← Chapters

အခန်း (၁၀၈+၁၀၉)

Vol. 11 Ch. 108+109

အခန်း (၁၀၈+၁၀၉)

Vol. 11 Ch. 108+109

Ch-108+109

စူးယွင် ခေါင်းမော့ကြည့်လိုက်ရာ အချိန်နောက်ကျနေပြီကို သတိပြုမိလိုက်သည်။သူမပြောလိုက်၏။

"ဒီနှစ်ရက်အတွင်း ကျွန်မ‌ကြောင့်အလုပ်တွေနှောင့်နှေးခဲ့ရပြီ။အခုပြီးပြီဆိုရင်တော့ သွားနားလို့ရပါပြီ"

အမျိုးသမီးကျောက်လည်း သူတို့ပြီးလုနီးပြီဖြစ်သောကြောင့်အပ်နှင့်အပ်ချည်ကိုချကာ ဘယ်ဘက်လက်ဖြင့် ညာဘက်လက်ကောက်ဝတ်ကို ဆုပ်နယ်လိုက်သည်။

"ကောင်းပြီလေ။ဒါပေမယ့် သိပ်နောက်ကျအောင်မနေနဲ့နော်။ခဏ‌နေရင်အခန်းထဲသွားအနားယူတော့"

"အင်း"

စူးယွင်သည် မျက်လုံးပင်မော့မကြည့်တော့ဘဲလုပ်လက်စအလုပ်ကို ဆက်လုပ်နေလိုက်သည်။အမျိုးသမီးကျောက်မှာ ပန်းထိုးခြင်းသည် အာရုံစူးစိုက်မှုလိုအပ်သည်ကိုသိသောကြောင့် သူမကို အနှောင့်အယှက်မပေးဝံ့တော့ချေ။

အမျိုးသမီးကျောက်ထွက်သွားပြီးနောက် အခြားသူများလည်း ဖြည်းဖြည်းချင်းနောက်မှလိုက်ကာ ထွက်ခွာသွားကြလေသည်။

ဝမ်လဲ့သည် သူတို့အဖွဲ့ထဲတွင်နောက်ဆုံးမှထွက်သွားသူဖြစ်၏။သူမထွက်သွားသည့်အခါ ခဏတာမျှတွေဝေနေရင်း စူးယွင်ထံစိုက်ကြည့်လိုက်သည်။

စူးယွင်သည် နဖူးစပ်မှဆံပင်များကိုနားနောက်သို့ သပ်တင်လိုက်ပြီး သူမလက်ကောက်ဝတ်ထက်တွင်လည်း အဆင်တန်ဆာတစ်ခုမှရှိမနေပေ။သူမမျက်လုံးများမှာ အပ်နှင့်အပ်ချည်ထက်တွင်သာမြဲမြံစွာရှိနေပြီး အချိန်နောက်ကျနေသော်လည်း သူမ၏လှုပ်ရှားမှုများမှာ အလောသုံးဆယ်ဖြစ်မနေဘဲ ပုံမှန်နှင့်စည်းချက်ညီညီရှိနေသည်။

ချန်းရွှေအာထွက်သွားချိန်တွင် တံခါးကိုလုံးလုံးမပိတ်ခဲ့သည့်အပြင် လက်ရှိမြို့တော်၏လေမှာလည်းအနည်းငယ်အေးလာပြီပင်။

လေတိုက်ကြမ်းလှရာ တံခါးမှတ‌ဝေါဝေါမြည်သံတို့သည်လည်း နားထဲပိုမိုဆူညံလာသည်။

သို့သော် စူးယွင်သည်အပြင်ဘက်မှ သက်ရောက်မှုမရှိဘဲ သူမ၏မူလလှုပ်ရှားမှုများကို ဆက်ထိန်းထားလေ၏။

ဝမ်လဲ့သည် မျက်လွှာချကာ နှုတ်ခမ်းထောင့်တွင်လည်း သိမ်မွေ့သောအပြုံးတစ်ခုအသွင် ကွေးညွတ်သွားသည်။

စူးယွင်၏အာရုံစူးစိုက်မှုမှာ အမှန်တကယ် ချီးကျူးစရာပင်။

ဝမ်လဲ့ထွက်သွားချိန်တွင် သူမနောက်မှတံခါးကို သေချာပိတ်ပေးသွားခဲ့သည်။

စူးယွင်သည် ထိုနေရာတွင်သိပ်ကြာကြာမနေခဲ့ချေ။သူမ၏အလုပ်ကိုလက်စသတ်ပြီးနောက် ရေချိုးရန်အခန်းသို့ ပြန်သွားခဲ့သည်။ထို့နောက် စားပွဲထက်ရှိပန်းသီးတစ်လုံးအားယူကာ ပါးစပ်ထဲထည့်လိုက်၏။

သူမသည်လက်တစ်ဖက်ဖြင့် လိုက်ကာအားဆွဲဖွင့်လိုက်သည်။

*ဘုတ်*

သူမစားလက်စပန်းသီးသည် ကုတင်စွန်းပေါ်ပြုတ်ကျသွားပြီး ပြန်ကန်ထွက်ကာကုတင်ခြေရင်းဆီလှိမ့်ဆင်းသွားလေသည်။

စူးယွင်မှာ လှမ်းကောက်ရန်ငုံ့ကိုင်းလိုက်ရင်း

"ရှင် ဒီမှာဘာလုပ်နေတာလဲ"

သူမသည် အင်္ကျီလက်ဖြင့် ပန်းသီးထက်မှဖုန်များအား သုတ်လိုက်ပြီး အခြားတစ်ဖက်မှလှည့်ကာ ကိုက်လိုက်သည်။

"ပြုတ်ကျသွားရင်မစားနဲ့တော့လေ"

နဉ်ကျင်းသည် လက်ဖြင့်ခေါင်းခုကာမှီနေရာမှ မတ်မတ်ထိုင်လိုက်ပြီး သူမလက်ထဲရှိပန်းသီးကို လှမ်းယူလိုက်သည်။

"သုံးစက္ကန့်ထက်မကျော်သေးဘူး။ဒါ့ကြောင့်မလို့ စားလို့ရတယ်"

စူးယွင်သည်ပြန်ယူလိုက်ပြီး ပါးစပ်ထဲဆက်ထည့်လိုက်သည်။

နဉ်ကျင်းသည်ပြုံးလိုက်ပြီး သူမ၏လက်ထဲမှ ပန်းသီးကိုယူကာ သူမကိုက်ရာအတိုင်းလိုက်ကိုက်လိုက်၏။

"တော်တော်ချိုတာပဲ"

"ကလေးဆန်လိုက်တာ"

စူးယွင်သည်ထိုင်လိုက်ပြီး သူမကုတင်ကို အပိုင်စီးထားသည့် သူ၏ခြေတံရှည်များကို ပုတ်လိုက်သည်။

"ဟိုဘက်တိုးဦး"

"အိုး"

နဉ်ကျင်းသည် နှုတ်ခမ်းစူလိုက်ပြီး အနိုင်ကျင့်ခံရသောကလေးဆန်သည့်ခင်ပွန်းငယ်လေးနှယ် ဖြစ်နေ၏။

စူးယွင်သည် ခြေချိတ်ထိုင်လိုက်ပြီး ခေါင်းစောင်းကာ သူ့ထံကြည့်လိုက်သည်။

"ရှင် ဘယ်လိုလုပ်ပြီးဝင်လာတာလဲ"

"ကိုယ့်ခြေထောက်တွေနဲ့ လမ်းလျှောက်ဝင်လာတာလေ"

နဉ်ကျင်းသည် သူမရင်ဘတ်ရှေ့ကျနေသော ဆံနွယ်တစ်စုကို လက်ချောင်းများဖြင့်နားနောက်သပ်တင်ပေးလိုက်သည်။

"ဘာလဲ ကိုယ့်ကိုပျံပြီးဝင်လာတယ်လို့ ထင်နေတာလား"

စူးယွင်သည် နှာခေါင်းရှုံ့လိုက်ပြီး စကားမပြောနိုင်ဖြစ်သွားရသည်။

"တစ်ကယ်မရယ်ရတဲ့ဟာသပဲ"

"ကိုယ်ကနောက်ဖေးတံခါးနားက သစ်ပင်ပေါ်တက်ပြီး နံရံကိုကျော်ဝင်လာတာ"

သူမသည် ဤစကားအားကြားရသော်လည်း သိပ်မအံ့သြပေ။သူသည် ယခင်၌ကိုယ်ခံပညာအား လေ့ကျင့်ခဲ့ဖူးကြောင်း ဆရာတော်ထံမှသိထားပြီးဖြစ်သည်။သို့သော် သူမသည်စိုးရိမ်စိတ်တော့ အနည်းငယ်ခံစားလိုက်ရ၏။

"ရှင့်ကိုမိသွားရင် ဘယ်လိုလုပ်မလဲ။တစ်ကယ်ကြီး ဒုက္ခရောက်သွားမှာနော်"

"ရှင်ကသန်မာတယ်ဆိုပေမယ့် အချက်ငါးဆယ်ရိုက်ခံရရင်တော့ဒုက္ခရောက်မှာပဲ"

ရှန်းကျစ်ဟွိုက်သည် ရုန်စာအား နောက်ဆုံးအကြိမ်၌အပြစ်ပေးခဲ့ပြီးနောက်တွင် စူးယွင်မှာအဖွဲ့အစည်း၏လက်စွဲစာအုပ်ကို သေချာဖတ်ရှုလေ့လာရန် ညဉ့်နက်သည်အထိအိပ်ရာမဝင်ခဲ့ရပေ။

"ကိုယ့်ကို စိတ်ပူနေတာလား"

နဉ်ကျင်းသည်မျက်ခုံးပင့်လိုက်ပြီး သူမ၏ဆံနွယ်တစ်စုကို သူ၏နှာခေါင်းရှေ့ထားကာ နမ်းရှိုက်လိုက်သည်။

"အရမ်းမွှေးတာပဲ"

ဤသည်မှာသူမရေချိုးပြီးကာစတွင် ခံစားရနိုင်မည့် စံပယ်ရနံ့ဖြစ်သည်။

စူးယွင်သည် စိတ်ပျက်အားလျော့သောအကြည့်ဖြင့် သူ့ထံကြည့်လိုက်ပြီးသူ၏လက်ထဲမှ ဆံပင်ကို ဆွဲထုတ်လိုက်၏။

"ရှင့်စိတ်ကတကယ်ကို ရှုပ်ထွေးနေတာပဲ။အတည်အတံ့လေးပြောလို့ မရဘူးလား"

နဉ်ကျင်းသည် သူမလက်အားကိုင်ထားရင်း အသာရယ်မောလိုက်သည်။

"စိတ်ဆိုးသွားတာလား"

နောက်တစ်ခဏတွင်ပင် သူ့ရှေ့ရှိအမျိုးသမီးမှာ မျက်လွှာပင့်ကြည့်လာပြီး မျက်လုံးများအားအတန်ငယ်မှေးကျဉ်းလိုက်ပေသိ ဘာမှပြောမလာပေ။

နဉ်ကျင်းသည် သူမ၏မျက်နှာအားလက်တစ်ဖက်ဖြင့် ပွတ်သပ်လိုက်ပြီးပြောလာသည်။

"ကိုယ်နဲ့သိတဲ့သူတွေ ဒီမှာရှိပါတယ်။ဘာကိုကြောက်နေရမှာလဲ"

"ဒီလောက်ထိကံကို အားကိုးမနေနဲ့။ဌာနအကြီးအကဲနဲ့ညွှန်ကြားရေးမှူးကိုသိတယ်ဆိုရင်တောင် အမိခံရရင်ပြင်းပြင်းထန်ထန် အပြစ်ပေးခံရတာကို ရှောင်လွှဲနိုင်မှာမဟုတ်ဘူး"

သူမ၏စကားအား နဉ်ကျင်းမှဆက်ပြောလာ၏။

"ဒါဆို ကိုယ်ပိုပြီးသတိထားပါ့မယ်"

"ရှင်အခုပြန်သွားသင့်ပြီ"

သူမသည် ပြတင်းပေါက်စက္ကူမှတဆင့်အပြင်ဘက်ကောင်းကင်ထံကြည့်လိုက်သည်။

"ဒီအချိန်ဆို လူသိပ်မရှိဘူး။ရှင်အမိမခံရအောင် သတိထားသွားရင်ရပြီ"

"ဟား"

နဉ်ကျင်းသည် စူးယွင်၏လက်ကောက်ဝတ်အား ဆုပ်ကိုင်၍လှန်ချလိုက်ကာ သူမကိုသူ့အောက်သို့ ဖိချလိုက်၏။

"ရှင်....အွန်း"

သူသည်သူမ၏နှုတ်ခမ်းများအား ဖုံးအုပ်လိုက်ပြီး သူ၏စကားလုံးများအားလုံးကို သူတို့၏ဖလှယ်မှုတွင်းဝယ် ဖုံးကွယ်ထားလိုက်‌တော့သည်။

နဉ်ကျင်း၏လက်ချောင်းများမှာ သူမ၏နီရဲနေသောနှုတ်ခမ်းများကို ပွတ်သပ်နေလိုက်၏။သူသည် သြရှရှအသံနှင့်အတူ အပြစ်တင်သလိုလေသံဖြင့် ဖြည်းဖြည်းချင်းပြောလာသည်။

"မင်းကကိုယ့်ကို မောင်းထုတ်ချင်သေးလား"

"ကျွန်မရှင့်ကို မောင်းထုတ်ချင်တာမဟုတ်ပါဘူး"

စူးယွင်သည် သူ့အားစိုက်ကြည့်လိုက်သည်။သူမ၏မျက်လုံးများတွင် သူတို့၏ရင်းနှီးမှုအပြီး၌ ကျန်ရစ်ခဲ့သော နူးညံ့မှုများဖြင့်ပြည့်နှက်နေ၏။

"ဒါပေမဲ့ ကျွန်မတို့အမိခံရရင် ရှင်......အွန်း"

သူသည်သူမ၏နှုတ်ခမ်းများကိုငြင်သာစွာနမ်းရှိုက်လိုက်ပြီး ခဏချင်းအတွင်းပင် သူမသည်သူမှတီးတိုးပြောလာသည်ကို ကြားလိုက်ရသည်။

"ကိုယ်မသွားချင်သေးဘူး ရမလား"

စူးယွင်သည် မျက်တောင်ခတ်လိုက်မိ၏။ဆက်တိုက်ဖြစ်ပေါ်လာသော တိုက်ခိုက်မှုများမှာဆက်လက်ဖြစ်ပေါ်နေပြီး သူမ၏စိတ်ထဲရှိရှုပ်ထွေးမှုအနည်းငယ်ကြောင့် လက်မခံချင်ခံချင်ဖြင့်သဘောတူလိုက်ရသည်။

နောက်တစ်နေ့မနက်တွင် စူးယွင်သည်ပုံမှန်ထက် နာရီဝက်နောက်ကျပြီးမှနိုးလာ၏။သူမသည် စောင်အားလှန်၍ အိပ်ရာထတော့မည့်အချိန်တွင် သန်မာသောလက်တစ်ဖက်မှာ သူမအားပြန်ဆွဲချလိုက်သည်။နဉ်ကျင်းသည် မျက်လုံးများအားမှိတ်ထားလျက်ဖြင့် သူမ၏လည်တိုင်ထက်ခေါင်းတင်ကာ အသံအက်အက်ဖြင့် ပြောလာ၏။

"မနေ့ညက အိပ်ရာဝင်တာနည်းနည်းနောက်ကျသွားတယ်လေ။ခဏလောက်ထပ်အိပ်လိုက်ပါဦး"

ဟွန့် ! ယောင်္ကျားတွေများ!

မနေ့ညကရပ်ဖို့ပြောတုန်းကကျ ဘာလို့အချိန်ကိုဂရုမစိုက်တာလဲ။

"လွှတ်တော့ ကျွန်မမှာလုပ်စရာတွေရှိသေးတယ်"

နဉ်ကျင်းသည် သူမအားအမြန်ဖက်လိုက်သော်လည်း ခပ်မြန်မြန်ပင်ပြန်လွှတ်ပေးလိုက်သည်။

သူသည်အလုပ်ကြမ်းပိုးအမျိုးသမီးလေးကို နှောင့်နှေးစေခြင်းမျိုးအား မလုပ်သင့်ကြောင်းပိုသိလေ၏။

စူးယွင်သည် အိပ်ရာမှထပြီးထွက်သွားချိန်တွင် သူ့ထံနှုတ်ဆက်စကားတစ်ခွန်းချန်ထားခဲ့ရန် မမေ့ခဲ့ပေ။

"ရှင်နိုးလာရင် လူသိပ်မရှိတဲ့အချိန်ကိုရှာပြီး မြန်မြန်ထွက်သွားနော်။ဒီမှာ ‌ဆက်ပြီးနေမနေနဲ့။ရှင့်အတွက် အချိန်ဖြုန်းပေးဖို့ ကျွန်မမှာအချိန်မရှိဘူး"

မနေ့ညမှအဖြစ်အပျက်မျိုးသာ မကြာခဏဆိုသလို ဖြစ်ပျက်နေပါကသူမတွင်အလုပ်လုပ်ရန်အချိန်ပင် ရှိတော့မည်မဟုတ်ပေ။

နဉ်ကျင်း၏မှေးစင်းနေသောမျက်လုံးများမှာ ရုတ်ချည်းပြူးကျယ်သွားပြီး သူမ၏ခံစားချက်မရှိသော ကျောပြင်ထံစိုက်ကြည့်ကာ ခပ်ဖွဖွရယ်လိုက်မိသည်။

သူနဲ့အတူအိပ်ပြီး နောက်ကျချက်ချင်းကန်ထုတ်ခံရတယ်ပေါ့လေ။သူမထံတွင် လောကဝတ်ဆိုသည်မျိုးလုံးဝမရှိပေ။

စူးယွင်ရောက်ရှိလာချိန်တွင် ရှောက်ချီသည်ချက်ချင်းဆိုသလိုသူမထံ ချဉ်းကပ်လာသည်။

"ညီမစူးယွင် ဒီနေ့ဘာလို့ဒီလောက်နောက်ကျတာလဲ"

စူးယွင်သည် ကသိကအောက်ဖြစ်ဟန်ဖြင့်သူမ၏အကြည့်အား ရှောင်လိုက်သည်။

"ကိစ္စတစ်ခုပေါ်လာလို့ပါ။ငါအခုအလုပ်စတော့မှာ။နင်လည်း ပိုပြီးအာရုံစိုက်သင့်တယ်"

သူမထိုင်လိုက်သည်နှင့် ချန်းရွှေအာမှာပြေးလာလေ၏။

"ရှုပိုးထည်တွေကုန်နေပြီ။ဘယ်လိုလုပ်ရမလဲ"

"မရှိတော့ဘူးလား"

"အများကြီးထုတ်ပေးနိုင်တာမျိုးမဟုတ်တဲ့ ပစ္စည်းဖြစ်တဲ့အပြင် ဒီရက်ပိုင်းထဲဝင်ပေါက်ပိတ်ဆို့နေတာမလို့ ငါတို့ဌာနကို အထက်လူကြီးတွေကမကျေမနပ်ဖြစ်နေတာ‌လေ။အဲ့တော့ကုန်ပစ္စည်းအသစ်တွေရောက်ဖို့ နှောင့်နှေးနေတယ်"

"ကိစ္စမရှိပါဘူး"

စူးယွင်သည် မတ်တပ်ရပ်လိုက်ပြီးပြောလာ၏။

"အစ်မဝမ်ဆီမှာ အချို့ပစ္စည်းတွေကိုအရံသိမ်းထားတာရှိလိမ့်မယ်။ငါသွားယူလိုက်မယ်"

အမျိုးသမီးကျောက်မှာ သူမအားတားလိုက်သည်။

"အပြင်မှာ လူတွေအရမ်းများတယ်။နင်သွားရင် လုံခြုံမှာမဟုတ်ဘူး"

"ကျွန်မကိုယ်တိုင်သွားရင် ပိုမြန်လိမ့်မယ်"

"ဒါပေမယ့်......"

"ငါနင်နဲ့အတူ လိုက်ခဲ့မယ်"

ခပ်လှမ်းလှမ်းတွင်ထိုင်နေသော ဝမ်လဲ့သည် မတ်တပ်ရပ်လိုက်ပြီး

"နှစ်ယောက်ပေါင်းပြီးလုပ်တာ ပိုကောင်းတယ်"

စူးယွင်သည် သူမထံကြည့်၍ခေါင်းငြိမ့်ပြလိုက်သည်။

"ကောင်းပြီ"

သူတို့တံခါးအနီးသို့ရောက်သည်နှင့် ကြက်ဥစိမ်းတစ်လုံးမှာ သူတို့ဘက်ရုတ်ချည်းပစ်ပေါက်ခံလိုက်ရသည်။

စူးယွင်သည် ဝမ်လဲ့၏အင်္ကျီလက်အားဆွဲ၍ နောက်ဆုတ်လိုက်၏။

"သတိထား"

အခွံနှင့်ရောနေသည့်ကြက်ဥသည် သူတို့ခြေထောက်နားတွင် ကျရောက်သွားသည်။

"အဖွဲ့အစည်းကလူတွေကို လူကြားထဲကြက်ဥပုပ်တွေနဲ့ ပစ်ပေါက်လိုက်တာလား။ဘာလဲ အာဏာပိုင်တွေရဲ့ရိုက်နှက်တာကို ခံချင်လို့လား"

စူးယွင်သည် သူတို့ထံ စောင်းငဲ့ကြည့်လိုက်သည်။

"ဒီကာလအတွင်းမှာ ရှင်တို့ကယုံကြည်မှုအတုအယောင်တွေများရသွားတာလား။ရှင်တို့အပေါ် ကျွန်မတို့ဘာမှလုပ်လို့မရဘူးဆိုပြီးတကယ်ထင်နေတာလား"

သူမသည် သူတို့နှင့်ပြဿနာမတက်ချင်သောကြောင့် သူတို့အားမောင်းမထုတ်သေးခြင်း ဖြစ်သည်။သို့သော် သူတို့မှာတစ်ကယ်ပင် အတိုင်းအတာတစ်ခုအထိ ကျော်လွန်လာပါက အဖွဲ့အစည်းအား ခပ်ပေါ့ပေါ့သဘောထား၍မရနိုင်တော့ပေ။

"ငါတို့‌တွေကကြောက်မယ်လို့များ မင်းကထင်နေတာလား"

သူတို့ထဲမှတစ်ယောက်သည် ခြင်းထဲမှဂေါ်ဖီထုပ်အပုပ်တစ်ထုတ်ကိုယူကာ အားဖြင့်ပစ်ပေါက်လိုက်သည်။

"ငရဲကိုသွားကြ"

"ရှင်တို့တွေ...."

သူတို့၏အပြုအမူမှာ တစ်ကယ်ကိုစိတ်အနှောင့်အယှက်ဖြစ်စေသည်။

"မိန်းကလေးဝမ် လူနှစ်ယောက်လောက်သွားရှာလာခဲ့"

သူတို့နှင့်ပဋိပက္ခဖြစ်ခြင်းမှ ရှောင်ရှားရန်တံခါးဝမှ အစောင့်များအားဤအချိန်အတွင်း အခြားနေရာများသို့ ပြောင်းရွှေ့ထားခဲ့သည်။ဝမ်လဲ့သည် စူးယွင်၏လက်မောင်းထက် သူမလက်တင်လိုက်ပြီး မျက်လုံးများတွင်လည်း စိုးရိမ်ပူပန်မှုများဖြင့်

"သတိထားနော်"

"အဆင်ပြေပါတယ်"

စူးယွင်သည် ပြုံးလိုက်ပြီး စနောက်လိုသော အမူအရာဖြင့်

"ငါကဒီလိုပြောနေပေမယ့် နင့်ဘက်ကမြန်မြန်လုပ်တာပိုကောင်းမယ်နော်။ငါကအသီးအရွက်ပုံတော့မဖြစ်ချင်ဘူး"

သူမသည်ပြောနေရင်း ခပ်လှမ်းလှမ်းရှိခြင်းကြီးထံတစ်ချက်ကြည့်လိုက်သည်။

ကြက်ဥများ၊ပုပ်နေသော ဂေါ်ဖီထုပ်များ၊အနံ့ဆိုးထွက်နေသည့် ပေါင်မုန့်များ၊အသားပုပ်များ။

သူမသည် နဖူးအားပွတ်သပ်လိုက်သည်။

ထိုပစ္စည်းတို့ကို အချိန်အတော်ကြာစုဆောင်းထားခဲ့ရပေမည်။

သို့သော် ထိုအရာများသည် အမှိုက်များသာ ဖြစ်သည်။

ဝမ်လဲ့သည် စိတ်ပျက်အားလျော့ဟန်ဖြင့် နှုတ်ခမ်းတွန့်လိုက်မိ၏။

"ဒီလိုအချိန်မျိုးမှာတောင် နင်ကနောက်ပြောင်နိုင်သေးတယ်"

ဤအခြေအနေမျိုးတွင်ပင် သူမသည်စနောက်နိုင်စွမ်းရှိနေသေးသည်။

သူမထွက်သွားသည်နှင့် စူးယွင်သည်ချက်ချင်းလေးနက်သွား၏။သူမမှ ပြောလိုက်သည်။

"ရှင်တို့အခုထွက်သွားဖို့ ကျွန်မအကြံပြုတယ်။မဟုတ်ရင်တော့ ရှင်တို့နဲ့စကားပြောဖို့အတွက် အာဏာပိုင်တွေဆီတစ်ကယ်ခေါ်သွားရလိမ့်မယ်"

သူမသည် ပြဿနာကို ရှောင်ရှားလို၏။ကိစ္စများထိန်းမနိုင်သိမ်းမရဖြစ်သွားပါက ရှုပ်ထွေးမှုများသာဖြစ်လာပေလိမ့်မည်။

"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့။မင်းရဲ့ဌာနအကြီးအကဲ ဒီနေ့လာရင်တောင်ငါတို့ကကြောက်နေမှာမဟုတ်ဘူး"

သူတို့၏နောက်ကွယ်တွင် တစ်စုံတစ်ယောက်၏ အထောက်အပံ့ရှိနေသောကြောင့် လမ်းများပေါ်တွင် ခေါင်းမော့သွားနိုင်ပြီး အပြင်ဘက်တွင် စခန်းချနေနိုင်ခြင်း ဖြစ်သည်။

"ကောင်းပြီ။ရှင်တို့က အကြီးအကဲပါပဲ"

စူးယွင်သည် တံခါးအားမှီကာ ခြေတစ်ဖက်ကိုကွေး၍ တံခါးထံဖိထားလိုက်သည်။ကြမ်းပြင်ထံသာ အာရုံလွှင့်နေဟန်ဖြင့်စိုက်ကြည့်နေ၏။

သူတို့မကြောက်ဘူးဆိုရင် သူမကလည်းဒီအတိုင်းလေးချုပ်တည်းနေမှာ မဟုတ်ဘူးလေ။

"မင်းကစူးယွင်မလား"

လူတစ်ယောက်မှ သူမကအားမေးလိုက်သည်။

သူမသည် မျက်လုံးအားပျင်းရိဟန်ဖြင့် ပင့်ကြည့်လိုက်၏။သူမအားသူတို့မှတ်မိခြင်းအတွက် မအံ့သြပေ။

"ပြီးခဲ့တဲ့တစ်ခေါက်က ဘာလို့ငါတို့ကိုလိမ်ရတာလဲ ပြောပါဦး"

စူးယွင်သည် စကားမပြောပဲပြုံးရုံသာပြုံးလိုက်သည်။

"အစ်ကိုကြီး ကျွန်မကပြောပြရင်ရော ရှင်တို့ကကျွန်မကို သွားခွင့်ပေးမှာမလို့လား"

"အင်း....."

"ရှင်တို့ကသွားခွင့်ပေးမှာမဟုတ်ဘူးမလား။ဒါဆိုရင် ကျွန်မပြောချင်တာက ရှင်တို့ကပဲတုံးအနေတာလား ဒါမှမဟုတ် ကျွန်မကပဲမိုက်မဲနေလို့လား"

"မင်း....."

"ရှင်တို့မိုက်မဲတယ်ဆိုတာ ကျွန်မသိပါတယ်။ဆက်ပြီးအလေးပေးပြောနေစရာမလိုပါဘူး"

"ကောင်းပြီ မင်းပါးစပ်ကတော်တော်ထက်ပါတယ်။ငါတို့မင်းကို စကားနဲ့အနိုင်မပိုင်းနိုင်ပါဘူး"

"လာစမ်း ပစ်ကြ"

စူးယွင်သည် သူတို့ခြင်းထဲသို့လက်လှမ်းနေသည်အားမြင်သောအခါ ခဏတာမျှထိတ်လန့်သွားခဲ့ပြီး အသံကိုချက်ချင်းနူးညံ့ပစ်လိုက်သည်။

"ခဏလေး ခဏလေး အစ်ကိုကြီးတို့ရယ် စိတ်အေးအေးထားပါဦး။ကျွန်မခုနကပြောတာကို ပြန်ရုပ်သိမ်းပါတယ်။အစကနေ ပြန်စပြောကြရအောင်လေ"

သူမသည် သူတို့ထံမကြည့်ရဲတော့ဘဲ ကျောခိုင်းလိုက်ရ၏။

အရှက်မရှိတဲ့ လူတစ်စုပဲ။အမြဲတမ်းအုပ်စုဖွဲ့ပြီးအားနည်းသူကိုဝိုင်းအနိုင်ကျင့်နေကြတာ။တစ်ယောက်ချင်းဆိုရင်တော့ ရှင်တို့ရဲ့သွားတွေကိုချိုးပြီး ဝက်တွေကိုကျွေးပစ်မယ်။

သူမသည်မျက်နှာအား လက်နှစ်ဖက်ဖြင့်ဖုံးအုပ်လိုက်ပြီး ပိတ်ထားသောဂိတ်တံခါးရှိ အပေါက်လေးထဲမှနေ ချောင်းကြည့်လိုက်သည်။

ဝမ်လဲ့ကအခုထိ မရောက်သေးဘူးလား။

သူတို့ကငါဒုက္ခရောက်နေပြီဆိုတာကို သိ‌ရောသိသွားကြပြီလား။

ထားလိုက်ပါတော့ သူရဲကောင်းတစ်ယောက်ဆိုတာ လက်စားချေဖို့ဆယ်နှစ်ကြာရင်တောင် ကိစ္စမရှိပါဘူး။

စူးယွင်၏နှလုံးသားသည် ပြာကျသွားသလို ခံစားရပြီး သူမသည်ဒူးတုပ်ထိုင်ချလိုက်ကာ ပစ်ပေါက်လာမည်အားစောင့်နေလိုက်သည်။

စက္ကန့်အနည်းငယ်ကြာပြီးသည်ထိ ဘာမှဖြစ်မလာခဲ့ပေ။

သူမ၏မျက်ခုံးများမှာ အံ့သြတကြီးဖြင့်မြင့်တက်သွားရသည်။

သူတို့သတိပြန်ဝင်လာပြီး သူမကိုသက်ညှာဖို့ ဆုံးဖြတ်လိုက်တာလား။

"ဘတ်"

ဟင်းသီးဟင်းရွက်များပစ်လိုက်သည့်အသံပင်။

အဲဒီအသံက ဘယ်ကရောက်လာတာလဲ။

စူးယွင်သည်ဝေခွဲမရဖြစ်နေရင်းမှ လက်ကိုအောက်ချလိုက်ပြီး လှည့်ကြည့်လိုက်သည်။နှစ်ဖက်စလုံးရှိ လူများမှာတစ်ဦးကိုတစ်ဦး ပစ္စည်းများဖြင့်ပစ်ပေါက်နေကြပြီး အပြန်အလှန်ပစ်ပေါက်မှုများသည်လည်း စည်းချက်တစ်ခုဖြင့်ရှိနေတော့၏။

ပစ်ချသံများကြားတွင် အောက်ပါကဲ့သို့သော ဆဲဆိုသံများကိုပါ ကြားလိုက်ရပါသေးသည်။

"ကျန်းခွာ မင်းကိုယ့်ကိုယ်ကိုတော်တယ်လို့များထင်နေတာလား။ငါ့ရှေ့မှာသူ့ကိုပစ္စည်းတွေနဲ့ ပစ်ပေါက်ရဲနေတယ်ပေါ့လေ"

"ဝမ်ကျီ မင်းထမင်းနှစ်ပန်းကန်ပိုစားခဲ့ရုံနဲ့ အထင်ကြီးစရာကောင်းတယ်လို့မထင်နဲ့။ကျန်းခွာဆိုတဲ့ငါက တစ်ယောက်ယောက်ကို သင်ခန်းစာပေးချင်ရင် မင်းနဲ့ဘာမှမဆိုင်ဘူးကွ"

ဝမ်ကျီသည်ပုပ်နေသော အသားတစ်ဖဲ့ကို ကောက်ယူပြီး ကျန်းခွာ၏မျက်နှာပေါ်ပစ်ပေါက်လိုက်သည်။

"ငါဆိုတဲ့ဝမ်ကျီက ဒီမှာရှိနေသရွေ့ စူးမိန်းကလေးကို အနိုင်ကျင့်တာဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူး"

"မင်း ပါးစပ်ကိုပိတ်ထားစမ်း။မင်း လူအိုကြီး"

ကျန်းခွာသည် သူ၏မျက်နှာထက်မှအစွန်းအထင်းများအား ပြီးစလွယ်သုတ်ချလိုက်သည်။

"ဝမ်ကျီ ငါမင်းကို ဒီနေ့ဒူးထောက်ရအောင် မလုပ်နိုင်ဘူးဆိုရင် မင်းမြင်ရလိမ့်မယ်"

ကြက်ဥပုပ်တစ်လုံးသည် ဝမ်ကျီ၏ခေါင်းထက်သို့ တည့်တည့်ကျရောက်သွားသည်။

ခေါင်းဆောင်ဖြစ်သူမှာ ဒေါသထွက်နေပြီးသူ၏နောက်လိုက်များသည်လည်း အလျှော့ပေးခြင်းမရှိပေ။

"ရပ်ကြပါတော့"

စူးယွင်သည် အသံကျယ်ကျယ်ဖြင့်အော်လိုက်သည်။

"လူအိုကြီးတွေတစ်စုလုံး တံခါးဝမှာသဲအိတ်တွေ ပစ်ပေါက်နေကြတာ ကျွန်မသာရှင်တို့ရဲ့ကလေးတွေဆိုရင် မျက်နှာပြဖို့တောင်ရှက်နေရလိမ့်မယ်"

"ရပ်တော့ အခုချက်ချင်း ရပ်လိုက်ကြ"

သူမသည် မည်သူ့ကိုမျှဆွဲထုတ်ရန် စစ်မြေပြင်ထဲသို့ အပြေးအလွှားမဝင်ဝံ့သောကြောင့် ခွန်အားသုံး၍အော်ဟစ်နိုင်ရုံသာတတ်နိုင်လေသည်။

"မြန်မြန်ရပ်ကြပါတော့"

စူးယွင်သည် ခါးထောက်လျက် တံခါးဝတွင်ရပ်နေပြီး သူမမျက်လုံးများသည် အုပ်စုနှစ်ဖွဲ့ကြားအဆက်မပြတ် ရွေ့လျားနေလေ၏။

ဒါတွေက ဘယ်လိုပေါက်တက်ကရတွေလဲ။

အနီးအနားမှာစိတ်ရောဂါကုဆေးရုံများရှိလားဟင်။သူတို့အားလုံးက ဆယ်ရက်ဖြစ်ဖြစ် လဝက်လောက်ဖြစ်ဖြစ် သွားနေသင့်တယ်နော်။

"မြန်မြန် သူတို့ကိုဒီကနေခေါ်ထုတ်သွားပေး"

ဝမ်လဲ့သည် လူအုပ်နှင့်အတူရောက်ရှိလာသည်။

"သူတို့ကို အာဏာပိုင်တွေဆီခေါ်သွားပေး။သူတို့ကို ကျွန်မနောက်တစ်ခါမတွေ့ချင်တော့ဘူး"

"နောက်ဆုံးတော့ နင်ရောက်လာပြီ"

စူးယွင်သည် စိတ်သက်သာရာရသွားပုံဖြင့်ပြောလိုက်သည်။သူမသည် ဝမ်လဲ့ထံလျှောက်သွားပြီး သူမလက်အားကိုင်လိုက်ကာ

"သူတို့အကုန်လုံးက ရူးနေကြတာ"

အစောင့်များသည် လျင်မြန်စွာပင်လုပ်ဆောင်ခဲ့ပြီး အဖွဲ့များအားခွဲထုတ်ခဲ့သည်။

"မိန်းကလေးတို့ အခုဘာဆက်လုပ်ရမလဲ"

"သင့်တော်တဲ့သင်ခန်းစာပေးဖို့ အာဏာပိုင်တွေဆီသာ ခေါ်သွားလိုက်ပါ"

စူးယွင်သည် ကျန်းခွာနှင့်သူ၏အဖွဲ့ထံ လက်ညှိုးထိုးပြလိုက်သည်။

"ဒါပေမယ့်......"

အစောင့်သည် တုံ့ဆိုင်းသွားရသည်။အဘယ့်ကြောင့်ဆိုသော် အထက်လူကြီးများမှဝင်မပါရန် အမိန့်ပေးထားသောကြောင့်ပင်။

"ကိစ္စမရှိပါဘူး ကျွန်မတာဝန်ယူပါ့မယ်"

"နားလည်ပါပြီ"

အစောင့်များသည် မကြာသေးမီကတည်းမှအမိန့်များကြောင့် စိတ်ပျက်အားငယ်နေခဲ့ရ၍ အရေးယူရမည့်အချိန်ရောက်သောအခါ လျင်မြန်ထိရောက်စွာ လုပ်ဆောင်ခဲ့ကြသည်။

ဤအဖြစ်အပျက်အား အကျဉ်းချုပ်ပြီးနောက်တွင် အမျိုးသမီးနှစ်ဦးမှာလျင်မြန်စွာ ပြန်လာပြီး ရှုပိုးထည်များကိုခွဲဝေကာ သူတို့အလုပ်များအား ပြန်စတင်ခဲ့ကြ၏။

ညနေပိုင်းတွင် တံခါးဝမှအခြေအနေအားကိုင်တွယ်ရန်အတွက် စူးယွင်သည်အလုပ်ပြီးသည်နှင့် ရုန်စာအားရှာဖွေရန် ရှေ့ခြံဝင်းဆီသွားလိုက်သည်။

သူမပြန်ရောက်ပြီးနောက် ရုန်စာ၏ခြေထောက်သည်လည်း ပြန်လည်လှုပ်ရှားနိုင်ခဲ့ပြီး ယခုအချိန်တွင်‌တော့ရုံးခန်းထဲတွင် အချို့သောအလုပ်များကို ကိုင်တွယ်ဖြေရှင်းနေနိုင်ပြီပင်။

"အကြီးအကဲရုန်ကို တွေ့လို့ရမလား"

"စူးမိန်းကလေး လာပါ"

ရို့အာသည် တံခါးအားတွန်းဖွင့်လိုက်သည်။

စူးယွင်မှာခေါင်းငြိမ့်ပြလိုက်၏။

"ကျေးဇူးတင်ပါတယ်"

"အကြီးအကဲ တံခါးဝကအခြေအနေနဲ့ပက်သက်ပြီး....."

စူးယွင်သည် လမ်းလျှောက်ဝင်လာရင်းပြောနေရာမှ ရုတ်ချည်းမျက်လုံးများပြူးကျယ်သွားရသည်။

"ရှင်ကဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"

All Chapters