← Chapters

အခန်း (၁၂၆+၁၂၇)

Vol. 13 Ch. 126+127

အခန်း (၁၂၆+၁၂၇)

Vol. 13 Ch. 126+127

သူမတို့လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသည့်မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။မွေးနေ့ပွဲအတွက် အဖွဲ့အစည်း၏ခေါင်းဆောင်ဖြစ်သူ လျို့ထုပင်။

"ခဏစောင့်ပါဦး"

သူသည်သူမတို့ထံပြေးလာပြီး လက်ခုပ်အုပ်ကာ နှုတ်ဆက်လာ၏။

"ဒီမှာတွေ့ရတာ တိုက်ဆိုင်လိုက်တာ"

"ဒီနေရာမှာသခင်လေးလျို့ထုနဲ့တွေ့ရတာ ကံကောင်းတာပါပဲ"

လျို့ထုသည် အဖွဲ့အစည်းတွင်းတွင် နာမည်ကောင်းရှိသူဖြစ်ပြီး သူသည်လည်း စိတ်လှုပ်ရှားစရာကောင်းသောနေရာများကို မကြာခဏလာလေ့ရှိသူဖြစ်ကြောင်းသိလိုက်ရပြီး ယခုအခေါက်သည်လည်းမမျှော်လင့်ဘဲတွေ့ဖြစ်ခဲ့ကြခြင်းပင်။

သူတို့အထင်လွဲမှားနေသည်ကို သဘောပေါက်သွားသဖြင့် သူ့မျက်နှာမှာနီရဲသွားကာ အမြန်ရှင်းပြလာသည်။

"မင်းတို့ထင်နေသလို မဟုတ်ပါဘူး။ကျွန်တော်ကသူငယ်ချင်းတစ်ယောက်နဲ့ လာခဲ့တာပါ"

"ဒါဆိုရှင့်သူငယ်ချင်းကရော......"

ရှောက်ချီသည် ဘေးပတ်လည်အားဝေ့ကြည့်လိုက်သည်။

သို့သော် မည်သူတစ်ဦးတစ်ယောက်ကိုမှမတွေ့ရပေ။

"သူကအလုပ်လေးရှိလို့ မလာနိုင်တော့ဘူးဆိုပြီးစာပို့လိုက်တာပါ။ကျွန်တော်လည်း ပြန်တော့မလို့လုပ်တုန်း မင်းတို့ကိုတွေ့လိုက်တာလေ"

သူတို့သည်သူ့အချစ်ရေးစွန့်စားခန်းများ၏ အမှန်တရားကို စိတ်မဝင်စားကြသဖြင့် ယဉ်ကျေးစွာပင်စကားဖလှယ်လိုက်ကြသည်။

"ကျွန်မတို့ညစာစားဖို့က အချိန်လိုပါသေးတယ်။သခင်လေးလျို့ထုသာ စိတ်မရှိဘူးဆိုရင် ကျွန်မတို့နဲ့အတူတူလာစားပါလား"

ယွဲ့မန်လော်သည် ပြည့်တန်ဆာအိမ်ဖြစ်သည်သာမက မြို့တော်၌အကြီးဆုံး စားသောက်ဆိုင်လည်းဖြစ်သည်။

လျို့ထုသည် လက်ခုပ်အုပ်၍အရိုအသေပေးကာ ကျေးဇူးတင်စကားဆိုလာ၏။

"မင်းတို့ရဲ့ဖိတ်ကြားချက်ကို လက်ခံရတာ ဂုဏ်ယူစရာပါ"

အမျိုးသမီးငါးဦး : "........"

ဟေ!

သူတို့သည်အနေရခက်ကာ တောင့်တင်းသွားကြသည်။

ထိုဖိတ်‌ခေါ်မှုသည် ယဉ်ကျေးသောစကားတစ်ခွန်းသာဖြစ်ကြောင်း သူမသိရှာလေသလား။အရိပ်အကဲနားမလည်လိုက်ပုံများ!

သို့သော် စကားများမှာပြောပြီးသားဖြစ်၍ သူတို့သည်အံတင်းတင်းကြိတ်၍ ဖိတ်ခေါ်ရုံသာ တတ်နိုင်တော့သည်။ဧည့်ဝတ်ပြုသည့်အနေဖြင့် သူတို့သည်ဟင်းပွဲနှစ်ပွဲ ထပ်မှာလိုက်သေး၏။

လျို့ထုသည် လူတိုင်း၏ဖန်ခွက်များကိုဝိုင်ဖြည့်ပေးပြီး သူ့ဖန်ခွက်အလှည့်ရောက်သောအခါထရပ်ကာ သူ့ဖန်ခွက်ကိုမြှောက်လာသည်။

"အားလုံးရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ကျေးဇူးတင်ပါတယ်။ကျွန်တော်ကအရင်ဆုံး လေးစားသမှုနဲ့သောက်လိုက်ပါ့မယ်"

သူမတို့လဲထရပ်ကာလက်ဟန်ဖြင့် တုံ့ပြန်လိုက်ကြသည်။

"ရှင်ကယဉ်ကျေးလွန်းနေပါပြီ"

ဝိုင်တစ်ခွက်အပြည့်သောက်ပြီးနောက် စားပွဲဝိုင်းပတ်လည်မှ လေထုသည် လုံးဝကိုပွင့်လင်းသွားတော့သည်။

"ဪ ဒါနဲ့သခင်မလေးစူးယွင်ကို အလယ်အလတ်အဆင့်အဖွဲ့ဝင်အဖြစ် တိုးမြှင့်ခံရတာဂုဏ်ပြုဖို့ မေ့နေလိုက်တာ"

လျို့ထုသည် သူ့ခွက်ကိုပြန်ဖြည့်ပြီး ထပ်မြှောက်လာသည်။

"ခြောက်လအတွင်းမှာပဲ အငယ်တန်းအဖွဲ့ဝင်ကနေ အလယ်အလတ်အဆင့်အထိ တက်လှမ်းနိုင်တာက အဖွဲ့အစည်းမှာဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး။သခင်မလေးစူးယွင်ရဲ့ အနာဂတ်ကတော့ တစ်ကယ်ကိုအကန့်အသတ်မဲ့ပါပဲ"

"ဟုတ်သားပဲ ဒီမနက်ကအနှောင့်အယှက်ကြောင့် ငါ့စိတ်‌တွေဂဏှာမငြိမ်ဖြစ်ပြီး ဒီလိုမျိုးသတင်းကြီးဖြစ်တဲ့ နင့်ရဲ့ရာထူးတိုးသတင်းကို လုံးဝမေ့သွားခဲ့တာဟ"

ရှောက်ချီသည်သူမခွက်ကို မြှောက်လိုက်ပြီး

"ရှင်နဲ့အတူသောက်ပါရစေ ဝမ်းသာစရာကိစ္စထဲ ပါဝင်ခွင့်ပြုပါဦး"

"ငါလည်းတက်တက်ကြွကြွနဲ့ပါဝင်ချင်တယ်လေ"

အမျိုးသမီးကျောက်မှာ နောက်မှလိုက်ပြောလာသည်။

"ငါရောပဲ"

ကျန်နှစ်ဦးသည်လည်း ပူးပေါင်းလိုက်ကြသည်။

စူးယွင်သည်ပြုံး၍ပြောလိုက်၏။

"ကောင်းပြီ လာမယ့်နှစ်မှာ လူတိုင်း ရာထူးတိုးပြီးချမ်းသာကြပါစေ"

ထိုသို့ပြောပြီးနောက် သူမသည်ခွက်ထဲရှိအရက်ကို အကုန်အစင်တစ်ကျိုက်တည်းသောက်ချလိုက်သည်။

ဤတစ်ခေါက်ပြီးဆုံးသည်နှင့် လျို့ထုသည် အရက်ထပ်ငှဲ့ပေးလာ၏။

"ဒီတစ်ကြိမ်မွေးနေ့ပွဲမှာ အဝတ်အထည်ဌာနတစ်ခုတည်းကသာ ဒီလိုချီးကျူးဂုဏ်ပြုမှုမျိုးရရှိခဲ့တာပါ။ဒီလိုဂုဏ်ပြုတာကိုရဖို့ဆိုတာကလည်း သခင်မလေးစူးယွင်ရဲ့ ကျေးဇူးတွေကြောင့်လို့ ကျွန်တော်တို့အားလုံးက အသိအမှတ်ပြုပါတယ်"

"သခင်လေးလျို့ထုက ချဲ့ကားပြောနေပြန်ပါပြီ။ဌာနရဲ့အောင်မြင်မှုက လူတိုင်းရဲ့ ပါဝင်ကူညီမှုမပါဘဲ မဖြစ်နိုင်ပါဘူး"

စူးယွင်မှာကျိုးနွံစွာပင်တုံ့ပြန်လိုက်သည်။

"သခင်မလေးစူးယွင် ဒီလောက်ထိမနှိမ့်ချပါနဲ့။မင်းသာအခက်အခဲကို ဝင်ရောက်ဖြေရှင်းပေးခဲ့တာမဟုတ်ဘူးဆိုရင် ကျွန်တော်တို့ဌာနတော့ ဘုရင်မင်းမြတ်ရဲ့အမျက်တော်ရှတာကို တစ်ကယ်ခံရမှာပါ။ဒီကျေးဇူးကို ကျွန်တော်လျို့ထုက ကျေအောင်ဆပ်ပါရစေ။မင်းမှာဘယ်လိုအခက်အခဲနဲ့ပဲကြုံရပါစေ တောင်းဆိုဖို့ကိုတွန့်ဆုတ်မနေပါနဲ့။ကျွန်တော်က မင်းအတွက်မီးတောင်နဲ့ပင်လယ်ပြင်ကြီးကိုတောင်ဖြတ်ကျော်ရဲပါတယ်"

တာဝန်ခံဖြစ်သူလျို့ထုမှာ တစ်ခုခုမှားယွင်းသွားပါက သူသည်တာဝန်မှရှောင်လွှဲနိုင်မည်မဟုတ်ကြောင်းသိလေသည်။စူးယွင်သာ ဝင်ရောက်ကူညီခဲ့ခြင်းမရှိပါက နောက်ဆက်တွဲပြဿနာများကို သူစိတ်ကူးကြည့်ဖို့ပင် မဝံ့ရဲပေ။

လျို့ထုသည် ဝိုင်တစ်ခွက်ထပ်လောင်းကာ လက်ခုပ်အုပ်လိုက်ပြီး ပြောလာသည်။

"ဒီအတွက် သောက်လိုက်ပါ့မယ်"

သူသည်စကားပြောပြီးသည်နှင့် ဝိုင်ခွက်ကို တစ်ရှိန်ထိုးမော့ချလိုက်သည်။

သူအရက်ခွက်ကို အကုန်သောက်လိုက်သည်အားမြင်သောအခါ စူးယွင်သည်လဲတွန့်ဆုတ်မနေဘဲ ကိုယ်တိုင်တစ်ကျိုက်တည်းသောက်ချလိုက်၏။

လျို့ထုသည် ထပ်ငှဲ့ပေးပြီးနောက်ထရပ်ကာ ပြောလာသည်။

"ကောင်းတယ်....."

ဝိုင်ခွက်များစွာအားသောက်ရန် မြှောက်ပေးခံလိုက်ရပြီးနောက် စူးယွင်သည်သတိထားလာကာ သူမပြောခင်အမြန်ဖြတ်ပြောလိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရှင့်ဆီလက်ဆောင်ပစ္စည်းစာရင်းနဲ့ပက်သက်ပြီး ကူညီပေးဖို့ အလုပ်များနေလို့ပါ။အရာအားလုံး အဆင်ပြေပြေဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

အရက်ကြောင့်အနည်းငယ်ထွေနေပြီဖြစ်သော လျို့ထုမှာတုံ့ပြန်လာသည်။

"အတော်လေး အဆင်ပြေပါတယ်။ပျောက်ဆုံးတာ ဘာမှမရှိဘူးထင်တာပဲ"

"ခဏလေး"

သူသည်တူကို ကိုင်ထားရင်းခေတ္တရပ်လိုက်ပြီး

"တစ်ကယ်တော့ တစ်ခုပျောက်နေခဲ့တယ်။ဒါပေမယ့် ပစ္စည်းသေးသေးလေးပါပဲ တန်ဖိုးသိပ်မရှိပါဘူး။အချိန်မရှိတာကြောင့်နဲ့ ကျွန်တော်လည်းသေချာမစစ်ဆေးကြည့်လိုက်တော့ဘူး"

သူ၏ရှင်းပြချက်ကိုကြားလိုက်ရသောအခါ စူးယွင်သည်ပြဿနာကြီးမဟုတ်ဟု ခံစားရသဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

"ဒါဆိုရင်တော့ အဆင်ပြေပါတယ်"

စကားစမြည်ပြောဆိုမှုသည် ရောက်တက်ရာရာစကားများသာ ဆက်ပြောနေကြပြီး အပြင်ဘက်ရှိဆူညံသံများကို ခပ်တိုးတိုးကြားလိုက်ရသည်။

စားပွဲပေါ်တွင် ပျင်းတိပျင်းရွဲမှီနေသော ရှောက်ချီသည် ရုတ်ချည်းမတ်တပ်ထရပ်ကာ ပြတင်းပေါက်ကိုတွန်းဖွင့်၍ အပြင်ဘက်သို့ကြည့်လိုက်၏။

သူတို့၏ကိုယ်ပိုင်အခန်းသည် အလွန်ကောင်းမွန်သောမြင်ကွင်းနေရာဖြစ်၍ ပြတင်းပေါက်အားဖွင့်လိုက်ရုံဖြင့် အထက်တန်းပြည့်တန်ဆာမလေး၏ မင်္ဂလာပွဲချီတက်ရာစင်မြင့်ကို မြင်တွေ့နိုင်လေသည်။ထို့ကြောင့်အပြင်သို့ထွက်ပြီး လူအုပ်ကြီးနှင့် တိုးဝှေ့နေရန်မလိုပေ။

"စပြီ စပြီ"

သူမသည်လည်ပင်းကိုအသားကုန်ဆန့်ထုတ်ကာ လွဲချော်သွားမည်အားစိုးရိမ်နေသည်။

အထင်သေးဟန်သဲ့သဲ့ဖြင့် ချန်းရွှေအာမှနှာခေါင်းရှုံ့လိုက်၏။

"ဘာတွေအလျင်လိုနေတာလဲ။နင့်ကိုပဲ ဖျော်ဖြေခိုင်းတော့မှာကျလို့"

ရှောက်ချီသည် နှစ်ကြိမ်သုံးကြိမ်လောက် လေမှုတ်ထုတ်လိုက်ပြီး ပြောလာသည်။

"နင်ကဘာသိလို့လဲ"

ငါးမိနစ်ခန့်ကြာပြီးနောက် ပြည့်တန်ဆာခေါင်းသည်ရှေ့သို့ထွက်လာပြီး အရည်မရအဖတ်မရစကားများကို အမျိုးမျိုးပြောဆိုလေတော့သည်။အောက်ရှိလူများသည် စောင့်ဆိုင်းနိုင်ခြင်းမရှိတော့ဘဲ ပြိုင်တူအော်ဟစ်ကာတိုက်တွန်းလာကြ၏။သူမတွင်ရွေးချယ်စရာမရှိတော့ဘဲ အထက်တန်းပြည့်တန်ဆာမလေးကို ခေါ်ထုတ်လာရတော့သည်။

ပြည့်တန်ဆာမလေးသည် သူမနဖူးထက်တွင် ပန်းပွင့်အစက်ကလေးတစ်ခုတင်ထားပြီး မြေခွေးမျက်လုံးများကို နူးညံ့သောလိုင်နာဖြင့်ဆွဲ၍ပုံဖော်ထားရာ ဆွဲဆောင်မှုရှိပြီး စွဲလမ်းစရာအသွင်ကို ပေးစွမ်းနေလေ၏။သူမ၏မျက်နှာသေးသေးလေးပေါ်တွင် ပါးနီပါးပါးသာလိမ်းကျံထားပြီး ဖြူစင်ကာ အပြစ်ကင်းစင်ပုံပေါ်သွားပြန်ကာ ဆန့်ကျင်ဘက်အသွင်ကို ဖန်တီးထား‌သည်။

သူမသည် ကြမ်းပြင်တွင်ပုံကျသည်ထိရှည်လျားသော ပါးလျလျအရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားပြီး ခြေဗလာဖြစ်နေကာ သူမ၏ခြေဖဝါးလေးများသည် ပန်းရောင်ဖျော့ဖျော့သမ်းနေလေ၏။လိပ်ပြာငယ်အလား သူမသည်မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါးနင်းချလိုက်ပြီး ငြင်သာစွာကခုန်လိုက်သည်။ပတ်ပတ်လည်ရှိအဆောက်အအုံများ၏ လေသာဆောင်မြင့်မြင့်များပတ်လည်တွင် မိန်းကလေးသုံးလေးဦးသည် ပန်းခြင်းတောင်းများကိုကိုင်ဆောင်ထားလေ၏။

သူတို့သည် ပန်းပွင့်ချပ်များကိုလက်တစ်ဆုပ်စာ ဆုပ်ယူကာပြည့်တန်ဆာမလေးပေါ်သို့ ကျဲချလိုက်ကြသည်။စင်မြင့်ပေါ်တွင် လှပစွာကခုန်နေသော အမျိုးသမီး‌လေးသည် ပန်းပွင့်ချပ်တစ်ခုကို သူမ၏လက်ဖဝါးထက်တွင်တင်ထားပြီးနောက် အပေါ်ဝတ်၏ထောင့်တစ်ခုကိုညှပ်ကာ သူမ၏ခြေထောက်များအောက်ရှိ ကြမ်းပြင်ထက်သို့ ပြုတ်ကျစေလိုက်၏။

သူမ၏နှင်းကဲ့သို့ဖြူဝင်းပြီးနူးညံ့သိမ်မွေ့သော အသားအရေသည် ရုတ်ချည်းဆိုသလိုလူတိုင်း၏မျက်လုံးများထဲသို့ ထင်ထင်ရှားရှားပေါ်လာပြီး အောက်ရှိလူအုပ်ကြီးကို အော်ဟစ်သံများနှင့်ရိုင်းစိုင်းသောဘန်းစကားများဖြင့် ဆူညံသွားစေသည်။ဂီတသံပြီးဆုံးသွားပြီးနောက်တွင် ပြည့်တန်ဆာမလေးသည် ဒူးတစ်ဝက်ထောက်လိုက်ကာ သူမ၏ဆွဲဆောင်မှုရှိသောအကြည့်အား အောက်ဘက်ရှိလူများထံသို့အဆက်မပြတ်ပို့နေတော့၏။

လရောင်မျှော်စင်တွင်ခန္ဓာကိုယ်ရောင်းချသောအမျိုးသမီးများနှင့် အတတ်ပညာရောင်းချသောအမျိုးသမီးများဟူ၍ နှစ်မျိုးလုံးရှိ‌လေသည်။သူတို့သည်တစ်ဦးချင်းစီ၏ ရွေးချယ်မှုပေါ်တွင်သာ မူတည်၏။စူးယွင်နှင့်အခြားသူများသည် နောက်ဆက်တွဲ ဖြစ်ရပ်များကို စိတ်မဝင်စားကြတော့သဖြင့် ပြတင်းပေါက်ကိုပိတ်ပြီး ဝိုင်ဆက်သောက်ကာပျော်ရွှင်ရန်ပြင်ဆင်လိုက်ကြသည်။

“သူမကပြည့်တန်ဆာဖြစ်နေတာ မဆန်းပါဘူး။သူမရဲ့ရုပ်ရည်က တစ်ကယ်ကိုလှတာပဲ”

တစ်ယောက်မှ မှတ်ချက်ပေးလာသည်။

စူးယွင်သည် ခေါင်းငြိမ့်လိုက်၏။

"သူမကတစ်ကယ်ကို လှပတဲ့အလှလေးတစ်ယောက်ပဲ"

ရှောက်ချီသည်ပြုံးလိုက်ပြီး သူမတူကိုကောက်ကာ စားစရာအချို့အားယူတော့မည့်အချိန်တွင် စူးယွင်ထံလှမ်းကြည့်လိုက်သည်။

"ဒါပေမယ့် ငါထင်တာတော့ စူးယွင် နင့်ရဲ့ မျက်နှာကပဲ ပိုပြီးပြည့်စုံတာပါ။နင်သာဒီနေရာမှာ ရှိနေမယ်ဆိုရင် ဒီပြည့်တန်ဆာမလေးနေရာက နင့်အတွက်ပဲဖြစ်နေမှာ"

*ဖြန်း!*

ဝမ်လဲ့သည် ရှောက်ချီ၏ခေါင်းနောက်ကို ရိုက်ချလိုက်သည်။

"နင်ကဘာလို့အဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ"

ပြည့်တန်ဆာသည် လှပကောင်းလှပနိုင်သော်လည်း နောက်ဆုံးတွင်တော့ ချီးကျူးစရာပုဂ္ဂိုလ်တစ်ဦးမဟုတ်ပေ။

"အရက်အများကြီး သောက်တာကစိတ်ကို တကယ်မှုန်ဝါးစေတာပဲ"

ရှောက်ချီသည် ခေါင်းယမ်းလိုက်သည်။

"ငါတို့ရဲ့စူးယွင်က မင်းသမီးဖြစ်တော့မှာလေ။သူတို့နဲ့ မနှိုင်းယှဉ်သင့်ဘူး"

"မင်းသမီးဟုတ်လား"

လျို့ထုမှာ အံ့သြတကြီးမေးလာသည်။

သူသည်ယနေ့မနက်တွင် အဖွဲ့အစည်းသို့မသွားခဲ့၍ အနာဂတ်မင်းသားချန်၏ကြင်ယာတော်အား နန်းတွင်းထုံးတမ်းများကို သင်ကြားပေးရန်အတွက် အထိန်းတော်ကျန်း ရောက်လာသည်ကို မသိခဲ့ပေ။

အမျိုးသမီးကျောက်သည် ရှောက်ချီကိုထပ်ရိုက်လိုက်သည်။

"ကိုယ့်အလုပ်ကို ကိုယ်လုပ်စမ်းပါ"

"ကျွန်မက....."

ရှောက်ချီသည်နှုတ်ခမ်းစူလိုက်ပြီး အနည်းငယ်စိတ်ဆိုးသွားတော့သည်။

"ဘာမှမဟုတ်ပါဘူး။ကျွန်မချစ်သူနဲ့ လက်ထပ်တော့မှာလေ။သူကမင်းသားတစ်ပါးဖြစ်နေတာနဲ့ တိုက်ဆိုင်သွားရုံပါ"

အဖွဲ့သားများ : "......"

တိုက်ဆိုင်ချက်ကတော့နော်!

ဘာလို့ငါတို့ကျဒီလိုကံမျိုးနဲ့ မကြုံရတာလဲ။

စူးယွင်သည် သူတို့ဆီဝိုင်ထပ်ငှဲ့ပေးပြီး ပြုံးကာပြောလိုက်သည်။

"သောက်ကြ ငါ့လက်ထပ်ပွဲကိုလာဖို့ လူတိုင်းကိုဖိတ်တယ်နော်။အကုန်လုံးအတွက်နေရာထိုင်ခင်း အ‌ကောင်းဆုံးဆိုတာတွေပဲ စီစဉ်ပေးထားမယ်"

"ဒါဆိုရင် ကတိနော်။ကျွန်တော်ကဒီတစ်ခွက်ကို ကျိန်းသေသောက်ရမှာပေါ့"

"စိတ်မပူပါနဲ့ လူတိုင်းအတွက်လုံလောက်စေရမယ်"

ဖိအားများမှအချိန်အတော်ကြာအောင် စုပြုံခဲ့၍ဖြစ်နိုင်သည်။ညနေစောင်းလာသည်နှင့်အမျှ သူတို့သည်အရက်ကိုအလွန်အကျွံ သောက်သုံးမိသွားကြကာ အရာအားလုံးကို မေ့သွားကြတော့၏။နဉ်ကျင်းရောက်လာသောအခါ စူးယွင်သည်စားပွဲပေါ်မှောက်နေပြီး ဝိုင်ခွက်ကိုကိုင်ထားဆဲဖြစ်ကာ သူမ၏ ပါးစပ်မှလဲ အဆက်မပြတ်ပြောနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။

"ထပ်ယူခဲ့ ထပ်ယူလာခဲ့"

"ဘယ်သူက အစောကြီးပြန်ထွက်သွားရဲလဲ။ပြန်သွားတဲ့လူက ငကြောက်ပဲ"

နဉ်ကျင်းသည် ဟားတိုက်ရယ်မိသွားကာ ခေါင်းယမ်းလိုက်သည်။သူသည်ခုံတစ်လုံးကိုဆွဲယူကာ သူမဘေးတွင်ဝင်ထိုင်ချလိုက်၏။သူမဆံပင်များကို ဘေးသို့အသာပွတ်သပ်ဖယ်ရှားလိုက်ရာ သူမ၏ ရှည်သွယ်သွယ်ဖြင့်လှပသော ငန်းဖြူလည်တိုင်အလား လည်တိုင်‌လေးသည် သူ့အာရုံကိုဖမ်းစားလိုက်တော့သည်။

"မင်းဘယ်လောက်တောင်သောက်ထားတာလဲ"

"ကျွန်မ....."

သူမမျက်လုံးများသည် ရီဝေနေပြီး တစ်လက်လက်တောက်ပနေသည်။နောက်တစ်ခဏတွင် သူမသည်လက်ကိုဆန့်ထုတ်ကာ နဉ်ကျင်း၏လည်ပင်းအား သိုင်းဖက်လိုက်ပြီး ရယ်မောလာ၏။

"ဘာလို့ဒီကိုရောက်နေတာလဲ"

နဉ်ကျင်းသည် သူမခါးကိုထိန်းကာ သူ့အနားဆွဲခေါ်လိုက်သည်။

"အချို့သူတွေက အိမ်ကိုဘယ်လိုပြန်ရမှန်းတောင်မသိတော့အောင် အရမ်းသောက်ထားကြတာလေ"

"ကျွန်မကနည်းနည်းလေးပဲ သောက်တာပါ"

သူမသည် ခေါင်းစောင်းလိုက်ပြီး သူမ၏ တစ်ကိုယ်လုံးမှအရက်နံ့များမှာ နဉ်ကျင်းပတ်လည်တွင်လေပြည်ကဲ့သို့လွှင့်ပျံနေသည်။

သူသည်အရက်မူးနေသူနှင့် စကားများရန် စိတ်မပါတော့ဘဲ သူမခါးကိုလက်ဖြင့်ပွေ့ဖက်ကာ သူမကိုအပြင်သို့ခေါ်သွားရန်လုပ်လိုက်၏။

"မင်း....."

လျို့ထုသည် သတိနည်းနည်းကပ်နေဆဲဖြစ်ရာ သူ့အားတားဆီးရန်လုပ်လိုက်သော်လည်း စကားသံကိုကြားလိုက်ရသည်။

"သူတို့ကို လုံလုံခြုံခြုံနဲ့အိမ်ပြန်ရောက်အောင်ပို့ဖို့ တစ်ယောက်ယောက်ကိုစီစဉ်လိုက်ပါ"

"နားလည်ပါပြီ အရှင်မင်းသား"

အရှင်မင်းသား!!

စူးယွင်သည် မင်းသားချန်၏ကြင်ယာတော် ဖြစ်တော့မည်ဟု သူသိထားသည်။

သူပဲဖြစ်ရမယ်။

သူမှမော့ကြည့်လိုက်ရာ - အရမ်းကိုအရပ်ရှည်တာပဲဟ။

နောက်တစ်ခဏတွင်တော့ မည်သည့်အသံမှ မရှိတော့ပေ။

နဉ်ကျင်းသည် စူးယွင်ကိုစံအိမ်သို့ ပြန်သယ်လာသည်။သူမသည် သတိရတစ်ချက်မရတစ်ချက်ဖြစ်နေပြီး မူးရူးနေကာသူ့လက်ထဲတွင်ရုန်းကန်နေပြီး ကန်ကျောက်နေတော့၏။

"ကျွန်မကိုချပေးပါ ကျွန်မဘာသာ လမ်းလျှောက်ချင်တယ်"

"လိမ္မာပါ"

နဉ်ကျင်းမှာထိုသို့ပြောပြီး သူမလက်ကောက်ဝတ်ကိုအသာညှစ်လိုက်သည်။သူသည် ယောင်ယီဘက်လှည့်ကာ အမိန့်ပေးလိုက်၏။

"ရေပြင်ထားလိုက်"

သူသည်စူးယွင်ကို အိပ်ရာထက်ချထားလိုက်ပြီး သူမပုခုံးများကိုလက်တစ်ဖက်ဖြင့် သိုင်းဖက်ကာ သူမကိုယ်ပေါ်ခြုံထားသည့်ပုဝါအား ဖယ်ရှားလိုက်သည်။

ယောင်ယီသည် ရေဇလုံတစ်လုံးကို ယူလာ၏။သူမသည်ပုဝါကို စိုစွတ်စေပြီး စူးယွင်၏မျက်နှာအား သုတ်ပေးရန်ချဉ်းကပ်တော့မည့်အချိန်တွင် ရှည်သွယ်၍လှလှပပထွင်းထုထားသည့်အလား ကြည့်ကောင်းလှသည့်လက်တစ်ဖက်မှာ သူမအားတားဆီးလိုက်သည်။

"ငါ့ဘာသာလုပ်လိုက်မယ်"

"ဟုတ်ကဲ့"

သူမသည်ပုဝါကို လက်ပြောင်းပေးလိုက်သည်။

"ရေချိုးကန်ကို ရေဖြည့်ထားလိုက်"

ယောင်ယီသည် အသံတိုးတိုးဖြင့်တုံ့ပြန်လိုက်ပြီး ကောင်းကောင်းနားလည်ထားပြီးဖြစ်သဖြင့် အခန်းထဲမှနေတိတ်တိတ်လေး ထွက်လာလိုက်သည်။

နဉ်ကျင်း၏လက်သည် သူမ၏နူးညံ့သောအသားအရေကိုထိမိသောအခါ သူသည်အထိအတွေ့အားအလိုလိုငြင်သာစေလိုက်၏။သူသည်သူမမျက်နှာကို အသာသုတ်ပေးလိုက်ပြီး အားထည့်မိသွားသော နေရာတိုင်းတွင် နှင်းဆီရောင်အလွှာတစ်ခု ပေါ်လာလေသည်။

စူးယွင်သည် အနည်းငယ်မျက်မှောင်ကြုံ့ကာ ရေရွတ်လာ၏။

"ကျွန်မကို အနှောင့်အယှက်မပေးပါနဲ့။ကျွန်မအိပ်ချင်နေပြီ"

ဆူညံသံများအားလုံးပြီးဆုံးသွားပြီးနောက် သူမအိပ်ရာပေါ်ရောက်သည်နှင့် လှည့်အိပ်ချင်စိတ်သာရှိတော့သည်။

နဉ်ကျင်းသည် သူမ၏ လက်မောင်းကို ဆွဲကာ သူ့ထံပိုနီးကပ်အောင်ဆွဲခေါ်လိုက်၏။သူသည် စိတ်ရှည်လက်ရှည်ဖြင့်ချော့မော့လိုက်သည်။

"နောက်မှအိပ်လေ အရင်ဆုံးရေချိုးကြစို့"

"မချိုးဘူး ကျွန်မအရမ်းအိပ်ချင်နေပြီ"

စူးယွင်၏မျက်နှာသည် သူ့ရင်ဘတ်ပေါ်တွင် မှီနေပြီး သူမလက်များသည်လည်း သူ့ကိုယ်ထက်တွင်ပွတ်သပ်နေကာ အငြိမ်မနေခဲ့ပေ။

"ကျွန်မက အဆင်ပြေနေပါတယ် ဆေးကြောဖို့ မလိုပါဘူး"

နဉ်ကျင်း : "......"

သူသည် စူးယွင်၏လက်ကောက်ဝတ်ကိုညှစ်ကိုင်ကာ သူမနှာခေါင်းအနီးသို့တင်ပေးလိုက်သည်။

"မင်းဘာသာမင်း နံနေလားဆိုတာအနံ့ခံကြည့်ပါဦး"

သူမသည်အနံ့ခံကြည့်လိုက်သည်။

ပြင်းထန်သောအရက်နံ့မှာ သူမအာရုံကြောများမှတဆင့် ထိုးဖောက်ဝင်ရောက်လာ၏။

"နံတယ်"

နဉ်ကျင်း : "ဒါဆိုရင်....."

သူ့စကားမဆုံးခင်မှာပင် စူးယွင်သည်မတ်တပ်ထရပ်ကာ သူမမျက်နှာလေးမှာ ရှုံ့မဲ့သွားပြီး သူ့အားမေးလာသည်။

"ရှင်ကကျွန်မကိုရွံရှာနေတာလား"

နဉ်ကျင်း၏မျက်လုံးများတွင် အပြုံးတစ်ခုခပ်မြန်မြန်ပေါ်လာခဲ့ပြီး သူသည်ထုတ်ဖော်ပြောလာသည်။

"ကိုယ်ကမင်းကို တစ်ကယ်ချစ်တာပါ"

ကိုယ်ကမင်းကို ဘယ်တော့မှစက်ဆုပ်ရွံရှာမှာ မဟုတ်ပါဘူး။

"ဒါဆိုရင်လည်း ကောင်းပြီလေ"

သူမသည်ဘုရင်မတစ်ပါးကဲ့သို့ ခက်ခက်ထန်ထန်ပြုမူကာနှာခေါင်းရှုံ့လိုက်ပြီး

"ရှင်ပဲကျွန်မကိုဆေးကြောပေး"

သူမသည်လက်များကို ဆန့်တန်းလိုက်ပြီး သူမအဝတ်အစားများကို ကူညီချွတ်ပေးမည့်သူအား စောင့်နေလေသည်။

မူလတွင်သူမအား ရေချိုးပေးရန်စီစဉ်ထားသော နဉ်ကျင်းသည်ခေါင်းယမ်းလိုက်ပြီး ကူကယ်ရာမဲ့ဟန်ဖြင့် ပြုံးလိုက်မိ၏။

သူသည်သူမအဝတ်အစားများကို ဖြည်းဖြည်းချင်းချွတ်လိုက်ပြီး နွေးထွေးနေသောသူ၏လက်ဖြင့် သူမ၏နူးညံ့သော အသားအရေကိုထိတွေ့ရန် အခွင့်အရေးယူလိုက်သည်။

"အင်း"

သူမ၏ခါးနှင့်ဝမ်းဗိုက်နားရှိနာကျင်မှုမှာ စူးယွင်အားငြီးတွားမိစေသည်။

သူမသည် ထိုပြစ်မှုကျူးလွန်သူထံစိုက်ကြည့်ကာ သူမလက်များကို သူ့လည်ပင်းတွင် ရစ်ပတ်ပြီးကိုက်ချလိုက်၏။

ကိုက်လိုက်သည်မှာ မနာကျင်စေသော်လည်းယားယံစေပြီး ချစ်ကြည်နူးမှုအားရှာဖွေနေသကဲ့သို့ပင်။

နဉ်ကျင်းသည် သူမအားနမ်းရန် ချဉ်းကပ်တော့မည့်အချိန်တွင် သူမသည်သူ့အား လွှတ်လိုက်၏။

"ကျွန်မမောနေပြီ အိပ်တော့မယ်။ရေကိုအမြန်ချိုးပေး။အဲ့လိုမှမဟုတ်ဘဲရှင်ကနောက်ထပ်လှည့်ကွက်တွေ သုံးဖို့ကြိုးစားလာမယ်ဆိုရင်တော့ သေအောင်ကိုက်ပစ်မယ်"

သူမမှာ ခပ်တင်းတင်းဖြင့်ခြိမ်းခြောက်လိုက်သည်။

နဉ်ကျင်းသည် အဓိပ္ပာယ်မရှိပြောဆိုနေသော အရက်မူးသမား‌လေးနှင့် ငြင်းခုန်ချင်စိတ်မရှိဘဲ သူမကိုရေချိုးခန်းဆီသာ သယ်သွားလိုက်၏။

အချို့လူများသည် တစ်ကယ်ကိုကောင်းကောင်းမပြုမူတတ်ကြပေ။တစ်ခဏတွင် သူတို့မှာအိပ်ချင်သည်ဟုဆိုသော်ငြား ရေနှင့်ထိလိုက်သည်နှင့် နေရာတိုင်းသို့ရေဖြင့်ပက်ခြင်းတို့ ရေငုပ်ရန်ကြိုးစားခြင်းတို့ပြုလုပ်လာသည်။

သူသည်အမြန်ရေချိုးပြီးအောင်လုပ်ဆောင်ရုံသာတတ်နိုင်ပြီး သူမကိုမျက်နှာသုတ်ပဝါဖြင့်ပတ်ကာ အိပ်ရာပေါ်သို့ပြန်သယ်လာလိုက်၏။

နဉ်ကျင်းသည် ခေါင်းငုံ့ကာစိုစွတ်နေသော အဝတ်အစားများကို ကြည့်လိုက်သည်။သူသည် သူမနှာခေါင်းကိုညှစ်ပြီး အတိုးစုဆောင်းရန် သူမနှင့်အတူ ရှင်းလင်းရေးမလုပ်မီ ခြောက်သွေ့သောအဝတ်အစားများအားလဲလိုက်၏။

သူသည်အဖြစ်သာဆေးကြောလိုက်ပြီး ညဝတ်အင်္ကျီကိုဝတ်ဆင်ကာ ရေချိုးခန်းထဲမှထွက်လာပြီး စူးယွင်ထံလျှောက်လာကာ အတိုးစုဆောင်းရန် အသင့်ဖြစ်နေသည်။

သို့သော်အိပ်ရာထက်မှ တည်ငြိမ်သောအသက်ရှူသံမှာ သူ့ခေါင်းအားထိမှန်လိုက်သကဲ့သို့ဖြစ်သွား၏။

နဉ်ကျင်း : "???"

ကိစ္စမရှိပါဘူး။မနက်ဖြန်တွေဆိုတာ ရှိနေမှာပဲလေ။

သူသည်စောင့်ဆိုင်းပြီး အတိုးများစုပုံလာသောအခါမှ ပြန်ယူရန်ဆုံးဖြတ်လိုက်သည်။

မနက်ခင်းတွင်ငှက်ကလေးများ၏ ကျီကျီကျာကျာအသံများမှာ အပြင်ဘက်တွင်ဆူညံနေ၏။စူးယွင်သည် သူမမျက်လုံးများကို လှည့်ကာ အရက်ကြောင့်ဖြစ်ပေါ်လာသော မသက်မသာဖြစ်မှုအား သက်သာစေရန် သူမနားထင်ကို လက်ဖြင့်ပွတ်သပ်လိုက်သည်။

"နိုးပြီလား"

နဉ်ကျင်းသည် သူမခန္ဓာကိုယ်ပေါ် လက်တစ်ဖက်တင်လိုက်ကာ ကြည့်နေသည်။သူ့အသံသည် အနည်းငယ်အက်ရှနေ၏။

"ကိုယ်ထင်ထားတာထက် စောနိုးလာတာပဲ"

All Chapters