← Chapters

အခန်း (၁၆၁၈)

Vol. 116 Ch. 1618

အခန်း (၁၆၁၈)

Vol. 116 Ch. 1618

ကျောက်မင်ယွင်က ဓားရှည်ကို ယူဆောင်လိုက်ပြီး အရိုအသေပေးလိုက်သည်။

“ ဒီတပည့် နားလည်ပါပြီ ”

ပုံမှန်အချိန်များတွင် ဟန်မူယဲ့က ကောင်းကင်အသင်္ချေဓားဂိုဏ်းအတွက် အချိန်မပေးနိုင်သည့်အခါ ကျောက်မင်ယွင်က ထိုတာဝန်ကို လွှဲပြောင်းယူလိမ့်မည်။

ရှုဖုန်းယန်နှင့် တခြားလူများဆီမှာ ရှိန်လောက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းစွမ်းအားရှိကြသော်လည်း သူတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အခြေအနေအလုံးစုံကို စိတ်မဝင်စားကြချေ။ သူတို့က ကျင့်ကြံခြင်းမှာသာ အာရုံစိုက်ထားရန် ဆန္ဒရှိကြသည်။

ကျောက်မင်ယွင်သာလျှင် ထိုတာဝန်အတွက် သင့်တော်ပေသည်။

ဟန်မူယဲ့က စစ်သည်တော်များနောက်သို့ လိုက်သွားသည်။ သူက တပ်စခန်းတစ်ခုပြီးတစ်ခုကို ဖြတ်ကျော်သွားသည်။ နောက်ဆုံးမှာတော့ သူက အနက်ရောင်စစ်တပ်တဲအိမ်များ စုဝေးရှိနေသော နေရာသို့ ရောက်ရှိသွားသည်။

အစောင့်စစ်သည်တော်များက ထိုနေရာမှာ စခန်းချထားကြသည်။

အစောင့်စစ်သည်တော်များသည် ကင်းထောင့်လှည့်ပတ်ခြင်းတာဝန်နှင့် ဤနေရာမှ တပ်စခန်းများအား ကာကွယ်စောင့်ကြပ်သော တာဝန်ကို ထမ်းဆောင်ကြသည်။

အနက်ရောင်စစ်တပ်တဲအိမ်များ၏ အနောက်ဘက်တွင် အနီရောင်အလင်းထွက်ပေါ်နေသော မြေကွက်လပ်တစ်ခု ရှိသည်။ ထိုနေရာတွင် လူတိုင်းကို နှလုံးတုန်ယင်သွားစေမည့် အလွန်အားကောင်းသော သွေးချီစွမ်းအားက ထွက်ပေါ်နေသည်။

မိုးမြေစွမ်းအားက နေရာတိုင်းမှ ပေါ်လျှိုးနေသည်။

ကနဦးမူလအဆင့်၏ အထက်အဆင့်သည် စကြာဝဠာအဆင့် ဖြစ်သည်။

ထိုနေရာတွင် စကြာဝဠာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်အများအပြား နေထိုင်ကြသည်။

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်လေရာ ဓားအလင်းရောင်က သူ၏ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ဤသည်မှာ သူ၏ အကြည့်က မိုးမြေကို ဆုတ်ဖြဲပစ်တော့မည့်အလားပင်။

ထိုနေရာက ကောင်းကင်ဘုံအစောင့်တပ် နေထိုင်သောနေရာ ဖြစ်ရမည်။

“ ခင်ဗျားက ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ဟန်မူယဲ့မလား ”

အစိမ်းရောင်သိုင်းဝတ်စုံနှင့် ပုံရိပ်တစ်ခုက ဟန်မူယဲ့ထံသို့ တိတ်တဆိတ် ချဉ်းကပ်လာပြီး တိုးညင်းစွာ ပြောသည်။

“ ဂိုဏ်းခေါင်းဆောင်ဟန်က သံမဏိဂိုဏ်းကို မှတ်မိသေးလား မသိဘူး ”

သံမဏိဂိုဏ်း… ။

အတိတ်မှာ သံမဏိဂိုဏ်းသည် ကောင်းကင်အသင်္ချေဓားဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသော ဂိုဏ်းများထဲမှာ ပါဝင်ခဲ့သည်။ သံမဏိဂိုဏ်းသည် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အလုံးစုံအင်အားကို အတော်လေး အထိနာစေခဲ့သည်။

နောက်ပိုင်းမှာ လစန္ဒာတောင်ထွတ်သည် ဟန်မူယဲ့၏ ဦးဆောင်မှုအောက်တွင် သံမဏိဂိုဏ်းနှင့် တိုက်ခိုက်ခဲ့သည်။

ဟန်မူယဲ့၏ မထူးမခြားနား အမူအရာကို မြင်သောအခါ အစိမ်းရောင်သိုင်းဝတ်စုံနှင့် ပုဂ္ဂိုလ်က ရယ်လိုက်သည်။

“ ဂိုဏ်းခေါင်းဆောင်ဟန်က မမှတ်မိဘူးထင်တယ်… ကျုပ်က… ”

“ ခင်ဗျားက ရှောက်မင် ”

ဟန်မူယဲ့၏ စကားက ရှောက်မင်ကို အံ့ဩသွားစေသည်။

သူက အတိတ်တွင် ကောင်းကင်အသင်္ချေဓားဂိုဏ်းအား ဝိုင်းရံတိုက်ခိုက်ရန် နောက်ကွယ်မှ ညွှန်ကြားခဲ့သော သံမဏိဂိုဏ်း၏ မဟာအကြီးအကဲ ရှောက်မင်ဖြစ်သည်။

သို့သော်လည်း ယခု ရှောက်မင်သည် အတိတ်မှာကဲ့သို့ ဆံပင်အဖြူနှင့် အဖိုးအိုတစ်ယောက် မဟုတ်တော့ပေ။ သူ၏ ခန္ဓာကိုယ်က ထွားကြိုင်းသန်မာပြီး သွေးချီအနှစ်သာရက သူ၏ ကိုယ်ပေါ်မှာ စုဝေးနေသည်။

သူက ဤအတောအတွင်းမှာ ကျင့်ကြံခြင်းအဆင့် မြင့်တတ်သွားကြောင်း ထင်ရှားသည်။ ထို့ကြောင့် သူ၏ သွေးချီစွမ်းအားက ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းနေသည်။

ဟန်မူယဲ့၏ အမြင်တွင် ရှောက်မင်က ယခု အလယ်အလတ် တာအိုငြိမ်းသတ်ခြင်းအဆင့်မှာ ဖြစ်သည်။

“ ဟား ဟား… ဂိုဏ်းခေါင်းဆောင်ဟန်က ကျုပ်ကို မှတ်မိတယ်ဆိုတော့ ကျုပ်ဝမ်းသာပါတယ် ”

ရှောက်မင်က မျက်လုံးမှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်ကာ ရယ်လိုက်သည်။

“ ဘာပဲပြောပြော ကျုပ်တို့က နယ်မြေတစ်ခုတည်းက ဂိုဏ်းတွေ မဟုတ်လား… ကျုပ် ခင်ဗျားကို ဂရုမစိုက်ဘူးလို့ မပြောပါနဲ့ ”

“ ဒါပေမဲ့ ခင်ဗျားရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းက စစ်တပ်တစ်တပ်ကို ကိုယ့်ဘာသာ ထိန်းချုပ်ရဲတယ်… အဲ့ဒီတော့ ကျုပ်ဘာမှ မကူညီပေးနိုင်ဘူး ”

ရှောက်မင်က သူ့အနောက်မှ တဲအိမ်ကို လက်ညှိုးညွှန်ပြလိုက်ပြီး အေးစက်စွာ ပြောသည်။

“ အဲ့ဒါ အရှင်ယုရုံကိုင်ရဲ့ တဲအိမ်ပဲ… သူက ခင်ဗျားကို တွေ့ချင်နေတယ် ”

ထိုသို့ပြောပြီးနောက် သူက ဘေးသို့ လျှောက်သွားသည်။

ဟန်မူယဲ့က မည်သည့်စကားမှ ပြန်မပြောဘဲ တဲအိမ်ဆီသို့ လျှောက်သွားသည်။

ဤနေရာက တပ်စခန်းဖြစ်သည်။ ဤနေရာမှာ ကျင့်ကြံသူစစ်သည်တော်များက သန်းပေါင်းများစွာ ရှိကြသည်။ လူတစ်ယောက်ကို လက်စဖျောက်ခြင်းက ပုရွက်ဆိတ်တစ်ကောင်ကို ဖိချေသကဲ့သို့ လွယ်ကူလှသည်။

ဟန်မူယဲ့က တဲအိမ်ထဲသို့ ဝင်သွားသည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။ အေးစက်စက် အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ မင်းဘယ်သူလဲ ”

“ တပ်မှူးရဲ့ တဲအိမ်ဆီ မင်းဘာလို့ ရောက်လာတာလဲ ”

ဟန်မူယဲ့က သူ၏ ခြေလှမ်းကို ရပ်လိုက်ပြီး သူ၏ အရှေ့မှ ဂုဏ်သရေရှိအမျိုးသားကို ကြည့်လိုက်သည်။

ထိုလူ၏ အမူအရာက စစ်မှန်သည်။ သူက ဟန်မူယဲ့၏ ရောက်ရှိလာမှုကို အမှန်တကယ် ဇဝေဇဝါဖြစ်နေသည်။

“ ကျုပ်နာမည်က ဟန်မူယဲ့ ”

“ ကျုပ်က ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ”

ဟန်မူယဲ့က ပြောသည်။

ယင်းကို ကြားသောအခါ ထိုလူက ဟန်မူယဲ့ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောသည်။

“ မင်းက ဘာကိစ္စကြောင့် တပ်မှူးကို တွေ့ချင်တာလဲ ”

ဟန်မူယဲ့က စကားပြန်မပြောနိုင်ခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် တဲအိမ်၏ အပြင်ဘက်တွင် ဆူညံသံများ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။

ပုံရိပ်အများအပြားက တဲအိမ်ထဲသို့ အမြန်ပြေးဝင်လာကြသည်။

“ ဟန်မူယဲ့… မင်းက တပ်မှူးကို လုပ်ကြံရဲတယ် ”

“ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ပုန်ကန်ဖို့ ကြံစည်နေတာလား… တပ်မှူးရဲ့ တဲအိမ်ဆီ လာပြီး လုပ်ကြံရဲတယ် ”

ဝတ်စုံဖြူဝတ်ဆင်ထားသော ဟဲချန်းယန်က တဲအိမ်ထဲသို့ အမြန်ပြေးဝင်လာပြီး ဟန်မူယဲ့ကို သူ၏ လက်ထဲမှ မီးခိုးရောင်တုတ်ဖြင့် ချိန်ရွယ်လိုက်သည်။

ထိုစဉ် အနက်ရောင်သံချပ်ကာဝတ် စစ်သည်တော်အများအပြားက မည်သည့်နေရာကမှန်းမသိ ရောက်လာကြပြီး သူတို့၏ လက်ထဲမှ လက်နက်ဖြင့် ဟန်မူယဲ့ကို ချိန်ရွယ်လိုက်ကြသည်။

သူတို့က သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို မဖုံးကွယ်ထားကြချေ။ ဟန်မူယဲ့ လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်နိုင်ရန် သူတို့က အသင့်ပြင်ထားကြသည်။

ဟန်မူယဲ့က တဲအိမ်ထဲမှာ မတ်တတ်ရပ်နေရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူက စကားမပြောပေ။

ဟန်မူယဲ့၏ ထိုပုံစံကို မြင်သောအခါ ဟဲချန်းယန်က ရယ်မောလိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။

“ ဒီတော့ မင်းက ဟန်မူယဲ့ကို… မင်းက ဘယ်ကသတ္တိနဲ့ ငါ့ရဲ့ ယွင်ထျန်းတာအိုဂိတ်ကို ဆန့်ကျင်ရဲတာလဲ ”

သူက လက်ထဲမှ မီးခိုးရောင်တုတ်ဖြင့် ဟန်မူယဲ့၏ ရင်ဘက်ကို ညွှန်လိုက်ပြီး မောက်မာထောင်လွှားစွာ ပြောသည်။

“ အင်မော်တယ်မင်းဆက်ရဲ့ အရာရှိတစ်ဦးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားရဲတယ်လား… မင်းရော မင်းရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းရော ဖျက်ဆီးခံရမယ် ”

“ လုပ်ကြံသတ်ဖြတ်တယ်လား ”

ဟန်မူယဲ့က သူ၏ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ငါ ဓားမယူလာခဲ့ဘူး ”

ဓားကျင့်ကြံသူတစ်ယောက်က ဓားကို မယူဆောင်လာပေ။

ရှင်းလင်းစွာပင် သူက လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားနေခြင်း မဟုတ်ပေ။

ဟဲချန်းယန်၏ အပြုံးက ရပ်တန့်သွားသည်။ တစ်ခဏကြာပြီးနောက် သူက ဘေးမှ စစ်သည်တော်တစ်ဦး၏ ခါးပေါ်မှာ ချိတ်ဆွဲထားသော ဓားကို ဆွဲထုတ်လိုက်သည်။

“ ဒုတ် ”

ဓားက ဟန်မူယဲ့၏ ခြေဖဝါးအောက်သို့ ပြုတ်ကျသွားသည်။

ဟဲချန်းယန်က ဟန်မူယဲ့ကို အေးတိအေးစက် ကြည့်လိုက်ပြီး ပြောသည်။

“ အခု မင်းဆီမှာ ဓားရှိသွားပြီ ”

ဟန်မူယဲ့၏ အမူအရာက မပြောင်းလဲသွားပေ။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ ငါနားလည်ပြီ ”

ဟန်မူယဲ့၏ အရှေ့မှာ မတ်တတ်ရပ်နေသော ဂုဏ်သရေရှိအမျိုးသားက စိတ်မရှည်သော အမူအရာကို ထုတ်ဖော်လိုက်ပြီး ဟဲချန်းယန်ကို ကြည့်လိုက်သည်။

ဟဲချန်းယန်က အမြန်အရိုအသေပေးလိုက်ပြီး ပြောသည်။

“ ဦးရီးတော်… ဒီလူက ကျုပ်ရဲ့ ယွင်ထျန်းတာအိုဂိတ်ကို ဆန့်ကျင်ခဲ့ပါတယ်… ပြီးတော့ သူက ဦးရီးတော်ရဲ့ စစ်တပ်တဲအိမ်ဆီ တုံကင်မပါဘဲ ရောက်လာတယ်… သူ့ကို သေချာပေါက် အပြစ်ပေးရပါမယ်… တကယ်လို့ သူ့ကို… ”

ဟဲချန်းယန်၏ စကားမဆုံးမီ ဂုဏ်သရေရှိအမျိုးသားက လက်ဝှေ့ယမ်းလိုက်သည်။

“ သူ့ကို ဖမ်းချုပ်ထားလိုက် ”

စစ်သည်တော်အများအပြားက အရှေ့သို့ လျှောက်လာကြသည်။ ဟန်မူယဲ့သည် တခြားလူများ၏ ဖမ်းဆီးခြင်းကို မစောင့်ဘဲ တဲအိမ်အပြင်သို့ ကိုယ့်ဘာသာ လျှောက်သွားသည်။

အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော ဂုဏ်သရေရှိအမျိုးသားက ဟဲချန်းယန်ကို ကြည့်လိုက်ပြီး တင်းမာခက်ထန်သော လေသံဖြင့် ပြောသည်။

“ မင်းရဲ့ အသေးအမွှားကိစ္စတွေကို ငါဂရုမစိုက်ဘူး… ဒါပေမဲ့ အဲ့ဒါက ကောင်းကင်ဘုံအစောင့်တပ်ထဲ ဝင်ရောက်နိုင်မယ့် ငါ့ရဲ့ အခွင့်အရေးကို ထိခိုက်စေမယ်ဆိုရင် မင်းက ငါ့ရဲ့ တူတော်ဆိုရင်တောင် ငါညှာတာနေမှာ မဟုတ်ဘူး ”

ဟဲချန်းယန်က ခန္ဓာကိုယ်တုန်ယင်သွားပြီး အလျှင်စလို ပြောသည်။

“ ဦးရီးတော် စိတ်ချပါ… ယွင်ထျန်းတာအိုဂိတ်ရဲ့ တပ်စခန်းက ဦးရီးတော်ရဲ့ အမိန့်အတိုင်း လိုက်နာမှာပါ ”

ထိုစကားကို ကြားသောအခါ ဂုဏ်သရေရှိအမျိုးသား၏ တင်းမာသော မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားသည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး ဟဲချန်းယန်ကို သွားခွင့်ပြုလိုက်သည်။

ဟဲချန်းယန်က တဲအိမ်ထဲမှ မြန်မြန်သွက်သွက် ထွက်သွားသည်။ ထို့နောက် သူက စစ်သည်တော်များ၏ ဖမ်းခေါ်ခံသွားရတော့မည့် ဟန်မူယဲ့ကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။

သူက ခေါင်းဆောင်စစ်သည်တော်ထံသို့ လျှောက်သွားပြီး တစ်ဖက်လူ၏ နားထဲသို့ တိုးတိုးလေး စကားပြောလိုက်သည်။ ထို့နောက် သူက အရွယ်အစားကြီးမားသော မဟာပန်သွန်ကျောက်တုံးနှစ်တုံးကို တစ်ဖက်လူ၏ လက်ထဲသို့ တိတ်တိတ်လေး ထည့်ပေးလိုက်သည်။

ယင်းတို့က စကြာဝဠာအဆင့် မဟာပန်သွန်ကျောက်တုံးများ ဖြစ်ကြသည်။ စကြာဝဠာအဆင့် မဟာပန်သွန်ကျောက်တုံးတစ်တုံးသည် အဆင့်နိမ့် မဟာပန်သွန်ကျောက်တုံးတစ်ထောင်နှင့် ညီမျှသည်။

စစ်သည်တော်များက အချင်းချင်း ကြည့်လိုက်ကြသည်။ ထို့နောက် ခေါင်းဆောင်စစ်သည်တော်က ထိုမဟာပန်သွန်ကျောက်တုံးများကို လက်ခံလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ မကြာမီ သူတို့က ဟန်မူယဲ့ကို အဝေးသို့ ခေါ်ဆောင်သွားကြသည်။

ဟန်မူယဲ့ ထွက်သွားသည်ကို ငေးကြည့်နေစဉ် ဟဲချန်းယန်၏ မျက်နှာပေါ်မှာ စိတ်ကျေနပ်သောအပြုံး ထွက်ပေါ်လာသည်။

“ ကျန်းထျန်းသေမင်းတပ်စခန်းထဲမှာ ကနဦးမူလအဆင့်ကို မဆိုထားနဲ့ စကြာဝဠာအဆင့် ကျင့်ကြံသူတွေတောင် အသက်ရှင်လျက် ပြန်လာနိုင်ဖို့ မသေချာဘူး ”

“ အဲ့ဒါက ငါ့ရဲ့ ယွင်ထျန်းတာအိုဂိတ်ကို ဆန့်ကျင်ရဲတဲ့ လူတွေရဲ့ ကံကြမ္မာပဲ ”

ဟဲချန်းယန်က အေးတိအေးစက် နှာခေါင်းရှုံ့လိုက်သည်။

ထိုစဉ် သူ့ဘေးမှာ မတ်တတ်ရပ်နေသော ရှောက်လင်က ဟဲချန်းယန်ကို အရိုအသေပေးလိုက်သည်။

“ သွားကြစို့ ”

“ ယွင်ထျန်းတာအိုဂိတ်ရဲ့ တပ်စခန်းကို ငါတို့ပြန်ယူကြမယ်… ပြီးတော့ တိုက်ပွဲအခင်းအကျင်းကို ဖွဲ့စည်းရမယ် ”

“ တကယ်လို့ ငါ့ရဲ့ ဦးရီးတော်က ကောင်းကင်ဘုံအစောင့်တပ်ထဲ ဝင်ရောက်နိုင်မယ်ဆိုရင် ငါ့ရဲ့ ယွင်ထျန်းတာအိုဂိတ်က အနာဂတ်မှာ ကြီးပွားတိုးတတ်လိမ့်မယ် ”

…..

ကျန်းထျန်းသေမင်းတပ်စခန်း… ။

ဟန်မူယဲ့က သူ့ဘေး၌ တင်ပျဉ်ခွေလျက် တရားထိုင်နေကြသော ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူတို့ထဲမှ တချို့က ပျင်းရိလေးဖင့်စွာ လဲလျောင်းနေကြသည်။

“ ကောင်လေး… မင်းက ဘယ်လိုအကြောင်းကြောင့် ဒီကို ရောက်လာပါစေ… အခု ဒီကို ရောက်နေပြီဆိုမှတော့ မင်းရဲ့ ကံကြမ္မာက တရားသေ သတ်မှတ်ခံလိုက်ရပြီ ”

ဖရိုဖရဲဖြစ်နေသော အဖိုးအိုတစ်ယောက်က ဟန်မူယဲ့ကို ခေါင်းလှည့်ကြည့်လိုက်ပြီး ပြောသည်။

အခြားတစ်ဖက်တွင် အနက်ရောင်သံချပ်ကာဝတ် အမျိုးသားက ဟန်မူယဲ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

“ ကျန်းထျန်းသေမင်းတပ်စခန်းရဲ့ တာဝန်တွေက ရှေ့တန်းမှာ တိုက်ခိုက်ဖို့ပဲ ”

“ တိုက်ပွဲဆယ်ပွဲအထိ အသက်ရှင်နိုင်မယ်ဆိုရင် မင်းက လွတ်လပ်မှုကို ပြန်ရလိမ့်မယ် ”

“ တိုက်ပွဲတစ်ရာအထိ အသက်ရှင်နိုင်မယ်ဆိုရင် မင်းက ကောင်းကင်ဘုံအစောင့်တပ်ကို ဝင်ရောက်နိုင်လိမ့်မယ် ”

အနက်ရောင်သံချပ်ကာဝတ် အမျိုးသားက ပြောသည်။ သူက ဟန်မူယဲ့ထံသို့ လျှောက်သွားပြီး ပျင်းရိစွာ လက်သီးထိုးလွှတ်လိုက်သည်။

ဘေးပတ်ဝန်းကျင်မှ လူများက မျက်လုံးဖွင့်လိုက်ကြပြီး ဟန်မူယဲ့ထံသို့ လက်သီးကျရောက်သွားသည်ကို ကြည့်လိုက်ကြသည်။

သူတို့က ထိုမြင်ကွင်းကို အတိတ်မှာ မရေမတွက်နိုင်အောင် မြင်ဖူးသည်။

“ ဘန်း ”

လက်သီးက ဟန်မူယဲ့၏ ရင်ဘက်ပေါ်သို့ ကျရောက်သွားသည်။

သို့သော်လည်း ဟန်မူယဲ့သည် နေရာမှ တစ်လက်မပင် မရွေ့သွားပေ။

“ ငါ့ရဲ့ လက်သီးထိုးချက်ကို မသေဘဲ တောင့်ခံနိုင်တယ်ဆိုတော့ မင်းက ငါ့နောက်လိုက်ဖို့ အရည်အချင်းပြည့်မီတယ် ”

အနက်ရောင်သံချပ်ကာဝတ် အမျိုးသားက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူ၏ အမူအရာက အနည်းငယ် ပျော့ပျောင်းသွားသည်။

ဘေးပတ်ဝန်းကျင်မှ တခြားလူများသည်လည်း စိတ်အေးသွားကြသည်။

အနက်ရောင်သံချပ်ကာဝတ် အမျိုးသားက နောက်တစ်ကြိမ် လက်သီးဆုပ်လိုက်သည်။ ဤတစ်ကြိမ်တွင် အစွမ်းထက် သွေးချီစွမ်းအားက သူ၏ ဘေးပတ်ဝန်းကျင်မှာ သိပ်သည်းသွားသည်။

“ ငါ့ရဲ့ နောက်ထပ် လက်သီးထိုးချက်ကို မင်းတောင့်ခံနိုင်သေးတယ်ဆိုရင် ငါနဲ့ ဘေးချင်းကပ်လမ်းလျှောက်ဖို့ အရည်အချင်းပြည့်မီတယ် ”

“ ဘန်း ”

လက်သီးချက်က ဟန်မူယဲ့၏ ရင်ဘက်ပေါ်သို့ ကျရောက်သွားသည်။

သို့သော်လည်း ဟန်မူယဲ့က နေရာမှ မရွေ့သွားပေ။

ဘေးပတ်ဝန်းကျင်တွင် အံ့ဩသော အသံများ ထွက်ပေါ်လာသည်။

“ ကောင်းပြီ… အခုကစပြီး မင်းက ငါနဲ့အတူ လိုက်နိုင်ပြီ ”

အနက်ရောင်သံချပ်ကာဝတ် အမျိုးသားက ကျယ်လောင်စွာ ကြေညာလိုက်သည်။

“ တတိယမြောက် လက်သီးကရော ”

ဟန်မူယဲ့က ပြောသည်။

အနက်ရောင်သံချပ်ကာဝတ် အမျိုးသားက အံ့ဩသွားသည်။ ထို့နောက် သူက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

“ တတိယမြောက် လက်သီးထိုးချက်ကို မင်းခုခံနိုင်မယ်ဆိုရင် ငါက မင်းနောက်ကို လိုက်မယ် ”

သူက စကားဆုံးသွားသည်နှင့် နောက်ထပ် လက်သီးတစ်လုံးကို ထိုးလွှတ်လိုက်သည်။

သူလက်သီးထိုးလွှတ်လိုက်သည်နှင့်ချက်ချင်း သွေးနီရောင်အလင်းက သူ၏ လက်သီးတစ်ဝိုက်မှာ ရစ်ပတ်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ ဘေးပတ်ဝန်းကျင်၌ မူလစွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားသည်။

ထိုလက်သီးထဲမှာ မိုးမြေစွမ်းအားက ကိန်းအောင်းနေလေရာ ယင်းက တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူများကို တစ်ချက်တည်း သေဆုံးစေနိုင်သည်။

ကျန်းထျန်းသေမင်းတပ်စခန်းထဲတွင် တာအိုငြိမ်းသတ်ခြင်းအဆင့် ကျင့်ကြံသူများကို ဆရာသခင်တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။

ထိုလက်သီးကို မြင်သွားသောအခါ လူတိုင်းက အသက်ရှူရပ်တန့်သွားကြသည်။

ထိုစဉ် ဟန်မူယဲ့က သူ၏ လက်ဖဝါးကို သာမန်ကာလျှံကာ မြှောက်လိုက်ပြီး အရှေ့သို့ တွန်းထုတ်လိုက်သည်။

“ ငါ့ရဲ့ ဒီလက်ဝါးကို မင်းခုခံနိုင်တယ်ဆိုရင် ငါ့နောက်လိုက်ဖို့ မင်းမှာ အရည်အချင်းရှိတယ် ”

All Chapters