← Chapters

ဂျူနီယာညီမလေး ဖမ်းဆီးခံရခြင်း

Vol. 2 Ch. 18

ဂျူနီယာညီမလေး ဖမ်းဆီးခံရခြင်း

Vol. 2 Ch. 18

နေမင်းကြွေကျခြင်း..

'အမှန်တရားပြန်လည်ခြင်းအဆင့်' တိုက်ခိုက်ခြင်းနည်းစနစ်တစ်ခု

'ကြက်သွေးရောင်လျှပ်စီး' သည် စိတ်ဝိညာဉ်အဆင့် တိုက်ခိုက်ခြင်းနည်းစနစ်တစ်ခုသာ ဖြစ်သော်လည်း ၎င်း၏စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှသည်ကို သိသင့်သည်။

ထို့အပြင် ယခင်က သူရိယဓားဂိုဏ်း၏ကျမ်းစာတိုက်ရှေ့တွင် ထွက်ပေါ်ခဲ့သော ကြီးမားကျယ်ပြန့်သည့် ဓားအလင်းတန် သည် ရှန်းချန်ကောကို ကြီးမားသော အန္တရာယ်အငွေ့အသက်များ ပေးစွမ်းခဲ့သည်။

ဤအရာက သူကြုံဖူးသမျှထဲတွင် အကြောက်မက်ဆုံး တိုက်ခိုက်ခြင်းနည်းစနစ် ဖြစ်သည်။

အကယ်၍ 'ပုံရိပ်ယောင်ရွှေ့လျားခြင်း' ၏ ထူးခြားဆန်းကြယ်မှုသာ မရှိပါက ရှန်းချန်ကော ထိုနေရာတွင် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ သူ ခုနက ရရှိလိုက်သော တိုက်ခိုက်ခြင်းနည်းစနစ် 'နေမင်းကြွေကျခြင်း' သည် သူရိယဓားဂိုဏ်းချုပ်ကြီး အသုံးပြုနေသည်ထက် ပိုမိုပြည့်စုံနေပုံရခြင်း ဖြစ်သည်။

အကယ်၍ သူသာ ဤနည်းစနစ်ကို ပြီးပြည့်စုံစွာ ကျွမ်းကျင်သွားခဲ့လျှင် သူထုတ်ဖော်နိုင်မည့် စွမ်းအားသည် ထိုထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။

သူ မပြုံးဘဲ မနေနိုင်တော့ပေ။

"မင်းရဲ့ ဇာတ်သိမ်းခန်း ရောက်လာပြီ..."

ကောင်းကင်ပေါ်တွင် အလွန်အေးစက်သော မျက်လုံးများ၊ လေးနက်သော မျက်နှာထားနှင့် သတ်ဖြတ်လိုစိတ် အပြည့်ရှိသော ပုံရိပ်တစ်ခု ရှိနေသည်။

"နေမင်းကြွေကျခြင်း..."

ဘုန်း...

မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ပေါ်ရှိ တိုက်ခိုက်ခြင်းဓား သည် အရှေ့အရပ်မှ တက်လာသော နေမင်းကြီးကဲ့သို့ ခမ်းနားထည်ဝါသော စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။

လေထုထဲတွင် စွမ်းအင်များ ပြည့်နှက်လွန်းသဖြင့် ပုံပျက်ရှုံ့တွသွားပြီး ငြင်းဆန်နေသကဲ့သို့ ဖြစ်နေသည်။

ကြီးမားသော စွမ်းအားများ ပါဝင်သည့် ရွှေရောင်အလင်းတန်းများ ဆင်းသက်လာသည်။

ရှန်းချန်ကော ပြုံးလိုက်သည်။

သူသည် လင်းကျန်းဟုန်ကို နက်နဲသော အပြုံးဖြင့် ကြည့်လိုက်သည်။

လင်းကျန်းဟုန်၏နှုတ်ခမ်းထောင့်များ လှုပ်ခတ်သွားသည်။

ရှန်းချန်ကော၏အကြည့်ကို ခံရသည်မှာ သူ့အတွက် သက်သောင့်သက်သာ မရှိလှပေ။

ဒီလူက...

အရမ်းထူးဆန်းလွန်းတယ်။

သူရိယဓားဂိုဏ်းထဲသို့ ဝင်ရောက်လာသည်မှာ သူ့အတွက် အားလပ်ရက် အပန်းဖြေခရီး ထွက်လာသကဲ့သို့ ဖြစ်နေသည်။

အလွန်ထူးဆန်းသည်။

သို့သော် အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ရှန်းချန်ကောသည် တစ်စုံတစ်ခုကို လိုချင်နေသည်ဟု သူ ခံစားရသည်။

သို့သော် သူ ခံစားရသည့် တစ်ခုတည်းသော အရာမှာ သူအရုပ်တစ်ရုပ်လို ကစားခံနေရခြင်း ဖြစ်သည်။

နောက်တစ်ခဏတွင် ရှန်းချန်ကောသည် သူရှိနေသော နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။

ကျိန်စာသင့်နေတဲ့ ရွှေ့လျားခြင်းနည်းစနစ်

လင်းကျန်းဟုန် ဒေါသထွက်သွားသော်လည်း သူ ဘာမှမတတ်နိုင်ပေ။

သို့သော် ထိုအချိန်တွင် လင်းကျန်းဟုန် အံ့သြစွာ မော့ကြည့်လိုက်သည်။

အရှိန်အဝါတစ်ခုသည် သူ့ကို တမင်တကာ ပစ်မှတ်ထားလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

သူ မော့ကြည့်လိုက်သောအခါ သူ့၏ 'နတ်တံတားအဆင့်' မျက်လုံးစွမ်းရည်ဖြင့် အမှောင်မြူခိုးများနှင့် ကပ်လျက် နေရာတွင် ပုံရိပ်တစ်ခု အေးအေးလူလူ လျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။

ထိုသူ ထွက်ခွာသွားစဉ် လင်းကျန်းဟုန်ကိုပင် လက်ပြနှုတ်ဆက်သွားသေးသည်။

"ငါ သွားတော့မယ်... မလွမ်းနဲ့နော်" ဟု ပြောနေသကဲ့သို့။

ဒါက...

လင်းကျန်းဟုန် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ ဓားဖြင့် အကြိမ်အနည်းငယ် ခုတ်ပိုင်းလိုက်သော်လည်း ဒေါသပြေပုံ မရပေ။

ထိုအချိန်တွင် ရှန်းချန်ကောသည် အမှောင်မြူခိုးများထဲသို့ လျှောက်လှမ်းဝင်ရောက်သွားသည်။

သူ့၏လက်ရှိ ကျင့်ကြံခြင်းအခြေခံသည် 'လွတ်မြောက်ခြင်းအဆင့်' အစောပိုင်းအဆင့်တွင် ရှိသော်လည်း 'ပုံရိပ်ယောင်ရွှေ့လျားခြင်း' ၏ ထူးခြားသော စွမ်းရည်များကြောင့် နတ်တံတားအဆင့် စွမ်းအားရှင်များပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

'ပြန်သွားဖို့ အချိန်တန်ပြီ...'

'ဒီနေ့ အများကြီး ရလိုက်တာပဲ...'

ရှန်းချန်ကော ကျေနပ်နေလေ၏။

သူ ပြန်သွားရာလမ်းတွင် နတ်ဆိုးများက သူ့အရှိန်အဝါကို ခံစားမိသောအခါ အားလုံး နောက်ဆုတ်သွားကြသည်။

...

"ဂိုဏ်းချုပ်ကြီး... ဆိတ်ငြိမ်ခြင်းတော ထဲမှာ အလောင်းတချို့ တွေ့ရတယ်။ အဲဒီလူတွေက ကောင်းကင်ဘုံဓားဂိုဏ်းက မဟုတ်ဘူး။ သူတို့ထဲက အားအနည်းဆုံးလူတောင် 'ဉာဏ်အလင်းပွင့်ခြင်းအဆင့်' မှာ ရှိတယ်..."

ထိုအချိန် ကောင်းကင်ဘုံဓားဂိုဏ်းအတွင်း၌ တပည့်တစ်ယောက် အလောတကြီး ရောက်လာပြီး ကျန်းစန်းကျန့်ကို သတင်းပို့လေသည်။

ဘာ...

တခြားဂိုဏ်းက လူတွေ...

သူတို့က ကောင်းကင်ဘုံဓားဂိုဏ်းရဲ့ ဆိတ်ငြိမ်ခြင်းတောထဲမှာ သေဆုံးနေကြတာလား။

သူတို့ ဘယ်အချိန်က ခိုးဝင်လာတာလဲ။

ဘယ်တုန်းက သေသွားတာလဲ။

ခဏတာအတွင်း ကျန်းစန်းကျန့်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဝင်ရောက်လာသည်။

သူ့နှာခေါင်းမှ သွေးနှစ်ကြောင်း စီးကျလာသည်။

ကိုယ်တွင်း ဝိညာဉ်စွမ်းအင်များ၏ဗရမ်းဗတာ လှုပ်ရှားမှုကြောင့် ချီစွမ်းအင်နှင့် သွေးများ ဆူပွက်လာခြင်း ဖြစ်သည်။

"ငါ့ကို အဲဒီ ခေါ်သွား..." သူ ပြောလိုက်သည်။

ဆိတ်ငြိမ်ခြင်းတောအုပ်သို့ ရောက်သောအခါ ကျန်းစန်းကျန့် ထိတ်လန့်သွားသည်ဟု ဆိုနိုင်သည်။

အဘယ်ကြောင့်ဆိုသော် သေဆုံးသူများထဲတွင် 'ချီထိန်းချုပ်ခြင်းအဆင့်' အထွတ်အထိပ်သို့ ရောက်နေသူများပင် ပါဝင်နေသောကြောင့် ဖြစ်သည်။

သို့သော် ခြွင်းချက်မရှိ သူတို့အားလုံးသည် ဓားချက်တစ်ချက်တည်းဖြင့် သေဆုံးနေကြခြင်း ဖြစ်သည်။

"ဖြစ်တည်ခြင်းအဆင့်..."

လေးနက်သော မျက်နှာထားဖြင့် ဒဏ်ရာများကို ကြည့်ရှုပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို သူ တစစီ ပြန်လည်ဆက်စပ်ကြည့်လိုက်သည်။

"လေပြင်းမုန်တိုင်းစွမ်းအား.. အသန်မာဆုံး ဓားစီးနင်းခြင်း အမျိုးအစားပဲ..."

ဂိုဏ်းထဲမှာ ဒီလို ကြယ်ပွင့်တစ်ပွင့် တကယ် ရှိနေတာလား။

သူ ခန့်မှန်းတာ မှန်မယ်ဆိုရင် ဒီအလောင်းတွေက ဂိုဏ်းထဲ ခိုးဝင်လာတဲ့သူတွေပဲ။

ဒါပေမဲ့ သူတို့ ကံဆိုးစွာနဲ့ အမိခံလိုက်ရပြီး တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရတာ...

အဲဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားနည်းစနစ်...

ကျန်းစန်းကျန့်သည် လက်ကို ဒဏ်ရာနားသို့ ကပ်ကာ ကျန်ရစ်နေသေးသော ဓားစွမ်းအင်ကို အာရုံခံကြည့်လိုက်သည်။

ခဏတာ သူပင် ကြောက်ရွံ့သွားမိသည်။

သို့သော် တချိန်တည်းမှာပင် သူ အံ့အားသင့်သွားသည်။

ခံစားချက်က သိပ်မကွဲပြားသော်လည်း ထိုဒဏ်ရာများကို ဖြစ်ပေါ်စေသော ဓားသည် 'ကောင်းကင်ဘုံဓားကျမ်း - ဓားစီးနင်းခြင်းကဏ္ဍ' ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သူ အာရုံခံမိလိုက်သည်။

ဒါပေမဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ကျန်းစန်းကျန့် မတုန်ယင်ဘဲ မနေနိုင်တော့ပေ။

သူ့မုတ်ဆိတ်များပင် အနည်းငယ် တုန်ခါသွားသည်။

ဒါ လုံးဝ မဖြစ်နိုင်ဘူး။

ကောင်းကင်ဘုံဓားကျမ်း၏ နက်နဲမှုနှင့် ထူးခြားသော အရေးပါမှုကြောင့် သူသည် သူ့၏ အငယ်ဆုံးတပည့် မိုချင်းချန် ကိုသာ သင်ပေးခဲ့ဖူးသည်။

ရှန်းချန်ကော၏မွေးရာပါပါရမီက ဆိုးရွားလွန်းသဖြင့် ကျန်းစန်းကျန့်သည် သူ့ကို ကောင်းကင်ဘုံဓားကျမ်းလမ်းစဉ်သို့ လမ်းညွှန်ပေးရန် သတ္တိမရှိခဲ့ပေ။

ကလေးက သွေးအန်ပြီး သေသွားမှာကို စိုးရိမ်မိသလို၊ ဆရာဖြစ်သူက တပည့်ကို သင်္ဂြိုဟ်ပေးရမည့် အဖြစ်မျိုး ကြုံရမှာကိုလည်း ကြောက်ရွံ့မိသည်။

ထို့အပြင် ဤလူများကို သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သော ကောင်းကင်ဘုံဓားကျမ်း၏ အနှစ်သာရသည် သူ ကျွမ်းကျင်ထားသည်ထက်ပင် ပိုမိုသန့်စင်နေကြောင်း သူ ခံစားလိုက်ရသည်။

ဒါဆို...

ဘယ်သူလဲ။

ကျန်းစန်းကျန့် စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခုသည် အဝေးမှနေ၍ အေးအေးလူလူ လမ်းလျှောက်လာသည်။

ဒါ ရှန်းချန်ကောပဲ

ချောမောသော ရုပ်ရည်၊ ပဲပင်ပေါက်လို ကိုယ်ခန္ဓာ၊ စိတ်ပျက်စရာကောင်းသော မျက်နှာထား... တကယ်ပဲ သူ ဖြစ်နိုင်ပါ့မလား။

ကျန်းစန်းကျန့် ကိုယ့်ပါးကိုယ် ပြန်ရိုက်လိုက်သည်။

'ငါ အသက်ကြီးလွန်းလို့ ကယောင်‌ခြောက်ခြားဖြစ်နေတာလား...'

ရှန်းချန်ကောကတော့ ဘာတွေဖြစ်နေမှန်း သိမည်မဟုတ်ပေ။

သူ ကျန်းစန်းကျန့်ကို နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။

ထိုအချိန်တွင် လူအုပ်ကြီးကြား၌ လူများသည် အမျိုးမျိုး ခန့်မှန်းပြောဆိုနေကြသည်။

အချို့က ဂိုဏ်းထဲတွင် ဝှက်ဖဲပါရမီရှင်များ ရှိနေပြီး ဂိုဏ်းကို တိတ်တဆိတ် ကာကွယ်ပေးနေသည်ဟု ပြောကြသည်။

အချို့ကမူ နတ်ဆိုးများဖြစ်နိုင်ကြောင်း ပြောကြသည်။

ဓားဖြင့် သတ်ဖြတ်ထားခြင်း ဖြစ်သော်လည်း နတ်ဆိုးအမျိုးအစားများစွာ ရှိသဖြင့် လူများကို ထိန်းချုပ်နိုင်သော နတ်ဆိုးများ ရှိနေလျှင် ဘယ်လိုလုပ်မလဲဟု ပြောကြသည်။

ကောလာဟလများနှင့် ခန့်မှန်းချက်များကြားတွင် ကျိလင်လည်း စိတ်ဝင်စားလာသည်။

သူသည် သူ့ရင်ခွင်ထဲမှ အရိုးခေါင်းလေးကို ပွတ်သပ်လိုက်သည်။

"အရိုးခေါင်းလေး... အခုလောလောဆယ် ဂိုဏ်းထဲမှာ ဘယ်သူ အသန်မာဆုံးလဲ။ ပြီးတော့ ဒီလူတွေကို ဘယ်သူ သတ်သွားတာလဲ။ သိလား..."

"အဲဒါ... အဲဒါ... အဲဒါ..."

"စကားမပြောနဲ့... လက်ဟန်ပဲ လုပ်ပြ..." ကျိလင်၏မျက်နှာ မည်းမှောင်သွားပြီး တစ်ပိုင်းသေနေသော အရိုးခေါင်းလေး၏ဦးခေါင်းကို ရိုက်လိုက်သည်။

'မင်း စကားပြောတာ ကြားရရင် ငါ ရင်ပူပြီး သေလိမ့်မယ်...'

အရိုးခေါင်းလေး ရုတ်တရက် လှည့်ကြည့်လိုက်သည်။

နောက်ဆုံးတွင် အရိုးခေါင်းလေးသည် ကျိလင် လုံးဝ မထင်မှတ်ထားသော လူတစ်ယောက်ဘက်သို့ လှည့်သွားသည်။

ထိုပုံရိပ်သည် အေးအေးလူလူ လမ်းလျှောက်ထွက်ခွာသွားသည်။

အဲဒါ သူ့ရဲ့ စီနီယာအစ်ကိုကြီး။

ရှန်းချန်ကော လား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ကျိလင်သည် သူ့စီနီယာအစ်ကိုကြီးကို တိုက်ခိုက်တော့မည့်အချိန်က အရိုးခေါင်းလေး ရုတ်တရက် အက်ကွဲသွားသည်ကို ပြန်သတိရလိုက်သည်။

သူ့မျက်ဝန်းများ ကျုံ့သွားပြီး ထိုပုံရိပ်ကို ကြည့်လိုက်သောအခါ ရုတ်တရက် ကြောက်ရွံ့မှုတစ်ခု ခံစားလိုက်ရသည်။

ဒါ ဖြစ်နိုင်မလား...

စီနီယာအစ်ကိုကြီးက တကယ်ပဲ ဖုံးကွယ်ထားတဲ့ ကြယ်ပွင့်တစ်ပွင့်လား။

"မင်း တကယ်ပြောနေတာလား..." သူ့စီနီယာအစ်ကိုကြီးက ဂိုဏ်းချုပ်ကြီးထက် ပိုသန်မာနေတာလား။

သို့သော် ရုတ်တရက် အရိုးခေါင်းလေးသည် ပြန်လှည့်လာပြီး ကျန်းစန်းကျန့်ဘက်သို့ မျက်နှာမူလိုက်သည်။

ကျိလင် ရှုပ်ထွေးသွားသည်။

"....."

ယခုအခါ ကောင်းကင်ဘုံဓားဂိုဏ်းမှ တပည့်အားလုံးသည် တက်ကြွစွာ ဆွေးနွေးငြင်းခုံနေကြသည်။

သူတို့ကို တိတ်တဆိတ် ကာကွယ်ပေးနေသော ဤကဲ့သို့ စွမ်းအားရှင်တစ်ဦး ပေါ်ထွက်လာခြင်းသည် သူတို့ကို အလွန်လုံခြုံစိတ်ချမှု ရရှိစေသည် မဟုတ်ပါလော။

ရှန်းချန်ကောအတွက်မူ သူသည် အကျိုးအမြတ်အများဆုံး ရရှိသူဟု ဆိုနိုင်သည်။

သူရိယဓားဂိုဏ်းကို ချက်အင်နေရာအဖြစ် ဖွင့်လှစ်နိုင်လိုက်သဖြင့် သူသည် မကြာမီ အလွန်စွမ်းအားကြီးလာတော့မည်ဟု ပြောနိုင်သည်။

သို့သော် နောက်တစ်နေ့တွင် တပည့်တစ်ယောက် ရှန်းချန်ကော၏တံခါးဝသို့ ရောက်လာသည်။

"စီနီယာအစ်ကိုကြီး... ဂျူနီယာညီလေးကို နတ်ဆိုးတွေ ဖမ်းသွားကြပြီ..."

"အင်း... ထားလိုက်ပါ..."

ရှန်းချန်ကော သက်ပြင်းချလိုက်သည်။

ကံဆိုးလိုက်တာ။

"စီနီယာအစ်ကိုကြီး... ဂျူနီယာညီမလေး လည်း ဖမ်းဆီးခံလိုက်ရတယ်..."

"ဘာ...ယုတ္တိမရှိလိုက်တာ ညီအစ်ကိုတို့... ဂျူနီယာညီမလေးကို ကယ်ဖို့ ငါနဲ့ လိုက်ခဲ့ကြ"

ရှန်းချန်ကောသည် သူ့လျှော်ခြင်းတောင်းထဲမှ ညစ်ပေနေသော အဝတ်အစားပုံကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်းနည်းပူဆွေးသော အမူအရာပေါ်လာလေ၏။

All Chapters