိတ်ထဲမှ ထိုနွေးထွေးသောမိသားစုလေး၏ပုံရိပ်မှာ ချက်ချင်းပြိုကွဲသွားတော့သည်။

အရူးကောင်းမင်က ရှေ့သို့ခုန်အုပ်လိုက်သည်။သူ့ကို ချည်ထားသောကြိုးက တင်းကျပ်သွားသည်။သက်လတ်ပိုင်း လူက မသိစိတ်ဖြင့် ချက်ချင်းရှောင်တိမ်းသည်။သို့သော်လည်း သူနောက်လှည့်ကြည့်လိုက်ရာ ကောင်းမင်သည် ကော်ဖီစားပွဲပေါ်မှ လေးလံသောပန်းအိုးတစ်လုံး ကောက်မလိုက်သည်ကို မြင်လိုက်ရသည်။

“အဖေ ၊ ကျေးဇူးပြုပြီး ဘေးဖယ်လိုက်ပါ”

သက်လတ်ပိုင်းလူသည် ဝီးခနဲလေတိုးသံတစ်ခုကြားလိုက်ရပြီး ပန်းအိုးကွဲကြေသွားသည်ကို မြင်လိုက်ရသည်။ သက်လတ်ပိုင်းလူအား တိုက်ခိုက်ချင်နေသော ကောင်းမင်မှာ ကြမ်းပြင်ပေါ်မှောက်ကျသွား၏။ယင်းက အဆုံးသတ်မဟုတ်သေးပေ။သူတို့ တုန့်ပြန်နိုင်ခြင်းမရှိသေးမီ ကောင်းမင်က ပန်းဂေါ်ဖီကြော်ပန်းကန်ကို ကောက်ယူလိုက်ပြီး အိပ်ခန်းထဲသို့ လျှောက်ဝင်သွားသည်။သူက သူ့ကိုယ်ပွားဘေးတွင် ဒူးထောက်ထိုင်လိုက်ပြီး ပန်းဂေါ်ဖိကြော်များကို သူ့ပါးစပ်ထဲထိုးထည့်ပစ်လိုက်သည်။သူက သူမြိုချနိုင်စေရန်’ညင်သာစွာ’ ကူညီပေးလိုက်သည်။အသိစိတ်လွတ်နေသော ကောင်းမင်သည် မည်သို့မှ မလုပ်နိုင်ပေ။သူက ဖြည်းညင်းစွာပင် သူ့ခန္ဓာကိုယ်အားထိန်းချုပ်မှု လွတ်သွားသည်။သို့သော်လည်း အခြားကောင်းမင်များမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းလာပြီး ပိုသောင်းကြမ်းလာတော့သည်။သူတို့၏ ခန္ဓာကိုယ်များ စတင်ပုံပြောင်းလာကြသည်။အနာဂတ်၏ တည်ရှိမှုပါဝင်သော အနက်ရောင်ချည်မျှင်များ သူတို့၏ခန္ဓာကိုယ်များက တွားသွားထွက်လာကြသည်။ထိုမကောင်းဆိုးဝါးများသည် ကောင်းမင်၏အသွင်သဏ္ဌာန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းမရှိတော့ချေ။

“တခြားဟင်းခွက်တွေကို အဆိပ်ခတ်မထားဘူး ၊ ကျွန်တော်အမုန်းဆုံး ပန်းဂေါ်ဖီမှာပဲ အဆိပ်ရှိတာ”

ကောင်းမင်က အိပ်ခန်းတံခါးကို စောင့်ကြပ်ထားသည်။သူ့အသံမှာ လွန်စွာနူးညံ့နေလေသည်။

“ကျွန်တော်က တခြားလူတွေနဲ့ကွာခြားတယ်ဆိုတာ အဖေအမေတို့ ရှာတွေ့ခဲ့ပြီးသားမလား ၊ ဒါကြောင့် ကျွန်တော့်ကို အခုထိမဖမ်းသေးတာလား”

“မင်း…”

ထိုလူ၏ သတိထားမှုထက်ယှဉ်လျင် ဇနီးဖြစ်သူက ပိုစိတ်လှုပ်ရှားသွားသည်။

“သားက တကယ်ကြီးကောင်းမင်လား ၊ ငါတို့သားလေးက နောက်ဆုံးတော့ အိမ်ရောက်လာပြီလား”

ကောင်းမင်က မိခင်ဖြစ်သူက အကြည့်မလွှဲနိုင်တော့ပေ။သူမ တစ်ခုခုထပ်ပြောချင်နေသော်လည်း သူမကိုယ်သူမ ထိန်းချုပ်ထားလိုက်သည်။

“ကျွန်တော့်ရဲ့ အတိတ်ဗားရှင်းတွေအားလုံး ဒီမှာရပ်နေကြတယ် ၊ ကျွန်တော်တို့ဟာ မိုးရေထဲမှာ အချိန်အတော်ကြာအောင် လမ်းလျှောက်လာခဲ့ရတယ် ၊ နောက်ဆုံးတော့ ကျွန်တော်တို့ လမ်းကြောင်းတစ်ခု ရှာတွေ့ခဲ့တယ်”

မှတ်ဉာဏ်များအားလုံး တသားတည်းပေါင်းစပ်သွားကြသည်။ကောင်းမင်တိုင်း၏ မိဘများသည် သူ့မိဘများပင် ဖြစ်ပေသည်။

“စိတ်ပူအောင်လုပ်ခဲ့မိလို့ တောင်းပန်ပါတယ်”

သူ့မိခင်၏ မျက်လုံးများမှာ ချက်ချင်းနီရဲလာတော့သည်။သူမသည် ကမ္ဘာနှစ်ခုကို ဖြတ်လျှောက်ခဲ့ရသည်။ သူမသည် မျှော်လင့်ချက်ကို စွန့်ပစ်ခဲ့ပြီးပြီဖြစ်သည်။ကောင်းမင်သည် သူ့လက်ဆောင်ဖြစ်သော မွေးနေ့ဓာတ်ပုံကို ထုတ်ယူလိုက်သည်။ဓာတ်ပုံကို ကိုင်ထားရင်း သူ့မိခင်၏လက်ကို အသာအယာဆွဲကိုင်လိုက်သည်။

နှစ်လုံးသားနှစ်ခု တဒိတ်ဒိတ်ခုန်နေကြသည်။သူတို့၏ သွေးသားများမှာ ဆက်နွယ်ခဲ့ပြီးဖြစ်သည်။ ထိုအရာသည် သူတို့၏ပူးတွဲမှတ်ဉာဏ်များဖြစ်သောကြောင့် လူသေဓာတ်ပုံက သူတို့ကို ငြင်းဆန်ခဲ့ခြင်းမရှိပေ။

“အတိတ်၊ ပစ္စုပန် နဲ့ အနာဂတ် … ရုပ်တုနှစ်ခုရဲ့ စွမ်းအားကြောင့်သာ မဟုတ်ရင် ကျွန်တော် အဖေနဲ့အမေတို့ကို ဘယ်တော့မှ ရှာတွေ့နိုင်မှာမဟုတ်ဘူး ၊ ကျွန်တော့်ရဲ့ တခြားမိဘတချို့လည်း အရိပ်ကမ္ဘာထဲမှ ပိတ်မိနေတုန်းပဲ “

ကောင်းမင်သည် သူ့နောင်တများကို သတ်ဖြတ်ခဲ့ပြီးဖြစ်သော်လည်း သူမိခင်၏လက်ကို ဆုပ်ကိုင်ထားဆဲပင်။

“မင်းရဲ့ တခြားမိဘတွေလား”

ထိုစကားကိုကြားသောအခါ ကောင်းမင်၏ဖခင်က စိတ်ရှုပ်ထွေးသွားသည်။

“ကျွန်တော်က မတူညီတဲ့အချိန်စီးကြောင်းတိုင်းမှာ အိမ်ပြန်လမ်းကို ရှာဖွေနေခဲ့တယ် ၊ အဲ့ဒီအချိန်စီးကြောင်းတွေမှာ အမေနဲ့အဖေတို့ဟာ ကျွန်တော့်ကို လိုက်ရှာခဲ့ကြတယ်၊ ဒါကြောင့် ကျွန်တော်နဲ့အဖေတို့ရဲ့ဗားရှင်းတွေက အဆုံးမဲ့တည်ရှိနေခဲ့တာပဲ “

ကောင်းမင်က သူ့ဖခင်၏ပုခုံးကို ဖက်လိုက်၏။သူတို့သည် လူသေဓာတ်ပုံနှင့်အတူ ထပ်တူကျဿွားကြသည်။သူ့မိဘများ၏ ခန္ဓာကိုယ်များမှာ အရောင်များဖြင့်ပေါ့ပါးသွားသည်။

နှလုံးခုန်သံက ပို၍ကျယ်လောင်လာခဲ့သည်။သူ့အား အနာဂတ်နတ်ဘုရားက ပစ်မှတ်ထားနေသော်လည်း ကောင်းမင်သွေးများ စတင်ဆူပွက်လာလေသည်။သူရှာဖွေနေသော အရာမှာ အလွန်နီးစပ်နေပြီဖြစ်သည်။

အိပ်ခန်းထဲမှ မကောင်းဆိုးဝါးများမှာ ကောင်းမင်၏အသွင်အပြင်များ ဆုံးရှုံးသွားကြချေပြီ။သူတို့သည် ခြောက်ခြားဖွယ်အငွေ့အသက်များ ထုတ်လွတ်နေကြသည်။အိပ်ခန်း၏ အနက်ပိုင်းအတွင်းမှ စူးရှသောအော်ဟစ်သံတစ်ခု ထွက်ပေါ််လာခဲ့သည်။

တချိန်တည်းမှာပင် အလင်းတန်းတစ်ခုက မြို့ထဲမှ မြူထူထူများကို ဖြတ်တောက်ပစ်လိုက်သည်။ဘတ်စ်ကား၏ ကျယ်လောင်လှသော ဟွန်းသံသည် ည၏တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။

“ဒီမကောင်းဆိုးဝါးတွေ ဥမင်ထဲမှာ ချန်ထားခဲ့တဲ့ဟာကို ငါယူလာနိုင်ခဲ့ပြီကွ “

လော်တုန်း၏ကြွေးကြော်သံမှာ လူနေရပ်ကွက်ထဲ ပဲ့တင်ထပ်သွားသည်။အိပ်ခန်းတံခါးမှာ ဖျက်ဆီးခံလိုက်ရသည်။ မကောင်းဆိုးဝါးများက တစ်ကောင်ပေါ်တစ်ကောင်တွယ်တက်၍ ကောင်းမင်နှင့် သူ့မိဘများထံ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ပြေးဝင်လာကြသည်။၎င်းတို့သည် ကြမ်းပြင် ၊ နံရံများနှင့် မျက်နှာကျက်ပေါ်တွင် တွားသွားနေကြသည်။

“ကျွန်တော်တို့ အောက်ထပ်ဆင်းမှ ရမယ်”

အနီရောင်ချည်မျှင်တစ်ခုက ကောင်းမင်၏မျက်ဆံများကို ထိုးဖောက်သွား၏။သူ့ခန္ဓာကိုယ်ထဲရှိ သွေးက သူ့ကိုဆင့်ခေါ်နေပြီဖြစ်သည်။

ကောင်မင်က သူ့မိဘများကို ဆွဲခေါ်၍ အောက်ထပ်သို့ ပြေးဆင်းလိုက်သည်။သက်လတ်ပိုင်းစုံတွဲက မခုခံခဲ့ပေ။ ဒီတစ်ကြိမ်တွင်တော့ သူတို့ယုံကြည်ရန်ရွေးချယ်လိုက်ကြသည်။သူတို့ ထွက်မသွားမီ ကောင်းမင်၏မိခင်က အမျိုးသမီးသရဲကိုပါ ဆွဲခေါ်သွားလိုက်သည်။အစပိုင်းတွင် သူမ၏အသွင်အပြင်သည် လက်ခံရခက်ခဲစေသော်လည်း အပြန်အလှန်ဆက်ဆံခဲ့ပြီးနောက် ထိုမိန်းကလေးသည် ကောင်းမင်၏မိခင်ဖြစ်သူအား တိတ်ဆိတ်၍အပြစ်ကင်းစင်သော မိန်းကလေးတစ်ဦးဟု အထင်အမြင်ရှိသွားစေခဲ့သည်။

All Chapters