← Chapters

အခန်း (၅၄၂)

Vol. 36 Ch. 542

အခန်း (၅၄၂)

Vol. 36 Ch. 542

အခြားသော တစ်ဖက်ခြမ်းတွင် ရှိနေသည့် စစ်မှန်သည့် လန်ညီနောင် ၁၀ ယောက်တို့မှာတော့ လွတ်လပ်ချိန် ဆိုသည့် အသံကို ကြားသည်နှင့် ချက်ချင်းပင် ပျော်ရွှင်ခုန်ပေါက်လျက် ရှိနေ၏။ မလွယ်ကူလှချေ။ လပေါင်းများစွာ စာတွေဖတ်၊ လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီး နောက်ဆုံးမှာတော့ နေ့ဝက်ခန့် အချိန်ရခဲ့ပြီ။

“လာကြ၊ လာကြ၊ ဖဲရိုက်ကြမယ်။ ငါ လန်တစ်က ဒိုင်ကိုင်မယ်။ အကြီးအသေး ထပ်ကြ။ ငွေသားပဲ ရမယ်၊ အကြွေးမရဘူး။ ပြီးတော့ အားလုံး လစာရထားကြတာပဲ။ ပြီးတော့ ရထားတဲ့ လစာတွေကလည်း နည်းတာ မဟုတ်ဘူးနော်”

ခဏအတွင်းမှာပဲ ဤလူ ၁၀ ယောက်တို့က မူးရူးပြီး လောင်းကစား လုပ်ကြတော့၏။ တစ်နာရီမကြာခင်မှာပဲ လေထုတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။ နာကျည်းမှု ဝင်လာသောကြောင့်ပင်။

“ဆရာ၊ ဆရာကြီး လွတ်လပ်ချိန်ဆိုလို့ ကျုပ်တို့.. ကျုပ်တို့” လန်တစ်က တုန်တုန်ယင်ယင်ဖြင့် ပြော၏။

နာကျည်းမှုက ဘာတစ်ခုမှ မဆိုချေ။ ကြိမ်လုံးကို ထုတ်ယူလိုက်သည်။

ဖြောင်း ဖြောင်း ဖြောင်း …

အားလုံးကို သေလုမတတ် ရိုက်နှက်တော့၏။

“လွတ်လပ်ချိန် ဟုတ်လား။ လွတ်လပ်ချိန်၊ ငါ မင်းတို့ကို လွတ်လပ်ချိန် ပေးတယ်။ မင်းတို့က ဝက်တွေလို သုံးစားမရတဲ့ ကောင်တွေပဲ။ မင်းတို့ရဲ့အရည်အချင်းနဲ့ ရာစုမှူးဖြစ်လာပြီဆိုပြီး အရည်အချင်း ပြည့်ဝနေပြီလို့ ထင်နေတာလား။ ဓားသိုင်း လေ့ကျင့်လို့ ပြီးပြီလား။ စစ်ဗျူဟာကျမ်းကို ကျက်မှတ်လို့ ပြီးပြီလား။ ဂဏန်းသင်္ချာတွေ တွက်ပြီးပြီလား။ မင်းတို့က ဒီမှာလာပြီး လောင်းကစား လုပ်နေသေးတယ်။ ဟုတ်လား”

လန်ညီနောင် ၁၀ ယောက်တို့က တစ်ယောက်လျှင် ကြိမ်ဒဏ် အချက် ၁၀၀ စီ ရိုက်ခံရ၏။ နာကျည်းမှုက ရိုက်လွန်းအားကြီး၍ ကြိမ်လုံး ၁၀ ချောင်းပင် ကျိုးသွားခဲ့သည်။

လန်ညီနောင်များမှာတော့ မငိုရဲ၊ မအော်ရဲကြချေ။ သို့သော်ငြား မျက်ရည်မထွက်ဘဲ စိတ်ထဲတွင်တော့ ငိုယိုလျက် ရှိနေကြ၏။ “သောက်ကျိုးနည်း .... ဘယ်လိုနေရမှာလဲ။ သူပဲ ရှင်းရှင်းလင်းလင်းကြီး လွတ်လပ်ချိန်လို့ ပြောပြီးတော့ ..”

ရိုက်နှက်ပြီးနောက် နာကျည်းမှုက ထိုလန်ညီနောင် ၁၀ ယောက်တို့၏ စိတ်ဓာတ်ကိုပါ ဖျက်ဆီးပစ်လိုက်၏။ “မင်းတို့က သွေးမျိုးဆက် ထူးခြားတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဆရာကြီးတွေလို့ ထင်နေကြတာလား။ မင်းတို့အားလုံးက ရာစုမှူးတွေ ဖြစ်နေကြတယ်ဆိုတာနဲ့ တော်တယ်ထင်နေကြတာလား။ မင်းတို့ ဦးဆောင်ရမယ့် စစ်သည်တွေကို ကြည့်စမ်း။ သူတို့ကမှ တကယ့်ကို စစ်မှန်တဲ့ စစ်သည်တွေပဲ။

ငါနဲ့ သခင်လေး ရှမ့်လန်တို့ရဲ့ စစ်မှန်တဲ့ ဂုဏ်ယူစရာတွေက အဲဒီစစ်သည်တွေကွ။ သူတို့က ကမ္ဘာပေါ်မှာ အကောင်းဆုံး စစ်သည်တွေပဲ။ မင်းတို့ကို သူတို့ရဲ့ ရာစုမှူးအဖြစ် ဖြစ်ခွင့်ပေးထားတာတောင် နှမျောစရာ ကောင်းတယ်။ ငါ မင်းတို့ကို ပြောပြမယ်။ မင်းတို့ ၁၀ ယောက်လုံးကို သတ်ပစ်လိုက်ရင်လည်း ဘာမှမဖြစ်ဘူး။

“ရာစုမှူးဆိုတဲ့ရာထူးကို ခွေးလည်ပင်းမှာ ချိတ်ပေးထားရင်တောင် အလုပ်ဖြစ်တယ်။ ဒီလောက် ထူးချွန်တဲ့ စစ်သည်တွေ၊ ဒီလောက်ကောင်းတဲ့ စစ်သည်တွေကို ဘယ်သူပဲ ဦးဆောင်ဦးဆောင် နိုင်မှာပဲ။ မင်းတို့က ကိုယ့်ကိုယ်ကိုယ် တကယ့်ကို ထိပ်တန်း ပါရမီရှင်တွေလို့ ထင်နေကြတာလား။ ထွီ”

လန်ညီနောင် ၁၀ ယောက်တို့၏ မျက်နှာများက မဲပြာသွားခဲ့၏။ သူတို့၏ စိတ်ဓာတ်များက ပြိုလဲလုမတတ် ဖြစ်သွားခဲ့၏။ ပြီးနောက် သူတို့က အပြင်သို့ထွက်ပြီး ဆက်လက်ကာ ကြိုးစားလေ့ကျင့်ကြတော့သည်။

နေဝင်ချိန်သို့ ရောက်သည့်အချိန်မှာတော့ နာကျည်းမှုက သွေးမျိုးဆက် ပြောင်းလဲထားသည့် လူပေါင်း ၂၀၀၀ ကျော် ရှိရာသို့ ပြန်လာ၏။ သူ၏ မျက်နှာထားက တကယ့်ကို ကြင်နာသည့်ပုံစံမျိုး ပေါ်လျက်ရှိနေပြီး အသံမှာလည်း နွေးထွေးကြင်နာ၏။

“တော်ပြီ။ ဆက်ပြီး မလေ့ကျင့်ကြနဲ့တော့။ ဒီည ဆက်ပြီး မလေ့ကျင့်ကြနဲ့တော့။ မနက်ဖြန် ငါတို့ ခရီးရှည် ထွက်ရအုံးမယ်။ အခု ချက်ချင်းသွားအိပ်ကြတော့။ လုံးဝမလေ့ကျင့်ရဘူး။ ကြားလား။ ကောင်းကောင်း အနားယူကြ။ တကယ်လို့ ပျင်းနေရင် မြေပုံတွေ ကြည့်နေလို့ရတယ်။ ဝမ်တ ... မင်း ဦးဆောင်ပြီး တန်းဖြတ်တော့။ ဆက်မလေ့ကျင့်နဲ့တော့”

နောက်တစ်နေ့မနက်မှာတော့ ဘုရင်မင်းမြတ်က အိမ်ရှေ့စံ နင်ယီကို ဆင့်ခေါ်သည်။

“အဖေ... နယ်စပ် အမဲလိုက်ပွဲကို တကယ်တမ်း သွားမှာလား။ ပဉ္စမညီတော်ကို လွှဲပေးထားတာပဲ မဟုတ်ဘူးလား”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ချောင်ဘုရင်တောင် သွားသေးတာပဲ။ ငါက ဘာလို့ မသွားနိုင်ရမှာလဲ”

ပြီးနောက် သူက ထူထဲလှသည့် စောင်ကို ပတ်၏။ ခါးကလည်း ကိုင်းနေသဖြင့် အလွန်အမင်း အိုမင်းပြီး အားနည်းနေသည့်ပုံ ပေါ်သည်။

“ဒါပေမဲ့ အဖေ့ရဲ့ ကျန်းမာရေးက”

“ကိစ္စမရှိဘူး။ ငါ ကျန်းမာပါသေးတယ်။ ပြီးတော့ မင်းက တိုင်းပြည်ကို ထိန်းကျောင်းရတာ ပထမဦးဆုံး အကြိမ်မှ မဟုတ်တာ။ ငါ မင်းကို စိတ်မပူဘူး။ မှာစရာလည်း ဘာမှမရှိဘူး။ မင်းဘာသာ ကြည့်ကျက်ပြီး စီမံခန့်ခွဲထားလိုက်တော့”

အိမ်ရှေ့စံမင်းသားက ဒူးထောက် အရိုအသေပေး၏။ “ကျုပ် စိုးရိမ်ပူပန်မိပါတယ် အဖေ”

နင်ယွမ်ရှန်းက လက်ကာပြလိုက်သည်။ “လီစွမ်း... သွားကြစို့”

မိန်းမစိုးကြီး လီစွမ်းက ရှေ့ဆီသို့ လှမ်းတက်၍ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းကို ကျောပိုးကာဖြင့် ကြီးမားသည့် မြင်းရထားကြီးဆီသို့ ခေါ်ဆောင်သွားခဲ့၏။

“ထွက်ခွာကြမယ်”

တော်ဝင် သက်တော်စောင့် စစ်သည် ၅၀၀ ကျော်တို့က နင်ယွမ်ရှန်းကို ခြံရံပြီး နန်းတော်မှ ကြီးကျယ်ခမ်းနားစွာ ထွက်ခွာလာခဲ့ကြသည်။

နန်းတော်၏ အပြင်ဘက်တွင် သံချပ်ကာ ဝတ်ဆင်ထားခဲ့သည့် နင်ကျန်းက ဒူးတစ်ဖက်ထောက်ကာ ပြော၏။ “အဖေ့ကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ”

နင်ယွမ်ရှန်းက ဘာမှမပြောသလို အပြင်သို့လည်း ခေါင်းထွက်လာခြင်း မရှိချေ။ မိန်းမစိုး လီစွမ်းက ပြောလိုက်၏။ “ထပါ ... ချန်းဖန်မြို့စားကြီး”

နင်ကျန်းက မတ်တတ်ထရပ်သည်။ “အဖေ.. နယ်စပ်အမဲလိုက်ပွဲမှာ ပါဝင်မယ့် စစ်သည်နှစ်ထောင်ကျော်ကို စုစည်းပြီးသွားပါပြီ။ စစ်ဆေးကြည့်ရှုအုံးမလား”

“မလိုတော့ပါဘူး” မင်းကြီးက စိတ်မပါသည့် လေသံဖြင့် ပြောလိုက်၏။ သူက စစ်သည်အသစ် နှစ်ထောင်ကို ကြည့်ပင် မကြည့်ချင်သည့် ပုံစံမျိုးဖြင့် ကိုယ်ထင်မပြဘဲ နေလိုက်၏။

မင်းကြီးနှင့်အတူ လိုက်ပါမည့် အရာရှိ ၅၀ ခန့်တို့က အခမ်းအနားဝန်ကြီးဌာနမှ လူများပင် ဖြစ်သည်။ ဝန်ကြီးအများစုက ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ဤလူပေါင်း နှစ်ထောင်ကျော်က ရှမ့်လန် ဖမ်းလာသည့် အသုံးမကျသည့် စစ်သည်သစ်များပင် ဖြစ်၏။ ၃ လကျော် လေ့ကျင့်ပေးထားသည် ဆိုလျှင်တောင်မှ ပိန်ပိန်လီလီနှင့် အားနည်းလျက် ရှိနေတုန်းပင်၊

ပြီးနောက် အားလုံးက အဝတ်ကြမ်းပွပွကြီးများကိုသာ ဝတ်ဆင်ထားခဲ့ကြပြီး သံချပ်ကာပင် မပါခဲ့ကြချေ။ သံချပ်ကာ မဝတ်လျှင် လမ်းမလျှောက်နိုင်မှာ စိုးရိမ်သောကြောင့်လား။ လက်နက်တွေကရော မည်သည့်နေရာသို့ ရောက်ရှိနေသနည်း။ စစ်တပ်တစ်တပ်အနေနှင့် လက်နက်ကို ကိုယ်နှင့်မကွာ ဆောင်ထားသင့်သည် မဟုတ်ပါလား။

ဤအရာက စစ်သည်များ၏ မျက်လုံးများ ဖြစ်နေသည်လား။ သတ်ဖြတ်လိုစိတ်ဟူ၍ လုံးဝမရှိဘဲ ထုံထိုင်း တွေဝေငေးငိုင်လျက် ရှိနေ၏။ သုံးလအတွင်း ဓားကွက်တစ်ကွက်ပဲ သင်ထားခဲ့သည် ဆိုသော်လည်း ထိုအရာကို တတ်ပင် တတ်ရဲ့လား မသိချေ။

“ကဲ သွားကြစို့” ဘုရင်မင်းမြတ်က ပျင်းရိလေးကန်စွာ ပြောလိုက်၏။

မိန်းမစိုးကြီး လီစွမ်းက အော်ဟစ်လိုက်သည်။ “ချီတက်ကြမယ်”

နောက်ဆက်ဖြစ်လာသည့် မြင်ကွင်းကတော့ လူတိုင်းကို တကယ်ပင် တုန်လှုပ်သွားစေခဲ့၏။ ရှမ့်လန်နှင့် နင်ကျန်းတို့၏ လက်အောက်ရှိ စစ်သည် ၂၀၀၀ ကျော်တို့က မြင်းလှည်းများပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် တက်လိုက်ကြခြင်းပင်။

ဤအရာက မလွန်လွန်းပေဘူးလား။ မင်းကြီးက မြင်ရထားစီးလာတာတော့ ဟုတ်ပါပြီ။ သို့ပေမည့် စစ်သည်များ အနေနှင့် မြင်းလှည်းစီးစရာ လိုပါရဲ့လား။ လမ်းတောင် မလျှောက်နိုင်ကြပေဘူးလား။

သံချပ်ကာလည်း မဝတ်၊ လက်နက်လည်း မကိုင်ထားပေ။ ထိုအရာကို ထားလိုက်ပါတော့။ မြင်းမစီး တတ်သည်ကိုလည်း သူတို့ နားလည်ပေး၍ ရ၏။ သို့ပေမည့် လမ်းတောင် မလျှောက်ချင်ဘူး ဆိုသည်ကတော့ လွန်လွန်းလှ၏။ မြင်းလှည်းစီးပြီး နယ်စပ်အမဲလိုက်ပွဲကို သွားရန် ကြံစည်နေသည်လား။

ချက်ချင်းပဲ အကြံပေးအရာရှိ တစ်ယောက်က ထွက်ပြီး ဝေဖန်ရန် ပြင်လိုက်၏။

ဘေးမှ လူများက သူ့ကို အလျင်အမြန် ဆွဲထားလိုက်သည်။ “ထားလိုက်ပါတော့။ ဒီလူတွေက သေဖို့သွားမယ့် စတေးခံတွေပဲ။ သေတော့မယ့်လူကို သဘောထားကြီးကြီးနဲ့ မဆက်ဆံသင့်ဘူးလား။ ပြီးတော့ ဉာဏ်မမီတဲ့ ငတုံးတွေပဲ။ အဝေးကြီး လမ်းလျှောက်နိုင်မှ လျှောက်နိုင်မှာပေါ့”

နင်ကျန်း၊ နာကျည်းမှုနှင့် လန်ညီနောင်တို့က မြင်းပေါ်သို့ တက်လိုက်၏။ ရှမ့်လန်ကမူ ဇိမ်ကျပြီး သက်တောင့် သက်သာရှိမည့် မြင်းရထားပေါ်တွင် ခြေချိတ်ကာ ထိုင်လျက် ရှိ၏။ စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့က မြင်းလှည်း အစီး ၁၀၀ ကျော်ကို စီးနင်းပြီး ဘုရင်မင်းမြတ်၏ စစ်သည်များ နောက်မှ လိုက်ပါလာခဲ့ကြ၏။

သူတို့ နန်းတော်မှ ထွက်ခွာသည့်အချိန်တွင် ဗာမေလီယံဂိတ်တံခါးမှတဆင့် အနောက်ဘက် ချောင်ပြည်နယ်နှင့် ရွှဲ့ပြည်နယ် နယ်စပ်ဆီသို့ ဦးတည်သွားခဲ့၏။ သူတို့၏ နောက်တွင် ကုန်တင်လှည်းပေါင်း အစီး ၁၀၀ ကျော် ပါဝင်လာပြီး ထိုထဲတွင် စစ်သည်သစ်များအတွက် ကြီးမားလွန်းသည့် ဓားရှည်ကြီးများ၊ သံချပ်ကာ အကြီးစားကြီးများ ပါဝင်၏။ အသားရိက္ခာများနှင့် ဝိုင်အရက်များကတော့ တစ်စက်တလေမှ မပါဝင်ချေ။

အရာရှိများက ဆုတောင်းမပေးကြချေ။ အဘယ်ကြောင့်ဆိုသော် ဤနယ်စပ်အမဲလိုက်ပွဲက ချောင်ပြည်နယ်နှင့် အပေးအယူ လုပ်ကာ သူတို့၏အသားကို လှီးဖြတ်ထိုးကျွေးရမည့် အကြောင်းအရာတစ်ခု ဖြစ်နေသောကြောင့်ပင်။ သေချာပေါက် ရှုံးမည့်ပွဲဖြစ်၍ ဆုတောင်းပေးခြင်းက အရှင်မင်းကြီးကို ပါးရိုက်သလို ဖြစ်နေပေလိမ့်မည်။

သာမန်ပြည်သူများစွာက လာရောက်ကာ ကြည့်ရှုခဲ့ကြပြီး လက်ညှိုးထိုး ဝေဖန်နေကြ၏။ “ဒါတွေက နယ်စပ်အမဲလိုက်ပွဲမှာ ပါဝင်မယ့် စစ်သည်သစ်တွေလား”

“လအနည်းငယ် ကြာပြီးတာတောင်မှ ဘာလို့ ဘာမှမပြောင်းလဲရသေးတာလဲ။ ငါတို့အိမ်နားက အိမ်နီးချင်း ငတုံးကောင်ဆို ပိန်မြဲပိန်ဆဲပဲ။ ထုံမြဲထုံဆဲပဲ။ သနားစရာပဲ”

“သနားစရာပဲ .. ဒီလူတွေက သေတော့မှာ။ သေခါနီးတောင်မှ ငိုရကောင်းမှန်း သိတဲ့လူတွေ မဟုတ်ကြဘူး”

ထိုထဲမှာတော့ ဝမ်တ၏ ညီဝမ်အာလည်း ပါ၏။ သူ၏ ခြေထောက်များက ပြန်လည်ကာ ဆက်ထားပြီးပြီ ဖြစ်သော်လည်း သိပ်မကောင်းသေးချေ။ ဂျိုင်းထောက်နှင့် သွားလာနေရ၏။ သူက သူ၏အစ်ကိုကို ချက်ချင်း ရှာတွေ့သွား၏။ ရင်ထဲတွင် အမုန်းတရားများ ပြည့်နှက်နေ၏။ ဤငတုံးက မသေသေးဘူးလား။ ဤငတုံးကြောင့် သူ၏ခြေထောက် ကျိုးခဲ့ရ၏။ ယခုတော့ ဤငတုံးက သေရပေတော့မည်။ ဤအရာက ဝဋ်လည်ခြင်းပင် ဖြစ်ပေလိမ့်မည်။

ပြည်သူများစု၏ ရင်ထဲ၌ ခံစားချက်များက ရောထွေးနေ၏။ ဘာပဲပြောပြော သူတို့က ရွှဲ့ပြည်နယ်သားများ ဖြစ်၏။ ယခု အရှင်မင်းကြီး မျက်နှာပျက်ရနေမည့်အဖြစ်မျိုး ရောက်နေသည်ကို ကြည့်ပြီး သူတို့က စိတ်မကောင်းကြပေ။

မင်းကြီးသာ မိန်းမကိစ္စကြောင့် လေမဖြတ်ခဲ့သည်ဆိုလျှင် ချောင်ပြည်နယ်၏ ခြေဖဝါးအောက်ကို ဒူးထောက်ပြီး လျှာနှင့်လျက်စရာ လိုလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ဤကဲ့သို့သော မင်းကြီးမျိုးက တကယ့်ကို အရည်အချင်း မရှိသည့် မင်းဆိုးမင်းညစ်သာ ဖြစ်၏။

ထိုသူကို လိုက်ပါ စောင့်ရှောက်သည့် သက်တော်စောင့် တပ်သား ၅၀၀ တို့ကလည်း စိတ်ထဲတွင် ကျိန်ဆဲလျက် ရှိနေ၏။ သူတို့က တော်ဝင်စစ်သည်များ ဖြစ်၏။ သူတို့ကပင် လမ်းလျှောက်ရ၏။ သို့ပေမည့် အသုံးမကျသည့် စစ်သည်သစ်များမှာတော့ မြင်းလှည်းစီးလို့နေ၏။ ရိုင်းစိုင်းလွန်းလှချေသည်တကား။

မကြာခင် သူတို့တော်ဝင်စစ်သည်များကိုပါ ပြည်သူတွေ အထင်သေးပေတော့မည်။ သူတို့က အိမ်အားကြီးမားသည့် စစ်သည်များ ဖြစ်သောကြောင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များက ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ်နေခဲ့၏။

သို့ပေမည့် ရှမ့်လန်၏ စစ်သည်သစ်များမှာတော့ မည်သည့်သတ်ဖြတ်လိုစိတ်မှ မရှိချေ။ ထုံထိုင်း နှေးကွေးမှုများသာ ရှိနေခဲ့သည်။

.......................

စစ်တပ်က မြို့တော်နယ်နိမိတ်မှ ထွက်ခွာခဲ့ပြီး ထျန်းရှစ်နယ်နိမိတ်ဆီသို့ ဝင်ရောက်လာ၏။ လျန်ခရိုင်ဆီမှ ထွက်ခွာပြီးနောက် အနောက်မြောက်ဘက်သို့ ဦးတည်ပြီး ကျုံးမိသားစု၏ ပိုင်နက်တည်နေရာထဲသို့ ဝင်ရောက်လာခဲ့ကြ၏။

အနောက်ဘက်ဒေသကို စောင့်ရှောက်သည့် ရွှဲ့ပြည်နယ်၏ စစ်သူကြီး ကျုံးယောင် ကိုယ်တိုင် ထွက်ကာ ကြိုဆို၏။ သူက စစ်သည်ပေါင်း ၈၀၀၀ နှင့်အတူ ဘုရင်မင်းမြတ်ကို လိုက်ပါ ကာကွယ် စောင့်ရှောက်သည်။

“အင်း... ညီတော် ကျုံးယောင်။ ကျုပ်တို့ မတွေ့ခဲ့ရတာ ၁၀ နှစ်ကျော်တောင် ကြာခဲ့ပြီပဲ” မင်းကြီးက ဖြည်းညင်းစွာ ပြောလိုက်၏။

ကျုံးယောင်က မြင်းရထားပေါ်တွင် ထိုင်လျက် ခန္ဓာကိုယ်ကို အနည်းငယ် ကွေးညွတ်ကာ အရိုအသေပြုသည်။ “ကျုပ် အပြစ်ကြီးပါတယ် အရှင်မင်းကြီး”

ရွှဲ့ပြည်နယ်၏ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်တစ်ဦးအနေနှင့် ၁၀ နှစ်ကျော် ကြာသည့်တိုင် နန်းမြို့တော်သို့ လာပြီး ဘုရင်မင်းမြတ်ကို ဂါရဝမပြုခြင်း ဆိုသည်မှာ အမှန်ပင် ရိုင်းပျလွန်းရာ ရောက်၏။

ဘုရင် နင်ယွမ်ရှန်းက ထိုအပြုအမူကို သည်းခံပေးထားခြင်းက တိုင်းပြည်အတွက် သည်းခံခြင်းဟု မှတ်ယူနိုင်သည်။

ယခင်က ကျုံးယောင်က နင်ယွမ်ဝူကို ထောက်ခံ၏။ သူက နင်ယွမ်ဝူကဲ့သို့ ရဲရင့်သည့် မင်းမျိုးကို နှစ်သက်ပြီး နင်ယွမ်ရှန်းကဲ့သို့ အနေအထိုင် ရက်စက်သောသူမျိုးကို ကြိုက်နှစ်သက်ခြင်း မရှိချေ။ သို့သော်ငြား ဤနှစ် တလျှောက်လုံး၌ ကျုံးယောင်က ဘုရင်မင်းမြတ်နှင့် ဆက်ဆံရေး မကောင်းမွန်သော်လည်း ဘုရင်မင်းမြတ်၏ အမိန့်မှန်သမျှကို ကောင်းမွန်စွာ ထမ်းဆောင်ခဲ့၏။

နင်ယွမ်ရှန်းက မေးမြန်းလိုက်သည်။ “နယ်စပ်အမဲလိုက်ပွဲပြီးရင် တောင်ဘက်ပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်။ ချောင်ပြည်နယ်က တိုက်ခိုက်လာခဲ့ရင် ခင်ဗျား တားဆီးပေးနိုင်လား”

ကျုံးယောင်က ပြောလိုက်၏။ “ကျုပ် အစွမ်းကုန် ကြိုးစားပေးပါ့မယ် အရှင်မင်းကြီး”

နင်ယွမ်ရှန်းက ခေါင်းညိတ်လိုက်သည်။ “ဒီတစ်ခါ ရှစ်ရှစ် နန်းမြို့တော်မှာ ဒဏ်ရာရခဲ့တယ်။ ကျုပ် သူ့ကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့လို့ပဲ။ ဒီအတွက် ကျုပ် တောင်းပန်ပါတယ်”

ကျုံးယောင်က ပြောလိုက်၏။ “ကျုပ် မခံယူဝံ့ပါဘူး”

ပြီးနောက် နှစ်ယောက်သား တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။ အဆင်မပြေသည့် လူနှစ်ယောက် စကား ပြောရသည်မှာ စကားလုံး တစ်လုံး ပြောဖို့ပင် ခက်ခဲနေသည်ဟု ခံစားရသည်။

‘ဒီနယ်စပ်အမဲလိုက်ပွဲက ချောင်ပြည်နယ်ကို အသားတုံးတွေ သွားပို့တာနဲ့ တူတူပဲ။ မင်းကြီးက ဘာလို့ လိုက်လာသေးတာလဲ။ မင်းကြီးလာလို့ ငါက မိုင်ထောင်ချီကို ခရီးထွက်ပြီး လာကြိုရတယ်။ ငါ့ရဲ့ စစ်ရေးကိစ္စရပ်တွေ ထိခိုက်ကုန်ပြီ’

ကျုံးယောင်က စိတ်ထဲတွင် ထိုကဲ့သို့ တွေးလျှင် တွေးနေနိုင်၏။

ကျုံးယောင်က မင်းကြီးကို အထင်သေးပိုင်ခွင့်ရှိ၏။ ဤနှစ်ပိုင်းအတွင်း မင်းကြီးက ကျုံးယောင်ကို ထိန်းချုပ်ရန် သူ၏လူယုံ ကျန့်ထော်ကို စေလွှတ်ခဲ့၏။ ရလဒ်က ဘာဖြစ်သွားသနည်း။ ကျန့်ထော်ကပင် ပုန်ကန်သွားခဲ့၏။ ဤကဲ့သို့သော ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သောကြောင့် နင်ယွမ်ရှန်းအနေနှင့် ကျုံးယောင်ကို လျစ်လျူရှုရန် ခက်ခဲသွားသည်။

“ကောင်းပြီ။ ကျုပ် မောနေပြီ” နင်ယွမ်ရှန်းက လက်ကာပြလိုက်၏။

ကျုံးယောင်က မတ်တတ် ထရပ်လိုက်သည်။ “ကျုပ်ကို ခွင့်ပြုပါအုံး”

ပြီးနောက် ကျုံးယောင်က မင်းကြီး၏ မြင်းရထားပေါ်မှ ဆင်းသက်ပြီး သူ၏ တပ်တော်ဆီသို့ ဝင်ရောက်သွား၏။ ထိုအချိန်မှစ၍ ကျုံးယောင်က မင်းကြီးကို စောင့်ရှောက်ရန် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သော်လည်း မင်းကြီးနှင့် လာရောက်တွေ့ဆုံခြင်း မရှိတော့ပေ။

All Chapters