← Chapters

ရန်ဘက်

Vol. 28 Ch. 420

ရန်ဘက်

Vol. 28 Ch. 420

လူတိုင်းသည် သူတို့၏ခံစားရမည့် နာကျင်မှုများနှင့်ရင်ဆိုင်ရမည့် ကြောက်မက်ဖွယ်အနာဂတ်တစ်ခုကို ပိုင်ဆိုင်ထားကြသည်။ယင်းသည် အနာဂတ်နတ်ဘုရား၏ စွမ်းအားအရင်းအမြစ်ပင်။ မေ့ဖျောက်မရနိုင်သော အတိတ်၏နာကျင်မှုများဖြင့်ယှဉ်ပါက စိတ်ပျက်အားငယ်ဖွယ်အနာဂတ်သည် ပို၍မွန်းကြပ်စေပေသည်။

တံခါးဝတွင် ကောင်းမင်၏မိဘများပြည့်ကျပ်နေလေသည်။သူတို့ထံတွင် ကျိန်စာများဖုံးလွှမ်းနေကြသည်။ အိမ်နီးချင်းများ၏ အဆိုးမြင်ခံစားချက်အားလုံး သူတို့ထံ စုဝေးလျက်ရှိသည်။

“ကောင်းမင်…ကောင်းမင်”

သူတို့ ကောင်းမင်ကို မြင်သောအခါ ခွေးများကဲ့သို့အော်ဟစ်လိုက်ကြသည်။သူတို့၏ အချစ်များမှာ ပုတ်သိုးနေခဲ့ပြီဖြစ်သည်။သူတို့သည် ကောင်းမင်အား အပိုင်းအစများဖြစ်အောင် ကိုက်ဖြတ်ဝါးစားလိုနေကြသည်။

“အဖေတို့ သားကိုရှာနေကြတာ ၊ အဖေတို့ အရမ်းကို စိုးရိမ်နေခဲ့ရတာ “

ကောက်ကျစ်ရောထွေးနေသော အသံများက ဟောင်းလောင်းပေါက်ပါးစပ်များမှ ထွက်ပေါ်လာကြသည်။

“ငါတို့ ဒီကိုရောက်လာဖို့ ဘယ်လောက်ပေးဆပ်ခဲ့ရလဲ သိလား ၊ မင်းက ဘာလို့ အရမ်းကိုမနာခံတတ်ရတာလဲ ၊ မင်း ဒီတံခါးနောက်လေးတင်ရှိနေတာတောင် ဘာလို့ငါတို့ကို မတွေ့ချင်ရတာလဲ”

နာကြည်းမုန်းတီးမှုများ ပိုတိုးလာပြီး ကျိန်စာနှင့်ရောနှောသွား၏။ကောင်းမင်၏ မိဘများသည် ကောင်းမင်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေကြလေသည်။

“ကောင်းမင် ၊ ဒီလာခဲ့ …မေမေ သားကို ဖက်ပါရစေ ၊ မေမေတို့ အရမ်းလွမ်းနေလို့ပါ”

အနက်ရောင်ဆံပင်များသည် အတူတကွ ရောထွေးနေကြသည်။ကျိန်စာသည် အလွန်သိပ်သည်းလွန်းနေသဖြင့် အကောင်အထည်ဖြစ်လုမတတ်ပင်။ကောင်းမင်မိဘများ ဖြတ်သွားသည့်အခါတိုင်း သွေးစွပ်ကြောင်းတစ်ခုကို ချန်ရစ်ခဲ့ကြသည်။မကောင်းဆိုးဝါးများသည် သူတို့ထဲမှ ရင်းနှီးကျွမ်းဝင်သော ဖြစ်တည်မှုတစ်ခုကို ထုတ်လွှတ်ခဲ့သည်။ယင်းသည် ကောင်းမင်၏သွေး ဖြစ်ပုံရသည်။

“ငါတို့ရဲ့ သွေးသားတွေက ဆက်နွယ်နေတာ ၊ ကျိန်စာတွေကို ငါ့မိဘတွေကနိုးဆွလိုက်တာဆိုပေမယ့် ငါ့ဆီမှာ ပေါ်လာမှာပဲ ၊ နတ်ဘုရားက ဒီလောက်ထိ ရက်စက်ယုတ်မာတတ်တာလား”

အတိတ်တွင် ကောင်းမင်သည် အရိပ်ကမ္ဘာကို ဖျက်ဆီးခဲ့မိသည့်အတွက် နောင်တတချို့ရှိသော်လည်း ယခုအခါတွင်မူ ထိုသို့မတွေးတော့ချေ။ဤနတ်ဘုရားများသည် ဘယ်သောအခါကမှ လူသားများကို လူသားများအဖြစ်ဆက်ဆံခြင်းမရှိခဲ့ပေ။သူတို့သည် လူသားများကို ယုံကြည်မှုရင်းမြစ်အဖြစ်သာ ရှုမြင်ကြသည်။သူတို့၏ကောင်းကင်ဘုံသည် လူသားအလောင်းများဖြင့်ဖန်တီးထားခြင်းဖြစ်သည်။ ယင်းသည် နတ်ဘုရားတို့၏ကောင်းကင်ဘုံဖြစ်သော်လည်း လူသားများအတွက်မူ ငရဲသာဖြစ်သည်။

“ကံကြမ္မာကို သတ်ဖြတ်တာက ငါလုပ်ကို လုပ်ရမယ့်ကိစ္စတစ်ခုပဲ ၊ ဒါပေမယ့် ငါဟာ စီတုအန်းလိုတော့ အရိပ်ကမ္ဘာဘက်မှာ ရပ်တည်မှာမဟုတ်ဘူး”

ကောင်းမင်က သူ့နှလုံးပတ်လည်ရှိ သံချောင်းများကို ဆုပ်ကိုင်လိုက်သည်။သူသည် သားစားကြူးနတ်ဘုရားကို ထပ်မံဆင့်ခေါ်ရန် သူ့သက်တမ်းကိုစတေးရုံမှတပါး အခြားရွေးချယ်စရာမရှိတော့ချေ။

“ကုန်းစီ…”

သူ့ဒဏ်ရာက စုတ်ပြဲသွားသည်။ကျိန်စာက သူ့ခန္ဓာကိုယ်အနှံ့လည်ပတ်သွား၏။ယင်းက သူ့အားကြောက်မက်ဖွယ်ပုံစံ ဖြစ်သွားစေသည်။ညှင်းပန်းနှိပ်စက်ခန်းတံခါးကို အတင်းအကျပ်ဆွဲဖွင့်လိုက်သည်။ လူသေအမည်များရှိနေသော ချိန်းကြိုးများသည် ကောင်းမင်ကြောင့် ဆွဲထုတ်ခံလိုက်ရသည်။

“ခင်ဗျားတို့က ကျွန်တော့်ကို ဒီလောက်လွမ်းနေမှတော့ ကျွန်တော်နဲ့အတူ ထာဝရနေလိုက်ကြတော့”

ကောင်းမင်သည် သူ့နှလုံးသားမှ သံချောင်းများကို မကြာခင်အချိန်အတွင်း မဖယ်ရှားပါက နောက်ဆုံးတွင် သူ့သက်တမ်းကုန်ဆုံးသွားမည်ဖြစ်သည်။ထို့ကြောင့် တိုက်ရိုက်အကျဆုံးဖြေရှင်းချက်တစ်ခုကို သူဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ချိန်းကြိုးများက မကောင်းဆိုးဝါးများကို ချည်နှောင်လိုက်သည်။သူတို့သည် ကျိန်စာများနှင့်အတူ ကောင်းမင်၏ညှင်းပန်းနှိပ်စက်ခန်းအတွင်း ပိတ်မိသွားကြတော့သည်။

ကောင်းမင် ကြမ်းပြင်ပေါ်သို့ ဒူးတစ်ဖက်ထောက်ကျသွားသည်။သံချောင်းများက သူ့နှလုံးသားအနက်ပိုင်းသို့ ပိုတိုးဝင်လာပြီဖြစ်သည်။သူ့နှလုံး လှုပ်ရှားလိုက်သည့်အချိန်တိုင်း သူသေတော့မလိုခံစားရသည်။ကျိန်စာများသည် သူ့သွေးပြန်ကြောများမှတဆင့် သူ့နှလုံးသားဆီသို့ စတင်စီးဆင်းလာကြပြီဖြစ်သည်။

“ငါ့နှလုံးကို ကျိန်စာတွေ အပြည့်အဝမသိမ်းပိုက်သေးခင် ဒီသံချောင်းတွေကို ဖယ်ရှားမှဖြစ်တော့မယ်”

ကောင်းမင် ထရပ်လိုက်သည်။သို့သော် သူ့ခန္ဓာကိုယ်ကို သူမထိန်းချုပ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။သားစားကြူးနတ်ဘုရား၏စွမ်းအားကို သူအသုံးပြုလိုက်တိုင်း အနာဂတ်နတ်ဘုရား၏သံချောင်းများက သူ့ကို ဆက်လက်လွှမ်းမိုးနေမည်ဖြစ်သည်။နာကျင်မှုသည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါ ဖြစ်နေခြင်းဖြစ်သည်။

“ရှင် ဘယ်သွားချင်လဲ”

လော်တုန်းက စီတုအန်း၏မိခင်ကို ထိန်းထား၏။အမျိုးသမီးသရဲက ကောင်းမင်ဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။သူတို့နှစ်ဦးသား ဆွေးနွေးထားပြီးဖြစ်ပုံရသည်။တစ်ဦးက လမ်းပြမည်ဖြစ်ပြီး နောက်တစ်ဦးက ကောင်းမင်ကို ကူညီမည်ဖြစ်သည်။

ကောင်းမင်မတုံ့ပြန်နိုင်မီ အမျိုးသမီးသရဲက သူ့ခြေထောက်မှဆွဲမ၍ စွေ့ခနဲ့ပွေ့ချီလိုက်သည်။ရွှမ်ဝမ် ဥမင်ထဲသို့ သွားသည့်အခါတိုင်း သူမသည် ကောင်းမင်ကိုအစသစ်တစ်ခုပေးရန် ချီပိုး၍ ထွက်လာလေ့ရှိသည်။ထိုမှတ်ဉာဏ်က အမျိုးသမီးသရဲအပေါ် အကြီးအကျယ်လွှမ်းမိုးနေလေသည်။

“အနာဂတ်နတ်ဘုရား လှည့်ကွက်တွေ အများကြီးဆင်ထားပေမယ့် ရှင့်နောက်ကိုတော့ ကိုယ်တိုင်ကိုယ်ကျ လိုက်မလာဘူး ၊ သူ့ကို အာရုံလွှဲထားတဲ့တစ်ခုခုရှိလိမ့်မယ်လို့ ကျွန်မထင်တယ် “

သရဲမ၏အသံသည် ရွှမ်ဝမ့်အသံနှင့်လုံးဝခြားနားသည်။

“ဒါက ရှင့်အတွက် အခွင့်အရေးပဲ “

အမျိုးသမီးသရဲထံတွင် အခြားရွေးချယ်စရာမရှိတော့ချေ။သူမသည် ကောင်းမင်ဘက်တွင် အပြည့်အဝရပ်တည်လိုက်ပြီဖြစ်သည်။

“ကျွန်မ ရှင့်ကို အနာဂတ်နတ်ဘုရားရဲ့အခန်းထဲ ခေါ်သွားပေးမယ်”

….

ထာဝရဘဝအိမ်ရာပထမထပ်တွင် အတိတ်ကို ကိုယ်စားပြုသောတံခါးကို ကောင်းမင်ဖျက်ဆီးထားခဲ့ပြီဖြစ်သည်။ ပစ္စုပန်ကို ကိုယ်စားပြုသောတံခါးသည် အပြင်လောကနှင့် ချိတ်ဆက်ထားသည်။သို့သော် မည်သူကမှ ထွက်သွားဝံ့ခြင်းမရှိပေ။အနာဂတ်တံခါးသည်လည်း စတင်ပြောင်းလဲနေခဲ့ပြီဖြစ်သည်။

ခြောက်ခြားဂိမ်းကစားသမားများနှင့် စုံစမ်းရေးမှူးများ မြင်နိုင်ခြင်းမရှိသည့် တံခါးနောက်တွင် အဖွဲ့တစ်ခေါင်းဆောင်နှင့် လျိုယီတို့ ပြေးလွှားလျက်ရှိသည်။သူတို့၏ အခြေအနေများမှာ သူတို့တံခါးအပြင်ဘက် ရှိခဲ့စဉ်အချိန်နှင့် ကွာခြားနေခဲ့သည်။အဖွဲ့တစ်ခေါင်းဆောင်သည် တစ်ခေါင်းလုံးငွေရောင်ဆံပင်များဖြစ်နေလေသည်။လျိုယီမှာ အသွင်အပြင်အားဖြင့် များစွာမပြောင်းလဲသော်လည်း သူမ၏အရှိန်အဝါသည် အေးစက်၍ထက်မြနေခဲ့သည်။ယင်းသည် ဆယ်နှစ်ကြာပြီးနောက် သူတို့ဖြစ်လာမည့်ပုံဖြစ်သည်။

“ဒါ မင်းအမှားပဲ ၊ မင်းက အရိပ်ကမ္ဘာအတွက် အလုပ်လုပ်ပေးနေတဲ့ သစ္စာဖောက်တစ်ယောက်ပဲ “

အဖွဲ့တစ်ခေါင်းဆောင်က ဒေါသထွက်နေလေသည်။သူသည် အရိပ်များဖုံးလွှမ်းနေသော အဆောက်အုံများပေါ် ပြေးလွှားနေခြင်းဖြစ်သည်။

လျိုယီက ပိုတည်ငြိမ်သည်။သူမလက်ထဲတွင် ရွှံ့ရုပ်တုတစ်ခု၏ဦးခေါင်းကို ကိုင်ထား၏။ဦးခေါင်းသည် ကလေးငိုသံတစ်သံကို အဆက်မပြတ်ထုတ်လွှတ်နေခဲ့သည်။လျိုယီက စိတ်အနှောက်အယှက်ဖြစ်လာပြီး သူမ၏အနီရောင်ကျောင်းသားတံဆိပ်ကို ရုပ်တု၏ပါးစပ်ထဲသို့ ထိုးထည့်ထားလိုက်သည်။

“အဲဒါကို ငါ့ကိုပြန်ပေးစမ်း”

အဖွဲ့တစ်ခေါင်းဆောင်မှာ စိုးရိမ်ပူပန်နေခဲ့သည်။သူသည် လျိုယီနောက်လိုက်၍ ဤခန္ဓာကိုယ်ထဲဝင်ခဲ့ပြီးနောက် ဟန်ဟိုင်း၏အဆိုးရွားဆုံး အနာဂတ်ကို မြင်တွေ့ခဲ့ရသည်။အရိပ်ကမ္ဘာက ဟန်ဟိုင်းကို အပြည့်အဝဝါးမြိုပစ်ခဲ့သည်။နတ်ဘုရားများက သက်ရှိလူသားများမှ တဆင့်ပြန်လည်ရှင်သန်လာခဲ့ကြသည်။

သူတို့နှစ်ယောက်သည် ယင်းကိုကာကွယ်ရန် အတူတူဆောင်ရွက်သင့်သော်လည်း လျိုယီက နတ်ဘုရားများကို ကူညီရန်ရွေးချယ်ခဲ့လေသည်။နောက်ဆုံး နတ်ဘုရားရောက်လာမှသာ သူမလှုပ်ရှားခဲ့ခြင်းဖြစ်သည်။သူမက နတ်ဘုရားဦးခေါင်းကို ခိုးယူခဲ့ရာ တစ်ကမ္ဘာလုံးသူတို့နှစ်ဦးကို လိုက်လံဖမ်းဆီးသည်အထိ ဖြစ်သွားစေခဲ့လေသည်။

“ကျွန်မသာ ရှင့်ကိုပြန်ပေးလိုက်ရင် တကယ့်သစ္စာဖောက်ဖြစ်သွားလိမ့်မယ်”

လျိုယီသည် သူမခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသောစွမ်းအားများကို ခံစားနေရသည်။ ထိုအနာဂတ်တံခါးအတွင်းမှ လူများသည် သူတို့အနာဂတ်တွင်ရရှိလာမည့်စွမ်းအားကို အသုံးပြုနိုင်ပေသည်။ယင်းက လျိုယီခုချိန်ထိ အသက်ရှင်သန်နိုင်ခဲ့သည့် နည်းလမ်းဖြစ်သည်။

“ဒါဆို မင်းအစီအစဉ််က ဘာလဲ”

“ကျွန်မ ရှင့်ကိုလိုက်လာဖို့ အတင်းအကျပ်မပြောခဲ့ဘူးနော်”

လျိုယီသည် သူမခေါင်းကို ကိုင်ထားရင်း သူမအိပ်ကပ်ထဲမှ အဖြူရောင်ကျောင်းသားကောင်စီတံဆိပ်ကို ထုတ်လိုက်သည်။

“အခု ကျွန်မတို့ စောင့်ကြမယ် ၊ ထွက်ပေါက်က မကြာခင်ပေါ်လာတော့မှာ”

“စောင့်နေရုံပဲလား”

…..

လူချမ်းသာရပ်ကွက် အနက်ရှိုင်းဆုံးအပိုင်းရှိမြေအောက်ကားပါကင်တွင် အဖြူရောင်ကျောင်းသားကောင်စီတံဆိပ်ရှိသော နိုင်ငံသားအများအပြား တိုင်များပတ်လည်တွင်လဲလျောင်းနေကြသည်။ သူတို့သည် သတ်ဖြတ်ခံရရန်စောင့်ဆိုင်းနေသည့် သိုးဝက်များကဲ့သို့ဖြစ်သည်။သူတို့‌၏ဦးခေါင်းများတွင် ဧရာမအပေါက်ကြီးတစ်ခုစီရှိနေကြသည်။ သူတို့၏စီးထွက်လာသော သွေးများမှာ ဦးခေါင်းမဲ့ရုပ်တုတစ်ခုဘေးတွင် အိုင်ထွန်းလျက်ရှိနေသည်။

ရုပ်တု၏တစ်ဖက်တစ်ချက်တွင် လူတစ်ဝက် သရဲတစ်ဝက် မကောင်းဆိုးဝါးနှစ်ကောင် ရပ်နေကြလေသည်။

ဘယ်ဘက်တွင်ရပ်နေသောသူသည် ကျောင်းဝတ်စုံဝတ်ထားသော ကျောင်းသားတစ်ယောက်ဖြစ်သည်။ ညာဘက်တွင်ရပ်နေသောသူမှာ ခြေလက်များတွင် ချိန်းကြိုးများထိုးဖောက်ခံထားရသော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။

“ကောင်းယန် ၊ ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှာတုန်းကလဲ မင်းငါ့ကို တစ်ခေါက်တားဆီးခဲ့ပြီးပြီ ၊ မင်းငါ့ကို ထပ်တားဆီးနိုင်မယ်လို့ ထင်နေတာလား”

ထိုလူ၏ ခြေလက်များတဝိုက်တွင်ရှိနေသော ချိန်းကြိုးများက အသက်ဝင်လာပုံရသည်။၎င်းတို့သည် ဦးခေါင်းမဲ့ရုပ်တု၏ သူတို့အပေါ်ဖိနှိပ်မှုကို ရုန်းကန်လျက်ရှိသည်။

“ကျုပ် ခင်ဗျားနဲ့ မတိုက်ခိုက်ချင်ပါဘူး ၊ ဒါပေမယ့် ခင်ဗျားက အမြဲတမ်းကျုပ်လမ်းပေါ် ရောက်ရောက်နေတယ်”

ကောင်းယန်၏မျက်နှာပေါ်တွင် အမူအရာကင်းမဲ့လျက်ရှိသည်။

“မကြာခင် ကောင်းမင်ရောက်လာတော့မယ် ၊ ခင်ဗျား ဒီကနေထွက်ပြေးဖို့ အချိန်ရှိသေးတယ်နော်”

All Chapters