← Chapters

ပုံရိပ်ယောင်ရွေ့လျားခြင်း

Vol. 2 Ch. 12

ပုံရိပ်ယောင်ရွေ့လျားခြင်း

Vol. 2 Ch. 12

အဝေးတစ်နေရာတွင် ခမ်းနားသော ခန်းမဆောင်တစ်ခုသည် လူတိုင်း၏မျက်စိရှေ့၌ ထင်ထင်ရှားရှား တည်ရှိနေသည်။

ထိုခန်းမဆောင်သည် အပေါ်မှအောက်ခြေအထိ ကြက်သွေးရောင်ဖြစ်ပြီး ကော့ညွှတ်သောအမိုးများရှိကာ မှောင်ပိန်းနေသောမြူခိုးများအောက်ရှိ အမှောင်ထု၏အစွန်းတစ်နေရာတွင် မြင့်မားစွာတည်ရှိလေသည်။

"ကျမ်းစာတိုက်ငယ်"

တပည့်များ စိတ်လှုပ်ရှားသွားကြလေ၏။

လက်ရှိ ဂိုဏ်းပိုင်ဆိုင်သည့် နည်းစနစ်များက အလွန်နည်းပါးလွန်းသည်။

နည်းစနစ်များ အလွန်နည်းပါးသောကြောင့် ဂိုဏ်းသားများ၏တိုးတက်မှုနှုန်းသည် အလွန်နှေးကွေးနေသည်။

တကယ်တော့ ကျင့်ကြံခြင်းအခြေခံတိုးတက်မှုတွင် နည်းစနစ်အမျိုးမျိုးနှင့် ဓားနည်းစနစ်များသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ဓားနည်းစနစ်တစ်ခုနှင့် ထိတွေ့သောအခါ ဓားကျင့်ကြံသူကိုယ်တိုင်က သူတို့၏လက်ရှိ ကျင့်ကြံခြင်းအခြေခံကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်လာနိုင်သည်။

ထိုအချိန်တွင် သူတို့သည် ဆောင်း၏တိုက်ခတ်နေသော လေအေးများကြားတွင် တစ်ကိုယ်တည်းလောင်ကျွမ်းနေသော မီးခြစ်ဆံတစ်ခုနှင့်တူနေသည်။

"ကျမ်းစာတိုက်ငယ်မှာ ဓားနည်းစနစ်အချို့ ကျန်နေသေးတယ်" ကျန်းစန်းကျန့်က ပြုံးပြရင်း ပြောလိုက်သည်။

ကျမ်းစာတိုက်ငယ်တွင် ဓားနည်းစနစ်များ အများကြီး မရှိသလို ၎င်းတို့၏အဆင့်အတန်းမှာလည်း သိပ်မမြင့်သော်လည်း လက်ရှိကောင်းကင်ဘုံဓားဂိုဏ်းအတွက် အဆင်ပြေလေသည်။

"သဏ္ဍာန်ဖော်ခြင်းနည်းစနစ် - နဂါး"

"သဏ္ဍာန်ဖော်ခြင်းနည်းစနစ် - နှင်းဖွဲ "

"ဘုရားရေ ဓားစီးနင်းခြင်းနည်းစနစ် - လေစီးနင်းခြင်း လည်း ရှိသေးတယ်"

တပည့်များသည် ကျမ်းစာတိုက်ငယ်ထဲသို့ လမ်းလျှောက်ဝင်လာကြသည်နှင့် ဝမ်းသာအားရ ခုန်ပေါက်နေကြသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ကျန်းစန်းကျန့်သည် သူ့ပျော်ရွှင်မှုကို မထိန်းနိုင်ဘဲ အပြုံးများပျံ့နှံ့လာသည်။

"ဂိုဏ်းချုပ်ကြီး ရွေ့လျားခြင်းနည်းစနစ် လည်း ရှိသေးတယ် အရိပ်တံလျှပ် တဲ့"

တပည့်တစ်ဦးက ကျမ်းတစ်အုပ်ကို ကိုင်ဆောင်လျက်ဝမ်းမြောက်ဝမ်းသာဖြင့် ကျန်းစန်းကျန့်ထံ လာရောက်ပြောပြသည်။

ကျန်းစန်းကျန့်က "ဒီ အရိပ်တံလျှပ် နည်းစနစ်က၊ အရင်တုန်းက တပည့်တစ်ယောက်က ကျမ်းစာမှတ်တမ်းရေးတဲ့အခါ အမှားလုပ်မိပြီး သာမန်အဆင့် ရွှေ့လျားခြင်းနည်းစနစ်ဖြစ်တဲ့ အရိပ်လွင့်မျောခြင်းကို စိတ်ဝိညာဉ်အဆင့် ရွှေ့လျားခြင်းနည်းစနစ်ဖြစ်တဲ့ အရိပ်တံလျှပ်နဲ့ မှားယွင်းသွားတာ ဖြစ်ရမယ်။ကျမ်းစာတိုက်မှာ ရွှေ့လျှားခြင်းနည်းစနစ်တွေ မပြတ်လပ်တာကြောင့် ဟိုဘက်ကို မရွှေ့ပြောင်းခဲ့တာ ဖြစ်မယ်။"

"တစ်ယောက်ယောက်က ရွှေ့လျှားခြင်းနည်းစနစ်ကို အဆင့်အရမ်းမြင့်တဲ့အထိ ကျင့်ကြံနိုင်ရင် အဲဒီ ရွှေ့လျားခြင်းနည်းစနစ်ရဲ့ အဆုံးစွန်အဆင့်ထဲကို ဝင်ရောက်နိုင်တယ်" ဟု ပြောလိုက်သည်။

"အဆုံးစွန်အဆင့်"

တပည့်အများအပြားသည် ကျန်းစန်းကျန့်ကို စိတ်ဝင်တစား ကြည့်လိုက်မိကြသည်။

ရွေ့လျားခြင်းနည်းစနစ်များတွင် အဆုံးစွန်အဆင့်များ ရှိသည်လော။

သူတို့၏အကြည့်များကို ခံစားမိသည့်အလား ကျန်းစန်းကျန့်သည် သူ့မေးကို အနည်းငယ်မြှင့်လိုက်ပြီး လက်နှစ်ဖက်နောက်ပစ် ထားလိုက်သည်။

သူ့မျက်လုံးများသည် ဝမ်းနည်းမှုနှင့် ဂုဏ်ယူမှုတို့ကို တစ်ပြိုင်နက် ထင်ဟပ်နေပုံရသည်။

"ချုပ်ငြိမ်းခြင်း၊ ပြန့်လွင့်ခြင်း၊ တက်လှမ်းခြင်း ၊ လွတ်မြောက်ခြင်း" ဟု ကျန်းစန်းကျန့်က ပြောလိုက်သည်။

"ဒါတွေက ရွေ့လျားခြင်းနည်းစနစ်တွေရဲ့ အကြီးမားဆုံး အဆုံးစွန်အဆင့် လေးခုပဲ။ ချုပ်ငြိမ်းခြင်းအဆင့် ရွေ့လျားခြင်းနည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်ပြီး ပိုမိုမြင့်မားတဲ့ အဆင့်အထိကျင့်ကြံနိုင်ရင်၊ ပြီးပြည့်စုံတဲ့ ကျွမ်းကျင်မှုကို ရရှိပြီး ချုပ်ငြိမ်းခြင်းအဆင့်ဝင်ရောက်နိုင်ရင်၊ ရွေ့လျားခြင်းနည်းစနစ် မကျွမ်းကျင်တဲ့ တူညီတဲ့ကျင့်ကြံခြင်းအဆင့်ရှိသူ နှစ်ယောက်ကို အလွယ်တကူ ရင်ဆိုင်နိုင်မယ်လို့ ပြောလို့ရတယ်" ဟု ကျန်းစန်းကျန့် ရှင်းပြလိုက်သည်။

ကျန်းစန်းကျန့်၏စကားများကြောင့် တပည့်အများအပြား ချက်ချင်း စိတ်လှုပ်ရှားလာကြသည်။

"ဒီလောက်တောင် စွမ်းအားကြီးပြီးမယုံနိုင်စရာကောင်းတာလား"

"အာ... အရိပ်တံလျှပ်၊ ချုပ်ငြိမ်းခြင်းအဆင့်... ဒီ အရိပ်တံလျှပ် ရွေ့လျားခြင်းနည်းစနစ်က ကျွန်တော်တို့ကို အဆုံးစွန်အဆင့်ထဲ ဝင်ရောက်ဖို့ ကူညီပေးနိုင်တာများလား..."

တပည့်များသည် ကျန်းစန်းကျန့်ကို မျှော်လင့်တကြီး ကြည့်နေကြသည်။

ထိုအချိန်တွင် တပည့်တစ်ဦး၏လက်ထဲရှိ အရိပ်တံလျှပ်ကျမ်းသည် တပည့်များစွာ၏မျက်လုံးထဲတွင် အဖိုးတန်ရတနာတစ်ခုကဲ့သို့ ဖြစ်နေသည်။

"အဟွတ်... အဟွတ်... အင်း... အရိပ်တံလျှပ်ဆိုတဲ့ နာမည်က ငါ ကိုယ်တိုင်ပေးထားတာပါ။ ချုပ်ငြိမ်းခြင်း အဆုံးစွန်အဆင့်နဲ့ ဘာမှမဆိုင်ဘူး။ ဟုတ်တယ်... လုံးဝ မဆိုင်ဘူး..."

"ချုပ်ငြိမ်းခြင်းကို ရဖို့ဆိုရင် မင်းတို့ ကျင့်ကြံတဲ့ နည်းစနစ်က အနည်းဆုံး 'အမှန်တရားပြန်လည်ခြင်းအဆင့်' ရှိမှ ဖြစ်မယ်..."

အမှန်တရားပြန်လည်ခြင်းအဆင့်...

ချက်ချင်းပင် တပည့်အများအပြား၏မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး ချီးစားမိသကဲ့သို့ ဖြစ်သွားကြ၏။

အမှန်တရားပြန်လည်ခြင်းအဆင့် နည်းစနစ်...

ဓားနည်းစနစ်ဖြစ်စေ၊ ရွေ့လျားခြင်းနည်းစနစ်ဖြစ်စေ ကောင်းကင်ဘုံဓားဂိုဏ်း၏ဘေးထွက်ဂိုဏ်းခွဲ အထွတ်အထိပ်ကာလတုန်းကပင် ထိုအဆင့် နည်းစနစ်တစ်ခုသာ ရှိခဲ့ပုံရသည်။

ထိုအဆင့် နည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်ပါက တူညီသော ကျင့်ကြံခြင်းအခြေခံရှိသူများကြားတွင် မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ပေ။

သေချာသည်မှာ ထိုသူများက အမှန်တရားပြန်လည်ခြင်းအဆင့် နည်းစနစ်ကို မကျွမ်းကျင်မှသာ ဖြစ်လိမ့်မည်။

"ဒါဆို ဒီ အရိပ်တံလျှပ်နည်းစနစ်က အမှန်တရားပြန်လည်ခြင်းအဆင့် မဟုတ်ဘူး။ ချုပ်ငြိမ်းခြင်းအဆင့်ထဲကိုလည်း ဝင်ရောက်ဖို့ မကူညီနိုင်ဘူးပေါ့... ဒါဆို ဂိုဏ်းချုပ်ကြီးက ဘာတွေ လာပြောနေတာလဲ..."

"တိတ်စမ်း... သွားမဖော်နဲ့။ ဂိုဏ်းချုပ်က ဟန်ထုတ်နေတာ။ဒီအဘိုးကြီးက ဘယ်ဟာကမှ မလွယ်ကူဘူး။ သူ့ကို ဒီအတိုင်း လွှတ်ထားလိုက်..."

တစ်စုံတစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။

ကျန်းစန်းကျန့်၏မျက်နှာသည် တဖြည်းဖြည်း မဲ‌ေမှာင်လာလေသည်။

'ဒီကောင်လေးတွေရဲ့ ရင်ထဲမှာ ငါ့ဂုဏ်သတင်းက အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း နိမ့်ကျနေတာပဲ...'

'ဒါက ဘယ်တုန်းက စဖြစ်ခဲ့တာလဲ...'

'ငါ့နာမည် ကျန်းစန်းကျန့် ကွ... ထာဝရညက ငါ့ဓားလမ်းစဉ်အပေါ်ထွန်းလင်းလိမ့်မယ်... ဒီလို ခန့်ညားထည်ဝါတဲ့ စကားမျိုးက ဘယ်လိုလုပ် ဒီလိုဖြစ်ရမှာလဲ။ ဒီအတိုင်း ဆက်ဖြစ်နေလို့ မဖြစ်ဘူး။ ငါ့ဂုဏ်သတင်းကို ပြန်တည်ဆောက်ဖို့ တစ်ခုခု လုပ်ရတော့မယ် ထင်တယ်...'

"ချက်အင်"

[ နေရာအသစ် ချိတ်ဆက်မှုအောင်မြင်သည်: ကျမ်းစာတိုက်ငယ် ]

[ ကျမ်းစာတိုက်ငယ်တွင် ချက်အင်ဝင်သည် +၁ ]

[ ဆုလာဘ်ရရှိ: ပုံရိပ်ယောင်ရွေ့လျားခြင်း (အမှန်တရားပြန်လည်ခြင်းအဆင့်) ]

ရှန်းချန်ကောသည် ကျမ်းစာတိုက်ငယ်၏ထောင့်တစ်နေရာတွင် မတ်တပ်ရပ်လျက်ဖြင့် တပည့်များကို တိတ်ဆိတ်စွာ ကြည့်နေသည်။

သူ့မျက်လုံးများသည် လေးနက်နေပြီး သူ့မျက်နှာအမူအရာသည် စိတ်မပါ့တပါဖြစ်နေသည်။

အချိန်အတော်ကြာပြီးနောက်...

"ဟမ့်.. ပုရွက်ဆိတ်တွေ တစ်အုပ်..."

"ချန်ကော... မင်း ဘာလုပ်နေတာလဲ" ကျန်းစန်းကျန့်၏မျက်နှာ မကောင်းလှပေ။

သူ ဟန်ထုတ်နေသော်လည်း ချက်ချင်း အဖော်ခံလိုက်ရသည့်အချိန် သူသည် တပည့်ဖြစ်သူ ရှန်းချန်ကော၏ခံစားချက်မရှိဘဲ တည်ငြိမ်စွာကြည့်နေပုံနှင့် နှိုင်းယှဉ်လိုက်သောအခါ သူ နိမ့်ကျနေသည်ဟု ခံစားလိုက်ရသည်။

တပည့်ဖြစ်သူက အောင်မြင်သွားသော်လည်း ဆရာကိုယ်တိုင်က ကျရှုံးသွားလေသည်။

ဂရုတစိုက် ပြန်တွေးကြည့်သောအခါ သူ့တပည့်လက်တစ်ဆုပ်စာထဲတွင် အငယ်ဆုံးဖြစ်သည့် မိုချင်းချန်က သူ့၏ဓားပညာကို အမွေဆက်ခံသည်။

ချင်ရှန်း ဆိုသည့် ကောင်စုတ်က သူ့၏ဆေးပညာကို အမွေဆက်ခံသည်။

ချန်ကောကျတော့...

သူသည် ရှန်းချန်ကောကို မနှစ်မြို့သော အမူအရာဖြင့် ကြည့်လိုက်သည်။

ရှန်းချန်ကောကလည်း သူ့ကို မထီမဲ့မြင် ပြန်ကြည့်သည်။

ရှန်းချန်ကောသည် သူ့မျက်လုံးထဲမှ နောက်ဆုံးခံစားချက်များကို ရုတ်တရက်ဖျောက်ဖျက်လိုက်ပြီး အနည်းငယ် တောက်ပနေသော အဖြူရောင်အင်္ကျီကို လွှဲချကာ မည်သည့်အတွေးမှ မကျန်အောင် သန့်သန့်ရှင်းရှင်း လှည့်ထွက်သွားသည်။

ကျန်းစန်းကျန့်သည် ညည်းတွားလိုက်ဟန်ဖြင့် မကျေနပ်သောအမူအရာကို ပြသလိုက်သည်။

'ဒီကောင်စုတ်လေးက ငါ့မှာရှိတဲ့ တန်ဖိုးအရှိဆုံး အရာကို အမွေဆက်ခံသွားတာပဲ...'

...

ပုံရိပ်ယောင်ရွေ့လျားခြင်းအား ရရှိပြီးနောက် ရှန်းချန်ကောသည် အမှောင်မြူခိုးများအတွင်း ရှင်သန်ရပ်တည်ရန် လိုအပ်သောစွမ်းရည်ကို သံသယဖြစ်ဖွယ်မရှိ ပိုင်ဆိုင်သွားပြီ ဖြစ်သည်ဟု ဆိုနိုင်လေသည်။

ချန်ကောသည် လက်ရှိ သူ့တွင်ရှိသော ဓားသိုင်းများကို စတင် စီစစ်လိုက်သည်။

လက်ရှိတွင် ဓားစီးနင်းခြင်းနည်းစနစ် - လျင်မြန်သောလေပြင်း သည် စိတ်ဝိညာဉ်အဆင့်၏ အလယ်အလတ်အဆင့် ဓားစီးနင်းခြင်းနည်းစနစ် ဖြစ်ပြီး တိုက်ခိုက်ခြင်းနည်းစနစ် - ကြက်သွေးရောင်လျှပ်စီးသည် စိတ်ဝိညာဉ်အဆင့်၏အခြေခံအဆင့် တိုက်ခိုက်ခြင်းနည်းစနစ် ဖြစ်သည်။

လက်ရှိ သူ ကျွမ်းကျင်သောနည်းစနစ်များထဲတွင် အဆင့်အမြင့်ဆုံးမှာ ချက်အင်ဝင်ကာ ရရှိခဲ့သော ပုံရိပ်ယောင်ရွှေ့လျားခြင်း ဖြစ်သည်။

အမှန်တရားပြန်လည်ခြင်းအဆင့် သည် နက်ရှိုင်းစွာကျင့်ကြံပါက ရွေ့လျားခြင်းနည်းစနစ်၏ အဆုံးစွန်အဆင့်ဖြစ်သော ချုပ်ငြိမ်းခြင်း ကို နားလည်သဘောပေါက်ရန် ကူညီနိုင်သည်။

ရှန်းချန်ကောသည် အိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်လေ၏။

ကျမ်းစာတိုက်ငယ်မှ ပြန်လာသော တပည့်အချို့က ပြတင်းပေါက်မှတစ်ဆင့် သူ့ကို မြင်လိုက်ရလျှင် မထိန်းချုပ်နိုင်ဘဲ အံ့အားသင့်သွားကြလေသည်။

သူတို့၏စီနီယာအစ်ကိုကြီးသည် အဟုတ်ကြီး ကျင့်ကြံနေပြီဖြစ်သည်။

သူတို့တစ်ဦးစီသည် ကျေနပ်သည့် အပြုံးလေးများ ပြုံးလိုက်ကြသည်။

သူတို့၏ပုပ်သိုးနေသောငါးကဲ့သို့သော စီနီယာအစ်ကိုကြီးသည် နောက်ဆုံးတွင် တိုးတက်လိုစိတ် ပေါက်ဖွားလာပုံရသည်။

လူတိုင်း၏မျှော်လင့်ချက်များကို ဆန့်ကျင်လျက် ရှန်းချန်ကောသည် ခဏအကြာတွင် အသက်ရှူနှုန်း ညီညာပြီး စည်းချက်ကျကျ ရှူသွင်းထုတ်လွှတ်လာသည်။

သူ အိပ်ပျော်သွားတာလား။

တပည့်များသည် မကျေမနပ်ဖြင့် ခေါင်းခါလိုက်ကြပြီး သူ့ကို ဆဲဆိုကြိမ်းမောင်းကြလေ၏။

"အရှက်မရှိလိုက်တာ"

တစ်ပတ်လုံးလုံး ရှန်းချန်ကော နေ့တိုင်း ချက်အင် ဝင်ခဲ့လေသည်။

သို့သော် သူ့တိုးတက်မှုနှုန်းသည် တဖြည်းဖြည်း နှေးကွေးလာသည်ကို တွေ့ရှိခဲ့လေ၏။

သူ နေ့စဉ် ချက်အင်ဝင်ခဲ့သော ခုနစ်ရက်အတွင်း သူ့ကျင့်ကြံခြင်းအခြေခံသည် လွတ်မြောက်ခြင်းအဆင့် သို့သာ မြင့်တက်လာလေသည်။

ဤအရာက နှစ်(၁၀၀၀)ကျင့်ကြံခြင်းခန့် ဖြစ်လေ၏။

ရှန်းချန်ကော အမှတ်ရလိုက်သည်မှာ လွတ်မြောက်ခြင်းအဆင့်ရှိ သူများ၏သက်တမ်းသည် နှစ် (၅၀၀) သာ ရှိသည်ဟူ၍ ဖြစ်သည်။

ထို့ပြင် သူသည် ဓားစီးနင်းခြင်းနည်းစနစ်-ခြေလှမ်းတစ်ထောင် ကိုလည်း ရရှိခဲ့သည်။

သို့သော် ခုနစ်ရက်ကြာ ချက်အင်ဝင်ခဲ့သော်လည်း ထိန်းချုပ်ခြင်းအဆင့်သို့ မရောက်ရှိခဲ့သေးပေ။

ပြောချင်တာကတော့ ခုနစ်ရက်ကြာ ချက်အင်ဝင်ပြီးနောက် ပုံရိပ်ယောင်ရွေ့လျားခြင်းတွင် သူ၏ အောင်မြင်မှုသည် အမြင့်ဆုံးအထိ ရောက်ရှိသွားခဲ့ခြင်းဖြစ်လေ၏။

ထိုစဉ်က စနစ်မျက်နှာပြင်ပေါ်တွင် ကျမ်းစာတိုက်ငယ်ဘေးရှိ ရက်အရေအတွက်မှာ တစ်ရက်မှ ခုနစ်ရက်အနက် တစ်ရက်သာဖြစ်နေသည်ကို သူ မှတ်မိနေသေးသည်။

ပထမဆုံးနေ့တွင် နည်းစနစ်ကို ရရှိခဲ့ပြီး နောက်ရက်များတွင် ကျင့်ကြံခြင်းအခြေခံကို ရရှိခဲ့ကာ ခုနစ်ရက်ကြာ ချက်အင်ဝင်ပြီးနောက် နည်းစနစ်တွင် သူ၏နားလည်သဘောပေါက်မှုအဆင့်သည် အမြင့်ဆုံးသို့ တိုးလာခဲ့ခြင်း ဖြစ်သည်။

သူသည် ချုပ်ငြိမ်းခြင်းအဆင့် သို့ ဝင်ရောက်သွားခဲ့လေပြီ။

ချုပ်ငြိမ်းခြင်းအဆင့်ဆိုသည်မှာ အဘယ်နည်း။

ရွေ့လျားခြင်းနည်းစနစ်အား အလွန်ကျွမ်းကျင်စွာဖြင့် အရှိန်ပြင်းပြင်းရွေ့လျားနေချိန်တွင် လူတစ်ဦး၏ခန္ဓာကိုယ်သည် ချက်ချင်းပျောက်ကွယ်သွားနိုင်သည်။

သို့သော် အမှန်တကယ်တွင် ထိုသူသည် ထိုနေရာတွင်ပင် ရပ်နေသေးသည်။

၎င်းသည် ပြိုင်ဘက်၏မျက်လုံးကို လှည့်စားခြင်းသာ ဖြစ်သည်။

"ခုနစ်ရက်ကြာပြီးတော့ ကျမ်းစာတိုက်ငယ်ကို သွားရင် ဘယ်လို အံ့သြစရာတွေ ရမလဲ မသိဘူး..."

ကောင်းကင်သည် လင်းလာစပြုနေသေးပြီး ပြီးခဲ့သည့် ရက်များအတွင်း၌သ‌ဘာဝနာရီဖြင့် ချိန်ညှိထားသော ရှန်းချန်ကောသည် ဖြည်းညှင်းစွာ အိမ်ထဲမှ ထွက်လာသည်။(မနက်အချိန်တန်ရင်သူ့ဟာသူအသိစိတ်ဝင်နိုးထလာချိန် )

All Chapters