အခန်း (၁၁၅၀-၁၁၅၂)
Vol. 78 Ch. 1150-1152
အခန်း ၁၁၅၀ ရှာဝူခုန်း
"သူဌေး၊ အလုပ်များနေလား" ရဲလ်ဖ်သည် တံခါးခေါက်၍ ဝင်လာသည်။ ဖုန်းယွီသည် ကွန်ပျူတာရှေ့တွင် ထိုင်နေပြီး လက်နှစ်ဖက်ဖြင့် ကီးဘုတ်ကို တတောက်တောက် ရိုက်နေသည်ကို တွေ့ရသည်။ သူဌေး ဂိမ်းကစားချိန်တွင် အသံပိုကောင်းသည် ဟုဆိုကာ အမြဲတမ်း စပီကာကို အသုံးပြုလေ့ရှိသောကြောင့် ဂိမ်းကစားနေပုံ မပေါ်ပေ။
ဥပမာအားဖြင့် သေနတ်ပစ် ဂိမ်းကုမ္ပဏီကို ဝယ်ယူပြီး Half-Life ဟုခေါ်သော ဂိမ်းတစ်ခုကို ထုတ်လုပ်သောအခါ သူဌေးသည် ၎င်းကို ရရှိပြီးနောက် တစ်နေ့နီးပါး ဆော့ခဲ့ပြီး သူ့ကိုပါ အတူ ဆော့ရန် ခေါ်ခဲ့သည်။ အမှန်တကယ်တွင် ထိုဂိမ်းသည် အလွန်စိတ်ဝင်စားစရာကောင်းပြီး ယခုအခါ ဂိမ်းဆော့ဖ်ဝဲလ်သည်လည်း ကောင်းကောင်း ရောင်းချ နေရသည်။
"ဘာကိစ္စလဲ" ဖုန်းယွီသည် ခေါင်းပင် မထောင်ဘဲ မေးသည်။
"ကြီးကြီးမားမား ကိစ္စမရှိပါဘူး။ မကြာသေးမီက စတော့ဈေးကွက် အနည်းငယ် ပြန်တက်လာလို့ပါ။ ကျွန်တော်တို့ တကယ်ပဲ ဆက်လက် ရောင်းချ နေဦးမလား" ပြီးခဲ့သည့်နှစ်တွင် အင်တာနက် ပူဖောင်းကြောင့် Nasdaq၏ စတော့ညွှန်းကိန်းသည် ဆက်တိုက် ကျဆင်းခဲ့ပြီး ၎င်းတို့ ရောင်းချခြင်းဖြင့် အတော်အတန် ငွေရှာနိုင်ခဲ့သည်။
သို့သော် ပြီးခဲ့သည့်နှစ် အကုန်တွင် ကုမ္ပဏီကြီးအချို့၏ ရှယ်ယာဈေးနှုန်း ကျဆင်းခြင်း ရပ်တန့်သွားပြီး စတော့ညွှန်းကိန်းသည်လည်း ဖြည်းဖြည်းချင်း ပြန်တက်လာခဲ့သည်။ အနည်းငယ် ရွေ့လျားနေသော်လည်း ရောင်းချခြင်းမှ အမြတ်ရရှိမှုသည် သိသိသာသာ မရှိတော့ပေ။
သို့သော် သူဌေးက ၎င်းတို့အား ဆက်လက် ရောင်းချရန် တောင်းဆိုနေပြီး ပြီးခဲ့သည့်လကပင် အနည်းငယ် အရှုံးပေါ် ခဲ့သည်။ ဤသို့ ဆက်သွားပါက ပြီးခဲ့သည့်နှစ်က အမြတ်အားလုံး ဆုံးရှုံးရုံသာမက အရှုံးပေါ် ဖို့ပါ ဖြစ်နိုင်ခြေ ရှိသည်။
"ကိစ္စမရှိဘူး။ ကျွန်တော် ပြောခဲ့ပြီးပြီ။ ဒီနှစ်မှာ ဖုန်းယွီ အတိုင်ပင်ခံ ကုမ္ပဏီကို ကျွန်တော်တို့ ထည့်သွင်းထားတဲ့ ရန်ပုံငွေဟာ အဓိကအားဖြင့် Nasdaqမှာ ရောင်းချ ဖို့ပဲ ဖြစ်တယ်။ နောက်နှစ်ဝက်မှာတော့ ရွှေတက်တာမျိုး ဝယ်ဖို့ စမ်းကြည့်လို့ ရတယ်။ အခု အနည်းငယ် အရှုံးပေါ်တာက အရေးမကြီးဘူး၊ နှစ်ကုန်မှာ ပြန်ရမှာ သေချာတယ်"
ယခု အနည်းငယ် အရှုံးပေါ်ခြင်းသည် ဖုန်းယွီ၏စီမံကိန်းတွင် ပါဝင်သည်။ အကယ်၍ သူ ယခု ရပ်တန့်လိုက်ပြီး နောက်နှစ်ဝက်တွင်မှ စတော့ဈေးကွက်ကို ပြန်လည် ရောင်းချပါက စုံစမ်း စစ်ဆေးမှု ခံရနိုင်သည်။
သို့သော် ယခုအချိန်တွင်ပင် ဖုန်းယွီ၌ စတော့ဈေးကွက်ကို ပြန်လည် ကျဆင်းစေရန် နည်းလမ်းတစ်ခု ရှိနေသေးသည်။
ရဲလ်ဖ်သည် တစ်ခုခု ပြောချင်သေးသော်လည်း သူဌေး၏ သဘောထားကို မြင်သောအခါ လိမ္မာစွာ ဖြင့် ပါးစပ်ပိတ်ရန် ရွေးချယ်ခဲ့သည်။ သူဌေးက သူ့ကို အကြံဉာဏ် တောင်းသောအခါ သူသည် ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ပြီး သူဌေးက သူ့ကို ဘယ်တော့မှ အပြစ်မတင်ပေ။ သူ၏အဖြေသည် သူဌေးအတွက် အလွန်အကျိုးရှိ ပါက ဆုကြေးငွေ အနည်းငယ်ပင် ရရှိနိုင်သည်။
သို့သော် သူဌေးက သူ့ကို အကြံဉာဏ် မတောင်းသောအခါ သူသည်လည်း ပေါ့ပေါ့တန်တန် အကြံဉာဏ်ပေးမည် မဟုတ်ပေ။ ရဲလ်ဖ်သည် သူ၏ အခန်းကဏ္ဍကို ရှင်းလင်းစွာ သတ်မှတ်ထားပြီး သူ၏အခန်းကဏ္ဍနှင့် မသင့်တော်သော အရာများကို လုပ်ဆောင်မည် မဟုတ်ပေ။
ဖုန်းယွီသည် ခဏမျှ စဉ်းစားပြီးနောက် ထပ်ဖြည့်ပြောသည်။ "နှစ်လလောက် ကြာရင် Nasdaqရဲ့ စတော့ညွှန်းကိန်း ပြန်လည်ကျဆင်း လာလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အင်တာနက် ကုမ္ပဏီအကြီးစားတစ်ခုက သူ့ရဲ့ အမှန်တရားကို ဖော်ထုတ်တော့မှာမို့လို့ပဲ"
ရဲလ်ဖ်သည် သူဌေးက မည်သည့်ကုမ္ပဏီကို ဆိုလိုသည်ကို မသိသော်လည်း အကြီးစာ ဟု ခေါ်ဆိုနိုင်သည့် ကုမ္ပဏီ၏ ပိုင်ဆိုင်မှုသည် ဒေါ်လာ ဘီလီယံ ရာနှင့်ချီ ရှိရမည်။ Enron ကုမ္ပဏီကဲ့သို့ ရှယ်ယာဈေးနှုန်း ပြင်းထန်စွာ ကျဆင်းပြီး ရှယ်ယာရှင်များ ကြောက်ရွံ့ထိတ်လန့်မှုကို ဖြစ်စေနိုင်ပါက အလွန်ကောင်းမွန်မည် ဖြစ်သည်။
ရဲလ်ဖ် ထွက်သွားပြီးနောက် ဖုန်းယွီသည် ကွန်ပျူတာရှေ့တွင် ဆက်လက် အာရုံစိုက် နေသည်။ ကွန်ပျူတာတွင် ဝင်းဒိုးတစ်ခုသာ ဖွင့်ထားပြီး ၎င်းမှာ OQ၏ ချက်တင် ဝင်းဒိုး ဖြစ်သည်။
လက်ရှိ ဝင်းဒိုးသည် အလွန် ရိုးရှင်း သေးသည်။ ဖုန်းယွီ ပြန်မမွေးဖွားခင်ကလို ကြော်ငြာများစွာ၊ လုပ်ဆောင်ချက် ခလုတ်များစွာ မရှိပေ။ သို့သော် စကားပြောဆိုရန် အတွက်သာ ဆိုလျှင် ဤသည်မှာ လုံလောက်ပြီး ပိုမို မြန်ဆန် သေးသည်။
ချက်တင် ဝင်းဒိုးတွင် တစ်ဖက်လူ၏ အွန်လိုင်းအမည်ကို သတင်းထောက် စင်စင် ဟု ပြသနေသည်။
ဖုန်းယွီ၏ ကိုယ်ပိုင် အွန်လိုင်းအမည်မှာ ရှာဝူခုန်း ဟု ခေါ်သည်။
...
ကျိုးခယ့်ရှင်းသည် ကွန်ပျူတာရှေ့တွင် သေသေချာချာ ထိုင်နေသည်။ ယခုအချိန်သည် ဆောင်းရာသီ ကျောင်းပိတ်ရက် ဖြစ်သည်။ နောက်နှစ်တွင် သူမ ဘွဲ့ရနိုင်ပြီး ဖုန်းယွီ စီးပွားရေး အပတ်စဉ် မဂ္ဂဇင်းတွင် တရားဝင် အလုပ်လုပ်နိုင်မည် ဖြစ်သည်။ ဤအချက်ကို သူမသည် အယ်ဒီတာချုပ် ဟူရွန်းထံမှ ကတိ ရရှိထားပြီး ဖြစ်သည်။
ယခုနှစ်သစ်ကူးနီးနေပြီ ဖြစ်သော်လည်း သူမ အိမ်မပြန်သေးဘဲ ကုမ္ပဏီတွင် အလုပ်လုပ်နေသည်။ သို့သော် နှစ်ကုန်နီးပြီ ဖြစ်သောကြောင့် လူတိုင်း၏ အလုပ်လုပ်လိုစိတ်သည် သိပ်မပြင်းပြသေးဘဲ အလုပ်ပါ အထူးတလည် များပြားခြင်း မရှိပေ။ ထို့ကြောင့် လူအများအပြား ပျင်းရိ နေကြသည်။
ကျိုးခယ့်ရှင်းသည် အယ်ဒီတာချုပ်၏ စာမူ စစ်ဆေးမှု အဖြေကို စောင့်နေသည်။ အကယ်၍ စစ်ဆေးမှု အောင်မြင်ပါက သူမသည် စောစောစီးစီး အားလပ်ရက် ယူနိုင်မည် ဖြစ်သည်။ အကယ်၍ မအောင်မြင်ပါက အယ်ဒီတာချုပ် စိတ်ကျေနပ်သည်အထိ ဆက်လက် ပြင်ဆင် ရဦးမည် ဖြစ်သည်။
ပျင်းရိ နေသော သူမသည် လူများစွာကဲ့သို့ပင် ခိုးကြောင်ခိုးဝှက် အွန်လိုင်းမှ သတင်းများ ကြည့်ခြင်း၊ ဖိုရမ်များ လည်ပတ်ခြင်း၊ OQ တွင် စကားပြောခြင်းတို့ကို ပြုလုပ်နေသည်။
ဤ OQ ဆော့ဖ်ဝဲလ်ကို အသုံးပြုပြီးနောက် သူမသည် အမှန်တကယ် ပိုမို အဆင်ပြေ လာသည်ကို တွေ့ရှိခဲ့သည်။ ကွန်ပျူတာရှေ့တွင် ထိုင်နေရုံဖြင့် ကွန်ရက်၏ တစ်ဖက်ခြမ်းရှိ လူများနှင့် အချိန်မရွေး နေရာမရွေး ဆက်သွယ်နိုင်သည်။ ဥပမာအားဖြင့် သူမ၏ သူငယ်ချင်းများ၊ သို့မဟုတ် စိမ်းလန်းသော အွန်လိုင်း သုံးစွဲသူများ နှင့် စကားပြောနိုင်သည်။
အလုပ်သင် ကာလတွင် ရှိနေသေးသော ကျိုးခယ့်ရှင်းသည် အလုပ်တွင် အမှားများ မကြာခဏ လုပ်မိသော်လည်း အယ်ဒီတာချုပ်က သူမအပေါ် ထူးခြားစွာသည်းခံပေးပုံရသည်။ သို့သော် ဤအရာကြောင့် ကောလာဟလများစွာ ထွက်ပေါ်လာခဲ့သည်။
အချို့က သူမနှင့် အယ်ဒီတာချုပ် ပတ်သက်မှု ရှိသည်ဟု ပြောကြသည်။ အချို့က သူမသည် နောက်ပေါက်မှ ဝင်လာသည်ဟု ပြောကြပြီး အမျိုးမျိုးသော ဇာတ်လမ်းများသည် အချက်အလက် ခိုင်လုံသယောင် ပြန့်နှံ့ခဲ့သည်။ သူမနှင့် မသက်ဆိုင်ပါက သူမပင် ယုံကြည်မိပေမည်။
သန့်ရှင်းသူသည် မိမိကိုယ်ကို သန့်ရှင်းစေ သည်ဟု ဆိုသော်လည်း သူမနှင့် အယ်ဒီတာချုပ်တို့သည် ရိုးရိုး အထက်အောက် ဆက်ဆံရေးသာ ရှိသည်။ သူမ၏ မိသားစုတွင်လည်း နောက်ခံ ပတ်သက်မှု မရှိပေ။ သူမ နောက်ပေါက်မှ ဝင်ချင်လျှင်ပင် ဝင်နိုင်သည့် လမ်းကြောင်း ရှိမှ ရမည် မဟုတ်လား။
သို့သော် လူအများ၏ စကားကို ကြောက်ရသဖြင့် သူမ၏ စိတ်ထဲတွင် အမြဲတမ်း မသက်မသာ ဖြစ်နေသည်။ ထို့ကြောင့် သူမ၏ စိတ်ထဲရှိ စိတ်ပျက်မှုကို ဖယ်ရှားရန် တစ်စုံတစ်ဦးကို တိုင်တည် ပြောဆိုချင်ခဲ့သည်။
သို့သော် သူငယ်ချင်းများသည် စာသင်နေကြသည် သို့မဟုတ် အလုပ်သင် သွားနေကြသည် ဖြစ်သောကြောင့် သူမ ပြောပြသည်ကို နားထောင်ရန် အချိန် မရှိကြပေ။ လူအများအပြား သွားရောက်သည့် အလုပ်သင် နေရာများတွင် ကွန်ပျူတာပင် မရှိပေ။ သူမကဲ့သို့ မိုဘိုင်းလ်ဖုန်း ပေးထားခြင်းကိုလည်း ပြောနေစရာ မလိုပေ။
သို့သော် တစ်နေ့တွင် သူမ၏ OQ ပုံသည် ရုတ်တရက် ခုန်လာသည်။ တစ်စုံတစ်ယောက်က သူမကို ကိစ္စတစ်ခုဖြင့် ရှာနေသည်ဟု ထင်ပြီး ဖွင့်ကြည့်လိုက်သောအခါ သူငယ်ချင်း တောင်းဆိုမှု ဖြစ်နေသည်။ နာမည်မှာ အလွန် စိတ်ဝင်စားစရာ ကောင်းပြီး ရှာဝူခုန်း ဟု ခေါ်သည်။
သူမသည် စွန်းဝူခုန်းနှင့် ရှာဝူကျင့် တို့ကိုသာ သိသည်။ ဤ ရှာဝူခုန်းသည် ဘာလုပ်နေသူပါလိမ့်။
အလိုအလျောက်ပင် သူမသည် သဘောတူလိုက်သည်။
သူမက မည်သူဖြစ်ကြောင်း မေးသောအခါ တစ်ဖက်လူက ပျင်းရိသဖြင့် လန်းဆန်းသော သူစိမ်းတစ်ဦးနှင့် စကားပြောခြင်းသာ ဖြစ်ကြောင်း ပြောသည်။ ၎င်းသည် စိတ်ပျက်ဖွယ်ရာများ ကို တိုင်တည် ပြောဆိုနိုင်ပြီး ဘေးနားရှိ လူများ သိသွားမည်ကို မပူပန် ရပေ။
ရှာဝူခုန်းက သူသည် အမေရိကန်တွင် အလုပ်လုပ်နေပြီး ပတ်ဝန်းကျင်တွင် တရုတ်စကားပြောသူ အနည်းငယ် သာ ရှိသောကြောင့် နေ့တိုင်း အင်္ဂလိပ်လို သာ ပြောရသဖြင့် အလွန်မလွတ်လပ်ဟု ပြောပြသည်။
ရှာဝူခုန်း ဤသို့ ပြောသောအခါ ကျိုးခယ့်ရှင်းသည် သူမ ခရီးထွက်ရသည့် အချိန်များကို သတိရမိသည်။ အထူးသဖြင့် ထို ဒေသခံ စကားများသည် သူမကို ညှဉ်းပန်းခဲ့သည်။ ပုံမှန်အားဖြင့် နှစ်နာရီအတွင်း ရေးနိုင်သည့် စာမူကို တစ်နေ့လုံး ရေး၍မပြီးနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အသံဖမ်းထားသည်ကိုပင် ခန့်မှန်း၍သာ တစ်ဖက်လူ ဘာကို ဆိုလိုသည်ကို နားလည်နိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် နှစ်ဦးစလုံးသည် အပြန်အလှန် နားထောင်သူများ ဖြစ်လာကြပြီး တစ်ဖက်လူ၏စိတ်ထဲရှိ စိတ်ပျက်မှုကို စာရိုက်၍ တိုင်တည် ပြောဆိုကြပြီးနောက် နှစ်သိမ့်ပေးကြကာ မိမိတို့၏ စိတ်ပျက်ဖွယ်ရာများကိုလည်း ပြောပြကြသည်။
ရှာဝူခုန်းနှင့် ဤသို့ ဆက်သွယ်ပြီးနောက် ကျိုးခယ့်ရှင်းသည် သူမ၏ စိတ်ပျက်မှုများသည် အရေးမကြီးတော့ဟု တွေ့ရှိခဲ့သည်။
ထို့အပြင် သူမ၏ကံသည်လည်း ပိုမို ကောင်းမွန်လာပုံရသည်။ မဂ္ဂဇင်းတိုက်တွင် မကြာခဏ ကောလာဟလ ပြောတတ်သော အစ်မကြီးသည် ထုတ်ပယ် ခံခဲ့ရသည်။ သူမ၏ လုပ်ငန်းစွမ်းရည်သည် အလွန်ကောင်းမွန်ပြီး ပတ်သက်မှုလည်း ရှိသော်လည်း အယ်ဒီတာချုပ်က မတွန့်မဆုတ် ထုတ်ပယ်ခဲ့သည်။ အကြောင်းပြချက်မှာ မဂ္ဂဇင်းတိုက်၏ ပြည်တွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်သောကြောင့် ဖြစ်သည်။
လူတိုင်းက အယ်ဒီတာချုပ်သည် နာမည်ပျက်ကို မခံနိုင်သဖြင့် ထိုအစ်မကြီးကို ထုတ်ပယ်သည်ဟု ထင်ကြသည်။ ကျိုးခယ့်ရှင်းပင် ဤသို့ ထင်ခဲ့သည်။ သူမသည် အယ်ဒီတာချုပ်သည် ဤကောလာဟလကို တစ်ခါမှ မကြားဖူးကြောင်း လုံးဝ မသိခဲ့ပေ။ မဟုတ်ပါက ထိုအစ်မကြီးသည် ယခင်ကတည်းက ထုတ်ပယ်ခံရမည် ဖြစ်သည်။
တစ်ကြိမ်တွေ့လျှင် စိမ်း၊ နှစ်ကြိမ်တွေ့လျှင် ရင်းနှီး ဆိုသကဲ့သို့ တဖြည်းဖြည်းနှင့် ကျိုးခယ့်ရှင်းနှင့် ဤရှာဝူခုန်းတို့သည် သူငယ်ချင်းများ ဖြစ်လာကြပြီး အချိန်ရတိုင်း စကားပြောဖြစ်ကြသည်။
ကျိုးခယ့်ရှင်းသည် သူမ ကမ္ဘာ့ ဒုတိယ အချောဆုံး ဟုခေါ်သော စာပေးစာယူ သူငယ်ချင်းနှင့် စကားပြောခဲ့စဉ်က ခံစားချက်ကို ပြန်လည် ရရှိခဲ့ပုံရပြီး စကားပြောဆိုမှုသည် အလွန် ပေါ့ပါးပျော်ရွှင် ခဲ့သည်။
ယနေ့ ပျင်းရိနေချိန်တွင် သူမသည် ရှာဝူခုန်း၏ ချက်တင် ဝင်းဒိုးကို ထပ်မံ ဖွင့်ပြီး ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုခဲ့သည်။
...
******
အခန်း ၁၁၅၁ အရာရာသိသူ
[ကိုရှာဝူခုန်း၊ ဒီနေ့ အယ်ဒီတာချုပ်က သူဌေးတွေရဲ့ ပုဂ္ဂိုလ်ရေးဘဝအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးခိုင်းတယ်။ ဒါပေမဲ့ ကျွန်မက အဲဒီလိုမေးခွန်းမျိုး တခါမှ မမေးမြန်းဖူးဘူး။ အယ်ဒီတာချုပ်က တခြားသတင်းထောက်တွေ စုဆောင်းထားတဲ့ အချက်အလက်တချို့ ပေးလိုက်ပေမဲ့ ဒီစာမူက အောင်မြင်ပါ့မလားဆိုတာ မသေချာဘူး။]
ကျိုးခယ့်ရှင်း အလွန် စိတ်ညစ်သွားသည်။ ကျွန်မတို့က စီးပွားရေး မဂ္ဂဇင်း မဟုတ်ပါလော။ ထိုသူဌေးများစီးပွားရေး အောင်မြင်မှုများကိုသာ အာရုံစိုက်သင့်သည် မဟုတ်ပါလော။ ထိုပုဂ္ဂိုလ်ရေး ဘဝအကြောင်းများကို ရေးသားပြီး ဘာလုပ်မည်နည်း။
သို့သော် အစ်မကျောက်က သူမကို ပြောပြသည်။ လူအများအပြားသည် သူဌေးများ၏အောင်မြင်မှုကို အာရုံစိုက်ကြသော်လည်း၊ ထိုသူဌေးများ၏ တောက်ပသော ဂုဏ်သတင်း နောက်ကွယ်မှ အကြောင်းအရာများကို ပို၍ စိတ်ဝင်စားကြသူများလည်း ရှိကြောင်း ပြောပြသည်။
ကြယ်ပွင့်များကို အားပေးသကဲ့သို့ပင် ဖြစ်သည်။ စင်မြင့်ထက်မှ တောက်ပနေသော စူပါစတားကြီးများကို နှစ်သက်ကြသော်လည်း ထိုစူပါစတားကြီးများ၏ ဘဝထဲမှ အတင်းအဖျင်း သတင်းများသည်လည်း ပရိသတ်များကို အလွန် အာရုံစိုက်စေပြီး ပို၍ပင် စိတ်ဝင်စားစေတတ်သည်။
ကျိုးခယ့်ရှင်း စဉ်းစားကြည့်လိုက်တော့လည်း ဟုတ်နိုးနိုးပင်။ ဤသို့ဆိုလျှင် သူဌေးတစ်ဦး၏ ပုဂ္ဂိုလ်ရေး ဘဝဇာတ်ကြောင်း တစ်ပုဒ်သည် မဂ္ဂဇင်း ရောင်းအားကို မနည်း မြှင့်တင်ပေးနိုင်ပေလိမ့်မည်။
ရှာဝူခုန်းက သူမ ဘယ်သူ့အကြောင်း ရေးနေသလဲဟု မေးလိုက်သည်။
[ဆီတာကျူးလေ။ စကားပြောစရာ အကြောင်းအရာတွေ အများကြီးရှိတဲ့ သူဌေးတစ်ယောက်ပေါ့။ တစ်ချိန်တုန်းက တရုတ်ပြည်ရဲ့ အချမ်းသာဆုံး စာရင်းမှာ ထိပ်ဆုံးဆယ်ယောက် ဝင်ခဲ့ဖူးတယ်။ နောက်ပိုင်း ဒေဝါလီခံရလုနီးပါး ဖြစ်ခဲ့ပြီးမှ ပြန်လည် ထူထောင်လာနိုင်ခဲ့တာ။ ဒီအကြောင်းအရာက တခြား သူဌေးတွေထက် စာဖတ်သူကို ပိုဆွဲဆောင်နိုင်မယ်လို့ ထင်တယ်။]
ဤနေရာထိ ပြောပြီးသောအခါ ကျိုးခယ့်ရှင်း အနည်းငယ် ဂုဏ်ယူမိသည်။ သို့သော် သူမ ဆီတာကျူးကို ရွေးချယ်ရခြင်းမှာ အစ်မကျောက်၏ သွယ်ဝိုက်သော လမ်းညွှန်မှုကြောင့် ဖြစ်သည်ကို လုံးဝ မတွေးမိဘဲ သူမကိုယ်တိုင် စဉ်းစားမိသည်ဟု ထင်နေခဲ့သည်။
[ဆီတာကျူးလား၊ ငါ သိတာပေါ့။ ငါ သူ့ကုမ္ပဏီမှာ အလုပ်လုပ်ဖူးတယ်။ မင်းရေးတဲ့ ဆီတာကျူးက ဘယ်လို ထူးခြားချက်တွေ ရှိလဲ။]
ကျိုးခယ့်ရှင်းသည် ကောင်းကင်မှ မုန့်တစ်ချပ် ပြုတ်ကျလာပြီး သူမ၏ ခေါင်းကို လာမှန်သကဲ့သို့ ခံစားလိုက်ရသည်။ ဤ ရှာဝူခုန်းက ဆီတာကျူးကို သိနေသည်တဲ့လား။
ဒါဆို သိပ်ကောင်းတာပေါ့။ အင်တာဗျူး မှတ်တမ်းတွေ ဘယ်လောက်ပဲ များများ၊ ဆီတာကျူး ကုမ္ပဏီက လူတွေ သိသလောက်တော့ ဘယ်သိနိုင်ပါ့မလဲ။
[ရှင် ဘယ်တုန်းက ဆီတာကျူး ကုမ္ပဏီမှာ လုပ်ခဲ့တာလဲ။ ဆီတာကျူးရဲ့ အလေ့အကျင့် တချို့ကို သိလားဟင်။]
[ငါ ဆီတာကျူး ကုမ္ပဏီမှာ လုပ်ခဲ့တာ မကြာပေမဲ့ ဆီတာကျူးအကြောင်း နည်းနည်းပါးပါးတော့ သိပါတယ်...]
ဖုန်းယွီသည် သူသိထားသမျှ ဆီတာကျူးအကြောင်းကို ကျိုးခယ့်ရှင်းအား ပြောပြလိုက်သည်။ ဟုတ်ပါတယ်၊ ဤအရာများသည် ကြိုတင် ပြင်ဆင်ထားသော အရာများ ဖြစ်သည်။
ကျိုးခယ့်ရှင်း အလွန်အံ့အားသင့်သွားသည်။ ဆီတာကျူးက ဆေးလိပ် အလွန်သောက်သည်တဲ့လား။ သို့သော် သူမတို့ သတင်းထောက်များ အင်တာဗျူးလုပ်စဉ်က ဆီတာကျူး ဆေးလိပ်သောက်သည်ကို တစ်ခါမှ မမြင်ဖူးပါတကား။
ဆီတာကျူးက အရက်သောက် အရမ်းနိုင်ပြီး တစ်ယောက်တည်း အရက်ဖြူ နှစ်ပုလင်း သောက်နိုင်သည်တဲ့လား။
ဆီတာကျူးက သူ့ဇနီးကို အရမ်းချစ်တယ်။ အရင်တုန်းက ဆီတာကျူး ဒုက္ခရောက်နေချိန်မှာ သူ့ဇနီးက သူ့ကို စွန့်ခွာမသွားခဲ့ဘူး။ အဲဒီတုန်းက သူတို့နှစ်ယောက်က ရည်းစားတွေပဲ ရှိသေးတာတောင်မှပေါ့။
ဆီတာကျူးက အရမ်း မာနကြီးတယ်။
ဆီတာကျူးက အွန်လိုင်း ကုမ္ပဏီ လုပ်ချင်နေသေးတယ်။
ဆီတာကျူး...
ဆီတာကျူး၏ ဤမျှများပြားသော အသေးစိတ် အချက်အလက်များသည် သူမ ပြုစုထားသော အင်တာဗျူး စာမူကြမ်းတွင် လုံးဝ မပါရှိပေ။
ထို့ကြောင့် ကျိုးခယ့်ရှင်းသည် သူမ၏စာမူကို ပြန်လည် ပြင်ဆင်လိုက်ပြီး နောက်တစ်ကြိမ် ပရင့်ထုတ်ကာ အယ်ဒီတာချုပ်ထံ ပေးပို့လိုက်သည်။
ဤတစ်ကြိမ် အယ်ဒီတာချုပ် ကြည့်ရှုပြီးနောက် အလွန်အံ့အားသင့်သွားပြီး ဤအသေးစိတ် အချက်အလက်များကို ဘယ်က ရသလဲဟု ကျိုးခယ့်ရှင်းအား မေးမြန်းသည်။
ကျိုးခယ့်ရှင်းက ဆီတာကျူးကုမ္ပဏီတွင် လုပ်ဖူးသော ဝန်ထမ်းဟောင်းတစ်ဦးက သူမကို ပြောပြခြင်းဖြစ်ကြောင်း၊ အမှန်ဖြစ်နိုင်သည်ဟု ထင်သောကြောင့် ဤသို့ရေးလျှင် အဆင်ပြေမပြေ အယ်ဒီတာချုပ်အား မေးမြန်းလိုကြောင်း ပြောလိုက်သည်။
အယ်ဒီတာချုပ်က ဤသို့ရေး၍ ရကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူကိုယ်တိုင် အင်တာဗျူးခဲ့ဖူးသော ဆီတာကျူးနှင့် လုံးဝ တူညီနေသောကြောင့် ဖြစ်ကြောင်း ပြောပြသည်။ မူလက သူသည် ကျိုးခယ့်ရှင်းအတွက် ဤစာမူကို ကိုယ်တိုင် ပြင်ဆင်ပေးရန် စိတ်ကူးရှိခဲ့သော်လည်း ယခုအခါ လုံးဝ မလိုအပ်တော့ကြောင်း တွေ့ရှိလိုက်ရသည်။ ကျိုးခယ့်ရှင်း၏ စာမူသည် သူပြင်ဆင်ထားသည်ထက်ပင် ပိုကောင်းနေသေးသည်။
သူဌေးက စောင့်ရှောက်ပေးဖို့ မှာထားတဲ့သူက တကယ့်ကို အရည်အချင်းရှိတဲ့သူပဲ။
အယ်ဒီတာချုပ်၏ချီးကျူးမှုကို ခံရသော ကျိုးခယ့်ရှင်းသည် အလွန် စိတ်လှုပ်ရှားသွားသည်။ ဆိုလိုသည်မှာ မနက်ဖြန်တွင် သူမ အိမ်ပြန်လက်မှတ် ဝယ်နိုင်ပြီ ဖြစ်သည်။
နေ့လယ်ပိုင်း အလုပ်မရှိသဖြင့် ကျိုးခယ့်ရှင်းသည် အွန်လိုင်းတွင် ရှာဝူခုန်းနှင့် စကားစမြည် ပြောဆိုနေသည်။ ပထမဆုံးအနေဖြင့် ဆီတာကျူးနှင့် ပတ်သက်သော သတင်းအချက်အလက်များ ပြောပြသည့်အတွက် ရှာဝူခုန်းကို ကျေးဇူးတင်စကား ပြောလိုက်သည်။
ကျိုးခယ့်ရှင်းက ရှာဝူခုန်းကို ပြောပြသည်မှာ သူမ မော်တု (ရှန်ဟိုင်း) သို့ ကျောင်းလာတက်သည်မှာ အလုပ်သင် ဆင်းသည်အထိ အချိန်မနည်းတော့သော်လည်း တစ်ခါမှ ကောင်းကောင်းမွန်မွန် မလည်ပတ်ဖူးကြောင်း၊ အဘယ်ကြောင့်ဆိုသော် မော်တုတွင် ဘယ်နေရာတွေ ပျော်စရာကောင်းလဲဆိုတာ မသိသောကြောင့် ဖြစ်ကြောင်း ပြောပြသည်။
ရှာဝူခုန်းက သူမအား မော်တုရှိ ပျော်စရာကောင်းသော နေရာများကို ချက်ချင်း ညွှန်းဆိုပေးခဲ့ပြီး လည်ပတ်ရမည့် လမ်းကြောင်းနှင့် အချိန်ကိုပါ ဒီဇိုင်းဆွဲပေးခဲ့သည်။ မော်တုခရီးသွားလမ်းညွှန် အပြည့်အစုံ တစ်စောင်ကဲ့သို့ပင် ဖြစ်သည်။
ထို့အပြင် ကျိုးခယ့်ရှင်းက ဘာစားချင်သည်ဟု ပြောလိုက်လျှင် ရှာဝူခုန်းက မော်တုတွင် ထူးခြားသော သရေစာများ ဘယ်နေရာ၌ ရှိကြောင်း၊ အရသာရှိပြီး ဈေးမကြီးကြောင်း ချက်ချင်း ပြောပြသည်။
ကျိုးခယ့်ရှင်းက ပစ္စည်းတစ်ခုခု ဝယ်ချင်သော်လည်း ရှာမတွေ့ဟု ပြောလျှင် ရှာဝူခုန်းက ထိုက်ဟွာ စူပါမားကတ်ကို ညွှန်းဆိုပေးပြီး အရောင်းဝန်ထမ်းကို မေးမြန်းလိုက်ရုံဖြင့် သူမ ဝယ်ချင်သော ပစ္စည်းကို ရှာတွေ့နိုင်ကြောင်း ပြောပြသည်။
ကျိုးခယ့်ရှင်း ဘာမေးမေး ရှာဝူခုန်းက ဖြေနိုင်ပုံရပြီး အရာရာသိသူ တစ်ယောက် ကဲ့သို့ပင်။
ကွန်ပျူတာ မျက်နှာချင်းဆိုင်ရှိ ဖုန်းယွီသည် ကော်ဖီကို အရသာခံ သောက်သုံးနေသည်။ ကျိုးခယ့်ရှင်းက မေးခွန်းတစ်ခု မေးလိုက်တိုင်း သူသည် OQ မှတစ်ဆင့် အခြားလူတစ်ဦးကို ပြောပြလိုက်ပြီး ထိုလူက သူ၏ လက်အောက်ငယ်သားများကို လှုပ်ရှားစေကာ ဖုန်းယွီအတွက် အဖြေကို ရှာဖွေပေးသည်။
လက်ရှိအချိန်တွင် ချန်တုကို တည်ထောင်ပြီး ဖြစ်သော်လည်း စွယ်စုံကျမ်း မရှိသေးပေ။ အချို့သော အဖြေများကို ဖုန်းယွီသည် အွန်လိုင်း ရှာဖွေမှုမှတစ်ဆင့် မရရှိနိုင်ချေ။
သို့သော် ဖုန်းယွီ၏ လက်အောက်တွင် လူအင်အား များပြားသည်ကို မယှဉ်နိုင်ပေ။ ကွန်ပျူတာ ရှာဖွေမှု မရှိလျှင် လူအင်အားဖြင့် ရှာဖွေမည်။
လူများလျှင် အင်အားရှိသည်။ မေးခွန်းများက ထူးဆန်းနေသော်လည်း အဖြေသိသူ တစ်ဦးဦးတော့ ရှိစမြဲပင်။ အဖြေက အလွန်အသေးစိတ် မကျလျှင်တောင်မှ လုံလောက်သည်။
ကျိုးခယ့်ရှင်း၏ OQ နံပါတ်ကို ဖုန်းယွီက ဟူရွမ့်ဆီမှ တောင်းယူခဲ့ခြင်း ဖြစ်သည်။ ဟူရွမ့်က သူဌေးသည် အဘယ်ကြောင့် ကျိုးခယ့်ရှင်းကို ဖုန်းဆက် မမေးသနည်းဟု အံ့သြနေသော်လည်း ဖုန်းနံပါတ်ကိုမူ သူဌေးက စောစောစီးစီးကတည်းက တောင်းယူပြီး ဖြစ်သည်။
ကျိုးခယ့်ရှင်းသည် ယခင်ဘဝနှင့် အပြောင်းအလဲ အချို့ရှိသော်လည်း ဤဘဝတွင် ဖုန်းယွီသည် ကျိုးခယ့်ရှင်းနှင့် မကြာခဏ ဆက်သွယ်ခဲ့သဖြင့် ကျိုးခယ့်ရှင်းအကြောင်းကို ကောင်းစွာ နားလည်ထားသည်။
OQ ဖြင့် စကားပြောခြင်းသည် စာပေးစာယူ သူငယ်ချင်းနှင့် မတူသော်လည်း ဖုန်းယွီသည် စကားပြောဆိုမှု အရှိန်အဟုန်ကို ထိန်းချုပ်နိုင်ပြီး ကျိုးခယ့်ရှင်းကို သူ၏ အတွေးအမြင်များနောက်သို့ တဖြည်းဖြည်း ပါလာအောင် ဆွဲဆောင်နိုင်သည်။
စကားဝိုင်းကို ဦးဆောင်ထိန်းချုပ်ခြင်းသည် စီးပွားရေး ညှိနှိုင်းမှုများအတွက် မရှိမဖြစ် သင်ခန်းစာ တစ်ခုဖြစ်သည်။ ဖုန်းယွီသည် ဟောင်ကောင်တက္ကသိုလ်တွင် ဖလှယ်ရေး ကျောင်းသားအဖြစ် သွားရောက်စဉ်က အထူးတလည် သင်ယူခဲ့ဖူးသည်။ သို့သော် ဤကိစ္စတွင် အသုံးပြုရလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
ကျိုးခယ့်ရှင်းသည် ဤသို့ဖြင့် ဖုန်းယွီ၏ ထောင်ချောက်ထဲသို့ တဖြည်းဖြည်း ပြန်လည် ကျရောက်သွားခဲ့သည်။
သာမန် သူစိမ်း အွန်လိုင်း သူငယ်ချင်း တစ်ယောက်သည် သူမ၏ အိပ်မက်ထဲတွင် မကြာခဏ ပေါ်လာတတ်သော ကမ္ဘာပေါ်က ဒုတိယအချောဆုံး ဆိုသူ ဖြစ်နေသည်ကို သူမ လုံးဝ တွေးမိမည် မဟုတ်ပေ။
ကမ္ဘာပေါ်က ဒုတိယအချောဆုံး ဆိုသူနှင့် အဆက်အသွယ် မလုပ်ဖြစ်သည်မှာ ကြာပြီဖြစ်သော်လည်း အပတ်စဉ် သူမထံ အီးမေးလ်တစ်စောင် ပို့လေ့ရှိသည်။ ကျိုးခယ့်ရှင်းသည် ဖွင့်ဖတ်ရုံသာ ဖတ်ပြီး မည်သည့်အခါမျှ စာပြန်လေ့ မရှိပေ။
သူမ ဘာပြန်ရေးရမည်ကို မသိသလို၊ စာပြန်လိုက်ပါက ထိုအထဲသို့ တဖန် ပြန်လည် ကျရောက်သွားပြီး ရုန်းထွက်နိုင်တော့မည် မဟုတ်ဟု စိုးရိမ်နေသည်။
သို့သော် အပတ်စဉ် သူမသည် အီးမေးလ်ကို ဖွင့်ဖတ်သည့် အလေ့အထ ရှိနေဆဲ ဖြစ်သည်။ အကြိမ်အနည်းငယ်ဆိုလျှင် သူမသည် Legend ဂိမ်းထဲသို့ တကူးတက ဝင်ခဲ့သော်လည်း ထိုလူကို သီးသန့် စကားပြောခြင်း မပြုတော့ပေ။
ယခု သူမသည် Legend ဂိမ်းကို ကစားနေဆဲ ဖြစ်သော်လည်း အကောင့်အသစ် တစ်ခုဖြင့် ပြန်လည် မှတ်ပုံတင်ထားသည်။ ဘာကြောင့်မှန်းမသိ သူမသည် ရင်းနှီးသော Mage (မှော်ဆရာ) ဇာတ်ကောင်ကို မရွေးချယ်ဘဲ Taoist (တာအိုဆရာ) အလုပ်အကိုင်ကို ရွေးချယ်ခဲ့သည်။
သို့သော် ယခင်က ဂိမ်းကစားခဲ့သည့် ခံစားချက်မျိုး ပြန်မရတော့သည်ကို သူမ တွေ့ရှိခဲ့သည်။ အလုပ်နှင့်ကျောင်း နှစ်ဖက်ပြေးနေရသဖြင့် အလုပ်များလွန်းသောကြောင့်လား၊ သို့မဟုတ် သူမနှင့် အတူ ဂိမ်းကစားပေးမည့်သူ မရှိတော့သောကြောင့်လား မသိပေ။
နောက်ဆုံးတွင် သူမသည် ပျင်းရိသော အချိန်များကို ကုန်ဆုံးစေမည့် စကားပြောappတစ်ခုကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့သော်လည်း ကွန်ရက်၏ တစ်ဖက်ခြမ်းမှ လူသည် ထိုသူပင် ဖြစ်နေကြောင်း သူမ မသိခဲ့ပေ။
ဒီ ရှာဝူခုန်း ဆိုသူက စိတ်ဝင်စားဖို့ ကောင်းတယ်လို့ သူမ တဖြည်းဖြည်း ခံစားလာရသည်။ ဒီလူက သူမ စိတ်ထဲက ကမ္ဘာပေါ်က ဒုတိယအချောဆုံး ဆိုသူကို အစားထိုးနိုင်ကောင်းပါရဲ့။ ဘာလို့လဲဆိုတော့ သူမ စိတ်ထဲမှာ ကမ္ဘာပေါ်က ဒုတိယအချောဆုံးဆိုသူက သူမနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ ခံယူထားလို့ပင်။
နှစ်သစ်ကူးပြီးရင် ငါ ပြည်တော် ပြန်လာမယ်။ ငါတို့ တွေ့ကြမလား။ နေရာကို မင်း သတ်မှတ်လိုက်ပါ။
ရှာဝူခုန်း၏ ထိုစာကို မြင်သောအခါ ကျိုးခယ့်ရှင်း၏ရင်ထဲတွင် ရုတ်တရက် ထိတ်လန့်သွားပြီး ချက်ချင်းပင် ဝင်းဒိုး အပိတ် ခလုတ်ကို နှိပ်လိုက်သည်။
တွေ့သင့်လား။
******
အခန်း ၁၁၅၂ ခွဲထုတ်ခြင်း
ကျိုးခယ့်ရှင်းထံမှ အဖြေမရရှိဘဲ OQ ပုံသည် လျင်မြန်စွာ မီးခိုးရောင် ပြောင်းသွားသည်ကို မြင်သောအခါ ဖုန်းယွီ သက်ပြင်းချ လိုက်သည်။
ငါ အရမ်း လောသွားလား။
OQ သည် အချိန်အတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီ ဖြစ်သော်လည်း အွန်လိုင်း ချစ်သူများ ခေတ်စားခြင်း မရှိသေးပေ။ အွန်လိုင်းပေါ်ရှိ “ပထမဆုံး ရင်းနှီးသော ထိတွေ့မှု” ဝတ္ထု ပေါ်လာမှသာ အွန်လိုင်း ချစ်သူများ ခေတ်စားလာခဲ့သည်။
အရင်က ရှိခဲ့သော်လည်း နည်းပါးပြီး အကွယ်အဝှက် များသည်။ လူအများအပြားသည် ရှက်ရွံ့နေတတ်ကြသည်။ သို့သော် ထိုနောက်ပိုင်းတွင် လူအများအပြားသည် အွန်လိုင်း ချစ်သူထားခြင်းကို ရင်ခုန်စရာဟု ထင်လာကြသည်။
ဖုန်းယွီ ပြန်မမွေးဖွားမီကဆိုလျှင် အွန်လိုင်း ချစ်သူထားခြင်း မပြောနှင့်၊ ပို၍ ပွင့်လင်း သော ကိစ္စများ၊ ဥပမာချိန်းတွေ့ခြင်း စသည်တို့ပင် ရှိခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ အွန်လိုင်းသူငယ်ချင်းကို အပြင်ထွက်တွေ့ရန် ချိန်းဆိုခြင်းသည် အတော်လေး ခေတ်ရှေ့ပြေး နေသေးသည်။
သို့သော် ဖုန်းယွီ ယုံကြည်မှု ရှိသည်။ နှစ်သစ်ကူးရောက်ရန် ရက်အနည်းငယ် လိုသေးသဖြင့် သူမကို လက်မခံနိုင် စရာ အကြောင်းမရှိဟု ယုံကြည်သည်။
အကယ်၍ တကယ် လက်မခံနိုင်လျှင်လည်း အခြား နည်းလမ်းများ ရှိသေးသည်။ ကျိုးခယ့်ရှင်းကို သူ၏ လက်ဖဝါးထဲမှ လွတ်မြောက် သွားစေမည် မဟုတ်ပေ။
...
နှစ်သစ်ကူး ပြန်ရောက်လာပြီ။ ဖုန်းယွီသည် မိသားစုနှင့်အတူ ဆိုဖာပေါ်တွင် ထိုင်ကာ တီဗီထဲမှ နှစ်သစ်ကူးပွဲကို ကြည့်နေသည်။ ဖုန်းကျီရှင်းကလေးလေးသည် ခဏကြည့်လိုက်၊ အပြင်ထွက်ပြီး ဗျောက်အိုးဖောက်လိုက် လုပ်နေသည်။
နှစ်သစ်ကူး ရက်များတွင် ဖုန်းယွီသည် အလေ့အထအတိုင်း မိတ်ဆွေဟောင်း အချို့ထံ သွားရောက် နှုတ်ဆက်သည်။ ဥပမာကျန့်ရွေ့ချန်ထံ သွားရောက် လည်ပတ်ရမည် ဖြစ်သည်။
ရွှီချန်ယိုသည် မကြာမီ အငြိမ်းစားယူတော့မည်ဖြစ်ပြီး ကျန့်ရွေ့ချန်သည် လုံကျန်းပြည်နယ်၏ တတိယ ခေါင်းဆောင် နေရာတွင် ခိုင်မြဲစွာ ထိုင်နေပြီ ဖြစ်သည်။ ရွှီချန်ယိုသည် ရာထူးတိုးရန် အခွင့်အရေး ရှိခဲ့သော်လည်း အာဏာ သိပ်မကြီးသော ပြည်သူ့ကွန်ဂရက် ဖြစ်သောကြောင့် ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။ ရည်ရွယ်ချက်မှာ လုံကျန်းတွင် နောက်ထပ် တစ်နှစ်ကျော် ဆက်လက် လုပ်ကိုင်ပြီး ကျန့်ရွေ့ချန်အား အောင်မြင်မှု ရရှိအောင် ကူညီ ပေးရန် ဖြစ်သည်။ သို့မှသာ ရွှီချန်ယို တရားဝင် အငြိမ်းစားယူသောအခါ ကျန့်ရွေ့ချန်သည် အစဉ်လိုက် တက်လှမ်းနိုင်ပြီး ပြည်နယ်၏ ဒုတိယ ခေါင်းဆောင်၊ အစိုးရ အကြီးအကဲ ဖြစ်လာနိုင်မည် ဖြစ်သည်။
ကျန့်ရွေ့ချန်၏ ခေါင်းပေါ်တွင်လည်း ဆံပင်ဖြူ များ ပေါက်လာခဲ့သည်။ ဖုန်းယွီ ကျန့်ရွေ့ချန်နှင့် စတင် သိကျွမ်းစဉ်က ကျန့်ရွေ့ချန်သည် အလွန် ငယ်ရွယ်သေးသည်။
ဤနှစ်များအတွင်း လုံကျန်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပိုမို ကောင်းမွန်လာခဲ့ပြီး ယခုနှစ်တွင် ပေတချန်း အုပ်စုသည်လည်း အမှန်တကယ် အမြတ်ရရှိ လာခဲ့သည်။ ထိုက်ဟွာ စိုက်ပျိုးရေး ထုတ်ကုန် ကုမ္ပဏီကို ပေတချန်း အုပ်စုအောက်သို့ ပေါင်းထည့်ခဲ့ပြီး ပေတချန်း၏ ရှယ်ယာ အချို့ကို ရယူခဲ့သည်။ ကျန်းမင်သည် ပေတချန်း၏ ဒါရိုက်တာဖြစ်လာခဲ့သည်။ အမှန်တကယ်တွင် ဥက္ကဋ္ဌနှင့် မကွာခြားပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိ ပေတချန်း ဥက္ကဋ္ဌသည် အငြိမ်းစားယူလုနီးပါး ဖြစ်နေပြီး ပေတချန်း၏ ကိစ္စအဝဝကို ကျန်းမင်ကသာ အဓိက ဆုံးဖြတ်နေသောကြောင့် ဖြစ်သည်။
ပေတချန်း၏ဥက္ကဋ္ဌ ရာထူးကိုမူ ကျန့်ရွေ့ချန်က ဆက်လက် တာဝန်ယူထားဆဲ ဖြစ်သည်။ သူသည် ဖုန်းယွီကဲ့သို့ပင် ဘဏ္ဍာရေး ကိုသာ ကိုင်တွယ်ပြီး အခြား စီမံခန့်ခွဲမှု အာဏာများကို အခြားသူများထံ လွှဲပြောင်းပေးထားသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း ပေတချန်း၏ အမှတ်တံဆိပ်သည်လည်း ပိုမို ကျော်ကြားလာခဲ့သည်။ စိုက်ပျိုးရေး ထုတ်ကုန်များတွင် ထိုက်ဟွာ အမှတ်တံဆိပ်နှင့် တန်းတူ ယှဉ်ပြိုင်နိုင်သည်ဟု ဆိုနိုင်သည်။
ပေတချန်း၏ အဓိက ထုတ်ကုန်ဖြစ်သော အစိမ်းရောင် ဂေဟစနစ် စိုက်ပျိုးရေးသည် ပြည်ပတွင် အလွန် ရေပန်းစားသည်။ တောင်ကိုရီးယား၊ ဂျပန်နှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ တင်ပို့ရောင်းချရာတွင် အလွန် လူကြိုက်များသည်။
ပြည်တွင်းတွင်မူ ပြိုင်ဘက် မရှိ ပေ။ ထိုက်ဟွာ စိုက်ပျိုးရေး ထုတ်ကုန် ကုမ္ပဏီ၏ မူလ အရောင်း လမ်းကြောင်းများ၊ ထိုက်ဟွာ စူပါမားကတ် အုပ်စု၏ ကူညီပံ့ပိုးမှုနှင့် ပေတချန်း ကိုယ်တိုင် ရှာဖွေထားသော အရောင်း လမ်းကြောင်းများကြောင့် ပေတချန်း၏ထုတ်ကုန်များသည် အလွန်ရောင်းအားကောင်းသည်။
ထို့အပြင် ပြီးခဲ့သည့်နှစ်က ပေတချန်း၏ ထုတ်ကုန် အများအပြားတွင် နိုင်ငံတော် ဧည့်ခံပွဲအထူးပံ့ပိုးမှုတံဆိပ် ရိုက်နှိပ်ထားခြင်းကြောင့် ပြည်သူများက ပိုမို အသိအမှတ်ပြုလာကြသည်။ ၎င်းတို့၏အမြင်တွင် နိုင်ငံတော် ဧည့်ခံပွဲတွင် ပါဝင်နိုင်သော ပစ္စည်းများသည် အကောင်းဆုံး ပစ္စည်းများထဲမှ အကောင်းဆုံး ဖြစ်သည်ဟု ယူဆကြသည်။
ပေတချန်း၏ ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုကြောင့် ကျန့်ရွေ့ချန်၏ ရာထူးသည်လည်း ပိုမိုခိုင်မာလာခဲ့သည်။ နောက်ထပ် တစ်နှစ်ကျော် စောင့်လိုက်ပါက ရာထူးတိုးမြှင့်ခံရခြင်းသည် သေချာပေါက် ဖြစ်လာမည့် ကိစ္စ ဖြစ်သည်။
ကျန့်ရွေ့ချန် လုပ်ဆောင်ခဲ့သော အောင်မြင်မှုများကို ကြည့်လိုက်ပါ။ ပင်းချန်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေတချန်းအကြောင်း ပြောစရာ မလိုတော့ပါချေ။
အရှေ့မြောက်ပိုင်း စက်မှုဇုန်ဟောင်း ပြန်လည်ရှင်သန်ရေးကို ပြောရမည်ဆိုလျှင် အခြားပြည်နယ်နှစ်ခုသည် နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှုကို မနည်းတောင်းခံခဲ့ကြသည်။ သို့သော် လုံကျန်းသည် နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ရရှိခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံး ဖြစ်သည်။
ပင်းချန် စက်မှု ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အကောင်းဆုံး လယ်ယာသုံး စက်ကိရိယာ၊ ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည်။ ထုတ်ကုန် အားလုံးသည် ပြည်တွင်းတွင် ရောင်းအားကောင်းပြီး ကားများကို ပြည်ပသို့ တင်ပို့ရောင်းချခြင်း၊ ပြည်ပတွင် စက်ရုံတည်ဆောက်ခြင်း၊ အမှတ်တံဆိပ်နှင့် နည်းပညာ တင်ပို့ခြင်း ကိုပင် လုပ်ဆောင်နိုင်ခဲ့သည်။ ဤသည်မှာ တရုတ်နိုင်ငံအတွက် မှတ်တိုင်တစ်ခု ဖြစ်သည်။
ပင်းဖေး စက်ရုံသည် ရဟတ်ယာဉ် သုတေသနတွင် ကမ္ဘာ့နိုင်ငံ အများအပြားကို မီလာခဲ့သည်။ ကမ္ဘာ့ထိပ်ဆုံးတွင် မရပ်တည်နိုင်သေးသော်လည်း တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအကြား ကွာဟချက်ကို အကြီးအကျယ် လျှော့ချနိုင်ခဲ့သည်။
ထို့အပြင် ပင်းဖေး စက်ရုံသည် အင်ဂျင်အချို့ သုတေသနတွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်။ ပင်းချန် စက်မှု ကုမ္ပဏီနှင့် ပူးပေါင်း တည်ထောင်ထားသော အင်ဂျင် သုတေသန ဌာနသည် ကားများတွင် ကြုံတွေ့ရသော အခက်အခဲ များစွာကို ဖြေရှင်းပေးနိုင်ခဲ့သည်။ ထို့အပြင် ပင်းဖေး စက်ရုံသည် လေယာဉ် မော်ဒယ်တစ်မျိုးကို ထုတ်လုပ်ခဲ့ပြီး အလွန် လူကြိုက်များခဲ့သည်။ အထက်လူကြီးများ မမျှော်လင့်ထားသည်မှာ အရုပ်တစ်ခုကဲ့သို့ ထင်ရသော်လည်း ဤမျှ သေသပ်စွာ ပြုလုပ်ထားပြီး ဈေးကြီးပေး ရောင်းချသော်လည်း လူအများအပြား ကြိုက်နှစ်သက်ပြီး ဝယ်ယူရန် ဆန္ဒရှိကြခြင်း ဖြစ်သည်။ ပြည်ပသို့ပင် တင်ပို့နိုင် ခဲ့သည်။
ဤလေယာဉ် မော်ဒယ်ကို ဖုန်းယွီက ပင်းဖေး စက်ရုံအား အကြံပေးခဲ့ခြင်း ဖြစ်သည်။ ဈေးကွက်ထဲရှိ နိုင်ငံခြားဖြစ် လေယာဉ် မော်ဒယ်များသည် ဈေးနှုန်း ထောင်ချီ ရှိပြီး ဇိမ်ခံပစ္စည်း များ ဖြစ်သည်။
သို့သော် အရည်အသွေးမှာ သာမန်မျှသာ ဖြစ်သည်။ ပင်းဖေး စက်ရုံမှ ထုတ်လုပ်သော ဤလေယာဉ် မော်ဒယ်များသည် နိုင်ငံခြား ရဟတ်ယာဉ် မော်ဒယ်များကို အတုယူ၍ အချိုးအစားအလိုက် လျှော့ချ ထုတ်လုပ်ထားခြင်း ဖြစ်သည်။
ပြည်တွင်း ရဟတ်ယာဉ်များအတွက်မူ ပယ်ဖျက်ထားသော ပစ္စည်း မဟုတ်လျှင် ထုတ်လုပ်ခွင့် မပြုပေ။ ဤအရာမှတစ်ဆင့် ပြည်တွင်း ရဟတ်ယာဉ်များ၏ အချက်အလက်များကို တွက်ချက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ဖုန်းယွီသည် ဤအကြောင်းပြချက်ကို ရယ်စရာ ဟု ထင်သော်လည်း ဘာမှ မပြောခဲ့ပေ။ သူသည် ပင်းဖေး စက်ရုံအား ဝင်ငွေ ရှာဖွေရန် အကြံပြုချက် ပေးခြင်းသာ ဖြစ်သည်။ ဤလေယာဉ် မော်ဒယ် လုပ်ငန်းမှ ငွေကို နိုင်ငံခြား ကုမ္ပဏီများ ယူသွားမည့်အစား ကိုယ့်လူများ ရရှိခြင်းက ပိုကောင်းသည် မဟုတ်ပါလား။
သူသည် ပင်းဖေး စက်ရုံအား ဝေဟင် ဓာတ်ပုံရိုက် ကိရိယာ စိတ်ကူးကိုလည်း ပြောပြခဲ့ပြီး ပင်းဖေး စက်ရုံသည် နမူနာ စက်ကို ပြုလုပ်ပြီး ဖြစ်သည်။ သို့သော် ကုန်ကျစရိတ် မြင့်မားလွန်းသဖြင့် ယာယီ ရောင်းချ၍ မရဘဲ အမှာစာဖြင့်သာ လက်ခံ သည်။
ဒစ်ဂျစ်တယ် ဗီဒီယိုကင်မရာများ မဖွံ့ဖြိုးသေးသဖြင့် ဤကိရိယာ၏ အသုံးဝင်မှု နည်းပါးနေသေးသည်။ ထို့ကြောင့် ဖုန်းယွီက ပင်းဖေး စက်ရုံအား အလျင်မလိုရန်၊ ဖြည်းဖြည်းချင်း သုတေသနပြုရန်နှင့် ကုန်ကျစရိတ် လျှော့ချ နိုင်မည့် အစားထိုး ပစ္စည်းများကို ရှာဖွေရန် ပြောကြားခဲ့သည်။
ယခင်ဘဝတွင် ဒရုန်းများသည် ယွမ် ရာဂဏန်းတန် “အရုပ်”မှ ယွမ် သန်းချီတန်သော ကျွမ်းကျင်အဆင့်အထိ ရှိခဲ့သည်။ ရုပ်သံလိုင်းများ အသုံးပြုသော ဒရုန်းများသည် ယွမ် သောင်းဂဏန်းမှ သိန်းဂဏန်းအထိသာ ရှိပြီး လက်ရှိ ဗီဒီယိုကင်မရာများနှင့် ဈေးနှုန်း သိပ်မကွာခြားပေ။ အချို့သော ဈေးကြီး ဗီဒီယိုကင်မရာများထက်ပင် သက်သာသေးသည်။
ဤလုပ်ငန်းတွင် အမြတ်အစွန်းသည် လုံးဝ မနည်းပေ။
မော်တာစက်ရုံသည်လည်း မော်တာ သုတေသနတွင် ကမ္ဘာ့ အဆင့်မီ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဖုန်းယွီနှင့် ပူးပေါင်းထားသော ထိုက်ဟွာ ဘက်ထရီကုမ္ပဏီသည်လည်း ပြည်တွင်းတွင် ရောင်းအား နံပါတ်တစ် ဘက်ထရီ ဖြစ်ပြီး နှစ်စဉ် အမြတ်အစွန်းမှာ မနည်းလှပေ။
အခြား စက်ရုံများသည်လည်း ဖွံ့ဖြိုးတိုးတက်မှု အလွန်ကောင်းမွန်သည်။ ဥပမာတာယာ၊ ပလတ်စတစ်၊ ဖန်၊ သံမဏိ စသည့် စက်ရုံများသည် ဤစက်မှု ကုမ္ပဏီကြီး သုံးခုကို အမှီပြုထားသဖြင့် ဖွံ့ဖြိုးတိုးတက်မှု ကောင်းမွန်သည်။
နိုင်ငံပိုင် လုပ်ငန်းဟောင်းအချို့လည်း ပြန်လည်နာလန်ထူလာကြသည်။ နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု မလိုအပ်ဘဲ ပြည်နယ်မှ ရင်းနှီးမြှုပ်နှံရန် ငွေရှိသည်။ မကြာသေးမီက နိုင်ငံတော်အဆင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တစ်ခုသည် ပင်းချန် စက်မှု ကုမ္ပဏီတွင် ရှယ်ယာဝင်လိုကြောင်း ကြားသိရသော်လည်း ရွှီချန်ယိုက တိုက်ရိုက် ဆဲဆို မောင်းထုတ် လိုက်သည်။
စက်မှု ကုမ္ပဏီ မဖွံ့ဖြိုးသေးခင်က ခင်ဗျားတို့ ဘာလို့ ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့ကြတာလဲ။ အခု ငွေအမြောက်အမြား ရှာနိုင်တဲ့အချိန်ကျမှ ရင်းနှီးမြှုပ်နှံချင်တာလား။ ငါတို့ ငွေလိုနေလို့လား။
ငွေလိုရင်တောင် ငါတို့ စာရင်းသွင်းလို့ မရဘူးလား။ ခင်ဗျားတို့က ရင်းနှီးမြှုပ်နှံချင်ရုံမက စီမံခန့်ခွဲမှုမှာပါ ပါဝင်ချင်ပြီး အသီးအပွင့် ခူးချင် တာလား။ ရွှီချန်ယိုသည် မကြာမီ အငြိမ်းစားယူတော့မည်ဖြစ်ပြီး လုပ်သက်ရင့်သူလည်း ဖြစ်သောကြောင့် ထိုနိုင်ငံတော်အဆင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဥက္ကဋ္ဌသည် မျက်နှာငယ်လေးဖြင့် ပေကျင်းသို့ ပြန်သွားခဲ့ရသည်။
ပင်းချန်တွင် ပြည်နယ်ပြင်ပမှ ရင်းနှီးမြှုပ်နှံမှုများကို လက်ခံသော လုပ်ငန်းများစွာ ရှိသော်လည်း ကျန့်ရွေ့ချန်သည် ဖုန်းယွီထံမှ သင်ယူထားသည်။ ထိန်းချုပ်ထားသော ရှယ်ယာရှင်သည် ပင်းချန် ဖြစ်ရမည်။ သို့သော် လုပ်ငန်း လည်ပတ်မှုကို ပြည်နယ်ပြင်ပမှ လူများအား ပေးအပ်နိုင်သည်။ ကောင်းမွန်သော မန်နေဂျာတစ်ဦးကို ငှားရမ်းခြင်းသည် ကုမ္ပဏီအား ပိုမို မြင့်မားသော အကျိုးအမြတ်များ ဆောင်ကြဉ်းပေးနိုင်သည်ဟု ဖုန်းယွီက ပြောခဲ့သည်။
အပြင်လူက အတွင်းလူကို လမ်းညွှန်ခြင်းသည် အဆိုးရွားဆုံး ဖြစ်သည်။ နည်းပညာ နားလည်သူသည် စီမံခန့်ခွဲမှုကို နားလည်မည် မဟုတ်၊ စီမံခန့်ခွဲမှု နားလည်သူသည် ဘဏ္ဍာရေးကို နားလည်မည် မဟုတ်၊ ဘဏ္ဍာရေး နားလည်သူသည် နည်းပညာကို နားလည်မည် မဟုတ်ပေ။
နယ်ပယ်တစ်ခုစီတွင် ကျွမ်းကျင်သူ ရှိသည်။ မည်သည့် အရည်အချင်းရှိသူသည် မည်သည့် နေရာတွင် သင့်တော်သည်။ ဥပမာပင်းချန် စက်မှု ကုမ္ပဏီမှ လီတာဖူသည် စီမံခန့်ခွဲမှု အရည်အချင်းရှိသူ ဖြစ်သည်။ သူ မော်တော်ဆိုင်ကယ်ကို စီမံခန့်ခွဲသည်ဖြစ်စေ၊ ကားကို စီမံခန့်ခွဲသည်ဖြစ်စေ ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ပိုမိုမြန်ဆန်စေပြီး ကုမ္ပဏီအတွက် ငွေပိုရှာပေးနိုင်ခဲ့သည်။ ဤသည်မှာ အရည်အချင်း ဖြစ်သည်။
နိုင်ငံတော်သည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း အရှေ့မြောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေအများအပြား ခွဲဝေပေးခဲ့သော်လည်း လုံကျန်းရရှိသည်မှာ ၁၀ ရာခိုင်နှုန်း အောက်သာ ရှိပြီး တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာသည်။
သို့သော် ဤအချက်က ပင်းချန်၏ စက်မှုလုပ်ငန်း၊ လုံကျန်း၏ စက်မှုလုပ်ငန်းသည် မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ အထက်လူကြီးများ၏ စိတ်ကူးထက် ကျော်လွန်နေကြောင်း ပိုမိုထင်ရှားစေသည်။ ထိုကြောင့် လုံကျန်းမှ ခေါင်းဆောင် အများအပြားသည် ရာထူးတိုးခဲ့ကြသည်။ ကျန့်ရွေ့ချန် တစ်ဦးတည်းသာ အထက်လူကြီးများ၏ အလေးပေးမှုကို ခံရခြင်း မဟုတ်ပါချေ။
သို့သော် လူအများစု မသိသည်မှာ ဤအရာများတွင် ဖုန်းယွီ၏ ကြီးမားသော အခန်းကဏ္ဍ ပါဝင်နေခြင်း ဖြစ်သည်။
“ဖုန်းယွီ၊ မင်းရဲ့ အမြင်ကို မေးချင်တဲ့ ကိစ္စတစ်ခု ရှိတယ်” ကျန့်ရွေ့ချန်သည် ဖုန်းယွီကို ကြည့်ကာ ပြောလိုက်သည်။
ကျန့်ရွေ့ချန်၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် ဖုန်းယွီသည် အရေးကြီးသော ကိစ္စ တစ်ခု ရှိနေကြောင်း သိလိုက်သည်။
“ဘာကိစ္စလဲ၊ တိုက်ရိုက် ပြောပါ။ ငါ့ကို ဖုံးကွယ်ထားစရာ မလိုပါဘူး” ဖုန်းယွီက ပြုံးရွှင်စွာ ပြောပြီး လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။
“ပင်းချန် စက်မှု ကုမ္ပဏီကို ခွဲထုတ်ရင် ဖြစ်မလား”
ဖူး~~~
ဖုန်းယွီ လက်ဖက်ရည်ကို မှုတ်ထုတ်လိုက်သည်။ အစ်ကိုကျန့် ဘာပြောလိုက်တာလဲ။ ပင်းချန် စက်မှု ကုမ္ပဏီကို ခွဲထုတ် မယ် ဟုတ်လား။ ဒါ ဘယ်သူ့ သဘောထားလဲ။
...
******