← Chapters

မီးခိုးရောင် လက်ဝါးရာ

Vol. 1 Ch. 5

မီးခိုးရောင် လက်ဝါးရာ

Vol. 1 Ch. 5

ယခုအချိန်တွင် ကောင်းကင်ဘုံဓားဂိုဏ်းတစ်ခုလုံးသည် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်လေ၏။

လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးများ မကြာခဏ ပေါ်ပေါက်ခဲ့သော်လည်း ထိုနတ်ဆိုးအားလုံးသည် မြူခိုးများအတွင်းသို့ ပြန်လည်မောင်းထုတ်ခြင်း ခံခဲ့ရသည်။

နတ်ဆိုးများက ကောင်းကင်ဘုံဓားဂိုဏ်းအတွင်းသို့ ဝင်ရောက်ကာ လူသတ်သည်မှာ ရှားပါးလေသည်။

တပည့်တစ်ဦးဦးက အပြင်သို့ စေလွှတ်ခံရပြီး နတ်ဆိုးများကို ပြန်လည်ဆွဲဆောင်ခေါ်ဆောင်လာမှသာ ဂိုဏ်းအတွင်း ပေါ်လာတတ်သည်။

သို့သော် ယခု နံနက်ခင်းတွင် ဂိုဏ်းမှ တပည့်နှစ်ဦး၏အလောင်းများကို တွေ့ရှိလိုက်ရသည်။

နှစ်ယောက်လုံး၏ရင်ဘတ်တွင် အပေါက်သေးသေးလေးတစ်ခုစီ ရှိနေခဲ့၏။

နှလုံးများပျောက်ဆုံးနေပြီး သူတို့ကို တွေ့ရှိချိန်၌ သွေးများ ခြောက်သွေ့နေလေပြီ။

ခေါင်းမှခြေအဆုံး ချီစွမ်းအင်နှင့် သွေးများ ထုတ်ယူခံထားရသည့် မန်မီအလောင်းများကဲ့သို့ပင်။

ဤကဲ့သို့ ထူးဆန်းသော သေဆုံးမှုမျိုး ဖြစ်ပွားခြင်းသည် နတ်ဆိုးများ၏ လက်ချက် ဖြစ်ရမည်။

သို့သော် ယခုအခါ လူများ သေဆုံးနေသော်လည်း နတ်ဆိုးများကိုကား ရှာမတွေ့ချေ။

ဒါဆိုရင်...

နတ်ဆိုးက ကောင်းကင်ဘုံဓားဂိုဏ်းထဲမှာပဲ ပုန်းအောင်းနေတာလား။

ဤဖြစ်နိုင်ခြေကို တွေးမိသည်နှင့် လူတိုင်း တုန်လှုပ်သွားကြသည်။

အမည်မသိကြောက်ရွံ့မှုများ တဖြည်းဖြည်း ပျံ့နှံ့လာတော့သည်။

"ဘာလို့ ထိတ်လန့်နေကြတာလဲ..."

ထိုအချိန်တွင် တည်ငြိမ်စေသည့် အားအင်များပါဝင်သော အသံတစ်သံဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

လူအုပ်ကြီး ချက်ချင်း နှစ်ခြမ်းကွဲသွားပြီး ကျန်းစန်းကျန့်သည် အဝေးမှနေ၍ အေးစက်သော မျက်လုံးများဖြင့် လျှောက်လာသည်။

"ဂိုဏ်းချုပ်ကြီး..."

"ဂိုဏ်းချုပ်ကြီး ရောက်လာပြီ။ ဂိုဏ်းချုပ်ကြီး... ဒီနတ်ဆိုးကို ရှာပြီး ကျွန်တော်တို့ ညီအစ်ကိုတွေကို လက်စားချေပေးပါ..."

ကျန်းစန်းကျန့်သည် အလွန်လေးနက်သော မျက်နှာထားဖြင့် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။

သူသည် သူ့၏လက်ရှိ ခန္ဓာကိုယ်အခြေအနေကို ကောင်းစွာ သိသည်။

အကယ်၍ နတ်ဆိုးတစ်ကောင် ယခု ပေါ်လာခဲ့ပါက သူတောင့်ခံနိုင်မည် မဟုတ်တော့ပေ။

သူသည် တပည့်နှစ်ဦး၏အလောင်းများကို စူးစိုက်ကြည့်လိုက်သည်။

အလျင်စလိုမရှိဘဲ အလောင်းများရှေ့သို့ လျှောက်သွားပြီး အလွန်ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်သည်။

ရုတ်တရက် သူ့မျက်ခွံများ လှုပ်ခတ်သွားသည်။

"ဒါ ဘာလဲ..."

ပတ်ဝန်းကျင်မှ တပည့်အချို့ ချက်ချင်း ရောက်လာကြသည်။

ကျန်းစန်းကျန့်သည် သူ၏လက်ဖြင့်အလောင်း၏ခေါင်းကို ကိုင်ပြီးဘေးဘက်သို့ အနည်းငယ် စောင်းလိုက်သောအခါ အလောင်း၏ နားနောက်ဘက်တွင် မီးခိုးရောင်... လက်ဝါးရာတစ်ခုကို တွေ့လိုက်ရသည်။

ထိုလက်ဝါးရာသည် သိပ်မကြီးလှပေ။

ကလေးငယ်တစ်ဦး၏ လက်ဝါးရာနှင့်တူလေ၏။

ပြာနက်ရောင်သန်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ သဲ့သဲ့ ထွက်နေသည်။

အသားအရေများပြင်းထန်စွာတွန့်‌လိမ်နေလေသည်။

ခြွင်းချက်မရှိ နှစ်ယောက်စလုံး၏ နားနောက်ဘက်တွင် ထိုကလေးလက်ဝါးရာများ ရှိနေသည်။

ကျန်းစန်းကျန့်၏ရင်ထဲ ထိတ်လန့်သွားသော်လည်း အပြင်ပန်းတွင်မူ အလွန်ပေါ့ပေါ့ပါးပါးဟန်ဆောင်နေသည်။

"အဆင်ပြေပါတယ်။ အနီးနားမှာ နတ်ဆိုးအချို့ ပုန်းအောင်းနေရုံပါ။ ဒီနှစ်ယောက်က နံနက်ခင်း တာဝန်ကျလို့ အမှောင်မြူခိုးထဲက နတ်ဆိုးတွေရဲ့ ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံလိုက်ရတာ ဖြစ်လိမ့်မယ်။ နတ်ဆိုးတွေက ကောင်းကင်ဘုံဓားဂိုဏ်းထဲမှာ ပေါ်လာမှာ မဟုတ်ပါဘူး။ အားလုံး သတိထားကြဖို့ ပြောလိုက်ပါ..."

ကျန်းစန်းကျန့် ထွက်ခွာသွားပြီး တပည့်များလည်း လူစုခွဲသွားကြသည်။

ဝန်ခံရမည်ဆိုလျှင် ဤကဲ့သို့ အမှောင်မြူခိုးများ ဖုံးလွှမ်းနေသော နေရာမျိုးတွင် နေ့တိုင်း အသက်ရှင်ခွင့်ရခြင်းသည် ကောင်းကင်ဘုံ၏ လက်ဆောင်တစ်ခုပင် ဖြစ်သည်။

ရှန်းချန်ကောသည် သူ့နေအိမ်မှ နှေးကွေးလေးလံစွာ လျှောက်ထွက်လာသည်။

သူ ခန္ဓာကိုယ်ကိုမဆန့်ခင်မှာပင် အဘိုးကြီးက သူ့ကို လှမ်းခေါ်လိုက်သည်။

"ချန်ကော..."

အဘိုးကြီး၏ မျက်နှာထားသည် အလွန်လေးနက်နေသည်။

"ဘာလဲ... အဘိုးကြီး..." ရှန်းချန်ကော မေးလိုက်သည်။

"ကောင်းကင်ဘုံဓားဂိုဏ်း ပျက်စီးတော့မယ် ထင်တယ်..."

ရှန်းချန်ကော မျက်လုံးပြူးသွားသည်။

"...."

ဘာတွေ ဖြစ်နေတာလဲ။

ဘာလို့ ဒီနေ့ အဘိုးကြီးပါ ဝမ်းနည်းပူဆွေးတဲ့ စကားဆိုနေရတာလဲ။

"အဲဒါ မဖြစ်နိုင်ပါဘူး။ ကောင်းကင်ဘုံဓားဂိုဏ်း လုံးဝ ပျက်စီးမှာ မဟုတ်ဘူး..." ရှန်းချန်ကော လျစ်လျူရှုစွာ ပြောလိုက်သည်။

ကျန်းစန်းကျန့်သည် ရှန်းချန်ကော၏ စရိုက်နှင့်မတူသော တုံ့ပြန်မှုကြောင့် အံ့ဩတုန်လှုပ်သွားသည်။

"ငါ အတည်ပြောနေတာ... ငါ မထိန်းထားနိုင်တော့ဘူး..." ဟု သူက ပြန်ဖြေသည်။

"မဟုတ်ဘူး၊ ခင်ဗျား ထိန်းထားနိုင်တယ်..." ရှန်းချန်ကော ပြောလိုက်သည်။

"မဟုတ်ဘူး၊ မထိန်းထားနိုင်ဘူး..."

"ထိန်းထားရမယ်..."

"သေတမ်းစာ အတူရေးကြစို့ကွာ... စာကြောင်းတချို့ သင်ပေးပါဦး..." ဂိုဏ်းချုပ်ကြီးက ဆိုသည်။

"မင်္ဂလာမရှိလိုက်တာ... လုံးဝ မင်္ဂလာမရှိဘူး။ ဒီအဘိုးကြီး မနက်စောစောစီးစီး ငါ့ဆီ ဒါပြောဖို့ လာတာလား..."

သူတို့နှစ်ဦးသည် စကားအချီအချ မှားယွင်းသွားသည့်အလား ပြုမူနေကြပြီး တစ်ယောက်ကို တစ်ယောက် ဒုက္ခပေးရင်း ရန်ဖြစ်ကြသည်။

ရန်ဖြစ်ပြီးနောက်...

"မင်း ငတုံးပိစိကွေး..."

"ခင်ဗျားက အနံ့ဆိုးထွက်နေတဲ့ အဘိုးကြီး..."

အပြင်မှ တစ်စုံတစ်ယောက် ကြားလိုက်သော်လည်း သူတို့ ရိုးနေကြပြီ ဖြစ်သည်။

သူတို့၏ စီနီယာအစ်ကိုကြီးသည် ဂိုဏ်းချုပ်ကြီးနှင့် မကြာခဏ ရန်ဖြစ်လေ့ရှိသည်။

သူတို့ မြင်နေကျ ပုံမှန်အခြေအနေပင်။

ခဏတာကြာပြီးနောက်...

ကျန်းစန်းကျန့် သက်ပြင်းချလိုက်သည်။

"မင်း ငါ့အခြေအနေကို သိပါတယ်။ နတ်ဆိုးသာ ဝင်လာရင် ငါ မတားဆီးနိုင်တော့ဘူး။ အခုဆိုရင် ငါ့ ချီစွမ်းအင်ကို လှည့်ပတ်လိုက်ရုံနဲ့ ငြိမ်သက်သွားတဲ့ အခြေအနေထဲကို ရောက်သွားတော့မယ်။ တိုက်ခိုက်မှုတွေ လုပ်လို့ မရတော့ဘူး..." ဟု ဂိုဏ်းချုပ်ကြီးက ပြောသည်။

ရှန်းချန်ကော မျက်မှောင်ကြုတ်သွားပြီး ရင်ထဲ အနည်းငယ် နစ်ဆို့သွားသည်။

သူ့ဆရာ၏ဒဏ်ရာများက သူထင်ထားသည်ထက် ပိုမိုပြင်းထန်ပုံရသည်။

'ကြည့်ရတာ ဒီအဘိုးကြီးကို ငါ အားကိုးလို့ မရတော့ဘူးနဲ့ တူတယ်...'

တစ်ဖက်တွင်လည်း ကျန်းစန်းကျန့်သည် သူ၏ အကြီးဆုံးတပည့်ကို ကြည့်ရင်း သက်ပြင်းချမိသည်။

နှစ်သိမ့်မှုတစ်ခုခု ရရှိလိုပုံ ရသည်။

"သတိနဲ့ရှေ့ဆက်ရတာပေါ့။ ငယ်ရွယ်တဲ့ ကလေးတချို့လည်း ပြန်မရောက်သေးဘူး။ စေလွှတ်လိုက်တဲ့သူတွေလည်း ပြန်မရောက်သေးဘူး။ ကျွန်တော်တို့ တစ်ကိုယ်တည်း ကူရာမဲ့ဖြစ်နေပြီ။ ပြီးတော့ ကျွန်တော်တို့ အရင်းမြစ်တွေ ကုန်ခါနီးပြီဆိုတော့ နတ်ဆိုးတွေက တစ်ခုတည်းသော ခြိမ်းခြောက်မှု မဟုတ်တော့ဘူး..." ရှန်းချန်ကောက အလွန်လေးနက်စွာ ပြောလိုက်သည်။

"နှစ်သိမ့်စကားလေး ဘာလေး ပြောလို့ မရဘူးလား။ ငါ အိပ်မက်ထဲ ခဏလောက် နေပါရစေဦး..."

"ဆရာက ကောင်မလေးမှ မဟုတ်တာ။ အဘိုးကြီးလိုလူက ဘယ်လိုနှစ်သိမ့်မှုမျိုး လိုအပ်နေတာလဲ..." ရှန်းချန်ကောက ပြောလိုက်သည်။

သူ့မျက်နှာတွင် မထီမဲ့မြင်ပြုသည့် အမူအရာများ အပြည့်ပါနေသည်။

ထိုအခိုက်အတန့်တွင် ကျန်းစန်းကျန့်၏ စားပွဲပေါ်မှ စာလိပ်အချို့ကို သူ မြင်လိုက်ရသည်။

"ဒါတွေက ဘာတွေလဲ..." သူက မေးသည်။

"ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ သမိုင်းပဲ..." ကျန်းစန်းကျန့် ပြန်ဖြေသည်။

"ဟိုတုန်းကဆိုရင် ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ဘေးထွက်ဂိုဏ်းအခွဲတွေကတောင် နယ်မြေအများကြီးကို ပိုင်ဆိုင်ခဲ့တာ။ အရင်ကဆိုရင် ဘယ်သူမှ ငါတို့ကို စော်ကားရဲခဲ့တာ မဟုတ်ဘူး..."

ကျန်းစန်းကျန့်သည် အတိတ်ကို သတိရရင်း မြေပုံစာလိပ်တစ်ခုကို ဆွဲယူကာ စားပွဲပေါ်တွင် ဖြန့်ချလိုက်သည်။

ရှန်းချန်ကော ကျန်းစန်းကျန့်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။

'ဒီအဘိုးကြီး... ဒီလိုကိစ္စမျိုးကို ပြန်အမှတ်ရဖို့ စိတ်ရှိနေသေးတာလား...'

သို့သော်...

သူ ချက်ချင်းပင် မြေပုံပေါ်သို့ မျက်လုံးများ ရောက်သွားသည်။

ကျမ်းစာတိုက်၊ သန့်စင်ခြင်းရေကန်၊ မီးပြင်းဖိုခန်းမ၊ တိုက်ခိုက်ခြင်းဓား ခန်းမဆောင်၊ ဓားကွက်ဖော်ခြင်း ခန်းမဆောင်၊ ဓားစီးနင်းခြင်း ခန်းမဆောင်...

ဓားစွမ်းအင်တောင်ထိပ်၊ ဓားရည်ရွယ်ချက်တောင်ထိပ်၊ ဓားအရှိန်အဝါတောင်ထိပ်...

'ဒီနေရာတွေ...'

'ဒီနေရာတွေမှာ ချက်အင် ဝင်မယ်ဆိုရင်...'

ချက်ချင်းပင် ရှန်းချန်ကောသည် မြေပုံကို ဆွဲယူကာ လျင်မြန်စွာ လိပ်လိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။

"ဟေ့ကောင်... မင်း ဘာလုပ်တာလဲ..." ကျန်းစန်းကျန့်က လှမ်းအော်သည်။

စကားတစ်ခွန်းမှ မပြောဘဲ ရှန်းချန်ကော ထွက်သွားခဲ့သည်။

"ဒီကောင်လေး..." ကျန်းစန်းကျန့် ထိုင်ရာမှ မထနိုင်ဘဲ ကျန်ရစ်ခဲ့သည်။

သူ စိတ်ဆိုးဟန်ဖြင့် ရယ်မောလိုက်ပြီး "ချန်ကော... ချန်ကော... တကယ်ပဲ မျှော်လင့်ချက် မရှိတော့ရင် ငါ့အသက်ကို လောင်ကျွမ်းပြီး မင်းအတွက် လမ်းဖွင့်ပေးမယ်။ အမှောင်မြူခိုးတွေကြားကနေ ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်နေတဲ့ တခြားဂိုဏ်းတစ်ခုခုကို မင်း ရှာနိုင်မလားဆိုတာ ကြည့်ရတာပေါ့..." ဟု ဆိုသည်။

ကျန်းစန်းကျန့် သက်ပြင်းချလိုက်သည်။

ရှန်းချန်ကော၏စရိုက်သည် သူနှင့် အလွန်တူလေ၏။

အထင်ကြီးခံချင်သည်၊ ပျင်းရိသည်၊ စကားလုံးများဖြင့်လှည့်စားရသည်ကို နှစ်သက်သည်။

ထို့ကြောင့် သူ ရှန်းချန်ကောကို ပို၍ သဘောကျခြင်း ဖြစ်သည်။

ချန်ကောကို ကြည့်လိုက်သောအခါ တစ်ချိန်က အသုံးမကျသော သူ့ကိုယ်သူကို ပြန်ကြည့်နေရသလို ခံစားရသည်။

မဟုတ်ရင် ရှန်းချန်ကောလို ပုပ်သိုးနေသော ငါးတစ်ကောင်သည် ယခုလိုပြင်းထန်တဲ့အခြေအနေမျိုးမှာ ကောင်းကင်ဘုံဓားဂိုဏ်းအတွင်း ဘာကြောင့် ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာလဲ။

ကောင်းကင်တောင်ထွတ်ပေါ်တွင်...

လူတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အေးစက်သောမျက်ဝန်းများဖြင့် အဝေးသို့ စိုက်ကြည့်နေသည်။

ခဏကြာပြီးနောက် ရပ်နေရသည်ကို ပင်ပန်းသွားပုံရသဖြင့် သူ ဖြည်းဖြည်းချင်းထိုင်ချလိုက်ပြီး မြေပုံကို ဖြန့်လိုက်သည်။

"ဒီနေရာက ငါတို့ရှိတဲ့ နေရာပဲ..."

သူသည် မြေပုံ၏ထောင့်တစ်နေရာကို လက်ညှိုးထိုးလိုက်လေသည်။

တစ်ချိန်က စွန့်ပစ်ထားသော လေ့ကျင့်ရေးကွင်းပြင်သည် ကောင်းကင်ဘုံဓားဂိုဏ်းမှ တပည့်တစ်ရာနီးပါး နေထိုင်ရာ နေရာဖြစ်လာမည်ကို မည်သူကမှ တွေးကြည့်နိုင်မည် မဟုတ်ပေ။

လေ့ကျင့်ရေးကွင်းပြင် ဘေးနားရှိ နေရာကတော့...

ဓားတိုက်ခိုက်ခြင်းခန်းမဆောင်...

သို့သော် ထိုနေရာတွင် အတိတ်က ဆရာသခင်များပင် မတော်တဆ ရှုံးနိမ့်လုနီးပါး ဖြစ်ခဲ့ရသော ကြီးမားသော ကြောက်မက်ဖွယ်နတ်ဆိုးတစ်ကောင် ရှိသည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။

ရှန်းချန်ကောသည် မြေပုံပေါ်ရှိ နေရာများကို တိတ်တဆိတ် မှတ်သားထားလိုက်သည်။

ဤနေရာများသည် အနာဂတ်တွင် ချက်အင် ဝင်ရန်အတွက် သတ်မှတ်နိုင်မည့် နေရာများ ဖြစ်သည်။

ရှန်းချန်ကော သူ့ခန္ဓာကိုယ်ကို ဆန့်လိုက်သည်။

ရုတ်တရက် သူ နားထင်များကို ပွတ်သပ်မိသည်။

သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများ ပေါ်လာလေ၏။

သူ့နားနောက်ဘက်တွင် သူ့အသားစတစ်ဖဲ့သည် တဖြည်းဖြည်း မီးခိုးရောင်သို့ ပြောင်းသွားပြီး ထူးဆန်းသော အမှတ်အသားတစ်ခုကဲ့သို့ ဖြစ်လာသည်။

ရှန်းချန်ကော တုန်ယင်သွားသည်။

"ဒီနေ့လေက တကယ်ကိုအေးနေတာပဲ..."

All Chapters