အခန်း (၁၁၂+၁၁၃)
Vol. 12 Ch. 112+113
Ch-112+113
စူးယွင်သည် သူမ၏အဆင့်အတန်းမှာမမြင့်ကြောင်းသိထား၍ ရုန်စာအားစောင့်ရန် ဘေးသို့ဆုတ်လိုက်သည်။
ဤနေရာမှလူများသည် အဖွဲ့အစည်းအစုံမှ လာကြခြင်းဖြစ်ပြီး စူးယွင်သည်သူတို့နှင့်ရင်းနှီးခြင်းမရှိပေ။သူမပတ်ဝန်းကျင်အား တစ်ချက်ဝေ့ကြည့်ပြီးနောက် ထောင့်တစ်နေရာတွင်သာ တစ်ယောက်တည်းထိုင်၍ အချိန်ဖြုန်းနေလိုက်၏။
သူမသည်ခေါင်းငုံ့ကာ ကြွေပန်းဆံထိုးအားဖြုတ်ယူ၍ လက်ထဲထည့်ကစားနေလိုက်သည်။
သူမ၏လက်ချောင်းများသည် ၎င်းပေါ်ရှိ ပန်းပွားများကို လျစ်လျူရှုဟန်ဖြင့်ပွတ်သပ်နေပြီး မကြာမကြာဆိုသလို မျက်လုံးများသည် ပိတ်ထားသော တံခါးဆီသို့ ရောက်သွားတတ်၏။
သူတို့အနေဖြင့် မည်မျှကြာကြာဆွေးနွေးနေကြမည်ဆိုသည်ကိုတော့ သူမ,မသိပေ။
အရမ်းပျင်းစရာကောင်းတာပဲ ပြန်ချင်နေပြီ။
"စူးမိန်းကလေး"
"ဟုတ်"
စူးယွင်မှာ ခေါင်းမော့၍ သူမအားခေါ်လိုက်သူထံ ကြည့်လိုက်သည်။သူမသည်လည်း ခေါင်းပြန်ငြိမ့်ပြ၍နှုတ်ဆက်လိုက်၏။
"မိန်မိန်းကလေး"
ယဉ်ကျေးသော်ငြား အရောတဝင်မရှိပေ။
မိန်ရှုသည်ပြုံးပြလာပြီး ခြေနှစ်လှမ်းရှေ့တိုးကာ ပြောလာ၏။
"ကျွန်မတို့တွေမတွေ့တာတောင်ကြာပြီနော်။စူးမိန်းကလေးကတော့ အရင်အတိုင်းကျက်သရေရှိရှိနဲ့ဆွဲဆောင်မှုရှိနေတုန်းပဲ"
"ကျေးဇူးပါ"
စူးယွင်သည်ပြန်ဖြေလိုက်ပြီး ခေါင်းထက်ဆံထိုးအားပြန်တပ်လိုက်၏။
"မိန်မိန်းကလေးဆီမှာ ကျွန်မနဲ့ဆွေးနွေးစရာ တစ်ခုခုများရှိနေလို့လားမသိဘူး"
ထိုဖြစ်ရပ်ပြီးနောက် အဝတ်အထည်ဌာနနှင့် အစားအသောက်ဌာနကြားရှိ မသင့်မြတ်မှုမှာကွယ်ဝှက်ထားသည့်ကိစ္စမှနေ ပွင့်ပွင့်လင်းလင်းချပြလာသည့်ကိစ္စဖြစ်လာခဲ့သည်။နှစ်ဖက်စလုံးသည် လူအများရှေ့တွင် အပေါ်ယံဆက်ဆံရေးကိုသာ ထိန်းသိမ်းထားကြပြီး သီးသန့်တွေ့ဆုံကြချိန်တွင်မူတစ်ဦးကိုတစ်ဦး အေးစက်စက်ပင်ဆက်ဆံကြ၏။
မိန်ရှုမှ ရုတ်တရက်ကြီးသူမထံနှုတ်ဆက်လာသည်မှာ စူးယွင်အားသတိကပ်နေရမည့် အကြောင်းရင်းဖြစ်လာစေခဲ့သည်။
"မိန်းကလေးက ကြင်နာလွန်းနေပါပြီ။ကျွန်မက အလုပ်မရှိတဲ့သူတစ်ယောက်ပဲလေ။အရေးကြီးတဲ့ကိစ္စမျိုး ဘယ်လိုလုပ်ရှိနိုင်မှာပါ့မလဲ။ပျင်းစရာကောင်းတဲ့အချိန်တွေကုန်သွားအောင် မိန်းကလေးစူးနဲ့စကားပြောချင်ရုံသက်သက်ပါပဲ"
"မိန်မိန်းကလေးက အရမ်းနှိမ့်ချလွန်းနေပါပြီ။ကျွန်မအတွက်တော့ မိန်းကလေးနဲ့စကားပြောရတာက ဂုဏ်ယူစရာပါ"
ဤအစည်းအဝေးအားတက်ရောက်နိုင်သည့်သူတိုင်းမှာ အလုပ်မရှိသူဖြစ်နိုင်ချေမရှိပေ။
"စူးမိန်းကလေးမှာ ဟာသဥာဏ်ရှိတာပဲ"
မိန်ရှုသည် သူမအင်္ကျီလက်စအားပြင်လိုက်ရင်း စူးယွင်၏ခေါင်းထက် အကြည့်ရောက်သွားသည်။
"ကြွေပန်းဆံထိုးလေးက အရမ်းလှတာပဲ။သူ့ပေါ်ကပတ္တမြားကလည်း တောက်ပနေရော။စူးမိန်းကလေးဘယ်ကဝယ်လာတာလဲ သိချင်မိသား။ကျွန်မလည်း သဘောကျတော့ဝယ်ချင်လို့ပါ"
စူးယွင်၏လက်သည် ကြွေပန်းဆံထိုးထက်တင်၍ မျက်ဝန်းများထဲတွင်လည်း အပြုံးတစ်ခု ပေါ်လာလေ၏။
"ဒါကအခြားသူတစ်ယောက်က လက်ဆောင်ပေးထားတာပါ"
"အခြားသူတစ်ယောက်ဆီလား"
မိန်ရှုသည်သူမပါးစပ်အား လက်ဖြင့်အုပ်ကာစနောက်လာသည်။
"ချစ်သူများလား"
"ဟုတ် မှန်ပါတယ်"
"စူးမိန်းကလေးရဲ့ အလှကိုဘယ်လူငယ်ကများ စိတ်မလှုပ်ရှားဘဲနေနိုင်မှာလဲ။ကျွန်မသာသူဆိုရင်လည်း ညဘက်တောင်အိပ်ပျော်မှာမဟုတ်ဘူး"
မရင်းနှီးသည့်သူတစ်ယောက်ထံမှ ဤကဲ့သို့ပွင့်ပွင့်လင်းလင်းစနောက်ခြင်းခံလိုက်ရသော် စူးယွင်မှာအနည်းငယ် ရှက်ရွံ့သွားရသည်။
"ဟို......အဲဒါက....."
"ဆက်မစတော့ပါဘူး"
မိန်ရှုသည် သူမလက်အားဝှေ့ယမ်းကာ စူးယွင်နှင့်ခဏတာ ပေါ့ပေါ့ပါးပါးစကားပြောပြီးနောက် အင်္ကျီလက်စထဲရှိ စာရွက်လေးတစ်ရွက်အားထုတ်လိုက်သည်။
"ဒါကယုယင်းအတွက်ပါ။ကျွန်မအစား ပေး,ပေးဖို့မျှော်လင့်ပါတယ်"
စူးယွင်ကြည့်လိုက်ပြီး အနည်းငယ်ရှုပ်ထွေးသွားရသည်။
မိန်ရှုမှ ရှင်းပြလာ၏။
"အဖွဲ့အစည်းနှစ်ခုကြားက တင်းမာမှုတွေကြောင့် ကျွန်မတို့လိုအငယ်လေးတွေလည်း အချင်းချင်းမျက်နှာချင်းဆိုင်တွေ့ဖို့ ခက်သွားပြီလေ"
သူမသည်သက်ပြင်းချကာ သူမမျက်နှာအား အင်္ကျီလက်စဖြင့် ပုတ်လိုက်၏။
"ကျွန်မနဲ့ယုယင်းက သူငယ်ချင်းအရင်းကြီးတွေလေ။အခုကျ အချင်းချင်းတွေ့ဖို့တောင် ဒီလောက်ခက်နေတော့ ကျွန်မတစ်ကယ်စိတ်မကောင်းဖြစ်မိတယ်"
အစပိုင်းတွင် သူတို့နှစ်ယောက်သည် ကိုယ်စီနှစ်သက်မှုကြောင့်သာ အဝတ်အထည်နှင့် အစားအသောက်ဌာနများသို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။ဌာနနှစ်ခုကြား မသင့်မြတ်မှုကို သိကြသော်ငြား ကိစ္စများမှာဤလောက်ထိကြီးလာလိမ့်မည်ဟုမမျှော်လင့်ခဲ့ကြပေ။
ယခုဆိုလျှင်ချီယို့ယီသည် အဝတ်အထည်ဌာနနှင့် နီးနီးကပ်ကပ်ဆက်ဆံခြင်းကိုတောင် တားမြစ်သည့်အမိန့်အားထုတ်ပြန်ခဲ့သည်။
"စူးမိန်းကလေးရဲ့ဂုဏ်သတင်းက ခုဆိုကျော်ကြားနေပြီလေ။မင်းကိုစိတ်အနှောင့်အယှက်ပေးမိလို့ ကျွန်မလည်းကိုယ့်ကိုယ်ကို အပြစ်ရှိသလိုခံစားရပါတယ်"
မိန်ရှုသည် လေးလေးစားစားဖြင့်ဦးညွှတ်ရင်း
"နားလည်ပေးပါလို့ မျှော်လင့်မိတယ်"
စူးယွင်သည်မိန်ရှုအား ထူမ,ပေးလိုက်သည်။
"ဒီလိုတခမ်းတနားကြီး လုပ်နေစရာမလိုပါဘူး မိန်မိန်းကလေး။ဒီစာကို မိန်းကလေးယုဆီရောက်အောင် ကျွန်မကိုယ်တိုင်သေချာပို့ပေးလိုက်ပါ့မယ်"
ထို့နောက် သူမသည် မိန်ရှုလက်ထဲမှ စာအားယူလိုက်သည်။
"ဒါဆို စူးမိန်းကလေးကို ဆက်ပြီးဒုက္ခမပေးတော့ပါဘူး"
မိန်ရှုသည် နောက်တစ်ကြိမ် လေးလေးနက်နက်ဦးညွှတ်လိုက်ပြန်သည်။
အဖွဲ့အစည်းသို့ပြန်ရောက်သောအခါ ရုန်စာသည် မိဖုရားကြီး၏မွေးနေ့အခမ်းအနားဝတ်ရုံအား သေချာစစ်ဆေးကာပြဿနာမရှိသည်ကိုတွေ့ပါမှ စူးယွင်အားအနားယူခွင့်ပေးလိုက်၏။
"ဒီရက်ပိုင်းထဲ မင်းလည်းအရမ်းပင်ပန်းခဲ့ရပြီ။သွားနားလိုက်တော့ ကျန်တာကိုငါ့ဘာသာလုပ်လိုက်တော့မယ်"
ပင်ပန်းနေပြီဖြစ်သော စူးယွင်သည်တစ်ကယ်ကြီးနားချင်နေပြီပင်။
"ကောင်းပါပြီ"
စူးယွင်ထွက်သွားပြီးနောက် နဉ်ကျင်းသည် သူမနောက်မှလိုက်လာလေသည်။
သူတို့နှစ်ဦးသည် ဝမ်ကောသို့အရင်သွားခဲ့ကြ၏။စူးယွင်သည် မကြာသေးခင်၌ စာရင်းများအားလှန်လှောကြည့်ရာ ရောင်းအား အနည်းငယ်လျော့ကျသွားသည်ကို သတိပြုမိလိုက်သည်။
"ဒီရက်ပိုင်းအတွင်း မင်းတို့အားလုံး ပင်ပန်းခဲ့ကြပြီ"
စူးယွင်သည် စားပွဲထက်လက်ချောင်းဖြင့် ခေါက်ရင်းပြောလိုက်သည်။
"အခြားသူတစ်ယောက်ယောက်က ပြဿနာရှာဖို့ ကြိုးစားရင် မကြောက်ကြနဲ့။ပြဿနာရှာတဲ့ လူတိုင်းကိုအာဏာပိုင်တွေဆီသာ သွားတိုင်လိုက်။ငါတို့က ပြဿနာစမရှာသလို ပြဿနာတက်မှာကိုလည်း ကြောက်မနေဘူး"
"ဟုတ်ကဲ့ပါ စူးမိန်းကလေး"
"ဒီလရဲ့လုပ်ခလစာကို နှစ်ဆတိုးပေးမယ်။ရှောင်းယွင် ဂိုဒေါင်ကိုသွားပြီးလူတိုင်းဆီဝေပေးလိုက်ပါ"
"ကောင်းပါပြီ"
ရှောင်းယွင်မှ ပြောလိုက်သည်။
"စူးမိန်းကလေး ကုန်ပစ္စည်းအသစ်တွေ ရောက်နေပါတယ် စစ်ကြည့်ဦးမလား"
"မလိုပါဘူး။မင်းတို့ဘာသာဆုံးဖြတ်လိုက်ကြပါ"
သူမမှ ပြန်ဖြေလိုက်သည်။
"ရှောင်ဟယ်ပြန်လာရင် နဉ်အိမ်တော်ဆီ လာတွေ့ဖို့ပြောလိုက်နော်"
ရှောင်းယွင်သည် တံခါးဝတွင်ရပ်နေသော နဉ်ကျင်းထံ တစ်ချက်ကြည့်လိုက်သည်။သူ၏မျက်နှာအမူအရာမှာ သိပ်မကောင်းလှပေ။
"စူးမိန်းကလေးက ဒီမှာမနေဘူးလား"
သူမကအနားယူဖို့လာတာမဟုတ်ဘူးလား။
"ဝမ်ကောမှာ ဘာလို့မနေတာလဲ"
စူးယွင်သည် ခပ်ဖွဖွပြုံးကာ မျက်ဝန်းများမှာတော့ နဉ်ကျင်းကိုသာ ကြည့်နေသည်။
"ရက်နည်းနည်းလောက် အပြင်ထွက်လည်မလို့ပါ"
အလုပ်များပြီးပြတ်သွားလျှင် သူနှင့်အတူအချိန်ကုန်ဆုံးပေးမည်ဟု သူမကတိပေးထားခဲ့သည်။
ရှောင်းယွင်သည် ခေါင်းငုံ့ကာတိုးတိုးလေး ပြန်ဖြေလိုက်၏။
"ကောင်းပါပြီ"
နဉ်ကျင်းမှာ တံခါးကိုမှီ၍ရပ်နေသည်။သူသည် လျှာအားအာခေါင်ထက်ဖိရင်း သူတို့နှစ်ဦးအား ပြုံးစစဖြင့်ကြည့်နေ၏။
"သွားကြစို့လေ။အရမ်းနောက်ကျသွားရင် လမ်းကို သေချာမြင်ရမှာမဟုတ်ဘူး"
သူသည်ထိုသို့ပြောကာ ရှေ့တက်လာပြီးသူမလက်အား ကျင့်သားရဟန်ဖြင့်ဆွဲလိုက်သည်။
စူးယွင်သည် သိပ်စဉ်းစားမနေဘဲ ကျန်လူများကို သတိပေးရန်လှည့်ကြည့်လိုက်၏။
"ဆိုင်ကမင်းတို့အပေါ်မှာပဲ မူတည်တယ်နော်။ငါကတော့ ခဏနားဦးမယ်"
ရှောင်းယွင်မှ ခေါင်းမော့ကြည့်လာသော်ငြား သူတို့နှစ်ဦးကြားရှိတွဲထားသော လက်များကိုမကြည့်ပေ။
"စိတ်မပူပါနဲ့ စူးမိန်းကလေး။ကျွန်တော် အရာအားလုံးကို ဂရုစိုက်ထားပါ့မယ်"
စူးယွင်သည် နဉ်ကျင်း၏ရင်ခွင်ဝယ်မှီခိုရင်း ကျန်လက်တစ်ဖက်မှာ သူ့အင်္ကျီလက်စကို ဆုပ်ကိုင်ထားသည်။
သူမသည် လေအားရှူရှိုက်ရင်းပြောလာ၏။
"ဒီည နည်းနည်းအေးတယ်နော်"
နဉ်ကျင်းမှာ ပေါ်နေသည့်သူမလက်မောင်းအားပွတ်သပ်ကြည့်ရာ အအေးဓာတ်ကို ခံစားလိုက်ရသည်။
သူမအားသူ့ကိုယ်နား ဆွဲခေါ်လိုက်ပြီး သူ့ခန္ဓာကိုယ်နှင့် ဖိကပ်လုနီးနီးပွေ့ဖက်လိုက်၏။
"နောက်ဆို အဝတ်အစားကိုပိုဝတ်ထား အအေးမမိစေနဲ့"
စူးယွင်သည် သူ့စကားအားမငြင်းဘဲခေါင်းငြိမ့်သဘောတူလိုက်သည်။
"ဟုတ်ကဲ့ပါ"
အိမ်တော်သို့ရောက်သောအခါ နဉ်ကျင်းမှာ ညွှန်ကြားလိုက်၏။
"အဝတ်သန့်သန့်တစ်စုံယူခဲ့"
"ဟုတ်ကဲ့ပါ သခင်လေး"
အစေခံများမှာ ခပ်သွက်သွက်လုပ်ဆောင်လိုက်ကြပြီး သူမထံအနွေးအင်္ကျီအားလာချပေးရန်ချဉ်းကပ်မလာကြခင် နဉ်ကျင်းမှာသူတို့အားတားလိုက်သည်။
"ငါ ကိုယ်တိုင်လုပ်လိုက်မယ်"
လျင်မြန်သောလှုပ်ရှားမှုဖြင့် သူသည်ဝတ်ရုံအား သူမပခုံးထက်တင်ပေးလိုက်ကာ လက်ချောင်းရှည်သွယ်သွယ်များမှာ သူမ၏လည်တိုင်နားရှိကြိုးကို ချည်ပေးလိုက်သည်။
"ဒီညကိုယ့်အခန်းမှာအိပ်နော်"
သူသည်ခေါင်းအားအသာစောင်းငဲ့ကာ တိုးတိုးလေးပြောလိုက်သည်။
"စဉ်းတောင်မစဉ်းစားလိုက်နဲ့"
စူးယွင်သည် သူ့အားအသာတွန်းထုတ်ကာ အခြားတစ်နေရာဆီ ကြည့်လိုက်သည်။
"ရှင်ကျွန်မအတွက် အထူးပြင်ဆင်ထားတယ်ဆိုတဲ့အခန်းရော......ကျွန်မအဲဒီမှာမအိပ်ရသေးဘူး"
"ကိုယ့်ရဲ့အိပ်ရာမှာ အိပ်တာကအဆင်ပြေပါတယ်"
နဉ်ကျင်းသည်သူမခါးကို ဖက်လိုက်ပြီး သူ့လက်မှာသူမခါးနားရှိအသားနုနုအားဖျစ်ညှစ်လိုက်၏။
"ကိုယ်အဲဒီအခန်းမှာ တစ်ခါမှမအိပ်ဖူးသေးဘူးဆိုပေမယ့် သက်တောင့်သက်သာရှိမယ်လို့ထင်တယ်"
စူးယွင်သည်သူ့ထံမှီထားရင်း စနောက်နေဆဲ ပင်။
"ရှင်နဲ့အတူအိပ်ချင်တယ်လို့ ကျွန်မပြောလိုက်လို့လား"
"မင်းကကိုယ်နဲ့အတူ ပြန်ပါလာပြီလေ။မင်းထွက်ပြေးလို့မရဘူး"
နဉ်ကျင်းသည် သူမအားခါးမှပွေ့ချီကာ နောက်ဖေးခြံဘက်သို့လျှောက်သွားလိုက်သည်။
"ကျွန်မကို ချပေး"
လမ်းတစ်လျှောက်တွင် အစေခံမိန်းကလေးများစွာရှိနေ၍ စူးယွင်မှာအနည်းငယ်ရှက်ရွံ့သွားရကာ သူမမျက်နှာကိုနဉ်ကျင်း၏ရင်ဘတ်ထံ အပ်နှံလိုက်၏။သူမ သည်သူ့ခါးအား ဆက်တိုက်လိမ်ဆွဲကာ
"မြန်မြန်သွားလေ"
"လျှောက်မထိနဲ့လေ"
စူးယွင်မှရပ်တန့်လိုက်ရာ သူ့ခန္ဓာကိုယ်အပူချိန်တက်လာသည်အား ခံစားလိုက်ရ၏။
သူမသည်နှုတ်ခမ်းစူလိုက်သော်လည်း ဘာမှပြောမလာခဲ့ပေ။
စူးယွင်၏အခန်းမှာ အမြဲတစေသန့်ရှင်းအောင်ထားရှိထားပြီး ကောင်းကောင်းမွန်မွန်ပြင်ဆင်ထား၏။
နဉ်ကျင်းသည် သူမအားအိပ်ရာထက်ချပေးလိုက်ပြီး ကိုယ်အားကိုင်းကာလက်နှစ်ဖက်ကို အိပ်ရာထက်ထောက်ထားရင်း သူမကိုယ်ထက်မှ စီးမိုးထားလေသည်။
တစ်ကိုယ်လုံးမှာကျဉ်းမြောင်းသည့်နေရာတွင်းဝယ် ပိတ်မိနေပြီးသူတို့၏အသက်ရှုသံများမှာလည်း ရောယှက်ကာတစ်ဦးမျက်နှာနှင့်တစ်ဦး ထိမိနေကြ၏။
စူးယွင်သည်ခေါင်းစောင်းလိုက်ပြီး လက်ဖြင့်အသာတွန်းလိုက်သည်။
"ဖယ်တော့ ကျွန်မကိုမဖိနဲ့"
"ကောင်းပြီ"
နဉ်ကျင်းသည် သူမလက်မောင်းအားဆွဲလိုက်ကာ အရှိန်ဖြင့်လှည့်၍နေရာများကိုပြောင်းလဲသွားစေသည်။
စူးယွင်သည် သူ့အပေါ်၌မှောက်လျက်သားရှိနေ၏။သူမ၏သွယ်လျလျလက်ကောက်ဝတ်မှာ ဆုပ်ကိုင်ခံထားရသဖြင့် လှုပ်ရှား၍မရခဲ့ပေ။
"ဒီလိုဆို ဘယ်လိုလဲ"
သူမမှာ မျက်လုံးအားလှန်လိုက်မိသည်။
"ကိုယ့်ကိုအဖြေပေးဦးလေ"
နဉ်ကျင်းမှာခေါင်းငြိမ့်လိုက်ပြီး သူ့အကြည့်တို့သည် သူမ၏ခါးပတ်ထံရောက်သွားလေ၏။စူးယွင်လည်း ရှက်ရွံ့ဟန်ပြုမူမနေတော့ဘဲ ချည်ထားသည်အားဖြည်ပစ်ရန် ခါးပတ်အား ဆွဲလိုက်သည်။
"လိမ္မာလိုက်တဲ့ ကောင်မလေး"
သူသည်သူမခေါင်းအားထိန်းကိုင်ကာ သူမ၏နှုတ်ခမ်းနီနီလေးကို နမ်းရှိုက်လာတော့သည်။
"ယွင်အာ ကိုယ့်နာမည်ခေါ်ပေး"
သူသည် သူမ၏အသားစိုင်အား စုပ်ယူကာ အဝင်အထွက်လုပ်ရင်း
"ခေါ်လေ"
"နဉ်ကျင်း ငြင်သာပေးပါဦး"
စူးယွင်သည်သူ၏ကျောအား ကုတ်လိုက်မိရာ အနီရောင်အစင်းကြောင်းများပေါ်သွားလေသည်။
"အား.....ရှင်.....ငြင်သာပေးပါဦးလို့"
အချိန်အတော်ကြာပြီးနောက်တွင်တော့ စူးယွင်မှာ အိပ်ရာထက်တွင် မလှုပ်မယှက်လဲလျောင်းနေရတော့သည်။
နဉ်ကျင်းသည်လက်ဆန့်၍ သူမခန္ဓာကိုယ်ထက်ရှိချွေးများအား အသာသုတ်ပေးလာ၏။
"နည်းနည်းနီပြီး ရောင်နေပြီ"
သူသည် ခေါင်းငုံ့ကာသူမအားနမ်းရှိုက်လိုက်၏။
"မင်းအပင်ပန်းခံပေးလို့ ကျေးဇူးပဲနော်"
စူးယွင်၏ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီး သူမခြေထောက်များမှာလည်း ထိန်းချုပ်မရပဲတုန်ယင်နေကာ အရည်များစွာစီးကျလာတော့၏။သူမသည်မျက်မှောင်ကြုံ့ကာ သတိကပ်ထားသောလေသံဖြင့်
"နဉ်ကျင်း"
"ကိုယ်ကဒီမှာပါ"
သူသည် သူမထံခေါင်းမော့ကြည့်လာသည်။သူမ၏မျက်ဝန်းများမှာ အနည်းငယ်နီမြန်းနေပြီး ရေလိုငြင်သာနေလေ၏။သူ့နှလုံးသားသည်လည်း လိုချင်စိတ်ဖြင့်လှုပ်ရှားလာတော့သည်။
သူသည်သူမမျက်နှာအား ဖျစ်ညှစ်လိုက်ပြီးနှုတ်ခမ်းထောင့်တွင် အနမ်းတစ်ခုချန်ထားခဲ့ရန် ပြင်ဆင်နေချိန်တွင်.....
"ကျွန်မနဲ့ ဝေးဝေးနေ ရွံစရာကောင်းလိုက်တာ"
အကုန်လုံးက အဖြူရောင်မှုန့်တွေချည်းပဲ။(ဒါကိုကိုယ်လဲနားမလည် ဆေးလိမ်းတာလားမသိ)
သူမစားပြီးသားတွေကို ပြန်အန်ထုတ်ချင်စိတ်တောင်မရှိဘူး။
သူသည်အသာရယ်မောလိုက်ပြီး သူမအားသူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
"မင်းကအရမ်းနူးညံ့နေတာတောင် ကိုယ့်ကိုယ်ကိုပြန်ငြင်းဆန်နေတုန်းပဲ"
"ရှင်ကအထင်ကြီးစရာပါပဲ ဟုတ်ပြီလား"
စူးယွင်သည် သူ့အားတံတောင်ဖြင့် အသာတွန်းလိုက်သည်။
"မနက်ဖြန်ကစပြီး ရှင်ဒီအိပ်ရာမှာ မအိပ်ရဘူး"
"ဘာလို့လဲ"
နဉ်ကျင်းမှာ မျက်မှောင်ကြုတ်လိုက်သည်။
သူကသူမကို ကောင်းကောင်းမပြုစုပေးခဲ့လို့များလား။ဒါမှမဟုတ် ကြာချိန်မလုံလောက်ခဲ့လို့လား။
"ကိုယ့်ကိုယ်ကိုနားလည်တဲ့စိတ်ရှိဖို့က ဘာများထိခိုက်စေမှာမလို့လဲ"
စူးယွင်သည်သူ့ထံ စောင်းငဲ့ကြည့်လိုက်သည်။သူ၏မျက်နှာအမူအရာအား မြင်လိုက်ရသောအခါ သူမ၏အတွေးသည် ပို၍ပင်ခိုင်မာလာ၏။
"ရှင်ကလိုချင်စိတ် အရမ်းများတယ်။ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်ဖို့သင်ယူရမယ်"
နဉ်ကျင်းသည် သူမ၏မျက်လုံးထောင့်အား အသာနမ်းလိုက်ကာ ဩရှရှအသံဖြင့်
"မင်းကကိုယ့်အပေါ်အကြွေးတင်နေတယ်။အခုကအကြွေးဆပ်ရမယ့်အချိန်ပဲ"
သူမအလုပ်ကောင်းကောင်းလုပ်နိုင်အောင် ကူညီရန်အတွက်သူသည်ညစဥ်ညတိုင်း သူမအားဖက်ရုံသာဖက်၍ စကားသာပြောခဲ့ရသည်။ဘဝမှာ အမှန်တကယ်ကိုဆင်းရဲကြပ်တည်းခဲ့၏။
စူးယွင်မှာပြောစရာစကားမရှိသလို ဖြစ်သွားရပြီး စကားလုံးတစ်လုံးသာထုတ်ပြောနိုင်တော့သည်။
"ထွက်သွား"
နဉ်ကျင်းသည် သူမအားပွေ့ချီလိုက်သည်။
"အရင်ရေချိုးဖို့ ခေါ်သွားပေးမယ်။ပြီးမှ အပြင်ထွက်ကြတာပေါ့"
နောက်တစ်နေ့နေ့လည်စာစားချိန်တွင် စူးယွင်မှာ စောင်ထဲမှနေဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက်သည်။
သူမသည်လက်လှမ်း၍ သူမဘေးနားရှိအေးစက်စက်နေရာထံ ပွတ်သပ်လိုက်၏။
မျှော်လင့်ထားသည့်အတိုင်းပင် သူသည်ကိုယ်ခံပညာအားလေ့ကျင့်သူဖြစ်သည်။ဤကဲ့သို့အချိန်ကြာပြီးနောက်တွင်တောင် သူသည်ထနိုင်နေသေး၏။
စူးယွင်သည် အိပ်ရာထက်၌ကိုယ်အားထောက်၍ထလိုက်သည်။သူမ၏ခြေထောက်များမှ နာကျင်မှုသည်သိသာနေသေး၏။
သူမစိတ်ပျော့သွားလို့ မဖြစ်တော့ဘူး။
သူမရေချိုးပြီးနောက်အနားယူရန် သဘောတူခဲ့ပေသိ စိတ်ပျော့သွားသည်ကြောင့် အားလုံးပြန်စခဲ့ရသည်။
ဒီလိုမျိုးသာ နောက်ထပ်ညအနည်းငယ်ဆက်ဖြစ်နေပါလျှင် အိပ်ရာထဲ၌ပင် ကျိန်းသေသူမသေဆုံးသွားမည်ဟု ယုံကြည်လေ၏။
စူးယွင်သည်ထရပ်ပြီး အဝတ်အစားဝတ်ရန်လုပ်လိုက်သည်။သူမ၏ခြေထောက်များ ကြမ်းပြင်အားထိလိုက်သည်နှင့်တစ်ပြိုင်နက်တစ်ကိုယ်လုံး တုန်ယင်သွားရ၏။
သူမသည် သက်ပြင်းချကာလှမ်းခေါ်လိုက်သည်။
"တစ်ယောက်ယောက်လာပါဦး"
"သခင်မလေး နိုးပြီလား"
ရှောင်ဟယ်သည် မနက်စောစောကတည်းမှ အခန်းအပြင်တွင်စောင့်နေခဲ့သည်။
"နင်ရောက်နေပြီပဲ"
ရှောင်ဟယ်အားမြင်သော် စူးယွင်သည်ပျော်သွားပြီး သူမဘေးရှိနေရာအားပုတ်ပြလိုက်သည်။
"ဒီမှာလာထိုင်လေ"
ရှောင်ဟယ်သည်သူမဘေးဝင်ထိုင်ပြီး သူမ၏အကြည့်သည် စူးယွင်လည်တိုင်ထက်ရှိ အနီရောင်အစက်များပေါ်သို့ကျရောက်သွားသည်။သူမသည် မကျေမနပ်ဖြစ်သွားသော လေသံဖြင့်ပြောလိုက်၏။
"သခင်လေးနဉ်က အရမ်းလွန်လွန်းတာပဲ။သခင်မလေးကို တန်ဖိုးထားရကောင်းမှန်းမသိဘူး"
စူးယွင်သည်အနည်းငယ်ရှက်ရွံ့သွားရပြီး ပေါ်နေသည့်အသားအရေအား လက်ဖြင့်ဖုံးလိုက်သည်။
"ကျွန်မသခင်မလေးကို အဝတ်အစား လဲပေးပါ့မယ်"
ရှောင်ဟယ်မှကမ်းလှမ်းလာသည်။
"ကျေးဇူးပဲ"
စူးယွင်သည်စားပွဲထက်ရှိ အဝတ်အစားနှစ်စုံအား ကြည့်လိုက်၏။
တစ်စုံမှာ သူမအကြိုက်ဆုံးဖြစ်သည့်ချုံဆမ်းဖြစ်ပြီး ကျန်တစ်စုံမှာဟန်ဖုအင်္ကျီရှည်ဖြစ်သည်။
"အဲဒါကို ရွေးလိုက်ပါ"
စူးယွင်သည် ဟန်ဖုအားလက်ညှိုးထိုးပြလိုက်သည်။
ချီဖောင်အား ခြုံလွှာနှင့်တွဲဝတ်ထားလျှင်ပင် အသားအရေအချို့ကိုဖော်ပြနေရဦးပေမည်။
သူမ၏လက်ရှိခန္ဓာကိုယ်အခြေအနေအရ...
ကောင်းမွန်သည့်နေရာတစ်နေရာမှ မကျန်ပေ။
"ကောင်းပါပြီ"
ရှောင်ဟယ်သည်စူးယွင်အားအဝတ်အစားလဲပေးပြီး သူမ၏ပခုံးနှင့်ခြေထောက်များကို ခဏလောက်နှိပ်နယ်ပေးလိုက်သဖြင့် ကြွက်သားများနာကျင်မှုမှာ လျော့ပါးသွားရသည်။
"လမ်းလျှောက်ထွက်ကြစို့"
စူးယွင်သည်သူမအား နောက်ဖေးဥယျာဉ်ဆီခေါ်သွားလေသည်။
"ဒီအိမ်ရဲ့အပြင်အဆင်က တော်တော်ထူးခြားတာပဲ"
"အဲဒီရေပန်းက အစောပိုင်းတုန်းက....."
"သခင်လေး သူ့ကိုမနေ့က ဒီကိုပြန်ခေါ်လာတာ မမြင်ဘူးလား"
"ဟုတ်ပါ့ မြင်သားပဲ။တစ်ညလုံးပဲလေ သူဘယ်နှစ်ခါလောက်တောင်......သခင်လေးက......"
"နင်....."
အစေခံမလေးသည် ရယ်မောရင်း
"သူမက......ဖြစ်နိုင်တယ်လို့ နင်ထင်လား"
"မဖြစ်နိုင်ပါဘူး။သူမကကုန်သည်မိသားစုကလို့ ကြားတယ်။ပြီးတော့ မိဘမဲ့တစ်ယောက် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။သူမအတွက်တော့ နှစ်သက်ခံရတဲ့ကိုယ်လုပ်တော်ဖြစ်ရင်တောင် အတော်ကောင်းနေပြီ"
"မှန်တယ်။သူမကသခင်လေးနဲ့ ဒီလောက်ကြာကြာနေခဲ့တာတောင် သူမအတွက်တရားဝင်ရာထူးမရှိသေးဘူး။သူကမျက်နှာသာပေးခံရတဲ့ ကိုယ်လုပ်တော်တောင်မဟုတ်ဘဲ အစေခံတစ်ယောက်ပဲဖြစ်နိုင်မယ်ထင်တယ်"
သူတို့သည် အိမ်တော်တွင်နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြပြီး စူးယွင်အားမြင်ဖူးသည်မှာ ယခုပထမဆုံးအကြိမ်မဟုတ်ပေ။
နဉ်ကျင်းသည် လက်ရှိ၌သူမအားသဘောကျပြီး ချစ်ခင်မြတ်နိုးဖို့ဆန္ဒရှိနေသော်လည်း ရာထူးမရှိသ၍တော့သူတို့၏ မျက်လုံးများထဲတွင် သူမသည်အဆင့်အတန်းနိမ့်ကျသူတစ်ယောက်သာဖြစ်လေသည်။
သူတို့၏ဆွေးနွေးမှုမှာ တိုးတိတ်မနေပေ။လက်ရှိအချိန်၌ မည်သူမှလာမှာမဟုတ်ဟုထင်နေပုံရ၏။
ရှောင်ဟယ်သည် စိုးရိမ်စိတ်အနည်းငယ်အားခံစားလိုက်ရပြီး စူးယွင်ထံလှည့်ကြည့်လိုက်သည်။
"သခင်မလေး....."
သူမဘေးနားရှိလူသည် ခေါင်းယမ်းပြလာသည်။
"အဆင်ပြေပါတယ်"
၏