အခြားလောက
Vol. 83 Ch. 1258
အသူရာ ချောက်နက်က ကျိန်စာသင့် တည်ရှိမှု ဖြစ်သည်။
ချန်လွေ့က ၎င်းကို ကြားဖူးသော်လည်း နောက်ဆုံးစကားကို မကြားဖူးခဲ့ပေ။ အန္တိမ တည်ရှိမှု...
“နတ်ဘုရားတွေလား။” ချန်လွေ့က နောက်ဆုံးတွင် မေးလိုက်သည်။
“ဖန်တီးခြင်း ရှိတဲ့နေရာမှာ ပျက်စီးခြင်း ရှိတယ်။ အလင်းရောင် ရှိတဲ့နေရာမှာ အမှောင်ထု ရှိတယ်။” မိုက်ကယ်က ခန္ဓာကိုယ်အပေါ် သက်ရောက်နေသော ရုတ်တရက် ပျက်စီးမှုကို ဂရုမစိုက်ခဲ့ပေ။ “နတ်ဘုရားတွေက ကြီးမားတဲ့ ယုံကြည်မှု စွမ်းအားကို ပိုင်ဆိုင်ပြီးတော့ ကိုယ်စားပြု နိုင်ပေမယ့် ဒါက တကယ် ပြီးပြည့်စုံတာ မဟုတ်ဘူး။”
“ခင်ဗျား ဆိုလိုတာက... အခြား ရှုထောင့်ကနေ ကြည့်ရင်တော့ သူတို့က နတ်ဘုရားစွမ်းအားရှိတဲ့ လူတွေပဲလား။” ချန်လွေ့ ထပ်မံ မေးလိုက်သည်။
မိုက်ကယ် အသာလေး ပြုံးလိုက်သည်။ “ဒီဥပမာက အတော် သင့်လျော်တယ်။ သာမန် လူတွေကို အထင်မသေးတဲ့ သူတွေက စိတ်ဆန္ဒမရှိဘဲ မနေနိုင်ကြဘူး။ သူတို့ရဲ့ ဆန္ဒတွေက သူတို့ရဲ့ စွမ်းအားနဲ့ တိုက်ရိုက် အချိုးကျတယ်။ ဒါကြောင့်ပဲ သူတို့က နောက်ပိုင်းမှာ ကပ်ဘေးသင့်တဲ့ ရလဒ်တွေနဲ့ အဆုံးသတ် သွားရတာ... အသူရာချောက်နက်ကတော့ တိတိကျကျ ပြောရရင် သူတို့က နတ်ဘုရားတွေ မဟုတ်ဘူး။ နတ်ဘုရားဘဝ၊ အမှောင်ထုရဲ့ နတ်ဘုရားဘဝပဲ။”
အမှောင်ထုရဲ့ နတ်ဘုရားဘဝလား။ ချန်လွေ့၏ ဦးနှောက်က ရုတ်တရက် လွှမ်းမိုးလာသော အချက်အလက်များကို မလိုက်မီနိုင်တော့ပေ။
မိုက်ကယ် နောက်ဆုံး စကားလုံးကို ပြောလိုက်သည်နှင့် သွေးများက သူ၏ မျက်နှာမှ တစ်ချိန်တည်းတွင် လျှံထွက် လာခဲ့သည်။ သွေးများတွင် ပျက်စီးခြင်း အငွေ့အသက်၏ အစိမ်းရောင်နှင့် ရောနှောနေသည်။ သွေးမြူခိုး အားလုံး လေထဲတွင် လျင်မြန်စွာ ပြိုကွဲ၍သွဦးပြီး ပျက်စီးသွားခဲ့သည်။
“နေဦး...” ဆိုစဘတ်၏ အသံက ဘယ်ဘက် အစိမ်းရောင် မျက်လုံးမှ ထွက်လာပြီး နက်ရှိုင်းသော နက်နဲမှုကို ဖော်ပြနေ၏။
ဆိုစဘတ်၏ တွက်ချက်မှု မမှားခဲ့ပေ။ သူက ချန်လွေ့ကို မှန်ကန်စွာ တွက်ချက် နိုင်ခဲ့သော်လည်း မိုက်ကယ်ကို ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့ပေ။
“ငါ့ရဲ့ဝိညာဉ်ကို တိုက်စားဖို့ အတွက် လုံလောက်တဲ့ တန်ဖိုးတစ်ခု လိုအပ်တယ်။ အခု မင်း ထွက်ပြေးဖို့ မဖြစ်နိုင်တော့ဘူး။” မိုက်ကယ်၏ ညာမျက်လုံးက ဂုဏ်ယူ ဝင့်ကြွားသော အမူအရာကို ပြသခဲ့သည်။ ထိုအခိုက်အတန့်တွင် သူက ဂုဏ်ယူ ဝင့်ကြွားသော ကောင်းကင်တမန်တော် ဖြစ်နေဆဲ ဖြစ်သည်။
“ကျိန်စာကြောင့် ဝိညာဉ်ရဲ့ အမှောင်ထု ဘက်ခြမ်းက နတ်ဘုရားဘဝရဲ့ တစ်စိတ် တစ်ပိုင်းကို ယူဆောင်သွားခဲ့တယ်။ ဒါက အသူရာချောက်နက်ရဲ့ စိတ်ဆန္ဒပဲ။ ပျက်စီးခြင်း၊ အမုန်းတရား၊ အကြောက်တရား၊ မျှော်လင့်ချက်မဲ့ခြင်း...” ချန်လွေ့ မမေးမြန်းခင်မှာပင် မိုက်ကယ်က သူ့ဘာသာသူ ဆက်ပြောလိုက်သည်။ သူ ထိုစကားကို ပြောလိုက်ချိန် ပေါက်ကွဲသံ တစ်ခုက သူ၏ ခြေလက်များမှ ထွက်ပေါ် လာခဲ့သည်။ သူ ချက်ချင်း မတ်တပ် မရပ်နိုင်တော့ဘဲ တဖြည်းဖြည်း ထိုင်ချ လိုက်သည်။
“ကျိန်စာကြောင့် ဟုတ်လား။” ချန်လွေ့ အံ့အားသင့်နေဆဲပင်။ နတ်ဘုရားတွေကို ဘယ်သူက ကျိန်စာတိုက် ခဲ့တာလဲ။ နတ်ဘုရားတွေကို ဘယ်သူ ကျိန်စာတိုက် နိုင်မှာလဲ။
“အရာအားလုံးက နတ်ဘုရားတွေရဲ့ တိုက်ပွဲကနေ စတင်ခဲ့တာ။” တစ်ခုခုကို ပြန်လည်၍ အောက်မေ့ နေသကဲ့သို့ပင် မိုက်ကယ်က သက်ပြင်း ချလိုက်သည်။ လျှို့ဝှက်ချက်များစွာ ပြောပြပြီးနောက် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သော်လည်း သူက ဂရုမစိုက်ဘဲ ငေးနေခဲ့သည်။
“နတ်ဘုရားတွေရဲ့တိုက်ပွဲ ဟုတ်လား။” ချန်လွေ့ အလွန်ရင်းနှီးသော အသုံးအနှုန်း တစ်ခုကို တွေးမိလိုက်၏။ နတ်ဘုရားတွေရဲ့ ဆည်းဆာချိန်။
သူသိရသလောက်ဆိုလျှင် ယခင်ဘဝ ကမ္ဘာမြေ ဒဏ္ဍာရီများတွင် ဆင်တူသော ဇာတ်လမ်းများ ရှိခဲ့သည်။ ၎င်းမှာ နော့စ် ဒဏ္ဍာရီထဲမှ အိုဒင် ဦးဆောင်သော နတ်ဘုရားများနှင့် တိုင်တမန်များအကြား စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ပုံရသည်။ နတ်ဘုရားများ လုံးဝနီးပါး ရှင်းလင်းခြင်း ခံလိုက်ရသည်။ နောက်ဆုံးတွင် စကြဝဠာ ပျက်စီးသွားပြီး စည်းမျဉ်းများကို ပြန်လည် ထူထောင်ခဲ့သည်။
ချန်လွေ့ နတ်ဆိုးဘုံသို့ ပထမဆုံး ရောက်ရှိလာစဉ်က ကောင်းကင်ဘုံ ကမောက်ကမ ဖြစ်ခြင်းနှင့် ပေါင်းစပ် ထားသော ထိုဗားရှင်းကို အသုံးပြု၍ အဲဒက်စ်၊ အဲလစ်နှင့် အခြား သူများကို လှည့်စားခဲ့သည်။ သူ၏ စွမ်းအားနှင့် အသိပညာ တိုးတက်လာသည်နှင့်အမျှ ထိုလောကတွင် နတ်ဘုရားများ၏ ဆည်းဆာချိန် တကယ် ရှိနေကြောင်း သိရှိခဲ့သည်။ ၎င်းမှာ စိတ်မကူးနိုင်သော ကပ်ဘေးတစ်ခု ဖြစ်နိုင်လောက်ပေသည်။ လျို့ဝှက်ဆန်းကြယ်သောနယ်မြေမှ ဧရာမ အလောင်းများ၊ ရေတွက်၍ မရနိုင်သည့် နှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့သော နတ်ဘုရားများ...
“နတ်ဘုရားတွေရဲ့တိုက်ပွဲက နှစ်ခု ရှိတယ်။”
ချန်လွေ့ မိုက်ကယ်၏ အဖြေကြောင့် အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ နှစ်ခုလား။
မိုက်ကယ် ထိုသို့ ပြောလိုက်သည်နှင့် သူ၏ ပုံရိပ်က ရုတ်တရက် အနည်းငယ် ဝေဝါးသွားခဲ့ပြီး စွမ်းအားအငွေ့အသက် လျင်မြန်စွာ အားနည်း၍ သွားခဲ့သည်။ ချန်လွေ့ ရုတ်တရက် သတိဝင်လာသည်။ “တော်ပါတော့။ ဒီမှာပဲ ရပ်လိုက်ပါ။”
ယခင်က မျှော်လင့်ထားသည့်အတိုင်း ထိုလျှို့ဝှက်ချက်များက အထူးစည်းမျဉ်းများဖြင့် ချမှတ်ထားသော တားမြစ်ချက်များ ဖြစ်သည်။ ၎င်းတို့ကို မည်သည့် နည်းလမ်းဖြင့်မျှ ထုတ်ဖော် ပြောဆို၍ မရနိုင်ပေ။ သို့မဟုတ်လျှင် ကြောက်မက်ဖွယ် တန်ပြန်မှု သို့မဟုတ် အပြစ်ဒဏ်ကို ခံရပေလိမ့်မည်။
သူ၏ ဝိညာဉ် ဒဏ်ရာ အပြင်းအထန် ရရှိလိမ့်မည် ဖြစ်ပြီး သူ၏ စွမ်းအားနှင့် အသက်ကိုပင် ဆုံးရှုံးရလိမ့်မည်။
မိုက်ကယ်၏ ပုံစံကို မြင်သောအခါ ချန်လွေ့က ဝမ်းနည်းမှု လှိုင်းလုံးတစ်ခုကို ခံစားလိုက်ရသည်။ မိုက်ကယ်အတွက် သာမကဘဲ သူ၏ ယခင် မိတ်ဆွေများထဲမှ တစ်ဦးအတွက်လည်း ဖြစ်သည်။
မိုက်ကယ် ခေါင်းခါလိုက်၏။ သူ့ကို ကြည့်နေသော ဖိုက်သွန်က ပြောသည်။ “ကျွန်မ ပြောလိုက်မယ်။”
ဖိုက်သွန်ဘေးမှ စေတန် လန့်သွားပြီး ဖိုက်သွန်ကို အံ့အားသင့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
မိုက်ကယ်က ဖိုက်သွန်၏ ရင်းနှီးသော ငွေရောင်နှင့် အနီရောင် မျက်ဆံများကို တည့်တည့်ကြည့်လိုက်ပြီး တဖြည်းဖြည်း ခေါင်းခါလိုက်သည်။ “မလိုပါဘူး။”
မင်း ဘာမှ ပြန်ပေးစရာ မလိုပါဘူး။ မင်း ငါ့ကို အကြွေး မတင်နေဘူး။ မင်းက တီဇန်နီယာကို အကြွေးတင်နေတာ။
“မင်းလုပ်ရမှာက သူရဲ့မျှော်လင့်ချက်နဲ့ အသက်ရှင်ဖို့ပဲ။”
ဖိုက်သွန်နှင့် မိုက်ကယ်တို့ အချင်းချင်း ခဏတာ ကြည့်လိုက်ကြသည်။ သူက နောက်ဆုံး အတင်းအကျပ် မပြောတော့ဘဲ တိတ်ဆိတ်သွားခဲ့သည်။
“နေဦး။ ငါတို့တွေ...” ဆိုစဘတ်၏ အသံက သိသာထင်ရှားနေသော အကြောက်တရားဖြင့် ပိုမို၍ အားနည်း လာခဲ့သည်။ သူက မိုက်ကယ်နှင့် တစ်ကိုယ်တည်း ဖြစ်လာခဲ့ပြီး မိုက်ကယ် ခံစားနေရသော ဒဏ်ရာများကိုလည်း ခံစားနေရသည်။ သေခြင်းတရား၏ ခြိမ်းခြောက်မှု ပိုမို၍ နီးကပ်လာသည်ကို ရင်ဆိုင်ရသဖြင့် ဆိုစဘတ် နောက်ဆုံးတွင် ကြောက်လန့်သွားခဲ့သည်။
“မင်းက အကြောက်တရားကို လွှမ်းမိုးထားတဲ့ အန္တိမ စိတ်ဆန္ဒကို ကိုယ်စားပြုနေတာ မဟုတ်ဘူးလား။ အခု မင်း ကြောက်ရွံ့နေတာက ရယ်စရာ ကောင်းလိုက်တာ... နောက်ဆုံးမှာ မင်းက တကိုယ်ကောင်းဆန်မှုနဲ့ ကြောက်မက်မှုရဲ့ လက်ကျန် တစ်ခုပဲ။ မင်း ဒီလောကမှာ မရှိနေသင့်ဘူး။”
မိုက်ကယ် မထီမဲ့မြင် ပြုံးလိုက်ပြီး သူ၏ မျက်လုံးများကို ချန်လွေ့ထံသို့ ပြန်လှည့် လိုက်ကာ ပြောလိုက်သည်။ “ပထမဆုံး နတ်ဘုရားတွေရဲ့ တိုက်ပွဲက နတ်ဘုရားနဲ့ အန္တိမကြားက တိုက်ပွဲပဲ။ အဲဒီတိုက်ပွဲမှာ နတ်ဘုရားတွေက သူတို့ကို ကျော်လွန်ပြီး ကျွန်ပြုထားတဲ့ အန္တိမ စိတ်ဆန္ဒကို နောက်ဆုံးမှာ ရှင်းလင်းပစ်ဖို့ ကြီးမားတဲ့ တန်ဖိုးတစ်ခု ပေးဆပ်ခဲ့ရတယ်။ ဒါပေမဲ့ သူတို့လည်း အန္တိမ စိတ်ဆန္ဒရဲ့ ကျိန်စာ တိုက်ခံရပြီး သူတို့ရဲ့ နတ်ဘုရားဘဝ တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးလိုက်ရတယ်။ ပြီးတော့ ဝိညာဉ်ရဲ့ အမှောင်ထုနဲ့ ပေါင်းစပ် သွားပြီး အသူရာချောက်နက်ရဲ့ စိတ်ဆန္ဒ ဖြစ်လာခဲ့တယ်။ ဒီအချိန်အတောအတွင်း အန္တိမဖြစ်တည်မှု ချိပ်ပိတ်ခံလိုက်ရတယ်။”
ချန်လွေ့ နောက်ဆုံးတွင် နားလည် သွားခဲ့သည်။ အိပ်မက်ထဲမှာ ဧရာမကောင်တွေ ဝိုင်းရံခံထားရတဲ့ သွေးစွန်းနေတဲ့ ခန္ဓာကိုယ်က တကယ်တမ်း နတ်ဘုရားတွေ အထက်က အန္တိမ ဖြစ်တည်မှု ဖြစ်နေတယ်။ ဒါမှမဟုတ် အန္တိမ နတ်ဘုရားလို့တောင် ခေါ်လို့ရနိုင်တယ်။ ဧရာမကောင်တွေက နတ်ဘုရားတွေပဲ။
သွေးစွန်းနေတဲ့ ခန္ဓာကိုယ်က နောက်ဆုံးမှာ နတ်ဘုရားတွေကြောင့် ရှင်းလင်းခံလိုက်ရပြီး မျက်လုံး အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။
၎င်းက ဂရိဒဏ္ဍာရီထဲမှ နတ်ဘုရား၏ အခွင့်အာဏာ လှည့်ပတ်မှုအကြောင်းကို ချန်လွေ့အား တွေးတောမိစေခဲ့သည်။ တိုင်တန်များက သူတို့၏ မိခင်ဖြစ်သေူ ကောင်းကင် နတ်ဘုရားမ ယူရေးနပ်စ်၏ အုပ်ချုပ်မှုကို ဖြုတ်ချခဲ့သည်။ သို့သော် တိုင်တန်များက ဇုစ်ဦးဆောင်သော အိုလံပစ် နတ်ဘုရားများဖြစ်သည့် သူတို့၏ သားစဉ်မြေးဆက်များကြောင့် နောက်ပိုင်း ရှုံးနိမ့်ခဲ့ရသည်။
“ပထမဆုံး နတ်ဘုရားတွေရဲ့ တိုက်ပွဲ မပြီးဆုံးခဲ့ဘူး။ အသူရာချောက်နက် စိတ်ဆန္ဒနဲ့ နောက်ဆက်တွဲ တိုက်ပွဲမှာ နတ်ဘုရားတွေက အသူရာချောက်နက် စိတ်ဆန္ဒ ပျက်စီးခြင်းနဲ့အတူ သူတို့ရဲ့ စွမ်းအားလည်း မှေးမှိန်သွားတာကို ထိတ်လန့်စွာနဲ့ တွေ့ရှိလိုက်ရတယ်။ အမှောင်ထုရဲ့ နတ်ဘုရားဝက သူတို့နဲ့ တင်းတင်းကျပ်ကျပ် ချည်နှောင်ထားတဲ့ ကံကြမ္မာ အမွှာတွေနဲ့ တူတယ်။ မှန်ထဲက သူတို့ကို ဖျက်ဆီးခြင်းက သူတို့ကိုလည်း ပျက်စီးစေလိမ့်မယ်။”
မိုက်ကယ်၏ စကားက ချန်လွေ့အား ထူးဆန်းသော မှန်လောကတွင် သူ၏ နောက်ဆုံး အတွေ့အကြုံကို တွေးမိ သွားစေသည်။ ထိုအရာက အစပိုင်းတွင် အလူစီယာ သူ့ကို ပေးခဲ့သော ရွေးချယ်မှု ဖြစ်သည်။ အကယ်၍ မှန်လောကထဲမှ လူများကို သတ်လိုက်လျှင် ထိုလောကမှ မူလခန္ဓာလည်း ပျောက်ကွယ်သွားမည် ဖြစ်သည်။
နတ်ဘုရားတွေက အသူရာချောက်နက် စိတ်ဆန္ဒကို ရှင်းလင်းပစ်လိုက်ရင် သူတို့ ကိုယ်သူတို့ သတ်ပစ်ရမှာဖြစ်လို့ သူတို့ နောက်ဆုံး ရွေးချယ်ခဲ့တာက...
“ပြည်နှင်ဒဏ်။” မိုက်ကယ်က ချန်လွေ့ စိတ်ထဲတွင် ခန့်မှန်းထားသော အဖြေကို ပြောလိုက်ပြီးဖြစ်သည်။ “သူတို့က အသူရာချောက်နက်ကို အဓိကကုန်းမြေ အပြင်ဘက်က နေရာလွတ် တစ်ခုဆီကို ပြည်နှင်ဒဏ်ပေးခဲ့တယ်။ ချိပ်ပိတ်ခဲ့တယ်။ ပြီးတော့ အဓိကကုန်းမြေ တစ်ခုလုံးကို အခွင့်အာဏာစွမ်းအားနဲ့ ချိပ်ပိတ်ခဲ့တယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် အထဲမှာ ထုပ်ပိုး ထားတဲ့ သေတ္တာတစ်လုံးနဲ့ တူနေတယ်။ တကယ်တမ်း အဲဒါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပေးပေမယ့် ကိုယ့်ကိုယ်ကိုယ် ချုပ်နှောင်ထားတာနဲ့ အတူတူပဲ။”
ချန်လွေ့ ခေါင်းညိတ်လိုက်မိပြီးနောက် မိုက်ကယ် ဆက်ပြောသည်ကို ကြားလိုက် ရသည်။ “အသူရာချောက်နက် အန္တရာယ်ကို လုံးဝဖြေရှင်းပြီးပြီ ဖြစ်လို့ နတ်ဘုရားတွေက အထီးကျန်ဆန်ပြီး လွတ်လပ်တဲ့ ဘဝကို ခံစားလာရတယ်။ ဒါပေမဲ့ စိတ်ဆန္ဒတွေက အဆုံးမရှိဘူး။ ဘုံရန်သူကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာ အကျိုးစီးပွား ပဋိပက္ခတွေနဲ့ နတ်ဘုရား အကြားက ပဋိပက္ခတွေ ပြင်းလာခဲ့တယ်။ နောက်ဆုံး သူတို့က အဖွဲ့ နှစ်ခု ကွဲသွားပြီး စစ်ပွဲတွေ ပြန်စလာခဲ့တယ်။ တကယ်လို့ ပထမ နတ်ဘုရားတွေရဲ့ တိုက်ပွဲရဲ့ ရည်ရွယ်ချက်က လွတ်လပ်မှုအတွက်ဆို ဒုတိယ နတ်ဘုရားတွေရဲ့ တိုက်ပွဲက စိတ်ဆန္ဒပဲ။ ဒါက သက်ရှိသတ္တဝါတွေ အားလုံးကို ထိခိုက်စေတဲ့ ကြောက်စရာ ကပ်ဘေးတစ်ခုပဲ။ နတ်ဘုရားတွေအောက်က အရာအားလုံး အမြောက်စာတွေပဲ။ မရေတွက်နိုင်တဲ့ နတ်ဘုရား-ယောင် အစွမ်းထက် ပုဂ္ဂိုလ်တွေ စစ်ပွဲထဲ သေဆုံးခဲ့တယ်။ နောက်ပိုင်း နတ်ဘုရားတွေလည်း ကျဆုံး ပြုလာခဲ့တယ်။ ရယ်စရာကောင်းတာက သူတို့ရဲ့ မျက်လုံးထဲက သေးငယ်တဲ့ ရုပ်သေးရုပ်လေးတစ်ရုပ်က အားလုံးကို အဆုံးသတ်လိုက်တာပဲ...”
“လူစီဖာ...” ချန်လွေ့က လွှတ်ခနဲ ပြောလိုက်သည်။ သူ မြင်တွေ့ခဲ့ရသော အမြင်အာရုံ၌ လူစီဖာက အဆောင်ပစ္စည်း ၇ခုဖြင့် ဖွဲ့စည်းထားသော အန္တိမသော့ကို အသုံးပြုကာ မျက်လုံးကို ဆင့်ခေါ်ပြီး နတ်ဘုရားများကို ဖျက်ဆီးခဲ့သည်။ ဒါက နတ်ဘုရားတွေရဲ့ဆည်းဆာချိန်ရဲ့ အမှန်တရားလား။
နတ်ဘုရားတွေရဲ့ တိုက်ပွဲ နှစ်ခုမှာ လူစီဖာက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာလဲ။ ဘာလို့ သူက မျက်လုံးကို ဆင့်ခေါ်နိုင်တာလဲ။
ဒြပ်စင်နတ်ဘုရားမ ရာဖာတီနဲ့ သူ့ရဲ့ ဆက်ဆံရေးက ဘာလဲ။
ဖန်တီးခြင်း စာအုပ်၊ ပျက်စီးခြင်း စာအုပ်နဲ့ သေခြင်းနဲ့ ရှင်ခြင်း စာအုပ်က ဘာကို ကိုယ်စားပြုတာလဲ။
နတ်ဘုရားတွေရဲ့ဆည်းဆာချိန် ပြီးတော့ နတ်ဘုရားတွေ ကျဆုံးသွားခဲ့ ပေမယ့် အသူရာချောက်နက်က ဘာလို့ ဆက်ပြီးတော့ တည်ရှိ နေနိုင်တာလဲ။ ဒီမှာရှိတဲ့ လျှို့ဝှက်ချက်က ဘာများလဲ။
မိုက်ကယ် တုန်လှုပ်ဖွယ်ကောင်းသော အမှန်တရားကို ဖော်ထုတ်ခဲ့သော်လည်း မေးခွန်း အသစ်များစွာ ပေါ်လာခဲ့သည်။
“ဟုတ်တယ်။ သူက တကယ်တော့ ဝမ်းနည်းစရာ ကံကြမ္မာရှိတဲ့ ဝမ်းနည်းစရာ ရုပ်သေးရုပ်လေးပဲ။ သူ နတ်ဘုရားတွေကို ဖျက်ဆီးခဲ့တာက သူ့ရဲ့ ကိုယ်ပိုင် အကြောင်းပြချက်ကြောင့်တင် မကဘဲ အန္တိမကြောင့်လည်း ဟုတ်တယ်...”
မိုက်ကယ်၏ စကားများ ရုတ်တရက် ရပ်တန့်သွားခဲ့၏။ ချန်လွေ့ နောက်လှည့် ကြည့်လိုက်ရာ ဘယ်မျက်လုံး မျက်ဆံမှ အစိမ်းရင့်ရောင် ပျောက်သွားကြောင်း တွေ့လိုက်ရသည်။ ဆိုစဘတ်၏ ဝိညာဉ် ပျက်စီးသွားနေပြီး မိုက်ကယ်၏ ပုံရိပ်က ပိုမို၍ ပါးလွှာလာခဲ့သည်။
ကောင်းကင်တမန်တော်ချုပ်က နောက်ဆုံးသောအချိန်အထိ ဇွဲနဘဲကြီးစွာ ဆက်လက်ရှိနေခဲ့သည်။
သူ၏ စွမ်းအားက ထိုကြောက်မက်ဖွယ် ကောင်းသော ဆိုစဘတ်ထက် အတော် နိမ့်ကျသော်လည်း သူ မရှုံးနိမ့်ခဲ့ပေ။
“အရင်က မင်းကို သူလို့ ထင်ခဲ့ပေမယ့် မဟုတ်ခဲ့ဘူး။” မိုက်ကယ်၏ အသံက ဝေဝါးလာခဲ့သည်။ ထိုစကားလုံးများသည် တားမြစ်ထားသော အကွာအဝေးအတွင်း ရှိသောကြောင့် သူ ခဏတာ မနည်းမနော နားထောင်နေရသည်။ “မင်း သူ့ကို ကျော်လွန်ရမယ်။ အရာအားလုံးကို ကျော်လွန်ရမယ်...”
ချန်လွေ့ လေးနက်စွာ ပြောလိုက်သည်။ “ကျုပ် ဘယ်လောက်ပဲ ဝေးဝေးကို သွားနိုင်ပါစေ ခင်ဗျား၊ ဂေဘရီရယ်နဲ့ ရာဖယ်ရယ်ကို အမြဲတမ်း သတိရနေမှာပါ။ ခင်ဗျားတို့ အားလုံးက လေးစားစရာ ကောင်းတဲ့ ပြိုင်ဘက်တွေပဲ။”
သူ မိတ်ဆွေများ၊ အဖော်များ ဟူ၍ မပြောဘဲ ပြိုင်ဘက်များဟု ပြောခဲ့သည်။ ၎င်းမှာ ကောင်းကင်တမန်တော် ၃ပါး အတွက် ပိုမို၍ သင့်လျော်သည်။
ဘဝတွင် လွမ်းဆွတ်ရမည့် အရာများ အမြဲပင် ရှိနေမည် ဖြစ်ကာ မေ့လျော့ သွားမည့် လူအချို့ အမြဲတမ်း ရှိနေမည် ဖြစ်သော်လည်း မေ့လျော့သွားလိမ့်မည် မဟုတ်သော လူအချို့ကလည်း အမြဲတမ်း ရှိနေပေလိမ့်မည်။ သူတို့က ချစ်သူများ၊ မိတ်ဆွေများ သို့မဟုတ်... ပြိုင်ဘက်များ ဖြစ်စေကာမူ....
ချန်လွေ့၏ စကားက မိုက်ကယ်၏ တဖြည်းဖြည်း မှေးမှိန်လာနေသော အကြည့်ကို အလင်းရောင် လက်ခနဲ ဖြစ်သွားစေသည်။ သူက ခေါင်းညိတ် လိုက်ပြီးနောက် စေတန်ကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။
“နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... ငါတို့တွေ နှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့ကြတာ။”
စေတန်က မိုက်ကယ်ကို တိတ်ဆိတ်စွာ ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းများ လှုပ်ရှား သွားသော်လည်း ဘာကိုမှ မပြောခဲ့ပေ။ ရုတ်တရက် သူ နောက်လှည့်ပြီး ထွက်ခွာ သွားခဲ့သည်။
မိုက်ကယ် စေတန်ကို နောက်ထပ် မကြည့်တော့ပေ။ သူ ခေါင်းကို မော့ပြီး ကောင်းကင်ကို ကြည့်လိုက်၏။
“တကယ်ပဲ တခြားလောက တစ်ခု ရှိလား။”
ချန်လွေ့ အနည်းငယ် တုန်လှုပ်သွား၏။ မိုက်ကယ်က ဂေဘရီရယ်လိုပဲ ဘဝရဲ့ နောက်ဆုံး အခိုက်အတန့်မှာ တူညီတဲ့ မေးခွန်းကို မေးခဲ့တယ်။
“ရှိတယ်...”
ချန်လွေ့က အဖြေကို ကျယ်လောင်စွာ ဖြေလိုက်သည်။
ထို့နောက် မိုက်ကယ်၏ ခန္ဓာကိုယ်က မရေတွက်နိုင်သော ရွှေရောင် တောက်ပ နေသည့် အစက်အပြောက်များ အဖြစ်သို့ ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲ့သည်။
အဝေးမှ တောင်ထိပ်တွင် စေတန်က ခေါင်းကို မော့လိုက်ပြီး ကောင်းကင်ကို ကြည့်နေသည်။
လေထဲတွင် ရွှေရောင် အမွေးတောင် ဖြည်းဖြည်းချင်း လွင့်ပါးသွားခဲ့၏။