← Chapters

ကောင်းကင် သုတ်သင်သူ

Vol. 83 Ch. 1252

ကောင်းကင် သုတ်သင်သူ

Vol. 83 Ch. 1252

နတ်ဆိုးဘုံ၊ သွေးလက်သည်း နယ်မြေ၌ ဖြစ်သည်။

လောက နှစ်ခု၏ တံခါးမှ အလင်းတန်းတွင် မရေမတွက်နိုင်သော ကြက်သွေးရောင် မကောင်ဆိုးဝါးများ ချက်ချင်း စုပြုံထွက်လာခဲ့သည်။

သို့သော်လည်း မကောင်းဆိုးဝါးများက လောက နှစ်ခု၏ တံခါးမှ ပြေးထွက် လာသည့် အခိုက်အတန့်တွင် အချိန် အကြာကြီး ပြင်ဆင်ထားသော ရေတွက် မရနိုင်သည့် တလက်လက် အလင်းများ အရပ်လေးမျက်နှာမှ ရောက်ရှိလာခဲ့သည်။ ဥပမာ လောက်လေးမှ ပစ်လိုက်သော မီးဥက္ကာပျံ၊ အမြင့်မှ ပစ်ချလိုက်သော မှော်ဗုံး၊ မှော်သလင်းကျောက်အမြောက်မှ အလင်းစက်လုံးနှင့် အလင်းတန်း၊ မှော် ကာကွယ်ရေး မျှော်စင်မှ လျှပ်စီးများ...

သိပ်သည်းလှသော ပစ်ခတ် တိုက်ခိုက်မှု အောက်တွင် သွေးနီရောင်က ချက်ချင်းဆိုသလို ရှင်းလင်းခံလိုက်ရ၏။

သို့သော် သွေးနီရောင်က ၎င်းကြောင့် မရပ်တန့်ခဲ့ပေ။ ထိုအစား ပို၍ အရူးအမူး လှိမ့်တက်လာခဲ့သည်။ အဆက်မပြတ် ထိခိုက်မှုနှင့်အတူ အကွာအဝေး ကျယ်ပြန့် လာပြီး မဟာမိတ် စစ်တပ်သည်လည်း ပစ်ခတ်အားကို မထိန်းသိမ်းနိုင်တော့ပေ။ အားကောင်းသော အသူရာချောက်နက် သခင်များနှင့် မီးလျှံ စုန်းမများသည် ပြင်းထန်သော တိုက်ခိုက်မှုများအောက် ကောင်းကင်သို့ ပျံတက်သွားခဲ့ကြသည်။ လေထဲတွင် နတ်ဆိုးများ၊ လူသားများ၊ ဧရာမနဂါးများ၊ အဂ္ဂိရတ် အဖွဲ့အစည်း၊ စုစည်းရုပ်သေးများ၊ ဂရစ်ဖွန် ဗိုလ်ခြေ၊ ဧရာမနဂါး ဗိုလ်ခြေနှင့် ဝိုင်ဗန်များ ပေါင်းစပ်ထားသော မဟာမိတ်စစ်တပ် တစ်ခု ရှိနေသည်။ သူတို့က လက်ရွေးစင် တပ်ဖွဲ့များ ဖြစ်ကြသည်။

စုစည်းရုပ်သေးများသည် ပခုံးပေါ်မှ အမြောက်များဖြင့် ဒုံးကျည်များကို ပစ်လွှတ်လိုက်သည်။ ဒုံးကျည်များက တရွှီရွှီမြည်လျက် လေထဲ တက်လာသော အသူရာချောက်နက် မကောင်းဆိုးဝါးများကို ဖောက်ခွဲပစ်လိုက်၏။ ထိုဒုံးကျည်များက လူသား လောကမှ တိုက်ပွဲများနှင့် ကွဲပြားသည်။ သူတို့က သက်ရှိကဲ့သို့ ရန်သူကို ခြေရာခံနိုင်သည်။ ၎င်းမှာ ကြယ်မြို့၏ နောက်ဆုံးပေါ် ဖန်တီး ထား‌သော ဒုံးကျည် ဖြစ်သည်။

ထူထထဲသော ဒုံးကျည်များ ထိမှန်ရာ မကောင်းဆိုးဝါးများ စုတ်ပြဲသွားသည်။ သို့မဟုတ် တစ်ခါတည်း အမှုန့်အဖြစ်သို့ ပြောင်းလဲသွား၏။ သို့မဟုတ် အပိုင်းပိုင်း အစစများအဖြစ် ပြန့်ကျဲသွားခဲ့သည်။

ပေါက်ကွဲမှု ဧရိယာမှ ပြေးထွက် လာသော မကောင်းဆိုးဝါး အချို့က အသက် ချမ်းသာရာ မရခဲ့ကြပေ။ အကြောင်းမှာ သူတို့သည် နဂါးအာငွေ့၊ အဆိပ်နှင့် မှော်သေနတ်များမှ ကျည်ဆန် မိုးသီးများကို ရင်ဆိုင်ရ၍ပင်။

ဧရာမ နဂါးများ၊ ဝိုင်ဗန်များနှင့် ဂရစ်ဖွန်များက သာမန် စစ်သားများကို သယ်ဆောင်ထားခြင်း မရှိဘဲ လေးနှင့် မြားများ၊ လှံတံတိုများ ကိုင်ထားသည့် လက်ဖြောင့် သေနတ် သမားများကို သယ်ဆောင်ထားပြီး မှော်သေနတ်များကို ကိုင်ဆောင်ထား၏။ သူတို့ထဲမှ အများအပြားက လူသား လောကမှ နတ်သူငယ်များ၊ နတ်ဆိုးဘုံမှ အမှောင် နတ်သူငယ်များနှင့် လက်ရွေးစင် နတ်ဆိုးများ ဖြစ်ကြသည်။

အမြင့် ပျံသန်းရာတွင် ထိုကဲ့သို့ ပစ်ခတ်ခြင်းမျိုးက မြေပြင်ပေါ်တွင်ထက် များစွာ ပိုခက်ခဲသော်လည်း မှော်ဂိမ်း အနှိုင်းမဲ့စစ်သည်တော်အွန်လိုင်းတွင် ၎င်းမှာ အဓိကတာဝန် အချို့ကို ပြီးမြောက်ရန် လိုအပ်သော ကျွမ်းကျင်မှု တစ်ခု ဖြစ်သည်။ အတွေ့အကြုံရှိ ကစားသမားတိုင်းနီးပါး ထိုပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ကြလေသည်။ လူသား လောက နတ်သူငယ်များနှင့် အမှောင် နတ်သူငယ်များက ကျွမ်းကျင်သူများ ဖြစ်သည်။ တစ်နေ့တွင် ဂူသင်္ချိုင်းအထဲမှ ရက်စက်သော မကောင်းဆိုးဝါးများက အစစ်အမှန် ဖြစ်လာမည် ဖြစ်ပြီး သူတို့က ဂိမ်းထဲတွင် ကျွမ်းကျင် ပိုင်နိုင်ခဲ့သော ကျွမ်းကျင်မှုများနှင့် နည်းဗျူဟာများကို အသုံးပြု၍ ထိုရန်သူများကို ရင်ဆိုင် ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။

ဂိမ်းနှင့် ကွာခြားချက်မှာ သူတို့တွင် အသက် တစ်ခုသာ ရှိခြင်းပင်။

“ဒိုင်း ဒိုင်း ဒိုင်း...”

အဝေးမှ မီးလျှံ စုန်းမ သုံးဦးသည် တစ်ချိန်တည်းနီးပါး သူတို့၏ နဖူးများကို ပစ်ခတ်ခြင်း ခံလိုက်ရသည်။ ခေါင်းများ ပွင့်ထွက်သွားပြီး ခေါင်းပြတ်နေသော အလောင်းများက တန်းတန်းမတ်မတ် ပြုတ်ကျသွားခဲ့သည်။

နဂါးနီနောက်မှ နတ်သူငယ်အမျိုးသား မျက်မှောင်ကြုတ်လိုက်၏။ ထိုကျည်ဆန်များက သာမန်မှော်သေနတ်များနှင့် ကွဲပြားသည်။ ၎င်းတို့က ထိုးဖောက်စွမ်းအားကို လျှော့ချနိုင်ပြီး ပိုကြောက်မက်ဖွယ် ကောင်းသော ပျံ့နှံ့ပျက်စီးမှုကို တိုးမြှင့် ပေးနိုင်သည်။ သာမန် သေနတ်များနှင့် နှိုင်းယှဉ်လျှင် ဖြစ်စေသော ဒဏ်ရာများမှာ ပိုကြီးမားပြီး သေစေနိုင်စွမ်း ပိုပြင်းထန်၏။

ထိုအရာကို ဒမ်ကျည်ဆန်ဟု ခေါ်ပြီး ၎င်းမှာ နတ်ဆိုးဘုံမှ အသစ်ထွင်ထားသော အစွမ်းထက် ကျည်ဆန် ဖြစ်သည်။ အမျိုးအစားသစ် မှော်သေနတ်နှင့်အတူ ပစ်ခတ်စွမ်းအားကို ပိုမို၍ မြှင့်တင်ရန် ကိုယ်ပိုင်စွမ်းအားကိုလည်း သုံးနိုင်သည်။ ထိုလက်နက်မျိုးဖြင့် လုံးဝအနီးကပ်ရန် မလိုအပ်ပေ။ ၎င်းက အနည်းဆုံး သေဆုံး ထိခိုက်မှုဖြင့် အဆင့်တူ ရန်သူများကို အထိရောက်ဆုံး ကိုင်တွယ်နိုင်၏။

နတ်သူငယ်၏ အမည်မှာ ဆစ်ဗလင် ဖြစ်သည်။ နတ်ဆိုး အရှင်သခင်အဆင့် ဖြစ်သော ငွေလကောင်းကင်မြို့တော်၏ မှော်လေးသမား ဗိုလ်ခြေ ဒုတိယတပ်မှူး ဖြစ်၏။ သူက မှော်သေနတ် ထွက်ပေါ် လာပြီးနောက် လူသား လောကတွင် အထူးချွန်ဆုံးသော လက်ဖြောင့်သေနတ် သမားများထဲမှ တစ်ဦးဖြစ်သည်။ ခုနက သူသည် လက်ရွေးစင် မီးလျှံစုန်းမ သုံးဦးကို တစ်ပြိုင်တည်း ချိန်ခဲ့သော်လည်း သူ မပစ်ခတ်မီမှာပင် သူတို့ ကိုင်တွယ် ဖြေရှင်းခြင်း ခံလိုက်ရပြီး ဖြစ်သည်။ ပစ်ခတ်မှု သုံးချက်လုံးကို တစ်ဦးတည်းက ပစ်ခတ်ခဲ့ပြီး အရှိန်နှင့် တိကျမှုက သူ့ထက် မနိမ့်ကျကြောင်း ခံစားနိုင်သည်။

ဆစ်ဗလင် နောက်လှည့်ကြည့်လိုက်ရာ ထိုဘက်တွင် သန္ဓေပြောင်း ခေါင်းနှစ်လုံး မန်တီကိုးတစ်ကောင်ကို တွေ့လိုက်၏။ မန်တီကိုး အနောက်တွင် ခရမ်းရောင် ဆံပင်တိုနှင့် ခရမ်းရောင် နှုတ်ခမ်းများ ရှိသော အမျိုးသမီးငယ် တစ်ဦး ရှိနေသည်။ သူ၏ သူရဲကောင်းဆန်သော ကိုယ်နေ ဟန်ထားက အလှတရားနှင့် ဆွဲဆောင်မှု ဖော်ပြနေသည်။ ထိုအမျိုးသမီးသည် ကြယ်ကြွေတမန် အင်ပါယာ၏ မိုးပျံတိမ် ဗိုလ်ခြေ၏ တပ်မှူးဖြစ်သော လူစီဖာ တော်ဝင် မိသားစုမှ ရိုမက်တီ ဖြစ်ကြောင်း ဆစ်ဗလင် မှတ်မိလိုက်သည်။ သူ့မှာ ဒီလို ထူးကဲတဲ့ ပစ်ခတ်စွမ်းရည် ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ဆစ်ဗလင်၏ အကြည့်ကို အာရုံခံမိ ပြီးနောက်တွင် ရိုမက်တီက သူ၏ နှုတ်ခမ်းထောင့်တွင် တည်ငြိမ်သော အပြုံး တစ်ခုကို ပြသလိုက်ပြီးနောက် သူက သေစေနိုင်သော ပစ်ခတ်မှု သုံးချက်ကို ထပ်မံပြုလုပ်လိုက်သည်။ ဆစ်ဗလင်က ထိုအပြုံးမှ မထီမဲ့မြင်ပြုမှုကို အသေအချာ ခံစားလိုက်ရသဖြင့် သူ၏ စိတ်ထဲတွင် ဒေါသများဖြင့် ပြည့်နှက် သွားခဲ့သည်။ ရုတ်တရက် သူက အန္တရာယ်တစ်ခုကို အာရုံခံမိလိုက်သည်။ ဧရာမအနက်ရောင် ပုံရိပ်တစ်ခုက သူ၏ ခေါင်းအထက်တွင် ဖြတ်သန်းသွားသည်ကို တွေ့လိုက်ရပြီး အစိမ်းရောင် လေဓားသွား နှစ်ချောင်း ပျံထွက်သွားကာ ထိုနေရာသို့ တယ်လီပို့ ခုန်လာသော အသူရာချောက်နက် သခင် နှစ်ဦးကို နှစ်ပိုင်း ပိုင်းလိုက်သည်။

“သတိထား..” နတ်သူငယ် အကြီးအကဲ ဒါဆာ၏ အသံက သိဒ္ဓိနဂါး ဂွယ်ရိုအက်စ် နောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ဆစ်ဗလင် တိတ်တဆိတ် ရှက်သွား၏။ နတ်ဆိုး အမျိုးသမီး သေနတ်သမားနှင့် ယှဉ်ပြိုင်လိုစိတ်က သူ၏ စိတ်ထဲတွင် ပိုမို၍ အားကောင်း လာခဲ့သည်။ သူက အစွမ်းကုန်ထုတ်၍ တိုက်ခိုက်တော့သည်။

အသူရာချောက်နက်၏ လေကြောင်းဗိုလ်ခြေက သေစေနိုင်သော ထိုးနှက်မှု တစ်ခုကို ခံစားခဲ့ရသော်လည်း မဟာမိတ် စစ်တပ်၏ လေကြောင်း အင်အားကလည်း ပြန့်ကျဲသွားခဲ့သည်။ မြေပြင်ပေါ်မှ အသူရာချောက်နက်အပေါ် သက်ရောက်သော ဖိအားမှာ အားနည်း သွားခဲ့သည်။ ထို့ပြင် မှော်သလင်းကျောက် အမြောက်များနှင့် အခြားလက်နက်များကို အအေးခံရန် လိုအပ်သည်။ ကုန်းမြေပေါ်မှ သွေးနီရောင် စစ်တပ်က လျင်မြန်စွာ ပျံ့နှံ့လာ၏။ အထူးအဆင့် လက်ရွေးစင် မကောင်းဆိုးဝါးများစွာက ပစ်ခတ်အား ပိတ်ဆို့မှုကို ဖောက်ထွင်းပြီး ကျော်လွှား လာခဲ့ကြသည်။

မဟာမိတ် စစ်တပ်က အသေခံ မတိုက်ခိုက်ခဲ့ပေ။ ထိုအစား သူတို့က စီစဉ်ထားသည့်အတိုင်း အကွာအဝေးကို ထိန်းသိမ်းရန် တိုက်ခိုက်ရင်း ဆုတ်ခွာ ခဲ့ကြသည်။ ပို၍များသော အသူရာ ချောက်နက် စစ်တပ်က နတ်ဆိုးဘုံထဲသို့ စုံပြုံရောက်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်က ရုတ်တရက် မှောင်သွားပြီး ဧရာမပုံရိပ် တစ်ခုက မဟာမိတ် စစ်တပ်၏ အရှေ့ ကောင်းကင်တွင် ပေါ်လာခဲ့သည်။ သာမန် ဧရာမ နဂါးများထက် ကိုယ်ခန္ဓာ အရွယ်အစား များစွာ ကြီးမားသော နဂါးနက်တစ်ကောင်ပင်။ မျက်လုံးများက ကောင်းကင် အလင်းရောင်ဖြင့် တောက်ပ နေ၏။ နဂါးဧကရာဇ် အက်ဂ်လက်စ်ပင်။

“ဂါး...” အက်ဂ်လက်စ်က ပြည့်ကျပ် နေသော အသူရာ ချောက်နက် စစ်တပ်ထံသို့ ဟိန်းဟောက်လိုက်သည်။ နောက်မှ မဟာမိတ် စစ်တပ်က အမြင်အာရုံ ချက်ချင်း မှုန်ဝါးသွားသည်ကို ခံစားလိုက်ရသည်။ ရှေ့မှ ကြီးမားသော ယပ်တောင် ပုံသဏ္ဌာန် အကွာအဝေး အတွင်း ထိုလက်ရွေးစင်များ အပါအဝင် အသူရာချောက်နက် သတ္တဝါ အားလုံး စုတ်ပြဲသွားပြီး ထိုအသံလှိုင်းအောက်တွင် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ယပ်တောင် ပုံသဏ္ဌာန် စွမ်းအားက ခဏတာ မဟုတ်ဘဲ အချိန်အကြာကြီး တည်ရှိနေခဲ့သည်။ နောက်မှ ပြေးဝင်၍ လာသော အသူရာချောက်နက် သတ္တဝါ တစ်ကောင်ပြီးတစ်ကောင် ပျက်စီးသွားခဲ့ ကြသည်။ အခြားသော လားရာ တစ်ခုမှ ပါဂရစ်ဇ်ကလည်း ပေါ်လာခဲ့သော်လည်း နဂါးပုံစံကို အသုံးပြုမည့်အစား သူက လူသားပုံစံဖြင့် ရှိနေခဲ့ပြီး လက်များကို ပူးလိုက်ကာ ဧရိယာ ပတ်ပတ်လည်တွင် သိဒ္ဓိအငွေ့အသက်များ ပြည့်နှက်နေသည့် အဖြူရောင်အလင်းအတားအဆီးတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။ အလင်းထဲမှ အသူရာချောက်နက် မကောင်းဆိုးဝါးများ ငြိမ်ကျသွားပြီး အမှုန်များ အဖြစ်သို့ ပြန့်ကျဲသွားခဲ့သည်။

နတ်ဘုရား-ယောင် နဂါးဧကရာဇ် နှစ်ပါး လှုပ်ရှားလိုက်သည်နှင့် သူတို့သည် မကောင်းဆိုးဝါးများ၏ အရှိန်အဟုန်ကို ချက်ချင်းပင် ထိန်းချုပ်လိုက်သော်လည်း ထိုထိန်းချုပ်မှုက ယာယီသာ ဖြစ်သည်။ မကောင်းဆိုးဝါးများတွင် နတ်ဘုရား တစ်ပိုင်း အဆင့်ရှိ သန္ဓေပြောင်းထားသော လက်ရွေးစင်များနှင့် ခေါင်းဆောင်များ မရှားပါးပေ။ သက်ရောက်မှုမှာ အတော် အံ့ဩဖွယ်ကောင်းလှပြီး အကွာအဝေးမှာ ကြီးမားသော်လည်း စွမ်းအားများစွာကို ကုန်ဆုံးစေသည်။ အကယ်၍ အက်ဂ်လက်စ်နှင့် ပါဂရစ်ဇ်တို့တွင် အဆုံးမဲ့ စွမ်းအားမရှိပါက သူတို့ အနှေးနှင့် အမြန် ပင်ပန်းသွားပေလိမ့်မည်။

သွေးနီရောင်စစ်တပ်ထဲမှ ကြက်သွေးရောင် အလင်း နှစ်ခုက ပျံထွက်လာပြီး နဂါးဧကရာဇ် နှစ်ပါးကို လျှပ်စီးကဲ့သို့ တိုက်ခိုက်လိုက်ကြသည်။ ပါဂရစ်ဇ်၏ အဖြူရောင် အလင်းဖြစ်စေ၊ အက်ဂ်လက်စ်၏ ဟိန်းဟောက်သော စွမ်းအားဖြစ်စေ ကြက်သွေးရောင် အလင်း နှစ်ခုကြောင့် အလွယ်တကူ ထိုးဖောက် ခံလိုက်ရသည်။

မီးလျှံနီလေး...

ဆိုစဘတ်...

အကြောက်တရား အရှင်သခင်က နောက်ဆုံး လှုပ်ရှားလာခဲ့လေပြီ။

နဂါးဧကရာဇ် နှစ်ပါး၏ နတ်ဘုရား-ယောင် အလယ်အလတ် စွမ်းအားဖြင့် ထိုထိုးနှက်မှုကို လုံးဝ မကာကွယ်နိုင်ပေ။

အမျိုးသမီးပုံရိပ်တစ်ခုက အက်ဂ်လက်စ်၏ ရှေ့တွင် အချိန်မီ ပေါ်လာခဲ့သည်။ သူက လက်ခုပ်တီးပြီး ထိုအားကောင်းသော စွမ်းအင်မြားကို လက်ဖဝါး အကြားတွင် အမှန်တကယ် ဖမ်းယူလိုက်သည်။ ထိုသို့ရိုးရှင်းသော လှုပ်ရှားမှုက မရိုးရှင်းလှပေ။ ပါဂရစ်ဇ်၏ မျက်လုံးများထဲတွင် အမျိုးသမီးက ထောင်ပေါင်းများစွာသော လှုပ်ရှားမှုများ ပြုလုပ်နေပုံရသည်။ လက်သီးထိုးခြင်း၊ ကန်ကျောက်ခြင်း၊ လက်ခုပ်တီးခြင်း... ရှုပ်ထွေးသော လှုပ်ရှားမှု အားလုံးက နောက်ဆုံးတွင် ထိုသို့ ပူးနေသော လက်ဖဝါးများထဲ ပေါင်းစပ်သွားခဲ့သည်။ အနီရောင်အလင်းက ခဏတာ ရုန်းကန် နေပြီးနောက် နောက်ဆုံး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

မိုက်ကယ်က ပါဂရစ်ဇ်၏ ရှေ့တွင် ပေါ်လာခဲ့သည်။ သူက သဒ္ဓိလက်ဝါးကပ်တိုင်ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး မြားကို တားဆီးလိုက်သည်။ သူ၏ ခန္ဓာကိုယ် အလိုလို ခဏတာ နောက်ပြန်လွင့်စင် သွားခဲ့သည်။ သူ၏ ညာဘက်လက်က ဖျော့တော့သော အလင်းဖြင့် တောက်ပ နေသည်။ သူက လက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး မြား၏ စွမ်းအင်ကို ကြေမွသွားစေခဲ့သည်။

“ဟွန့်။ ဆိုစဘတ်။ မင်းက အားနည်း သွားပြီပဲ။” မိုက်ကယ် လှောင်ရယ် လိုက်သည်။ “လုံးဝ ပြန်မကောင်းခင် ဒီကို လာရဲတယ်ပေါ့။”

ဆိုစဘတ်က လေထဲတွင် ပေါ်လာပြီး သူ၏ လက်ထဲတွင် မီးလျှံနီလေးကို ကိုင်ထားသည်။ သူက မိုက်ကယ်ကို မထီမဲ့မြင် ကြည့်လိုက်သည်။ “မင်းက ငါ့ရဲ့ စွမ်းအားအပြည့်နဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား။”

“ခီလီယာနာ ဘယ်မှာလဲ။” စေတန်က မိုက်ကယ်၏ ဘေးနားတွင် ပေါ်လာပြီး ငါးထောင့်ကြယ် ပုံစံကွက် ပါရှိသော အနက်ရောင် ဓားတစ်လက် ကိုင်ထား၏။

“မင်းတို့လို အသေးစားလေးတွေကို ကိုင်တွယ်ဖို့ ခီလီယာနာကို မလိုဘူး။” ဒိုင်လော့စ်ရိုသည်လည်း ပေါ်လာခဲ့သည်၊ “ဖန်တီးခြင်း စာအုပ်နဲ့ ပျက်စီးခြင်း စာအုပ်ကို ဆုံးရှုံးလိုက်ရတော့ မင်းတို့က အစွယ်မရှိ လမ်းပျောက်နေတဲ့ ခွေးလေး တစ်ကောင်လိုပဲ။ ထည့်ပြောစရာမလိုဘူး။ ငါတို့ နှစ်ယောက်က အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ လုံလောက်တယ်။”

“ခီလီယာနာရဲ့ ဒဏ်ရာက အရင်တစ်ခါ တကယ် ပြင်းထန်ခဲ့တယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက အဲဒါ အရင်တုန်းက လျို့ဝှက် ဒဏ်ရာတချို့ ဖြစ်စေခဲ့တာပဲ။ အသူရာချောက်နက်ရဲ့ စိတ်ဆန္ဒနဲ့တောင် သူ ခဏအတွင်း မကုသနိုင်ဘူး။ သူက အခု အိပ်မက်ဆိုး မီးတောင်မှာ ရှိနေရမယ်။ သူ ကုသဖို့ ဖန်တီးခြင်း စာအုပ်နဲ့ ပျက်စီးခြင်း စာအုပ် စွမ်းအားကို အသုံးပြုချင်နေတာ။” စကားပြောသူမှာ အက်ဂ်လက်စ်ရှေ့တွင် ရှိနေသော ဖိုက်သွန် ဖြစ်သည်။ သူ၏ အသွင်အပြင်က ယခင်နှင့် တူသော်လည်း သူ၏ ဆံပင်က ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ မျက်ဆံများက တစ်ခု ငွေနှင့် တစ်ခု အနီ အဖြစ်သို့ ပြောင်းသွားသည်။ ၎င်းမှာ ဂေဘရီရယ်၏ သူတော်စင် တိုက်ခိုက်ရေး နှလုံးသား ပေါင်းစပ်မှု၏ ရလဒ်ပင်။

“မင်း မသေသေးဘူးလား။” ဆိုစဘတ် ဖိုက်သွန်ကို မှတ်မိပြီး မျက်မှောင်ကြုတ် လိုက်သည်။ “မင်း ခန့်မှန်းတာ မှန်တော့ ဘာဖြစ်လဲ။ ချန်လွေ့ကို ဒီခေါ်လိုက်။ သူပဲ ငါ့ရဲ့ တိုက်ခိုက်မှုနဲ့ နည်းနည်းလောက် ထိုက်တန်တယ်။”

“ကံဆိုးချင်တော့ ရှင်က သူ့ရဲ့ တိုက်ခိုက်မှုနဲ့ မထိုက်တန်ဘူး။” ဖိုက်သွန် ပေါ့ပေါ့တန်တန် ပြောလိုက်ပြီး လက်ခနဲ ဖြစ်သွားကာ ဆိုစဘတ်ထံ ပြေးဝင်၍ သွားခဲ့သည်။

“မိုက်မဲတာ။” ဆိုစဘတ် မထီမဲ့မြင် လှောင်ရယ်လိုက်သည်။ သူက လေးကို ဆွဲတော့မည့်အချိန် သူ၏ မျက်ဆံများ ကျုံ့သွားခဲ့သည်။ အကြောင်းမှာ ဖိုက်သွန် ချပ်ကာက ပြင်းထန်သော ကြယ်အလင်း တောက်ပနေ၍ပင်။ နက္ခတ်တာရာ တစ်ခုကို ခပ်ရေးရေး မြင်တွေ့နိုင်၏။ သူ၏အရှိန် ရုတ်တရက် ၁၀ဆ တိုးလာပြီး သူ့ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။

ဖိုက်သွန် နီးကပ်နေပြီ ဖြစ်သောကြောင့် ဆိုစဘတ် မီးလျှံနီလေးကို အသုံးမပြု နိုင်တော့ပေ။ သို့သော် သူက ဖိုက်သွန်ကို အလေးအနက် မထားဘဲ လက်တစ်ဖက် တည်းဖြင့် ဖမ်းဆုပ်လိုက်သည်။ မည်သို့ ဆိုစေကာမူ သူက ဖိုက်သွန်ကို မထိခင်ပင် အထူးစွမ်းအား တစ်ခုကြောင့် ဆွဲခံလိုက် ရသည်။ တစ်ချိန်တည်းမှာပင် ဖိုက်သွန်၏ လက်သီးက သူ့မျက်နှာကို ထိသွားခဲ့သည်။

ထိုထိုးနှက်မှုက ထိခိုက်မှု အများကြီး မဖြစ်စေခဲ့သော်လည်း ဆိုစဘတ်၏ မျက်လုံးများထဲတွင် ၎င်းမှာ ကြီးမားသော အရှက်ရမှုတစ်ခု ဖြစ်သည်။ သူက မီးလျှံနီ လေးကို သိမ်းလိုက်ပြီး လက်သီးနှစ်ဖက် စလုံးဖြင့် ထိုးလိုက်သည်။ ဖိုက်သွန်က သူ့ကို တားဆီးရန် လက်ဖဝါးများ ဆန့်တန်း လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်က အရိုးမရှိသကဲ့သို့ ပျော့ပျောင်း နေသည်။ ဆိုစဘတ်၏ လက်သီးများက အမြင့်ဆုံး အင်အားကို မထုတ်နိုင်ခဲ့ပေ။ သူက အရှိန်အဟုန်ကို ငှားရမ်းပြီး ဆိုစဘတ်၏ နံရိုးပေါ်သို့ ပြင်းထန်စွာ ရိုက်နှက်လျက် လှည့်ပတ် နေလိုက်၏။ ဆိုစဘတ်အတွက် အင်အား ငှားရမ်းသည့် ထိုကဲ့သို့ ထူးဆန်းသော တိုက်ခိုက်မှု နည်းလမ်းကို ပထမဆုံး အကြိမ် ရင်ဆိုင်ရခြင်း ဖြစ်သောကြောင့် အချိန်မီ မရှောင်နိုင်ခဲ့ပေ။

“မဟုတ်သေးဘူး။ ဒီနေရာလွတ်မှာ ပြဿနာတစ်ခုခု ရှိနေတယ်။ ငါတို့ရဲ့ အင်အား အားနည်းသွားပြီးတော့ မင်းတို့ရဲ့ အင်အား ပိုတိုးလာတယ်...” ဒိုင်လော့စ်ရို နောက်ဆုံးတွင် မူမမှန်သည်ကို သတိပြုမိ လိုက်သည်။ ပတ်ဝန်းကျင် မြင်ကွင်း ရုတ်တရက် ပြောင်းသွားပြီး တောင်တန်း ဧရိယာတစ်ခု အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ အဝေးတွင် တိမ်များနှင့် မြူခိုးများ ဝန်းရံထားသော အမြင့်ဆုံး တောင်တစ်လုံး ရှိနေ၏။

၎င်းမှာ သာမန် တောင်တန်းဧရိယာ မဟုတ်ပေ။ ဒိုင်လော့စ်ရို၏ မျက်လုံးများ အထဲတွင် ၎င်းမှာ အမှန်ပင် ကြီးမားသော ငါးထောင့်ကြယ် အခင်းအကျင်း ဖြစ်သည်။ ငါးထောင့်ကြယ်၏ ထိပ်တွင် အထူး စည်းမျဉ်းများ အတိုင်း ဖြန့်ဝေထားသော လေ့ကျင့်သူများစွာ ရှိနေခဲ့ပြီး နဂါး ဧကရာဇ်နှင့် ကတ်သရင်း ကဲ့သို့သော နတ်ဘုရား-ယောင် အစွမ်းထက်ပုဂ္ဂိုလ် နှစ်ဦးလည်း သူတို့ အထဲတွင် ပါဝင်ကာ အစက်ချ အခင်းအကျင်း တစ်ခုကို ဖွဲ့စည်းထား၏။

ဒိုင်လော့စ်ရို လက်များ ဝှေ့လိုက်ရာ မရေမတွက်နိုင်သော အသူရာချောက်နက် တပ်ဖွဲ့များသည် သူ့ကို ဗဟိုပြုလျက် အရပ်လေးမျက်နှာသို့ ပြေးဝင်သွားသည်။ သို့သော် ထိုတပ်ဖွဲ့များက မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ ပင်လယ်ထဲသို့ ကျသွားသကဲ့သို့ပင်။ ပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်နေဆဲ ဖြစ်သည်။

“မင်းက ငါ့ရဲ့ အစောင့်တွေကို ဝါးမျို ပြီးတော့ ကိုယ်တိုင် အသုံးချနိုင်တယ် ဟုတ်လား။” ဒီလော့စ်ရို အဓိကအချက်ကို ချက်ချင်း အာရုံခံမိပြီး မျက်မှောင်ကြုတ် လိုက်သည်။

“ငါ့ရဲ့တိုင်းပြည်ငယ် ဆက်ခ်ရက်တောင်နဲ့ မိတ်ဆက်ပေးပါရစေ။” စေတန်၏ ဓားက အနက်ရောင်အငွေ့ တစ်ခုဖြင့် တောက်ပ နေသည်။ “မင်း ဂုဏ်ယူနေသင့်တယ်။ ဘာလို့လဲဆို အမှောင် နတ်ဘုရားကျောင်း အတွက် ငါ နှစ်ပေါင်းများစွာ စီစဉ်ခဲ့တဲ့ အရင်းအမြစ်တွေကို ဒီကောင်းကင် သုတ်သင်သူ အခင်းအကျင်း စီစဉ်ဖို့ သုံးထားလို့ပဲ။”

All Chapters