← Chapters

အမှောင်မြူခိုးထဲသို့ ဝင်ရောက်ခြင်း

Vol. 2 Ch. 19

အမှောင်မြူခိုးထဲသို့ ဝင်ရောက်ခြင်း

Vol. 2 Ch. 19

တိုက်ပွဲတစ်ခု မပြီးဆုံးသေးခင်မှာ နောက်ထပ် တိုက်ပွဲတစ်ခု ထပ်စလာမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားကြပါဘူး။

ဂိုဏ်းထဲတွင် ပေါ်လာခဲ့သည် အလောင်းများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ မပြီးပြတ်သေးခင်မှာပင် အရင်းမြစ်များအားသွားရှာကြသည့် ဂျူနီယာတပည့်တချို့နှင့် 'လွတ်မြောက်ခြင်းအဆင့်' အစောပိုင်းအဆင့် ရှိသည့် အကြီးအကဲတစ်ယောက်ဟာ နတ်ဆိုးများ၏ဖမ်းဆီးခြင်းကို ခံလိုက်ရလေသည်။

တပည့်တစ်ယောက်တည်းသာလျှင် သတင်းလာပို့နိုင်ခဲ့လေ၏။

သို့သော် ထိုတပည့်သည်လည်း သေလုမြောပါး ဖြစ်နေပြီး ဂိုဏ်းဝင်ပေါက်တွင် လဲကျသေဆုံးသွားခဲ့သည်။

"ကျစ်ကော... ကျစ်ကော... သတိထားစမ်း... ဘာဖြစ်ခဲ့တာလဲ... အကြီးအကဲ ဘာနဲ့ တိုးမိတာလဲ..."

ကောင်းကင်ဘုံဓားဂိုဏ်းမှ တပည့်များသည် ထိုတပည့်အသက်ဆက်ရှင်နိုင်ရန် ဝိညာဉ်စွမ်းအင်များကို အသည်းအသန် ထည့်သွင်းပေးနေကြသည်။

မူကျစ်ကော သည် သေမင်းနှင့် လက်တစ်ကမ်းအလို ရောက်နေပြီ။

"နတ်ဆိုး... အမြစ်တွေ..."

သူ စကားမဆုံးခင်မှာပဲ ခေါင်းငိုက်ကျသွားပြီး မြေပြင်ပေါ် လဲကျသွားလေတော့သည်။

သူ အသက်မရှူတော့ချေ။

ခဏတာအတွင်း လူတိုင်း ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

နတ်ဆိုးအပင်လား

'လွတ်မြောက်ခြင်းအဆင့်' အစောပိုင်းအဆင့်ရှိတဲ့ အကြီးအကဲကိုတောင် ဖမ်းနိုင်တဲ့ အပင်လား။

နတ်ဆိုးများသည် လူသားများ၏အသက်ဓာတ်ကို စုပ်ယူနိုင်ပြီး ထိုသို့လုပ်ခြင်းဖြင့် ပိုမိုသန်မာလာကာ ထူးဆန်းသော စွမ်းအားများ ရရှိလာနိုင်ကြောင်း အကြီးအကဲများထံမှ သူတို့ ကြားဖူးကြသည်။

"ဂိုဏ်းချုပ်ကြီးကို အမြန်ဆုံး သွားပြောကြ..."

သို့သော် ထိုအချိန်တွင် မည်သူမျှ မမြင်နိုင်သော နေရာတစ်ခုမှနေ၍ အနက်ရောင်ပုံရိပ်တစ်ခုသည် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားလေသည်။

နောက်ကျိနေသော အမှောင်မြူခိုးများကြားတွင် ပုံရိပ်တစ်ခုသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားနေသည်။

ရှန်းချန်ကော၏မျက်နှာထားမှာ သိပ်မကောင်းလှပေ။

သူသည် နံနက်စောစောစီးစီး သတင်းရခဲ့ပြီး နေရာအနှံ့ ချက်အင်ဝင်ပြီးနောက် ချက်ချင်း ပြန်လာခဲ့ခြင်း ဖြစ်လေ၏။

သူသည် သူ့၏ရွှေ့လျားခြင်းနည်းစနစ်ကို အမြင့်ဆုံးအထိ ထုတ်သုံးပြီး သူရိယဓားဂိုဏ်းသို့ပင် သွားရောက်ကာ ဘာပြဿနာမှ မရှိကြောင်း သေချာအောင် စစ်ဆေးခဲ့သေးသည်။

[ ချက်အင် ဝင်သည် အောင်မြင် ]

*[ တိုက်ခိုက်ခြင်းနည်းစနစ်-နေမင်းကြွေကျခြင်း၊ ကျင့်ကြံခြင်းအခြေခံ ၃ နှစ် ]

သုံးနှစ်စာ ကျင့်ကြံခြင်းအခြေခံဖြင့် သူသည် 'နေမင်းကြွေကျခြင်း' နည်းစနစ်၏အစပြုခြင်းအဆင့် သို့ ရောက်ရှိသွားသည်။

ဤနည်းစနစ်သည် 'အမှန်တရားပြန်လည်ခြင်းအဆင့်' တိုက်ခိုက်ခြင်းသိုင်း ဖြစ်သောကြောင့် အစပြုခြင်းအဆင့်တွင်ပင် သူပိုင်ဆိုင်ထားသော 'ကြက်သွေးရောင်လျှပ်စီး' ထက် များစွာ ပိုအားကောင်းနေပြီ ဖြစ်သည်။

ရွှေ့လျားခြင်းနည်းစနစ်ဖြစ်စေ၊ ဓားနည်းစနစ်ဖြစ်စေ 'အမှန်တရားပြန်လည်ခြင်းအဆင့်' ဟု သတ်မှတ်ထားသော စွမ်းရည်အားလုံးသည် လုံးဝမတူညီသော အဆင့်အတန်းတစ်ခုတွင် ရှိနေကြသည်။

ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

ယနေ့ ချက်အင်တစ်ကျော့ပတ်ဝင်ပြီးနောက် ရှန်းချန်ကောသည် အရာများစွာ ရရှိခဲ့သည်။

ကျင့်ကြံခြင်းအခြေခံ *၅၀၀ နှစ်

ကောင်းကင်ဘုံဓားကျမ်း ကျင့်ကြံခြင်းအခြေခံ *၁၀၀ နှစ်

သဏ္ဍာန်ဖော်ခြင်းနည်းစနစ် - မင်စီးဆင်းခြင်း

သူ့၏ပုံတူဖန်တီးခြင်း လျှို့ဝှက်နည်းစနစ်ဖြစ်သော 'ပြန်လည်မွေးဖွားခြင်း' သည်လည်း အစပြုအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ထူးခြားသည်မှာ ရှန်းချန်ကောသည် (၅၀၀) နှစ်စာ ကျင့်ကြံခြင်းအခြေခံ ကို ရရှိခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်တော့ သူ့၏မူလအခြေအနေအရဆိုလျှင် (၅၀၀) နှစ်စာ ကျင့်ကြံခြင်းသည် ဘာမှမဟုတ်ပေ။

'လွတ်မြောက်ခြင်းအဆင့်' သို့ ရောက်ရှိပြီးနောက် အဆင့်တက်လှမ်းခြင်းသည် ပိုမိုခက်ခဲလာတတ်သည်။

(၅၀၀) နှစ်စာ ကျင့်ကြံခြင်းသည် နတ်ဘုရားဖြစ်ရန် ခရီးလမ်းတွင် လက်ဖျောက်တစ်ချက်တီးသလောက်သာ ရှိပေမည်။

သို့သော် ရှန်းချန်ကောသည် 'ဉာဏ်အလင်းဖွင့်ခြင်းဆေးလုံး' ကို ကြိုတင် ရရှိထားခဲ့သည်။

သူ့ဂျူနီယာညီမလေး ဖမ်းဆီးခံရကြောင်း သိလိုက်ရသောအခါ ရှန်းချန်ကောသည် သူ့ပါရမီကို မြှင့်တင်ရန်အတွက် 'ဉာဏ်အလင်းဖွင့်ခြင်းဆေးလုံး' ကို ချက်ချင်း စားသုံးလိုက်သည်။

သူ လက်ချောင်းများကို ဆန့်ထုတ်လိုက်သောအခါ လက်ခလယ်အောက်ခြေမှ ငွေရောင်ကြိုးမျှင်လေးတစ်ခု ပေါ်လာပြီး ပထမအဆစ်အထိ ရှည်ထွက်လာသည်ကို သူ သတိရလိုက်သည်။

ငွေရောင်အဆင့် ပါရမီ

အစပိုင်းတွင် ရှန်းချန်ကော၌ ပါရမီကြိုးမျှင် လုံးဝမရှိခဲ့ပေ။

ငွေရောင်ဆိုလျှင် ပို၍ ဝေးသေးသည်။

ယခုတစ်ကြိမ်တွင် ရှန်းချန်ကောသည် (၅၀၀) နှစ်စာ ကျင့်ကြံခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ သူ့၏ကျင့်ကြံခြင်းအခြေခံသည် 'လွတ်မြောက်ခြင်းအဆင့်' နောက်ဆုံးအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

ဟုတ်ပါသည်။

သူသည် အဆင့်တစ်ခုလုံးကို ကျော်ဖြတ်သွားခဲ့ပြီ။

ထို့ကြောင့် ဘာမှအမှားအယွင်းမရှိနိုင်တော့ကြောင်း သေချာသဖြင့် သူသည် ကြင်နာပြီး နူးညံ့သိမ်မွေ့သော ဂျူနီယာညီမလေးကို သွားရောက်ကယ်တင်ရန် ဆုံးဖြတ်လိုက်သည်။

အရေးကြီးဆုံးအချက်က ဂျူနီယာညီမလေး မရှိရင် ဘယ်သူက သူ့အဝတ်အစားတွေကို လျှော်ပေးမှာလဲ။

ဂျူနီယာညီမလေးကလွဲရင် ဘယ်သူကများ သူ့အဝတ်အစားတွေကို အသစ်စက်စက်လို ဖြစ်သွားအောင် စိတ်ရှည်လက်ရှည် လျှော်ပေးနိုင်မှာလဲ။

အဖြူရောင်အင်္ကျီဝတ်ထားပြီး ကျောနောက်မှာ ဓားလွယ်ထားတဲ့ လူတစ်ယောက်... ဒါမှ တကယ့် သူရဲကောင်းတစ်ယောက်ရဲ့ ပုံစံပေါက်မှာပေါ့။

ထိုအချိန်တွင် ရှန်းချန်ကောသည် အမှောင်မြူခိုးထဲသို့ ဝင်ရောက်သွားသည်။

အမှောင်မြူခိုးထဲတွင် ပုန်းအောင်းနေသော နတ်ဆိုးအားလုံးသည် သူ့အရှိန်အဝါကြောင့် မြေကြီးပေါ်တွင် ဝပ်တွားနေကြရသည်။

ခေါင်းမော့ကြည့်ရန် သတ္တိပင် မရှိကြပေ။

သူသည် အမှောင်မြူခိုးထဲတွင် လမ်းလျှောက်နေသော ဧရာမ နတ်ဆိုးကြီးတစ်ကောင်ကဲ့သို့ပင်။

...

နောက်ကျိနေသော မြူခိုးများကြားတွင် လူငါးဦး၏မျက်နှာများ ဖြူဖျော့နေကြသည်။

ပတ်ဝန်းကျင်ရှိ အမှောင်မြူခိုးများသည် ပိုမိုထူထဲလာသည်။

မှိုင်းညို့နေသော ဖိအားအောက်တွင် သူတို့ အသက်ရှူကြပ်လာကြသည်။

သူတို့ သတိထားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။

"အကြီးအကဲ... ဒီအမြစ်တွေရဲ့ မူလရင်းမြစ်က ဘာလဲဆိုတာ အာရုံခံလို့ရလား..." မိုချင်းချန် မေးလိုက်သည်။

"မရဘူး... အဲဒီနတ်ဆိုးက မြေကြီးအောက် နက်နဲတဲ့နေရာကို ရောက်သွားပြီ။ ငါ လုံးဝ ရှာမတွေ့ဘူး..."

အကြီးအကဲ၏မျက်နှာထား အလွန်ဆိုးရွားနေသည်။

သူပင်လျှင် အနည်းငယ် ထိတ်လန့်နေပြီ ဖြစ်သည်။

သို့သော် ထိုအချိန်တွင်... ဖြောင်း...

ရုတ်တရက် ကြီးမားသော သစ်ပင်အမြစ်ကြီးတစ်ခု မြေကြီးထဲမှ ထွက်ပေါ်လာသည်။

အမြစ်ကြီးသည် ပြင်းထန်စွာလှုပ်ခါနေပြီး လေထဲသို့ မီးပွားများပင် လွှတ်ထုတ်လိုက်သည်။

မိုးကြိုးပစ်သကဲ့သို့ အရှိန်အဟုန်ဖြင့် တပည့်တစ်ဦး၏ကျောဘက်သို့ တဟုန်ထိုး ဝင်ရောက်လာသည်။

"မင်း သေချင်နေတာပဲ"

ထိုတပည့်ဘေးတွင် ရပ်နေသော မိုချင်းချန်သည် တိုက်ခိုက်မှုကို အရင်ဆုံး အာရုံခံမိလိုက်သည်။

ဒေါသတကြီးဖြင့် သူ ဓားကို ဆွဲထုတ်လိုက်ပြီး ကောင်းကင်ဘုံဓားကျမ်း၏ဓားစီးနင်းခြင်းကဏ္ဍကို အသုံးပြုကာ သူ့စီးနင်းခြင်းဓားဖြင့် ပျံသန်းသွားသည်။

သူ့ဘေးနားရှိ လင်းချင်ရှန်းသည် ဖုန်ပေပွနေသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။

သို့သော် ပြိုင်ဆိုင်ပွင့်လန်းနေကြသော ပန်းပွင့်လေးများကဲ့သို့ သူမ၏စင်ကြယ်သောဟန်ပန်ကို ဖုံးကွယ်၍မရပေ။

သူမ၏ဝတ်စားဆင်ယင်မှုသည် လုံခြုံသပ်ရပ်ပြီး အင်္ကျီကို တင်းတင်းကျပ်ကျပ် စည်းနှောင်ထားသော်လည်း သူမ၏ထူးခြားမှုကို ဖုံးကွယ်မထားနိုင်ပေ။

ထိုသို့ တင်းတင်းကျပ်ကျပ် စည်းနှောင်ထားမှုသည်ပင် သူမ၏နူးညံ့သိမ်မွေ့သော မျက်နှာလေးနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ဆွဲဆောင်မှုတစ်မျိုး ဖြစ်စေသည်။

ထိုအချိန်တွင် သူမ၏မျက်နှာလေး တင်းမာသွားပြီး လက်ဝါးနှစ်ဖက်ကို ရုတ်တရက် ပူးလိုက်သည်။

"ဓားစီးနင်းခြင်းနည်းစနစ် - ဓားသွားခံတပ် "

ဘုန်း...

သူမ၏ဓားအလင်းရောင်သည် တိုက်ခိုက်ခံရမည့် တပည့်၏ကျောဘက်တွင် ဓားအလင်းအတားအဆီးတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

ဒင်...

မိုချင်းချန်၏ဓားသည် သစ်ပင်အမြစ်ပေါ်တွင် သေးငယ်သော အမှတ်အသားတစ်ခုသာ ချန်ထားနိုင်ခဲ့ဆလသည်။

မီးပွားများ လွင့်စဉ်ထွက်သွားလေ၏။

အမြစ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားကြောင့် သူ ပြင်းထန်စွာ တုန်ခါသွားပြီး လက်များကြားမှ သွေးများ စီးကျလာသည်။

"သောက်ကျိုးနည်း..." မိုချင်ချန် အော်ဟစ်လိုက်သည်။

သူ၏ 'ချီထိန်းချုပ်ခြင်း'အလယ်အလတ်အဆင့် ကျင့်ကြံခြင်းအခြေခံဖြင့်ပင် ထိုအမြစ်များ၏အခွံကို မဖြတ်နိုင်ခဲ့ပေ။

ဝုန်း...

တစ်ခဏချင်းတွင် လင်းချင်ရှန်း၏ ဓားသွားခံတပ် ကွဲကြေသွားသည်။

တိုက်ခိုက်မှုကို လုံးဝ မတားဆီးနိုင်ခဲ့ပေ။

လင်းချင်ရှန်း၏မျက်နှာ ရုတ်တရက် ဖြူဖျော့သွားသည်။

နောက်တစ်ခဏတွင်...

"အား..."

သနားစဖွယ် အော်ဟစ်သံနှင့်အတူ ထိုတပည့်၏ ခန္ဓာကိုယ်သည် ရိုက်ချက်ကြောင့် ပေါက်ကွဲသွားသည်။

သွေးများ ပန်းထွက်လာပြီး သူ့ခန္ဓာကိုယ် စုတ်ပြတ်သတ်ကာ လွင့်စဉ်သွားသည်။

"အား..." အကြီးအကဲ ဒေါသထွက်သွားလေသည်။

သူ နတ်ဆိုးကို တွေ့ပြီ။

သူ့ကျောနောက်မှ တိုက်ခိုက်ခြင်းဓားကို ဆွဲထုတ်လိုက်သည်နှင့် လေထုတစ်ခုလုံး တုန်ခါသွားသည်။

"တိုက်ခိုက်ခြင်းနည်းစနစ် - ကောင်းကင်ပြိုကျခြင်း"

ဤအရာက ကောင်းကင်ဘုံဓားကျမ်း တိုက်ခိုက်ခြင်းကဏ္ဍရဲ့အစပြုအဆင့် နည်းစနစ်ဖြစ်ပြီး 'အမှန်တရားပြန်လည်ခြင်းအဆင့်' တိုက်ခိုက်ခြင်းသိုင်းလည်း ဖြစ်သည်။

အလွန်တန်ဖိုးရှိသော နည်းစနစ်ဖြစ်သည်။

သို့သော် ကံဆိုးစွာဖြင့် ၎င်းသည် မပြည့်စုံပေ။

ထို့ပြင် ဒါက ကောင်းကင်ဘုံဓားဂိုဏ်း ကျွမ်းကျင်ထားသော ကောင်းကင်ဘုံဓားကျမ်းထဲမှ တစ်ခုတည်းသော တိုက်ခိုက်ခြင်းနည်းစနစ် ဖြစ်သည်။

ထိုအချိန်တွင် တိုက်ခိုက်ခြင်းဓားသည် လေထဲသို့ မြင့်တက်သွားပြီးနောက် ကြီးမားသော စွမ်းအင်များကို လှုံ့ဆော်ရင်း ချက်ချင်း ပြန်လည်ကျဆင်းလာသည်။

၎င်းသည် နေရာအနှံ့ လွှမ်းခြုံထားပြီး ကြီးမားကျယ်ပြန့်သည်။

ထိုအခိုက်အတန့်တွင် ဖန်ဆင်းရှင်၏လက်ရာအားလုံး ဓားအလင်းတန်းအတွင်းမှ ဆင်းသက်လာသကဲ့သို့ ဖြစ်နေသည်။

၎င်းသည် အဆုံးမဲ့ကာ ဓားနှင့် ပေါင်းစပ်ပြီး စက္ကန့်ပိုင်းအတွင်း မြေကြီးထဲသို့ ထိုးစိုက်သွားသည်။

အမြစ်များ၏မူလဇာစ်မြစ်နေရာသို့ ဦးတည်သွားသည်။

ဘုန်း...

ဓားတစ်လက်ဖြစ်သော်လည်း ကြီးမားသော အလေးချိန်ကြောင့် မြေကြီးပေါ်တွင် ကြီးမားသော တွင်းကြီးတစ်တွင်း ဖြစ်ပေါ်သွားစေလေ၏။

အချိန်အတော်ကြာပြီးနောက်...

လူလေးယောက်သည် ဗလာဖြစ်နေသော မျက်နှာထားများဖြင့် ရပ်နေကြသည်။

အကြီးအကဲ၏မျက်နှာထား အလွန်ဆိုးရွားနေသည်။

ထိုတွင်းကြီးထဲတွင် သစ်ပင်အမြစ်၏တစ်စိတ်တစ်ပိုင်းသာ ကျန်ရစ်သည်။

"ဒါ ဘာကောင်ကြီးလဲ..."

ထိုအချိန်တွင် မြေပြင်ပေါ်၌ သွေးများ ဖုံးလွှမ်းနေသည်။

သွေးများကို အမှောင်မြူခိုးများက လျင်မြန်စွာ စုပ်ယူလိုက်သည်။

အမှောင်မြူခိုးများနှင့် သွေးများ အပြန်အလှန် တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေသည်။

နောက်ဆုံးတွင် ဘာမျှ မကျန်တော့ပေ။

ထိုတပည့် သေဆုံးသွားပြီး ဘာမှမရှိသော အခြေအနေသို့ ရောက်သွားခဲ့ပြီ။

မိုချင်းချန်၏မျက်နှာထား အလွန်ဆိုးရွားနေသည်။

သို့သော် ထိုအခိုက်အတန့်တွင်...

ဝူး...

ကောင်းကင်တစ်ခုလုံး ကြောက်မက်ဖွယ် သစ်ပင်အမြစ်များဖြင့် ပြည့်နှက်သွားပြီး ပတ်ဝန်းကျင်မှအနှံ့မှ သူတို့ဆီသို့ တွားသွားဝင်ရောက်လာသည်။

"အား..."

လင်းချင်ရှန်း၏လက်မောင်းများကို အမြစ်များ ရစ်ပတ်လိုက်ပြီး သူမ ဆွဲခေါ်ခံလိုက်ရသည်။

"ဂျူနီယာညီမလေး" မိုချင်စချန်သည် ဂိုဏ်းသားအချင်းချင်းသံယောဇဉ်ကို အလေးအနက်ထားသူ ဖြစ်သည်။

သူ့မျက်လုံးများ နီရဲလာသော်လည်း ချက်ချင်းပင် ကြောက်မက်ဖွယ် သစ်မြစ်တစ်ခု သူ့ဆီသို့ လျင်မြန်စွာ ရောက်လာပြီး ခုခံနိုင်စွမ်းမရှိဘဲ သူလည်း ဆွဲခေါ်ခံလိုက်ရသည်။

"ချင်ရှန်း၊ချင်းချန်" အကြီးအကဲ၏မျက်နှာထား ချက်ချင်း ပြောင်းလဲသွားပြီး "ချွမ်" ဟု အော်ဟစ်လိုက်သည်။

ကျန်ရစ်သော တပည့်မှာ ချင်းချွမ် ဖြစ်သည်။

သူသည် အကြီးအကဲ၏ကိုယ်ပိုင်တပည့်ဖြစ်ပြီး 'ချီထိန်းချုပ်ခြင်းအဆင့်' နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် သူလည်း ချက်ချင်း ဆွဲခေါ်ခံလိုက်ရသည်။

အကြီးအကဲတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

သူသည် နတ်ဆိုးသစ်ပင်ကို လိုက်ရှာရန် ထိုနေရာမှ အမြန်ထွက်ခွာသွားသည်။

ခဏကြာပြီးနောက်...

တောက်...

ပုံရိပ်တစ်ခု ထိုနေရာသို့ လျင်မြန်စွာ ရောက်ရှိလာသည်။

သူ့အမြန်နှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလွန်းသဖြင့် ရုတ်တရက် ပေါ်လာသကဲ့သို့ ဖြစ်နေသည်။

သူ့ခြေဖျားများ မြေကြီးပေါ်သို့ ညင်သာစွာ ကျဆင်းလာခဲ့လေသည်။

မြေကြီးပေါ်တွင် ကျန်ရစ်သော အမြစ်အပိုင်းအစကို ကြည့်ရင်း သူ့မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

"ဒီနတ်ဆိုးသစ်ပင်က 'လွတ်မြောက်ခြင်းအဆင့်' အထွတ်အထိပ်မှာ ရှိလောက်တယ်။ အမြစ်တွေက သူ့တိုက်ခိုက်နည်းတွေထဲက တစ်ခုပဲ။ သူ့ရဲ့ ကိုယ်ထည်အစစ်က ဒီမှာ မရှိဘူး..."

'ပြန်လည်မွေးဖွားခြင်း' နည်းစနစ်သည် ကျန်ရစ်ခဲ့သော အရာများမှတစ်ဆင့် နတ်ဆိုးသစ်ပင်အကြောင်း သိလိုသမျှကို ချက်ချင်း ဖော်ထုတ်ပေးလိုက်သည်။

"ကံကောင်းတာက ဒီနတ်ဆိုးက 'နတ်တံတားအဆင့်' ကို မရောက်သေးဘူး။ 'လွတ်မြောက်ခြင်းအဆင့်' အထွတ်အထိပ် နတ်ဆိုးတစ်ကောင်..."

ရှန်းချန်ကော စကားမဆက်တော့ပေ။

သို့သော် သူ့မျက်လုံးထဲမှ ပြင်းထန်သောအရာက အရာအားလုံးကို ရှင်းပြနေသည်။

"တွေ့ပြီ..."

All Chapters