← Chapters

ကျမ်းစာတိုက်ငယ်

Vol. 1 Ch. 9

ကျမ်းစာတိုက်ငယ်

Vol. 1 Ch. 9

ကျန်းစန်းကျန့် ဓားကို တိတ်တဆိတ်ပြန်ရုတ်သိမ်းလိုက်သည်။

သူ့မျက်လုံးထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ရှိနေပြီး ခန္ဓာကိုယ်ကို ချက်ချင်းပင်ခွေချလိုက်သဖြင့် ပို၍ အိုမင်းသွားသကဲ့သို့ ထင်ရသည်။

အံကို ကြိတ်ထားရင်း မိန်းကလေးငယ် ပေါက်ကွဲသွားသည့် နေရာကို စိုက်ကြည့်နေမိသည်။

'ငါ... လွတ်မြောက်သွားပြီလား...'

'ဒါပေမဲ့ ဘာလို့ ငါ မပျော်ရွှင်ရတာလဲ...'

'အဲဒီနတ်ဆိုးက ဘာကြောင့် ရုတ်တရက် ပေါက်ကွဲသွားရတာလဲ...'

ထိုအချိန်တွင် အမှောင်မြူခိုးများ တဖြည်းဖြည်း ကွဲသွားပြီး နတ်ဆိုး၏ကျိုးပဲ့နေသော ခြေလက်အင်္ဂါအစိတ်အပိုင်းအားလုံး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။

ခြောက်ခြားဖွယ်ရာ မြင်ကွင်းပင်။

"ဒါ... ဒါ ပြီးသွားပြီလား..."

လူတိုင်း ကြောင်အသွားကြသည်။

အစောပိုင်းက ကြုံတွေ့ခဲ့ရသော ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများမှ မလွတ်မြောက်သေးသကဲ့သို့ ဖြစ်နေသည်။

သို့သော် သူတို့ နားနောက်ဘက်ရှိ အမှတ်အသားများ ဖြည်းညှင်းစွာပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့သြသွားကြသည်။

"ဒါက သခင်နှင့် နတ်ဆိုးကျွန်ဖြစ်နေတာလား..."

ကျန်းစန်းကျန့် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

"တစ်ယောက်ယောက်က တခြားနေရာမှာရှိတဲ့ ပင်မခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်တာများလား။ ဒါဆိုရင် ခုနက မိန်းကလေးငယ်က ဒုတိယခန္ဓာကိုယ် (ကျွန်) ဖြစ်မယ်။ပင်မခန္ဓာကိုယ် (သခင်) သေသွားတာနဲ့ ဒုတိယခန္ဓာကိုယ်ပါ လိုက်သေသွားတာ ဖြစ်ရမယ်..."

'သြော်... ဒီလိုကိုး...'

ဘာဖြစ်ခဲ့သလဲ ဆိုတာကို သူ သဘောပေါက်သွားပုံရသည်။

သို့သော် သံသယအသစ်များ ပေါ်ပေါက်လာပြန်သည်။

'အဲဒီနတ်ဆိုးရဲ့ ပင်မခန္ဓာကိုယ်ကို ဘယ်သူက သတ်လိုက်တာလဲ...'

'စောစောက ဒုတိယခန္ဓာကိုယ်ဆီက ပေါက်ကွဲထွက်လာတဲ့ စွမ်းအားကို ကြည့်ရင် အဲဒီနတ်ဆိုးက 'လွတ်မြောက်ခြင်းအဆင့်' မှာ ရှိနေတာ သေချာတယ်။'

'ဒါဆိုရင် ပင်မခန္ဓာကိုယ်က ဘယ်လောက်ပဲ အားနည်းနေပါစေ အနည်းဆုံးတော့ 'ချီထိန်းချုပ်ခြင်းအဆင့်'မှာ ရှိနေမှာပဲ။'

'ဒါပေမဲ့ အခု ကောင်းကင်ဘုံဓားဂိုဏ်းမှာရှိတဲ့ ချီထိန်းချုပ်ခြင်းအဆင့် တပည့်တွေအားလုံးက လေ့ကျင့်ရေးကွင်းပြင်မှာ ရောက်နေကြတာလေ။'

'ဒါဆို ဘယ်သူက နတ်ဆိုးရဲ့ ပင်မခန္ဓာကိုယ်ကို သတ်လိုက်တာလဲ...'

မည်သို့ပင်ဖြစ်စေ ဤဖြစ်ရပ်သည် ရုတ်တရက် ပြီးဆုံးသွားသော်လည်း အနည်းဆုံးတော့ နတ်ဆိုးကို ချေမှုန်းနိုင်ခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ဘုံဓားဂိုဏ်းမှ လူတိုင်း သက်ပြင်းချနိုင်ကြပြီ ဖြစ်သည်။

...

ထိုနေ့ နေ့လယ်ပိုင်းတွင် ကင်းလှည့်နေသော တပည့်များသည် ကောင်းကင်တောင်ထွတ်အောက်ခြေတွင် နတ်ဆိုး၏ပင်မခန္ဓာကိုယ်ကို တွေ့ရှိခဲ့ကြသည်။

၎င်းသည် ပုပ်သိုးနေသော ကြက်ဖနက်တစ်ကောင် ဖြစ်သည်။

တွေ့ရှိချိန်တွင် အလွန်ပုပ်သိုးနေသဖြင့် ပုံပန်းသဏ္ဌာန်ပင် ပျက်ယွင်းနေပြီဖြစ်သည်။

သို့သော် ၎င်းအပေါ်တွင် ကျန်ရှိနေသေးသော အေးစက်ထူးဆန်းသည့် အရှိန်အဝါကြောင့် တပည့်များသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘာလဲဆိုတာ အတည်ပြုနိုင်ခဲ့ကြသည်။

အမှတ်အသား အလုပ်ခံခဲ့ရသော တပည့်များသည် ၎င်းထံမှ ထွက်ပေါ်နေသော အရှိန်အဝါကို ချက်ချင်း မှတ်မိလိုက်ကြသည်။

ကောင်းကင်ဘုံဓားဂိုဏ်းကို ဒုက္ခပေးခဲ့ပြီး တပည့် (၅) ဦးကို သတ်ဖြတ်ခဲ့သော နတ်ဆိုးမှာ ဤအကောင်ပင် ဖြစ်သည်။

ကျန်းစန်းကျန့် ရောက်လာသောအခါ သူ့မျက်နှာထား သိပ်မကောင်းလှပေ။

"'တိုက်ခိုက်ခြင်းဓား' ရဲ့ ဓားရည်ရွယ်ချက် ကျန်ရစ်နေတယ်။ အရမ်းပြင်းထန်တဲ့ သတ်ဖြတ်ခြင်းဆန္ဒပဲ။ တစ်ယောက်ယောက်က ဒီနေရာမှာ တိုက်ခိုက်ခြင်းဓားကို သုံးသွားတာ သေချာတယ်..."

'တိုက်ခိုက်ခြင်းနည်းစနစ် ကသာ ဒီလို အားကောင်းတဲ့ သတ်ဖြတ်ခြင်းဆန္ဒကို ချန်ထားနိုင်တာ။ လေးနက်တဲ့ အရှိန်အဝါတစ်ခု ပတ်ဝန်းကျင် လေထုထဲမှာ ကျန်ရစ်နေသေးတယ်...'

'ဒါပေမဲ့...'

'လောလောဆယ် သူတို့အနေနဲ့ 'တိုက်ခိုက်ခြင်းဓား ခန်းမဆောင်' ကို ပြန်မထိန်းချုပ်နိုင်သေးဘူး။

ကောင်းကင်ဘုံဓားဂိုဏ်းမှာ တိုက်ခိုက်ခြင်းဓား ပိုင်ဆိုင်ထားသူ အရမ်းနည်းပါးတယ်'

'သူတို့အများစုက 'သဏ္ဍာန်ဖော်ခြင်းဓား' ပဲ ရှိကြတယ်။တချို့ဆိုရင် 'စီးနင်းခြင်းဓား' တောင် မရှိကြဘူး။'

'ပြီးတော့ ဂိုဏ်းထဲမှာ တိုက်ခိုက်ခြင်းနည်းစနစ်ကို ကျွမ်းကျင်တဲ့သူဆိုလို့ အကြီးအကဲ လက်တစ်ဆုပ်စာလောက်ပဲ ရှိတာ။ ဒါပေမဲ့ အကြီးအကဲတွေ အကုန်လုံးက အမှောင်မြူခိုးတွေကို လိုက်စုံစမ်းရင်း ပြန်မရောက်ကြသေးဘူး။'

"လျှပ်စီးဓားရွှေ့ပြောင်းခြင်း... ရှားပါးလှတဲ့ လျှပ်စီးဒြပ်စင် ဓားရွှေ့ပြောင်းခြင်းပဲ..."

'ကောင်းကင်ဘုံဓားဂိုဏ်းမှာ ဒီလိုစွမ်းရည်မျိုး ရှိတဲ့သူ ရှိနေတာလား...'

"ဂိုဏ်းချုပ်ကြီး... ဒါက သခင်နှင့် နတ်ဆိုးကျွန် ဆိုတာလား။ နတ်ဆိုးအမျိုးအစားတွေ ဒီလောက် အများကြီး ရှိမယ်လို့ ထင်မထားမိဘူး..." တပည့်တစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကြီးက ဒီ သခင်နှင့် နတ်ဆိုးကျွန် ရှိနေတာကို ကြိုသိထားပြီးသား ဖြစ်မယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးကို လေ့ကျင့်ရေးကွင်းပြင်မှာ တမင် စုစည်းလိုက်ပြီး နတ်ဆိုးရဲ့ ပင်မခန္ဓာကိုယ် (သခင်) နဲ့ ဒုတိယခန္ဓာကိုယ် (ကျွန်) ကို ခွဲထုတ်လိုက်တာ။ ပြီးတော့မှ သူတို့စွမ်းအားတွေကို လျော့ပါးသွားစေပြီး တချိန်တည်းမှာပဲ စွမ်းအားကြီးတဲ့ ဓားကျင့်ကြံသူတစ်ယောက်ကို တိတ်တဆိတ် စေလွှတ်ကာ နတ်ဆိုးရဲ့ ပင်မခန္ဓာကိုယ်ကို သွားသတ်ခိုင်းလိုက်တာပဲ ဖြစ်ရမယ်..."

"လျှပ်စီးဒြပ်စင်ဓားရွှေ့ပြောင်းခြင်းကို အသုံးပြုနိုင်တဲ့ ဓားကျင့်ကြံသူမျိုး ကျွန်တော်တို့ ဂိုဏ်းမှာ ရှိနေမယ်လို့ ထင်မထားမိဘူး။ လျှပ်စီးဒြပ်စင်ဆိုတာ တကယ် ရှားပါးတာဗျ..."

"ဂိုဏ်းချုပ်ကြီးက ဒီလောက်အကြာကြီး ငြိမ်နေပြီး လုံးဝ မတုန်လှုပ်ခဲ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး။ ကောင်းကင်ဘုံဓားဂိုဏ်းမှာ ဒီလို ဝှက်ဖဲ တစ်ချပ် ရှိနေမှန်း သူ ကြိုသိနေလို့ ဖြစ်မှာပါ..."

ဘေးပတ်ဝန်းကျင်မှ တပည့်များ ရယ်မောလိုက်ကြသည်။

'ဝှက်ဖဲ တဲ့လား...'

ကျန်းစန်းကျန့် နေရာမှာပင် ရပ်နေရင်း အေးစက်သောမျက်နှာထားဖြင့် မျက်လုံးကို မော့ကြည့်လိုက်သည်။

'ကောင်းပြီလေ... မင်းတို့က အဲဒီလိုလူမျိုး ရှိတယ်လို့ ထင်ရင်လည်း ရှိတယ်လို့ပဲ မှတ်ထားကြပေါ့...'

ကလေးတွေ မျှော်လင့်ချက် မပျောက်သရွေ့ အဆင်ပြေပါတယ်။

ဒါပေမဲ့... နတ်ဆိုးကို သတ်သွားတဲ့သူက တကယ်ပဲ ကောင်းကင်ဘုံဓားဂိုဏ်းက လူ ဟုတ်ရဲ့လား။ အဲဒီလူက ဘယ်လောက်တောင် စွမ်းအားကြီးမားသလဲ။

တိုက်ခိုက်ခြင်းဓားကို ကိုင်ဆောင်ထားပြီး လျှပ်စီးဒြပ်စင် ဓားရွှေ့ပြောင်းခြင်းကို အသုံးပြုနိုင်စွမ်း ရှိသူ။

'ဘာလို့ ငါ ဒီလိုလူမျိုး ရှိနေတာကို မသိရတာလဲ...'

'အပြင်လူများလား...'

အမှန်တကယ်တော့ ကျန်းစန်းကျန့် ထိုသို့ တွေးမိပြီးသား ဖြစ်သည်။

ကောင်းကင်ဘုံဓားနယ်မြေတွင် သူတို့ဂိုဏ်းသည် အားကောင်းသည်ဟု မဆိုနိုင်သော်လည်း ရှင်သန်ကျန်ရစ်နေဆဲ ဖြစ်သည်။

ဆိုလိုသည်မှာ အတိတ်က အခြားသော ဂိုဏ်းအများစုသည်လည်း ရှင်သန်ကျန်ရစ်နေနိုင်ခြေ ရှိသည်။

ထို့ကြောင့်လည်း အကြီးအကဲများသည် အခြားသော ဓားဂိုဏ်းများနှင့် ပူးပေါင်းနိုင်မလားဆိုသည်ကို စုံစမ်းရန် အပြင်ထွက်နေကြခြင်း ဖြစ်သည်။

သို့သော် သူ စိုးရိမ်မိသည်မှာ အကယ်၍ သူတို့အပေါ် အာဃာတထားသော ဓားဂိုဏ်းတစ်ခုခုနှင့် တွေ့ဆုံမိပါက...။

သူတို့ဂိုဏ်း ဝါးမျိုခံလိုက်ရနိုင်ခြေ ရှိသည်။

အမှောင်မြူခိုးများအတွင်း မည်သူမျှ တိုက်ပွဲမစတင်ချင်ကြသော်လည်း မိမိကိုယ်ကို မထိခိုက်စေရန် သတိထားရပေမည်။

ဂိုဏ်းတစ်ခုအတွက် အရင်းအမြစ်များ၊ နည်းစနစ်များနှင့် ဓားသုံးမျိုးသည် အလွန်တန်ဖိုးရှိသော အရာများ ဖြစ်သည်။

အချို့ဂိုဏ်းများတွင် ဓားသွန်းလုပ်သော ပညာရှင်များပင် ရှိကြသည်။

ထိုကဲ့သို့သော ဂိုဏ်းမျိုးကို တွေ့ရှိပါက ဝါးမျိုခံရနိုင်ခြေ များသည်။

အမှောင်မြူခိုးများအတွင်း အရင်းအမြစ်များက အကန့်အသတ်ရှိသည် မဟုတ်ပါလော။

လူနည်းလေ ပိုကောင်းလေပင်။

လက်ရှိတွင် ကောင်းကင်ဘုံဓားဂိုဏ်း၌ တပည့် (၁၀၀) ခန့် ရှိနေခြင်းသည် အကြီးအကဲများအပေါ် ဖိအားများစွာ သက်ရောက်စေသည်။

အကြီးအကဲများသည် အရင်းအမြစ်များကို အမြဲမပြတ် ရှာဖွေနေရပြီး၊ ဂျူနီယာတပည့်များသည်လည်း ဂိုဏ်းသားများအတွက် ရိက္ခာရရှိရန် အမှောင်မြူခိုးများအတွင်း အသက်ရှင်ကျန်ရစ်သော သို့မဟုတ် ဗီဇပြောင်းလဲသွားသော တောရိုင်းတိရစ္ဆာန်များကို လိုက်လံဖမ်းဆီးနေကြရသည်။

"မင်းတို့ကောင်တွေ အမြန်ဆုံး ရင့်ကျက်လာကြဖို့ လိုတယ်..."

ကျန်းစန်းကျန့် သက်ပြင်းချလိုက်သည်။

ဤတပည့်တစ်သိုက် ကြီးပြင်းလာမှသာ ကောင်းကင်ဘုံဓားဂိုဏ်း ရှင်သန်ရပ်တည်နိုင်မည့် မျှော်လင့်ချက် ရှိလာပေမည်။

"စိတ်ချပါ ဂိုဏ်းချုပ်ကြီး..."

"ဂိုဏ်းချုပ်ကြီး စိတ်ညစ်နေတယ်ဆိုရင် ကျွန်တော်တို့ တစ်နေ့ကို သုံးကြိမ် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး ကြိုးစားကျင့်ကြံပါ့မယ်။ ဒါမှ နောင်ကျရင် ဂိုဏ်းချုပ်ကြီးလိုမျိုး ခမ်းနားထည်ဝါတဲ့ စာပေလက်ရာမျိုး ပိုင်ဆိုင်နိုင်မှာပေါ့..."

'ဟမ်...'

ကျန်းစန်းကျန့် သူတို့ကို ထူးဆန်းသလို ကြည့်လိုက်သည်။

'ငါ့မှာ ဘယ်တုန်းက ခမ်းနားထည်ဝါတဲ့ စာပေလက်ရာ ရှိခဲ့လို့လဲ...'

"ငါ့နာမည် ကျန်းစန်းကျန့် ကွ... ထာဝရညက ငါ့ရဲ့ ဓားလမ်းစဉ်အပေါ်ထွန်းလင်းပါစေ..." တပည့်တစ်ယောက်က အလွန်စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

ကျန်းစန်းကျန့် သူ့၏တိုက်ခိုက်ခြင်းဓားကို တိတ်တဆိတ် ဖိကိုင်လိုက်သည်။

'မင်း သေချင်နေတာလား...'

သူ့မျက်နှာအရောင်သည် အမည်းမှ အဖြူ၊ အဖြူမှ အစိမ်းသို့ ပြောင်းလဲသွားလေသည်။

...

ထိုအချိန်တွင် ရှန်းချန်ကောသည် သူ့အခန်းသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

ယနေ့ သူ ပြုလုပ်ခဲ့သော တိုက်ခိုက်မှုသည် သူ့ကို ဉာဏ်အလင်းများစွာ ပေးစွမ်းခဲ့သည်။

ထိုတိုက်ခိုက်မှုသည် 'ချီထိန်းချုပ်ခြင်းအဆင့်' စွမ်းအားကို အသုံးပြုပြီး 'တိုက်ခိုက်ခြင်းနည်းစနစ်' ကို ထုတ်ဖော်ခဲ့သော ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဆိုနိုင်သည်။

ထိုပုပ်သိုးနေသော ကြက်သည်လည်း ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းအခြေခံ ရှိခဲ့ပုံရသည်။

သို့သော် သူ့ဓားချက်အောက်တွင် သန့်ရှင်းစွာ သေဆုံးသွားခဲ့သည်။

သူထုတ်ဖော်လိုက်သော ထိုတိုက်ခိုက်မှုတွင် အလွန်ကြီးမားသော စွမ်းအားများ ပါဝင်နေမှာ သေချာသည်။

သူသည် 'ကောင်းကင်ဘုံဓားဂိုဏ်း သမိုင်းမှတ်တမ်း' စာအုပ်ကို လှန်လှောကြည့်ရှုပြီး မြေပုံကို ရှာလိုက်သည်။

"ယုတ္တိရှိရှိ ပြောရရင်... အဲဒီနတ်ဆိုးကို သတ်လိုက်လို့ သူ့သွေးတွေ မြေပြင်ပေါ် ပြန့်ကျဲသွားတဲ့အတွက် အဲဒီနေရာတဝိုက်က အမှောင်မြူခိုး တချို့ ကွယ်ပျောက်သွားလောက်ပြီ။ ကောင်းကင်တောင်ထွတ်အနီးက အဲဒီနေရာမှာ ဘာရှိသလဲ..."

သူ မြေပုံကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

မြေပုံပေါ်ရှိ ကောင်းကင်တောင်ထွတ် နေရာတွင် လက်ညှိုးထောက်လိုက်ပြီး ဦးတည်ရာကို စိတ်ထဲ၌ တွက်ချက်လိုက်သည်။

'အင်း...'

'ကျမ်းစာတိုက်ငယ် ပဲ...'

ကျမ်းစာတိုက်ငယ်သည် မူလက ဘေးထွက်ဂိုဏ်းခွဲ၏ကျမ်းစာတိုက် တည်ရှိရာနေရာ ဖြစ်သည်။

သို့သော် စာအုပ်များနှင့် မှတ်တမ်းအများစုကို ရွှေ့ပြောင်းသွားပြီ ဖြစ်ပုံရပြီး ယခုအခါ အဆင့်နိမ့် ဓားကျမ်းအချို့သာ ကျန်ရှိတော့သည်။

ဒါပေမဲ့ အဲဒါက ရှန်းချန်ကော ချက်အင်ဝင်ဖို့အတွက် အဟန့်အတား မဖြစ်စေပါဘူးလေ။

ကြည့်ရတာ သူ ချက်အင် ဝင်လို့ရမယ့် နေရာအသစ်တစ်ခု ထပ်ပွင့်သွားပြီနဲ့ တူတယ်။

ယခုအချိန်တွင် ရှန်းချန်ကော အလိုအပ်ဆုံးက နည်းစနစ်မျိုးစုံဖြစ်လေ၏။

All Chapters