← Chapters

အခန်း (၅၃၅)

Vol. 36 Ch. 535

အခန်း (၅၃၅)

Vol. 36 Ch. 535

လူတိုင်း၏ အကြည့်က ရုတ်ချည်းဆိုသလိုပဲ ဝမ်တဆီသို့ ရောက်ရှိသွားခဲ့၏။ ဤအရာက အဆင့်နိမ့်ဆုံး ရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်ဖြစ်ပြီး ပမာဏအားဖြင့် မီလီမီတာဝန်းကျင်သာရှိ၏။ သို့ပေမည့် လုံလောက်၏။

စမ်းသပ်ဖန်ပြွန်ထဲတွင် ထည့်သွင်းသိုလှောင်ထားစဉ်က ရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်များက ငိုက်မြည်းနေသည့် လူများကဲ့သို့ပင် လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် တည်ရှိနေခဲ့ကြ၏။ စွမ်းအင် မရှိသောကြောင့် သူတို့က စားသောက်ခြင်းမပြုသလို စွမ်းအင်ထုတ်လွှတ်ခြင်းကိုလည်း မပြုလုပ်နိုင်ကြချေ။

သို့ပေမည့် ဝမ်တ၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် ထိုရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်များက နိုးထလာခဲ့ပြီး သွေးကြောများမှတစ်ဆင့် နှလုံးသားဆီသို့ လျင်မြန်စွာ ကူးခတ် သွားခဲ့ကြ၏။

ရေတွက်၍ မရအောင် များပြားသည့် အဏုဇီဝပိုးမွှားများက ဝမ်တ၏ နှလုံးသားထဲတွင် နေရာယူလိုက်ကြ၏။ ပြီးနောက် သူ၏ အသက်စွမ်းအင်ကို စတင်ကာ ဝါးမျိုကြတော့၏။ ခဏအတွင်းမှာပဲ ဝမ်တ၏ ခန္ဓာကိုယ်ကြီးက ပိန်လှီသွားရုံမကဘဲ သူ၏ အသက်စွမ်းအင်များက လျင်မြန်စွာ ညှိုးနွမ်းခြောက်သွေ့ကုန်သည်။

အဆင့်နိမ့်ဆုံး ရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်ဖြစ်သော်လည်း ထိုအရာ၏ အစွမ်းက ကြောက်မက်ဖွယ်ရာ ကောင်း၏။ ဝမ်တ၏ ခန္ဓာကိုယ်က အားနည်းလွန်းသောကြောင့် သနားဖွယ်ရာ ကောင်းလွန်းသည့် အသက်စွမ်းအင်များက ထိုကူပိုးကောင်များ၏ စားသောက်မှုအတွက် လုံလောက်မှုပင် မရှိချေ။

နှလုံးခုန်သံများက ပိုမိုကာ မြန်ဆန်လာ၏။ အသက်ရှူနှုန်းများကလည်း ပိုမိုကာ မြန်ဆန်လာ၏။

နောက်ဆုံးမှာတော့ ရုတ်တရက် နှလုံးခုန်နှုန်း ရပ်တန့်သွား၏။ နောက်ဆုံးထွက်သက်ကို မှုတ်ထုတ် ခဲ့ပြီးနောက် သူ၏အသက်ရှူခြင်းက အလုံးစုံ ရပ်တန့်သွားခဲ့၏။ မျက်စိတစ်မှိတ်အတွင်း ဝမ်တ၏ အသက်စွမ်းအင် အားလုံးက ဝါးမျိုခြင်းကို ခံလိုက်ရ၏။ သေသွားသည့်ပုံ ပေါ်သည်။

သို့သော်ငြား ရှမ့်လန်က လုံးဝ စိတ်လှုပ်ရှားခြင်း မရှိချေ။ ဤမြင်ကွင်းကို သူက အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးပြီး ဖြစ်သောကြောင့်ပင်။ ထိုအရာက အစစ်အမှန် ငရဲတံခါးဝပင် ဖြစ်၏။ လက်ခံသူ၏ နှလုံးခုန်နှုန်း ရပ်တန့်သွားသည်နှင့် တပြိုင်နက် ဤပိုးကောင်များက အလိုအလျောက် ဝါးမျိုခြင်းကို ရပ်တန့်ပြီး စွမ်းအင်များကို ပြန်လည်ကာ ထုတ်လွှတ်ကြတော့၏။ ပြီးနောက် လက်ခံသူ၏ နှလုံးသားက မကြာခင်မှာပဲ ပြန်လည်ကာ ခုန်လာပေလိမ့်မည်။

ဤဖြစ်စဉ်က အန္တရာယ် အရှိဆုံးသော အချိန်ဖြစ်၏။ ယခင်က ရှမ့်လန်က စမ်းသပ်မှုပေါင်းများစွာကို မရေတွက်နိုင်အောင် ပြုလုပ်ခဲ့ပြီး အားလုံးက ခန္ဓာကိုယ်ပေါက်ကွဲမှုနှင့်သာ အဆုံးသတ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်များမှ ထုတ်လွှတ်သည့် စွမ်းအင်နှင့် လူသား၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သွေးမျိုးဆက်စွမ်းအင်တို့က အပြင်းအထန် တိုက်ခိုက်ခဲ့သောကြောင့်ပင်။

နှစ်ဖက်လုံးက တစ်ဖက်နှင့်တစ်ဖက် အနိုင်ယူရန် ကြိုးစားကြသောကြောင့် ခန္ဓာကိုယ်က ပေါက်ကွဲ ထွက်သွားရခြင်း ဖြစ်၏။ သို့သော်ငြား ဝမ်တ၌သွေးမျိုးဆက်ဟူ၍ ဗလာနတ္ထိပင်။ ထို့ကြောင့် ကူပိုးကောင်၏ စွမ်းအင်ကို ငြင်းဆန်တွန်းလှန်မည့် အရာဟူ၍ မရှိချေ။

ရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်များမှ ထုတ်လွှတ်လိုက်သည့် စွမ်းအင်များက သူ၏ သွေးကြောထဲတွင် လွယ်လွယ်ကူကူ စီးဝင်နေ၏။ ခဏအကြာမှာပင် နှလုံးခုန်နှုန်းများက ပြန်လည်ကာ မြန်ဆန်လာ၏။ ပြန်လည်ကာ အသက်ရှူလာသည်။

“ဒုတ် ဒုတ် ဒုတ်”

နှလုံးခုန်သံမှာ ကျယ်လောင်လွန်းသောကြောင့် စည်ကြီးတစ်ခုကို တီးနေသည်ကဲ့သို့ပင်။ ထို့ပြင် ဝမ်တ၏ သွေးကြောများမှာလည်း ကြီးထွား ဖောင်းပွလာခဲ့၏။ တစ်ကိုယ်လုံးရှိ အရေပြားများက နီရဲလာ၏။ ပေါက်ကွဲတော့မည့်သကဲ့သို့ပင် ။ ခန္ဓာကိုယ်မှ အခိုးငွေ့များပင် ထွက်ပေါ်နေ၏။

“ဖူး” သွေးတစ်လုတ် ပါးစပ်ထဲမှ ထွက်လာခဲ့သည်။

ဝမ်တက ရုတ်တရက် ထထိုင်၏။ ပြီးနောက် ကုတင်ပေါ်သို့ ပြန်လည်ကာ လဲကျပြီး သတိလစ် မေ့မြောသွားခဲ့၏။ ခန္ဓာကိုယ်ထဲ၌ သွေးကြောများက မြွေများကဲ့သို့ပင် လိမ်ယှက်ကာ သွားလာလျက် ရှိနေ၏။ ကြည့်ရသည်မှာ တကယ့်ကို ထူးဆန်းလှချေသည်။

သို့သော်ငြား ဝမ်တက သတိတော့ရမလာခဲ့သေးချေ။ ရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်များက သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ပြုပြင်ပြောင်းလဲပေးနေပေလိမ့်မည်။ ထိုဖြစ်စဉ်က သုံးရက်ခန့် ကြာမြင့်မှာ ဖြစ်ပြီး ဤကြားထဲမှာတော့ ဖြစ်စဉ်က သေမတတ်အောင် နာကျင်ခံစားရပေမည်။

ဝမ်တက အစမှအဆုံးထိ ငြီးငြူသံတစ်ချက်ကိုပင် မထုတ်ဖော်ခဲ့ချေ။ ယခင်ကကဲ့သို့ပင် သူ့ကို ရိုက်နှက်ပလေ့စေ၊ ဆဲဆိုပလေ့စေ၊ နှိပ်စက်ပလေ့စေ သူက အသံထွက်လိမ့်မည် မဟုတ်ချေ။ တစ်ခါကဆိုလျှင် ဝမ်အာ၏ မိန်းမက သူ၏ခန္ဓာကိုယ်ပေါ်သို့ ရေနွေးပူနှင့် လောင်းချခဲ့ဖူး၏။ သို့ပေမည့်သူက တစ်ချက်ကလေးမှ မလှုပ်ခဲ့သလို တစ်ချက်ကလေးမှလည်း အသံမထွက်ခဲ့ချေ။

.............

ရှမ့်လန်က ဒုတိယမြောက်လူဆီသို့ လမ်းလျှောက်သွားခဲ့၏။ “လီကုန်းကျီ.. မင်းကြောက်နေလား”

တစ်စုံတစ်ယောက် အနားကပ်လာသည်နှင့် လီကုန်းကျီက ချက်ချင်းပင် ထိတ်လန့်သွား၏။ ခန္ဓာကိုယ်မှ မွှေးညှင်းပေါက်များပင် ကျုံ့ဝင်သွားခဲ့၏။ သူ၏ လူမှုဆက်ဆံရေးနှင့် လူကြောက်သည့် ရောဂါက ပိုမိုကာ ပြင်းထန်၏။ စကားမပြောနိုင်ရုံသာမက တစ်စုံတစ်ယောက် အနားသို့ ကပ်လာလျှင်ပင် သူက ကြောက်ရွံ့တတ်၏။ တစ်စုံတစ်ယောက် သူ့ကို လာထိလျှင် အပြင်းအထန်ပင် ပျို့အန်တတ်သည့် ရောဂါရှိသည်။

ရှမ့်လန်၏စကားကို ကြားရသည့်အချိန်မှာတော့ လီကုန်းကျီက ခေါင်းခါပြ၏။ သူက ချက်ချင်းပင် ခေါင်းပြန်ညိတ်ပြ၏။ သူတစ်ပါး လာထိသည်ကို သူကြောက်ကြောင်း ရှမ့်လန်က သိရှိသောကြောင့် ပုခုံးကို မပုတ်တော့ချေ။

“ဒါဆိုရင် စလိုက်တော့မယ်” ရှမ့်လန်က ပြုံးကာပြောလိုက်၏။

လီကုန်းကျီက ခေါင်းညိတ်ပြ၏။ သူ့ကို လူ လာမထိတွေ့ သူက ဘာကိုမှ မကြောက်ပေ။ နာကျင်မှုကို မကြောက်သလို သေဆုံးရမည်ကိုလည်း မကြောက်ပေ။ ရှမ့်လန်က ဆေးထိုးအပ်ကို ကိုင်ပြီး ရွှေရောင်သွေးမျိုးဆက် ကူပိုးကောင်ကို ထိုသူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်။

.........................

ရွှမ်းဝူမြို့မှာတော့ နန်းမြို့တော်ဆီမှ ပြန်ရောက်လာပြီးတည်းက မူလန်က တွေတွေဝေဝေ ငေးငေးငိုင်ငိုင်နှင့် ဖြစ်နေ၏။ သူမတွင် ရန်သူတစ်ယောက်ရှိ၏။ တစ်ယောက်မသေမချင်း အနားယူရမည် မဟုတ်သော ရန်သူမျိုးပင်။ ထိုရန်သူက မိန်းကလေးတို့၏ လစဉ်လာတိုင်း ထွက်ပေါ်လျက် ရှိနေသည့် ရာသီသွေးပင် ဖြစ်၏။ ရက်စေ့လာသည်နှင့်အမျှ သူမက စိတ်လှုပ်ရှားလျက် ရှိနေပြီး တစ်နေ့လျှင် ၁၀ ကြိမ်ခန့် ငုံ့ကြည့်မိ၏။

“ကျေးဇူးပြုပြီး မလာပါနဲ့။ မလာပါနဲ့” အ

ဘယ်ကြောင့်ဆိုသော် ရာသီလာခြင်းဆိုသည်မှာ ကိုယ်ဝန်မရခြင်းကို ရည်ညွှန်းသောကြောင့်ပင်။ သူမ၏ ဆန္ဒပြင်းပြမှုကို ပြသသည့်အနေဖြင့် ရှမ့်လန် ဖန်တီးပေးထားသည့် သက်တောင့်သက်သာ ရှိစေသော လစဉ်သုံးပစ္စည်းအားလုံးကိုပင် မီးရှို့ပစ်လိုက်ပြီ ဖြစ်၏။ မအောင်မြင်ပါက သေဆုံးသွားတော့မည့် အတိုင်းပင် သူမက စိတ်ဆန္ဒပြင်းပြသည်။

ရာသီရက်ကျော်ပြီး ၃ ရက်ရှိပြီ ဖြစ်သော်လည်း ရာသီမလာသေးချေ။ မူလန်က တကယ်ပင် အံ့အားသင့် ဝမ်းသာနေ၏။ သို့သော် သံသယတော့ ဝင်မိသေး၏။ အလွန်အမင်း ပျော်ရွှင်နေခြင်း၊ အလွန်အမင်း စိတ်လှုပ်ရှားနေခြင်း၊ အလွန်အမင်း အလုပ်များခြင်းတို့ကြောင့် ရာသီစက်ဝန်းက နောက်ကျတတ်၏။

သူမက ပေါ့ပေါ့ဆဆ မနေရဲချေ။ နေ့ရက်တိုင်းက ကြောက်မက်ဖွယ်ရာ ရန်သူတစ်ယောက်နှင့် ရင်ဆိုင် နေရသကဲ့သို့ပင်။ ယခုဆိုလျှင် တစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်၏။ သူမသာ ကိုယ်ဝန်ရှိနေသည်ဆိုပါက သွေးခုန်နှုန်းမှတစ်ဆင့် သိရှိနေလောက်ပေပြီ။

သမားတော်ကြီး အန်းစိုက်ရှီက ရွှမ်ဝူအိမ်တော်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့၏။ မူလန်က စောင့်မနေချေ။ ထိုသူကို သွားရောက်ကာ ရှာ၏။ ဘာမှစကားမပြောဘဲ လက်ကောက်ဝတ်ကို တစ်ခါတည်း ဆန့်တန်းပေးသည်။

သမားတော်ကြီးအန်းက ကြောင်အသွားသည်ဆိုသော်လည်း ချက်ချင်းသဘောပေါက်၏။ မူလန်၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်၏။ မူလန်ဆိုသည်မှာ သူ၏ သမီးရင်းတစ်ယောက်ကဲ့သို့ပင်။ မူလန်ဘာတွေ တွေးနေသည်ကို သမားတော်အန်း အသိဆုံးပင် ဖြစ်၏။

မူလန်၏ နှလုံးသားက လည်ချောင်းဝဆီသို့ ရောက်ရှိနေသလို မတတ်ပင်။ အချိန်ခဏ ကြာပြီးနောက် သမားတော်ကြီး အန်းစိုက်ရှီက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဂုဏ်ယူပါတယ် သခင်မလေး.. ကိုယ်ဝန်ရှိနေပါပြီ။”

ထိုစကားကို ကြားသည့်အချိန်မှာတော့ မူလန်၏ နှလုံးသားတစ်ခုလုံး၌ ဝမ်းသာပီတိများနှင့် ပြည့်နှက် သွားခဲ့၏။ နောက်ဆုံးတော့ ကိုယ်ဝန်ရရှိခဲ့ပြီဖြစ်၏။ သူမ ရှမ့်လန်နှင့် လက်ထပ်ခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်၏။ ယခုမှသာ ချစ်ခြင်းတရား၏ အသီးအပွင့်များကို စတင်ကာ တွေ့ရ၏။ သူမက တကယ်ပင် ပျော်ရွှင်နေမိ၏။ လေထုထဲသို့ ပျံတက်သွားတော့မည့် လိပ်ပြာလေး တစ်ကောင်ကဲ့သို့ပင်။

သူမက မိခင်ဖြစ်သူ စုဖေ့ဖေ့ဆီသို့ သွား၏။ “အမေ သမီး ကိုယ်ဝန်ရှိနေပြီ။ ကိုယ်ဝန်ရှိနေပြီ”

စုဖေ့ဖေ့က သူမ၏ လက်ထဲတွင် ရှိနေသည့် ပစ္စည်းကို အနောက်ဘက်ဆီသို့ ကပျာကယာ ဝှက်၏။ ပြီးနောက် ပြုံးကာပြောလိုက်သည်။ “မင်း ရာသီမလာတည်းက အမေ သိပြီးသားပါပဲ။ ဒါကြောင့် ကိုယ်ဝန်ရှိမယ်လို့ တွေးနေတာ။ အင်း... ငါမြေးလေးတစ်ယောက် ရတော့မှာပဲ။ တန်ဖိုးရှိတဲ့ မြေးလေးတစ်ယောက် ရတော့မယ်”

မူလန်က မေးမြန်းလိုက်၏။ “အမေ... ဘာတွေ ဝှက်နေတာလဲ”

စုဖေ့ဖေ့က ပြောလိုက်သည်။ “ဘာမှမဟုတ်ပါဘူး။ ဘာမှမဟုတ်ဘူး။ အပျင်းပြေ လုပ်ကြည့်နေတာ။ သွား ... မင်းရဲ့ ယောက္ခမကြီး သွားပြောအုံး”

ပြီးနောက် ထိုလိပ်ပြာကလေး မူလန်က ရှမ့်လန်၏ အိမ်ဘက်သို့ သွားပြန်၏။ သူမ ထွက်ခွာသွားခဲ့ပြီးနောက် စုဖေ့ဖေ့က နောက်ကျောတွင် ရှိနေသည့် ပစ္စည်းလေးကို ရှေ့သို့ ထုတ်လိုက်၏။ ဤအရာက ကလေးစီးဖိနပ် သေးသေးလေးပင်။ ပန်းထိုးထားသည်မှာ တကယ့်ကို အရုပ်ဆိုးပြီး ကောက်ကွေးနေသဖြင့် ဖိနပ်နှင့်ပင် မတူချေ။

ကံကောင်း၍ မူလန် မြန်မြန်သွားခြင်းသာ ဖြစ်၏။ မဟုတ်ပါက အလွန် ရှက်ရွံ့စရာ ကောင်းပေလိမ့်မည်။ သူမ၏ ပန်းထိုးလက်ရာက တကယ့်ကို ထိပ်တန်းအဆင့်ပင်။ ပြောနေစရာပင် မလိုလောက်အောင် ဆိုးဝါးလှချေ၏။

သို့ပေမည့် ဤဖိနပ်လေးက အဆိုးဆုံးဟု ထင်နေသလား။ မဟုတ်ချေ။ သူမတွင် ဤဖိနပ်ထက် ပိုမိုကာ အရုပ်ဆိုးသည့် ဖိနပ်သေးသေးလေးများက အံဆွဲတစ်ဝက်နီးပါးခန့် ရှိ၏။ လက်ထဲရှိ ဖိနပ်က အကောင်းဆုံး ဖြစ်သည်။

‘မလောနဲ့။ မလောနဲ့။ နောက်ထပ် ရှစ်လတောင် လိုသေးတယ်။ အဲဒီအချိန်လောက်ကျရင် ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ ဖိနပ်တစ်ရံတော့ ဖြစ်လာမှာပါ။’ စုဖေ့ဖေ့က စိတ်ထဲမှ တီးတိုး ရွတ်ဆိုလိုက်မိ၏။

မူလန်နှင့် ကျင်းမူကုန်းတို့ မွေးဖွားစဉ်တုန်းက သူမက ငယ်ရွယ်သေးပြီး ဆော့ကစားသာမက်ခဲ့၏။ ထို့ကြောင့် ကလေးနှစ်ယောက်နှင့် ဆော့ကစားရသည့် ပျော်စရာ အခိုက်အတန့်ကို လက်လွှတ်ခဲ့ရ၏။ ဤတစ်ကြိမ်မှာတော့ သူမ လုံးဝလက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။

မူလန် ကလေး မွေးမွေးပြီးချင်း သူမကိုယ်တိုင် ကလေးနှင့် ဆော့ကစားမည်။ ထို့ပြင် သူမကိုယ်တိုင် ပြုစု ပျိုးထောင်မည်။ ဤကလေး၏ အခိုက်အတန့် တစ်ခုချင်းစီတိုင်းကို သူမက ဘယ်တော့မှ လက်လွှတ် ပေးလိမ့်မည် မဟုတ်ပေ။

.......................

မူလန်က ရှမ့်လန်၏ အိမ်သို့ အလျင်အမြန် ပြေးသွား၏။ သို့ပေမည့် ဘာပဲပြောပြော ယောက္ခမဖြစ်နေသည် မဟုတ်ပါလား။ ပြေးလာစဉ်က အလွန်စိတ်လှုပ်ရှားနေသည် ဆိုသော်လည်း အိမ်သို့ရောက်သည့် အချိန်မှာတော့ ရှက်သွေးဖြာနေမိ၏။ သူမက အမြဲတမ်း ပွင့်လင်းရိုးသားသူ တစ်ယောက် ဖြစ်သော်လည်း ဤအချိန်မှာတော့ တကယ်ပဲ ရှက်ရွံ့နေမိ၏။

“အမေ... ကျွန်မ၊ ကျွန်မ.. ကိုယ်ဝန်ရှိနေပြီ” မူလန်က ရှက်စနိုး ပြောလိုက်သည်။

ရှမ့်လန်၏ မိခင်က မော့ကြည့်၏။ သူမ၏ မျက်ဝန်းများတွင် အလွန်ချစ်ခင်ကြင်နာသည့် အပြုံးများ ပေါ်ပေါက်လာ၏။ သူမက နူးညံ့စွာ ပြောလိုက်၏။ “အမေ သိပြီးသားပါ။ တို့မူလန်လေးက တကယ့်ကို တော်တာပဲ”

မူလန်က ကြည့်လိုက်၏။ ထင်ထားသည့်အတိုင်းပင် ယောက္ခမကလည်း ကလေးစီးဖိနပ်လေး တစ်ဖက်ကို ပန်းထိုးလျက် ရှိနေပြီး ဘေးတွင် ပန်းထိုးပြီးသား ဖိနပ် ၄၊ ၅ ရံခန့် ရှိသည်။

မူလန်က မည်သို့မှ မနေနိုင်ဘဲ ထိုဖိနပ်လေးများကို ကောက်ကိုင်ကြည့်လိုက်၏။ ချစ်စရာကောင်းသည့် ဖိနပ်လေးများပင်။ တစ်ရံနှင့် တစ်ရံက ပုံစံမတူပေ။ တချို့က ကျားရုပ်၊ တချို့က ရွှေငါးရုပ်၊ တချို့က ဖီးနစ်ငှက်ရုပ်လေးများ ဖြစ်၏။ ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံ ဖြစ်ပြီး တစ်ရံချင်းစီတိုင်းက တကယ်ပင် လက်ရာမြောက်၏။

မူလန်က လေးစားအားကျစွာဖြင့် ပြောလိုက်မိသည်။ “အမေက အရမ်းကို တော်တာပဲ။ သမီး.. ဒီကျားရုပ်လေး ထိုးထားတဲ့ ဖိနပ်ကို အခုယူသွားလို့ ရမလားဟင်”

............

“အား အား” ပင်းအာ အော်ဟစ်နေ၏။ တကယ်နာကျင်နေသောကြောင့်ပင်။ သူမ၏ ဗိုက်ထဲမှ လှုပ်ရှားမှုက စတင်၏။ ဗိုက်ထဲမှာ ကလေးက ဂယောက်ဂယက် ဖြစ်ပြီး ကိုးလကျော်ပြီ ဖြစ်၏။ ရှမ့်လန် ခန့်မှန်းချက် အတိုင်းဆိုလျှင် လွန်ခဲ့သည့် ၇ ရက် ၈ ရက်လောက်တည်းက မွေးဖွားမည့်ရက် ဖြစ်၏။ သို့သော်ငြား ဗိုက်ထဲမှ ကလေးက အပြင်သို့ ထွက်လာမည့် အရိပ်အယောင်ဟူ၍ လုံးဝမပြသဘဲ မိခင်၏ ဝမ်းဗိုက်ထဲ၌ပင် ပျော်မွေ့လျက် ရှိနေ၏။

နေ့စဉ်နေ့တိုင်း အချိန်မှန် ဖခင်ဖြစ်သူနှင့် ကစားရသည်ကို နှစ်ခြိုက်၏။ မိခင်၏ ဗိုက်ကို လိုက်လံနှိပ်တမ်း ကစားခြင်းပင်။ ရှမ့်လန်က ဗိုက်ပေါ် နှိပ်လိုက်သည့် အချိန်တိုင်း ဝမ်းဗိုက်ထဲတွင် ရှိနေသည့် ကလေးက ပြန်လည်ကာ ကန်ပြ၏။ တစ်ခါတလေ ကလေးက အလွန်ပင် စိတ်လှုပ်ရှား ဆော့ကစား၏။ လက်သီးဆုပ်လေးများဖြင့် မိခင်၏ ဝမ်းဗိုက်ကို ကြွတက်လာသည်အထိ ထိုးနှက်တတ်သေးသည်။

ရှမ့်လန်က ကလေးလှုပ်ရှားမည့်အချိန်ကို စောင့်နေတတ်၏။ သို့ပေမည့် လှုပ်မလာခဲ့ချေ။ ထို့ကြောင့် မြောက်ပိုင်းအမဲလိုက်ကွင်းဆီသို့ သွား၏။ သွားလိုက်သည်နှင့် တပြိုင်နက် ကလေးက စတင်ကာ လှုပ်ရှားတော့၏။ တကယ့်ကို ဆိုးဝါးလိုက်သည့် ကလေးပင်။

ရှမ့်လန် မရှိသော်လည်း နန်းတော်ရှိ အမျိုးသမီး သမားတော်များ၊ ဝမ်းဆွဲသည်များက တစ်ဒါဇင်ကျော်ခန့် ရောက်ရှိလာခဲ့၏။ အားလုံး အသင့်ရှိနေ၏။ “သခင်မလေး အားစိုက်ပါအုံး။ အားစိုက်ပါအုံး”

နောက်ဆုံးမှာတော့ ပင်းအာက အော်သာအော်နေပြီး အားမစိုက်ပေ။ ပဥ္စမမင်းသား၏ ဇနီး ကတော်ကျိုးက အားမလိုအားမရ ပြောလိုက်၏။ “ပင်းအာ... ဘာလို့ အားမစိုက်ဘဲနဲ့ ပြန်ပြန်ပြီး ရှုံ့နေရတာလဲ”

ပင်းအာက တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “ညီမ အောင့်ထားချင်လို့ပါ။ သခင်လေးပြန်လာမှ မွေးချင်လို့ပါ”

သူမ ထိုသို့ပြောလိုက်သည့် အချိန်မှာတော့ လူတိုင်းက ရယ်ရခက် ငိုရခက် ဖြစ်နေ၏။ မည်ကဲ့သို့ အောင့်ထား၍ ရမည်နည်း။

အမျိုးသမီး သမားတော် တစ်ယောက်က ပြောလိုက်၏။ “သခင်မလေး ပင်းအာ.. လုံးဝအောင့်မထားနဲ့။ ရေမွှာကျသွားရင် ဗိုက်ထဲက ကလေးက ထွက်လာမှ ဖြစ်မယ်။ မဟုတ်ရင် ကလေးမွန်းသွားလိမ့်မယ်”

ချက်ချင်းပဲ ပင်းအာက ထိတ်လန့်သွား၏။ သူမက လျင်လျင်မြန်မြန် အားစိုက်ထုတ်လိုက်၏။ ပင်းအာ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ သေးငယ်သော်လည်း တင်ပဆုံရိုးများက ကျယ်ပြန့်သဖြင့် ကလေးမွေးဖွားရန် အမှန်သင့်တော်သည့် လူပင်။ ကလေး၏ အနေအထားကလည်း ကောင်းမွန်သည်။

ဆယ်ကြိမ်ခန့် အားစိုက်ပြီးနောက် ....

“အူဝဲ အူဝဲ” မွေးခန်းထဲမှ ကလေးငိုသံ ထွက်ပေါ်လာ၏။ တကယ့်ကို အဆင်ပြေ ချောမွေ့လွန်းလှ၏။ ဝမ်းဆွဲသည်တချို့ပင်လျှင် အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်လို့နေ၏။

ပထမဦးဆုံး ကလေးမွေးဖွားမှုက ဤမျှလောက် ချောမွေ့ခြင်း ဆိုသည်မှာ တကယ့်ကို ရှားပါး၏။ မိန်းမအများစု၏ ပထမဦးဆုံး ကလေးမွေးဖွားမှုက တကယ့်ကို ခက်ခဲလွန်းပြီး တချို့ဆိုလျှင် နှစ်ရက်၊ သုံးရက်ခန့်ပင် ကြာတတ်သည်။

ပင်းအာ ကလေးမွေးဖွားသည်က ဗိုက်နာသည်မှ မွေးဖွားသည်အထိ ၄ နာရီအောက်သာ ကြာမြင့်ခဲ့၏။

“ဂုဏ်ယူပါတယ် သခင်မလေး။ သမီးမိန်းကလေးပါ” ထိုစကားကို ကြားသည့်အချိန်မှာတော့ ပင်းအာ၏ ပါးစပ်များက ပြဲထွက်သွားခဲ့၏။ သူမက ငိုလုမတတ်ပင် ဖြစ်သွား၏။ သူမက သားယောက်ျားလေးကိုသာ လိုချင်၏။ အဆုံးသတ်မှာတော့ သမီးမိန်းကလေး မွေးလာခဲ့၏။ မိန်းကလေးဖြစ်တာ ဘာကောင်းသနည်း။

ကတော်ကျိုးက ပြုံးကာ ပြောလိုက်သည်။ “ဒီကောင်မလေးက သူ့အဖေနဲ့ တူသလိုပဲ။”

ပင်းအာက စဉ်းစားလိုက်၏။ ပြီးနောက် သဘောတူညီလိုက်၏။ “အင်း.. ငါမွေးတဲ့ မိန်းကလေး ဆိုပေမယ့် ငါနဲ့မတူပါဘူး။”

ပြီးနောက် သူမက ပြုံးရွှင်စွာ ပြောလိုက်မိ၏။ “ပေးပါအုံး။ ကျွန်မ ကြည့်အုံးမယ်။ သူက ကျွန်မနဲ့ မတူရဘူး။ သူ့အဖေနဲ့ တူမှဖြစ်မယ်။ ဒါမှ လှမှာ။”

All Chapters