← Chapters

အခန်း (၅၂၉)

Vol. 36 Ch. 529

အခန်း (၅၂၉)

Vol. 36 Ch. 529

ဤတစ်ကြိမ်မှာတော့ ချောင်သံတမန်အဖွဲ့ကို အဆင့်အတန်း မြင့်မားသည့် သာသနာရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး တစ်ယောက် ဦးဆောင်လာ၏။ ချောင်ပြည်နယ်၏ စစ်တပ်က နယ်စပ်သို့ ချဉ်းကပ်လာခဲ့ပြီး ပဋိပက္ခများကိုလည်း ထပ်တလဲလဲ ဖန်တီးလျက် ရှိနေ၏။

ကျုံးမိသားစု၏ အနောက်ဘက် ကာကွယ်ရေးတပ်ဆီမှ အရေးပေါ်သတင်းများ ဆက်တိုက် ပေးပို့လာ၏။ စစ်တပ်ကြီးက မိုးတိမ်များကဲ့သို့ပင် မဲမှောင်ကာဖြင့် အရှိန်အဟုန်ပြင်းပြင်း ချဉ်းကပ်လာခဲ့ခြင်းပင်။ နောက်ဆုံးမှာတော့ စစ်သည်ပေါင်းတစ်သိန်း၏ ခြိမ်းခြောက်မှုအောက်၌ ဝန်ကြီးက နင်ယွမ်ရှန်းနှင့် ထပ်မံ တွေ့ဆုံခွင့်ရခဲ့သည်။

ရွှဲ့ဘုရင်က ဆယ်နှစ်ခန့် ပိုမိုအိုစာသွားခဲ့၏။ ဆံပင်ဖြူများက ဖြူသွားခဲ့ပြီး ကိုယ်အလေးချိန်ကလည်း အများကြီး ကျဆင်းသွားခဲ့ပုံ ပေါ်၏။ သူက ကုတင်ပေါ်တွင် ထိုင်နေ၏။ ခါးကို မတ်မတ်ထားသော်လည်း လက်များကိုမူ ဖွက်ထား၏။ တစ်ကိုယ်လုံးက ထိန်းချုပ်၍ မရနိုင်အောင် တုန်ယင်နေ၏။

နင်ယွမ်ရှန်း လေဖြတ်သွားခဲ့ပြီဖြစ်ကြောင်း ထိုဝန်ကြီးက ကောက်ချက်ချမိ၏။ သူက တရားမျှတသည့် လေသံဖြင့် တောင်းဆိုလိုက်သည်။ “အရှင်မင်းကြီး... စာချုပ်မှာ လက်မှတ်ထိုးပြီးပြီ ဖြစ်တာကြောင့် အကောင်အထည် ဖော်ရပါလိမ့်မယ်။ ဒါမှမဟုတ်ရင် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာက ဘယ်ရှိတော့မှာလဲ။”

နင်ယွမ်ရှန်းက အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဒါတွေ အားလုံးက နင်ကျန်း လုပ်သွားတာပဲ။ ရွှဲ့ပြည်နယ်ရဲ့ ဆန္ဒမှ မဟုတ်တာ”

နင်ယွမ်ရှန်းက စကားကို တမင် နှေးကွေးအောင် ပြောနေကြောင်း ထိုဝန်ကြီးက သတိပြုမိလေ၏။ စကားကို သွက်လက်စွာ မပြောနိုင်သည်မှာတော့ ထင်ရှား၏။ ရောဂါအခြေအနေက ထင်ထားသည်ထက်ပင် ပိုမိုကာ ဆိုးရွားကောင်း ဆိုးရွားနိုင်၏။

ထိုဝန်ကြီးက ပြောသည်။ “ဒါပေမဲ့ မင်းသားနင်ကျန်းက ဒီပွဲမှာဆွေးနွေးဖို့အတွက် အရှင်မင်းကြီးရဲ့ အာဏာကို အပြည့်အဝ ရယူထားတဲ့သူပါ။ ဒါကြောင့် သူ လက်မှတ်ထိုးလိုက်တဲ့ စာချုပ်က ခိုင်မာပါတယ်။ အရှင်မင်းကြီးရဲ့ သဘောထားဆန္ဒကို အပြည့်အဝ ကိုယ်စားပြုတဲ့သူပါပဲ။ ပြီးတော့ ဒီစာချုပ်က ကျုပ်တို့ နိုင်ငံနှစ်ခုတည်းရဲ့ လက်ထဲမှာတင် ရှိတာ မဟုတ်ဘူး။ တော်ဝင်ရန်အင်ပါယာရဲ့ လက်ထဲမှာလည်း ရှိနေပါတယ်”

နင်ယွမ်ရှန်းက ဒေါသတကြီး ဖြစ်သွား၏။ “ခွေးမသား သားမိုက်လို့ကောင်... ကျက်သရေ မရှိတဲ့ အကောင်”

ပြီးနောက် သူက အမိန့်တော် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ “လီစွမ်း... နင်ကျန်းကို ချက်ချင်း ဖမ်းစမ်း။ ပြီးတော့ ဘိုးဘေးအကျဉ်းထောင်ထဲမှာ ချုပ်ထား။ ပြစ်ဒဏ်ကို စောင့်ဆိုင်းစေ။”

လီစွမ်းက အမိန့်တော်ကိုနာခံပြီး ချက်ချင်း ထွက်ခွာသွား၏။ ပြီးနောက် နင်ကျန်းက အဖမ်းခံလိုက်ရပြီး ဘိုးဘေးအကျဉ်းထောင်ထဲသို့ ပို့ဆောင်ခံလိုက်ရ၏။

တစ်တိုင်းပြည်လုံးက ဝမ်းမြောက်ဝမ်းသာစွာဖြင့် လက်ခုပ်တီးကြသည်။ သို့ပေမည့် နင်ကျန်းကို ဖမ်းရုံလောက်နှင့် လုံလောက်ပါမည်လား။ သစ္စာဖောက်၏ နောက်ကွယ်မှ တရားခံ အစစ်အမှန်က ရှမ့်လန် ဖြစ်၏။ နင်ကျန်းက စာချုပ်ကို လက်မှတ်ထိုးခဲ့ရုံသာ တာဝန်ရှိ၏။ ဤရယ်ရွှင်ဖွယ်ရာကောင်းသည့် နယ်စပ်အမဲလိုက်ပွဲကို အဆိုပြုခဲ့သူက ရှမ့်လန်သာ ဖြစ်ပေလိမ့်မည်။

နင်ကျန်း အဖမ်းခံရမှုကြောင့် အရာရှိ၊ အရာခံ အားလုံးတို့က အားတက်သွားခဲ့ကြ၏။ ရှမ့်လန်ကို စွပ်စွဲ ပြစ်တင်သည့် တိုင်ကြားစာများက ထပ်မံက ကျဆင်းလာခဲ့ပြန်၏။ သူတို့က ရှမ့်လန်ကို သစ္စာဖောက် အဖြစ် သေဒဏ်ပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုကြ၏။ သို့ပေမည့် ဘုရင်မင်းမြတ်က မည်သည့် အရာကိုမှ မမြင်၊ မကြားသလို နေ၏။

ပြစ်တင် ရှုတ်ချသည့် တိုင်ကြားစာများ မအောင်မြင်ချိန်မှာတော့ အရာရှိ၊ အရာခံအားလုံးတို့က တစ်ယောက်ပြီး တစ်ယောက် ဦးတိုက်ကာ လျှောက်ထားကြ၏။ သူတို့က နန်းပြင်ထက်တွင် နဖူးမှ သွေးများ ထွက်သည်အထိ ဦးတိုက်ကာ တောင်းဆိုကြသည်။

နောက်ဆုံးမှာတော့ အရှင်မင်းမြတ်က နောက်ထပ် အမိန့်တော်တစ်ရပ်ကို ထုတ်ပြန်လိုက်၏။ တော်ဝင် အစောင့်တပ်များက ချန်းဖန်နယ်စား အိမ်တော်သို့ ဝင်ရောက်ပြီး ရှမ့်လန်ကို ခြံဝင်းတစ်ခုတွင် အကျယ်ချုပ် ချထားရန် အမိန့် ဖြစ်၏။ ထွက်ခွာခွင့် မပြုဘဲ ပြစ်ဒဏ်ကို စောင့်ဆိုင်းနေရပေလိမ့်မည်။

ပြီးနောက် နင်ယွမ်ရှန်းက ချောင်ပြည်နယ် သာသနာရေး ဝန်ကြီးဌာနမှ ဝန်ကြီးကို ထပ်မံ ဆင့်ခေါ်၏။

“အခု ခင်ဗျားတို့ နိုင်ငံအနေနဲ့ ကျေနပ်သင့်ပြီ။ တရားခံ နင်ကျန်းကို ထောင်ချလိုက်ပြီ”

နင်ယွမ်ရှန်းက ပြောလိုက်သည် “နယ်စပ်အမဲလိုက်ပွဲက သူ စီစဉ်ထားတဲ့ ကိစ္စတစ်ခုပဲ။ ဒီကိစ္စကို အတည်မယူနဲ့တော့”

ချောင်ပြည်နယ်၏ သာသနာရေး ဝန်ကြီးဌာနမှ ဝန်ကြီးက စိတ်ထဲတွင် လှောင်ပြောင်လိုက်၏။ ‘ရွှဲ့ဘုရင်.... ခင်ဗျားက နိုင်ငံရေးကိစ္စကို ဟာသလို့ သဘောထားနေတာလား။ ခင်ဗျား နေမကောင်း ဖြစ်နေတုန်း ချောင်ပြည်နယ်က စစ်သည်လွှတ်ပြီး တိုက်ခိုက်မှာကို စိုးရိမ်လို့ ဒီရယ်စရာကောင်းတဲ့ နယ်စပ်အမဲလိုက်ပွဲကို ငါးစာအဖြစ် ချထားခဲ့တာပဲ မဟုတ်လား။ ခင်ဗျားရဲ့ စိတ်ကူးယဉ်အိမ်မက်တွေက လွဲနေပြီ။ ချောင်ပြည်နယ်က ဒီလောက် လွယ်လွယ်နဲ့ အလိမ်ခံဖို့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ အသားတုံး ပစ်ကျွေးပြီ ဆိုမှတော့ ချောင်ပြည်နယ်က စားရတော့မှာပေါ့။ နင်ကျန်းက တရားခံ ဆိုတာ ဘာသဘောလဲ။ ရယ်စရာ ကောင်းလိုက်တာ။ ဒီတရားခံရဲ့ အနောက်မှာ ခင်ဗျား ရှိနေတာ ကျုပ်မသိဘဲ နေမလား။’

ထိုဝန်ကြီးက အေးစက်စက်နှင့် ပြောလိုက်သည်။ “အရှင်မင်းကြီး.... ကျုပ်တို့ ဘုရင်က အမိန့်တော် တစ်စောင် ပေးပို့လိုက်တယ်။ ကျုပ် ဆက်သပါရစေ”

ပြီးနောက် ထိုဝန်ကြီးက ဘုရင်ထံသို့ စာလွှာတစ်ခုကို ဆက်သ၏။ စာလွှာက တကယ့်ကို ရိုးရှင်းပြီး စာတစ်ကြောင်းတည်းသာ ပါ၏။ “ညီတော်ရွှဲ့ဘုရင်... နယ်စပ်အမဲလိုက်ပွဲကို ကျင်းပမလား၊ ဒါမှမဟုတ် နေရာအနှံ့ စစ်မီးတွေ တောက်လောင်စေမလား”

ဤသည်က ဗြောင်ကျကျ စိန်ခေါ်ခြင်း ဖြစ်၏။ နင်ယွမ်ရှန်း၏ မျက်နှာတစ်ခုလုံးက ရှုံ့မဲ့သွား၏။ သူ၏ လက်များက မထိန်းချုပ်နိုင်ဘဲ တုန်ယင်လျက် ရှိနေသည်။

ထိုဝန်ကြီးက စိတ်ထဲတွင် လှောင်ပြောင်လျက် ရှိနေ၏။ ‘ရွှဲ့ဘုရင်... ခင်ဗျား အချိန်ဆွဲမယ့် အစီအစဉ်က ပျက်သွားခဲ့ပြီပဲ။ ဒီတစ်ကြိမ် ခင်ဗျားရဲ့ ဂုဏ်သိက္ခာတွေ၊ ငွေကြေးတွေ၊ တိုင်းပြည်ကိုပါ ဆုံးရှုံးမယ့် အခြေအနေ ရောက်နေပြီ။’

ထိုဝန်ကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။ “အရှင်မင်းကြီး... အရှင်မင်းကြီးက မဖြစ်ဘူးလို့ ပြောလိုက်တာနဲ့ ကျုပ် ရွှဲ့ပြည်နယ်ထဲက ထွက်သွားမယ်။ ပြီးတော့ ဆွေးနွေးမှုကို တစ်ခါတည်း အပြီးသတ် လိုက်မယ်။ ဒါဆိုရင် ကျုပ်တို့နိုင်ငံနှစ်ခုက တကယ်ပဲ တိုက်ခိုက်ရပါတော့မယ်”

နင်ယွမ်ရှန်းက တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ဘာလို့.. ဘာ၊ ဘာလို့လဲ၊ ဒါ... ဒါ လွန်လွန်းတယ် မဟုတ်လား”

သို့ပေမည့် အပြင်ဘက်ဆီမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။ “အရေးပေါ်၊ အရေးပေါ်.. ချောင်စစ်တပ်တွေက ၁၀ မိုင် ထပ်ပြီး ကျော်လာခဲ့ပြီ။ သူတို့က နယ်စပ်မြို့ရဲ့တံခါးဝကိုတောင် ရောက်နေပြီ။ အရှင်မင်းကြီး... အခြေအနေ မကောင်းတော့ဘူး။ ချောင်စစ်တပ်တွေ နယ်စပ်မြို့ရဲ့ တံခါးဝကို ရောက်နေပြီ”

အပြင်ဘက်ဆီမှ အရေးပေါ် သတင်းပေးပို့သည့် အသံများကို နားထောင်ပြီး ဘုရင် နင်ယွမ်ရှန်း၏ ခန္ဓာကိုယ်က လဲပြိုလုမတတ်ပင် ယိုင်နဲ့သွားသည်။

ဝန်ကြီးက အေးစက်စက် ပြောလိုက်၏။ “အရှင်မင်းကြီး... အခုလောက်ဆို ကျုပ်တို့ ဘုရင်ရဲ့ ဆန္ဒ သဘောထားကို သိလောက်ပါပြီ။”

နင်ယွမ်ရှန်းက ရုတ်တရက် ထထိုင်လိုက်ပြီး တင်းမာစွာဖြင့် ပြောလိုက်သည်။ “တိုက်ဆိုတော့လည်း တိုက်ကြတာပေါ့။ ငါက ဘာကို ကြောက်ရမှာလဲ။ အများဆုံး ငါ ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်မယ်”

စကားမဆုံးခင်မှာပဲ ခန္ဓာကိုယ်က ယိုင်လဲသွားပြန်၏။

ဝန်ကြီးက စိတ်ထဲတွင် လှောင်ပြောင်နေသည်။ ‘နင်ယွမ်ရှန်း... ကိုယ့်ကိုယ်ကိုယ် အရင်တုန်းကလို ထင်နေတုန်းပဲလား။ အခု နေမကောင်း ဖြစ်နေပြီ။ အခု ဘာမှ လုပ်နိုင်စွမ်း မရှိတော့ဘူး။ ဟန်ဆောင် မနေနဲ့တော့။ ကျားသေပြီဆိုရင် ခွေးတောင် အနိုင်ကျင့်တယ်တဲ့။’

နင်ယွမ်ရှန်းက မျက်လုံးကို မှိတ်ပြီး ပြင်းပြင်းထန်ထန် အသက်ရှူနေ၏။ သူ၏ အသက်ရှူနှုန်းများက အားနည်းလျက် ရှိနေ၏။ ခဏလောက် ကြာပြီးနောက် နင်ယွမ်ရှန်းက တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ “သွား၊ သွား... နင်ကျန်းကို ဖမ်းခေါ်ခဲ့ချေ”

ခဏကြာမှာတော့ ပဉ္စမမင်းသားနင်ကျန်းက အဖမ်းခံရပြီး ဘုရင်မင်းမြတ်၏ ရှေ့တော်မှောက်ဆီသို့ ပို့ဆောင်ခြင်း ခံရသည်။

“သားဆိုး သားမိုက်” နင်ကျန်းအား မြင်လိုက်သည်နှင့် နင်ယွမ်ရှန်းက တကယ်တမ်း ထကာ ရိုက်လုမတတ်ပင် ဖြစ်နေ၏။

နင်ကျန်းက မလှုပ်မယက်ဖြင့် ဒူးထောက်လျက် ရှိနေသည်။

နင်ယွမ်ရှန်းက ပြောလိုက်၏။ “သားမိုက်... ဒါတွေအားလုံးက မင်းရဲ့ အမှားပဲ။ အကျိုးဆက် အားလုံးကို မင်းပဲ ခံစားရမယ်။ ဒီလို အဓိပ္ပာယ်မရှိတဲ့ နယ်စပ်အမဲလိုက်ပွဲကို မင်းနဲ့ ရှမ့်လန် နှစ်ယောက်ပဲ အကြံပြုခဲ့တာ မဟုတ်လား။ ဒါဆိုရင် မင်းတို့ နှစ်ယောက်လုံးပေါ်မှာ အဲဒီတာဝန်တွေ ပုံအပ်လိုက်မယ်။ ငါ စစ်သည် တစ်ဦး တစ်ယောက်ကိုမှ ပို့မပေးဘူး။ ချောင်ပြည်နယ်ထဲက လက်ရွေးစင် စစ်သည် ၅၀၀၀ ကို စစ်သည် ၂၀၀၀ နဲ့ ယှဉ်ပြိုင်တိုက်ခိုက်မယ် ဟုတ်လား။ မင်းနဲ့ ရှမ့်လန်က ဘယ်လိုလုပ်ပြီး ဒီလိုအကြံမျိုးကို ထွက်လာရတာလဲ။ အဓိပ္ပာယ် မရှိဘူး။ အဓိပ္ပာယ် မရှိတဲ့ ကောင်တွေ”

နင်ယွမ်ရှန်းက ဒေါသထွက်လွန်းသောကြောင့် အသက်ရှူနှုန်းများပင် မမှန်တော့ချေ။ အနားတွင် ရှိနေသည့် လီစွမ်းက အလျင်မြန် ရှေ့သို့ တိုးလာပြီး ဘုရင်မင်းမြတ်၏ ရင်ဘတ်ကို ပွတ်ပေးသည်။

“နင်ကျန်း... ငါထပ်ပြောမယ်။ ဒီအမဲလိုက်ပြိုင်ပွဲကို ငါ ဝင်မစွက်ဖက်ဘူး။ စစ်သည် တစ်ယောက်ကိုမှ မပို့ဘူး။ အဲဒီ စစ်သည် ၂၀၀၀ ကို ဘယ်လိုရှာမလဲ မင်းတို့ကိုယ်တိုင် မင်းတို့လုပ်။

မင်းတို့ကိုယ်တိုင် ချောင်ဘုရင်နဲ့ အမဲလိုက်ပွဲကို သွားကြ။ အကယ်၍ ရှုံးနိမ့်ခဲ့ရင် အကျိုးဆက်ကို မင်းနဲ့ ရှမ့်လန်နဲ့ ခံရလိမ့်မယ်။ အေး... ပြီးရင် မင်းကို သာမန်အရပ်သားအဖြစ် ထားမယ်။ ရှမ့်လန်ရဲ့ ဂုဏ်ထူးဂုဏ်ပုဒ်တွေ၊ ရာထူးတွေ အကုန်လုံးကို သိမ်းမယ်။ မင်းတို့ နှစ်ယောက်ကို မိုင် ၃၀၀၀ ဝေးတဲ့ အရပ်ကိုပို့ပြီး နယ်နှင်ပစ်မယ်။ အေး... အကယ်၍ နိုင်ခဲ့ရင်တော့၊ အင်း... နိုင်ခဲ့ရင်တော့ ထားလိုက်တော့”

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ “သွား… သွားတော့”

နင်ကျန်းက ခေါင်းငုံ့ကာ အရိုအသေ ပေးလိုက်သည်။ “ကျေးဇူးကြီးလှပါတယ် အဖေ”

ပြီးနောက် နင်ကျန်းက နန်းတော်မှ ထွက်ခွာလာခဲ့၏။

ချောင်ပြည်နယ်၏ နန်းတွင်းမှတ်တမ်းထိန်းအမတ်က အတွင်းစိတ်ထဲမှ ကြိတ်ကာ ငိုယိုလျက် ရှိနေသည်။ ‘နင်ယွမ်ရှန်း... ရှုံးမယ်ဆိုတာ ကြိုသိနေတာကို။ ဒါပေမဲ့ တကယ့်ကို ရက်စက်လွန်းတယ်။ ကိုယ့်ရဲ့အမှားကို နင်ကျန်းနဲ့ ရှမ့်လန်တို့ဆီကို ပုံချခဲ့တာပဲ။ ခင်ဗျားက တကယ့်ကို တစ်ကိုယ်ကောင်းဆန်တဲ့ လူတစ်ယောက်ပဲ။ စစ်သည် တစ်ယောက်ကိုမှ ပေးရကောင်းမှန်း မသိဘူး။ နင်ကျန်းနဲ့ ရှမ့်လန်တို့ကို ကိုယ့်ဘာသာ စစ်သည် ရှာခိုင်းတယ်။ ခင်ဗျားက တကယ့်ကို ရက်စက်လွန်းတယ်။

ရက်ချိန်းက သတ်မှတ်ခဲ့ပြီးပြီ။ လေးလအတွင်းမှာပဲ တိုက်ခိုက်ရတော့မှာ။ လေးလအတွင်း နင်ကျန်းနဲ့ ရှမ့်လန်ကို စစ်သည်စုဆောင်းပြီး အစကနေ စစ်ပညာတွေ အကုန်လုံး ပြန်ပြီး သင်ခိုင်းရမယ်ပေါ့။ ပြီးတော့ ယှဉ်ပြိုင်ရမယ့် လူတွေက ချောင်ပြည်နယ်က လက်ရွေးစင် စစ်သည် ၅၀၀၀။’

တကယ့် ခေါင်းခံမည့်သူများဆိုသည့် အဓိပ္ပာယ်က ရှင်းရှင်းလင်းလင်း ပေါ်ပေါက်လာခဲ့၏။ နင်ယွမ်ရှန်းက နေမကောင်း ဖြစ်လို့နေပြီး ချောင်ပြည်နယ်ကို အရှုံးပေးရတော့မည်အား ဝန်ခံရပေလိမ့်မည်။ သို့ပေမည့် သူ မျက်နှာပျက်မည်ကို မလိုလားသောကြောင့် တိုင်းပြည်၏အရှက်သိက္ခာကို ရင်စီးခံမည့် တခြားသော သူများအပေါ် အပြစ်ဟူသမျှကို ပုံချခဲ့ခြင်းပင်။

ချောင်ပြည်နယ်က ဤကဲ့သို့ မိုက်မဲသည့် ကိစ္စရပ်ကို ဂရုမစိုက်ချေ။ သူတို့က ရလဒ်ကိုသာလျှင် လိုချင်၏။

“အရှင်မင်းကြီး... နယ်စပ်အမဲလိုက်ပွဲကို ချောင်ပြည်နယ်နဲ့ ရွှဲ့ပြည်နယ်တို့ ဘယ်နေ့မှာ ကျင်းပမလဲ”

“လာမယ့်နှစ်ရဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ကျင်းပဖို့ ဆုံးဖြတ်လိုက်ပြီ” နင်ယွမ်ရှန်းက မျက်လုံးမှိတ်ကာ သဘောတူညီလိုက်သည်။

မှတ်တမ်းရေးရာ အမတ်က ပြောလိုက်၏။ “ဒါဆိုရင် အရှင်မင်းကြီး လက်မှတ်ထိုးပေးပါအုံး”

ပြီးနောက် သူက ယုံကြည်မှု စာလွှာကို လှမ်းပေးသည်။

လီစွမ်းက ထိုအရာကိုယူပြီး နင်ယွမ်ရှန်းထံ ဆက်သလိုက်၏။ နင်ယွမ်ရှန်း၏ ညာဘက်လက်က တုန်ယင်နေပြီး စုတ်တံကိုပင် ကောင်းကောင်းမကိုင်နိုင်ချေ။ သူက အသက်ကို ပြင်းပြင်းရှူသွင်းပြီး နာမည်ကို ရေးထိုးလိုက်၏။ ပြီးနောက် ဘုရင့်တံဆိပ်တုံးကို ထုနှိပ်ခိုင်း၏။

ထိုစာလွှာကို လာရောက်ညှိနှိုင်းဆွေးနွေးလျက် ရှိနေသည့် ဝန်ကြီးက တကယ်ပင် ဝမ်းမြောက်သွား၏။ နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ။ သူတို့က ချောင်ပြည်နယ်က ရွှဲ့ပြည်နယ်၏ အသားတစ်ပိုင်းကို စားသုံးရပေတော့မည်။ ချောင်ပြည်နယ်၏ ကြီးမားသော အောင်ပွဲတစ်ခုလည်း ဖြစ်ပေလိမ့်မည်။

နယ်နိမိတ် မိုင်ပေါင်း ၂၀ နှင့် ခံတပ်ပေါင်း ၂၃ ခုတင်မက အနီးပတ်ဝန်းကျင်၏ မြေပိုင်နက်လည်း ပါဝင်၏။ တကယ့်ကို နယ်မြေက ကြီးမားလွန်း၏။ ငွေဒင်္ဂါးပြား ၈ သိန်းကိုလည်း လျော်ကြေးအဖြစ် ရရှိပေဦးမည်။ ထို့ပြင် ရွှဲ့ဘုရင်ကလည်း ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ရပေဦးမည်။

နှိုင်းယှဉ်၍ မရနိုင်သည့် အောင်ပွဲကြီး တစ်ခုကဲ့သို့ပင်။ ဤသို့ဆိုလျှင် ရွှဲ့ပြည်နယ်က လာမည့် နှစ်ပေါင်း ၁၀ နှစ် အတွင်းမှာ တောင်ပိုင်းနိုင်ငံ၏ တိုက်ခိုက်မှုကို မည်သို့မှ တွန်းလှန်နိုင်တော့မည် မဟုတ်ချေ။

‘နင်ယွမ်ရှန်း... ဒီလိုနေ့မျိုး ရောက်လာမယ်လို့ ထင်မထားခဲ့ဘူး မဟုတ်လား။ အရင်က ဘယ်လောက်ပဲ အစွမ်းထက်ပြီး အာဏာရှိခဲ့၊ ရှိခဲ့ အခု နေမကောင်းဖြစ်တဲ့အချိန်မှာတော့ ခင်ဗျားရဲ့ အစစ်အမှန် သဘော သဘာဝတွေက ပေါ်ပေါက်လာခဲ့ပြီပဲ။ ဟား ဟား ဟား’

တံဆိပ်တုံးကို ထုပြီးနောက် နင်ယွမ်ရှန်းက အိုမင်းသွားသကဲ့သို့ပင် ခါးများပင် ကုန်းသွား၏။ သူက မျက်ဝန်း ထဲတွင် မျက်ရည်များပင်ဝိုင်းလျက် ရှိနေ၏။

မည်မျှ ရှက်ရွံ့စရာကောင်းလိုက်သနည်း။ ထိုဝန်ကြီးက အတွေးစိတ်မှ ပြုံးရယ်လျက် ရှိနေပြီး အပြင်ပိုင်းမှာ ဖြောင့်မတ်သည့်ဟန်ကို ဆောင်ထား၏။ သူက ဦးညွတ်ကာ အရိုအသေ ပေးလိုက်သည်။ “ဒါဆိုရင် ဆုံးဖြတ်ချက်အတိုင်း လာမယ့်နှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ နယ်စပ်အမဲလိုက်ပွဲကို ကျင်းပမယ်။ ကျုပ်ကလည်း အရှင်မင်းကြီးဆီ ပြန်ပြီး အစီရင်ခံလိုက်ပါအုံးမယ်”

......

အခန်းထဲမှာတော့ နင်ယွမ်ရှန်း၊ နင်ကျန်းနှင့် လီစွမ်းတို့သာ ကျန်ရှိခဲ့၏။ နင်ယွမ်ရှန်းက နောက်သို့ အသာမှီချပြီး ဖြည်းညင်းစွာ ပြောလိုက်၏။

“နင်ကျန်း... ငါ့ရဲ့ ပြဇာတ်က ပြီးသွားပြီ။ အခု မင်းနဲ့ ရှမ့်လန်ရဲ့ အလှည့်ပဲ။ မင်းတို့ ဘယ်လိုအောင်မြင်အောင် လုပ်မလဲဆိုတာကို ငါ စိတ်ကူးနဲ့တောင် တွေးကြည့်လို့တောင် မရဘူး။ ဒါပေမဲ့ ရှမ့်လန်က အတင်းအကျပ် တောင်းဆိုနေတယ် ဆိုမှတော့ ငါ သူ့ကို အခွင့်အရေး ပေးလိုက်မယ်။

ဒီတစ်ကြိမ် ရှုံးနိမ့်သွားပြီ ဆိုရင်တော့ ငါပြောထားတဲ့အတိုင်းပဲ မင်းကို သာမန်အရပ်သားဖြစ်အောင် လုပ်ပစ်မယ်။ ရှမ့်လန်နဲ့အတူ ပြည်နှင်ဒဏ်ပေးမယ်။ အကယ်၍ နိုင်ခဲ့တယ် ဆိုရင်တော့ ထီးနန်းလုဖို့ အခွင့်အရေး ပြီးတော့ စစ်သည်တွေကို တိုးချဲ့ခွင့်နဲ့ ထျန်းရွှဲ့ပြည်နယ်ရဲ့ တပ်မှုးတာဝန်ယူဖို့ မင်းကို အခွင့်အရေး ပေးမယ်”

နင်ကျန်းက မြေပြင်နှင့် နဖူးထိအောင် ဦးညွှတ်လိုက်သည်။ “အမိန့်တော်အတိုင်းပါ ဘုရင်မင်းမြတ်”

ထိုအခိုက်မှာတော့ နင်ယွမ်ရှန်းက လီစွမ်းအား ပြောလိုက်၏။ “ခွေးအိုကြီး... ငါရူးနေတယ်လို့ မင်းထင်နေတာလား။ ငါ့ကိုယ်ငါ ရူးနေတယ်လို့တောင် ထင်မိတယ်”

ချောင်ပြည်နယ်နှင့် ရွှဲ့ပြည်နယ်တို့၏ နယ်စပ်အမဲလိုက်ပွဲကို တရားဝင် အတည်ပြုလိုက်ပြီ ဖြစ်၏။ နှစ်နိုင်ငံ၏ ဘုရင်များက လက်မှတ်ရေးထိုးပြီး တံဆိပ်တုံးများပင် ထုနှိပ်ပြီး ဖြစ်သည်။ ရွှဲ့ပြည်နယ် နယ်စပ် အမဲလိုက်တပ်၏ အဓိက တပ်မှုးက ပဉ္စမမင်းသား နင်ကျန်းဖြစ်ပြီး ရွှဲ့ဘုရင်က စစ်သည် တစ်ယောက်မှ ပေးမည် မဟုတ်ပေ။ စစ်သည်ပေါင်း ၂၀၀၀ ကို နင်ကျန်းကိုယ်တိုင် စုဆောင်းရပေလိမ့်မည်။

ထိုသတင်း ပြန့်နှံ့သွားသည်နှင့် တပြိုင်နက် ကြီးမားသည့် လှုပ်ခတ်မှုများက ဖြစ်ပေါ်လာခဲ့၏။ ရွှဲ့ပြည်နယ် တစ်ခုလုံးက တုန်လှုပ်ချောက်ခြားလျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများပင်လျှင် အံ့အားသင့်နေ၏။ လောကကြီးတွင် ဤမျှ အဓိပ္ပာယ်ကင်းမဲ့သည့် နယ်စပ်အမဲလိုက်ပွဲ ဆိုတာ ရှိနေသေးသည်လား။

‘နင်ယွမ်ရှန်း.. ခင်ဗျားက ရက်စက်လွန်းတယ်။ ကိုယ့်ရဲ့ သားတစ်ယောက်ကို ဘယ်လိုဖြစ်ပြီး ဒီလို ရက်ရက်စက်စက် စတေးရတာလဲ’

နင်ကျန်းနှင့် ရှမ့်လန်ကို မီးပုံထဲသို့ တွန်းချခဲ့ခြင်းပင်။ ချက်ချင်းပဲ နင်ကျန်းနှင့် ရှမ့်လန်တို့အပေါ်တွင် ရှိနေသည့် စွပ်စွဲအပြစ်တင်မှု အားလုံးက ပျောက်ကွယ်သွားခဲ့၏။ လူတိုင်းက လက်ရှိအခြေအနေ၌ ရည်ရွယ်ချက်ကို မြင်လာခဲ့ကြ၏။ နင်ကျန်းနှင့် ရှမ့်လန်က ဘုရင်မင်းမြတ် အတွက် အစတေးခံရသူများ သာ ဖြစ်၏။ မည်မျှ ဝမ်းနည်းစရာ ကောင်းလိုက်သနည်း။

“ရှမ့်လန်... မင်း ဘုရင်မင်းမြတ်ကို ကယ်တင်ခဲ့တယ်လို့ ကြားပေမဲ့ ဘုရင်မင်းမြတ်က မင်းကို အရင်ဆုံး စတေးပစ်ခဲ့တာပဲ။ မင်း အရူးကောင်ကတော့ ရှေ့ဆက်ပြီး ဘယ်လို အသက်ဆက်ရှင်သန်မလဲ ဆိုတာ ငါကြည့်အုံးမယ်”

“ဘုရင်မင်းမြတ်က မင်းကို သဘောကျတုန်းက မင်းရဲ့ အရှိန်အဝါတွေကို ပြသခဲ့တယ်။ အခု ဘုရင်မင်းမြတ် နာမကျန်းဖြစ်တဲ့ အချိန်မှာတော့ သူက မင်းကို အရင်ဆုံး သတ်ဖို့ လုပ်နေပြီ။ မင်းကို ဘယ်သူက အားနည်းခိုင်းနေလို့လဲ။ အခုတော့ မင်းရဲ့ အားနည်းမှုအတွက် ဒီဒုက္ခတွေ အကုန်လုံးကို ခံသင့်တယ်။”

“မင်းက နင်ကျန်းကို ထီးနန်းယှဉ်ပြိုင်ဖို့အတွက်ပါ လှုံ့ဆော်ခဲ့သေးတယ်။ အခု ဘာကို လုမှာလဲ။ ဘာထီးနန်းကို လုမှာလဲ။ လေးလ ကြာပြီးရင် မင်းနဲ့ နင်ကျန်းက မိုင် ၃၀၀၀ ဝေးတဲ့ အရပ်ဆီကို ပြည်နှင်ဒဏ် ပေးခံရမယ်”

“ရှမ့်လန်... မင်းက သူတောင်းစား၊ အောက်တန်းစားကောင်ပဲ။ နင်ကျန်းကိုပါ ဆင်းရဲတွင်းထဲ ဆွဲခေါ်သွားခဲ့တယ်။ အရင်တုန်းက မင်းသားတစ်ယောက်အနေနဲ့ အရေးမပါပေမဲ့ လူလူသူသူ နေရသေးတယ်။ အခု မင်းကြောင့် ရာထူးက ထုတ်ပယ်ခံရပြီး လူမရှိသူမရှိတဲ့ နေရာဆီကို နှင်ထုတ်ခံရတော့မယ်”

ဟုတ်ပေ၏။ နယ်စပ်အမဲလိုက်ပွဲ တရားဝင် ရှုံးနိမ့်မှသာလျှင် နှစ်ယောက်လုံးက ပြည်နှင်ဒဏ်ကို ခံရပေမည်။ သို့ပေမည့် ဤကဲ့သို့ အဓိပ္ပာယ် မဲ့လွန်းသည့် နယ်စပ်အမဲလိုက်ပွဲ ဆိုသည်မှာ မည်သို့မှ အနိုင်ယူနိုင်မည့် အရာမျိုး မဟုတ်ချေ။ ထိုအ့ပြင် ပြောဆိုရမည်ဆိုလျှင် ရှမ့်လန်ထံတွင် စစ်သည် ၂၀၀၀ မရှိချေ။

ကျင်းမိသားစု၏ တပ်များကို ရွှေ့ပြောင်းကာ ခေါ်ဆောင်ရမည်လား။ ကျင်းမိသားစု၏ တပ်ဖွဲ့ဝင်များက ချောင်ပြည်နယ်၏ လက်ရွေးစင် စစ်သည်များကို မည်သို့မှ ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့က တော်ဝင်မျိုးနွယ်များ၏ ကိုယ်ပိုင်စစ်သည်များသာ ဖြစ်သောကြောင့်ပင်။ ကျင်းမိသားစုက ရှမ့်လန်ကို သမက် တော်ထားရတာ တကယ့်ကို ကံဆိုးခြင်းသာ ဖြစ်ပေမည်။

All Chapters