အခန်း (၅၃၆)
Vol. 36 Ch. 536
ဝမ်းဆွဲသည်က ကလေးကို ရေနွေးနှင့်သန့်စင်ပေးပြီး ချက်ကြိုးကို ဖြတ်ကာ အဝတ်နှင့် ထွေးပတ်ထား၏။ “လှလိုက်တဲ့ ကလေးမလေး.. ဒီလောက်လှတဲ့ ကလေးလေးမျိုး ဆိုတာ တွေ့ရခဲတယ်။”
ကတော်ကျိုးက အနားသို့ ရောက်လာ၏။ တကယ့်ကို လှပသည့် မိန်းကလေး ဖြစ်၏။ မွေးကင်းစ ဖြစ်သော်လည်း အသားအရေက ချောမွေ့ပြီး အရေးအကြောင်းဟူ၍ မရှိချေ။ ကလေးငယ်က မိခင်ဝမ်းဗိုက်မှ ထွက်လာကာစ ဖြစ်သောကြောင့် လုံခြုံမှုမရှိသလို ခံစားရကာ ခန္ဓာကိုယ်လေးက ကြောက်ရွံ့မှုနှင့် တုန်ယင်နေသည်။
အကြိမ်အနည်းငယ် ငိုယိုပြီးနောက် အလင်းရောင်ကြောင့် မျက်လုံးများကို အလိုလျောက် ဖွင့်ချင်လာခဲ့၏။ သို့သော်ငြား မွေးဖွားကာစ ဖြစ်သော်ကြောင့် မျက်လုံးဖွင့်ရန်ပင် အားမရှိသေးချေ။ မျက်လုံးများကလည်း အကြီးကြီးဖြစ်၏။ မျက်လုံးများက မည်းနက်ပြီး ကျောက်မျက် ရတနာများကဲ့သို့ပင် ကြည်လင်နေ၏။
ကတော်ကျိုးက တစ်ချက်ကြည့်ရှုလိုက်ရင်းနှင့် နှလုံးသားတစ်ခုလုံး အရည်ပျော်ကျလုမတတ်ပင်။ သူ၏ မျက်လုံးများထဲမှ မျက်ရည်များပင် ကျဆင်းလာခဲ့၏။ သူမက ကလေးကို ရင်ခွင်ထဲသို့ ပွေ့ပိုက်ထားသည်။ “ကလေးလေး... မင်း ဒီအဒေါ်ဆီမှာ လာပြီး သမီးလေး လုပ်ပါလား”
ကတော်ကျိုးက တကယ့်ကို ချစ်မြတ်နိုးမိ၏။ ထို့အတူ သူမက ဝမ်းနည်းမှုကိုလည်း ခံစားနေမိ၏။ သူမနှင့် နင်ကျန်းတို့ လက်ထပ်ခဲ့သည်မှာ ၂ နှစ်၊ ၃ နှစ် ရှိပြီဖြစ်သော်လည်း ယခုထိ ကလေးမရသေးချေ။ သူမက သမားတော်ကောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးပြီ ဖြစ်၏။ ရှမ့်လန်က အကောင်းဆုံးသော သမားတော်တစ်ယောက် ဖြစ်သည် မဟုတ်ပါလား။
နင်ကျန်းတွင် မည်သည့်ပြဿနာမှ မရှိချေ။ သူမတွင် ပြဿနာရှိနေခြင်းပင်။ ထို့ကြောင့် ကတော်ကျိုးက နင်ကျန်းအား ကိုယ်လုပ်တော် တစ်ယောက် ပေးရန် ဆန္ဒရှိသော်လည်း နင်ကျန်းက အမြဲတမ်း ငြင်းပယ်၏။ သူက မိန်းမလှလေးများကို မကြိုက်နှစ်သက်ခြင်း မဟုတ်ပေ။ ပြဿနာရှုပ်မည်ကို စိုးရိမ်သောကြောင့်ပင်။
လင်မယားနှစ်ယောက်က သဟဇာတ ရှိ၏။ တခြားသော မိန်းမတစ်ယောက် ဝင်လာပါက မိသားစုက ငြိမ်းချမ်းတော့မည် မဟုတ်ဟု သူက ခံစားမိ၏။ ထို့ကြောင့် ကတော်ကျိုးက ချန်းဖန်မြို့စားအိမ်တော်ကို စီမံခန့်ခွဲသူမှာ ရှမ့်လန်ဖြစ်ကြောင်း သိသဖြင့် ရှမ့်လန်ကို သွားရှာခဲ့၏။ အဆုံးသတ်မှာတော့ ရှမ့်လန်က သူ့၌ အခြားအစီအစဉ်များ ရှိသည်ဟု ပြောခဲ့၏။ ထို့ကြောင့် သူမ၏ ကိုယ်လုပ်တော်ရှာပေးမည့် အစီအစဉ်ကို လက်လျော့လိုက်ရ၏။
“မြန်မြန်... ကျွန်မကို ပြပါအုံး” ပင်းအာက ပြောလိုက်သည်။
ကတော်ကျိုးက ကလေးကို ပင်းအာထံသို့ ကမ်းပေး၏။
ပင်းအာက အံ့အားသင့်သွားသည်။ “လှလိုက်တဲ့ ကလေးလေး။ တကယ့်ကို သူ့အဖေနဲ့ တူတာပဲ။ တကယ့်ကို နူးညံ့ပြီး မြင့်မြတ်တဲ့ ပုံစံလေး ဖြစ်နေတာကိုး။”
သူမက ပျော်လွန်းသောကြောင့် ငိုချင်သွား၏။ သူမ၏ စိတ်ထဲတွင် ရှမ့်လန်က တစ်လောကလုံး၌ အမြင့်မြတ်ဆုံးသော လူသားဖြစ်၏။ ထို့ကြောင့် သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် သူမနှင့် မတူလျှင် ပြီးရောပင်။ သူမကတော့ တစ်သက်လုံး အစေခံအဖြစ် နေထိုင်ခဲ့ရသည် မဟုတ်ပါလား။ ပင်းအာက ပျော်ရွှင်လျက် ရှိနေ၏။ သူမ၏သမီးက ကံကောင်းလွန်းလှ၏။
ပြီးနောက် ပင်းအာက အဝတ်အစားများကို ဖြေလျှော့လိုက်၏။ နို့မထွက်သေးသော်လည်း ကလေးက စို့ပေးမှ ထွက်မည် မဟုတ်ပါလား။ ထင်သည့်အတိုင်းပင် ကလေး၏ ပါးစပ်ထဲသို့ နို့ထည့်လိုက်သည်နှင့် ချက်ချင်းပဲ စို့၏။ ကလေး အားရပါးရ နို့စို့နေသည်ကို ကြည့်ရှုရင်း ပင်းအာ၏ နှလုံးသားများက အရည်ပျော်ကျ သွားသကဲ့သို့ပင်။
ကတော်ကျိုးက ပင်းအာကို တစ်ချက်ကြည့်၏။ ပြီးနောက် သူမကိုသူမ ငုံ့ကြည့်ကာ ရုတ်တရက် အားကျမိ၏။ အပြင်ဘက်တွင် ယုရှစ်ရှစ်နှင့် ယုခက်ခက်တို့ နှစ်ယောက်လုံးက ပျော်ရွှင်စွာဖြင့် ခုန်ပေါက်ဆော့ကစားလျက် ရှိနေ၏။ “ကလေးလေး ဘယ်မှာလဲ။ ကလေးလေး ဘယ်မှာလဲ”
ဝမ်းဆွဲသည် တချို့က မိန်းကလေးနှစ်ယောက် ဝင်မလာနိုင်အောင် တားဆီးချင်၏။ ပင်းအာက မီးနေသည် ဖြစ်သောကြောင့် လေအထိခံ၍ မဖြစ်ချေ။
“သူတို့ကို ဝင်ခွင့်ပေးလိုက်ပါ”
ပင်းအာက ရှမ့်လန် ပြောသမျှအရာ အားလုံးကို နားထောင်၏။ ကလေးမွေးဖွားပြီးလျှင် လေဝင်လေထွက် ကောင်းဖို့ လို၏။ လုံးဝ ပိတ်ထားစရာ မလိုဟု ရှမ့်လန်က ပြောခဲ့ဖူး၏။ ထို့အပြင် မီးနေသည် ရေမချိုးရ ဆိုသည်မှာ အဓိပ္ပာယ်မရှိဟု ပြော၏။ ရေနွေးနှင့် ရေချိုး၍ ရ၏။
မင်းသမီး နင်ယန်၏ ဦးဆောင်မှုနှင့် မိန်းကလေးနှစ်ယောက်က မွေးခန်းထဲသို့ ဝင်ရောက်လာခဲ့၏။ ပြီးနောက် ကုတင်နားသို့ ရောက်သည့် အချိန်မှာတော့ အလိုလျောက် ကိုယ်ရှိန်ကို သတ်လိုက်၏။ ကလေးငယ်လေးကို ကြည့်ရှုရင်း ထိုနှစ်ယောက်တို့က ကာကွယ်ချင်စိတ်များ ပေါ်လာသည်။
ပြီးနောက် လေသံတိုးတိုးလေး ပြောလိုက်၏။ “ကလေးလေးက သေးသေးလေးနော်။ အရမ်းလှတာပဲ”
“မေမေပင်းအာ.. ကလေးလေးရဲ့ လက်ကို ကိုင်ကြည့်လို့ ရလား။ သမီး လက်ဆေးပြီးပါပြီ။ အရမ်းသန့်ပါတယ်”
ပင်းအာက ခေါင်းညိတ်ပြလိုက်၏။
ယုရှစ်ရှစ်က ကလေး၏ လက်ကို ဂရုတစိုက်နှင့် ထိကြည့်လိုက်သည်။
“တကယ့်ကို ချစ်စရာကောင်းတဲ့ လက်လေးပဲ။ သေးသေးလေးနဲ့” ယုရှစ်ရှစ်က စိတ်လှုပ်ရှားစွာဖြင့် တီးတိုးရေရွတ်၏။
ညီမငယ်လေး ယုခက်ခက်က စိတ်အားထက်သန်စွာဖြင့် ဝင်ရောက်ကာ ပြော၏။ “ကလေးလက်ကို ကိုင်ဖို့ သမီးရဲ့အလှည့်ရောက်ပြီ။”
မင်းသမီး နင်ယန်က အားလုံးကို လိုက်ကြည့်၏။ သူမက ထူးဆန်းသလို ခံစားနေရ၏။ ပျော်ရွှင်ပြီး နွေးထွေးသလို ခံစားရသော်လည်း အနည်းငယ် ကြောက်စရာကောင်းသည်ဟု ခံစားရ၏။ တစ်ချိန်က သူမက ရှမ့်လန်ကို ချစ်ကြောင်း၊ ကလေးမွေးပေးမည် ဖြစ်ကြောင်း ပြောခဲ့ဖူး၏။ ဤအရာက အမှန်တိုင်းပင်။
သို့ပေမည့် ကလေးကို မြင်ရသည့် အချိန်မှာတော့ သူမက နောက်နှစ် အနည်းငယ်လောက် ဆက်ပြီး ဆော့ကစားသင့်သေးသည်ဟု ခံစားမိ၏။ ဗိုက်ထဲ ကလေးတစ်ယောက် ရောက်ရှိလာသည်ကို သူမ အဆင်သင့် မဖြစ်သေးချေ။
ဝမ်းဆွဲသည်က နင်ယန်၏ မျက်နှာကို မကြည့်ဘဲ တင်ပဆုံနှင့် ပေါင်တံများကို အရင်ကြည့်၏။ ချက်ချင်းပဲ အာမေဋိတ်သံ ထွက်လာ၏။ “ကောင်းကင်ဘုံ.. ဒီလိုခြေထောက်မျိုးနဲ့ ကလေး ရှစ်ယောက်၊ ဆယ်ယောက်လောက် မမွေးနိုင်ရင် အရမ်းနှမျောဖို့ ကောင်းမှာပဲ။ သခင်မလေးရဲ့ ခြေထောက်ကို ကြည့်ပါအုံး။ မျက်စိမှိတ်ပြီး ခြေဆောင့်လိုက်တာနဲ့ ကလေးမွေးလို့ရမယ့်ပုံပဲ။ ကြက်ဥ ဉတာထက်တောင် ပိုပြီး လွယ်အုံးမယ်။”
ထိုစကားကိုကြားချိန်မှာတော့ နင်ယန်က ချက်ချင်း လှည့်ကာ ထွက်ပြေးသည်။
ထိုအချိန်မှာတော့ ဘေးတစ်ဖက်မှ အမျိုးသမီးသမားတော်တစ်ယောက်က လှမ်းမာန်သည်။ “အဘွားကြီးရှု.. စောဏက မိန်းကလေးက မင်းသမီး နင်ယန်ပါ။”
ဝမ်းဆွဲသည် အဘွားကြီးက ကြောက်လွန်းသောကြောင့် သေးထွက်ကျလုမတတ် ဖြစ်သွား၏။
အမျိုးသမီး သမားတော်များနှင့် ဝမ်းဆွဲသည်များက စိတ်ထဲတွင် တီးတိုးရေရွတ်နေမိကြ၏။ မင်းသမီး နင်ယန်နှင့် ရှမ့်လန်တို့ ပတ်သက်ဆက်နွယ်နေသည်ဟု ကောလဟာလများ ထွက်နေသော်လည်း ထိုအရာက အမှန်ဖြစ်လိမ့်မည်ဟု သူတို့က မထင်မှတ်ခဲ့ချေ။ သခင်လေး ရှမ့်လန်က အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ ကိုယ်လုပ်တော် ရှိရုံတင် မကသေးချေ။ နိုင်ငံတစ်ခု၏ မင်းသမီးကိုပင်လျှင် အခန်းထဲသို့ ဗြောင်ကျကျ ခေါ်ထားရဲသည်။
.........
မြောက်ပိုင်း အမဲလိုက်ကွင်း
ဓာတုဖြစ်စဉ်များက တစ်ခုပြီးတစ်ခု ဖြစ်ပွားနေ၏။ နေရာအနှံ့တွင် ပုပ်ပွလျက် ရှိနေသည့် တိရစ္ဆာန် အသေကောင်များ ရှိ၏။ အဆိပ်သင့်နေသည့် အငွေ့များနှင့် မြူခိုးများ ရှိ၏။
ကျုံးမိသားစု၏ စစ်တပ်က မြောက်ပိုင်း အမဲလိုက်ကွင်းသို့ ဒုတိယအကြိမ် စီးနင်းဝင်ရောက်ပြီး ထိုအရာများကို ဖြတ်ကျော်၏။ မတော်တဆ ဝါစိမ်းရောင် ဓာတ်ငွေ့များကို ရှူရှိုက်မိ၏။ ပြန်ရောက်ချိန်မှာတော့ အပြင်းအထန် ပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းများ ဖြစ်ပေါ်ခဲ့သည်။
သုံးရက်၊ သုံးည ကုသသော်လည်း ဝမ်းပျက်၍ သေဆုံးခြင်းမျိုးသာ ကြုံရ၏။ လူရာပေါင်းများစွာ၌ ထက်ဝက်ခန့်ကိုသာ အသက်ကယ်တင်နိုင်ခဲ့၏။ ထိုအချိန်မှစ၍ မြောက်ပိုင်းအမဲလိုက်ကွင်း တည်နေရာ ဆီသို့ မည်သူမှ မသွားရဲကြတော့ချေ။ ဤနေရာက အန္တရာယ် ကပ်ဆိုးကြီး ရှိနေသည်ဟု ပြောဆိုကြ၏။
ဗလာသွေးမျိုးဆက်ကိုသာ ပိုင်ဆိုင်သည့် လူပေါင်း ၂၃၀၀ ကျော်တို့ကို ရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်များ ထိုးသွင်းခဲ့ပြီးဖြစ်၏။ ထိခိုက်သေဆုံးသူဟူ၍ မရှိချေ။ ရှမ့်လန်၏ ယခင် စမ်းသပ်မှု အတိုင်းပင် သွေးမျိုးဆက် လုံးဝမရှိသ၍ မည်သည့်အန္တရာယ်မှ ရှိလိမ့်မည် မဟုတ်ပေ။
သွေးမျိုးဆက် ပြောင်းလဲသွားပြီးနောက် လူတိုင်းက သတိလစ်မေ့မြောနေ၏။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြ၏။
သုံးရက်နှင့် သုံးညတိတိ ကြာပြီးနောက် ဝမ်တက ပထမဦးဆုံး နိုးထလာ၏။ သူက အခြားကမ္ဘာတစ်ခုဆီသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရ၏။ ရုပ်ပိုင်းဆိုင်ရာအရ လောကကြီးက ပြောင်းလဲသွားခြင်း မဟုတ်ချေ။ စိတ်ပိုင်းဆိုင်ရာအရ လောကကြီး တစ်ခုလုံးက ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
ယခင်တုန်းက သူ၏ စိတ်လောကတစ်ခုလုံးက အမြဲတမ်း မီးခိုးရောင် သန်းလျက် ရှိနေပြီး အလင်းရောင် ဟူ၍ လုံးဝမရှိချေ။ သူက စိတ်ကျရောဂါ ဆိုသည့် ဝေါဟာရကို မသိချေ။ သို့သော်ငြား ဗလာသွေးမျိုးဆက်ကို ပိုင်ဆိုင်သည့် လူအားလုံးက စိတ်ပိုင်းဆိုင်ရာ ကမောက်ကမ ဖြစ်ခြင်း၊ စိတ်ကျရောဂါ ရှိ၏။
ယခု သူ မျက်လုံးမဖွင့်ရသေးသော်လည်း နှလုံးသားထဲတွင် ပျော်ရွှင်မှုကို ခံစားရ၏။ လောကကြီး၌ ပျော်ရွှင်ခြင်းဆိုသည့် စိတ်လှုပ်ရှားစရာကောင်းသည့် အရာမျိုး တည်ရှိနေသေးသည်လား။ တကယ့်ကို အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ လောကကြီး တစ်ခုလုံးက နေရောင်ခြည်များနှင့် ပြည့်နှက်နေသကဲ့သို့ပင် လင်းထိန်နေသည်။
မျက်လုံးက မဖွင့်ရသေးချေ။ ထိုအရာက သူ၏ ဗီဇတုံ့ပြန်မှုပင် ဖြစ်၏။ မျက်လုံးကိုမှိတ်ပြီးနောက် ပြန်ဖွင့်ရန် သတ္တိများလိုအပ်၏။ အဘယ်ကြောင့်ဆိုသော် သူက ထင်းတဲထဲတွင် အသက်ရှင် နေထိုင်ခဲ့ရသည် ဖြစ်ပြီး မျက်လုံးဖွင့်လိုက်သည်နှင့် မီးခိုးရောင်သန်းနေသည့် လောကကြီးကိုသာ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။ ထို့အပြင် သူက မရေတွက်နိုင်သည့် အထင်သေး ရွံရှာသည့် အကြည့်များကိုသာ တွေ့ခဲ့ရ၏။
ယခု မျက်လုံးကို ဖွင့်၏။ ကြီးမားသည့် အခန်းကြီးထဲတွင် သူတစ်ယောက်တည်းသာ နိုးထလာခဲ့၏။ အခြားသော ညီအစ်ကိုများက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲပင်။
သူက ကုတင်ပေါ်မှ ထထိုင်၏။ သူ၏ ခန္ဓာကိုယ်က အဘယ်ကြောင့် ဤမျှ ပေါ့ပါးသွက်လက်နေရသနည်း။
ယခင်တုန်းက မည်မျှကြိုးစားကြိုးစား သူ၏ ခြေလှမ်းများက အမြဲတမ်း နာကျင်ကိုက်ခဲနေခဲ့၏။ သူ ကြိုးစားသော်လည်း အားအင်ကင်းမဲ့ခဲ့သည်။ အရိုးများထဲတွင် ခဲရည်များ ဖြည့်ထားသကဲ့သို့ပင် လေးလံလွန်း၏။ လက်ကို မြှောက်ဖို့ပင် အားတော်တော် စိုက်ရ၏။ သူ၏ ခြေလှမ်းများက အမြဲတမ်း အေးစက်နေတတ်၏။
ယခု သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက နွေးထွေးလို့နေ၏။ နှလုံးခုန်နှုန်းများက မမြန်သော်လည်း ယခင်ကထက် ပိုမိုကာ သန်မာလာခဲ့၏။ မှန်တစ်ချပ်ကို သူမြင်လိုက်သည်။
သူက ထိုအရာရှေ့ဆီသို့ လျှောက်သွား၏။ မှန်ရှေ့တွင် သူ့ကိုသူ ပထမဦးဆုံးအကြိမ် သေသေချာချာ ကြည့်ရှုလိုက်မိ၏။
“ဒါ၊ ဒါ၊ ဒါ ငါလား”
သူ လုံးဝပြောင်းလဲသွားခဲ့၏။ အကြည့်များက စူးရှထက်မြက်နေပြီး အသားအရေက ဖြူဖျော့မနေတော့ချေ။ ကျန်းမာသည့် အနီရောင်ပင် သန်းလျက် ရှိနေ၏။ ခန္ဓာကိုယ် အချိုးအစားကလည်း အလုံးစုံ ပြောင်းလဲသွားခဲ့၏။ ယခင်က တုတ်ချောင်းကဲ့သို့ ပိန်လှီခဲ့သော်လည်း ယခုအချိန်မှာတော့ ကြွက်သားများဖြင့် ပြည့်နှက်နေခဲ့၏။ ပိန်သည်ဆိုသော်လည်း ခွန်အားများနှင့် ပြည့်နှက်နေဆဲပင်။ ယခင်က ဤမျှလောက် သန်မာခြင်း မရှိခဲ့ချေ။
နာကျည်းမှု ဝင်လာ၏။ ဝမ်တက ချက်ချင်းပဲ ရှက်ရွံ့စွာဖြင့် မျက်နှာလွှဲလိုက်မိ၏။ မှန်ကြည့်ခြင်းက ရှက်စရာကောင်းသည့် ကိစ္စတစ်ခုဟု သူက ခံစားမိသောကြောင့်ပင်။
“နိုးလာပြီလား ငါ့နောက်လိုက်ခဲ့အုံး”
ဝမ်တက နောက်မှ လိုက်သွား၏။ အလေးတုံးများ ပုံထားသည့် ရှေ့ဆီသို့ သူတို့ ရောက်ရှိလာခဲ့သည်။ “ဒါက ၄၀ ကီလိုရှိတယ်။ မ ကြည့်စမ်း”
အရင်တုန်းက ၄၀ ကီလို မပြောနှင့် ၁၀ ကီလိုကို မ ဖို့ပင် အလွန်ခက်ခဲခဲ့၏။ ၁၅ ကီလိုသာ ကျော်ပါက ဝမ်တ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် အရိုးအားလုံးက ကျိုးသွားနိုင်၏။
နာကျည်းမှု၏ အမိန့်ကို နားထောင်ပြီးနောက် ဝမ်တက ခါးကုန်းပြီး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာဖြင့် ၄၀ ကီလို အလေးကို ရုတ်တရက် ဆွဲယူလိုက်၏။ နောက်ဆုံးတော့ သူက လဲကျလုနီးပါး ဖြစ်သွား၏။ အလေးချိန်က အလွန် လေးလံလွန်းသောကြောင့် မဟုတ်ချေ။ ပေါ့ပါးလွန်းသောကြောင့် နောက်သို့ လန်သွားခြင်း ဖြစ်သည်။
“ဒါ ၇၅ ကီလိုရှိတယ်။ စမ်းကြည့်လိုက်”
ပြီးနောက် ဝမ်တက ၁၅၀ ကီလိုဂရမ် ရှိသည့် အလေးချိန်ကိုပင်လျှင် အလွယ်တကူ မနိုင်၏။
“ဒါ ၁၈၀ ကီလိုပဲ”
ဝမ်တက ၂၈၀ ကီလိုဂရမ် ပေါင် အလေးချိန် ရှိသည့် ကျောက်တုံးများကို အလွယ်တကူ မနိုင်သည်။
“ဒါ ၃၉၀ ကီလိုပဲ စမ်းကြည့်လိုက်”
ဝမ်တက ထပ်မ ပြန်၏။ သို့သော်ငြား ဤတစ်ကြိမ်မှာတော့ အနည်းငယ် ခက်ခဲလာခဲ့ပြီ ဖြစ်၏။
“တော်ပြီ။ မင်းရဲ့ လက်တွေက ၃၉၀ ကီလိုကိုပဲ မနိုင်သေးတယ်”
နာကျည်းမှုက ပြောလိုက်သည်။ “ဒါပေမယ့် ဒါက အစပဲ ရှိသေးတယ်။ တိုးတက်ဖို့ အများကြီး ကျန်သေးတယ်”
တကယ်တမ်းမှာတော့ ထိုသူတို့က လန်ညီနောင်ကဲ့သို့ မဟုတ်ချေ။ လန်ညီနောင်တို့၏ သွေးမျိုးဆက်များက ယခင်တည်းက မြင့်မားခဲ့ပြီးသား ဖြစ်၏။ ဆယ်နှစ်တာ အတွင်းအားများကို စုစည်းခဲ့ပြီးနောက် ထိုအရာများ အသက်ဝင် နိုးထလာသည်နှင့် အရှိန်အဟုန်ပြင်းပြင်း အားကောင်းလာခဲ့၏။ ဝမ်တ အတွက်မှာတော့ ယခု ဖော်ထုတ်နိုင်ခဲ့သည့် အားအင်ဆိုသည်က သွေးမျိုးဆက် ပြုပြင်ပြီးနောက် ပထမဦးဆုံး ဖြစ်တည်လာခဲ့သည့် စမှတ်သာ ဖြစ်၏။
နာကျည်းမှုက ပြောလိုက်သည်။ “ဒါက ကျောက်လေး (ကျောက်ဖြင့်ပြုလုပ်ဖန်တီးထားသော လေးတစ်စင်း) ပဲ။ အခုလာပြီး မကြည့်အုံး”
ဝမ်တက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ကျောက်လေးကို ဆွဲမလိုက်၏။ ကျောက်လေးက ၁၃၀ ကီလို လေးပြီး တကယ့်ကို ခိုင်ခန့်သည့် လေးတစ်ခုပင်။
ရွှဲ့ပြည်နယ်၊ ချောင်ပြည်နယ်၏ ထိပ်တန်း မြားပစ်သမားများက ထိုကဲ့သို့သော ကျောက်လေးကို တပ်ဆင် အသုံးပြု၏။ ထိုအရာကို ဆွဲ၍ ပစ်ဖို့ဆိုသည်မှာ လွယ်ကူ၏။ သို့ပေမည့် ထိုအရာကို တရစပ် မြားပေါင်း နှစ်ဆယ်လောက် ပစ်ဖို့ ဆိုသည်မှာတော့ ခက်ခဲလှ၏။
“အင်း... ဒါက တစ်ပိဿာခွဲ လေးတယ်။ စမ်းကြည့်လိုက်”
ဝမ်တက ထိုအရာကို ကောက်ဆွဲလိုက်၏။ အနည်းငယ် ခက်ခဲသော်လည်း အလွန်မင်း ခက်ခဲသည်တော့ မဟုတ်ချေ။
“အင်း.. ဒီပြေးလမ်းက ခြေလှမ်း ၁၅၀ ရှိတယ်။ တတ်နိုင်သလောက် မြန်မြန်ပြေးကြည့်လိုက်”
ပြော၍ မဆုံးခင်မှာပဲ ဝမ်တက အလျင်အမြန် ထွက်ပြေးသွားသည်။
နာကျည်းမှုက စိတ်ထဲမှာ အချိန်ကို လှမ်းကာ မှတ်သားလျက် ရှိ၏။ အသက်ရှူရှိုက်စာ ဆယ်ကြိမ်။ ဆယ်စက္ကန့် မပြည့်သည့် အချိန်ပမဏ အတွင်းမှာ ပြေးနိုင်ခဲ့၏။
ကမ္ဘာမြေပေါ်တွင်တော့ ဤရလဒ်က ကမ္ဘာ့ချန်ပီယံနှင့်ပင် နီးစပ်၏။ မည်မျှ အံ့အားသင့်စရာ ကောင်းလိုက်သနည်း။ ဝမ်တက သူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု ဆယ်ဆ သို့မဟုတ် အဆ တစ်ရာအထိ တိုးတက်လာခဲ့၏။ သွေးမျိုးဆက် ပြောင်းလဲခဲ့ပြီးနောက် တကယ်ပင် အားကောင်းလာခဲ့သည်။
မီတာ ၁၀၀ ပြေးပြီးနောက် ဝမ်တက ပြန်လှည့်လာ၏။ သူက နာကျည်းမှု၏ ရှေ့တည့်တည့်တွင် ရပ်ပြီး နောက်ထပ် ရောက်လာမည့် အမိန့်သစ်ကို စောင့်ဆိုင်းနေ၏။ ဝမ်တ၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်လျက် ရှိ၏။ နှလုံးသားထဲတွင် မည်မျှ စိတ်လှုပ်ရှားလျက် ရှိနေကြောင်း ထင်ထင်ရှားရှား မြင်နိုင်၏။
“အင်း.. မင်းကို နာရီဝက် အချိန်ပေးမယ်။ မင်း ငိုချင်လည်းငို၊ ရယ်ချင်လည်းရယ်”
နာကျည်းမှုက လှည့်ထွက်သွား၏။ ပြီးနောက် သူက ကွင်းထဲတွင် ဝမ်တကို တစ်ယောက်တည်း ထားခဲ့သည်။
ဝမ်တက အရူးအမူး မရယ်မောချေ။ ရင်ဘတ်ကိုလည်း မပုတ်ချေ။ ကျယ်လောင်စွာလည်း မအော်ချေ။ သူက တိတ်တဆိတ် ကြိတ်ကာ ငိုနေရုံသာ ရှိ၏။ မျက်ရည်များက စမ်းရေကဲ့သို့ပင် တပေါက်ပေါက်နှင့် ကျဆင်းလျက် ရှိနေပြီး လုံးဝ ရပ်တန့်၍ မသွားခဲ့ချေ။ သူ အဘယ်ကြောင့် ငိုနေသည် ဖြစ်ကြောင်းကို သူ မသိချေ။ ငိုချင်ရုံသာ ရှိ၏။
သူက ပျော်ရွှင်၏။ ထို့အတူ တကယ်လည်း ကျေးဇူးတင်မိ၏။ ဆယ်မိနစ်ခန့်အကြာမှာတော့ ဝမ်တက နာကျည်းမှု၏ ခြေသံကို ကြားရ၏။ မျက်ရည်များကို သုတ်ပြီးနောက် ဝမ်တက နာကျည်းမှု၏ အမိန့်သစ်ကို စောင့်နေသည်။
“မင်း ဘယ်သူ့ကို အတွေ့ချင်ဆုံးလဲ” နာကျည်းမှုက မေးမြန်းလိုက်၏။
ဝမ်တက ဖြေလိုက်သည်။ “သခင်လေးကိုပါပဲ”
“ဟား ဟား ဟား ဟား”
နာကျည်းမှုက ပြောလိုက်၏။ “သခင်လေးက သမီးလေးမွေးလို့ ပြန်သွားတယ်။ မနက်ဖြန်လောက်တော့ ပြန်လာလိမ့်မယ်။ ပြီးတော့ သူက သူ့ကို ကျေးဇူးတင်တဲ့ လူတွေကို မျက်နှာချင်းဆိုင်ဖို့ ကျင့်သားမရသေးဘူးလို့ ငါ ထင်တယ်။ သူက လူဆိုးတွေကိုပဲ ရင်ဆိုင်တတ်တာ။ လူကောင်းတွေကို မျက်နှာချင်းဆိုင်တတ်တာ မဟုတ်ဘူး"
ချက်ချင်းပဲ ဝမ်တက ဘာပြောရမှန်း မသိတော့ချေ။ တကယ်တမ်းမှာတော့ သူက ကျေးဇူးတင်မှုကို မည်သို့ ဖော်ပြရမည်မှန်း မသိချေ။ ခန္ဓာကိုယ်တစ်ခုလုံး ပြောင်းလဲပြီးနောက် သူက အလွန်အမင်း အင်အားကြီးမား လာသည် ဆိုလျှင်တောင်မှ သူ့၏ စိတ်နေစိတ်ထားက မပြောင်းလဲခဲ့ချေ။
"လီကုန်းကျီက မကြာခင် နိုးတော့မယ်"
နာကျည်းမှုက ပြောလိုက်၏။ “မင်းကို လုပ်ခိုင်းထားတာတွေ မှတ်မိလား”
ဝမ်တက ခေါင်းညိတ်ပြလိုက်သည်။
နာကျည်းမှုက ဆက်လက်ကာ ပြော၏။ “လီကုန်းကျီကို ခေါ်ပြီး လုပ်ခိုင်းလိုက်။ ပြီးတော့ လူ ၂၃၀၀ လုံးကို ဒါတွေအကုန် ပြုလုပ်ခိုင်း”
“ကောင်းပါပြီ” ဝမ်တက စစ်တန်းလျားဆီသို့ ပြန်သွားသည်။