← Chapters

အခန်း ၁၃၂+၁၃၃ (ဇာတ်သိမ်း)

Vol. 13 Ch. 132+133 - End

အခန်း ၁၃၂+၁၃၃ (ဇာတ်သိမ်း)

Vol. 13 Ch. 132+133 - End

Ch-+133[END]

အကျွမ်းတဝင်ရှိသောရနံ့မှာ စူးယွင်အား အလွန်အမင်းစိတ်မသက်မသာဖြစ်သွားစေသည်။သူမသည်မျက်မှောင်ကြုံ့ကာ တစ်စုံတစ်ရာမှားယွင်းနေသည်ဟု ခံစားနေရ၏။

သူမသည်ရှောင်ဟယ်ကိုတားပြီးမေးလိုက်သည်။

“နင် ဒါကိုဘယ်မှာအနံ့ရဖူးလို့လဲ”

ရှောင်ဟယ်သည် အမွှေးတိုင်အိုးကိုချပြီးဖွင့်ကာ သေချာအနံ့ပြန်ခံကြည့်လိုက်သည်။

“အဝတ်တစ်ထည်ပေါ်မှာပါပဲ။သခင်မလေးကဝမ်းနည်းနေပြီး အဲ့အဝတ်ပေါ်မှာ သွေးနည်းနည်းစွန်းနေခဲ့တာကို ကျွန်မ မှတ်မိတယ်”

မီးဖိုချောင်တွင်အချိန်အများစုကို ကုန်ဆုံးခဲ့ရသောကြောင့် ရှောင်ဟယ်သည်အခြားသူများထက် အနံ့ခံအာရုံပိုစူးရှလေသည်။ထိုအဝတ်ကို သူမကိုယ်တိုင်လျှော်ခဲ့ရသောကြောင့် ထိုမှတ်ဉာဏ်သည်အထူးပင် ထင်ရှားနေ၏။

ဤစကားအားကြားလိုက်ရသောအခါ စူးယွင်၏ဒူးပေါ်တင်ထားသော လက်ချောင်းများသည် မသိစိတ်ဖြင့်လက်သီးဆုပ်မိသွားသည်။

အဲဒါက.....

စူးယွင်သည် ရုတ်တရက်မတ်တပ်ထရပ်ကာ တံခါးဆီသို့ဦးတည်သွားလိုက်သည်။

သူမ၏ရုတ်တရက်လှုပ်ရှားမှုကြောင့် လန့်သွားသော ရှောင်ဟယ်သည်သူမနောက်မှနေလှမ်းအော်လိုက်၏။

“သခင်မလေး ဘယ်သွားမလို့လဲ”

“လုပ်စရာရှိလို့ ခဏနေပြန်လာခဲ့မယ်”

သူမသည်ရှန်းအိမ်တော်သို့ တစ်ကြိမ် ရောက်ဖူးထားပြီးဖြစ်၍ အစေခံများသည်သူမ၏မျက်နှာကို ရင်းနှီးနေကြသည်။သူမရောက်ကြောင်းအသိပေးစရာမလိုဘဲ ချက်ချင်းအတွင်းသို့ ခေါ်ဆောင်သွားခြင်းခံလိုက်ရ၏။

နောက်ဆုံးအကြိမ်တွေ့ဆုံပြီးနောက် ရက်အနည်းငယ်ကြာသွားပြီဖြစ်ပြီး ရှန်ကျစ်ဟွိုက်သည်အိပ်ရာမှထကာ လှုပ်ရှားနိုင်လောက်သည်ထိ အတော်အတန်ပြန်ကောင်းနေပြီဖြစ်သည်။

ဒီတစ်ကြိမ်တွင်စူးယွင်သည် အလ္လာပသလ္လာပစကားများပြောမနေတော့ဘဲ နေရာလွတ်တစ်ခုတွင်ဝင်ထိုင်လိုက်၏။

သူမ၏အကြည့်သည် ရှန်ကျစ်ဟွိုက်၏ခါးကိုခေတ္တမျှဖြတ်သန်းသွားပြီးနောက် မေးလိုက်သည်။

“ဒဏ်ရာက ပျောက်ခါနီးပြီလား”

“မပျောက်သေးပါဘူး။သမားတော်ကတော့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ လမ်းပိုလျှောက်သင့်တယ်လို့ပြောတယ်”

ရှန်ကျစ်ဟွိုက်မှာ အစေခံတစ်ဦး၏ အကူအညီဖြင့် ထိုင်ခုံတွင်ထိုင်လိုက်ပြီးနောက် သူမအတွက်လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးရင်းပြန်ဖြေလာသည်။

“ဒီလိုအချိန်တိုအတွင်း ပိုက်ဆံအများကြီး စုဆောင်းနိုင်တာ အရမ်းအထင်ကြီးစရာ‌ကောင်းတယ်ဆိုပြီး အိမ်တော်ပတ်ဝန်းကျင်ကနေကြားနေရပါတယ်။ဒီလိုဆိုသူလဲမကြာခင်ပြန်လာနိုင်တော့မယ်ထင်ပါတယ်”

သူသည်စိတ်သက်သာရာရမှုနှင့်စိုးရိမ်ပူပန်မှု ရောထွေးနေသည့် အသံဖြင့်ပြောလိုက်သည်။

စူးယွင်သည် ခေါင်းယမ်းလိုက်ပြီးပြောလာ၏။

“သူ့အတွက်ချည်း မဟုတ်ပါဘူး”

စစ်သည်ထောင်ပေါင်းများစွာ၏အသက်များသည်လည်း အသက်များပင်ဖြစ်သည်။သူမသည် ကြီးမြတ်သောအရာတစ်ခုကို မလုပ်နိုင်ပေသိ သူမလှူဒါန်းခဲ့သောငွေပမာဏမှာ အကူအညီဖြစ်စေခဲ့ပါ၏။

“သခင်မလေးစူး မင်းရဲ့စိတ်နှလုံးက ကျယ်ပြန့်ပြီးရက်ရောလွန်းတော့ ကျွန်တော်နဲ့ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ပါဘူး”

ရှန်ကျစ်ဟွိုက်သည် ရေနွေးခွက်ကိုမြှောက်ကာ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။

“ညွှန်ကြား‌ရေးမှူးရှန်းကသာ ပိုအနစ်နာခံခဲ့ရတာပါ ကျွန်မဘယ်လိုမှ မမှီနိုင်ပါဘူး”

စူးယွင်သည် နှုတ်ခမ်းထောင့်၌အပြုံးသဲ့သဲ့ဖြင့် ပြန်ဖြေလိုက်၏။

“ဒီမတော်တဆမှုသာမဖြစ်ခဲ့ရင် ညွှန်ကြားရေးမှူးရှန်းက နောက်ထပ်ဂုဏ်ပြုဆုတစ်ခုထပ်ရမှာသေချာပါတယ်”

“ဒါက ချဲ့ကားပြောနေတာပဲ”

ရှန်ကျစ်ဟွိုက်သည် ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။

ခဏကြာစကားပြောပြီးနောက် စူးယွင်သည် ပြန်ရန်အချိန်ရောက်ပြီဟုတွေးလိုက်ကာ ထရပ်၍အရိုအသေပေးလိုက်၏။

ရှန်ကျစ်ဟွိုက်လည်း ချက်ချင်းထရပ်ပြီး သူမလက်မောင်းကို သူ့လက်များဖြင့် အသာထူမလိုက်သည်။

“ဒီလိုထုံးတမ်းစဥ်လာတွေလုပ်နေစရာ မလိုပါဘူး”

“အင်း”

သူမသည် ကိုယ်ကိုမတ်လိုက်ပြီးထွက်သွားရန် ခြေလှမ်း,လှမ်းလိုက်သည်။သို့သော် သူမစကပ်စသည် တစ်ခုခုနှင့်ငြိကာ ခလုတ်တိုက်မိပြီး ရှန်ကျစ်ဟွိုက်ထံသို့ တည့်တည့်မတ်မတ်လဲကျသွားတော့၏။

စူးယွင်သည် အလိုလိုအနည်းငယ်ကိုယ်ကိုကိုင်းလိုက်ပြီး သူမတံတောင်ဆစ်ဖြင့် သူ့ခါးအားတိုက်လိုက်သည်။သူမမှမတော်တဆ မျက်လုံးပင့်ကြည့်လိုက်ချိန်တွင် သူနှင့်အကြည့်ချင်းဆုံသွားပြီး သူ့အမူအရာ အသေးစိတ်တိုင်းကို ကြည့်နေလိုက်၏။သူ၏ငြိမ်သက်နေသော မျက်လုံးများသည် ခဏတာမျှတည်ငြိမ်နေသော်လည်း ရုတ်ချည်းဆိုသလို ချက်ချင်းပင်မျက်မှောင်ကြုံ့သွားပြီး နားထင်မှသွေးကြောများပေါ်လာသည်။မသက်မသာ ခံစားနေရပုံရသည်။

စူးယွင်သည် ကိုယ်ကိုအမြန်ပြန်မတ်လိုက်ပြီး ဒဏ်ရာကိုစစ်ဆေးကြည့်ရန် ရှေ့သို့ကိုင်းလိုက်သည်။

“တောင်းပန်ပါတယ် ဘာမှဖြစ်မသွားပါဘူးနော်”

“သမားတော်ကိုခေါ်ပြီး စစ်ဆေးခိုင်းရမလား”

ရှန်ကျစ်ဟွိုက်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပင့်သက်ရှိုက်ကာပြောလိုက်သည်။

“ရပါတယ်။နောက်မှပတ်တီးပဲလဲလိုက်ပါ့မယ်”

“သေချာရဲ့လား”

စူးယွင်၏မျက်နှာသည် အပြစ်ရှိသလိုရှုံ့မဲ့သွားပြီး စိုးရိမ်ပူပန်မှုတို့သည် ဒီရေအလားလျှံကျလာတော့သည်။

“ရှင့်ကြည့်ရတာ တစ်ကယ်အဆင်ပြေပုံမရဘူးနော်”

သူသည် ဖွဖွလေးပြုံးလိုက်သည်။

“တစ်ကယ်ကိစ္စမရှိပါဘူး။အရမ်းစိုးရိမ်မနေပါနဲ့”

“အင်း…..”

“တစ်ကယ်ကို စိုးရိမ်စရာ မရှိပါဘူး”

သူမှအတင်းအကျပ်ပြောနေသည်ကို မြင်သောအခါ စူးယွင်သည်လည်းထပ်မပြောတော့ပေ။သူမသည်စကပ်အနားစကို ဆွဲလိုက်ပြီး တီးတိုးရေရွတ်လိုက်၏။

“ဒီဝတ်စုံက တအားရှည်လွန်းတယ်။ပြန်ရောက်ရင် လွှင့်ပစ်လိုက်တော့မယ်”

“အရမ်းလှတာပဲဟာ လွှင့်ပစ်ရင်နှမြောစရာကောင်းတာပေါ့”

စူးယွင်သည် ရှင်းရှင်းလင်းလင်းမတုံ့ပြန်တော့ဘဲ ပြောလိုက်၏။

“ကြည့်ပါဦး။ရှင်ပတ်တီးကို မြန်မြန်သွားလဲသင့်တယ်”

သူမ၏တိုက်တွန်းမှုကြောင့် ရှန်ကျစ်ဟွိုက်သည် ပတ်တီးလဲလိုက်သော်လည်း စူးယွင်သည် ချက်ချင်းမထွက်ခွာသေးပေ။သူ့ကြည့်ရသည်မှာပိုကောင်းလာပုံရသည်အထိ နာရီဝက်ခန့် စောင့်နေခဲ့ပြီးမှထွက်လာခဲ့သည်။

ဝမ်ကောသို့ပြန်ရောက်သောအခါ စူးယွင်သည် အမွှေးတိုင်ကိုထပ်ထုတ်လိုက်၏။သူမသည် လက်ချောင်းများကိုပွတ်သပ်ရင်း ရှန်ကျစ်ဟွိုက်၏တုံ့ပြန်မှုအပေါ်သာ အာရုံစိုက်နေဆဲပင်။

သူမသည် အတော်လေးကြိုးစားစစ်ဆေးကြည့်ခဲ့သည်။ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသူတစ်ဦးသည် ထိုသို့တုံ့ပြန်စရာ အကြောင်းမရှိပေ။ထို့ပြင်အစပိုင်း၌သူသည် မသက်မသာမဖြစ်ခဲ့ပါဘဲ နောက်မှသာ…...

ဒီနေရာမှာ တစ်ခုခုတော့မှားနေတာသေချာတယ်။

တစ်လကြာပြီးနောက် နဉ်ကျင်းသည် စစ်တပ်နှင့်အတူ အောင်ပွဲခံလျက်ပြန်လာသည်။သူမသည် ချက်ချင်းဆိုသလို နဉ်အိမ်တော်၏တံခါးဝတွင် သူပြန်လာသည်ကိုစောင့်ဆိုင်းနေလိုက်၏။

အချိန်အတော်ကြာမတွေ့ခဲ့ရသော နဉ်ကျင်းအားမြင်လိုက်သောအခါ စူးယွင်သည် ရှက်ရွံ့ရကောင်းမှန်းပင်ဂရုမစိုက်နိုင်တော့ပေ။လွတ်မြောက်သွားသော မြင်းရိုင်းတစ်ကောင်အလား သူ့ရင်ခွင်ထဲသို့ ပြေးဝင်သွားလိုက်သည်။

သူမသည် သူ့ခါးကိုပွေ့ဖက်လိုက်ပြီး ရင်ဘတ်တွင်းမျက်နှာအပ်ကာ တောင့်တမှုအရိပ်အယောင်ဖြင့် ပြောလာ၏။

“ရှင်နောက်ဆုံးတော့ ပြန်လာပြီပဲ။ကျွန်မ အရမ်းလွမ်းနေခဲ့တာ”

သူ့ရင်ခွင်ထဲမှအမျိုးသမီးကို ခံစားမိလိုက်သောအခါ မျက်နှာထက်ရှိတင်းမာမှုများမှာ ပြေလျော့သွားပြီးပြုံးလိုက်သည်။သူသည် စူးယွင်၏နဖူးကိုငြင်သာစွာနမ်းလိုက်၏။

“ကိုယ်လည်းမင်းကို လွမ်းနေခဲ့တာ”

သူ၏အသံသည် အနည်းငယ်သြရှနေသည်။စစ်မြေပြင်တွင် အော်ဟစ်ခဲ့ရသောကြောင့် ဖြစ်နိုင်၏။

စူးယွင်၏လက်လေးသည် သူ့ခါးကိုဆွဲညှစ်လိုက်ပြီး စိုးရိမ်ပူပန်သောအမူအရာဖြင့် သူ့အားကြည့်လိုက်သည်။

“ရှင် ပိန်သွားတယ်။ပြီးတော့ အသားကလည်းအရမ်းမည်းလာတယ်”

သူ၏ဖြူဖျော့သောအသားအရေသည် အနည်းငယ်ပျားရည်ရောင်သန်းနေသည်။သို့သော် သူ့ထံတွင်သူရဲကောင်းဆန်သော အသွင်အပြင်ပါနေသောကြောင့် အလွန်ဆွဲဆောင်မှုရှိနေ၏။

အနည်းဆုံးတော့ စူးယွင်သဘောကျသည်။

နဉ်ကျင်းသည် သူမမျက်နှာကိုညှစ်လိုက်ပြီး မျက်ခုံးပင့်ကာ သူ့အမူအရာသည်ဆိုးသွမ်းဟန်ဖြင့် ဆွဲဆောင်မှုရှိနေတော့၏။

“ကိုယ့်ကိုဘယ်လောက်ကြာကြာ ဖက်ထားဖို့ စီစဉ်ထားလဲ။ဒီနေရာကတံခါးဝကြီးနော်”

သူသည်ခေါင်းငုံ့ကာ သူမနားရွက်ကို အသာကိုက်လိုက်ပြီး ညစ်တစ်တစ်စကားများအား တီးတိုးပြောလိုက်သည်။

“အခန်းထဲပြန်ရောက်တဲ့အထိ စောင့်လိုက်ပါ။မင်းဆန္ဒရှိသလောက် ကိုယ့်ကို ဖက်နိုင်တယ်။ပြီးတော့ ကိုယ့်ဆီကပိုလိုချင်ရင်လည်း ကိုယ်မငြင်းပါဘူး”

စူးယွင်၏မျက်နှာသည် ချက်ချင်းနီရဲသွားပြီး သူ့အားအမြန်ပြန်လွှတ်လိုက်သည်။

သူမသည် သူ့အားစိတ်ကြီးဝင်နေသူဟု ရေရွတ်လိုက်ပြီးနောက် နောက်သို့မကြည့်ဘဲ အိမ်တော်တွင်းလှည့်ဝင်သွားလိုက်၏။

တံခါးဝမှလူများသည် အချင်းချင်းမျက်လုံးချင်း ဖလှယ်လိုက်ကြသည်။နဉ်ကျင်းမှာ လက်ထပ်တော့မည်ဟု သူတို့ကြားဖူးသော်လည်း စူးယွင်နှင့်အတူသူ့အားမြင်ရသည်မှာ ယခုပထမဆုံးအကြိမ်ပင်။

သူတို့ခေါင်းယမ်းလိုက်ကြသည်။

အရူးတစ်ယောက်တောင်မှ နူးညံ့တဲ့အချိန်တွေ ရှိပုံရတယ်။

စူးယွင်အားအဆက်မပြတ် တွေးနေခဲ့သော နဉ်ကျင်းသည် အောင်ပွဲခံအခမ်းအနားကိုတက်ရောက်ရန် စိတ်အားထက်သန်လွန်းနေသည်။သူသည်လူတိုင်းအား ဖယ်ကာပြန်လွှတ်လိုက်၏။

စူးယွင်သည်နဉ်ကျင်း၏အခန်းတွင် သူ့ကို စောင့်နေသည်။သူဝင်လာသည်နှင့် တစ်ပြိုင်နက်သူ၏သံချပ်ကာဝတ်စုံကို ချွတ်ပေးလိုက်၏။သူမမှ မေးလိုက်သည်။

“အရင် ရေချိုးမလား”

သူသည်အပြင်‌၌အကြာကြီးရှိနေခဲ့သောကြောင့် သေချာပေါက်ရေကောင်းကောင်းမချိုးရသေးပေ။

အစပိုင်းတွင် အဓိကအချက်ကိုသာတည့်တည့်သွားရန် စီစဉ်ထားသော နဉ်ကျင်းသည် ရုတ်တရက်လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး လမ်းကြောင်းပြောင်းလိုက်သည်။ရေချိုးခန်းထဲမဝင်မီ သတိပေးလိုက်သေး၏။

“ကိုယ့်ကိုစောင့်နေ မြန်မြန်လာခဲ့မယ်”

သူ၏စိတ်အားထက်သန်သော အမူအရာကို မြင်လိုက်ရသောအခါ စူးယွင်မရယ်ဘဲမနေနိုင်တော့ပေ။

ဒီကိစ္စလုပ်ဖို့ကတစ်ကယ်အရေးကြီးနေတာလား။

သူက ပုံမှန်လူတစ်ဦးလိုမပြုမူနိုင်တော့တဲ့အထိလေ။

သူသည်ရေအမြန်ချိုးပြီး ထွက်လာသောအခါ သူ့ဆံပင်ဖျားများထက်တွင်ရေစက်များကျနေဆဲဖြစ်ပြီး အဖြူရောင်ညအိပ်ဝတ်စုံကိုစိုစွတ်သွားစေကာ အဝတ်မှာကျော၌ကပ်နေပြီး အရေပြားကိုဖော်ပြနေတော့သည်။

ထိုအပြုအမူသည် သွေးဆောင်မှုအပြည့်ပင်။

စူးယွင်သည် သူမ၏ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်ကာ ဖိနပ်ချွတ်ပြီး အိပ်ရာပေါ်တက်လိုက်သည်။

“ရှင်ကထင်ထားတာထက် ပိုမြန်သားပဲ”

နဉ်ကျင်းသည်ခေါင်းစည်းတစ်ခုကို ပြီးစလွယ်ဆွဲယူကာ စိုစွတ်နေသောဆံပင်များကို နားနောက်၌ချည်နှောင်လိုက်သည်။ထို့နောက် လက်နှစ်ဖက်စလုံးဖြင့် စူးယွင်၏ဘေးနှစ်ဖက်တွင် ထောက်ထားကာ သူမအားစက်ဝိုင်းခြမ်းသဏ္ဍာန်ပိတ်ဆို့ထားလိုက်၏။

သူသည်ကိုယ်အားအနည်းငယ်ကိုင်းလိုက်ပြီး သူ့နှုတ်ခမ်းများသည် သူမပါးပြင်ကို အသာအယာထိတွေ့လိုက်သည်။အပေါ်မှ အောက်သို့ရွေ့လျားသွားပြီး နှုတ်ခမ်းထောင့်အားသွားဖြင့် အသာကိုက်လိုက်၏။

“ကိုယ်လုပ်လို့ရမလား…...”

“အင်း”

စူးယွင်သည် သူ့ရင်ဘတ်ကို လက်ဖြင့်ဖိထားပြီး စိတ်ခံစားမှုများဖုံးလွှမ်းနေသော မျက်လုံးဝိုင်းများဖြင့် သူ့အားစိုက်ကြည့်ကာ

“ခဏလေး ကျွန်မမှာပြောစရာရှိတယ်”

သူမလက်ကိုယူကာ နမ်းလိုက်ရင်း

“ကိုယ်သိတယ် ရှန်ကျစ်ဟွိုက်ကိုပြောချင်တာမလား”

“ဘာလို့ ရှင်…..”

“အွန်း!”

စူးယွင်သည် လေမရတော့သောကြောင့် တစ်ကိုယ်လုံးနောက်သို့ယိမ်းလိုက်ပြီး မျက်တောင်ခတ်လိုက်သည်။

သူမခါးကိုကိုင်ထားကာ ဖိချလိုက်၏။သူ့လက်များသည် အဆက်မပြတ်အောက်သို့ ရွေ့လျားနေပြီး အပေါ်တက်လိုက်အောက်ဆင်းလိုက်ဖြင့် ပွတ်သပ်ပေးနေသည်။

“မြို့တော်ထဲမှာ ကိုယ့်လူတွေရှိတယ်”

ဘဏ္ဍာတိုက်ဆုံးရှုံးမှုသည် ကြီးမားသောကိစ္စဖြစ်ပြီးသူကြားသည်နှင့် တစ်ပြိုင်နက် စုံစမ်းရန်လူများစေလွှတ်လိုက်သည်။

“အိုး!”

စူးယွင်သည်နှုတ်ခမ်းစူလိုက်ပြီး တစ်ခုခုပြောရန် ကြိုးစားနေဆဲပင်။သို့သော် သူမအောက်မှလေအေးတို့မှာ သူမကိုလန့်သွားစေပြီး အော်လိုက်၏။

“ရှင် ဘာလုပ်နေတာလဲ”

သူမမျက်နှာသည် ရှက်ရွံ့မှုကြောင့်နီရဲနေပြီး မျက်လုံးထောင့်များတွင် မျက်ရည်စများ စွန်းထင်းနေသည်။

သူမမှာပြိုကျလာမည့်လေတစ်သုတ်လိုယိမ်းနွဲ့နေပြီး လုံးဝသနားစရာကောင်းနေ၏။

သူသည်အံကြိတ်လိုက်ပြီး ခန္ဓာကိုယ်မှာလဲအပူတို့ဖြင့်လောင်ကျွမ်းနေသည်။

“ဒီလိုအခြေအနေမှာ အခြားယောက်ျားတွေအကြောင်းဆက်ပြောနေတာ အရမ်းလွန်နေပြီ”

သူ့စကားလုံးများသည် နွေးထွေးမှုနှင့်အတူ ပါလာ၏။

လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေပြီး စိတ်လှုပ်ရှားစရာကောင်းပြီးစွဲလမ်းစေသည်။

စူးယွင်သည် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။

“ကျွန်မ…...ကျွန်မ....... တစ်ကယ်..…”

မိုးရာသီ၏မိုးမှာသည်းသည်းမည်းမည်းဖြင့် ပြင်းထန်လှသည်။ရွှံ့အိုင်ထဲမှငါးကလေးသည် အသက်ကင်းမဲ့စွာဖြင့်ယိမ်းနွဲ့နေ၏။

“ရှင်…...ဖြည်းဖြည်း နာ…...နာတယ်”

စူးယွင်၏လက်များသည် သူ့ကျောပြင်ကိုအထိန်းအကွပ်မဲ့စွာဖြင့်ကုတ်ခြစ်လိုက်မိရာ သွေးစို့နေသောအစင်းရာများ ကျန်ရစ်စေသည်။

နဉ်ကျင်းသည် နာကျင်မှုကိုမခံစားရသလို ဖြစ်နေပြီး သူ့လှုပ်ရှားမှုများမှာ နှေးကွေးသွားသော်လည်း ပြင်းထန်နေဆဲပင်။

တစ်ညလုံးမအိပ်ဘဲ နဉ်ကျင်းသည်စကားလုံးများကိုအားကိုးပြီး စူးယွင်ကို အကြိမ်ကြိမ် လှည့်ဖြားခဲ့သည်။

မနက်စောစော၌ စူးယွင်မျက်လုံးဖွင့်လိုက်ရာ တရားခံသည် ခေါင်းကိုထောက်ထားပြီး သူမကိုနမ်းရန် ခေါင်းငုံ့လာသည်ကိုတွေ့လိုက်ရ၏။

သူမသည် သူ့ကိုရှောင်ရန် ခေါင်းလှည့်လိုက်သည်။

“ဂရုစိုက်နော် ရှင်အသက်တိုသွားလိမ့်မယ်”

နဉ်ကျင်းသည် သူမခေါင်းကိုရွှေ့လိုက်ပြီး နှုတ်ခမ်းကိုအမြန်နမ်းလိုက်သည်။

“မင်းအပေါ်မှာသေရမယ်ဆိုရင်တောင် ကိုယ်ဆန္ဒရှိပါတယ်”

စူးယွင်သည် သူ့ကိုအားစိုက်၍တွန်းထုတ်လိုက်သည်။

“သွားပါ ကျွန်မလူတွေနဲ့ တွေ့ရဦးမယ်”

မြို့တော်မှနာမည်ကျော်မင်းသားချန်သည် ထိုသို့သောကိစ္စများပြုလုပ်ရင်းအိပ်ရာထက်တွင် သေဆုံးသွားကြောင်းသာ သတင်းထွက်ပေါ်လာပါက သူမသည်ကျန်ဘဝတစ်လျှောက်လုံး ခေါင်းဖော်နိုင်တော့မည်မဟုတ်ပေ။

နဉ်ကျင်းသည် သူမအားချီကာပေါင်ပေါ်တွင် ထိုင်စေပြီး သူ၏နွေးထွေးသော အသက်ရှုသံသည် သူမလည်ပင်းပေါ်ကျရောက်နေသည်။

“ကိုယ်ကူပြီးအဝတ်လဲပေးမယ်”

သူမသည် စဉ်းစားမနေဘဲငြင်းဆိုလိုက်သည်။

“မလိုပါဘူး”

“ကောင်းပြီ ကောင်းပြီ အခုဝတ်လိုက်တော့”

နဉ်ကျင်းသည် စူးယွင်သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဂရုမစိုက်တော့ဘဲ သူမအဝတ်အစားများကို ဝတ်ပေးရန် လက်လှမ်းလိုက်သည်။

သူမအဝတ်လဲပြီးသွားသောအခါ နာရီဝက် ကြာသွားပြီပင်။သူတို့နှစ်ဦးသည် ပေါ့ပေါ့ပါးပါးအနည်းငယ်စားသောက်ပြီးနောက် နဉ်ကျင်းသည် စူးယွင်ကိုခေါ်ဆောင်ကာ အပြင်သို့ထွက်လာခဲ့၏။

သူတို့သည် ရထားလုံးထဲတွင် ဘေးချင်းကပ်ထိုင်နေကြသည်။စူးယွင်သည် ခေါင်းနည်းနည်းမော့ကာ သူ၏ပြတ်သားသော ဘေးတိုက်ပုံစံကိုကြည့်ရင်း မေးလိုက်၏။

“ဘယ်ကို သွားနေတာလဲ”

နဉ်ကျင်း၏မျက်လုံးများမှာ တဖျပ်ဖျပ်လက်သွားလေသည်။

“ရှန်းအိမ်တော်က ပြပွဲတစ်ခုကြည့်ဖို့”

ရှန်းအိမ်တော်တွင် လူများစွာစုဝေးနေကြသည်။ဝင်ပေါက်၌သေတ္တာများဖြင့် ပြည့်နေ၏။စူးယွင်သည် ကုလားကာကိုပင့်လိုက်ပြီး ခေါင်းထွက်ကြည့်လိုက်ရာ သေတ္တာများပေါ်တွင် နဂါးပုံစံများထွင်းထုထားပြီး ညာဘက်အောက်ထောင့်တွင်*ကျိုး*ဟူသော စာလုံးကိုရေးထိုးထားသည်အား တွေ့လိုက်ရသည်။သူမမှာ လှည့်မေးလိုက်၏။

“ဒါတွေက ဘဏ္ဍာတိုက်ထဲကငွေတွေလား”

“ဟုတ်တယ်”

နဉ်ကျင်းသည် စူးယွင်၏လက်ကို ဆွဲကိုင်ကာ သူမကိုခေါ်ဆောင်သွားသည်။

“အိမ်ထဲကို သွားကြည့်ရအောင်”

“မင်းဒီကို ရောက်လာပြီပဲ”

ရှန်ကျစ်ဟွိုက်သည် သူ့ဆံပင်ကိုမစည်းနှောင်ရသေးပေ။သူ၏ထူထဲသော ဆံပင်များသည် မျက်လုံးထောင့်အားဖုံးအုပ်ထားသဖြင့် သူအခုဘာတွေးနေသည်ကို ပြောရန်ခက်ခဲစေသည်။

နဉ်ကျင်းသည် စူးယွင်နှင့်အတူတစ်ဖက်တွင် ထိုင်လိုက်ပြီး သူတို့ရှေ့အသင့်ပြင်ထားသော လက်ဖက်ရည်ကိုတော့ မသောက်ခဲ့ပေ။ရှန်ကျစ်ဟွိုက်သည် သူ့လှုပ်ရှားမှုလေးများကို သတိထားမိပြီးပြုံးလိုက်သည်။

“ငါကအပြစ်အနာအဆာကင်းခဲ့တယ်လို့ ထင်ခဲ့တာ။ဘာလို့ အားလုံးနီးပါးကပြီးပြည့်စုံပေမယ့် အဆင်မပြေခဲ့ရတာလဲ”

“မင်းဘက်ကပိုလုပ်လေ အမှားပိုထွက်လာလေပဲ”

နဉ်ကျင်းသည်စူးယွင်၏ဆံပင်ကို ဆော့ကစားရင်း မျက်လုံးမှေးကျဉ်းလိုက်ပေသိ သူ့ကိုမကြည့်ဘဲ ပြန်ဖြေလိုက်သည်။

“ငါကမင်းထောင်ချောက်ဆင်လို့ရတဲ့သူ မဟုတ်ဘူး”

တုန်းမိသားစုသေဆုံးမှုကိုအသုံးပြုပြီး နဉ်ကျင်းနှင့်စူးယွင်ကြား စိတ်ဝမ်းကွဲအောင် လုပ်ပြီး သူ့ကိုမြို့တော်မှနေထွက်သွားကာ သူ့ကိစ္စများ၌ဝင်မပါစေဖို့ အစီအစဉ်ဆွဲခဲ့ခြင်းပင်။

သို့သော်ရှန်ကျစ်ဟွိုက် မမျှော်လင့်ထားသည်မှာ သူတို့နှစ်ဦးသည်ပြန်လည်သင့်မြတ်သွားပြီး နဉ်ကျင်းမှပြန်လာခဲ့ခြင်းသာပေ။

“မင်းသူတို့ကိုသတ်လိုက်တာသိကတည်းက ငါကကြီးကျယ်အောင် မလုပ်ချင်ခဲ့ဘူး။ဒါပေမယ့် မင်းကစူးယွင်ကိုပစ်မှတ်ထားခဲ့တာကတော့ လုံးဝမဖြစ်သင့်ဘူး”

အဖွဲ့အစည်းသည် လမ်းကြောင်းကိုတမင်တကာပြောင်းလဲခဲ့ပြီး မွေးနေ့ပွဲကို ဖျက်ဆီးကာ အားလုံးအတွက်စူးယွင်ထံ အပြစ်ပုံချဖို့ မျှော်လင့်ခဲ့သည်။သူတို့သည် နဉ်ကျင်းမှသူမအားကာကွယ်စေရန် စီစဉ်ခဲ့ပြီး သူကူညီခဲ့လျှင်ပင်အပြစ်ပေးခံရမည်ကို သိထား၏။သူတို့နှစ်ဦးလုံးကိုမြို့တော်မှ နှင်ထုတ်လိုက်ခြင်းသည်သာ ပြီးပြည့်စုံသောနည်းလမ်းတစ်ခုဖြစ်ပေလိမ့်မည်။

“မင်းကဘယ်လိုလုပ်သိသွားတာလဲ”

ရှန်ကျစ်ဟွိုက်သည် ရေနွေးခွက်ကိုဖျစ်ညှစ်လိုက်သည်။သူသည်အရာအားလုံးကို အကွက်ကျကျသေချာစေခဲ့သောကြောင့် ရှာဖွေတွေ့ရှိခဲ့သည်မှာမဖြစ်သင့်ပေ။

“အဖွဲ့အစည်းက အများပြည်သူဆိုင်ရာကိစ္စတွေကို တာဝန်ယူတယ်။မင်းဒီကနေပဲ စသင့်တယ်လေ။မင်းစည်းမျဉ်းတွေကို ပြောင်းလိုက်ကတည်းက တစ်ခုခုမှားနေတယ်လို့ ငါခံစားခဲ့ရတာ။အဖွဲ့အစည်းရဲ့အကြီးအကဲကို သီးသန့်စုံစမ်းခဲ့တယ်။သူ့မှာကိုယ်ပိုင်နေအိမ်တွေ အများကြီးပိုင်ထားတယ်လေ။ဒါကလစာနည်းတဲ့သူအတွက် လုံးဝမဖြစ်နိုင်တဲ့အရာ‌ပဲ”

“ပြီးတော့အတွင်းထဲမှာပျောက်သွားတဲ့ ပစ္စည်းတစ်ခုက မင်းသတင်းပို့တဲ့နေရာမှာသုံးတဲ့ပုံပဲ”

နဉ်ကျင်းသည် စူးယွင်၏ဆံပင်ကိုအသာပွတ်သပ်လိုက်ရာ အမွှေးနံ့တစ်မျိုးမှာသူ့နှာခေါင်းထဲသို့ဝင်လာ၏။

“အဲဒီရနံ့က မင်းဆိုတာကိုအတည်ပြုပေးလိုက်တဲ့သက်သေပဲ”

စူးယွင်နှင့်အတူရှိသည်မှာအတော်ကြာပြီဖြစ်၍ ဤကဲ့သို့ရနံ့မျိုးသူမ,မသုံးဘူးဆိုသည်ကို သူသိခဲ့ပါသည်။နောက်ပြီး သူမသာဤရနံ့ကိုရခဲ့ပါလျှင် ဤသည်မှာတိုက်ဆိုင်မှုပင်ဖြစ်ရပေမည်။

သူသည်လူတစ်ဦးကို စုံစမ်းခိုင်းခဲ့ပြီး သဲလွန်စအချို့အားတွေ့ရှိခဲ့သည်။ရှန်ကျစ်ဟွိုက်သည် မဟာကျိုးပြည်မှမဟုတ်ပေ။

“မင်းတစ်ခုခု လုပ်လိမ့်မယ်လို့ ငါခန့်မှန်းခဲ့တယ်။ဒါကြောင့်ပဲ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တာပေါ့။မဟုတ်ရင်အဲဒီငွေတွေက ဘယ်လိုလုပ်ဒီမှာရှိနေမလဲ”

နဉ်ကျင်းသည် သူ့နောက်မှနံရံလွတ်ကို လက်ညှိုးထိုးပြလိုက်သည်။

“မင်းကတစ်ကယ်ကိုလိမ္မာပါးနပ်ပါတယ်”

ရှန်ကျစ်ဟွိုက်မှာပြုံးလိုက်သည်။

“မင်းကိုရှုံးနိမ့်တာငါဝန်ခံပါတယ်”

နဉ်ကျင်းသည် သူ့ကိုလျစ်လျူရှုကာ စူးယွင်နှင့်အတူ ထွက်ခွာသွားသည်။

သုံးရက်ကြာပြီးနောက် ရှန်ကျစ်ဟွိုက်အား ရန်သူ့ဘက်မှသူလျှိုအဖြစ်အထောက်အထားကို အတည်ပြုခဲ့၏။သူ့ကို ချက်ချင်းကွပ်မျက်ခဲ့သော်လည်း ကုန်သည်ကြီးများအသင်းအား ခေါင်းဆောင်မှုမရှိဘဲထား၍မရပေ။စီးပွားရေးဌာနအကြီးအကဲကျန်းကျင်းယွင်သည် ရာထူးကိုအောင်အောင်မြင်မြင်ရယူခဲ့ပြီး သူ့ရာထူးကိုလက်ထောက်အကြီးအကဲအား ပေးအပ်ခဲ့သည်။

စူးယွင်သည် သူမ၏ပါဝင်ကူညီမှုများကြောင့် အဖွဲ့အစည်း၏အကြီးတန်းအဖွဲ့ဝင်အဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရ၏။ဤသည်မှာ အဖွဲ့ဝင်ဖြစ်ပြီးနောက်ရာထူးအမြန်ဆုံးတိုးသည့်စံချိန်ကို ချိုးဖျက်ခဲ့ရုံသာမက မဟာကျိုးမင်းဆက်၏ပထမဆုံးသော တော်ဝင်ကုန်သည်ဟူသည့်အထူးဘွဲ့ကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရသည်။

သူမသည် လူတိုင်းကိုဂုဏ်ပြုသည့်အနေဖြင့် ညစာကျွေးရန် စီစဉ်ခဲ့သော်လည်း မင်္ဂလာဆောင်အတွက်ပြင်ဆင်မှုများမှာများပြားလွန်းသဖြင့် အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရပြီး နောက်ဆုံးမင်္ဂလာပွဲမတိုင်မီ ညနေခင်းထိရောက်ရှိသွား၏။

ထိုညအားလူလွတ်ဘဝ၏နောက်ဆုံးညအဖြစ် သတ်မှတ်ခဲ့သည်။စူးယွင်သည် နဉ်ကျင်းကို လိုက်မလာစေခဲ့ဘဲ သူမနှင့်အတူ အဖွဲ့တစ်ဖွဲ့ကိုယွဲ့မန်လော်သို့ ခေါ်သွားခဲ့၏။

အစပိုင်းတွင်သူမသည် ရှောင်ဟယ်၏ စားသောက်ဆိုင်သို့သွားရန် စီစဉ်ခဲ့သော်လည်း ယခုပွဲသည်သူမ၏နောက်ဆုံးလူလွတ်ညဖြစ်သောကြောင့် သီချင်းများ၊အကများဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော နေရာသို့သွားရန် ဆုံးဖြတ်ခဲ့သည်။

“အစ်မလျို့ မိန်းမလှလေးအချို့ကိုခေါ်လာခဲ့ပါ။သီချင်းနဲ့အကတွေနဲ့ စလိုက်ကြစို့။ကျွန်မရဲ့ညီမစူးယွင်မှာ ပိုက်ဆံရှိတယ်”

ရှောက်ချီသည် သူမလက်ကို ရက်ရောဟန်ဖြင့်ဝှေ့ယမ်းပြကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“အကောင်းဆုံးအစားအစာနဲ့ အကောင်းဆုံးဝိုင်ကို ယူခဲ့ပါ။ဈေးပေါတဲ့ဟာတွေက အဆင့်အတန်းမမှီဘူး”

အစ်မလျို့သည် ဤစကားအာကြားသောအခါ ပန်းပွင့်လေးသဖွယ်တောက်ပစွာ ပြုံးလိုက်သည်။

“ကောင်းပါပြီ မင်းသမီးရဲ့အဆင့်အတန်းက ကျွန်မတို့နေရာမှာ အမြင့်ဆုံးဖြစ်လာမှာ သေချာပါတယ်”

နဉ်ကျင်းသည် ကြွားဝါသောဒေါင်းငှက်တစ်ကောင်လို လူတိုင်းအားပြောပြခဲ့ခြင်းပင်။

“ငါလက်ထပ်တော့မယ်ဆိုတာ မင်းတို့သိလား”

“ငါ့ဝမ်ဖေးက စူးယွင်ဆိုတာကိုရော မင်းတို့သိလား”

“ဧကရာဇ်ကိုယ်တိုင်က ငါတို့ကိုလက်ထပ်ခွင့်ပေးခဲ့တာလေ မင်းတို့သိလား”

ယခုဆိုလျှင်မြို့တော်တစ်ခုလုံး၌ စူးယွင်နှင့်တွေ့သည့်သူတိုင်းမှာ သူမကိုဂုဏ်ပြုနေကြသည်ဟုပြောလျှင် ချဲ့ကားရာမရောက်ပေ။စူးယွင်မှာအပြင်မထွက်ရဲလောက်အောင်ထိ ရှက်မိသွားခဲ့သည်။

စူးယွင်သည် အသာပြုံးလိုက်သော်လည်း သူမအမူအရာသည် လုံးဝစစ်မှန်ခြင်းမရှိခဲ့ပေ။

“ကျေးဇူးတင်ပါတယ် အစ်မလျို့”

“သခင်မစူးက အရမ်းယဉ်ကျေးနေပါပြီ။မင်းသားချန်ရဲ့အိမ်တော်ထဲ လက်ထပ်ပြီးတာနဲ့ ကျွန်မရဲ့နေရာလေးက ကျဉ်းတယ်ဆိုပြီး စိတ်ထဲမထားဖို့ပဲမျှော်လင့်ပါတယ်”

“လုံးဝမထားပါဘူး။တစ်ကယ်တော့ ကျွန်မကအစ်မလျို့နဲ့ နောက်ထပ်ပူးပေါင်းဆောင်ရွက်မယ့်အခွင့်အရေးရဖို့တောင် မျှော်လင့်နေတာပါ”

“ဒါဆိုလာခဲ့ဖို့ အသေအချာဖိတ်ခေါ်ပါတယ်။သခင်မစူး ဘာပြောပြောကျွန်မက ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်”

နောက်ဆုံးအဝတ်အစားပြပွဲမှရရှိသော ငွေများအားပြောစရာပင်မလိုဘဲ မင်းသမီးစူးယွင်ဟူသောဘွဲ့သည်ပင် အစ်မလျို့ကိုအလွန် ဂုဏ်ယူစေခဲ့သည်။

ယခုအချိန်ကစပြီးလူများမှာ သူမအားမင်းသားချန်၏ဝမ်ဖေးနှင့်ပူးပေါင်းဆောင်ရွက်သူအဖြစ်သာ ရည်ညွှန်းကြပေလိမ့်မည်။မြို့တော်ထဲ၌ မည်သူကများယွဲ့မန်လော်ကိုအထင်သေးဝံ့ပါမည်နည်း။

ထိုအကြောင်းကိုတွေးရုံဖြင့်ပင် သူမမှာပျော်ရွှင်နေမိသည်။

“သခင်မစူးက မြို့တော်မှာနာမည်ကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာတော့မယ်ထင်ပါတယ်”

အမျိုးသမီးကျောက်မှာ ပြုံးပြုံးရွှင်ရွှင်ဖြင့်ပြောလိုက်သည်။

“နောက်ကျရင်ငါတို့နဲ့တွေ့ဖို့ အခွင့်အရေးရပါ့မလားလို့တောင်တွေးမိတယ်”

“အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့”

စူးယွင်သည် မျက်လုံးလှန်ပြလိုက်သည်။

“ကျွန်မကအဝတ်အထည်ဌာနမှာ ဆက်နေဦးမှာပါ။ကျွန်မတို့တွေအလွယ်တကူ တွေ့နိုင်ပါလိမ့်မယ်”

“ဟားဟားဟားဟား ဒါမှန်တယ်”

အမျိုးသမီးကျောက်မှာ အရက်အိုးကိုကောက်ယူပြီး စူးယွင်အတွက်တစ်ခွက်ငှဲ့ပေးရင်း ပြောလိုက်သည်။

“မနက်ကျမင်းလက်ထပ်ရမယ်ဆိုတော့ အရမ်းမသောက်သင့်ဘူး။ငါတို့ပဲမင်းကို ဂုဏ်ပြုပြီး မင်းပျော်ရွှင်မှုအတွက်ဝေမျှလိုက်ရအောင်”

“ရတယ်လေ”

စူးယွင်သည်ထရပ်ကာ ခွက်ကိုမြှောက်ပြီး တစ်ကျိုက်တည်း မော့ချလိုက်သည်။

“စူးယွင် နောက်ကျရင်ဂရုစိုက်ဖို့လိုတယ်နော်။နန်းတော်ထဲမှာ လျှို့ဝှက်ကြံစည်မှုတွေ အပြည့်လို့ကြားတယ်။ဘယ်သူ့ကိုမှ အနိုင်ကျင့်ခွင့်မပေးနဲ့”

ရှောက်ချီ၏မျက်လုံးထဲတွင် စူးယွင်သည် သန်မာပြီးကြင်နာတတ်သော်လည်း အလုပ်ခွင်အပြင်ဘက်တွင်တော့ ပေါ့ပေါ့ပါးပါးနေတတ်သောကြောင့် အခွင့်ကောင်းယူခံရနိုင်သည်။

စူးယွင်သည် သူမခေါင်းကိုပုတ်ကာ ပြုံးလိုက်၏။

“ငါ့ရဲ့မိသားစုထဲကအဆင့်အတန်းက မြင့်ပါတယ်။ဘယ်သူမှငါ့ကို အနိုင်ကျင့်လို့မရပါဘူး”

ရှောက်ချီမှာတစ်ခုခုပြောလိုက်ချင်သော်လည်း နောက်ဆုံးအကြိမ်ဖြစ်ခဲ့သည်ကို သတိရလိုက်သည်။

သူမသည် ခေါင်းငြိမ့်လိုက်ပြီး စူးယွင်ကို ဘယ်သူမှအနိုင်ကျင့်နိုင်မည်မဟုတ်ဟုသာ တွေးလိုက်၏။

ဝမ်လဲ့သည် သူမ၏လက်ထပ်ခြင်းကို စိတ်မဝင်စားဘဲ စူးယွင်ကိုကျော်တက်ရန်သာ အာရုံစိုက်နေသည်။

“သခင်မစူး ပြန်လာတာနဲ့ ငါတို့တွေနောက်ထပ်ပြိုင်ပွဲတစ်ခုထပ်လုပ်မယ်။ငါကနင့်ကိုသေချာပေါက် ကျော်တက်ပြမယ်”

ဤအလုပ်ကြိုးစားသူကိုတွေးလိုက်သောအခါ စူးယွင်သည်မရယ်မိဘဲမနေနိုင်‌တော့ပေ။

“ကောင်းပြီလေ ငါစောင့်နေမယ်”

“အနားယူနေတုန်း ဒီအကြောင်းဆက်ပြောနိုင်သေးတယ်နော်။နင့်ကိုတော့တစ်ကယ် လေးစားပါတယ်”

ချန်းရွှေအာသည် သူမတူများကိုချလိုက်ပြီး သူတို့အပြုအမူကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်သည်။

“မနက်ဖြန်ဆို နင့်ရဲ့ကိုယ်ပိုင်ဘဝက ပြောင်းလဲသွားလိမ့်မယ်။ဒီညတော့ လွှတ်ချပြီး အဓိပ္ပာယ်မရှိတဲ့ကိစ္စတွေဆက်မပြောနဲ့တော့”

ရှောက်ချီလဲသဘောတူလိုက်သည်။

“ဟုတ်တယ် စားမယ်သောက်မယ်ပျော်ကြမယ်”

နှစ်နာရီကြာပြီးနောက်တွင် ရှောင်ဟယ်သည် စူးယွင်ကိုခေါ်ဆောင်သွားရန် အချိန်မှန် ရောက်လာ၏။

လက်ထပ်ခြင်းတွင်ထုံးတမ်းစဉ်လာများ ရှိသည်။တရားဝင်မင်္ဂလာအခမ်းအနားမတိုင်မီ စုံတွဲသည်တွေ့ဆုံ၍မရပေ။သို့မဟုတ်ပါက ကံမကောင်းဟုယူဆကြသည်။

နဉ်ကျင်းသည် သူ့အတွေးများကို ထိန်းချုပ်ထားပြီး ရှောင်ဟယ်၏‌နောက်မှလိုက်ကာ သူမအားသွားခေါ်လိုသည့်ဆန္ဒကို ဆန့်ကျင်ထားရ၏။

စူးယွင်တွင်ပြောပလောက်သော မိသားစုဝင်မရှိသောကြောင့် သူမ၏တစ်ခုတည်းသော အိမ်သည် ဝမ်ကောသာဖြစ်သည်။ထို့ကြောင့် သူမသည်သူမ၏မင်္ဂလာဆောင်နေ့တွင် ထိုနေရာမှသာထွက်ခွာခဲ့၏။

ယိုနာရီအချိန်တွင် (ညနေ ၅ နာရီမှ ၇ နာရီအထိ)နဉ်ကျင်းသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ကာ မြင်းစီးလျက်မင်းသားချန်အိမ်တော်မှ ချန်းရှီလမ်းသို့လာခဲ့သည်။မြင်း၏ခေါင်းထိပ်တွင် အနီရောင်ပန်းပွင့်ဖြင့် အလှဆင်ထားပြီး သူ့နောက်တွင်လူတစ်ထောင်ကျော်လိုက်ပါလာကာ မောင်းများနှင့် ဗုံများတီးခတ်နေကြ၏။လမ်းမများပေါ်တွင် ပျော်ရွှင်စရာမြင်ကွင်းများဖြင့် ပြည့်နှက်နေပြီး စူးယွင်အားအခမ်းနားဆုံးသောပုံစံဖြင့် ပြသနိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။

စူးယွင်တွင် မင်္ဂလာဆောင်ထုံးတမ်းစဉ်လာများကို ကူညီရန်မိသားစုမရှိသည့်အပြင် သူမသည်လည်း ထုံးတမ်းစဉ်လာများကိုမသင်ယူခဲ့သောကြောင့် နဉ်ကျင်းသည်လည်း သူမအတွက်လွယ်ကူစေရန် အရာအားလုံးကိုရိုးရှင်းအောင်သာပြုလုပ်ခဲ့ပြီး မလိုအပ်သော အသေးစိတ်အချက်အလက်များကို တတ်နိုင်သမျှဖယ်ရှားခဲ့၏။

သူသည်သူမကိုမင်္ဂလာဆောင်လှည်းပေါ်သို့ ငြင်သာစွာကူညီတင်ပေးခဲ့ပြီး မင်းသားချန်အိမ်တော်သို့သွားရာလမ်းတွင် သကြားလုံးများနှင့်ငွေဒင်္ဂါးများကို ကြဲချပေးခဲ့သည်။မင်းသားချန်အိမ်တော်စည်းမျဉ်းများသည် အလွန်ရှုပ်ထွေးခြင်းမရှိပေ။ဧကရာဇ်နှင့်မိဖုရားကြီးအား ဦးညွှတ်ပြီးနောက် စုံတွဲကို မင်္ဂလာခန်းသို့ပို့လိုက်ကြသည်။

နဉ်ကျင်းသည် လူမှုဆက်ဆံရေးကို ရှောင်ရှားရန် မူလကစီစဉ်ခဲ့သော်လည်း ယနေ့သည် သူတို့၏မင်္ဂလာဆောင်နေ့ဖြစ်သောကြောင့် ဧည့်သည်များနှင့်အတူအထိမ်းအမှတ်အဖြစ် တစ်ခွက်တစ်ဖလားသောက်ရန်လိုအပ်၏။ထို့နောက် သူသည် မင်္ဂလာခန်းသို့ ပြန်လာခဲ့သည်။

သူသည်မင်္ဂလာတုတ်ကို မင်္ဂလာပွဲစီစဉ်ပေးသူ၏လက်ထဲမှယူလိုက်ပြီး စူးယွင်‌ခေါင်းထက်ဖုံးအုပ်ထားသည့်ပုဝါစကို,မ,တင်လိုက်၏။

သူမသည်အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏နက်မှောင်သောဆံပင်များကို ဖီးနစ်သရဖူဖြင့်ထုံးဖွဲ့ထားသည်။သူမမျက်လုံးအနီးရှိ သရဖူပေါ်မှ အဆင်တန်ဆာများသည် သူမမျက်ခွံများပေါ်တစ်ဝက်တစ်ပျက်ဖုံးအုပ်ထားပြီး တစ်ပိုင်းတစ်ဖုံးကွယ်ထားသည့်ဖီဖာတစ်လက်အလားပင်။

နဉ်ကျင်းသည် သူမမျက်နှာကိုအသာပွတ်သပ်လိုက်ပြီး သူ၏လက်ချောင်းရှည်သွယ်သွယ်များသည် အဆင်တန်ဆာများကိုဖယ်လိုက်ကာ သူမမျက်နှာအပြည့်ကိုဖော်ထုတ်လိုက်သည်။

ပုံမှန်အားဖြင့် သူမသည်အလုပ်များနေသဖြင့် မိတ်ကပ်လိမ်းခဲသည်။သို့သော် ယခု သူမမိတ်ကပ်လိမ်းထားသောအခါ သူမသည် နူးညံ့ပြီးလှပနေသဖြင့် မည်သူမဆိုခုခံနိုင်မည်မဟုတ်ပေ။

သူတို့နှစ်ဦးသည် မင်္ဂလာအရက်ကိုသောက်လိုက်ကြပြီး အချင်းချင်းကြည့်လိုက်ကြရာ သူတို့မျက်လုံးများတွင် မကုန်ဆုံးနိုင်သော ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေသည်။

အရက်သောက်ပြီးနောက် နဉ်ကျင်းသည် ကျန်အဆင့်များစွာကိုမကျေမနပ်ဖြစ်ကာ ချက်ချင်းပင် သူတို့ကိုပြန်လွှတ်လိုက်ပြီး မင်္ဂလာခန်းထဲသို့ဝင်ရန် စိတ်အားထက်သန်နေတော့၏။

သူသည် သူမ၏ခါးပတ်ကြိုးကိုအသာဆွဲလိုက်သည်။ဆက်ပြီးဆွဲသင့် မဆွဲသင့်အားမဆုံးဖြတ်နိုင်သလို ဖြစ်နေ၏။

သူသည်ငုံ့ကိုင်းလိုက်ပြီး သူမခြေထောက်ပေါ်ခေါင်းတင်လိုက်သည်။

“ပါးစပ်နဲ့လုပ်ချင်လား လက်နဲ့လုပ်ချင်လား”

စူးယွင်သည် ခပ်သဲ့သဲ့ရယ်မောလိုက်သော်လည်း တိတ်ဆိတ်နေခဲ့သည်။

“ဒါဆိုပါးစပ်နဲ့လုပ်ပေး။ကိုယ်တစ်ခါမှ မစမ်းဖူးသေးဘူး”

သူသည်ခါးနှင့်ဝမ်းဗိုက်ကို အားပြုကာ ခါးစည်းကြိုးကိုသွားများဖြင့်ကိုက်ပြီး အပြင်သို့ဆွဲထုတ်လိုက်သည်။

အတားအဆီးများမရှိတော့သည့်အခါ သူ၏အပြင်ဝတ်ရုံကျယ်ကြီးသည် ခြေထောက်နားတွင်စုပုံကျနေ၏။သူသည် အတွင်းခံကိုကိုက်ဖြတ်ရန် သူ့ပါးစပ်ကို ထပ်မံအသုံးပြုလိုက်သည်။

ပန်းပွင့်လေးများသည် နူးညံ့ပြီးဆွတ်ဆွတ်ဖြူနေကာ ရေစက်လေးများတင်ကျန်နေပုံသည် ကောင်းကင်မှကြယ်ပွင့်များနှယ်။ထိုမြင်ကွင်းမှာ လူတစ်ဦးအားလက်မလွှတ်ချင်တော့အောင် ဆွဲဆောင်နေသည်။

နူးညံ့သောအဖြူရောင်တိမ်တိုက်များသည် ကြယ်စင်များကြားတွင် ပုန်းကွယ်နေပြီး ရေလှိုင်းများကဲ့သို့ လှုပ်ခတ်နေကာ တေးသံသည် အစဉ်အမြဲတည်ရှိနေ၏။

မနက်စောစောတွင် စူးယွင်သည်နဉ်ကျင်း၏ ပေါင်ကိုခြေထောက်ဖြင့် ကန်လိုက်သည်။သူသည်သူမကို ချက်ချင်းဆွဲဖက်လိုက်ပြီး အပေါ်သို့ရွှေ့လိုက်၏။

“နောက်ထပ် လိုချင်သေးလား”

သူ့အသံသည်သြရှနေပြီး တောင့်တမှုအရိပ်အယောင်များ ပါဝင်နေသည်။

“ရှင်က သရဲလား”

စူးယွင်သည် သူ့ကိုမှီထားပြီး လက်ချောင်းဖြင့် သူ့ရင်ဘတ်တွင်စက်ဝိုင်းများဆွဲနေသည်။

“ရှင်မေ့နေတာလား။ဒီနေ့ကတိတည်မယ်လို့ ပြောထားတယ်နော်"

သူမ၏ဒုက္ခပေးနေသောလက်ကို ဖမ်းဆုပ်လိုက်သည်။

“ဒီလောက်အလျင်စလိုလုပ်စရာ မလိုပါဘူး”

“စောစောသွားပြီး စောစောပြန်လာကြစို့လေ။အချိန်မဖြုန်းနဲ့”

စူးယွင်သည် ကိုယ်ကိုမတ်လိုက်ပြီး သူ့ရှေ့တွင်အဝတ်အစားလဲလိုက်သည်။

“မြန်မြန်လုပ်”

လွန်ခဲ့သောရက်အနည်းငယ်မှ အတွေ့အကြုံကြောင့် ဤတစ်ကြိမ်တွင်စူးယွင်သည် တောင်တက်ရန် ပို၍စိတ်အားတက်ကြွနေသည်ဟု ခံစားရသည်။

သူမသည်ကံကောင်းခြင်းအိတ်တစ်လုံးကို ယူဆောင်လာပြီး သူတို့နာမည်များကိုရေးလိုက်၏။

“လာပါ အတူတူချိတ်ကြမယ်”

ကံကောင်းခြင်းအိတ်အားအမြင့်ဆုံးနေရာတွင် ချိတ်ဆွဲထားသည်။ငြင်သာသော လေညှင်းမှာ တိုက်ခတ်သွားပြီး လေထဲတွင် ယိမ်းထိုးနေစေ၏။

နဉ်ကျင်းသည် စူးယွင်၏ပခုံးကိုလက်ဖြင့် ဖက်ထားပြီး မြင်ကွင်းပေါင်းများစွာကို ကြည့်ရှုခံစားနေသည်။

သူမအားပထမဆုံးမြင်ခဲ့ရသည့် အချိန်ကဲ့သို့ပင်.....

တစ်ချက်ကြည့်လိုက်ရုံဖြင့် ထာဝရကဲ့သို့ ခံစားရစေ၏.....

ပြီးပါပြီ။

All Chapters