အဆုံးအဖြတ် တိုက်ပွဲ
Vol. 83 Ch. 1257
ဧရာမ အတောင်ပံတစ်စုံက ဇိုလာ၏ နောက်ကျောမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့မှာ တမန်တော် အတောင်ပံများ မဟုတ်ဘဲ ဖောက်ထွင်း၍ မြင်နိုင်ပြီး ရောင်စုံအလင်းများ ထုတ်လွှတ်နေသည့် လိပ်ပြာအတောင်ပံများ ဖြစ်နေကြသည်။ လိပ်ပြာအတောင်ပံများ ပေါ်လာသည်နှင့် လူတိုင်းက မယုံကြည်နိုင်လောက်သော စွမ်းအားအငွေ့အသက် ခံစားလိုက်ရ၏။
ထိုစွမ်းအားမျိုးသည် ဆိုစဘတ်နှင့် တိုက်ပွဲတွင် ချန်လွေ့ ပြသခဲ့သော စွမ်းအားထက် များစွာကျော်လွန်နေ၏။
လိပ်ပြာအတောင်ပံများ တုန်ခါနေပြီး အနီးက ပ်ကြည့်လိုက်သောအခါ ၎င်းမှာ အရှိန်မြင့်စွာဖြင့် တုန်ခါနေခြင်း ဖြစ်သည်။ ထိုတုန်ခါမှုမျိုးက အားကောင်းသော အငွေ့အသက်ကို ထပ်မံ၍ မြင့်တက် လာစေပြီး မျက်စိတစ်မှိတ် အတွင်းတွင် အလွန်အမင်း ကြောက်စရာကောင်းသော အဆင့်သို့ ရောက်သွားခဲ့သည်။ နတ်မိမယ် နဂါး၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြင်းထန်သော အရောင်စုံအလင်းဖြင့် တောက်ပနေ၏။ နက်ဗြူလာ အစုအဝေးက သူ၏နောက်တွင် ပို၍ပို၍ ကြည်လင်လာခဲ့သည်။ အဓိကကြယ်မှာ သက်တန့် ပုံသဏ္ဌာန် ဖျော့တော့တော့ ရှိနေ၏။ အလင်းရောင် တောက်ပနေစဉ် သက်တန့်အလင်းတစ်ခု ပျံထွက်သွားခဲ့သည်။
“ဒြပ်စင်စွမ်းအားလား။ ဒါက တကယ် ကြောက်စရာကောင်းတာပဲ။” ဆိုစဘတ် အံ့အားသင့်သွားသည်။ ချန်လွေ့ရဲ့ လက်ရှိ စွမ်းအားက အတော်လေး မယုံနိုင်စရာ ကောင်းနေပြီ။ ဘာလို့ ဇိုလာလို့ ခေါ်တဲ့ ဒီအမျိုးသမီးတောင်မှ ဒီလောက် အစွမ်းထက် လာရတာလဲ။
အက်ဘက်ဒွန်နှင့် ဒီလော့စ်ရိုတို့က အထိတ်လန့်ဆုံးပင်။ အကြောင်းမှာ သက်တန့်က သူတို့ထံသို့ တည့်တည့် ပျံသန်းလာနေ၍ပင် ဖြစ်သည်။ ထိုကဲ့သို့ အံ့ဩဖွယ်ရာ စွမ်းအားအောက်တွင် သူတို့ နှစ်ဦးက မမြင်နိုင်သော အင်အား တစ်ခုကြောင့် ချည်နှောင်ခံထားရသကဲ့သို့ လှုပ်ရှား၍မရနိုင် ဖြစ်နေသည်။ သူတို့က နေရာတွင် အကူအညီမဲ့စွာ ရပ်နေရုံသာ တတ်နိုင်ခဲ့၏။
“မဟုတ်ဘူး။ ဒီမှာရှိတဲ့ စွမ်းအား အစအနက... အခွင့်အာဏာ စွမ်းအားပဲ။” ဆိုစဘတ်က အရောင်စုံ အလင်းကို ကြည့်လိုက်ပြီး ထိုထိုးနှက်မှု၏ တကယ့် ပစ်မှတ်မှာ လောက နှစ်ခုကြားမှ တံခါး ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက် လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဒီလော့စ်ရိုသည် အုပ်စိုးသူ သုံးဦးထဲမှ တစ်ဦး ဖြစ်သည်။ သက်တန့် ချဉ်းကပ်လာမည့် အချိန်တွင် သူ၏ ခန္ဓာကိုယ် ရုတ်တရက် ပေါက်ကွဲ ထွက်သွားပြီး သက်တန့်၏ အကွာအဝေးမှ ထွက်ခွာရန် နိမိတ်ပုံရိပ် များစွာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အက်ဘက်ဒွန်တွင် ထိုကဲ့သို့ စွမ်းရည်မျိုး မရှိပေ။ ထို့ကြောင့် သူက သက်တန့်ဖြင့် မျောပါသွားခဲ့သည်။ သူက ရုပ်တုတစ်ခုကဲ့သို့ပင် လေထဲတွင် ဗလာနတ္ထိ ဆိုင်းငံ့နေခဲ့၏။
အရောင်စုံအလင်း အက်ဘက်ဒွန်ကို ကျော်လွန် သွားပြီးနောက်တွင် ၎င်းက အဝေးတွင်ရှိသော သွေးနီရောင် စစ်တပ် ဆက်လက်၍ ထွက်ပေါ်လာနေသော အလင်းတန်းထံသို့ ပျံသန်းသွားခဲ့သည်။ အသူရာချောက်နက် စစ်တပ်ကလည်း ခဏတာ ရပ်တန့်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း သက်တန့်က အလင်းတန်းကို ထိမှန်သွားခဲ့သည်။
လောကမြေကြီး တုန်ခါသွားစေသော ပေါက်ကွဲမှုမရှိဘဲ ၎င်းက အလင်းတန်း ထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။
ခဏတာအတွင်း အလင်းတန်း တုန်ခါ သွားခဲ့သည်။ ထိုသို့ အခိုက်အတန့်တွင် နတ်ဆိုးဘုံတစ်ခုလုံးက ပဲ့တင်ထပ်မှု တစ်မျိုးမျိုး ရှိနေသကဲ့သို့ တုန်ခါနေခဲ့ပြီး လောက နှစ်ခုကြားရှိ တံခါးပတ်လည်မှ နေရာလွတ်က ပြင်းထန်စွာ ပုံပျက်ယွင်းပြီး တွန့်လိမ်သွားခဲ့သည်။ ဆိုစဘတ်၊ ချန်လွေ့ သို့မဟုတ် အခြား မည်သူဆို ဖြစ်စေ၊ ထိုအခိုက်တွင် မည်သည့် စွမ်းအားကိုမျှ မထုတ်လွှတ်နိုင်ခဲ့ကြပေ။
တံခါး၏ အလင်းတန်း တဖြည်းဖြည်း ပို၍ပင် မှေးမှိန်လာပြီး နောက်ဆုံးတွင် အရိပ်အယောင်မကျန် ပျောက်ကွယ်၍ သွားခဲ့သည်။ ပုံပျက်ယွင်းမှုများ သို့မဟုတ် တုန်ခါမှုများ အားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ဆိုစဘတ်သည် နေရာလွတ် စွမ်းအား လုံးဝ ပြောင်းလဲသွားသည်ကို အသေအချာ အာရုံခံမိလိုက်သည်။ လောက နှစ်ခုကြားမှ တံခါး ပိတ်သွားရုံသာမကဘဲ နတ်ဆိုးဘုံ၏ နေရာလွတ်တစ်ခုလုံး ချိပ်တ်ခံလိုက်ရခြင်း ဖြစ်သည်။ ယခင်က နတ်ဆိုးဘုံဖြစ်စေ၊ လူသားလောကဖြစ်စေ နေရာလွတ်ကို ဖွင့်ရန်နှင့် လောကထဲသို့ ဝင်ရောက်ရန် နေရာလွတ် စွမ်းရည်နှင့် အထူး အစီအရင် အချို့ကို အသုံးပြုနိုင်သည်။ အတော်လေး အန္တရာယ် များလှသော်လည်း ၎င်းမှာ နောက်ဆုံး ဖြစ်နိုင်သော လမ်းကြောင်း တစ်ခု ဖြစ်ခဲ့သည်။ သို့သော် ယခုတွင် နေရာလပ် လုံးဝ ချိပ်ပိတ်ခံထားရသည် ဖြစ်ရာ ထိုနည်းလမ်းက မဖြစ်နိုင်တော့။
လောက နှစ်ခုကြားမှ တံခါး ပြန်မပွင့်မီ အသူရာချောက်နက် စစ်တပ် သို့မဟုတ် အုပ်စိုးသူ သုံးဦးသည် နတ်ဆိုးဘုံသို့ ထပ်မံ ဝင်ရောက်နိုင်တော့မည်မဟုတ်ပေ။ ခီလီယာနာ ယခု ထိုနေရာ လာခဲ့လျှင်ပင် အသုံးဝင်မည်မဟုတ်။ ထိုအချိန်အတွင်း ဆိုစဘတ်နှင့် အခြား နှစ်ဦးက ထိုနေရာ၌ နေရစ်ခဲ့ရပြီး ပြန်မသွားနိုင်တော့ပေ။
တိတိကျကျ ပြောရရင် သူတို့ထဲက နှစ်ယောက်ပင်။
အကြောင်းမှာ လောက နှစ်ခုကြားမှ တံခါး ပျောက်ကွယ်သွားသည့် အခိုက်တွင် ခုနက အရောင်စုံ အလင်းကြောင့် မျောပါသွားခဲ့သော အသူရာချောက်နက် စစ်တပ်နှင့် အက်ဘက်ဒွန်တို့ ပြာမှုန့်များ အဖြစ်သို့ လွင့်ပါးသွားခဲ့၍ပင်။
အသူရာချောက်နက် စစ်တပ်နှင့် အက်ဘက်ဒွန်သာ မကဘဲ ဒီလော့စ်ရို၏ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းလည်း ပြိုကွဲ သွားခဲ့သည်။ သူက လွတ်မြောက်ရန် လျှို့ဝှက် ပညာရပ် အသုံးပြုခဲ့သော်လည်း ရောင်စုံအလင်းကြောင့် ထိသွားဆဲပင်။ မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်က ဒဏ်ရာ ဆက်လက်၍ ပျံ့နှံ့နေသည်ကို တွေ့ရှိလိုက်ရာတွင် တုန်လှုပ်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်က အလျင်အမြန်ပင် ပြိုကွဲနေခဲ့သည်။ သူ၏ မသေနိုင်သော အထူး ဂုဏ်သတ္တိဖြင့်ပင် ထိုသို့သော ဒဏ်ရာကို မကုသနိုင်ခဲ့ပေ။
“ဒြပ်စင်အခွင့်အာဏာစွမ်းအား... စကြဝဠာပျက်သုဉ်း...” ဒီလော့စ်ရိုက အံကြိတ်လိုက်ပြီး အသုံးအနှုန်း နှစ်ခုကို ပြောလိုက်သည်။ နှိပ်စက်ညှဉ်းပန်းသော နာကျင်မှုက သူ့အား သေချာသော အဖြေတစ်ခုက ပေးခဲ့သည်။ “မင်းက ဒြပ်စင် နတ်ဘုရားမရဲ့ အခွင့်အာဏာ စွမ်းအား အစအနတစ်ခုကို တကယ် ရခဲ့တာပဲ...”
ဇိုလာ ထိုးနှက်ချက် လုပ်ပြီးနောက်တွင် နောက်ကျောမှ လိပ်ပြာ အတောင်ပံများ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူ၏ကိုယ် ပတ်လည်တွင် ရစ်ဝဲနေသော မယုံကြည် နိုင်လောက်သော အငွေ့အသက်သည် လျင်မြန်စွာ မှေးမှိန်လာခဲ့ကာ သူ့ကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအရ ပင်ပန်းနွမ်းနယ်စေခဲ့သည်။
“ခုနက သူ အခွင့်အာဏာ စွမ်းအား မြှင့်တင်မှုရဲ့ စွမ်းအားကို လည်ပတ်စေဖို့ အဲဒီအခွင့်အာဏာ စွမ်းအား အစအနကို ခေါ်ယူဖို့ စကြဝဠာပျက်သုဉ်း သုံးခဲ့တယ်။ လောက နှစ်ခုကြားက တံခါးကို ပိတ်ဖို့ပဲ... ဒါဆိုရင် မင်းတို့ နှစ်ယောက် အရင်က ဒြပ်စင်လောက အထဲမှာ ရှိနေခဲ့တာပဲ။” ဆိုစဘတ် မျက်လုံးများကို ကျဉ်းမြောင်း လိုက်သည်။ “ဒီလိုဆိုရင် နတ်ဘုရား ဘဝနဲ့ အဲဒီမှာ အစက ချိပ်ပိတ်ခံထားရတဲ့ ရာဖာတီ...”
အသူရာချောက်နက် အုပ်စိုးသူ နှစ်ဦး ခန့်မှန်းခဲ့သည်မှာ မှန်ပေသည်။ ၎င်းမှာ ဇိုလာ ဒြပ်စင်လောကတွင် ရခဲ့သောအရာ ဖြစ်သည်။ ထိုအလွန် အားကောင်းသော ထိုးနှက်မှုက သူ ယခု ထိန်းချုပ်နိုင်သည့် စွမ်းအား မဟုတ်ဘဲ ဒြပ်စင်နတ်ဘုရားမ ရာဖာတီ ချန်ထားခဲ့သော နတ်ဘုရားဘဝ အပိုင်းအစများ၏ စွမ်းအား ဖြစ်သည်။ သူ၏ လက်ရှိစွမ်းအား ခုန်ပျံကျော်လွှား တိုးလာခဲ့သော်လည်း ထိုထိုးနှက်မှုက အမှန်တကယ်တွင် ထိုရက်များအတွင်း စုဆောင်းထားသော စွမ်းအား ဖြစ်သည်။ အချိန်တိုအတွင်း ထပ်မံ မပြုလုပ်နိုင်ပေ။
ယခုတွင် ထိုစွမ်းအားက လောက နှစ်ခုကြားမှ တံခါးကို ဖျက်ဆီးရာတွင်နှင့် နတ်ဆိုးဘုံကို ချိပ်ပိတ်ရာ နောက်ဆုံး၌ အောင်မြင်သွားခဲ့လေပြီ။
ခဏအကြာ ဒီလော့စ်ရို၏ ခန္ဓာကိုယ် တစ်ဝက်ခန့် ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။ သူ ဟိန်းလိုက်ပြီး သွေးရောင် အလင်း တစ်ခုဖြင့် ဇိုလာထံ ပြေးဝင်သွားခဲ့သည်။ ချန်လွေ့ ဒီလော့စ်ရိုကို သတ်တော့မည့် အချိန် ဆိုစဘတ်က ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး သူ စုစည်းထားသော အပြင်းထန်ဆုံး စွမ်းအားကို ထုတ်လွှတ် လိုက်သည်။ ပြင်းထန်သော ပျက်စီးခြင်း အငွေ့အသက်ဖြင့် ပြည့်နှက်နေသော မီးလျှံနီလေးက ချန်လွေ့ထံသို့ မြား ၇စင်း ပစ်ခတ်လိုက်သည်။ ဆိုစဘတ်က ထိုတိုက်ခိုက်မှုတွင် စွမ်းအား အကုန်လုံး အသုံးပြုခဲ့သည်။
ဖိုက်သွန်၏ တုံ့ပြန်မှုမှာလည်း အလွန် မြန်ဆန်သည်။ သူက ဇိုလာ၏ ရှေ့တွင် ရှိနေပြီ ဖြစ်သော်လည်း ပြတ်သားသော လှုပ်ရှားမှုကို ပြုလုပ်ခဲ့သူမှာ ဇိုလာပင် ဖြစ်သည်။
နတ်မိမယ် နဂါး၏ မျက်မှန်များ လင်းလက်သွားပြီးနောက် လက်နှစ်ဖက် စလုံးဖြင့် သင်္ကေတတစ်ခုကို ပြုလုပ် လိုက်သည်။ ဒီလော့စ်ရိုက လှုပ်ရှားမှုများ ရုတ်တရက် နှေးကွေးသွားကြောင်းကို အာရုံခံမိလိုက်ပြီး ၆ရောင် ရောင်လျှံက သူ၏ ပတ်ပတ်လည်တွင် ပေါ်လာခဲ့သည်။ ထိုရောင်လျှံ အရောင်များက ဖောက်ထွင်း မြင်နိုင်သည့်အလားပင် မျက်စိတစ်မှိတ် အတွင်းတွင် ရောနှော၍ သွားခဲ့သည်။ ရောင်လျှံက ဒီလော့စ်ရို၏ ခန္ဓာကိုယ်ထဲသို့ အမှန်တကယ် နစ်မြုပ်သွားခဲ့၏။
နောက်တစ်စက္ကန့်တွင် ဒီလော့စ်ရို၏ ခန္ဓာကိုယ် လေထဲတွင် လုံးဝကို အေးခဲ သွားခဲ့သည်။ အသံအက်အက် တစ်ခုနှင့် သူက မရေမတွက်နိုင်သော အမှုန်များ အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
ဇိုလာ၏ အစွမ်းထက်ဆုံး အဆုံးသတ် တိုက်ကွက် [ဒြပ်စင်အမျက်]ပင်။
ထိုတိုက်ကွက်၏ စွမ်းအားက ဒြပ်စင်လောကသို့ မသွားမီကထက် ၁၀ဆ ပိုအားကောင်းပြီး စွမ်းအားအကွာအဝေးကို အလွန် သေးအောင် ထိန်းချုပ်ထားကာ ယခင်က မရရှိနိုင်သော သိမ်မွေ့သည့် ကြိုးကိုင် ခြယ်လှယ်မှုကို ပြသနေသည်။ အရေးအကြီးဆုံးသော အရာမှာ ၎င်းသည် ကျန်ရှိနေသော ဒြပ်စင် အခွင့်အာဏာ စွမ်းအား အစအနကိုလည်း ပေါင်းစပ်၍ ထားခြင်းပင်။ ဒီလော့စ်ရိုက အခွင့်အာဏာ စွမ်းအားပါဝင်သော သက်တန့်အလင်းဖြင့် ယခင်က ပြင်းထန်စွာ ဒဏ်ရာ ရခဲ့သည်။ ထိုထိုးနှက်မှုကို ခံစားရပြီးနောက် သူ၏ ခန္ဓာကိုယ် ပြန်လည် ကောင်းမွန်နိုင်စွမ်း လုံးဝပျက်စီးသွားခဲ့သည်။ နောက်ဆုံးတွင် သူက ရှင်းလင်းခြင်း ခံလိုက်ရ၏။
ထိုတိုက်ခိုက်မှုက ဇိုလာ၏ နောက်ဆုံး စွမ်းအားကို ကုန်ဆုံးစေခဲ့သည်။ သူ၏ လိပ်ပြာ အတောင်ပံများ ပျောက်ကွယ် သွားပြီး အလွန်အကျွံ စွမ်းအင် ကုန်ခမ်း သွားခဲ့သော ခန္ဓာကိုယ်က တန်းတန်း ပြုတ်ကျလာခဲ့သည်။ ဖိုက်သွန်က သူ့ကို အမြန် ဖမ်းလိုက်သည်။
အခြားတစ်ဖက်တွင် ဆိုစဘတ်လည်း နောက်ပြန်လွင့်သွားခဲ့ပြီး ဖောက်ထွင်းမြင်နိုင်သော ကြယ်ပုံရိပ်က အနီးကပ် လိုက်ပါသွားခဲ့သည်။ ဇိုလာ၏ အဆုံးသတ် ထိုးနှက်မှုက ချန်လွေ့ကို စိတ်သက်သာရာရစေခဲ့သည်။ သူက ယခု ဆိုစဘတ်ကို ကိုင်တွယ် ဖြေရှင်းရန် အာရုံစိုက်နိုင်ပြီ ဖြစ်သည်။
ချန်လွေ့၏ ပေါင်းစပ် အခြေအနေက အသက်စွမ်းအား အများအပြားကို ကုန်ဆုံး စေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ထိုပုံစံက ဒြပ်စင်လောက၏ ဝန်းကျင်တွင် မိမိကိုယ်ကိုနှင့် စွမ်းအားအတွက် နားလည် သဘောပေါက်မှု အသစ် တစ်ခုလည်း ဖြစ်သည်။ ယခင်က ချန်လွေ့သည် စကြဝဠာငယ် ကဲ့သို့သော နာမ်များနှင့် ပတ်သက်၍ အမြဲတမ်း ပြောစရာမဲ့ နေခဲ့သော်လည်း ယခု သူက ထိုအမြင့်တွင် ရပ်နေရာ ကာတွန်းထဲမှ စိတ်ကူးယဉ် နာမ်များက အမှန်တကယ် အတော်လေး အဓိပ္ပာယ်ရှိကြောင်း တွေ့လိုက်ရသည်။
လူသားများက စကြဝဠာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ပြောင်းပြန် အားဖြင့် လူအချို့က အမြင့်သို့ ရောက်ရှိသ၍ ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် စိတ်တို့က စကြဝဠာ တစ်ခုလုံး၏ ဆန်းကြယ်မှုများကိုလည်း ထင်ဟပ်စေ နိုင်ခြင်းပင်။
၎င်းကို တိကျသော စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်ပေ။ အကြောင်းမှာ ၎င်းက လျှို့ဝှက် ဆန်းကြယ်သော အရာတစ်ခု ဖြစ်၍ပင်။ ချန်လွေ့က သူ၏အသက်ကို လောင်ကျွမ်းစေပြီး ထိုအခြေအနေသို့ မိမိကိုယ်ကို ပိုမို၍ နီးကပ်စေနိုင်ရုံသာ တတ်နိုင်သော်လည်း အစွန်းကို တကယ် ထိတွေ့ခဲ့သည်။
သူက ဆိုစဘတ်နှင့် တိုက်ခိုက်နေစဉ် ထိုဝေဝါးသော အစွန်းက အနည်းငယ် ပိုမို၍ ထင်ရှားလာခဲ့သည်။
ဆိုစဘတ်၏ ပျက်စီးခြင်းနှင့် အကြောက်တရား စွမ်းအားများ ထိန်းချုပ်ခံခဲ့ရသည်။ စူပါနိုဗာ ပေါက်ကွဲမှု ကဲ့သို့ပင်။ ၎င်းက အလွန်အမင်း ပျက်စီး စေနိုင်သော စွမ်းအားကို ထုတ်လုပ် နိုင်သော်လည်း စကြဝဠာ တစ်ခုလုံးတွင် ၎င်းမှာ ခဏတာ တောက်ပမှု တစ်ခုမျှသာ ဖြစ်သည်။
စက္ကန့်ပိုင်းလေးအတွင်း မြား ၇စင်းစလုံး ကျိုးပဲ့၊ ပျော်ဝင်ပြီး စုပ်ယူခံလိုက်ရသည်။ ချန်လွေ့၏ တန်ပြန် တိုက်ခိုက်မှုမှာမူ ပို၍ အားကောင်းလာနေခဲ့သည်။ ဆိုစဘတ် အသက်ရှူရန် ခက်ခဲနေသည်။ သူ့အတွက် ပို၍ပို၍ သည်းမခံနိုင် ဖြစ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ပြင်ပအရိုးစုဖြင့် ဖွဲ့စည်းထားသော ချပ်ကာက အစိမ်းရောင်ရင့် သွေးများ စီးကျနေလျက် စုတ်ပြဲသွားခဲ့သည်။ အရိုးဆူးများလည်း တစ်ခုပြီးတစ်ခု ကျိုးပဲ့သွားခဲ့၏။
ချန်လွေ့က ပျံသန်းနေသော ဆိုစဘတ်ကို အမီလိုက်ခဲ့သည်။ မျက်စိ ကျိန်းစရာကောင်းသော အလင်းရောင် တစ်ခု လက်သီးပေါ်တွင် ပေါ်လာပြီး သူက ဆိုစဘတ်၏ ရင်ဘတ်ကို ထိုးဖောက် လိုက်သည်။
ဆိုစဘတ်၏ ခန္ဓာကိုယ် စုတ်ပြဲသွားစဉ် သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ မျက်စိ ကျိန်းစရာ အလင်းရောင်ထဲတွင် ဆိုစဘတ်၏ အရိပ်များ ရှိနေပုံ ရသော်လည်း ချန်လွေ့ မလှုပ်ရှားခဲ့ပေ။ သူ၏ လက်သီးကို လှုပ်ခါလိုက်သည်နှင့် မရေမတွက်နိုင်သော ကြယ်အမှုန်များ ပေါက်ကွဲထွက်သွားခဲ့သည်။ ဆိုစဘတ် စုတ်ပြဲသွားသည့် နေရာတွင် ခပ်ရေးရေး ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ၎င်းမှာ တကယ်တမ်း အကြောက်တရား အရှင်သခင်၏ စစ်မှန်သော ခန္ဓာကိုယ်ပင်။
ဆိုစဘတ်က ခွဲထွက်ပြီး ထွက်ပြေး နေပုံရသော်လည်း ၎င်းမှာ ပုံရိပ်ယောင် တစ်ခုသာ ဖြစ်နေခဲ့၏။ သူ၏စစ်မှန်သော ခန္ဓာကိုယ်က နေရာတွင် ပုန်းနေဆဲ ဖြစ်သည်။ ကံဆိုးစွာဖြင့် ချန်လွေ့ ၎င်းကို တစ်ချက်တည်းဖြင့် မြင်လိုက်ရသည်။
“ဘာလို့လဲ။ အမြဲ မင်းက သိနေတာ...” ဆိုစဘတ်၏ မျက်နှာက အစိမ်းရင့်ရောင် သွေးများဖြင့် လျှံထွက်နေ၏။
ချန်လွေ့ အေးဆေး ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ခင်ဗျားက အဲဒီမှာ ရှိနေလို့ပဲ။”
“ဒါက သူ တကယ် တန်ဖိုးထားတဲ့ ရန်သူပဲ။” ဆိုစဘတ် မျက်နှာ လင်းလက် လာပြီး ပြုံးလိုက်၏။ “ဒါပေမဲ့ မင်းလည်း တွက်ချက်တာ မှားယွင်းခဲ့တယ်။ ငါ မင်းရဲ့ မှားယွင်း ဆုံးဖြတ်ချက် အပေါ်မှာ ငါ့ရဲ့ မျှော်လင့်ချက်တွေကို မထားခဲ့ဘူး။”
ထိုသို့ပြောပြီး ဆိုစဘတ်၏ ခန္ဓာကိုယ် အပိုင်းပိုင်းအစစ ပြိုကွဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူနှင့် အနီးဆုံး ဖြစ်သော မိုက်ကယ်က ရုတ်တရက် သွေးတစ်လုပ်ကို ထွေးထုတ်လိုက်ရာ အမှန်တကယ် အစိမ်းရောင် ခပ်ရေးရေး ပါဝင်နေခဲ့သည်။
ဆိုစဘတ်၏ မှေးမှိန်နေသော ပုံရိပ်က လှောင်ရယ်လိုက်၏။ “အက်ဘက်ဒွန်က အမုန်းတရား နှလုံးသားကို ပိုင်ဆိုင် ထားတယ်။ ပြီးတော့လည်း သူ့ရဲ့ လက်သည်းတွေက ငါသူ့ကို ပေးအပ်ခဲ့တဲ့ အကြောက်တရား လက်သည်းတွေပဲ။ အဲဒီလက်သည်းရဲ့ ပထမဆုံး ပြင်းထန်တဲ့ ထိုးနှက်မှု မိုက်ကယ်ကို ထိမှန်ကတည်းက သူ အကြောက်တရား ဇစ်မြစ်ရဲ့ မျိုးစေ့ ချတာကို ခံခဲ့ရတယ်။ အခု ငါ့ရဲ့ဝိညာဉ်ကို သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ပေါင်းစပ်နေပြီး သူနဲ့ တစ်သားတည်း ဖြစ်နေပြီ။ တကယ်လို့ မင်း ငါ့ကို ရှင်းလင်းပစ်ချင်ရင်... ပိုပြီး တိတိကျကျ ပြောရရင်တော့ ငါ့ရဲ့ လက်ရှိ ဝိညာဉ်ကို ရှင်းလင်းပစ်ဖို့ အတွက် တန်ဖိုးက မိုက်ကယ်ကို သတ်ဖို့ပဲ။”
“ချီးပဲ...” မိုက်ကယ်က ဟိန်းဟောက် လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နတ်ဘုရားအလင်းရောင် တောက်ပနေပြီး သူ၏ နောက်မှ ရွှေရောင်အတောင်ပံများ လောင်ကျွမ်းနေသော်လည်း သူက သူ၏ ဝိညာဉ်ထဲသို့ စိမ့်ဝင်နေသော အကြောက်တရား ဇစ်မြစ်ကို မဖယ်ရှား နိုင်ခဲ့ပေ။ ထိုအစား ဘယ်ဘက်မျက်ဆံက အစိမ်းရောင်အဖြစ် ပြောင်းသွားခဲ့သည်။
အသူရာချောက်နက် အုပ်စိုးသူ သုံးဦး အနက် မိုက်ကယ် အမုန်းဆုံးမှာ ရာဖယ်ရယ်ကို စတေးရန် အတင်းအကျပ် ဖိအားပေးခဲ့ပြီး သိဒ္ဓိအလင်းတောင်ကို ဖျက်ဆီးခဲ့သော ဆိုစဘတ် ဖြစ်သည်။ ဒုတိယမှာ ဂေဘရီရယ် ပျက်စီးခြင်းကို သွယ်ဝိုက်၍ ဖြစ်စေခဲ့သော ခီလီယာနာ ဖြစ်သည်။ ယခု သူကိုယ်တိုင် အမုန်းတီး ရဆုံးသော စွမ်းအား၏ ဝင်ပူးခြင်းကို ခံနေရသည်။
“သိပ်ကောင်းတဲ့ အမုန်းတရားပဲ။ ဒါပေမဲ့ ကံဆိုးတာက အကြောက်တရား မရှိနေဘူး။” ဆိုစဘတ်၏ ပုံရိပ် ပျောက်သွားပြီး အသံက မိုက်ကယ်၏ ဘယ်ဘက်မျက်လုံးမှ ထွက်ပေါ်လာသည်။ “ချန်လွေ့ ငါ့ကို မြန်မြန် ဖျက်ဆီး ပစ်လိုက်။ မင်းလက်တွေနဲ့ ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့တဲ့ မင်းရဲ့ အဖော်ကို အဆုံးသတ်ပစ်လိုက်။”
ဆိုစဘတ်တွင် မရေမတွက်နိုင်သော တိုက်ခိုက်ရေး အတွေ့အကြုံများ ရှိနေရာ သူ ချန်လွေ့ကို ကောင်းကောင်း သိသည်။ ထိုလူမျိုးတွင် သူ နားမလည်နိုင်သော တွယ်တာမှုများ ရှိသည်။ တစ်ခါတစ်ရံ သူက အဖော်များကို တိုက်ခိုက်မည့်အစား ကိုယ်တိုင်သေရန် ပိုနှစ်သက်သည်။
တကယ်လို့ သူ မိုက်ကယ်ကို သတ်ရင် သူ့ရဲ့စိတ်ထဲမှာ မဖျောက်ဖျက်နိုင်တဲ့ အပြစ်အနာအဆာ တစ်ခု ရှိနေလိမ့်မယ်။ တကယ်လို့ မသတ်ရင် ငါ မိုက်ကယ်ရဲ့ ခန္ဓာကိုယ်ကို တစ်ဆင့်ပြီး တစ်ဆင့် လုံးဝ ပေါင်းစပ်သွားပြီးတော့ မိုက်ကယ်ကို ဒုတိယ အကြောက်တရား အရှင်သခင် အဖြစ်ကို ပြောင်းလိုက်မယ်။
ချန်လွေ့ လက်သီးများကို ဆုပ်ကိုင် လိုက်သည်။ ငါ တကယ်ပဲ တွက်ချက်တာ မှားယွင်းခဲ့တယ်။ ဆိုစဘတ်မှာ ဒီလိုမျိုး နည်းလမ်း ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
မိုက်ကယ်သည် အစကတည်းက သူ၏ ရန်သူနှင့် ပြိုင်ဘက် ဖြစ်သည်။ သူက ကောင်းကင်တမန်တော် သုံးပါးနှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ဖူးသည်။
သို့သော်လည်း စိတ်အနှောင့်အယှက် အပေးဆုံး ရာဖယ်ရယ်သည် သူ၏ အဖော်များ အသက်ရှင်သန်ရန် အတွက် အမှန်တကယ် ကိုယ့်ကိုယ်ကိုယ် စတေးခဲ့သည်။ ဂေဘရီရယ်က သူ၏ အသက်နှင့် စွမ်းအားကို ဖိုက်သွန်အား ပေးခဲ့ပြီး သူ့အတွက် သေဆုံးခဲ့သည်။ မိုက်ကယ်နှင့် သူသည် ယခုအချိန်အထိ ဘေးချင်းယှဉ်၍ တိုက်ခိုက်ခဲ့ကြသည်။ စစ်ပွဲပြီးနောက်တွင်ပင် သူတို့ မိတ်ဆွေ ဖြစ်လာမည် မဟုတ်သော်လည်း ယခု မိုက်ကယ်က သူ၏ အဖော် ဖြစ်သည်။ စေတန်လည်း အတူတူပင်။
ချန်လွေ့အတွက် အချိန်ဆွဲပေးရန် သူက ယခုအချိန်အထိ တစ်လျှောက်လုံး တိုက်ခိုက်ခဲ့သည်။
သူ၏ စွမ်းအားက အထွတ်အထိပ်သို့ စုစည်းထားပြီး မိုက်ကယ်ကို လက်ဖြင့် ဝှေ့ယမ်းရုံဖြင့် ရှင်းလင်းပစ်နိုင်သော်လည်း ချန်လွေ့ မလုပ်နိုင်ခဲ့ပေ။
မိုက်ကယ်က ထိုသို့ရုန်းကန်မှုမျိုးကို သတိပြုမိလိုက်ပြီး တစ်ချိန်က အထီးကျန် ဆန်သော ကောင်းကင်တမန်တော်ချုပ်က တိတ်ဆိတ်သွားခဲ့သည်။ တကယ်လို့ ဝင်ပူးခံရတဲ့သူက ချန်လွေ့သာဆိုရင် ငါ ဒီလောက် တွန့်ဆုတ်နေမှာလား။
မိုက်ကယ်က ခေါင်းကို မော့လိုက်ပြီး အချိန်ကို ဖောက်ထွင်း မြင်နေရသကဲ့သို့ အဝေးမှ ကောင်းကင်ကို တည့်တည့် ကြည့်လိုက်သည်။ သူက ရုတ်တရက် ပြုံးလိုက်ပြီး မထင်ထားသော မေးခွန်း တစ်ခုကို မေးလိုက်၏။
“ချန်လွေ့။ မင်းရဲ့ နားလည်မှုအရဆိုရင် အသူရာချောက်နက်ဆိုတာ တကယ်တမ်း ဘာလဲ။”
ချန်လွေ့ ထိတ်လန့်သွားသည်။ ဘာလို့ မိုက်ကယ် အခု ဒီလိုမျိုး မေးခွန်းမျိုး မေးရတာလဲ။
ဖိုက်သွန်နှင့် စေတန်တို့ တုန်လှုပ် သွားကြသည်။
မိုက်ကယ် အဖြေကို သူကိုယ်တိုင် ပြောလိုက်ပြီးဖြစ်သည်။ “သူတို့က ကျိန်စာသင့် တည်ရှိမှုတွေပဲ။ ပြီးတော့ တစ်ချိန်က အန္တိမ တည်ရှိမှုတွေလည်း ဖြစ်ခဲ့ကြတယ်။”
ထိုစကား ပြောလိုက်စဉ် မိုက်ကယ်၏ ခန္ဓာကိုယ် တုန်ခါသွားပြီး သွေးများက သူ၏ မျက်လုံးများနှင့် နားများမှ စီးကျ လာတော့သည်။