တစ်ခုတည်းသော မျှော်လင့်ချက်၊ ကျော်လွန်ခြင်း
Vol. 83 Ch. 1259
အမှောင်လနေအိမ် ညနေခင်းဝယ်...
ချန်လွေ့က ခရမ်းရောင် ပြောင်းလာသော လနှစ်စင်းကို မော့ကြည့်ပြီး စဉ်းစားနေပုံရသည်။
မိုက်ကယ်က သူ၏ စိတ်ထဲတွင် လွှမ်းမိုးနေသော မြူခိုးများကို ဖယ်ရှား ပေးရန် အနည်းဆုံး တစ်စိတ်တစ်ပိုင်း ဖယ်ရှားပေးရန် အသက်ကို စတေး၍ လျှို့ဝှက်ချက်များစွာ ထုတ်ပြောခဲ့သည်။
သူ၏ စိတ်ထဲတွင် မေးခွန်းများစွာ ကျန်ရှိနေသေးသည်။ အကြီးမားဆုံးသော မေးခွန်းမှာ.... အသူရာချောက်နက်ရဲ့ စိတ်ဆန္ဒက အန္တိမနတ်ဘုရားကနေ နတ်ဘုရားတွေကို ကျိန်စာတိုက်တာက ထွက်ပေါ်လာတဲ့ နတ်ဘုရားဘဝ အမှောင်ထု ဖြစ်ပြီးတော့ နတ်ဘုရားတွေရဲ့ အသက်နှင့် စွမ်းအား တစ်စိတ်တစ်ပိုင်းနှင့် ညီမျှလို့ နတ်ဘုရားတွေက သူတို့ကို လုံးဝ မျိုးသုဉ်းအောင် မလုပ်ရဲခဲ့ဘူး။ အဲဒီအစား သူတို့ကို ပြည်နှင်ဒဏ် ပေးခဲ့ပြီးတော့ ချိပ်ပိတ်ထားခဲ့သည်။ ဒုတိယ နတ်ဘုရား တိုက်ပွဲမှာ လူစီဖာ ဆင့်ခေါ်လိုက်တဲ့ အန္တိမနတ်ဘုရား စွမ်းအားအောက်မှာ နတ်ဘုရားများ ကျဆုံးသွားတာဆိုတော့ နတ်ဘုရားတွေနဲ့ ကံကြမ္မာနှင့် ဆက်စပ် နေသော အသူရာချောက်နက် စိတ်ဆန္ဒ ပျောက်ကွယ်သွားသင့်တယ်။ ဘာလို့ ဒီနေ့ အထိ ရှိနေသေးတာလဲ။
“ဆိုစဘတ်နဲ့ ဒီလော့စ်ရိုတို့က ရှင်းပစ် ခံလိုက်ရပြီ။ ဒါပေမဲ့ အကြောက်တရားနဲ့ မျှော်လင့်ချက်မဲ့ခြင်းတို့က မပျက်စီး သွားသေးဘူး။” ဖိုက်သွန်၏ စကားက ချန်လွေ့၏ အတွေးများကို ဖြတ်တောက် လိုက်သည်။
“သူတို့က သင့်တော်တဲ့ ခန္ဓာကိုယ်ကို ရှာတွေ့ရင် အကြောက်တရား အရှင်သခင်နဲ့ မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင် အသစ် ဖြစ်လာမှာလား။” ချန်လွေ့ နားလည်သွားခဲ့သည်။ “အုပ်စိုးသူတွေက တကယ်တော့ စိတ်ဆန္ဒရဲ့ သရုပ်ဖော်မှုတွေပဲ... ဒါမှမဟုတ် သူတို့က ကျွန်တွေပဲလား။ စိတ်ဆန္ဒက တကယ့် အသူရာ ချောက်နက်လား။ ဒါဆိုရင် အုပ်စိုးသူ သုံးဦးလုံး ရှုံးနိမ့်သွားရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး။ စစ်မှန်တဲ့ အသူရာချောက်နက် စိတ်ဆန္ဒကို ဖျက်ဆီးမှ ဖြစ်မယ်။”
“ဖျက်ဆီးရမှာ မဟုတ်ဘူး။” ဖိုက်သွန် နောက်ဆုံးစာကား ကြားလိုက်သောအခါ ခေါင်းခါလိုက်သည်။ “ကျော်လွန်မှပဲ ရမယ်။”
ချန်လွေ့က မိုက်ကယ် မသေခင် ပြောခဲ့သော စကားကို တွေးမိလိုက်သည်။ မင်း သူ့ကို ကျော်လွန်ရမယ်။ အရာအားလုံးကို ကျော်လွန်ရမယ်...
လူစီဖာကို ကျော်လွန်ပြီး ပိုမြင့်တာကို ကျော်လွန်ရမှာလား။
“ကောင်းပါပြီ။ မင်း ကျန်တာတွေကို ရှင်းပြစရာ မလိုပါဘူး။ အဖြေတွေကို ကျုပ် ကိုယ့်ဘာသာ ရှာလိုက်မယ်။” ချန်လွေ့က ဖိုက်သွန်၏ နောက်ထပ် စကားများကို တားဆီးလိုက်သည်။ “ဒီအခြေအနေ ရောက်မှတော့ အဖြေက အရေးမကြီး တော့ပါဘူး။ အရေးကြီးတာက ရလဒ်ပဲ။ တကယ်လို့ ရလဒ်ကို မပြောင်းလဲနိုင်ရင် အားလုံး အလဟဿ ဖြစ်သွားလိမ့်မယ်။”
ဖိုက်သွန်က ချန်လွေ့ မည်သည်ကို စိုးရိမ်နေကြောင်း သိသောကြောင့် သူ တိတ်ဆိတ်သွားခဲ့သည်။
ခြေသံများ နောက်မှ ထွက်ပေါ်လာပြီး ချန်လွေ့ နောက်လှည့် ကြည့်လိုက်ရာ စေတန်ကို တွေ့လိုက်ရသည်။ သူ၏ မူလ အနက်ရောင် ဆံပင်က မီးခိုးရောင် ပြောင်းလဲသွားပြီး ခန္ဓာကိုယ် တစ်ခုလုံး ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နေ၏။
“စေတန်။ ခင်ဗျားရဲ့ စွမ်းအားက...” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ သူ စေတန်၏ အားနည်းမှုကို ခံစားနိုင်၏။၊ အပြင်ပန်းတင်မကဘဲ ဝိညာဉ်၊ အသက်နှင့် စွမ်းအားတို့ တစ်ပြိုင်နက်တည်း ကျဆင်း သွားခြင်းကို သူ ခံစားမိသည်။
အမှန်မှာ ထိုတိုက်ပွဲ ပြီးကတည်းက စေတန်၏ စွမ်းအား နေ့စဉ် အားနည်း လာနေသည်။ ၎င်းမှာ စွမ်းအားကို အလွန်အကျွံ သုံးစွဲခြင်း၏ ရလဒ်ပင်။
“ချန်လွေ့ ရှင့်ကို ကူညီပေးနိုင် လောက်တယ်။” ဖိုက်သွန်က ရုတ်တရက် ပြောလိုက်သည်။
“အကယ်၍ ကျုပ်ကို ယုံကြည်ရင် ငအကောင်းဆုံး လုပ်ပေးပါ့မယ်။” ချန်လွေ့က ခေါင်းညိတ် လိုက်သည်။ စေတန်၏ အခြေအနေ အလွန်ဆိုးရွားပြီး ဆေးရည် သို့မဟုတ် မှော်ပညာဖြင့် ပြန်လည်၍ မကောင်းမွန်နိုင်သော်လည်း ကြယ်အပ်နှင်းစင်မြင့်နှင့် ကြယ်အပ်နှင်း တို့သည် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်၏။
အကယ်၍ စေတန်သာ ဆိုစဘတ်နှင့် အခြား နှစ်ဦးကို ထိန်းထားရန် [အချိန် ထောင်ချောက်]ကို မသုံးခဲ့ပါက သူနှင့် ဇိုလာ ရောက်လာနိုင်လျှင်ပင် နတ်ဆိုးဘုံ ပျက်စီးလုနီးပါး ဖြစ်သွားနိုင်ပေသည်။
“မင်းက သူ မဟုတ်သလို ငါကလည်း သူ မဟုတ်ဘူး။” စေတန်က ဖိုက်သွန်ကို လျစ်လျူရှုစွာ ကြည့်လိုက်သည်။ “ငါ့မှာ ကိုယ်ပိုင် လမ်းကြောင်း ရှိတယ်။ ဒီလမ်းကြောင်းက အခက်ခဲဆုံး ဖြစ်နေရင်တောင်မှ ဆက်သွားဦးမှာပဲ။”
ချန်လွေ့၏ မျက်လုံးထဲတွင် လေးစားမှု ပိုရှိလာခဲ့သည်။ စေတန်ကို အတင်းအကျပ် မတိုက်တွန်းဘဲ သူက ပြောလိုက်သည်၊ “ကျုပ်တို့ရဲ့ ၁၀နှစ်တာ စာချုပ်က အကျုံး ဝင်နေတုန်းပဲ။ ဒါကို မျှော်လင့်နေမယ်။”
“ဒါက အတော်လေးကို ခက်ခဲတဲ့ ပန်းတိုင်တစ်ခုပဲ။” စေတန်၏ မျက်လုံးများ လက်သွားပြီး ခေါင်းညိတ်လိုက်သည်။ “ဒါက မင်းရဲ့ ပန်းတိုင်လောက်ကို ခက်ခဲတယ်။ ငါ ဆက်ခ်ရက်တောင်ကို ပြန်ဖို့ စီစဉ်ထားတယ်။ အမ်.. ငါ မင်းတို့ စကားပြောတာ တမင် နားထောင်နေတာ မဟုတ်ပါဘူး... ဒါပေမဲ့ မင်းအတွက် ကျော်လွန်ခြင်းက တစ်ခုတည်းသော နည်းလမ်းလို့ သူ ပြောတာ အမှန်ပဲ။”
“သိပြီ။” ချန်လွေ့ သက်ပြင်းရှည်ကြီး ချလိုက်သည်။ “ဒါ တကယ် ခက်ခဲတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်တော့ ရှိတာပေါ့။”
“တစ်ခုတည်းသော မျှော်လင့်ချက်...” စေတန် ကောင်းကင်ကို မော့ကြည့်ပြီး သူ၏ပုံရိပ် တဖြည်းဖြည်း မှေးမှိန်သွား၏။
“အနည်းဆုံးတော့ မျှော်လင့်ချက်က ရှိနေတုန်းပဲ။” ဖိုက်သွန် သူ၏အကြည့်ကို ရုပ်သိမ်းပြီး နောက်လှည့်လိုက်သည်။
“ဖိုက်သွန်။ ဘယ်သွားမလို့လဲ... နေဦး၊”
ဖိုက်သွန် နောက်ကို ပြန်မလှည့်ဘဲ ရပ်တန့်လိုက်၏။ “အခန်းကို ပြန်မလို့။”
ချန်လွေ့က သူ တစ်ခုခုကို နားလည်မှု လွဲသွားသကဲ့သို့ပင် ခေါင်းကုတ်လိုက်ပြီး အခြေအနေက ခဏတာ အနေရ ခက်နေခဲ့သည်။
ထိုအချိန် အဲလစ်က အယ်ဒီလိုင်းနှင့် အတူ ပြေးလာခဲ့သည်။ “အစ်ကို...”
ချန်လွေ့ ထိတ်လန့် သွားခဲ့သည်။ “ဘာကိစ္စရှိလို့လဲ...”
အဲလစ် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “ဟယ်လင် ပြန်လာပြီ။ သူ့ကို သွားကြို ရအောင်...”
“သွားလေ။” ဖိုက်သွန် ပြောလိုက်၏။
“အိုး...” ချန်လွေ့ ပြန်ဖြေလိုက်ရုံသာ ရှိနေပြီး အဲလစ် သူ့ကို ဆွဲခေါ်သွားခဲ့သည်။ အယ်ဒီလိုင်းက ဖိုက်သွန်၏ ကျောဘက်သို့ ဦးညွှတ်ပြီး အမြန် လိုက်ပါသွားခဲ့သည်။
ဖိုက်သွန် နောက်ပြန်မကြည့်သေးပေ။ သို့သော် အစိမ်းရောင်နှင့် အနီရောင် မျက်လုံးများက နူးညံ့မှု အရိပ်အယောင် တစ်ခုကို ပြသနေပြီး သူ၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။ သူက အခန်းသို့ လမ်းလျှောက် သွားနေရင်း တိတ်ဆိတ်ငြိမ်သက်နေသော ခရမ်းရောင် လရောင်က ဖြာဆင်းနေလေသည်။
နတ်ဆိုးဘုံ အတွက် သွေးလက်သည်း နယ်မြေရှိ လောက နှစ်ခုကြားမှ တံခါး ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ် ကောင်းသော စစ်ပွဲက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ၎င်းကို ဖြတ်သန်းခဲ့ရသူ အားလုံးက သူတို့၏ ဘဝတစ်လျှောက်လုံးတွင် ထိုကပ်ဘေးကို လုံးဝ မေ့ပျောက်နိုင်မည် မဟုတ်ပေ။
အမှန်တကယ်တွင် ထိုတိုက်ပွဲသည် မပြီးဆုံးသေးပေ။ ခဏတာ ရပ်နားသွား ခြင်းသာ ဖြစ်သည်။ လောက နှစ်ခုကြားမှ တံခါးက အလွန်ဆုံး အနှစ် ၁၃၀အတွင်း ပြန်လည်ပွင့်လာလိမ့်မည်။ ထိုဖွင့်လှစ်မှုက လောက တစ်ခုလုံးနှင့် သက်ရှိ အားလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မည်။
အနှစ်၁၃၀။ သာမန် လူသားများတွင် ထိုသို့ ရှည်လျားသည့် သက်တမ်းများ မရှိကြသော်လည်း လူများတွင် သားစဉ် မြေးဆက်များ ရှိနေဆဲ ဖြစ်သည်။ စွမ်းအားရှိသည့် လူသားအချို့အတွက် အနှစ် ၁၀၀ကျော် သက်တမ်းက အစသာ ရှိသေးသည်။ နတ်ဆိုးများကို ထားဦး။
အသက် ရှင်သန်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ပိုမို အစွမ်းထက်လာရန်ပင်။
အနှိုင်းမဲ့စစ်သည်တော်အွန်လိုင်း ဗားရှင်းကို နောက်တစ်ကြိမ် အဆင့်မြှင့် လိုက်သည်။ ၎င်းက ယခင် အကာအကွယ်နှင့် ဖျော်ဖြေရေးများကို ဖယ်ရှားလိုက်ပြီး သီးသန့် လေ့ကျင့်ရေးနှင့် မဟာဗျူဟာမြောက် ကစားပွဲတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းထဲမှ ရန်သူမှာ အသူရာချောက်နက်၏ ပြီးပြည့်စုံသော ဗားရှင်းဖြစ်သည်။ အသူရာချောက်နက်နှင့် တိုက်ခိုက်ခဲ့သည်များကို အခြေခံ၍ အချက်အလက်များက မကောင်းဆိုးဝါး၏ စွမ်းအားနှင့် ဂုဏ်သတ္တိများကို သက်ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ဂူသင်္ချိုင်းကို ပုံမှန်၊ ခက်ခဲနှင့် မှော်ကွန်းတင်အဆင့်များဟူ၍ ခွဲခြားထားသည်။ မကောင်းဆိုးဝါး ဝိုင်းရံ တိုက်ခိုက်မှု လှုပ်ရှားမှုက နေ့စဉ် စိန်ခေါ်မှု တစ်ခု ဖြစ်လာခဲ့လေသည်။ အချို့သော အဆင့်နှင့် အောင်မြင်မှု ရရှိသူများက ငရဲစမ်းသပ်မှု စိန်ခေါ်မှုတွင် ပါဝင်နိုင်ပြီး စစ်မှန်သော အဆုံးမဲ့ မကောင်းဆိုးဝါး စစ်တပ်ကို ခံစားနိုင်သည်။ သေသည်အထိ အချိန်ကန့်သတ်ချက် မရှိပေ။
နတ်ဆိုးဘုံတွင် တိုက်ခိုက်ခြင်းနှင့် လေ့ကျင့်ခြင်း ရူးသွပ်မှု တစ်ခု စတင် ခဲ့လေသည်။ အင်ပါယာ သုံးခုသည် ဆုအမျိုးမျိုးနှင့် ပြိုင်ပွဲများကိုလည်း သက်ဆိုင်ရာအတိုင်း ကျင်းပခဲ့ကြသည်။ နတ်ဆိုးများ၊ လူသားများနှင့် အခြားသော မျိုးနွယ်စုများ ဖြစ်စေကာမူ သူတို့က မကြုံစဖူး စိတ်အားထက်သန်မှုကို ပြသ ခဲ့ကြသည်။
အရာအားလုံးက အသက် ရှင်သန်ရန် အတွက်သာ ဖြစ်သည်။
ရှောင်လွှဲ၍ မရနိုင်သော ပဋိပက္ခများနှင့် အငြင်းပွားမှုများ ရှိနေသေးသော်လည်း ပျက်စီးခြင်း ဟူသော နောက်ဆုံး ဘုံရန်သူနှင့် ရင်ဆိုင်ရာတွင် မူလ ဆန့်ကျင်ဘက် မျိုးနွယ်စု အများစု၊ နတ်ဆိုးများ လူသားများအတွင်း ဖြစ်စေ၊ သို့မဟုတ် နတ်ဆိုးများ၊ လူသားများ၊ အခြား မျိုးနွယ်စုများ အကြား ဖြစ်စေ သူတို့ နှစ်ဦးလုံးက နှစ်ပေါင်းများစွာ ပဋိပက္ခများကို ဘေးဖယ်ထားလိုက်ကြပြီး လက်ချင်းချိတ်ကာ တိုက်ခိုက်ခဲ့ကြသည်။
နတ်ဆိုးဘုံ၏ ဖွံ့ဖြိုးတိုးတက်မှုက လူသားမျိုးနွယ်စုများ၏ စိတ်ကူးထက် များစွာ ကျော်လွန်နေသည်။ မြင့်တက် လာသော စီးပွားရေးနှင့် ဆောက်လုပ်ရေး၊ ဆန်းသစ်တီထွင်မှု အမျိုးမျိုးအပါအဝင် တို့သည် လူသား မျိုးနွယ်စုများကို နက်ရှိုင်းစွာ ဆွဲဆောင်ခဲ့သည်။
အထူးသဖြင့် နတ်ဆိုးဘုံ၏ ဧကရီ အရှင်မ သုံးပါး၏ တစ်ဦးတည်းသော ကြင်ရာတော် မင်းသား အာသာရိုလန် (လက်ရှိအမည် ချန်လွေ့) ဖြစ်သည်။ သူက နဂါးလင်းလက် အင်ပါယာမှ နှစ်ပေါင်း များစွာ ပျောက်ဆုံးနေခဲ့ပြီး တစ်ချိန်က လူသားလောကတွင် သတင်းဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ဖူးသည်။ အသူရာချောက်နက်နှင့် စစ်ပွဲတွင် သူ ပြသခဲ့သော စွမ်းအားက လူသားလောကတွင် အစွမ်းထက်ဆုံး ဖြစ်သော ကောင်းကင်တမန် သုံးပါးကို ကျော်လွန်ခဲ့ပြီး နတ်ဆိုးဘုံတွင် အစွမ်းဆုံး ဖြစ်သော စေတန်ကိုလည်း ကျော်ခဲ့သည်။ သူက အသူရာချောက်နက် မကောင်းဆိုးဝါးများကို မောင်းထုတ် ခဲ့သော အဓိက ပုဂ္ဂိုလ်လည်း ဖြစ်သည်။
နတ်ဆိုးဘုံတွင် သူ တင်ထားသော “ကျုပ်မှာအိပ်မက်တစ်ခုရှိတယ်” အတ္ထုပ္ပတ္တိ ဗီဒီယိုက နတ်ဆိုးဘုံ တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။
ကျုပ်မှာ အိပ်မက်တစ်ခု ရှိတယ်။ ကျုပ်တို့တွေ တစ်ယောက်ကိုတစ်ယောက် မုန်းတီးစရာ မလိုဘူး။ တစ်ယောက်ကို တစ်ယောက် အောင်နိုင်စရာ မလိုဘူး၊ ဘာလို့လဲဆို ကျုပ်တို့ ပိုင်ဆိုင်ထားတဲ့ အရာနဲ့ ကာကွယ်နေတဲ့ အရာတွေက အောင်နိုင်ခြင်းကနေ ရရှိနိုင်တာထက် ကျော်လွန်နေလို့ပဲ။
ယခုအချိန်အထိ ထိုစကားများသည် ရင်းနှီးနေပြီး လူများ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေ၏။
၎င်းမှာ ထိုပုဂ္ဂိုလ်၏ စွမ်းအားကို အရှုံးပေးခြင်းနှင့် ပိုသက်ဆိုင်သော်လည်း သူ့ကြောင့်ပင် နတ်ဆိုးဘုံက ထိုဘေး၌ ပျက်စီးခြင်း ကံကြမ္မာကို ရှောင်နိုင်ခဲ့ခြင်း ဖြစ်၏။ သူက လူသားများနှင့် နတ်ဆိုးများ အားလုံးကို ချိတ်ဆက်ပေးသော အရေး အကြီးဆုံး ကွင်းဆက် ဖြစ်သည်။ သူက လောကရှိ သက်ရှိသတ္တဝါ အားလုံး၏ အစွမ်းထက်ဆုံး အစောင့်အရှောက်လည်း ဖြစ်ပေသည်။
သွေးရောင် အင်ပါယာရှိ ကြယ်ခံတပ် တိုက်ပွဲတွင် နတ်ဆိုးများနှင့် လူသားများ မဟာမိတ်စစ်တပ်၏ လက်ရွေးစင်များ လုံးဝနီးပါး ရှင်းလင်းခြင်း ခံလိုက်ရသည်။ အခြားတစ်ဖက်တွင် ရှီရာ ဦးဆောင်သော စစ်တပ်က သံနက်တောင်တန်းတွင်လည်း ပြင်းထန်သော တိုက်ပွဲများ ကြုံခဲ့ရသည်။ မာရီယာ၊ စပန်၊ ဖီလီနှင့် အခြားသူများ၏ အကူအညီဖြင့်ပင် ၎င်းမှာ အလွန်အမင်း မရေမရာ ဖြစ်နေဆဲပင်။ ကံကောင်းစွာဖြင့် အုပ်စိုးသူအဆင့် ရန်သူများ မရှိနေခဲ့ပေ။ လောက နှစ်ခုကြားမှ တံခါး ပိတ်သွား ပြီးနောက် အသူရာချောက်နက် တပ်ဖွဲ့များ အားလုံး နောက်ဆုံးတွင် ရှင်းလင်းခြင်း ခံလိုက်ရသည်။
ထိုတိုက်ပွဲပြီးနောက်တွင် ကြီးမားသော အထိမ်းအမှတ် ကျောက်တိုင် တစ်ခုကို သွေးလက်သည်း နယ်မြေ၌ ဆောက်ခဲ့ပြီး ထိုသွေးပျက်ဖွယ် တိုက်ပွဲတွင် သေဆုံး သွားသော စစ်သည်များ အားလုံး၏ အမည်များကို ထွင်းထုထားလေသည်။ ထိုနေရာတွင် လူမျိုးနှင် ကျား/မ ခွဲခြားမှု မရှိဘဲ တိုက်ပွဲတွင် သေဆုံးသွားခဲ့သော သူရဲကောင်းများသာ ရှိနေခဲ့သည်။
တစ်လအကြာတွင် မင်္ဂလာပွဲတစ်ခုက အားလုံး၏ အာရုံစိုက်မှုနှင့် အစီရင်ခံ စာများကို ဆွဲဆောင်ခဲ့သည်။ မင်္ဂလာပွဲ၏ နှစ်ဖက်စလုံးမှာ နတ်သူငယ် အမျိုးသား တစ်ဦးနှင့် နတ်ဆိုး အမျိုးသမီးတစ်ဦး၊ ဆစ်ဗလင်နှင့် ရိုမက်တီတို့ပင်။
ဆစ်ဗလင်သည် ငွေလကောင်းကင် မြို့တော်တွင် အလားအလာ ရှိသော တစ်ကိုယ်တည်း နတ်သူငယ် တစ်ဦး ဖြစ်ခဲ့ပြီး သူက ယခုတွင် နတ်သူငယ် မှော်လေးသမား တပ်မှူး ဖြစ်သည်။ ရိုမက်တီက ကြယ်ကြွေတမန်အင်ပါယာမှ မိုးပျံတိမ် ဗိုလ်ခြေ၏ တပ်မှူး ဖြစ်သည်။ နှစ်ဦးစလုံးက နတ်ဆိုးအရှင်သခင် အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များဖြစ်ပြီး နာမည်ကြီး လေးသမားများနှင့် လက်ဖြောင့် သေနတ် သမားများလည်း ဖြစ်ကြသည်။
ချစ်ခြင်း မေတ္တာက ရှုပ်ထွေးပြီး အံ့ဖွယ်ကောင်းသော အရာတစ်ခုပင်။ အချို့လူများက နေ့တိုင်း အတူတကွ နေထိုင်သည့်အခါ မထူးခြားသော်လည်း အချို့လူများက ပထမဆုံး မြင်လိုက်ရုံဖြင့် ချစ်မိသွားနိုင်သည်။ သို့မဟုတ် သူတို့ကို နှိုးဆွပေးသည့် အချက် တစ်ခုကိုသာ လိုအပ်သည်။ အသူရာချောက်နက်ကို ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့သည့် ပြင်းထန်လှသောတိုက်ပွဲတွင် နတ်သူငယ်က သူရဲကောင်းဆန်သော နတ်ဆိုးမကို ချစ်မိသွားခဲ့သည်။ အသူရာ ချောက်နက်၏ တိုက်စစ်ဆင်မှုကို ရင်ဆိုင်ရသော အရေးကြီးသည့် အခိုက်အတန့်တွင် အမြဲ မောက်မာပြီး အတွင်းစိတ်ကို ထုတ်ဖော် ပြောဆိုလေ့ မရှိသော ဆစ်ဗလင်က ရိုမက်တီအား ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြောခဲ့၏။ ကံကောင်းစွာဖြင့် နှစ်ဦးစလုံးက စစ်ပွဲမှ အသက်ရှင် လွတ်မြောက်ခဲ့သည်။
စိတ်ကူးယဉ်ဆန်သော ဖယောင်းမီး ညစာစားပွဲ တစ်ခုပြီးနောက် သူတို့ နှစ်ဦး အကြားမှ ဆက်ဆံရေးက လျင်မြန်စွာ တိုးတက်လာခဲ့သည်။ အရာအားလုံးက အလွန် လျင်မြန်စွာပင် ဖြစ်ပျက်ခဲ့ပုံ ရသော်လည်း သဘာဝကျနေခဲ့သည်။
ထိုမင်္ဂလာပွဲ၏ အကြီးမားဆုံးသော အာရုံစိုက်မှုမှာ လက်ဖြောင့် သေနတ်သမား နှစ်ယာက်နှင့် တပ်မှူး နှစ်ယောက်တို့၏ ပေါင်းစည်းခြင်း မဟုတ်ဘဲ လူမျိုး ပေါင်းစည်းခြင်းလည်း ဖြစ်သည်။ နတ်ဆိုးများနှင့် လူသားများ အကြား ပေါင်းစည်းခြင်းကို အတိတ် ကာလတွင် တားမြစ်ချက် အဖြစ်သာ သတ်မှတ်ခဲ့ကြသော်လည်း ယခုအချိန်နှင့် ယခုနေရာတွင် ၎င်းကို အသိအမှတ်ပြုပြီး ကောင်းချီးခဲ့ကြသည်။
ကြယ်ကြွေတမန်အင်ပါယာ၏ ဧကရီအရှင်မ ရှီရာနှင့် နတ်သူငယ် မျိုးနွယ်စု၏ ဧကရီဘုရင်မအသစ် ဖီလီတို့ မင်္ဂလာဆောင်ပွဲသို့ တက်ရောက်ခဲ့ကြပြီး နှစ်ဖက်စလုံးကို ကောင်းချီးပေးခဲ့သည်။ ၎င်းမှာ ခေတ်မီသော မင်္ဂလာပွဲ တစ်ခု ဖြစ်သည်။ အကြောင်းပြချက် များစွာဖြင့် နိုင်ငံရေး အဖြစ်အပျက်တစ်ခု အဖြစ် ဟောပြောခဲ့ကြသော်လည်း ချစ်သူများ ဖြစ်သော ဆစ်ဗလင်နှင့် ရိုမက်တီအတွက် ပြီးပြည့်စုံသော မင်္ဂလာပွဲတစ်ခု ဖြစ်သည်။ နတ်ဆိုးဘုံရှိ မျိုးနွယ်စု များစွာအတွက် ၎င်းမှာ အကျိုးတူ ရှင်သန်မှုနှင့် အကျိုးတူ တိုးတက်မှု အစသာ ဖြစ်သည်။
အမှန်မှာ ဆစ်ဗလင်နှင့် ရိုမက်တီတို့က စစ်ပွဲပြီးနောက် လက်ထပ်သော ပထမဆုံး လူမျိုးကွဲ စုံတွဲမဟုတ်ပေ။ လွန်ခဲ့သော လဝက်က နဂါးတောင်ကြားမှ ဂွယ်ရိုအက်စ်က နတ်သူငယ်မျိုးနွယ်စုမှ ဒါဆာနှင့် တိတ်တဆိတ် အတူတူ နေထိုင် ခဲ့ကြသည်။ အသူရာချောက်နက်နှင့် သေရေးရှင်ရေး တိုက်ပွဲတွင် အချစ်မီးပွား ထွက်ပေါ်ခဲ့ကြခြင်း ဖြစ်သည်။
ဂွယ်ရိုအက်စ်က ဇိုလာ၏ အမေ မာရီယာကို နှစ်သောင်းချီ သဘောကျ ခဲ့သော်လည်း မာရီယာက နောက်ဆုံးတွင် နတ်သူငယ်ဘုရင် စပန်နှင့် အတူတူ နေထိုင်ခဲ့သည်။ ယခုတွင် ဂွယ်ရိုအက်စ် ကိုယ်တိုင် နတ်သူငယ် အဖော်တစ်ဦးကို တွေ့ရှိခဲ့သည်။ အားလုံးကို ကံကြမ္မာက ဆုံးဖြတ်ထားပုံရသည်။
ဂွယ်ရိုအက်စ်နှင့် ဒါဆာတို့၏ မင်္ဂလာပွဲက အသိုင်းအဝိုင်းငယ်လေးမှ မိတ်ဆွေများကိုသာ ဖိတ်ကြားခဲ့သည်။ သူတို့က နဂါးတောင်ကြားသို့ ပြန်မသွား နိုင်တော့သောကြောင့် စပန်က သူတို့၏ မိသားစု ပိုင်ဆိုင်မှု ဆုံးရှုံးခြင်းအတွက် လက်စားချေနိုင်ရန် နဂါးများ၏ ကြွယ်ဝမှု ချိန်ခွင်ကို အသုံးပြု၍ မရနိုင်တော့ပေ။ သူတို့ ဂွယ်ရိုအက်စ်ကို မူးအောင်တိုက်ပြီး အတိုး အနည်းငယ် ပြန်လည်ရယူရန် အသစ်ထုတ်လုပ်ထားသော ထိပ်တန်း အရည်အသွေး ဝိုင်ဖြူကိုသာ အသုံးပြု နိုင်ခဲ့သည်။
ပျော်ရွှင်ဖွယ် သီချင်းများနှင့် ရယ်မောသံများ အကြားတွင် ယခင်က သေခြင်းတရား မြူခိုးများ နောက်ဆုံးတွင် တစ်စပြီးတစ်စ ကင်းစင်သွားခဲ့သည်။
အသက်က အလွန် တန်ဖိုး ရှိလှ၏။
သေလုမြောပါး အခြေအနေမှ ရှင်ကျန် ခဲ့သူများသာ ၎င်းကို ပိုမို၍ တန်ဖိုးထား ပေလိမ့်မည်။