အချိန်ထောင်ချောက်]
Vol. 83 Ch. 1254
အက်ဘက်ဒွန်က အမှန်တရားကို ချဲ့ကား မပြောခဲ့ပေ။ မူလက လောက နှစ်ခုကြားမှ တံခါးဝရှိ အသူရာချောက်နက် စစ်တပ်သည် ဆက်ခ်ရက်တောင်၏ တိုင်းပြည် ပြင်ပ အင်အားများကြောင့် ဖိနှိပ်ခြင်း ခံခဲ့ရသည်။ တပ်ဖွဲ့အသစ်များ နတ်ဆိုးဘုံသို့ မဝင်ရောက်နိုင်ခဲ့ဘဲ ယခင် ဝင်ရောက်ခဲ့သော မကောင်းဆိုးဝါးများအားလုံး ရှင်းလင်းခံခဲ့ရသည်။ ယခု အက်ဘက်ဒွန် ပေါ်လာခဲ့သဖြင့် ကောင်းကင်သုတ်သင်သူ အခင်းအကျင်းက အစွမ်းထက်ဆုံး ရန်သူ သုံးဦးကို ကိုင်တွယ်ဖြေရှင်းရန် အာရုံစိုက်ဖို့ အတင်းအကျပ် ဖြစ်ခဲ့ရသည်။ အခင်းအကျင်း၏ ဖိနှိပ်မှုကို ဆုံးရှုံးသွား ပြီးနောက်တွင် ပို၍ပို၍ များလာသော အသူရာချောက်နက် စစ်တပ်က လောက နှစ်ခုကြား တံခါးဝမှ ထွက်လာခဲ့ပြီး ပျံ့နှံ့ သွားခဲ့လေသည်။
နတ်ဆိုးဘုံနှင့် လူသား လောကရှိ နတ်ဘုရား-ယောင် အစွမ်းထက်ပုဂ္ဂိုလ် အားလုံးနှင့် နတ်ဘုရားတစ်ပိုင်း အစွမ်းထက် ပုဂ္ဂိုလ် အများစုက ကောင်းကင်သုတ်သင်သူ အခင်းအကျင်းမှ ထိန်းချုပ်ထားသော ငါးထောင့်ကြယ် အခင်းအကျင်းတွင် စုစည်းနေကြသည်။ တိုးလာနေသော အသူရာချောက်နက် စစ်တပ်ကို ရင်ဆိုင်ရာတွင် အဆင့်မြင့် တိုက်ခိုက်ရေး စွမ်းအားဖြင့် ၎င်းကို ထိန်းချုပ်ရန် မဖြစ်နိုင်တော့ပေ။
အမျိုးမျိုးသော မှော်သလင်းကျောက် အမြောက်များ၊ လောက်လေးများနှင့် လက်နက် ခဲယမ်းများကို အရူးအမူး ပစ်ခတ်နေစဉ် ကြီးမားကျယ်ပြန့်သော အဖြူရောင် သတ္တဝါများက အသူရာ ချောက်နက် စစ်တပ် ရေစီးကြောင်းရှေ့ ပေါ်လာခဲ့ပြီး သေခြင်းကို မကြောက်ရွံ့ဘဲ တိုက်နေကြသည်။ ၎င်းတို့မှာ မသေမျိုး ဗိုလ်ခြေများပင်။ အဆုံးမဲ့ လက်နက်ကိုင် အရိုးစစ်သည်များက အသူရာချောက်နက် မကောင်းဆိုးဝါးများထံသို့ တိုးဝင်၍ လာခဲ့ကြသည်။ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အောက်လမ်း ပညာရှင်များက အတန်းလိုက် အဝေးတွင် ပေါ်လာခဲ့သည်။ ခေါင်းဆောင်မှာ အကျော်ကြားဆုံး အောက်လမ်းပညာရှင် ဂူရာဒန်ပင်။
လူသားလောကတွင် အောက်လမ်းပညာရှင်က အဆိုးဝါးဆုံး အရာတစ်ခု ဖြစ်သည်။ နေရောင်အောက် ထိုကဲ့သို့ ဆိုးယုတ်မှုကို လုံးဝခွင့်မပြုပေ။ သို့သော် နတ်ဆိုးဘုံတွင် ထိုကဲ့သို့သော အယူအဆမျိုး မရှိပေ။ ကြယ်ကြွေတမန် အင်ပါယာ၏ ဧကရီ ရှီရာက လိပ်ပြာနီ သခင်နှင့် ဘုရင်ခံကို အနိုင်ယူခဲ့သည်။ အာဏာသိမ်းယူစဉ်အတွင်း၌ မသေမျိုး စစ်တပ်က ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သဖြင့် တိုင်းပြည်တိုင်းက ထိုကဲ့သို့ အောက်လမ်းပညာရှင်များ တိတ်တဆိတ် ပျိုးထောင် ခဲ့ကြသော်လည်း လိုက်နာ ရမည့် လျှို့ဝှက် စည်းမျဉ်းတစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ စမ်းသပ်မှု အရာများက ရှေးဟောင်း စစ်မြေပြင်များ သို့မဟုတ် သုသာန်များ ကဲ့သို့သော နေရာများသာ ဖြစ်ရမည်။ ၎င်းတို့က အသက်ရှိသူများ မဖြစ်ရပေ။
လူသား မဟာမိတ် စစ်တပ် နတ်ဆိုးဘုံသို့ ပထမဆုံး ဝင်ရောက်စဉ်က မသေမျိုး စစ်တပ်သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ယခုတွင် အောက်လမ်းပညာရှင်အားလုံးက အကြောက်မက်ဖွယ်အကောင်းဆုံး ရန်သူကို တိုက်ခိုက်ရန်အတွက် ဂူရာဒန်၏ စုစည်းကွပ်ကဲမှုအောက်တွင် အတူတကွ ဆင့်ခေါ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သက်ရှိများက သူတို့ကို ကယ်တင်ရန် သေခြင်းတရား၏ စွမ်းအားကို လိုအပ်နေခဲ့၏။
အရိုးခေါင်းဖြူပင်လယ်နှင့် အသူရာချောက်နက်၏ ရေစီးကြောင်းတို့ ပေါင်းစပ်သွားပြီး တစ်ခုကို တစ်ခု အဆက်မပြတ် စားသုံးနေကြတော့သည်။ ထိုသို့ အလွန်ကြီးမားသော တိုက်မိမှုတွင် တိုက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်နိုင်သည့် တစ်ခုတည်းသော အင်အားစု မရှိသ၍ တစ်ဦးချင်း အင်အားက သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာဖြစ်သည်။ နှစ်ဖက်ကြား နယ်နိမိတ်က စစ်ပွဲ၏ ပျက်စီးယိုယွင်းမှု အတွင်း အခါအားလျော်စွာ ပြင်းထန်စွာ ရွေ့လျားနေသည်။ အရိုးစုများထဲတွင် ကြောက်ရွံ့မှုမရှိ၊ စိတ်ဓာတ် အနိမ့်အမြင့် ခွဲခြားမှုမရှိဘဲ သေခြင်းတရားကိုလည်း မကြောက်ရွံ့ကြပေ။ သို့သော် သူတို့၏ အင်အားမှာ များစွာ နိမ့်ကျသည်။ အသူရာ ချောက်နက်၏ ဝိုင်းအုံမှု အောက်တွင် အရိုးများ ကြေမွသွားခဲ့သည်။ သွေးရောင် ရေစီးကြောင်းက တစ်လှမ်းချင်း ရှေ့တိုးစ ပြုလာခဲ့သည်။
ရှေ့မှ အရိုးစုစစ်သည်များ တစ်ယောက်ပြီးတစ်ယောက် ကြေမွသွား ပြီးနောက်တွင် အရိုးစု မှော်ပညာရှင်များ တင်ဆောင်ထားသောလှည်းများ နောက်မှ တွန်းလာခဲ့သည်။ မရေမတွက်နိုင်သော ရောယှက်နေသော အလင်းတန်းများ အသူရာချောက်နက် စစ်တပ်ထံသို့ ပျံသန်းသွားပြီး မကောင်းဆိုးဝါး လှိုင်းလုံးကြီး တစ်ခုကို ရှင်းပစ်လိုက်၏။ ပိုမို များပြားလှသော နတ်ဆိုးသားရဲ အရိုးစုများက အရိုးစု ပင်လယ်ထဲတွင် ပေါ်လာခဲ့သည်။ သူတို့ထဲမှ အများစုက လေထဲတွင်ပင် ပျံသန်းနေပြီး ဖောက်ထွင်း မြင်နိုင်သော တစ္ဆေများစွာက အသူရာ ချောက်နက်ထံသို့ ပြေးဝင်သွားကြသည်။
ထိုကဲ့သို့သော တိုက်ပွဲမျိုးက မိမိဘက်မှ မတော်တဆ ထိခိုက် ဒဏ်ရာရရန် လွယ်ကူသောကြောင့် မဟာမိတ်စစ်တပ်မှ စစ်သားများက မြေပြင်တွင် အတူတကွ တိုက်စစ် မဆင်ခဲ့ကြပေ။ မှင်စာ စစ်သည်တော်များက သူတို့နောက်မှ စစ်လက်နက် ခဲယမ်းများကို တိကျစွာ ထိန်းချုပ်ထားပြီး မီးဥက္ကာပျံများကို တစ်လုံးပြီး တစ်လုံးနှင့် သွေးရောင် ရေစီးကြောင်းထဲသို့ ပစ်ခတ်လိုက်သည်။ မှော်သလင်းကျောက် အမြောက်များလည်း အပြင်းအထန် ပစ်ခတ်နေကြသည်။ ပျံသန်းနေသော စုစည်းရုပ်သေးများနှင့် ဧရာမနဂါးများက ပျံသန်းနေသော မီးလျှံစုန်းမများနှင့် အသူရာချောက်နက် သခင်များထံသို့ အလှည့်ကျ ဗုံးများကို ပစ်ချနေကြသည်။ အဝေးတွင် ပုန်းနေသော လက်ဖြောင့် သေနတ်သမားများက ထိုခေါင်းဆောင်အဆင့် မကောင်းဆိုးဝါးများကို ချိန်ရွယ်နေကြ၏။
ထိုသို့ မညှာမတာ ပစ်ခတ်အားအောက် အသူရာချောက်နက် ဝိုင်းအုံမှုကို ထိန်းချုပ် လိုက်နိုင်ပြီး မဟာမိတ် စစ်တပ်၏ စိတ်ဓာတ် ချက်ချင်း မြင့်တက်လာခဲ့သည်။
သို့သော် ပင်လယ်ကဲ့သို့ ကျယ်ပြောပုံ ရသော မသေမျိုး စစ်တပ်က တကယ် အဆုံးမဲ့ ဖြစ်နိုင်မည် မဟုတ်ပေ။ ၎င်းက နောက်ဆုံးတွင် ကုန်ဆုံးသွားလိမ့်မည်။ မဟာမိတ်စစ်တပ် စစ်သည်များအတွက်မူ မြင့်မားသော စိတ်ဓာတ် အခြေအနေကို ထာဝရ ထိန်းသိမ်းထားရန် မဖြစ်နိုင်ပေ။ အကယ်၍ တစ်ရက်တာ ထိုကဲ့သို့မျိုး ဖြစ်နေလျှင် ၂ရက် ၃ ရက် သို့မဟုတ် ပိုကြာလျှင် မည်သို့ ဖြစ်နိုင်မည်နည်း။
ထိုမဖြစ်နိုင်ခြင်းနှစ်မျိုးက အသူရာချောက်နက် စစ်တပ်ဘက်တွင် ဖြစ်နိုင်သည်။ သူတို့၏အဖော်များ မည်မျှ ဆုံးရှုံးသွားပါစေ၊ မည်သို့ ထိုးနှက်မှုမျိုး ခံစားရပါစေ၊ သူတို့က လုံးဝ ရပ်တန့်မည် မဟုတ်ဘဲ အရူးအမူး ဆက်လက်၍ တိုက်ခိုက်နေကြလိမ့်မည်။
ထိုရူးသွပ်မှုမျိုးက ထုံကျင်မှု တစ်မျိုး နှင့်လည်း ညီမျှသည်။ အကယ်၍ ၎င်းသာ စစ်မှန်သော အသိစိတ်ရှိသည့် သက်ရှိ ဖြစ်ခဲ့ပါက ၎င်းမှာ တကယ် သနားစရာ ကောင်းပေလိမ့်မည်။
ယခု အကြီးမားဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရသည်မှာ သွေးလက်သည်း နယ်မြေ မဟုတ်ဘဲ ကောင်းကင် သုတ်သင်သူ အခင်းအကျင်းပင်။
ကောင်းကင်သုတ်သင်သူ အခင်းအကျင်းတွင် စေတန်နှင့် အခြား နှစ်ဦးသည် ခက်ခဲသော တိုက်ပွဲတစ်ခုတွင် ရှိနေကြသည်။
ဖိုက်သွန်က ဖိအား အများဆုံးကို ခံစားခဲ့ရသည်။ ငါးထောင့်ကြယ် စွမ်းအား ဟန်ချက်ညီမှု ရှိသော်လည်း ဆိုစဘတ်၏ ခွန်အားက အစွမ်းထက်ဆုံး ဖြစ်ကာ ကွာဟချက်ကို ကျဉ်းမြောင်း၍ မရနိုင် သောသူလည်း ဖြစ်သည်။ အစပိုင်းတွင် [ရေနက်နဲဆန်းကြယ်မှု] သည် ခဏတာ အသာစီးရခဲ့သော်လည်း အကြောက်တရား အရှင်သခင်သည် အကြောက်တရား အရှင်သခင်သာ ဖြစ်သည်။ ထိုကဲ့သို့ တိုက်ခိုက်ရေးပုံစံနှင့် လိုက်လျောညီထွေ ဖြစ်အောင် ပြုလုပ် ပြီးနောက်တွင် သူက ဒေါသမှ လျင်မြန်စွာ တည်ငြိမ်သွားခဲ့ပြီး ဖိုက်သွန်ကို ခိုင်မာစွာ ဖိနှိပ်ရန် ကိုယ်ပိုင် အကြွင်းမဲ့စွမ်းအားကို အသုံးပြုခဲ့သည်။
ဖိုက်သွန်၏ တိုက်ပွဲ အခြေအနေနှင့် နှိုင်းယှဉ်လျှင် မိုက်ကယ်၏ အခြေအနေက အန္တရာယ်အရှိဆုံး ဖြစ်သည်။ သူက အက်ဘက်ဒွန်၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ၎င်းက ထင်ထားသည်ထက် ပိုမို ပြင်းထန်သည်။ ၎င်းမှာ သာမန်ဒဏ်ရာ မဟုတ်ဘဲ အလွန် တိုက်စားနိုင်သော အသူရာချောက်နက် စွမ်းအားဖြင့် သူ၏ အသားနှင့် ဝိညာဉ်ကို အဆက်မပြတ် စားသုံးနေ၏။
မိုက်ကယ်၏ ပြိုင်ဘက်မှာ ဒီလော့စ်ရို ဖြစ်သောကြောင့် ဒဏ်ရာကို ကုသရန်နှင့် အသူရာချောက်နက် စွမ်းအား ဖယ်ရှားရန် သူ့တွင် အချိန်မရှိခဲ့ပေ။ သူက ဒဏ်ရာကို ဖိနှိပ်ရန် ဒြပ်စင်လက်မောင်း စွမ်းအားသာ အသုံးပြုနိုင်ခဲ့ရာ တိုက်ခိုက်ရေး စွမ်းအား သေချာပေါက် လျော့ကျသွားပေလိမ့်မည်။ သူ့ထက် ပို၍ အစွမ်းထက်သော မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်ကို ရင်ဆိုင်ရသဖြင့် သူက အကြိမ် အနည်းငယ် အတွင်း နက်ရှိုင်းသော ဒဏ်ရာများစွာ ရရှိခဲ့ပြီး ဖြစ်သည်။
စေတန်၏ အက်ဘက်ဒွန် အပေါ် ဖိအားက မိုက်ကယ်နှင့် ဖိုက်သွန်တို့နှင့် သေချာပေါက် ယှဉ်၍ မရနိုင်သော်လည်း သူ၏တိုက်ပွဲမှာ အပြင်းထန်ဆုံး ဖြစ်သည်။ သူတို့နှစ်ဦးစလုံး တိုက်ပွဲကို မနှောင့်နှေး ခဲ့ကြပေ။ ထိုအစား သူတို့က ချက်ချင်း မျက်နှာချင်းဆိုင် တိုက်ခိုက်ခဲ့ကြသည်။ မည်သို့ပင် ဆိုစေကာမူ အချိန်တိုအတွင်း တစ်ယောက်ကိုတစ်ယောက် သတ်နိုင်ရန် မဖြစ်နိုင်ပေ။
အက်ဘက်ဒွန်က အသူရာချောက်နက် အဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားခဲ့ပြီး သူ၏ စွမ်းအားသည် ယခင်ကထက် တိုးလာခဲ့သည်။ စေတန်၏ စွမ်းအားလည်း တိုးတက်လာခဲ့သည့်တိုင် ပင်လယ်ဖြူ တိုက်ပွဲတွင် ပျက်စီးခြင်း စာအုပ်ကို ဆုံးရှုံးလိုက်ရပြီး သူ၏ အသက်စွမ်းအားကို ကြီးကြီးမားမား ထိခိုက်စေခဲ့လေသည်။ ဆေးရည်နှင့် တိုင်းပြည်ငယ်တို့ကို သုံးပြီး အခြေခံအားဖြင့် ပြန်လည်၍ ကောင်းမွန် လာခဲ့သော်လည်း တိုက်ခိုက်ရေး စွမ်းအား ကျဆင်းသွားမည်မှာ အသေအချာပင်။ အက်ဘက်ဒွန်ကို အနိုင်ယူရန် အတော် ခက်ခဲလှသည်။
“ဘုန်း ဘုန်း ဘုန်း...” ဆက်တိုက် ပေါက်ကွဲသံများ အကြားတွင် ဖိုက်သွန် နောက်ပြန် လွင့်စင်သွားခဲ့သည်။ ထိုကဲ့သို့ သန့်စင်သော စွမ်းအင် တုန်ခါမှုအတွက် [ရေနက်နဲဆန်းကြယ်မှု]က မနည်းမနော ဖြေရှင်းနိုင်ခဲ့သော်လည်း တိုက်ခိုက်ရန် အသုံးမပြုနိုင်ပေ။ ထို့နောက် ဆိုစဘတ်က စွမ်းအင် တုန်ခါမှုကို ဆက်လက်၍ ထုတ်လွှတ်ခဲ့သည်။ နောက်ဆုံးတွင် ဖိုက်သွန်က အနီးကပ် တိုက်ခိုက်မှု အခြေအနေကို မထိန်းသိမ်းနိုင်တော့ဘဲ လွင့်စင် သွားခဲ့သည်။ ဆိုစဘတ်သည် စောစောက အပြင်းအထန် ဒဏ်ရာ ရခဲ့သောကြောင့် သူ့ကို အနားကပ်ခွင့် ထပ်မံ၍ ပေးတော့မည် မဟုတ်သည်မှာ သေချာသည်။ မီးလျှံနီလေးက သူ၏ လက်ထဲတွင် ပေါ်လာပြီးဖြစ်ကာ သူ့ကို အဝေးမှ ပစ်ခတ်ရန် အသင့်ဖြစ်နေ၏။
မိုက်ကယ်က သွေးများ ဖုံးလွှမ်းနေပြီး သူလည်း အန္တရာယ် အခြေအနေတွင် ရှိနေသည်။ ဒီလော့စ်ရို၏ စွမ်းအားက သူ၏ အထက်တွင် ရှိနေပြီး သူက ဒြပ်စင်လက်မောင်းပင် မခုခံနိုင်သော ထိုကြောက်မက်ဖွယ်ကောင်းသည့် ဝိညာဉ် တုန်ခါမှုကိုလည်း ပိုင်ဆိုင်ထား၏။
စေတန်က ဖိုက်သွန်နှင့် မိုက်ကယ်တို့၏ အကျပ်အတည်းကို အာရုံခံမိပြီးဖြစ်သည်။ ပြင်းထန်သော တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်ပြီးနောက် သူ အက်ဘက်ဒွန်ကို မောင်းထုတ်လိုက်သည်။ အနက်ရောင် ဓားရှည်ကို ကောင်းကင်သို့ ချိန်လိုက်ရာ ကြီးမားသော ရှေးဟောင်း မြွေတစ်ကောင် ကောင်းကင်တွင် ခပ်ရေးရေး ပေါ်လာခဲ့သည်။ ရှေးဟောင်းမြွေက ကြီးမားသော သဲနာရီတစ်ခု အဖြစ်သို့ ဖြည်းဖြည်းချင်း ခွေသွား၏။ စေတန်၏ အသံက အခင်းအကျင်း တစ်ခုလုံးတွင် ထွက်ပေါ်လာသည်။ “အထွတ်အမြတ် တောင်မှာ ငါက မီးလိုမျိုး တောက်ပတဲ့ ကျောက်မျက်ရတနာတွေ ကြားထဲမှာ လမ်းလျှောက်တယ်။ ငါ့ကို သိတဲ့သူတွေက ငါ့ကို အံ့ဩပြီး ကြောက်ရွံ့ကြလိမ့်မယ်။ လူတိုင်းရဲ့ အကြည့်အောက်မှာ ငါက ကောင်းကင်မီးထဲ ပြာမှုန့် အဖြစ်ကို လျော့ကျသွားတယ်။ ငါ့ရဲ့ စိတ်ထဲက မောက်မာမှုက ရှိနေဆဲပဲ။ ငါက အရာရာ စွမ်းတယ်။ လောကထဲက အရာတွေက အချိန်ကြောင့် ထိန်းသိမ်းခံထားရပြီးတော့ အချိန်က ပိတ်မိနေတယ်...”
ထိုစကားလုံးများကို ရွတ်ဆိုပြီးနောက် အချိန်တိုအတွင်း အက်ဘက်ဒွန်က စေတန် အပေါ်သို့ ပြင်းထန်သော တိုက်ခိုက်မှု ဒါဇင်ပေါင်းများစွာကို စတင်ခဲ့သော်လည်း တိုက်ခိုက်မှုများက မသိရသော အင်အား တစ်ခုကြောင့် ရပ်တန့်ပြီး ပျောက်ကွယ်သွားခဲ့သည်။
“အချိန်ကပိတ်မိနေတယ်”ဟု စေတန် ရွတ်ဆိုလိုက်ချိန်တွင် သူ၏ လက်ထဲမှ အနက်ရောင် ဓားရှည်က အငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲသို့ ပျံ့လွင့် သွားခဲ့သည်။ သဲနာရီထဲတွင် သဲများ ပို၍ ရှိလာပုံရသည်။ ၎င်းက ရေတွက်ခြင်းကို စတင်ရန် ပြောင်းပြန်လှန်လိုက်၏။
သဲနာရီ အချိန်က အလွန် နှေးကွေး၏။ တစ်ချိန်တည်းမှာပင် တိုင်းပြည်ထဲမှ လူတိုင်း အရာအားလုံး နှေးကွေးသွားသလို ထူးဆန်းသည့် ခံစားချက်ကို ရရှိခဲ့သည်။
သာမန်အချိန်က အချိန်တို အတွင်းသာ ကြာမြင့်နိုင်သော်လည်း ထိုနှေးကွေးမှုက ပုံမှန် ဖြစ်နေသကဲ့သို့ပင် အမှန်တကယ် ထာဝရ တည်ရှိနေသည်။
“မင်းက တိုင်းပြည် တစ်ခုလုံးရဲ့ အချိန်ဥပဒေသကို ပြောင်းလိုက်တာလား။” ဒီလော့စ်ရိုက စဉ်းစား တွေးတောသော အမူအရာကို ပြသခဲ့ပြီး သူ၏အသံ အလွန်ပင် နှေးကွေး သွားခဲ့သည်။
ဆိုလိုသည်မှာ ထိုတိုင်းပြည်ထဲမှ အရာအားလုံးက စည်းမျဉ်း အကျိုး သက်ရောက်မှု မတိုင်ခင် နှေးကွေး သွားလိမ့်မည် ဖြစ်သည်။
ရှိနေသော လူ ၆ဦးလုံး အလွန်အမင်း အစွမ်းထက်သော သူများ ဖြစ်ကြသည်။ ထိုသို့နှေးကွေးသော ပတ်ဝန်းကျင်တွင် လှုပ်ရှားမှုများကို အရှိန်မမြှင့်တင် နိုင်သော်လည်း အသိစိတ် တွေးခေါ်မှုနှင့် တုံ့ပြန်မှုအတွက် အချိန်က အများအပြား တိုးမြှင့်ခြင်းနှင့် ညီမျှပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရန် ပိုမို၍ လွယ်ကူလာပေလိမ့်မည်။ စေတန်နှင့် အခြား နှစ်ဦးအတွက် ၎င်းသည် တိုက်ပွဲ ကြာချိန်ကို ပို၍ ရှည်ကြာစေလိမ့်မည်။
စေတန် ထိုထိုးနှက်မှုကို ထုတ်လွှတ်ပြီး နောက်တွင် သူ၏ အနက်ရောင်ဆံပင်က ရုတ်တရက် ဖြူဖွေးသွားသည်။ သူ၏ အနောက်မှ အနက်ရောင် အတောင်ပံ ၁၂ခုလည်း ထိုနည်းလည်းကောင်းပင်။ အသွင်အပြင်တွင် အခြား ပြောင်းလဲမှု မရှိသော်လည်း သူ၏ စွမ်းအားအများစု ချက်ချင်းပင် ကျဆင်းသွားကြောင်းကို အသေအချာ ခံစားမိနိုင်သည်။
“တကယ့် [အချိန်ထောင်ချောက်] ပဲ။ ငါတောင် မရှောင်နိုင်ဘူး။” ဆိုစဘတ်၏ အစိမ်းရောင်ရင့်မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့သည်။ “ဒါပေမဲ့ ဘယ်လောက် ကြံရာမရတဲ့ လှုပ်ရှားမှုလဲ။ ဒါမှမဟုတ် မင်းက အချိန်ဆွဲပြီး အဲဒီချန်လွေ့ရဲ့ လာကူတွေကို စောင့်နေတာလား။ သူက ဘယ်မှာလဲ။”
“[အချိန်ထောင်ချောက်]က စိတ်ဝင်စားစရာ ကောင်းရင်တောင်မှ ဒါက အချိန်အကန့်အသတ်ရှိတယ်။” အက်ဘက်ဒွန်က လှောင်ရယ်လိုက်သည်။ “ပြီးတော့ တိုင်းပြည်ပဲ နှေးကွေးသွားတာ။ အပြင်က အသူရာချောက်နက် စစ်တပ်က မထိခိုက်ဘူး။ မင်းက နောက်ဆုံးမှာ လွတ်မြောက်သွားခဲ့ရင်တောင် အပြင် လောကလည်း ဖျက်ဆီးခံလိုက်ရမှာပဲ။”
စေတန်က ဆိုစဘတ်နှင့် အက်ဘက်ဒွန်တို့ကို လျစ်လျူရှုလိုက်ပြီး အက်ဘက်ဒွန်၏ နှေးကွေးနေသော ထိုးနှက်မှုကို ရှောင်ရှားရန် နှေးကွေးသော ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်။ [ပြိုလဲ ပျက်သုဉ်း]၏ အငွေ့အသက် ပါဝင်သော သူ၏လက်သီးများက အက်ဘက်ဒွန်ကို အဝေးမှ ထိမှန်သွားခဲ့သည်။
ဆက်ခ်ရက်တောင် တိုင်းပြည်အပြင်မှ တိုက်ပွဲသည် အလွန် ပြင်းထန်နေဆဲ ဖြစ်သည်။ မသိလိုက်ခင်ပင် တစ်ရက် ကုန်ဆုံးသွားခဲ့သည်။
ဆက်တိုက် ပြင်းထန်သော တိုက်ပွဲက ရှေ့တွင် အရိုးစုဖြူ အနည်းငယ်နှင့် တစ္ဆေ ပင်လယ် တစ်ခုကိုသာ ချန်ထားခဲ့သည်။ ထိုအချိန် အနက်ရောင် မျဉ်းရှည်တန်းများ နောက်မှ တောင်စောင်းတွင် ပေါ်လာ၏။ သူတို့က လှံများကို ကိုင်ဆောင်ထားပြီး မသေမျိုး မြင်းများကို စီးနင်းထားသော အိပ်မက်ဆိုးမြင်းစီးသူရဲများပင်။
၎င်းမှာ နောက်ဆုံးသော မသေမျိုး စစ်တပ်လည်း ဖြစ်သည်။
လျှောစောက်နှင့် အကွာအဝေးကို အခွင့်ကောင်းယူလျက် အိပ်မက်ဆိုး မြင်းစီးသူရဲများသည် အနက်ရောင် မြားပုံစံတစ်ခု ဖွဲ့စည်းပြီး သွေးနီရောင် စစ်တပ်သို့ အရှိန်မြှင့် ပြေးဝင်သွားသည်။ လေထဲတွင် အရိုးစုနဂါးများစွာ ရှိနေ၏။ ထိုကဲ့သို့သော မြေမျက်နှာသွင်ပြင်မျိုးက မြင်းစီးသူရဲများအတွက် အားသာချက် အချို့ ရှိနေသည်။ အားကောင်းသော ထိခိုက်မှုအောက် အသူရာချောက်နက် စစ်တပ်၏ ပုံစံက အပေါက်များစွာဖြင့် ဖောက်ထွင်းခြင်း ခံလိုက်ရသည်။ သို့သော် ထိုအပေါက်များက နောက်မှ ပြေးဝင် လာသော မကောင်းဆိုးဝါးများဖြင့် အမြန် ပြည့်သွားပြီး အနက်ရောင် မြားများက ပို၍ပို၍ သေးငယ်လာကာ နောက်ဆုံးတွင် အရိပ်အယောင်မကျန် ပျောက်သွားခဲ့၏။
မသေမျိုး စစ်တပ် ယခုအချိန်တွင် ကုန်ဆုံးသွားပြီး အသူရာချောက်နက်၏ စစ်တပ်မှာမူ လောက နှစ်ခု၏ တံခါးမှ အဆုံးမဲ့ ထွက်လာနေဆဲ ဖြစ်သည်။
နောက်တစ်ဆင့်မှာ တကယ့် သေရေး ရှင်ရေး စမ်းသပ်ချက်ပင်။ မဟာမိတ် စစ်တပ်က ကိုယ်ပိုင် အင်အားကိုသာ အားကိုးနိုင်တော့မည်။