← Chapters

အခန်း (၁၆၁၁)

Vol. 116 Ch. 1611

အခန်း (၁၆၁၁)

Vol. 116 Ch. 1611

မိုးမြေကို ပိုင်းဖြတ်ရန် ဓားကိုင်ထားတယ်… ။

ယင်ယန်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

စကြာဝဠာနယ်မြေထဲမှာ မတ်တတ်ရပ်နေစဉ် ဟန်မူယဲ့က မိုးမြေကို နှစ်ခြမ်းခွဲရန် ဓားတစ်ချက်သာ လိုအပ်သည်။

ဖရိုဖရဲဖြစ်နေသော မိုးမြေက ချက်ချင်း ကြည်လင်ထင်ရှားလာသည်။ မိုးနှင့် မြေကြားမှ ဆက်သွယ်မှုက သေခြင်းရှင်ခြင်းအဆင့် တုံမင်ရေခဲသားရဲနှစ်ကောင်၏ တည်ရှိမှုဖြစ်လာသည်။

သန္ဓေပြောင်းသားရဲနှစ်ကောင်က မိုးမြေကို ထောက်ပံ့ပေးလိုက်ကြသည်။

မိုးမြေက ယင်ယန်အဖြစ် ခွဲထွက်သွားသည့်အခါ ဤစကြာဝဠာထံမှ ထုတ်လွှတ်နေသော စွမ်းအားက ရုတ်တရက် ပြောင်းလဲသွားသည်။

မတူညီသော စွမ်းအားနှစ်မျိုးက အတူတကွ ယှက်ထွေသွားပြီး ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။

စွမ်းအားတစ်မျိုးက အားကောင်းပြီး ထူထဲသည်။ အခြားစွမ်းအားတစ်မျိုးက ပေါ့ပါးပြီး မြန်ဆန်သည်။

အားကောင်းသော စွမ်းအားက မြေကြီးဖြစ်ပြီး လေးလံသော မူလစွမ်းအားများက ထိုထဲမှာ ကိန်းအောင်းနေကြသည်။ ပေါ့ပါးသော စွမ်းအားက ကောင်းကင်ဖြစ်ပြီး သွက်လက်သော မူလစွမ်းအားများက ထိုထဲမှာ စုစည်းနေကြသည်။

ဟန်မူယဲ့အတွက်တော့ ထိုစွမ်းအားနှစ်မျိုးက သူ့အား အနည်းငယ်သာ ပိုပြီးသန်မာစေနိုင်သည်။

မည်သို့ဖြစ်ပါစေ သူ၏ တိုက်ပွဲစွမ်းအားက အစကတည်းက ယင်ယန်အဆင့်နှင့် သေခြင်းရှင်ခြင်းအဆင့်ထက် ကျော်လွန်ပြီးပြီ မဟုတ်ပါလော။

စကြာဝဠာနယ်မြေမှ ပေးအပ်လာသော စွမ်းအားက သူ့အတွက် အလွန်သေးနုတ်သည်။ မိုးမြေစွမ်းအား၏ လှုံ့ဆော်မှုသည်ပင် သူ့ကို အနည်းငယ်သာ အစွမ်းမြှင့်တင်ပေးနိုင်သည်။

စကြာဝဠာနယ်မြေတစ်ခုကို ဖန်တီးနိုင်ခဲ့သည့် တစ်ခုတည်းသော အကျိုးအမြတ်က သူ့အပေါ် သက်ရောက်နေသော မဟာပန်သွန်ဘုံ၏ ဖိနှိပ်မှုကို အနည်းငယ် လျော့ကျသွားစေသည်။ ယင်းက သူ့အား မဟာပန်သွန်ဘုံ၏ စွမ်းအားကို ပိုမိုလွယ်ကူစွာ သန့်စင်စေနိုင်လိမ့်မည်။

“ ဂရောင်း ”

တုံမင်ရေခဲသားရဲတစ်ကောင်က ဟိန်းဟောက်လိုက်ပြီး ဟန်မူယဲ့ထံသို့ ပြေးသွားသည်။

၎င်း၏ အမြင်တွင် ဟန်မူယဲ့က အလွန်မောက်မာထောင်လွှားသည်။ ဟန်မူယဲ့က ယင်ယန်ကျင့်ကြံခြင်းအဆင့်ဖြင့် ၎င်းတို့ကို ချိပ်ပိတ်ဝံ့သည်။

ထို့ပြင် ဟန်မူယဲ့ပြောခဲ့သော အညံ့မခံလျှင် သေရမည်ဟူသော စကားက ၎င်းတို့ကို စော်ကားလိုက်ခြင်း ဖြစ်သည်။

တုံမင်ရေခဲသားရဲ၏ ခန္ဓာကိုယ်က ကျန်းတစ်ထောင်အထိ ကြီးမားသွားလေရာ ၎င်း၏ ဦးခေါင်းက မိုးကောင်းကင်နှင့် ထိတွေ့သွားသည်။ ထို့နောက် ၎င်းက အကြမ်းတမ်း ခြေဆောင့်လိုက်သည်။

အသစ်ဖွဲ့စည်းသွားသော မိုးမြေက ၎င်း၏ ခြေဆောင့်မှုကြောင့် အက်ကွဲသွားတော့မည်။

မိုးမြေစကြာဝဠာက ပျက်စီးသွားမည်ဆိုလျှင် ကျင့်ကြံသူ၏ စွမ်းအားက ကြီးမားစွာ ဆုတ်ယုတ်သွားလိမ့်မည်။

တုံမင်ရေခဲသားရဲ၏ မျက်လုံးထဲမှာတော့ ယန်မူယဲ့က လူပြက်တစ်ယောက် ဖြစ်၏။ ထိုသူက ယာယီအစွမ်းမြင့်တတ်သွားသောကြောင့် မောက်မာထောင်လွှားနေသူ ဖြစ်သည်။

၎င်း၏ မျက်လုံးထဲမှာ သရော်လှောင်ပြောင်သော အကြည့်ပင် ရှိသည်။

ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။

သူက လက်ထဲမှ ဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

ဓားရှည်က တဝီဝီ မြည်သွားသည်။

“ သေစမ်း ”

ဟန်မူယဲ့က တိုးညင်းစွာ ရေရွတ်လိုက်သည်။

သူ၏ ဓားက ပျံသန်းထွက်သွားသည်။

ယင်းက အမိန့်တစ်ခုမဟုတ်ပေ။ ယင်းက သူ၏ ရိုးရှင်းသော စိတ်ဆန္ဒသာ ဖြစ်၏။

ဓားက သူ့ခန္ဓာကိုယ်၏ အပိုအစိတ်အပိုင်းဖြစ်ပြီး သူ၏ စိတ်ဆန္ဒနှင့် ဆက်သွယ်နေသည်။

ဓားက ကောင်းကင်ပေါ်သို့ ပျံသန်းသွားပြီး ကျန်းတစ်ထောင်ရှည်လျားသော ဧရာမဓားအဖြစ် အသွင်ပြောင်းလဲသွားသည်။

ဧရာမဓားက ၎င်းအပေါ်သို့ ပိကျလာသည့်အခါ တုံမင်ရေခဲသားရဲက မယုံကြည်နိုင်မှုကြောင့် မျက်လုံးပြူးကျယ်သွားသည်။

ဓားအလင်းက ထွန်းလင်းတောက်ပပြီး လေးလံသည်။ ယင်းက တုံမင်ရေခဲသားရဲ၏ ဦးခေါင်းပေါ်သို့ တိုက်ရိုက် ကျဆင်းလာသည်။

မူလစွမ်းအား… ။

ဓားက အဆုံးမဲ့သော မူလစွမ်းအားကို ထုတ်လွှတ်နေသည်။ ဓား၏ ထုထည်က အလွန်လေးလံလေရာ တုံမင်ရေခဲသားရဲက တစ်စက္ကန့်ပင် မတောင့်ခံနိုင်ပေ။

“ ခရက် ”

တုံမင်ရေခဲသားရဲ၏ ဧရာမခန္ဓာကိုယ်က အပိုင်းပိုင်း အက်ကွဲသွားသည်။

သေခြင်းရှင်ခြင်းမဟာပန်သွန်ကျောက်တုံးများက ပြုတ်ကျလာပြီး မိုးမြေစွမ်းအားက ပျံ့လွင့်သွားသည်။

အက်ကွဲသွားတယ်လား… ။

သေခြင်းရှင်ခြင်းအဆင့် သန္ဓေပြောင်းသားရဲတစ်ကောင်က ဓား၏ အလေးချိန်ကို မတောင့်ခံနိုင်ဘူးလော။

မိုးမြေစွမ်းအား၏ အားဖြည့်ပေးမှုကြောင့် အသစ်ဖွဲ့စည်းသွားသော စကြာဝဠာက အချင်းလီတစ်သောင်း ကျယ်ပြောသွားသည်။

မြေကြီးက စိမ်းလန်းစိုပြေပြီး ကောင်းကင်က အပြာရောင်သန်းနေသည်။

တိမ်တိုက်များက ပြာလဲ့လဲ့ ကောင်းကင်ပေါ်မှာ ပျံဝဲနေကြပြီး အသက်ဓာတ်ဖြင့် ပြည့်နှက်နေသည်။

စကြာဝဠာနယ်မြေက သေခြင်းရှင်ခြင်းအဆင့် တုံမင်ရေခဲသားရဲ၏ မူလစွမ်းအားကို ဝါးမျိုပြီးနောက် ဆင့်ကဲပြောင်းလဲသွားသည်။ ယခု စကြာဝဠာထဲမှာ သေခြင်းရှင်ခြင်းအဆင့်၏ အမှတ်လက္ခဏာများ ထွက်ပေါ်လာသည်။ ယင်းက သေခြင်းရှင်ခြင်းအဆင့်သို့ မရောက်ရှိသေးသော်လည်း သေခြင်းရှင်ခြင်း၏ နိယာမနှင့် သဘောတရားကို ပိုင်ဆိုင်ထားသည်။

ဟန်မူယဲ့၏ အကြည့်က တခြားတုံမင်ရေခဲသားရဲပေါ်သို့ ကျရောက်သွားသည်။

ဟန်မူယဲ့၏ အကြည့်ကို အာရုံခံမိသောအခါ တုံမင်ရေခဲသားရဲက ဖြည်းဖြည်းချင်း ခေါင်းလှည့်လိုက်သည်။ အကြောက်တရားက ၎င်း၏ မျက်လုံးထဲမှာ ထင်ရှားစွာ ပေါ်လွင်နေသည်။

ဟန်မူယဲ့က သူ့လက်ထဲမှ ဓားကို မြှောက်လိုက်သည်။

ကျန်းတစ်ရာရှည်လျားသော တုံမင်ရေခဲသားရဲက ပြင်းထန်စွာ တုန်ယင်သွားသည်။ နောက်ဆုံးမှာတော့ ၎င်းက ဧရာမခန္ဓာကိုယ်ကို လက်ဖဝါးအရွယ်အစားထိ ကျုံ့လိုက်ပြီး မြေပြင်ပေါ်မှာ ဒူးထောက်လိုက်သည်။

အညံ့ခံခြင်း… ။

၎င်းက ဤစကြာဝဠာကို အညံ့ခံလိုက်ပြီး ၎င်း၏ မူလစွမ်းအားကို ဤစကြာဝဠာနှင့် ပေါင်းစည်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ စကြာဝဠာက ထိန်ထိန်လင်းသွားပြီး အေးစက်စက် ကြယ်တစ်လုံးက ကောင်းကင်ယံမှာ ထွက်ပေါ်လာသည်။

တုံမင်ရေခဲသားရဲ၏ သေခြင်းရှင်ခြင်းနယ်ပယ်က မိုးမြေမူလစွမ်းအားအဖြစ် ဒြပ်ထည်ဖွဲ့စည်းသွားပြီး ယင်ယန်ကြယ်တစ်လုံးအဖြစ် အသွင်ပြောင်းလဲသွားသည်။

ဟန်မူယဲ့၏ စကြာဝဠာနယ်မြေက တမူထူးခြားသည်။ ယန်ယင်ကို အစောနကမှ ခွဲထုတ်ထားသော်လည်း သူ၏ စကြာဝဠာနယ်မြေက သေခြင်းရှင်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် ဤစကြာဝဠာ၏ အခြေခံအုတ်မြစ်က သေခြင်းရှင်ခြင်းနယ်ပယ် ဖြစ်သည်။

ထိုသို့နည်းစနစ်က မဟာပန်သွန်ဘုံတွင် ရှားပါးသည်။

တုံမင်ရေခဲသားရဲက အညံ့ခံသွားသည်နှင့် ဟန်မူယဲ့၏ ပုံရိပ်က စကြာဝဠာနယ်မြေထဲမှ ပျောက်ကွယ်သွားသည်။

အစောနက အဖြစ်အပျက်များကို ရှင်းပြရာတွင် အချိန်အလွန်ကြာသည်ဟု အောက်မေ့ရသည်။

သို့သော်လည်း ဟန်မူယဲ့က စကြာဝဠာနယ်မြေထဲသို့ ဝင်သွားပြီး ပြန်ထွက်လာသည်မှာ စက္ကန့်အနည်းငယ်မျှသာ ကြာမြင့်ခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် စကြာဝဠာနယ်မြေထဲမှ အချိန်စီးဆင်းမှုက အပြင်လောကနှင့် မတူညီပေ။ စကြာဝဠာနယ်မြေထဲမှ အချိန်စီးဆင်းမှုက သခင်၏ စိတ်ဆန္ဒအတိုင်း ဖြစ်သည်။ တစ်နည်းဆိုရလျှင် စကြာဝဠာနယ်မြေက လွတ်လပ်သော ကမ္ဘာတစ်ခုဖြစ်သည်။

ဟန်မူယဲ့ ပြန်ပေါ်လာသည်နှင့် သူ့အရှေ့မှ စကြာဝဠာနယ်မြေက ဖြည်းဖြည်းချင်း ကျုံ့သွားပြီး အပြာရောင်ပုတီးစေ့အဖြစ် ပြောင်းလဲသွားသည်။

ယင်းက အစောနတုန်းက ပုတီးစေ့မဟုတ်ပေ။

“ သူမသေဘူးလား ”

“ သူ့ရဲ့ စကြာဝဠာက ဘယ်လိုလုပ်… ”

အထောက်တော်နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ စိတ်ရှုပ်ထွေးမှုက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ဟန်မူယဲ့က စကြာဝဠာပျက်စီးမည့်ဘေးကို ရှောင်ရှားနိုင်ခဲ့ပြီး သေဘေးမှ လွတ်မြောက်ခဲ့သည်။ ယင်းက ကောင်းမွန်သောကိစ္စ ဖြစ်သည်။

သို့သော်လည်း စကြာဝဠာက မည်သို့ကြောင့် သေခြင်းရှင်ခြင်းအဆင့် သန္ဓေပြောင်းသားရဲနှစ်ကောင်ကို ဝါးမျိုပြီးနောက် စကြာဝဠာပုတီးစေ့အဖြစ် ပြန်ပြောင်းလဲသွားရသနည်း။

“ ငါသိပြီ… သူ့ရဲ့ စကြာဝဠာနယ်မြေက အစစ်အမှန် စကြာဝဠာမဟုတ်ဘူး… အဲ့ဒါက လေဟာနယ်မူလစွမ်းအားကို သုံးပြီး ဖွဲ့စည်းထားတဲ့ ပုံရိပ်ယောင်စကြာဝဠာတစ်ခုပဲ ”

“ လေဟာနယ်မူလစွမ်းအားက ဒီလောကရဲ့ အသန်မာဆုံး မူလစွမ်းအားတွေထဲက တစ်ခုပဲ… သူက လေဟာနယ်စွမ်းအားကို အသုံးပြုပြီး သန္ဓေပြောင်းသားရဲနှစ်ကောင်ကို ဖမ်းဆီးလိုက်တယ်… အဲ့ဒီနောက် မူလစွမ်းအားကို အသုံးပြုပြီး သားရဲနှစ်ကောင်ကို ဗလာနတ္ထိအဖြစ် ဖျောက်ပစ်လိုက်တယ် ”

ဗလာနတ္ထိအဖြစ် ဖျောက်လိုက်တယ်… ။

သေခြင်းရှင်ခြင်းအဆင့် သန္ဓေပြောင်းသားရဲနှစ်ကောင်ကို ဗလာနတ္ထိအဖြစ် ပယ်ဖျောက်ခြင်းက လွယ်ကူသောအရာ မဟုတ်ပေ။ ယင်းက စကြာဝဠာထဲမှ လေဟာနယ်မူလစွမ်းအား အများကြီးကို ကုန်ဆုံးစေလိမ့်မည်။ ထို့ကြောင့် စကြာဝဠာက စွမ်းအားကုန်ခမ်းသွားပြီး ပုတီးစေ့အဖြစ် ပြန်ပြောင်းလဲသွားခြင်း ဖြစ်သည်။

အထောက်တော်နှစ်ဦး၏ အမြင်တွင် ထိုရှင်းပြချက်က အကောင်းဆုံးဖြစ်သည်။

“ လေဟာနယ်မူလစွမ်းအားကို ထိန်းချုပ်နိုင်တယ်… တကယ့်ပါရမီရှင်ပဲ ”

အထောက်တော်တစ်ဦးက နူးညံ့စွာ ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ တောက်ပသောအလင်း ထွက်ပေါ်လာသည်။

“ ဟား ဟား… အဲ့ဒီကောင်လေး မသေဘူးဆိုရင် ငါတို့ သူ့ကို အင်မော်တယ်မင်းဆက်ဆီ ခေါ်သွားကြမယ် ”

“ ဘန်း ”

ဟန်မူယဲ့က သူ၏ ဓားကို ဝှေ့ယမ်းလိုက်ပြီး သွေးမိစ္ဆာမျောက်ဝံတစ်ကောင်ကို တွန်းထုတ်လိုက်သည်။

“ ယင်ယန်စွမ်းအား ”

“ သူက ယင်ယန်အဆင့်ကို တကယ်ရောက်သွားတာပဲ ”

ဝမ်ကျန်းဟိုင်က ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်လုံးပြူးကျယ်သွားသည်။

တခြားကျင့်ကြံသူများ နှစ်ပေါင်းများစွာကြာ လုပ်ဆောင်ရသောအရာကို ဟန်မူယဲ့က အချိန်တိုလေးအတွင်း လုပ်ပြသွားသည်။

သူက ထိုသို့လုပ်ဆောင်ရန် သန္ဓေပြောင်းသားရဲအများကြီးကို ဝါးမျိုခဲ့ကြောင်း ထင်ရှား၏။ မည်သို့ဖြစ်ပါစေ ယင်းက အံ့ဖွယ်ကိစ္စတစ်ခု ဖြစ်သည်။

“ သေခြင်းရှင်ခြင်းတိုက်ပွဲကနေပဲ ကြီးမားတဲ့ အကျိုးအမြတ်တွေ ရှာဖွေနိုင်တယ် ”

သူ့အရှေ့မှ ပုံရိပ်နှစ်ခုကို ကြည့်နေစဉ် ဝမ်ကျန်းဟိုင်က နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

သူ၏ မျက်လုံးသည်လည်း ဝင်းလက်တောက်ပနေသည်။

အခြားတစ်ဖက်တွင် လျောင်ဖန်းက သူ၏ ဓားကို အောက်သို့ ခုတ်ပိုင်းလိုက်သည်။

သေခြင်းရှင်ခြင်းအဆင့် သွေးမိစ္ဆာမျောက်ဝံက နည်းနည်းမှ မခုခံနိုင်ဘဲ နှစ်ပိုင်းပြတ်တောက်သွားသည်။ သန္ဓေပြောင်းသားရဲများသည် ယင်ယန်အဆင့်မှာသာ ရှိသေးသော ဓားကျင့်ကြံသူနှစ်ယောက်၏ အရှေ့မှာ ကြက်ကလေး ငှက်ကလေးများသဖွယ် အသတ်ခံနေကြရသည်။

သေခြင်းရှင်ခြင်းအဆင့် သန္ဓေပြောင်းသားရဲများထဲ၌ ခုခံကာကွယ်မှုတွင် နာမည်ကျော်ကြားသော တုံမင်ရေခဲသားရဲများဖြစ်စေ ရက်စက်ကြမ်းတမ်းမှုဖြင့် နာမည်ကျော်ကြားသော သွေးမိစ္ဆာမျောက်ဝံများဖြစ်စေ ၎င်းတို့က ယုမင်ဓားဂိုဏ်းမှ တပည့်နှစ်ယောက်၏ သုတ်သင်ရှင်းလင်းခံနေကြရသည်။

“ ဝုန်း ”

သွေးမိစ္ဆာမျောက်ဝံတစ်ကောင် အသတ်ခံလိုက်ရသည်နှင့် မြေကြီးက တုန်ယင်သွားသည်။ ချိုင့်ဝှမ်းက ဤအခိုက်အတန့်မှာ မိုင်တစ်ထောင်ကျယ်ပြောသော လွင်ပြင်အဖြစ် ပြောင်းလဲသွားသည်။

ရွှေရောင်အလင်းလွှာသည်လည်း လွင်ပြင်ကို ဖုံးလွှမ်းသွားသည်။

သူတို့ဆီသို့ ချီတတ်လာနေကြသော သန္ဓေပြောင်းသားရဲများသည် မဟာပန်သွန်ဘုံမှ မူလစွမ်းအား၏ ဖိနှိပ်မှုအောက်မှာ အပြင်းအထန် တုန်ယင်သွားကြသည်။ ၎င်းတို့က ရွေ့လျားရန်ပင် ခက်ခဲသွားကြသည်။

ယင်းက မိုးမြေစွမ်းအား၏ ဖိနှိပ်မှုဖြစ်သည်။

“ သတ် ”

ဝမ်ကျန်းဟိုင်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး အရှေ့သို့ ပြေးသွားသည်။

မဟာပန်သွန်ဘုံမှ မိုးမြေစွမ်းအား၏ ဖိနှိပ်မှုကြောင့် သန္ဓေပြောင်းသားရဲများ၏ တိုက်ပွဲစွမ်းအားက ကြီးမားစွာ ယုတ်လျော့သွားသည်။ ယင်းက ယုမင်ဓားဂိုဏ်းမှ တပည့်များအတွက် မဟာအခွင့်အရေးဖြစ်သည်။ သူတို့က အရှေ့သို့ ချီတတ်သွားကြပြီး သန္ဓေပြောင်းသားရဲများကို သတ်ဖြတ်လိုက်ကြသည်။

ယင်းက မိုးမြေ၏ စွမ်းအားမျှဝေမှု ဖြစ်သည်။

ဟန်မူယဲ့နှင့် တခြားလူများက အစွမ်းထက် သန္ဓေပြောင်းသားရဲများကို သုတ်သင်လိုက်သည့်အခါ မဟာပန်သွန်ဘုံက အားသာချက်ရှိသွားပြီး ဆန့်ကျင်ဘက်ဘုံမှ မိုးမြေကို ဝါးမျိုနိုင်သွားသည်။

ထို့ကြောင့် မဟာပန်သွန်ဘုံက ဆုလာဘ်အနေဖြင့် အတားအဆီးအလွှာကို တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။

ယုမင်ဓားဂိုဏ်းမှ တပည့်များက အရှေ့သို့ အမြန်ပြေးသွားကြပြီး သန္ဓေပြောင်းသားရဲများကို သတ်ဖြတ်လိုက်ကြသည်။ တစ်ချိန်တည်းမှာ သူတို့က မြေကြီးပေါ်မှာ ပြန့်ကျဲနေသော မဟာပန်သွန်ကျောက်တုံးများကို စုဆောင်းလိုက်ကြသည်။

ယင်းက ကြီးမားသော ရိတ်သိမ်းမှု ဖြစ်သည်။

အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် မဟာပန်သွန်ကျောက်တုံးများက ဂိုဏ်းထဲမှာပင် အလွန်ရှားပါးကြသည်။

ပုံမှန်အခြေအနေမျိုးတွင် ထိုသို့ကျောက်တုံးတစ်တုံးကို ပိုင်ဆိုင်ရန် သူတို့အတွက် မဖြစ်နိုင်ပေ။

ထိုအရင်းအမြစ်များဖြင့်ဆိုလျှင် ယနေ့တိုက်ပွဲမှာ သူတို့မသေဆုံးသွားသရွေ့ အနာဂတ်မှာ ကျင့်ကြံခြင်းအရင်းအမြစ်များကို စိတ်ပူရန် မလိုတော့ပေ။

“ ဘန်း ”

အရှေ့တွင် အနက်ရောင်ဧရာမလက်သည်းတစ်ခုက ထွက်ပေါ်လာပြီး အလင်းလွှာပေါ်သို့ ရိုက်ချလိုက်သည်။

အလင်းလွှာက တုန်ယင်သွားပြီး ယင်း၏ မျက်နှာပြင်ပေါ်မှာ အက်ကွဲရာများ ထွက်ပေါ်လာသည်။

All Chapters