← Chapters

အဖေ

Vol. 83 Ch. 1255

အဖေ

Vol. 83 Ch. 1255

ခဲနေသော ချော်ရည်များနှင့် ခဲလုနီးပါး ဖြစ်နေသော ချော်ရည်များသည် မူလက မည်းနက်နေသော မြေပြင် တစ်ခုလုံးကို အနီရောင်အဖြစ် ပြောင်းလဲသွားစေသည်။ ခဲနေသော ချော်ရည်များ သာမက ခြောက်သွေ့နေသော သွေးများ၊ အပူချိန် မြင့်မားမှုကြောင့် မပျော်ဝင်သွားသော အလောင်းများနှင့် သတ္တုအပိုင်းအစတို့ အပါအဝင် ဖြစ်သည်...

ထိုအရာများက မြေပြင်တစ်လျှောက် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေ ခဲ့သည်မှာ ရက်အတော် ကြာမြင့်နေပြီ ဖြစ်ကြောင်းကို ဖော်ပြနေ၏။

မဟာမိတ်စစ်တပ်၏ ကာကွယ်ရေးလိုင်းက တစ်ဆင့်ချင်းစီ ကျုံ့ဝင်နေပြီး သွေးလက်သည်း နယ်မြေမှ ရွှေ့ပြောင်း ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

လူသား လောကတွင် တိုင်းပြည်များစွာ ရှိသည်။ ပဋိပက္ခများက နတ်ဆိုးဘုံထက် ပို၍ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်ပွဲနှင့် မစိမ်းကြပေ။ လူသားထက် သက်တမ်း ပိုမြင့်မားသော နတ်ဆိုးများက သဘာဝ အရ ပို၍ ရန်လိုကြသည်။ နတ်ဆိုးဘုံ တွင်လည်း စစ်ပွဲက လုံးဝ မရပ်တန့်ခဲ့ပေ။ ထိုသူများက သာမန်လူများသာ ဖြစ်သည်။ အစွမ်းထက် ပုဂ္ဂိုလ်များ၏ စွမ်းအားက သူတို့၏ သက်တမ်းနှင့် တိုက်ရိုက် အချိုးကျပြီး သူတို့ ကြုံတွေ့ရသော စစ်မြေပြင်များက ပို၍ပင် ရှေးကျ၏။

သို့သော်လည်း နတ်ဆိုးများ ဖြစ်စေ၊ မြေပြင်ပေါ်မှ မျိုးနွယ်စုများ ဖြစ်စေ၊ အရပ်သားများဖြစ်စေ၊ အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်စေ အားလုံးက သူတို့ရှေ့တွင် ထိုသို့ ရက်စက်ပြီး ဝမ်းနည်းဖွယ် ကောင်းသော စစ်ပွဲမျိုးကို တစ်ခါမှ မကြုံခဲ့ဖူးကြပေ။

အကျိုးအမြတ်မရှိ၊ အောင်နိုင်ခြင်းမရှိ၊ သိမ်းပိုက်ခြင်း မရှိဘဲ... ရည်ရွယ်ချက် တစ်ခုသာ ရှိ၏။ ပျက်စီးခြင်းပင်။

မဟာမိတ်စစ်တပ်က ကာကွယ်ရေးလိုင်းကို ချုံ့လိုက်သော်လည်း ပြိုလဲမသွားခဲ့ပေ။ အသူရာချောက်နက်စစ်တပ်နှင့် ဇွဲနဘဲကြီးစွာဖြင့် ဆက်လက်၍ တိုက်ခိုက်နေခဲ့သည်။ အထူးသဖြင့် နတ်ဆိုးများက ကြောက်မက်ဖွယ်ရာ အင်အားနှင့် ကြွယ်ဝသော တိုက်ခိုက်ရေး အတွေ့အကြုံများကို ပြသခဲ့သည်။ ပစ်မှတ်ထားသော နည်းဗျူဟာများနှင့် နည်းလမ်းများက အလွန်သေးငယ်သော တန်ဖိုးဖြင့် အသူရာချောက်နက် မကောင်းဆိုးဝါးများကို အမြဲတမ်းပင် ရှင်းပစ်နိုင်သည်။ သို့သော် ဗျူဟာများ မည်မျှပင် ပါးနပ်ပါစေ၊ အတွေ့အကြုံများ မည်မျှပင် ကြွယ်ဝပါစေ၊ အဆုံးမဲ့နေသော မကောင်းဆိုးဝါးများကို ရင်ဆိုင်ရာတွင် သူတို့က တိုက်ပွဲ၏ အခြေအနေကို မပြောင်းလဲနိုင်ခဲ့ကြပေ။

ကြယ်ခံတပ် အရှေ့မှ မြေပြင်သည် အပြင်းအထန်ပင် ပုံပျက်ယွင်းနေခဲ့ပြီး နေရာအနှံ့အပြားတွင် ပျက်စီးခြင်းကြောင့် ဖြစ်လာသော အပေါက်များ ရှိနေ၏။ မြေပြင်က အသူရာချောက်နက် မကောင်းဆိုးဝါးများ သေဆုံးမှုကြောင့် ဖြစ်ပေါ်လာသော ချော်ရည်များဖြင့် ပြည့်နှက်နေခဲ့လေသည်။ ကြယ်ခံတပ်၏ နောက်ဘက်တွင် တောင်တန်း နှစ်ခုကို ကျော်ဖြတ်ပြီး သွေးရောင် အင်ပါယာသို့ ရောက်ရှိနိုင်သည်။ ထိုနေရာတွင် နတ်ဆိုး အများအပြားနှင့် ရွှေ့ပြောင်းလာသော လူသား အများအပြား ရှိနေလေသည်။ အသူရာချောက်နက် စစ်တပ်က လောက နှစ်ခုကြားရှိ တံခါးမှ ထွက်လာပြီးနောက် ကျယ်ပြန့်သော နယ်မြေ တစ်ခုအပေါ် ပျံ့နှံ့သွားခဲ့သည်။ ကြယ်ခံတပ်သာ မကဘဲ မကောင်းဆိုးဝါးများ တိုက်ခိုက်နေသော အဓိက နေရာမှာ အရိပ်နက်အင်ပါယာသို့ ဦးတည်သော သံနက်တောင်တန်းလည်း ပါဝင်နေသည်။

ကတ်သရင်းက လက်ရှိတွင် ငါးထောင့်ကြယ် ကောင်းကင်သုတ်သင်သူ အခင်းအကျင်း မျက်လုံးကို ကာကွယ် နေသည်။ ရှီရာက အရိပ်နက်အင်ပါယာရှိ သူ၏ကိုယ်စား အခင်းအကျင်း မျက်လုံးကို ကာကွယ်ရန် အမှောင်လနယ်မြေ၏ လိုင်ရာမြို့မှ စစ်တပ်ကို ဟိုးကတည်းက ဦးဆောင်ခဲ့သည်။ အသူရာချောက်နက်၏ လှုပ်ရှားမှုများကို သိရှိရပြီးနောက်တွင် သူက ကြယ်ကြွေတမန် အင်ပါယာနှင့် အရိပ်နက် အင်ပါယာ၏ မဟာမိတ် စစ်တပ်ကို ဦးဆောင်ပြီး သွေးရောင်နွယ် နယ်မြေမှ သံနက် တောင်တန်းကို ဖြတ်ကျော်ခဲ့သည်။ သူက အသူရာ ချောက်နက် စစ်တပ်၏ ကျူးကျော်မှုကို ရင်ဆိုင်ရန် ပြင်ဆင်လျက် သံနက် တောင်တန်း အရှေ့မှ မော်ရိုခံတပ်တွင် အကြီးအကျယ် ခံတပ်ချထားခဲ့၏။

ထိုခံတပ် နှစ်ခု တည်ရှိရာ နေရာများက ကြီးမားသော ဖိအားအောက် ရှိနေသည်။ ထိုမတိုင်မီက နတ်ဆိုးများနှင့် ရွှေ့ပြောင်း လာသော လူသားဒုက္ခသည် အများအပြား သွေးရောင် အင်ပါယာသို့ ထွက်ပြေးခဲ့ ကြသည်။ ကြယ်ခံတပ် ဖောက်ထွင်းခြင်း ခံလိုက်ရသည်နှင့် သွေးရောင်အင်ပါယာမှ လူများက ရွှေ့ပြောင်းထွက်ခွာရန် အချိန် ရတော့မည် မဟုတ်ဘဲ သူတို့အတွက် ခုခံရန် ပထဝီဝင် အားသာချက်လည်း မရှိတော့ပေ။ ထို့ကြောင့် စစ်သားများ အသည်းအသန် ခုခံကာကွယ်နေကြ၏။

ကြယ်ခံတပ်က ကြယ်မြို့ကို အခြေခံ၍ ယာယီတည်ဆောက်ထားသော ခံတပ်ကြီး တစ်ခု ဖြစ်သည်။ ၎င်းက နတ်ဆိုးဘုံ တစ်ခုလုံး အစွမ်းအထက်ဆုံး ခံတပ်လည်း ဖြစ်လောက်သည်။ ၎င်းက နတ်ဆိုးဘုံ၏ လက်နက်အသစ်အားလုံးနှင့် ကြီးမားသော အဂ္ဂိရတ် ယဉ်ကျေးမှု စစ်တပ်ကို စုစည်း ထားလေသည်။

သို့သော် ယခုတွင် ကြယ်ခံတပ်က ကျဆုံးတော့မည် ဖြစ်သည်။

ပင်လယ်ဖြူတွင် ကြယ်သင်္ဘောသည် ကြီးမားသော ပျက်စီးခြင်း စွမ်းအားကို ပြသခဲ့ပြီး အသူရာချောက်နက် စစ်တပ်ကို ချေမှုန်းပစ်လိုက်သော်လည်း ၎င်းမှာ ပင်လယ်ဖြူတွင် ဖြစ်သည်။ ပထဝီဝင် အားသာချက်ကြောင့် ကြယ်သင်္ဘောသည် မြေမျက်နှာသွင်ပြင် ကန့်သတ်ချက်ရှိသော အသူရာချောက်နက် သတ္တဝါများကို အလွယ်တကူ ရှင်းလင်းပစ်နိုင်ခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ထိုနေရာသည် ကုန်းမြေဖြစ်ပြီး အသူရာချောက်နက် စစ်တပ်၏ ဆက်တိုက် ဖြစ်ပေါ်နေသော အထူး ဂုဏ်သတ္တိများကို အပြည့်အဝ ထုတ်ဖော် ပြသနိုင်လေသည်။ ထို့အပြင် ကြယ်သင်္ဘောသည် ယခင်တစ်ခေါက်တွင် ကြီးမားသော ပေါက်ကွဲမှုထဲ ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ယခုအချိန်အထိ အပြည့်အဝ မပြုပြင်နိုင်သေးပေ။ ၎င်း၏ ပစ်ခတ်အား အားကောင်းနေဆဲ ဖြစ်သည့်တိုင် အဆုံးမဲ့ အသူရာချောက်နက် မကောင်းဆိုးဝါးများ ရင်ဆိုင်ရာတွင် စွမ်းအားမဲ့နေပုံရသည်။

ရှေးအဂ္ဂိရတ်အဖွဲ့အစည်း ၏ တပ်ဖွဲ့ဝင် သုံးပုံ နှစ်ပုံက ကုန်ဆုံးသွားပြီ ဖြစ်သည်။ အဝေးပစ် တိုင်တန်များနှင့် ထောက်ပံ့ရေး မီးအိမ်ဝိညာဉ်များအပြင် စုစည်း ရုပ်သေးများ၊ ဧရာမသလင်းကျောက် သားရဲများနှင့် သလင်းကျောက် သားရဲများ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြသည်။

ကြယ်မြို့က စစ်သည်အချို့ကို ယာယီ ဖန်တီးနိုင်သော်လည်း ထိုထုတ်လုပ်မှု အရှိန်က ကုန်ဆုံးမှု အရှိန်ထက် များစွာ နောက်ကျကျန်နေခဲ့သည်။ အမြန်ဆုံး ထုတ်လုပ်နိုင်သည်မှာ အစိတ်အပိုင်း အများအပြား ပြင်ဆင်ထားသော စုစည်း ရုပ်သေးများ ဖြစ်သော်လည်း ၎င်းတို့ကို ထုတ်လုပ်နိုင်လျှင်ပင် ကျွမ်းကျင်သော လေယာဉ်မှူး တစ်ဦးက ထိန်းချုပ်ရမည် ဖြစ်သည်။ အဂ္ဂိရတ် အဖွဲ့အစည်းမှ ဂရမ်လင်များ၏ အရည်အချင်းမှာ ပြုပြင်ခြင်းဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ သူတို့ထဲမှ အနည်းစုကသာ ၎င်းကို ကျွမ်းကျင်သည်။ ထို့ကြောင့်ပင် သွေးရောင်အင်ပါယာမှ လေ့ကျင့်ရေး ဆင်းနေသော လေယာဉ်မှူးများ အားလုံး တိုက်ပွဲတွင် ပါဝင်ရန် ဆင့်ခေါ်ခံခဲ့ရသည်။

မဟာမိတ် စစ်တပ်မှ စစ်သည်များက ခဲနေသော သွေးများနှင့် ချွေးများဖြင့် ဖုံးလွှမ်းနေပြီး သူတို့၏ အကြည့်များက စက်ရုပ်ဆန်ပြီး ထုံကျင်နေပုံ ရနေသည်။ အလှည့်ကျ အနားယူချိန် ရှိသော်လည်း လူတိုင်း ဆေးဝါးနှင့် အစားအစာများကို ဖြန့်ဝေခဲ့သော်လည်း သူတို့က ထိုသို့သော အထူး ပြင်းထန်သည့် သေရေး ရှင်ရေး တိုက်ပွဲကို ရက်ပေါင်း ညပေါင်းများစွာ ဆက်တိုက် ထိန်းသိမ်းထားခဲ့လေသည်။ စက်ယန္တရားဆိုလျှင်ပင် မနည်းမနော ခံနေရသည်။ အလှည့်ကျ အနားယူသော စစ်သည်များစွာက မတ်တပ်ရပ်လျက်ပင် အိပ်ပျော်သွားသော်လည်း တိုက်ခိုက်သံ ကြားလိုက်သည်နှင့် သူတို့က ပင်ကို အသိစိတ်ဖြင့် လက်နက်များကို ကိုင်ပြီး နိုးထလာကြသည်။

အဂ္ဂိရတ် သတ္တဝါများသည်ပင် ပင်ပန်း နေကြသည်။ ခုခံကာကွယ်နေကြသော စစ်သည်များ၏ လက်ရှိအခြေအနေမှာ အလွန် ဆိုးရွားလှသည်။ တပ်ရင်းက ဒဏ်ရာရ စစ်သည်များဖြင့် ပြည့်နေ၏။ တိုက်ခိုက်ရန် အင်အား ကျန်နေသေးသော စစ်သားများပင် အကန့်အသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေသည်။ အဂ္ဂိရတ် စစ်တပ်၏ ကျန်ရှိနေသော တိုက်ခိုက်ရေး စွမ်းအားလည်း အများကြီး မရှိတော့ပေ။ ကြယ်သင်္ဘော၏ ပစ်ခတ်အားကလည်း အအေးခံခြင်း သို့မဟုတ် အလွန်အကျွံ အသုံးပြုခြင်းကြောင့် အားနည်းသွားခဲ့၏။ တင်းမာနေသော လေးညှို့ ပြတ်လုနီးပါး ဖြစ်နေလေပြီ။

အမှန်တကယ် မပင်ပန်းနိုင်သူများမှာ အသူရာချောက်နက် မကောင်းဆိုးဝါးများ ဖြစ်သည်။ သူတို့သည် ခုခံနေသော စစ်သည်များကို အနားယူရန် အချိန် အများကြီး မပေးခဲ့ကြပေ။ ယခင်က တိုက်ခိုက်မှုလှိုင်းလုံး ရှင်းလင်းခြင်းခံရပြီး နောက်တွင် မကြာမီ တိုက်ခိုက်မှုလှိုင်းလုံး အသစ်တစ်ခု ထပ်မံ စတင်ခဲ့သည်။

အဝေးမှ မိုးကုပ်စက်ဝိုင်းတွင် အခြား သူများကို မျှော်လင့်ချက် မဲ့စေသော သွေးအရောင်က ထပ်မံပေါ်လာခဲ့သည်။

“တကယ်လို့ ငါတို့ ဒီတိုက်ပွဲကနေ အသက်ရှင်ခဲ့ရင် မင်းကို ဖယောင်းတိုင်မီးနဲ့ ညစာစားဖို့ ဖိတ်ခေါ်ခွင့် ရမလား။” ပြောလိုက်သူမှာ ငွေလကောင်းကင် မြို့တော်မှ မှော်လေးသမား ဗိုလ်ခြေမှ ချောမောသော နတ်သူငယ်၊ မဟာမိတ် စစ်တပ်၏ လူသိများသော လက်ဖြောင့် သေနတ်သမား ဆစ်ဗလင်ပင် ဖြစ်သည်။ သူပြောနေသောသူမှာ ကြယ်ကြွေတမန် အင်ပါယာ၏ မိုးပျံတိမ် ဗိုလ်ခြေမှ တပ်မှူး၊ ကြယ်ကြွေတမန် အင်ပါယာ တော်ဝင် မိသားစုမှ သူရဲကောင်း ဆန်ဆန်နှင့် ခရမ်းရောင် ဆံပင်ရှိသော အလှပဂေး ရိုမက်တီပင်။

ဆစ်ဗလင်နှင့် ရင်းနှီးသော နတ်သူငယ်နှင့် လူသားအချို့က အံ့အားသင့်သော အမူအရာများကို ပြသခဲ့ကြသည်။ ဆစ်ဗလင်က ငွေလ ကောင်းကင်မြို့တော်မှ အမျိုးသမီး နတ်သူငယ်များစွာ၏ အိပ်မက်ချစ်သူ ဖြစ်သော်လည်း သူ၏ တိတ်ဆိတ်ပြီး အေးစက်သော သဘောသဘာဝကြောင့် အမျိုးသမီး နတ်သူငယ်များစွာ၏ ချစ်ရေး ဆိုခြင်းကို ငြင်းပယ်ခဲ့ပြီး တစ်ကိုယ်တည်း ဖြစ်နေခဲ့သည်။ သူက အမျိုးသမီးတစ်ဦးကို ထိုကဲ့သို့ အရင်ဦးစွာ ပြောဆိုလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ထို့အပြင် ထိုသူက အမျိုးသမီး နတ်ဆိုးတစ်ဦး ဖြစ်နေ၏။

အမှန်မှာ ဘေးချင်းယှဉ် တိုက်ခိုက် ခဲ့သော ရက်များအတွင်း ဆစ်ဗလင်က သေနတ်ပစ်နှင့် မြားပစ် စွမ်းရည်တွင် မိမိထက် မနိမ့်ကျသော ထိုအမျိုးသမီး စစ်သည်တော်ကို တဖြည်းဖြည်းနှင့် ချစ်မိ သွားခဲ့သည်။ ယခု သူ့ဘဝ၏ နောက်ဆုံး တိုက်ပွဲ ဖြစ်လာနိုင်မည့် တိုက်ပွဲ မတိုင်ခင် အတွင်းစိတ်ကို ထုတ်ပြောလေ့ မရှိသော နတ်သူငယ်က သူ၏ ချစ်ခြင်းမေတ္တာကို နောက်ဆုံးတွင် ထုတ်ဖော်ပြသခဲ့၏။

ထိုအကြည့်တွင် မျိုးနွယ်စု ကဲ့သို့သော အတားအဆီးအားလုံး ပျောက်သွားပြီး အသန့်စင်ဆုံးသော စိတ်ခံစားချက်သာ ကျန်ရစ်တော့သည်။

အကယ်၍ ယခင်က ဖြစ်ခဲ့လျှင် မာနကြီးသော နတ်သူငယ်များက တိုင်းတစ်ပါး မျိုးနွယ်စုများနှင့် ထိုကဲ့သို့ ချစ်ခြင်းမေတ္တာမျိုးကို သေချာပေါက် အသိအမှတ် ပြုလိမ့်မည် မဟုတ်ပေ။ နတ်သူငယ်ဘုရင် စပန်နှင့် နတ်မိမယ်နဂါး မယ်ရီယာတို့ကိုပင် လမ်းမှားရောက် နတ်သူငယ် ကပ်ဘေး ပြီးနောက်မှသာ အသိအမှတ်ပြုခဲ့သည်။ သို့သော် ထိုသို့ အခိုက်အတန့်တွင် နတ်သူငယ်များ အပါအဝင် စစ်သည်အားလုံးက အားပေး လိုက်ကြသည်။ “သူ့ကို ကတိပေးလိုက်။ ကတိပေးလိုက်...”

ရိုမက်တီ ဆစ်ဗလင်ကို ကြည့်လိုက်၏။ သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် လက်နေသော်လည်း အသူရာချောက်နက် စစ်တပ်၏ လားရာဘက်သို့ ဒေါသတကြီး နှုတ်ခမ်းစူလိုက်သည်။ “ဒီတစ်ခေါက် ရှင် ကျွန်မကို နိုင်ရင်ပေါ့...”

ဆစ်ဗလင် စိတ်အား တက်ကြွသွား၏။ “ဒါပဲကွ...”

အနီးအနားမှ စစ်သားများ အရူးအမူး ရယ်မောလိုက်ကြပြီး သူတို့၏ စိတ်ဓာတ် အနည်းငယ် မြင့်တက်၍ လာခဲ့သည်။ ထိုအချိန်တွင် အမိန့်ပေးသံ ထွက်ပေါ် လာခဲ့သည်။ ဆစ်ဗလင်နှင့် ရိုမက်တီတို့ လေးနက်သွား၏။ သူတို့က တပြိုင်တည်း အော်ဟစ်လိုက်သည်။ “ပထမသေနတ် သမား ဗိုလ်ခြေ... အသင့်ပြင်။”

ယခင် တိုက်ပွဲတွင် ဗိုလ်ခြေတစ်ခုစီ၏ ကြီးမားသော ထိခိုက်မှုများကြောင့် ပထမ သေနတ်သမား ဗိုလ်ခြေ နတ်သူငယ်များ၊ လူသားများနှင့် နတ်ဆိုးများ ပါဝင်သော ပြန်လည် ဖွဲ့စည်းထားသည့် အဝေးပစ် ဗိုလ်ခြေတစ် ခုဖြစ်သည်။ ဆစ်ဗလင်နှင့် ရိုမက်တီတို့က ဒုတိယ တပ်မှူးများ ဖြစ်ကြသည်။

သေနတ်သမားများက နံရံဘေးတွင် ချက်ချင်း စနစ်တကျ ရပ်လိုက်ကြပြီး ကျန်စစ်သည်များလည်း တိုက်ပွဲအတွက် လျင်မြန်စွာ ပြင်ဆင်လိုက်သည်။ ထိုသို့ အခိုက်အတန့်တွင် နတ်ဆိုး၊ လူသား သို့မဟုတ် အခြား မျိုးနွယ်စုများအကြား ခွဲခြားမှု မရှိပေ။ သူတို့က ကျောဘက်ကို ရဲဘော်များထံ အပ်နှံနိုင်ပြီး ဒေါသထွက် နေသော ပျက်စီးခြင်း ရေစီးကြောင်းကို အတူတကွ ရင်ဆိုင်နိုင်၏။

ကြယ်ခံတပ်ရှေ့တွင် အလင်းရောင်အမျိုးမျိုး နောက်တစ်ကြိမ် လင်းလက်လာခဲ့ပြန်သည်။ ထိုအရာမှာ နောက်ဆုံး မျှော်လင့်ချက် အလင်းရောင် ဖြစ်မဖြစ် မည်သူမျှ သေချာ မပြောနိုင်ပေ။

တိုက်ပွဲ အခြေအနေ တိုးတက်၍ လာသည်နှင့် အရေးပေါ် အစီရင်ခံစာများ ခံတပ်ဌာနချုပ်သို့ ပေးပို့ခဲ့သည်။

“ရှေ့တန်းက မထိန်းနိုင်တော့ဘူး။ ရန်သူက မြို့ရိုးကို ဖောက်ထွင်းပြီး ကျော်လာခဲ့ပြီ။” အင်ပါယာအစောင့် တပ်မှူး ကိုဇီနာက ကွပ်ကဲရေးစခန်းထဲသို့ အလျင်စလို ဝင်ရောက်လာခဲ့သည်။

ဌာနချုပ်တွင် ထိုင်နေသော အမြင့်ဆုံး တပ်မှူးမှာ သွေးရောင် အင်ပါယာ၏ ဧကရီအရှင်မ တစ်ဖနီ ဖြစ်ပြီး ဧကရာဇ် လက်ဇ်နှင့် ဆန်ဒရိုတို့က အနောက်မှ လိုက်ပါလာကြသည်။

သူတို့ သုံးဦးစလုံးသည် မူလက မြို့ရှေ့ တိုက်ပွဲကို ကွပ်ကဲနေသော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က တိုက်ပွဲတွင် လက်ဇ်နှင့် တစ်ဖနီတို့ ဆက်တိုက် ဒဏ်ရာရရှိခဲ့ပြီး အထူးသဖြင့် တစ်ဖနီက ဒဏ်ရာ အပြင်းအထန ရရှိ သွားခဲ့ရာတွင် သူတို့က ဌာနချုပ်တွင် နေထိုင်ခဲ့ကြသည်။ မြို့ရိုးက အဖောက် ခံလိုက်ရကြောင်း ကြားရာ သူတို့ နှစ်ဦးစလုံး တစ်ချိန်တည်းတွင် အံ့အားသင့် သွားကြသည်။ တစ်ဖနီ လျင်မြန်စွာ မေးလိုက်၏။ “ကိုဇီနာ။ ကျွန်မတို့မှာ အရန် တပ်ဖွဲ့ ဘယ်လောက် ရှိသေးလဲ။”

“တိုက်ခိုက်နိုင်တဲ့သူတွေက အကုန်လုံး တက်သွားကြပြီ။ မြို့တော် ကောလိပ်က နောက်ဆုံး ကျောင်းသားအသုတ်ရော...” အင်ပါယာ အစောင့်တပ်မှူးက ခါးသီးစွာ ပြုံးလိုက်သည်။ “ရှေးဟောင်း ဗိုလ်ခြေရဲ့ အရန် တပ်ဖွဲ့တွေတောင် ကုန်သွားပြီ။ လက်ရှိမှာ တိုင်တန်တွေနဲ့ မီးအိမ်ဝိညာဉ် ဗိုလ်ခြေတွေ တိုက်ခိုက်နေဆဲ ဖြစ်ပေမယ့် အကြာကြီးခံမှာ မဟုတ်ပါဘူး။ ဧကရီ။ ကျေးဇူးပြုပြီး ချက်ချင်း ရွှေ့ပြောင်းပါ...”

တစ်ဖနီက ခေါင်းခါလိုက်သည်။ “ကတ်သရင်းက ဆက်ခ်ရက်တောင်မှာ အသူရာချောက်နက် အုပ်စိုးသူတွေနဲ့ တိုက်ခိုက်နေတုန်းပဲ။ ရှီရာက သံနက် တောင်တန်းမှာ အသူရာချောက်နက်ရဲ့ အခြားစစ်တပ်တစ်ခုကို ရင်ဆိုင်နေတယ်။ ပြီးတော့ မြို့တော်က ကျွန်မရဲ့နောက်မှာ ရှိနေတယ်။ နောက်ဆုတ်ဖို့အတွက် လမ်းမရှိတော့ဘူး။ မြို့တော်မှာလည်း ရွှေ့ပြောင်းထွက်ခွာဖို့ အချိန် မရှိတဲ့ လူတွေ ရေတွက်မရအောင် ရှိနေတယ်။ ကြယ်ခံတပ်က အင်ပါယာနဲ့ နတ်ဆိုးဘုံရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပဲ။ ဘယ်လို နောက်ဆုတ် ရနိုင်မှာလဲ။ ကျွန်မတို့ တိုက်ခိုက်ရင် တိုက်ခိုက် မဟုတ်ရင် သေရုံပဲ။”

“ဟမ့် မိုက်မဲလိုက်တာ။” အသံတစ်သံ ကွပ်ကဲရေးစခန်းမှ ထွက်လာ၏။

တစ်ဖနီ မျက်မှောင်ကြုတ်လိုက်၏။ “ဘယ်သူပြောတာပါလိမ့်။”

ထိုသူမှာ သွေးရောင် အင်ပါယာ၏ အုပ်စိုးသူဟောင်း ရိုင်ဇန်ပင်။

သူ၏ ခမည်းတော်လည်း ဖြစ်၏။

“မင်းမှာ အဲဒီကောင်ကို ဆက်သွယ်ဖို့ အထူးနည်းလမ်း တစ်ခု ရှိနေမှာပဲ။ ဒီလို အခြေအနေရောက်မှ မင်းက ဘာကို စောင့်နေတာလဲ။” ရိုင်ဇန် ရည်ညွှန်းသော အဲဒီကောင်မှာ ချန်လွေ့ပင် ဖြစ်သည်။ အမှန်ပင် ကြယ်စင်စု နတ်ဘုရားကျောင်း အဖွဲ့ဝင်တစ်ဦး အနေဖြင့် တစ်ဖနီက ထိုနေရာမှ အရေးပေါ် အခြေအနေကို ချန်လွေ့အား ပြောပြရန် ဝိညာဉ် စွမ်းအားကို ခွဲထုတ်နိုင်သည်။ ထိုစဉ်က ဖိုက်သွန် [ကြမ္မာဆိုးကပ်ဘေးတိုင်းပြည်]၌ အရေးပေါ် ဖြစ်ခဲ့စဉ်က ကဲ့သို့ပင်။

တစ်ဖနီ၏ လေသံမှာ ပုံမှန်မဟုတ်ဘဲ လျစ်လျူရှုနေ၏။၊ “သူ့မှာ အခု လုပ်စရာ ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိနေတယ်။ ဒါကြောင့် သူ့ကို အာရုံမလွင့်စေချင်ဘူး။”

ချန်လွေ့က လောကကို ချိပ်ပိတ်ရန် ဒြပ်စင်လောကတွင် ဇိုလာ၏ လေ့ကျင့်မှုကို ကူညီပေးနေသည်။ သူက လက်ရှိအခြေအနေကို သိရှိနေရမည်။ အသူရာချောက်နက်သည် လောက နှစ်ခု ကြားမှ တံခါးကို သေချာပေါက် ကျူးကျော် ဝင်ရောက်လိမ့်မည်ဖြစ်ပြီး အချိန်ဖြုန်းမည် မဟုတ်သည်မှာ သေချာသည်။ သူက ယခု အထိ ပြန်မလာသေးသည့် အကြောင်းမှာ ဇိုလာက စွမ်းအားအသစ်ကို အပြည့်အဝ နားလည် သဘောမပေါက် သေးကြောင်း သက်သေပြနေခြင်းပင်။ လူများစွာက ကြယ်စင်စု နတ်ဘုရားကျောင်းမှတစ်ဆင့် သူ့ကို ဆင့်ခေါ်နိုင်သော်လည်း ထိုအချိန် မည်သူမျှ ထိုသို့ မလုပ်ခဲ့ကြပေ။

ရိုင်ဇန် လှောင်ရယ်လိုက်သည်။ “ဒါက မင်းရဲ့ အသက်ထက်ကို ပိုပြီးတော့ အရေးကြီးလို့လား။”

“ကျွန်မ သူ့ကို ယုံတယ်။” တစ်ဖနီ အေးစက်စွာ ပြန်ဖြေလိုက်၏။ “ဒီစကားက ရှင့်မှာ မရှိတဲ့အရာပဲ။”

ထိုစဉ်က သွေးရောင်အင်ပါယာအတွက် ဆက်ခံမည့် ကိုယ်စားလှယ်လောင်းများစွာ ရှိခဲ့ပြီး ထူးချွန်သော မင်းသား သုံးပါးလည်း ပါဝင်ခဲ့သော်လည်း နောက်ဆုံး သူတို့က ရုန်းကန်မှုများနှင့် သံသယများကြောင့် သေဆုံးခဲ့ကြ၏။ ထိုရှုထောင့်မှ ကြည့်လျှင် ရိုင်ဇန်က သူ့ကိုယ်သူမှလွဲ၍ မည်သူ့ကိုမျှ အမှန်တကယ် မယုံကြည်ခဲ့ပေ။ သူ၏ သားများ အပါအဝင်။

ရိုင်ဇန်က မထီမဲ့မြင် အမူအရာကို ပြသခဲ့သည်။ “အုပ်စိုးသူ တစ်ဦးအနေနဲ့ လူတစ်ယောက်ကို လုံးဝ မယုံသင့်ဘူး။”

“ကျွန်မ ရှင်နဲ့ ဒီလိုပျင်းစရာကောင်းတဲ့ မေးခွန်းအတွက် ငြင်းခုံနေဖို့ အချိန်မရှိဘူး။ ဒီနေရာက မဟာမိတ်စစ်တပ်ရဲ့ အမြင့်ဆုံး ကွပ်ကဲရေးဌာနပဲ။ ခင်ဗျားက အာဏာ ဆုံးရှုံးသွားပြီး အမိန့်ပေးပိုင်ခွင့် မရှိတဲ့ နန်းစွန့်တစ်ယောက်ပဲ။ ရှင် ဒီခံတပ်ထဲကို ဝင်ဖို့တောင် အရည်အချင်း မရှိဘူး။ အစောင့်တွေ။ ဒီကျူးကျော်သူကို ခံတပ် ထဲကနေ ဆွဲထုတ်သွားလိုက်...”

“ခံတပ်ထဲကနေ ဆွဲထုတ်သွားလိုက်” ဟု ကြားရာ ရိုင်ဇန်၏ မျက်လုံးများတွင် မသိရသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူ၏လက်ကို ဝှေ့ယမ်း လိုက်ရာ တစ်ဖနီ၏ခန္ဓာကိုယ် တုန်သွားပြီး အင်အား တစ်မျိုးမျိုးကြောင့် အကျဉ်းချ ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။ သူက လှုပ်ရှားမရ စကားပြောမရ ဖြစ်သွား၏။

ပုံမှန်အားဖြင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုဖြင့်ပင် တစ်ဖနီက ထိုကဲ့သို့ အလွယ်တကူ ချုပ်နှောင်ခံရမည် မဟုတ်သော်လည်း ယခုတွင် သူက အပြင်းအထန် ဒဏ်ရာရနေသည် ဖြစ်ရာ မခုခံနိုင်တော့ပေ။

“ငါက ထီးနန်းကို စွန့်ထားတဲ့ အုပ်စိုးသူ တစ်ဦးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ အခွင့်အာဏာ မဆုံးရှုံးသေးဘူး။” ရိုင်ဇန် ပေါ့ပေါ့တန်တန် ပြုံးလိုက်ပြီး ကိုဇီနာကို ပြောလိုက်သည်။ “ဘာလုပ်ရမလဲဆိုတာ မင်း သိလား။”

“အမိန့်အတိုင်းပါ။ ဧကရာဇ်မင်းမြတ်။” ကိုဇီနာက ရိုင်ဇန်ကို နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်ပြီး တစ်ဖနီကို သယ်ကာ အပြင်သို့ လမ်းလျှောက်ထွက်သွားခဲ့သည်။ ရိုင်ဇန် မည်သည်ကို ဆိုလိုကြောင်းကို သူ နားလည်သည်။ သွေးရောင်အင်ပါယာ၏ အုပ်စိုးသူက ထိုနေရာတွင် တာဝန်ယူရန် လိုအပ်သော်လည်း ၎င်းမှာ တစ်ဖနီ ဖြစ်စရာမလိုပေ။

တစ်ဖနီ ရှိနေသ၍ သွေးရောင် အင်ပါယာ ရှိနေပေလိမ့်မည်။

“ခုနက မင်း နန်းစွန့်ထားတဲ့ အုပ်စိုးသူ တစ်ယောက်တင် မဟုတ်ဘဲနဲ့ အဖေ တစ်ယောက်လည်း ဟုတ်တယ်လို့ ပြောခဲ့သင့်တယ်။” တချိန်လုံး တိတ်ဆိတ် နေခဲ့သော ဧကရာဇ် လက်ဇ်က ပြောလိုက်၏။

“မင်းက ဘယ်သူလဲ။” ရိုင်ဇန်က မျက်မှောင်ကြုတ်လိုက်သည်။

“လက်ဇ်ရိုလန်.... အင်ပါယာကို ဆုံးရှုံးသွားတဲ့ အုပ်စိုးသူ တစ်ဦးပေါ့။ မင်း ပြောခဲ့တဲ့ အဲဒီကောင်ရဲ့ အဖေ။” လက်ဇ် ရယ်လိုက်သည်။ “ငါတို့ထဲက ဘယ်သူမှ လူကြိုက်များတဲ့ အဖေတွေ မဟုတ်ကြဘူး ထင်တယ်...”

ရိုင်ဇန်က လက်ဇ်ကို ခဏတာ စိုက်ကြည့်နေသော်လည်း ဘာမှမပြောခဲ့။

“သူတို့က ငါတို့ထက် ပိုပြီး ဝေးဝေးကို သွားလိမ့်မယ်။” လက်ဇ်၏ မျက်လုံးများ နံရံကိုဖောက်ပြီး အဝေးမှ ကောင်းကင်ကို မြင်နေရသကဲ့သို့ပင် ဝေးကွာသွားခဲ့သည်။

ရိုင်ဇန်က ထိုစကားကြောင့် မျက်မှောင် ကြုတ်လိုက်ပြီး လက်ဇ်ကို နက်ရှိုင်းစွာ ကြည့်လိုက်၏။

“ငါက ရိုင်ဇန် မန်မွန်ပါ။ နောက်ဆုံး အချိန်မှာ မင်းလို လူသား တစ်ယောက်နဲ့ သိခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

All Chapters