← Chapters

နောက်တစ်ကြိမ်ဆုံတွေ့ခြင်းက ထာဝရ

Vol. 28 Ch. 419

နောက်တစ်ကြိမ်ဆုံတွေ့ခြင်းက ထာဝရ

Vol. 28 Ch. 419

ကောင်းမင်သည် ထိုသရဲထံမှ ဝမ်းနည်းမှုကို အာရုံခံမိသည်။မိသားစုနှင့် ပြန်မပေါင်းစည်းနိုင်ခြင်း၏ နာကျင်မှုကို သူသည်လည်း ကောင်းကောင်းသိပေသည်။

“မင်းရဲ့မိသားစုကို အနာဂတ်နတ်ဘုရားဆီကနေ ပြန်ရအောင် ငါကူညီပေးမယ်”

နတ်ဘုရားကျိန်စာက ကောင်းမင်၏ခန္ဓာကိုယ်ထဲတွင် အမြစ်တွယ်နေခဲ့ပြီဖြစ်သည်။ သူသည် သူ့နှင့်သက်ဆိုင်သော တံခါးပေါ်မှ အကြည့်မခွာဘဲ အသံတိတ်နာကျင်မှုကို ခံစားနေရသည်။ သူသည် အမျိုးသမီးသရဲကို တစ်ချက်မျှလှမ်းမကြည့်သော်လည်း သူ့စကားများက သူမ၏နှလုံးသားကို တုန်ယင်သွားစေခဲ့သည်။ တစ်စုံတစ်ယောက်က သူမအတွက် နတ်ဘုရားနှင့်စစ်ခင်းရန် ဆန္ဒရှိနေသည်လော။ သူမ၏သွေးရောင်မျက်လုံးများက ကောင်းမင်ကို ကြည့်လိုက်၏။ သူမသည် တစ်စုံတစ်ခုပြောချင်နေသကဲ့သို့ သူမ၏ပါးစပ်ကို ဟလိုက်သည်။ နောက်ဆုံးတွင် သူမ ခေါင်းသာ ငုံ့လိုက်လေသည်။ သူမ၏ချွန်ထက်နေသောလက်သည်းများက သူမ၏အနီရောင်ဝတ်စုံပေါ်ရှိ ကြယ်သီးများကို ဖြည်းညှင်းစွာ ပွတ်သပ်နေလေသည်။

“ငါတို့ ရောက်တော့မယ်”

အနာဂတ်တံခါးက သူတို့၏ရှေ့တွင် ရှိနေသည်။ လော်တုန်းသည် ဘတ်စ်ကားထံ အနက်ရောင်ကြိုးမျှင်များရောက်မလာမီ တံခါးဆီသို့ မောင်းနှင်လာနိုင်ခဲ့သည်။

“ဆင်းကြတော့”

ကောင်းမင်သည် ဘတ်စ်ကားထဲမှ ပထမဆုံးထွက်လာသူဖြစ်သည်။ သို့သော်လည်း သူက တံခါးကိုဖွင့်ရန် အလျင်စလိုမလုပ်ခဲ့ချေ။ သူ အခြားသူများကို လက်ပြလိုက်သည်။ သူ တံခါးကိုဖြတ်လျှောက်သွားပြီးနောက် အခြားလူများ ကျန်နေခဲ့မည်ကိုစိုးရိမ်နေခြင်းပင်။

“ချီးပဲ ၊ အနက်ရောင်လိုင်းတွေက အနက်ရောင်ပင်လယ်ကြီး ဖြစ်သွားပြီ”

လော်တုန်း တံခါးဆီသို့ ပြေးသွားသည်။ သူလှည့်ကြည့်လိုက်ရာ ကျောရိုးတစ်လျှောက် အေးစက်သွားတော့သည်။

“ဒီအနက်ရောင်လိုင်းတွေက ဘာတွေလဲ ၊ဘာလို့ သရဲတွေက အဲဒါတွေကို ကြောက်နေကြတာလဲ”

“ဒါတွေက ယုံကြည်မှုရဲ့ အသွင်သဏ္ဌာန်တွေပဲ ၊ အဲ့ဒါတွေက အသက်မရှိဘူး ၊ ဒါတွေကို အနာဂတ်နတ်ဘုရားရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ခင်ဗျားရှုမြင်နိုင်တယ်”

ကောင်းမင်သည် ရွှံ့ရုပ်တုများစွာကို ဖျက်ဆီးခဲ့ဖူးသောကြောင့် ဤအရာများနှင့် ရင်းနှီးသည်။

“နတ်ဘုရားတွေရဲ့ ကိုယ်ခန္ဓာအစစ်တွေက ပျောက်ကွယ်သွားခဲ့ကြပြီ ၊ သူတို့ရဲ့ ကျန်ရှိနေတဲ့ အသိစိတ်က ယုံကြည်မှုအဖြစ် ဆက်လက်တည်ရှိနေတာပဲ ၊ ဒါက သူတို့ အပြင်လောကကို လွှမ်းမိုးဖို့ အသုံးပြုတဲ့ နည်းလမ်းပဲ”

လော်တုန်း မေးခွန်းများထပ်မမေးခင်မှာ ကောင်းမင်က သူ့ကို တွန်းထုတ်လိုက်သည်။ ထို့နောက် သူသည် စီတုအန်း၏ မိခင်ကိုဆွဲခေါ်လိုက်သည်။

“ခင်ဗျားလဲ ကျွန်တော်တို့နဲ့ အတူလိုက်ခဲ့ပါ”

ကောင်းမင်၏မိဘများက တံခါးကို တုံ့ဆိုင်းစွာကြည့်နေကြသည်။ သူတို့ တံခါးမှထွက်သွားပြီးနောက် ကောင်းမင်အား ဘယ်တော့မှပြန်မတွေ့ရတော့မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ နာရီနောက်ကွယ်ရှိ ထိုလျှို့ဝှက်ခန်းကို အနာဂတ်နတ်ဘုရား၏အထူးစွမ်းအားဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုနေရာမှ စည်းမျဉ်းများသည် အခြားနေရာများနှင့် ကွဲပြားသည်။

“ဒီမှာနေမယ်ဆိုရင် ငါတို့သားအတွက် ပြဿနာတွေပဲဖြစ်နေစေလိမ့်မယ် ၊ ငါတို့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ငါတို့သားရဲ့ ဘေးကင်းရေးကို အတည်ပြုဖို့ပဲ ၊ ငါတို့ အဲဒါကို လုပ်ခဲ့ပြီးပြီ ၊ ကောင်းမင်က အခုအရွယ်ရောက်နေပြီ”

ကောင်းမင်၏ဖခင်က အမျိုးသမီးသရဲမကို လှမ်းကြည့်ရင်း သူ့ဇနီးကိုပြောလိုက်သည်။

“ကောင်းမင်က ငါတို့ နားမလည်လို့နိုင်တော့တဲ့အဆင့်အထိကို ကြီးပြင်းလာခဲ့ပြီပဲ”

ကောင်းမင်၏မိခင်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ သူမ ကောင်းမင်၏လက်များကို ဆုပ်ကိုင်လိုက်သည်။ အနက်ရောင်လှိုင်းလုံးများ သူတို့နောက်သို့ နီးကပ်လာသောအခါ သူမနှင့် ကောင်းမင်၏ဖခင်တို့ ထွက်ခွာသွားကြသည်။

“မင်းလည်း သွားသင့်ပြီ ၊ မင်းကို ပေးထားတဲ့ကတိကို ငါမှတ်ထားမယ်”

အမျိုးသမီးသရဲမက ခေါင်းညိတ်လိုက်သည်။ သူမ ထွက်သွားပြီးနောက် ကောင်းမင်သည် သားစားကြူးနတ်ဘုရား၏သွေးတစ်စက် သူမနှလုံးသားထဲသို့ စီးဝင်သွားသည်အထိ စီတုအန်း၏ မိခင်ကို လက်ဖြင့်ဆုပ်ကိုင်ထားသည်။

“စီတုအန်းရဲ့ အမေက သေဆုံးသွားခဲ့တာကြာပါပြီ ၊ အန်တီဟာ စီတုအန်းရဲ့ ကြင်နာမှုနဲ့အပြစ်ရှိစိတ် ဒါမှမဟုတ် သူ့ရဲ့လူသားဆန်မှုနဲ့တစ်ခုတည်းသော အားနည်းချက်ပါပဲ၊ မခုခံပါနဲ့ ၊ ကျွန်တော်တို့ ဒီနေရာကထွက်သွားပြီးရင် သူ့ဆီကိုခေါ်သွားပေးပါ”

ကောင်းမင်က ထိုသို့ပြောလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။

သူ မျက်လုံးဖွင့်လိုက်သောအခါ ကောင်းမင်သည် အော်သံတစ်သံကို ကြားလိုက်ရသည်။ လော်တုန်းသည် ကောင်းမင်၏မိဘများ အရိပ်များထဲသို့ ပျော်ဝင်နေသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။ သူတို့သည် အရိပ်လောကတွင် အချိန်ကြာမြင့်စွာ နေခဲ့ကြရသောကြောင့် ထိုနေရာမှ ထွက်သွားရန် မဖြစ်နိုင်တော့ချေ။ ကောင်းမင်၏ဖခင်သည် ဤအရာကို ကြိုတင်ခန့်မှန်းခဲ့ပြီးသားဖြစ်သည်။ သူတို့သည် အရက်စက်ဆုံးအမှန်တရားကို အကြီးမြတ်ဆုံးသော ဟာသနှော၍ ရှင်းပြခဲ့ကြသည်။ ထိုညက သူတို့ကောင်းမင်ကို လာရှာရန်ဆုံးဖြတ်ခဲ့သောအခါ သူတို့သည် ကြီးမားသောအဖိုးအခကို ပေးဆပ်ခဲ့ကြခြင်းဖြစ်သည်။

“ငါတို့သားလေး အဆင်ပြေနေလို့ ငါတို့ပျော်ရမယ်လေ”

ကောင်းမင်၏ဖခင်က သူ့ဇနီး၏လက်များကို ဆုပ်ကိုင်လိုက်သည်။

“မငိုပါနဲ့ ၊ ငါတို့ တော်တော်လေး ကံကောင်းနေပါပြီ”

ကောင်းမင်၏ဖခင်သည် လူတစ်ယောက်အား မည်သို့နှစ်သိမ့်ပေးရမည်ကိုမသိသော ကောင်းမင်နှင့် တူလေသည်။ ကောင်းမင်၏မိခင်သည် လှည့်ကြည့်လိုက်သည်။

“အနည်းဆုံးတော့ ငါတို့သားလေးနဲ့အတူတူ ထမင်းဝိုင်းမှာ ထမင်းစားခွင့်ရခဲ့တယ်လေ ၊ မင်း အဲဒါကို မျှော်လင့်နေခဲ့တာမဟုတ်ဘူးလား”

ကောင်းမင်၏ဖခင်က သူ့ဇနီး၏ပုခုံးများကို ပွေ့ဖက်လိုက်သည်။

“ဒါပြီးတော့ ငါတို့ ပြန်မဆုံနိုင်တော့တာလည်း မဟုတ်ဘူးလေ ၊ ကောင်းမင်ရဲ့ စွမ်းရည်နဲ့ဆို အရိပ်လောကမှာ သူငါတို့ကိုလာရှာဖို့က အလွယ်လေးပါကွာ”

ကောင်းမင်၏ဖခင်က သူ့သားအား တစ်ခုခုပြောရန် အချက်ပြလိုက်သည်။ ယင်းက ကောင်းမင်သည် ဟန်ရှန်းအကျဉ်းထောင်တွင် အလုပ်လုပ်ရန်စီစဉ်ခဲ့စဉ် သူ့မိဘများကို ထားခဲ့ရသည့်နေ့ကိုနေ့ကို သတိရစေခဲ့သည်။

“ကျွန်တော်တို့ရဲ့ အတိတ်မှတ်ဉာဏ်က ကံကြမ္မာရဲ့ဖန်တီးမှု ဖြစ်နေနိုင်တာကတော့ ရှက်စရာပါပဲ”

ကောင်းမင်က သူ့မိဘများကို နောက်ကျောမှ သိုင်းဖက်လိုက်သည်။

“ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ခံစားချက်တွေကတော့ အမှန်တရားပဲ ၊ ကျွန်တော် အဖေအမေတို့ကို အရိပ်ကမ္ဘာကနေ ခေါ်ထုတ်နိုင်အောင် နည်းလမ်းရှာပါ့မယ် ၊ ကျွန်တော့်ရဲ့ အဖေတွေ၊ အမေတွေအားလုံးကို ပြန်ခေါ်လာပေးမယ်”

“မင်း ဘာတွေပြောနေတာလဲ”

ကောင်းမင်၏ဖခင်သည် တစ်ခုခုပြောချင်နေသော်လည်း သူ့ခန္ဓာကိုယ်အား အရိပ်က ဝါးမြိုသွားခဲ့ပြီဖြစ်သည်။

သူ၏မိဘများ ပျောက်ကွယ်သွားပြီးနောက် ဗလာကျင်းနေသောဓာတ်ပုံသည် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။ ယင်းအစား ကောင်းမင်၏မွေးနေ့ဓာတ်ပုံထဲတွင် မိဘအသစ်တစ်တွဲ ပေါ်လာခဲ့သည်။ သူတို့ ထိတ်လန့်သွားပုံရသည်။ ထိုအခန်းထဲတွင် သူတို့၏ဗားရှင်းများစွာ ရှိနေလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြချေ။ ကောင်းမင် ဓာတ်ပုံကို ကောက်ယူလိုက်သည်။ သူ့တွင် နောက်ထပ်အလုပ်တစ်ခု ရှိသေးသည်။

“အဖေအမေတို့ကို ပုံမှန်အတိုင်း ပြန်ဖြစ်စေမယ်… ကံကြမ္မာကိုသတ်ပြီး အရိပ်လောကကို ဖျက်ဆီးပစ်ရစေဦးတော့…”

နှလုံးသားနှစ်ခုကို ပြန်လည်ရရှိထားသော ကောင်းမင်သည် ရွှံ့ရုပ်တုများကို ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးရှိလာပြီဖြစ်သည်။ သူက စီတုအန်း၏မိခင်ကို ဆွဲခေါ်လိုက်သည်။

“ခင်ဗျားသားက ခင်ဗျားကို ဘာပြောခဲ့လဲ ၊ သူ့ရဲ့တည်နေရာကို ခင်ဗျားခံစားနိုင်မှာပဲ ၊ ဟုတ်တယ်မလား”

အမျိုးသမီးအိုကြီးသည် မည်သည့်စကားမျှ မပြောခဲ့ချေ။ ကောင်းမင်က သူမကို အတင်းအကျပ် မခိုင်းတော့။ သူသည် သားစားကြူးနတ်ဘုရား၏သွေးကိုသုံး၍ သူမ၏ခန္ဓာကိုယ်ကို ပြုပြင်ပေးပြီး သူမ၏ယုံကြည်မှုကို ပြောင်းလဲပေးလိုက်ပြီဖြစ်သည်။

“ခင်ဗျား ကျွန်တော့်အပေါ် ရန်လိုတာ မပြသရွေ့ အဲဒီသွေးတစ်စက်က ကျိန်စာတွေနဲ့မိစ္ဆာတွေကြောင့် ခင်ဗျားဝိညာဉ်မပျက်စီးအောင် ကာကွယ်ပေးဖို့ လုံလောက်ပါတယ်”

ကောင်းမင်က အမှန်တရားကို ပြောနေခြင်းဖြစ်သော်လည်း စီတုအန်း၏မိခင်က မျက်မှောင်ကြုတ်လိုက်သည်။

“နင်က ကမ္ဘာပေါ်မှာ အကြီးဆုံးမိစ္ဆာမဟုတ်ဘူးလား”

စီတုအန်း၏မိခင်သည် ထိုစကားစုကို ပြောလိုက်ပြီးနောက် ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။ သူမသည် သူမ၏နှလုံးသားထဲမှ စကားလုံးများကို မတော်တဆပြောမိလိုက်ခြင်းပင်။

နတ်ဘုရားသည် သူတို့၏နောက်လိုက်များအပေါ် အပြည့်အဝထိန်းချုပ်ထားသည်။ သားစားကြူးနတ်ဘုရားသည်လည်း စီတုအန်းမိခင်၏စိတ်ထဲမှ အတွေးများကို ချက်ချင်းဖတ်နိုင်လေသည်။

ခပ်ဝေးဝေးမှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာလေသည်။ ယင်းအသံက ကောင်းမင်မိဘများ၏ အော်ဟစ်သံများနှင့် အတူပါလာခြင်းဖြစ်သည်။

“ကောင်းမင် သားအထဲမှာရှိလား”

“ငါ သူတို့ကို မေ့နေမိတော့မလို့… အနာဂတ်နတ်ဘုရားက ငါ့ကိုတိုက်ခိုက်ဖို့ မကောင်းဆိုးဝါးတွေကို ငါ့မိဘတွေအဖြစ် ပြောင်းလဲပစ်ခဲ့ပြီး ငါ့မိဘတွေကို လှည့်ဖျားဖို့တော့ သူ့ရဲ့နောက်လိုက်တွေကို ငါ့ပုံစံဟန်ဆောင်ခိုင်းခဲ့တာ ၊ ဘယ်လို မကောင်းဆိုးဝါးလဲ”

သူ၏နှလုံးသားထဲတွင် နတ်ဘုရားသံချောင်းများ ရှိနေသဖြင့် ကောင်းမင်သည် ကျိန်စာများ ထပ်မံခံယူရခြင်းကို ဂရုမစိုက်တော့ချေ။ အရေးအကြီးဆုံးအရာမှာ စီတုအန်းကို လိုက်ရှာ၍ သူ့ကို ညှဉ်းပန်းနှိပ်စက်ခန်းဆီသို့ ပြန်ဆွဲခေါ်လာရန်ဖြစ်သည်။ ကောင်းမင်အတွက် အနာဂတ်နတ်ဘုရားသည် စီတုအန်းထက် အန္တရာယ်နည်းနေပေသည်။

“လာကြ ၊ ဒီနေရာကနေ ထွက်သွားကြစို့”

ကောင်းမင်သည် စီတုအန်း၏မိခင်ဆီမှ သဲလွန်စများရရှိပြီးနောက် လျှို့ဝှက်ခန်းတံခါးကို ဖွင့်လိုက်သည်။ သူတို့အဖွဲ့သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသားဖြစ်သည်။ သို့သော်လည်း သူတို့သည် တံခါးအပြင်ဘက်မှ အရာကိုမြင်လိုက်ရသောအခါ အံ့အားသင့်သွားကြဆဲပင်ဖြစ်သည်။

All Chapters