← Chapters

အခန်း (၁၀၂+၁၀၃)

Vol. 11 Ch. 102+103

အခန်း (၁၀၂+၁၀၃)

Vol. 11 Ch. 102+103

တောင်တက်လမ်းတစ်ဝက်သို့ရောက်သော် မြူမှုန်များမှာဝေ့ဝဲနေပြီး တောင်ကြားလမ်းတစ်လျှောက်၌ မျောလွင့်နေကြကာ မြင်ကွင်းအား တစ်ခါတစ်ခါကြည်လင်စေလိုက် ရံဖန်ရံခါဝေဝါးသွားစေလိုက်ဖြင့် ရှင်းရှင်းလင်းလင်းမြင်ရဖို့ရာ ခက်ခဲစေခဲ့သည်။

စူးယွင်သည် တောင်နံရံအားမှီ၍ လှေကားထက်တက်လက်စဒူးပေါ်လက်တင်ထားကာ အသက်ကိုပြင်းပြင်းရှူသွင်းရင်း မောဟိုက်နေတော့၏။

သူမသည် ခေါင်းကိုစောင်း၍ ကိုယ်အားကိုင်းကာ အပေါ်သို့မော့ကြည့်လိုက်သည်။

မျက်စိရှေ့ရှိမြင်ကွင်းမှာ အဆုံးအစမရှိဘဲ ဆုံးခန်းတိုင်မည့်‌နေရာရှိမနေပုံပင်။

ဘုရားရေ!ဒီလမ်းက ဘာလို့ဒီလောက်တောင်ရှည်နေရတာလဲ။

သူမသည် စိတ်ထဲ၌ငြီးငြူနေပေသိ ခြေလက်များမှာတော့ လှုပ်ရှားနေရဆဲပင်။

စူးယွင်သည် လှေကားထစ်များပေါ်အားပြုပြီး ခက်ခက်ခဲခဲဖြင့် အားစိုက်၍မတ်တပ်ထရပ်လိုက်သည်။

ဒီလောက်လေးပဲရှိတဲ့လမ်လေးကိုများ ငါကကြောက်နေမယ်ထင်လား ဟာသပဲ။

စူးယွင်သည် ခါးကိုကိုင်းကာမြေပြင်ပေါ်မှ သစ်မြစ်ထူထူတစ်ချောင်းအား ကောက်ယူ၍ အားပြုရန်အတွက်အသုံးပြုလိုက်သည်။

သူမသည် ညာလက်အား,အားပြုရပ်ရန်သစ်မြစ်ပေါ်တင်၍ ဘယ်လက်ဖြင့်ခါးထောက်ကာမောဟိုက်စွာဖြင့် ဆက်တက်သွားလိုက်၏။

နာရီဝက်ကြာပြီးနောက် စူးယွင်သည် နောက်ဆုံးလှေကားထစ်ပေါ် ခက်ခက်ခဲခဲဖြင့် တက်ရောက်နိုင်ခဲ့သည်။

ညီညာသောမြေပြင်အား မြင်လိုက်ရသည့်အခါတွင်တော့ သူမ၏စိတ်ထဲတွင် ဘာမှမရှိတော့ဘဲ မြေပြင်ပေါ်ထိုင်ချလိုက်တော့သည်။

“ဟား”

စူးယွင်သည် သက်ပြင်းရှည်ကြီးချလိုက်ပြီး တောင်ဝှေးအဖြစ်သူမသုံးခဲ့သည့် တုတ်ချောင်းကို အနီးရှိသစ်ပင်ကြီးတစ်ပင်ဆီ လှမ်းပစ်လိုက်သည်။

ခဏနားပြီးနောက် သူမသည်အဝတ်အစားပေါ်မှ ဖုန်များအားပုတ်ခါကာ ပင်မကျောင်းဆောင်ကြီးဆီ လျှောက်သွားလိုက်၏။

အတွင်းပိုင်းအပြင်အဆင်များမှာ ပြောင်းလဲမှုမရှိပါပေ။ရွှေဝါရောင်ဘုရားဆင်းတုတော်ကြီးမှာ ရှိနေဆဲဖြစ်ပြီး အမွှေးတိုင်တို့မှမီးခိုးငွေ့များကလည်း ကျန်ရှိနေဆဲပင်။စူးယွင်သည် ကိုရင်တစ်ပါးထံလျှောက်သွားပြီး ကြေးပြားအနည်းငယ်ကို ထုတ်လိုက်သည်။

"အမွှေးတိုင်တစ်စည်းရယ် ပူဖော်ပွဲစာရွက်တစ်ထပ်ပေးပါဦး ကျေးဇူးတင်ပါတယ်"

သူမသည် ပစ္စည်းများအားယူကာ အနီးရှိ စားပွဲအလွတ်တစ်လုံးဆီသို့ သွားလိုက်သည်။ယနေ့တွင် လူသိပ်မများသဖြင့်တိုးကြိတ်မနေပါပေ။စားပွဲရှည်တစ်လုံးတွင် ထိုင်နေ‌သည့် အသက်ကြီးကြီးအမျိုးသမီးတစ်ဦးသာရှိလေသည်။

စူးယွင်သည် ထုပ်ပိုးထားသောပစ္စည်းများအားဖွင့်ကာ ယခင်တစ်ခေါက်ရှိ မှတ်ဉာဏ်ကိုအားကိုး၍ ပူဇော်ပွဲစာရွက်ငါးပုံတစ်ပုံကိုယူကာခေါက်လိုက်ပြီး စားပွဲထက်တင်လိုက်၏။စာရွက်ခေါက်ထားသည့်အပိုင်းပေါ် လက်မဖြင့်ဖိကာကျန်လက်တစ်ဖက်ဖြင့် စာရွက်အား ချိန်ညှိလိုက်သည်။

စကြာတစ်ခုကဲ့သို့ ပွင့်အာလာမည်ဟု သူမ မျှော်လင့်ထားခဲ့သော်လည်း.....

စာရွက်အား လုံးထွေးသွားအောင် သူမချေလိုက်မိသည်။

စူးယွင်သည် နှုတ်ခမ်းစူကာ ပြန်ဖြန့်လိုက်ပြီး နောက်တစ်ကြိမ် ထပ်လုပ်ကြည့်လိုက်၏။

ဒုတိယအကြိမ်.....

တတိယအကြိမ်......

"အား!ဒါကိုဘာလို့လုပ်လို့မရတာလဲ"

သူမသည် နဉ်ကျင်းလုပ်ခဲ့သောနည်းအတိုင်း လိုက်လုပ်နေသည်မှာ ရှင်းနေပါလျက်နှင့် အဘယ်ကြောင့်ဤကဲ့သို့ပင်ဖြစ်နေရပါသနည်း။

စူးယွင်သည် အာခေါင်အားလျှာဖြင့်ထိကာ ဆက်လုပ်လေလေ ဒေါသထွက်လာလေလေဖြစ်လာရ၏။

ထို့ကြောင့်သူမသည်စိတ်ပျက်လက်ပျက်ဖြင့်သာ လက်မြှောက်လိုက်ရသည်။

"ထားလိုက်တော့ မီးရှို့လိုက်ရင် ပြာဖြစ်သွားမှာပဲလေ အရေးမကြီးပါဘူး။ဒီအတိုင်းပဲထားလိုက်တော့မယ် ဆက်မလုပ်ချင်တော့ဘူး"

"မိန်းကလေး မင်းလုပ်တာမှားနေတယ်နော်။အဒေါ် ကူညီပေးမယ်လေ"

ဘေးနား၌ထိုင်နေသည့် အမျိုးသမီးကြီးမှာစူးယွင်တစ်ယောက် အချိန်အကြာကြီးရုန်းကန်နေသည်ကို မြင်နေရ၍ပြောလာ၏။

"အမွှေးနံ့သာပူဇော်ဖို့လုပ်တာ အခုပထမဆုံးအကြိမ်လား။ဒါကို တစ်ခါနှစ်ခါလောက်လုပ်ကြည့်ပြီးရင်တော့ လွယ်သွားပါလိမ့်မယ်"

အမျိုးသမီးကြီးသည် စူးယွင်ရှေ့ရှိပူဇော်ပွဲစာရွက်အားကောက်ယူကာ သွက်လတ်သောလှုပ်ရှားမှုအနည်းငယ်ဖြင့် သပ်သပ်ရပ်ရပ်အထပ်လိုက်ဖြစ်အောင် ချက်ချင်းပြင်ဆင်ပေးလိုက်သည်။

စူးယွင်သည် မျက်လွှာချကာ သူမမျက်ဝန်းများထဲရှိ ခံစားချက်များအားဖုံးကွယ်၍ တိုးတိုးလေးပြန်ဖြေလိုက်၏။

"မဟုတ်ပါဘူး။ဒါကကျွန်မရဲ့ ဒုတိယအကြိမ်ပါ"

"ဒါဆို မိသားစုနဲ့အတူတူလာဖူးတာပေါ့"

အမျိုးသမီးကြီးသည် စူးယွင်၏ငယ်ရွယ်မှုနှင့် စိမ်းသက်သောလှုပ်ရှားမှုများကို သတိပြုမိလိုက်သည်။သူမသည်တစ်ယောက်တည်းလာမည့်သူမျိုးနှင့်မတူပေ။

စူးယွင်သည် ပြုံးပြလိုက်သော်လည်း စကားထပ်မဆိုတော့‌ချေ။

သူမ၏ပစ္စည်းများအားစီစဉ်ပြီးနောက် အမျိုးသမီးကြီးထံ ကျေးဇူးတင်စကားပြောကာ နံ့သာမီးပူဇော်ရန်ထွက်သွားတော့သည်။ယခင်၌အတွေ့အကြုံရှိထားသဖြင့် ဤတစ်ကြိမ်တွင်အမွှေးတိုင်အား အမွှေးတိုင်ခွက်ထဲစိုက်ရာ၌ အဆင်ပြေချောမွေ့ခဲ့၏။

အမွှေးတိုင်မီးပူဇော်ပြီးနောက် စူးယွင်သည် လုံယွင်တောင်ထိပ်သို့သွားရန် လမ်းသွားလမ်းလာတစ်ဦးအား လမ်းညွှန်မေးမြန်းလိုက်သည်။

သူမသည် ရိုသေစွာဖြင့်ဦးညွှတ်ကာ ပြောလိုက်၏။

"အမိတဘ"

"အမိတဘ"

ကိုရင်လေးသည် ပြန်လည်နှုတ်ဆက်ပြီးနောက် မေးလာသည်။

"ကံကောင်းဖို့အတွက် ကောင်းချီးအိတ်ကို ယူဦးမလား ဒကာမလေး"

လုံယွင်တောင်ထိပ်ရှိ ဆုတောင်းပြည့်သစ်ပင်ကြီးသည် ရှေးကတည်းမှနာမည်ကြီးလှသည်။စူးယွင်သည် ယခင်ကသွားရောက်ရန် ရည်ရွယ်ခဲ့သော်လည်း ကျန်းညီအစ်ကိုနှစ်ဦးနှင့် တွေ့ဆုံခဲ့သောကြောင့်နှောင့်နှေးခဲ့ရ၏။ညနေစောင်းလာပြီဖြစ်ကာ တောင်ပေါ်မှဆင်းရသည်မှာလည်း အဆင်မပြေဖြစ်မည်ကိုသိထားသောကြောင့် ထိုနေ့၌ကောင်းချီးယူရန်အတွက် အချိန်ဆွဲမနေတော့ရန်ဆုံးဖြတ်ခဲ့ခြင်းပင်။

ကိုရင်လေးသည် အသာပြုံးကာရှင်းပြလာ၏။

"အနီနဲ့အဝါရောင်ရှိတဲ့ ဒီကောင်းချီးအိတ်လေးက အထူးကောင်းချီးပေးခံထားရတာပါ။အနီရောင်က ကံကောင်းခြင်း၊ကာကွယ်ပေးခြင်းနဲ့ မကောင်းဆိုးဝါး အနှောင့်အယှက်‌တွေကို တွန်းလှန်နိုင်တဲ့ စွမ်းအားကို ကိုယ်စားပြုပါတယ်။အဝါရောင်ကကျ စည်းစိမ်ဥစ္စာ၊သာယာဝပြောမှုနဲ့ အသိဉာဏ်ပွင့်လင်းမှုကို ကိုယ်စားပြုတာမလို့ အတူကိုင်‌ဆောင်ထားမယ်ဆိုရင် သူတို့ကအကာအကွယ်နဲ့ကြီးပွားမှုရဲ့ဟန်ချက်ညီမှုကို ကိုယ်စားပြုမှာပါ။ဒါကြောင့်ကျန်းမာရေးနဲ့အောင်မြင်မှုအတွက် ဆုတောင်းရာမှာ မကြာခဏ အသုံးပြုကြပါတယ်"

စူးယွင်သည် စဉ်းစားဟန်ဖြင့်ခေါင်းငြိမ့်ပြကာ သိချင်သည်အားသိလိုက်ရ၍ ကျေနပ်သွားရသည်။သူမသည် အိတ်အားသေသေချာချာချိန်ပြီးနောက် အကိုင်းအခက်တစ်ခုထက် အသာတင်ကာ တင်းတင်းချည်နှောင်လိုက်၏။

ထို့နောက် သူမသည် ရွှေရောင်တောက်နေသောသစ်ပင်ကြီးအား နောက်ဆုံးတစ်ကြိမ်မော့ကြည့်လိုက်သည်။သစ်ပင်ကြီး၏သစ်ရွက်များမှာ နေရောင်အောက်တွင် တစ်လက်လက်တောက်ပနေပြီး သူမကိုယ်ပိုင်ဆန္ဒများ၏ မျှော်လင့်ချက်နှင့်နွေးထွေးမှုကို ရောင်ပြန်ဟပ်နေသကဲ့သို့ပင်။

"ကျေးဇူးတင်ပါတယ်"

သူမသည် ကိုရင်လေးအား တိုးတိုးပြောကာ ခေါင်းငြိမ့်ပြလိုက်ပြီး ထိုနေရာမှထွက်လာလိုက်သည်။ဟိုဟိုဒီဒီလျှောက်သွားရင်းပင် သူမစိတ်မှာပို၍လွတ်လပ်ပေါ့ပါးလာ၏။

သူမမှာ ခြေနည်းနည်းချော်သွားသော်ငြား ချက်ချင်းဟန်ချက်ထိန်းလိုက်ရသည်။သူမနှလုံးခုန်နှုန်းမှာ တဒိန်းဒိန်းမြည်နေတော့၏။လမ်းမှာမညီမညာဖြစ်နေသလို မှေးမှိန်လာသည့်အလင်းရောင်မှာ မျက်စိရှေ့မှမြင်ကွင်းအား မြင်ရရန်ခက်ခဲလာစေသည်။တောင်ပေါ်လေမှာ လက်ရှိ၌ပိုအေးလာပြီး ယခင်၌တိတ်ဆိတ်ငြိမ်းချမ်းခဲ့သည့် ပတ်ဝန်းကျင်မှာလည်း ဖြည်းဖြည်းချင်းအမှောင်ထုတွင်း နစ်ဝင်သွားကာ ပို၍ပင်တိတ်ဆိတ်လာပုံရ၏။

"ဟူး!ငါတော့ပိုပြီးဂရုစိုက်ဖို့လိုနေပြီ"

စူးယွင်သည် ကိုယ့်ဘာသာတီးတိုး‌ရေရွတ်ကာ သူမခြေလှမ်းများအား ခပ်သွက်သွက်အရှိန်တင်လိုက်သည်။သူမသည် ခြေကျင်းဝတ်မှ စူးအောင့်‌နေသည့်ခံစားချက်ကို လျစ်လျူရှုရန်ကြိုးစားပြီး မိုးစုန်းစုန်းမချုပ်ခင်တောင်အောက်သို့ဆင်းနိုင်ရန်သာ အာရုံစိုက်ထား၏။

နေဝင်ချိန်၏မှိန်ဖျဖျအလင်းရောင်မှာ သိပ်သည်းလာပြီး သစ်ပင်များကြားမှဝိုးတဝါးသာထိုးဖောက်ဝင်ရောက်နိုင်လာရာ သူမမှာပို၍အလျင်စလိုဖြစ်လာမိတော့သည်။တစ်တောင်လုံး မှောင်သွားတော့မည်အားတွေးမိသည်နှင့် သူမခြေလှမ်းများမှာ ပိုသွက်လာလေ၏။

ကျန်ရှိသောခွန်အားဖြင့် သူမသည်ကျောက်လမ်းတစ်လျှောက်ဆင်းလာခဲ့ပြီး သူမ၏အာရုံစူးစိုက်မှုမှာ ထက်သန်နေခဲ့သည်။အချိန်ကာလတစ်ခုစာ ကြာမြင့်သည်ဟုခံစားလိုက်ရပြီးနောက်ဆုံးတွင်တော့ သူမသည် တောင်အောက်ရှိမြို့မှအလင်းရောင်များကို မြင်လိုက်ရ၏။ထိုသည်မှာ တောင်ဆင်းလမ်းဆုံးကို ရောက်ပြီဟုပြသနေခြင်းပင်။

"နောက်ဆုံးတော့ ရောက်ပြီ"

စူးယွင်သည် သက်ပြင်းချကာစိတ်သက်သာရာရသွား၏။သူမ၏ ပင်ပန်းနွမ်းနယ်နေသော ခြေထောက်များအား နောက်ဆုံးတွင်တော့အနားယူခွင့်ရပေတော့မည်။သူမသည် လုံလုံခြုံခြုံဆင်းလာနိုင်ခဲ့သော်လည်း ခန္ဓာကိုယ်ရှိနာကျင်မှုမှာတော့ လမ်းမဆုံးသေးကြောင်း သတိပေးနေသည်။

သို့သော်လည်း အနည်းဆုံးတော့ယခုတွင် သူမအနားယူနိုင်လေပြီပင်။

သူမ၏အတွေးများမှာ ရုန်စာအတွက်ယူပေးခဲ့သည့်ကောင်းချီးအိတ်ဆီ ရောက်သွားပြန်သည်။သူမသည် ဆုတောင်းများအမြန်ဆုံးပြည့်ဝကာ မိတ်ဆွေဖြစ်သူအမြန်ဆုံးပြန်သက်သာလာမည်ဟု မျှော်လင့်နေခဲ့၏။

ခြေတစ်လှမ်းလှမ်းလိုက်ချိန်တွင် ကျောက်ပြားတစ်ချပ်၏ထောင့်စွန်းမှာ ကြွတက်သွားပြီးသူမမှာမြေကြီးပေါ်လဲကျသွား‌တော့သည်။

လုံဟွမ်ဘုရားကျောင်းသည် တောင်ပေါ်၌တည်ရှိပြီး တစ်ဖက်တစ်ချက်စီရှိလမ်းကျဥ်းလေးများမှာ မြေမှုန့်များဖြင့်ပြည့်နေ၏။ထိုမြေမှုန့်များမှာ သူမစကတ်အား ပေကျံသွားစေသည်။သူမမှာညာခြေအား လှုပ်ယမ်းကြည့်လိုက်၏။

ခြေ‌ခေါက်သွားပုံရသည်။

အိုး!နာတယ်ဟ.....

သူမ၏မျက်နှာလေးမှာ ရှုံ့မဲ့သွားရ၏။ခြေ‌ခေါက်သွားခြင်းမှာ သူမအားအခက်တွေ့စေသည်။

စူးယွင်သည် မြေကြီးပေါ်လက်ထောက်ကာ အားစိုက်ပြီးထရပ်ရန်လုပ်လိုက်၏။

အိုး!အရမ်းနာတယ်.....

သူမပြန်ထိုင်ချလိုက်ရသည်။

ဒီ......ဒါကတကယ်ဒုက္ခပေးတာပဲ။

သူမသည်လည်ဆန့်ကာ ပတ်ဝန်းကျင်အားကြည့်လိုက်ပြီး ကူညီမည့်သူတစ်ဦးတစ်ယောက်တွေ့လိုတွေ့ငြား မျှော်လင့်နေမိသည်။

ရုတ်ချည်းဆိုသလို သူမနောက်ဘက်မှအသံတစ်သံထွက်လာလေ၏။

"အကူအညီလိုသေးလား"

စူးယွင်သည်အပြုံးလေးဖြင့် လှည့်ကြည့်လိုက်ကာ

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်....."

တရားထိုင်ခန်းအတွင်းတွင်

စူးယွင်၏အဝတ်အစားများမှာ ခါးနေရာမှစ၍အနည်းနှင့်အများဆိုသလို ဖုန်များပေကျံနေလေသည်။

သူမသည် တင်ပလ္လင်ချိတ်ထိုင်နေရာကိုယ်နေဟန်ထားမှာလှပပေသိ သူမ၏ပုံစံမှာ အတန်ငယ်ဖရိုဖရဲဖြစ်နေလေ၏။

သူမ၏ဆံထိုးသည်လည်း လဲကျမှုကြောင့် လျော့ရဲသွားရာ ဆံပင်များသည်လည်းရှုပ်ပွနေသည်။စူးယွင်သည် စိတ်ပျက်အားလျော့မှုအနည်းငယ်ဖြင့် ခေါင်းကိုငုံ့ကာ သူမ၏စကတ်ကို စိုးရိမ်တကြီးဆွဲဆန့်နေပြီး သူမလက်လှုပ်ရှားမှုများကိုသာ စိုက်ကြည့်နေလိုက်၏။

"အရင်သုတ်လိုက်ပါလား"

နဉ်ကျင်းသည် သူမဘေးတွင်ရပ်ကာ လက်ကိုင်ပုဝါတစ်ထည်အား ကမ်းပေးလာသည်။

"အိုး......ရပါတယ်"

စူးယွင်သည် ရှက်ရွံ့သလိုခံစားလိုက်ရပြီး သူ့ကိုမကြည့်ရဲဘဲ တုန်တုန်ယင်ယင်ဖြင့်သာ လက်ကိုင်ပုဝါကို ဆွဲယူလိုက်သည်။

အေးစက်စက်ခံစားချက်ပဲ.....

စူးယွင်သည် လက်ကိုင်ပုဝါကိုကိုင်၍သုတ်လိုက်သော်ငြား သူမလက်ချောင်းထိပ်များတွင် ပျောက်ကွယ်မသွားသေးသည့်အေးစက်စက်ခံစားချက်ကို ခံစားနေရဆဲဖြစ်သည်။

အနည်းငယ်ငုံ့ထားပြီးသားဖြစ်သည့် သူမ၏ခေါင်းမှာ နောက်ထပ်နှစ်လက်မခန့် ထပ်မံငုံ့ကျသွားပြီး သူမမျက်နှာထက်တွင် တော့ ပူနွေးမှုဖျဖျတက်လာသည်ကိုခံစားနေရ၏။

ရှက်စရာကောင်းလိုက်တာနော်။ငါ့မှာချော်လဲပြီး ခြေခေါက်သွားရတဲ့အပြင် အခုကျငါ့ရဲ့ရည်းစားဟောင်းနဲ့တောင် ပြန်တွေ့လိုက်သေး။အခု သူငါ့ကိုလက်ကိုင်ပုဝါပေးတဲ့အချိန်ကျ ငါတို့လက်တွေထိမိသွားတယ်။ငါကသူ့အာရုံစိုက်မှုကိုရအောင် ခက်ခက်ခဲခဲနဲ့ကြိုးစားပြီး သူ့ကိုချစ်နေသေးတယ်လို့များ ထင်သွားမလားမသိဘူး။

အိုး!ဘုရားရေ.....

ဘုရားရှင် သက်သေခံပေးရမယ်နော်။

ဒီလိုရည်ရွယ်ချက်မျိုး တပည့်တော်ဆီမှာတကယ်မရှိပါဘူး ဘုရား။

စူးယွင်သည် နဉ်ကျင်းထံ ခေါင်းစောင်း၍ခိုးကြည့်လိုက်သည်။

သူသည် သူတို့ပထမဆုံးတွေ့ဆုံစဥ်မှပုံစံအတိုင်းရှိနေဆဲပင်။လရောင်ဝတ်ရုံဖြူအားဝတ်ဆင်ထားပြီး ဆံပင်အားမြင့်မြင့်စည်းထားလေသည်။ခေါက်ယပ်တောင်တစ်ချောင်းအားကိုင်ထားကာ အချစ်ဝတ္ထုထဲမှထွက်လာသည့် နူးညံ့ချောမောသောလူငယ်လေးတစ်ယောက်အသွင်ဖြင့် တည်တည်ငြိမ်ငြိမ်ယပ်ခတ်နေ၏။

သို့သော်.....

စူးယွင်သည် နှုတ်ခမ်းအားဖိကပ်ထားလိုက်သည်။

ဒါတွေအားလုံးဟန်ဆောင်နေတာတွေပဲ‌လေ။

ဒါပေမယ့်လည်း.......

သူမသည် နောက်ထပ်ခိုးကြည့်လိုက်မိပြန်သည်။

ထက်ရှသော မျက်ခုံးများ၊ကြယ်ပွင့်များကဲ့သို့ တလက်လက်တောက်ပနေ‌သောမျက်ဝန်းများ၊‌ကျောက်စိမ်းသရဖူအသွင်ဖြင့် မျက်နှာ.....

ကောင်းပြီ‌လေ။သူကအခုထိ ချောနေတုန်းပါပဲ။

သူက ငါ့အကြိုက်ပုံစံအတိုင်းပဲ။

"ပြောစရာရှိလို့လား"

သူမ ခေါင်းခါလိုက်သည်။

"မရှိပါဘူး။"

"အိုး"

နဉ်ကျင်းသည် ကုလားထိုင်တစ်လုံးအားခြေထောက်ဖြင့် ဆွဲယူကာ

"ကိုယ့်ကိုကြည့်နေတော့ ပြောစရာတစ်ခုခုများရှိလို့လားလို့ပါ"

လူမိခံလိုက်ရသည်ကြောင့် စူးယွင်မှာအကြည့်အား အမြန်လွှဲကာပြတင်းပေါက်အပြင်ဘက်သို့ စိုက်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်လိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။ဘယ်သူကရှင့်ကို ကြည့်နေလို့လဲ"

"ဟုတ်လို့လား"

နဉ်ကျင်း၏နှုတ်ခမ်းများမှာ အပြုံးတစ်ခုအသွင်ကွေးတက်သွားပြီး သူ့အသံမှာလည်းပျော်ရွှင်မှုအရိပ်အယောင်အား သယ်ဆောင်ထားလေသည်။

"ကိုယ်ထင်တာမမှားလောက်ပါဘူး"

စူးယွင်မှာ သူမသည်သတိကပ်၍လုပ်ဆောင်နေသည်ဟု ထင်ခဲ့သော်လည်း နဉ်ကျင်းမှ သူမအားတစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်ကိုတော့ဖြင့်မသိခဲ့ပါပေ။သူမ၏အသေးငယ်ဆုံးသော လှုပ်ရှားမှုကိုပင် သူအမြန်ဖမ်းမိနိုင်သည်။

"ရှင်မှားနေတာပဲ ဖြစ်ရမယ်"

စူးယွင်မှာ ဆက်လက်ငြင်းဆိုနေဆဲပင်။

"ဘယ်သူက ရှင့်ကိုကြည့်နေရလောက်တဲ့ထိအားနေမှာလဲ။ရှင်အဲ့လောက်တောင် ပျင်းနေတာလား"

နဥ်ကျင်းသည် လွတ်လွတ်လပ်လပ်ဟန်ဖြင့်ပင်ပြောလာ၏။

"အင်း ကိုယ်တော်တော်လေးအားနေတာလေ"

စူးယွင်သည် သူ့ထံမော့ကြည့်သော်ငြား ခပ်မြန်မြန်မျက်လွှာပြန်ချလိုက်သည်။သူမမှာတိုးတိုးလေးရေရွတ်လိုက်၏။

"အဲ့ဒါက ကျွန်မနဲ့ဘာဆိုင်လို့လဲ"

ဘုရားကျောင်းထဲရှိနေမှတော့ သူ့ဆီအလုပ်မရှိလို့ လေလွင့်နေရတယ်ဆိုတာရှင်းနေတာပဲလေ။

ဒါကတစ်ကယ်ကို သူမနဲ့ဘာမှမဆိုင်ပါဘူးနော်။

နဉ်ကျင်းသည် စကားဆက်မပြောတော့ပေ။ထိုအစား စူးယွင်၏ဒဏ်ရာရထားသော ခြေထောက်အား ဂရုတစိုက်ဖြင့်ဆွဲယူလိုက်သည်။

"အား"

စူးယွင်သည် မျက်မှောင်ကြုံ့ကာ နဉ်ကျင်း၏လက်မောင်းအား ရိုက်ချလိုက်သည်။

"ဘာလုပ်နေတာလဲ"

"တောင်းပန်ပါတယ်"

စူးယွင်မှ ပြင်းပြင်းထန်ထန် တုံ့ပြန်သည်အားမြင်သောအခါ နဉ်ကျင်းသည် စိတ်ရှုပ်ထွေးသွားပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ ဘာဆက်လုပ်ရမည်ကိုပင်မသိတော့ချေ။

"ကိုယ်ကအဲ့လိုဖြစ်အောင် တမင်လုပ်လိုက်တာမဟုတ်ပါဘူး"

စူးယွင်သည် သူ့တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားရပြီး သူမအသံကိုလျှော့ကာရှင်းပြလိုက်သည်။

"ကျွန်မကရှင့်ကို အပြစ်ပြောနေတာမဟုတ်ပါဘူး။နည်းနည်းနာသွားလို့ အလိုလိုတုံ့ပြန်မိသွားတာမျိုးလေသိတယ်မလား"

"အင်း"

နဉ်ကျင်းသည် နားမလည်ဖြစ်နေသည်။ထိုစကားလုံးကို သူမကြားဖူးခဲ့ပေ။

"အဲ့တာက အရေးမကြီးပါဘူး။ပြောချင်တာက ကျွန်မ.....ရှင့်ကြောင့်မဟုတ်ဘူး......အရမ်းနာလို့ပါ"

နဉ်ကျင်းသည် ရယ်သွမ်းသွေးလိုက်၏။

"ကိုယ့်ကိုကြည့်ခွင့်ပေးပါ။ဒီဘုရားကျောင်းမှာ ဆေးပညာတတ်တဲ့ဘုန်းကြီးတစ်ပါးပဲရှိပေမယ့် ကံဆိုးတာက အခမ်းအနားတစ်ခုတက်ရောက်ဖို့ တောင်အောက်ဆင်းသွားတယ်လေ။မနက်ဖြန်မှ ပြန်လာမယ်ထင်တယ်"

"အဲ့ဒါကြောင့်မလို့ ကိုယ်အရင်ကြည့်ပေးပါ့မယ်"

နဉ်ကျင်းသည် အရင်နှစ်များ၌စစ်တပ်တွင်းနေခဲ့ဖူးသဖြင့် ဤကဲ့သို့ပမွှားဒဏ်ရာများကို ကုသနိုင်စွမ်းရှိလေသည်။

စူးယွင်သည် သူမခြေထောက်အားကြည့်လိုက်၏။အနည်းငယ်နီမြန်းနေသော်လည်း ရောင်မနေပေ။ဤသည်မှာ ခြေခေါက်ရုံသာဖြစ်၍ မပြင်းထန်ပုံရသည်။

သူမ ငြင်းဆိုလိုက်၏။

"မလိုပါဘူး။ခဏထိုင်နေရင် ကောင်းသွားမှာပါ"

"ဒါပေမဲ့ မင်းရဲ့....."

နဉ်ကျင်းမှာစကားစလိုက်ပြီးမှ တိတ်ဆိတ်သွားသည်။

သူ၏အမူအရာအား မြင်သောအခါ စူးယွင်သည် စိတ်ထဲမှနေထူးဆန်းပြီးဖော်ပြ၍မရသော ခံစားချက်တစ်ခုလှုပ်ရှားသွားသည်ကို ခံစားလိုက်ရ၏။

ခဏတာစဉ်းစားပြီးနောက် သူမပြောလိုက်သည်။

"ဆေးအဆီဖြစ်ဖြစ် ဘာဖြစ်ဖြစ်တစ်ခုခုရှာပေးလို့ရမလား။ကျွန်မကိုယ့်ဘာသာ လိမ်းလိုက်ပါ့မယ်"

နဉ်ကျင်းသည် အသက်ပြင်းပြင်းရှူလိုက်ကာ တစ်ခုခုပြောတော့မည့်ဟန်ပေါ်လာသော်လည်း သူမထံကြည့်လာသည့်အခါတွင်တော့ သူ့စကားများကိုပြန်မြိုချလိုက်၏။

သူသည်ခေါင်းငုံ့ကာ အလျှော့ပေးသော လေသံဖြင့်ပြောလာသည်။

"မင်းဒီမှာနေခဲ့ဦး ကိုယ်သွားရှာလိုက်မယ်"

"ကောင်းပြီ"

နဉ်ကျင်းသည် ခပ်သွက်သွက်လှုပ်ရှားလိုက်သည်။သူရှာတွေ့လာသည့်အရာအား သူမထံကမ်းပေးလိုက်၏။

"ဒါက ကျောင်းထိုင်ဆရာတော်ဆီကမလို့ တော်တော်အဆင်ပြေမှာပါ"

"လိမ်းပြီးတာနဲ့ အဝတ်လဲလိုက်သင့်တယ်"

သူယူလာသည့် အဝတ်အစားတစ်စုံထံလက်ညှိုးထိုးပြကာ

"ဒါကအဝတ်သန့်တွေပါ"

"ပြီးတော့အပြင်မှာ မှောင်လာပြီ။အခုချိန်တောင်အောက်ဆင်းတာက မလုံခြုံဘူး။ဒီမှာပဲ တစ်ညလောက်တည်းလိုက်ပါ။မနက်ဖြန် ဒဏ်ရာသက်သာသွားမှ ဆက်သွားလိုက်"

"ကောင်းပါပြီ"

စူးယွင် ခေါင်းငြိမ့်လိုက်၏။

"ဒါဆို စောစောနားတော့လေ။ကိုယ်အရင်ထွက်သွားလိုက်မယ်"

သူသည် ချက်ချင်းထွက်သွားလေ၏။သူမှအလျင်စလိုထွက်သွားသည့်ပုံသည် သူမအားကယ်တင်ခဲ့သည်မှာ နောက်မှတွေးလိုက်မိသည့်ကိစ္စတစ်ခုအလား။

စူးယွင်သည် သူ့၏ထွက်ခွာသွားသောပုံရိပ်အားစိုက်ကြည့်နေလိုက်သည်။ဆေးဘူးအားကိုင်ထားသောလက်မှာ သတိမထားမိပါဘဲ ကျစ်ကျစ်ပါအောင်တင်းကြပ်လိုက်မိ၏။သူမမှာ လှမ်းခေါ်လိုက်မိသည်။

"နဉ်ကျင်း"

တံခါးလက်ကိုင်ထက်တင်ထားသော သူ၏လက်မှာ ခဏတာရပ်တန့်သွားလေသည်။

"ဘာလဲ"

သူသည်နောက်သို့ လှည့်မကြည့်ဘဲ စမ်းသပ်သည့်သဘောဖြင့် တိုးတိုးလေးပြောလာ၏။

စူးယွင်သည် သူမ၏လက်ကို ဖြေလျှော့လိုက်ပြီးပြုံးကာဖြင့်

"ဘာမှမဟုတ်ပါဘူး ကျေးဇူးတင်ဖို့ မေ့သွားလို့ပါ"

"အိုး"

ထိုသို့ပြောပြီးနောက် သူသည်တံခါးအားဖွင့်ကာ ထွက်ခွာသွားတော့သည်။

ပစ္စည်းအပုံလိုက်နှင့် ပွင့်ဟနေသောတံခါးမှ တိုက်ခတ်ဝင်ရောက်လာသည့် အေးစက်စက်လေတို့ဖြင့် အခန်းထဲတွင် စူးယွင်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။

သူမသည် ခြေတစ်ဖက်တည်းဖြင့် ခုန်ဆွခုန်ဆွသွားကာ အဝတ်အစားလဲပြီးနောက်၌ ခြေထောက်အားဆေးလိမ်းလိုက်သည်။

နောက်တစ်နေ့ စူးယွင်နိုးလာချိန်တွင် ခြေထောက်မှာ ချ၍နင်းနိုင်ပြီဖြစ်သော်လည်း လမ်းလျှောက်သည့်အခါတွင်တော့ နာကျင်မှုကြောင့်ယိုင်တိုင်တိုင် ဖြစ်နေပါသေး၏။

သူမသည်ဆေးထပ်လိမ်းပြီး ပစ္စည်းများကိုထုတ်ပိုးကာ ဆရာတော်ဆီပြန်အပ်ရန်ပြင်ဆင်လိုက်သည်။

"ဒကာမလေးစူး ခဏစောင့်ပါဦး။ဆရာတော်က မိတ်ဆွေတစ်ဦးနဲ့ဆွေးနွေးနေပါတယ်"

"ကျွန်မအတွက် ဆရာတော်ဆီပေး,ပေးလို့ရမလား။ကျွန်မကအလျင်လိုနေတာမလို့ မစောင့်နိုင်လို့ပါ"

"ရပါတယ်......"

တံခါးမှာရုတ်တရက်ပွင့်လာပြီး ဘုန်းကြီးတစ်ပါးပေါ်လာလေ၏။

"ဒကာမလေးစူး ကြွပါ"

"ဒါက......"

"ဆရာတော်က ဒကာမလေးနဲ့စကားစမြည်ပြောချင်တယ်လို့ မိန့်ကြားလိုက်ပါတယ်"

All Chapters