← Chapters

အခန်း (၁၆၂၀)

Vol. 116 Ch. 1620

အခန်း (၁၆၂၀)

Vol. 116 Ch. 1620

ဧရာမတောင်ကြီးသဖွယ် ကြီးမားလှသော ဘီလူးတစ်ကောင်က မိုးမြေကြားထဲမှာ မားမားမတ်မတ် ရပ်နေသည်။

ထိုဧရာမတောင်ကြီး ထွက်ပေါ်လာသည့်အခါ အချင်းမိုင်တစ်သောင်းဧရိယာထဲမှ မိုးမြေက တုန်ယင်သွားပြီး အဆုံးမဲ့သော လွင့်မျောတိမ်တိုက်များက စတင်စုဝေးသွားကြသည်။

အန္တိမတာအိုအဆင့် ကျင့်ကြံသူများသည် မီတာသုံးဆယ်ရှည်လျားသော ဘီလူးခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်ကြသည်။

ကနဦးမူလအဆင့် ကျင့်ကြံသူများသည်တော့ မီတာသုံးရာရှည်လျားကြသည်။

စကြာဝဠာအဆင့်တွင် တစ်စုံတစ်ယောက်သည် မိုးမြေ၏ ဖိနှိပ်မှုကို ချိုးဖြတ်နိုင်သွားပြီး မီတာတစ်ထောင်ရှည်လျားသော ဘီလူးအဖြစ် အသွင်ပြောင်းလဲနိုင်လိမ့်မည်။

စကြာဝဠာအဆင့်၏ အထက်အဆင့်ဖြစ်သော ယင်ယန်အဆင့်သို့ ဝင်ရောက်နေသူများသာလျှင် ဤမဟာမူလဘုံထဲမှာ ဧရာမတောင်ကြီးအဖြစ် အသွင်ပြောင်းလဲနိုင်ကြသည်။

ယင်ယန်အဆင့်၏ တိုက်ပွဲစွမ်းအားက စစ်တပ်တစ်ခုလုံးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။

ထိုသို့ကျွမ်းကျင်ပညာရှင်များသည် စစ်သည်တော်တစ်သန်းကို အမိန့်ပေးနိုင်ကြပြီး ကောင်းကင်ဘုံအစောင့်တပ်ထဲမှာပင် လက်ထောက်ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာနိုင်ကြသည်။

“ ယင်ယန်အဆင့်… ”

ဟန်မူယဲ့၏ အနောက်မှ ကျန်းကန်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ မျက်လုံးက ဝင်းလက်တောက်ပသွားသည်။

သခင်လု၏ နှုတ်ခမ်းက ထိန်းချုပ်မရအောင် တုန်ရီသွားသည်။ သူ၏ မျက်လုံးထဲမှ နတ်ဘုရားအလင်းက ဖော်မပြနိုင်အောင် တောက်ပနေသည်။

“ ငါတော့ ချမ်းသာတော့မယ်… ဒီတစ်ကြိမ် ငါတော့ ချမ်းသာတော့မယ် ”

ဟန်မူယဲ့က ခြေတစ်လှမ်းဖြင့် မိုင်တစ်ထောင်အကွာအဝေးကို ဖြတ်ကျော်သွားသည်။ သူက မနှေးလွန်း မမြန်လွန်းသော အလျင်ဖြင့် လမ်းလျှောက်နေသည်။

ကျန်းကန်းနှင့် တခြားလူများက သူ့အနောက်မှ နီးကပ်စွာ လိုက်သွားကြသည်။ သူတို့က ဟန်မူယဲ့နောက်သို့ လိုက်မီရန် အားကုန်ထုတ်၍ ရွေ့လျားနေကြသည်။

ထိုအုပ်စု အဝေးသို့ ရောက်သွားသည့်အခါမှသာ ကျောက်ဖြူဂိုဏ်းမှ မောက်တာ့ဟဲက စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။

“ ဘုရားရေ… အဲ့ဒီလူက ဘယ်လိုမွန်းစတားကြီးလဲ… ”

သူ၏ ဘေးမှ တခြားလူများသည်လည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ ရှင်းလင်းစွာပင် ယင်းက ယခုအချိန်မှာ သူတို့အားလုံး တူညီစွာ တွေးတောနေကြသောအရာ ဖြစ်သည်။

မွန်းစတား… ။

ဧရာမတောင်ကြီးသမျှ အရွယ်အစားကြီးမားသော အစွမ်းထက်ပညာရှင်တစ်ယောက်က မည်သို့ကြောင့် ဤကျန်းချန်းသေမင်းတပ်စခန်းထဲမှာ ထွက်ပေါ်လာရသနည်း။

၎င်းက သေချာပေါက် မွန်းစတားဖြစ်ရမည်။

ထိုအတွေးကြောင့် သူတို့က ဟန်မူယဲ့နောက်သို့ လိုက်လျှင် မရေမတွက်နိုင်သော စစ်ရေးအကျိုးပြုမှုတုံကင်များ ရရှိနိုင်ကြောင်း မေ့သွားကြသည်။

ပိုပြီးအရေးကြီးသည်မှာ သူတို့က ဟန်မူယဲ့၏ ခွန်အားကြောင့် ကြောက်လန့်သွားကြသည်။

“ ဘန်း ”

မိုင်တစ်ရာအဝေးတွင် ဟန်မူယဲ့က လက်သီးကို ထိုးလွှတ်လိုက်သည်။

မိုးမြေကြားတွင် မဟာတာအိုစွမ်းအားက စုဝေးသွားပြီး မိုးကြိုးသွားတစ်စင်းအဖြစ် အသွင်ပြောင်းလဲသွားသည်။ မိုးကြိုးသွားရစ်ပတ်နေသော သူ၏ လက်သီးက မြေကြီးပေါ်မှ တောင်တန်းများနှင့် မြစ်ချောင်းများပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။

ယင်းက လက်သီးတစ်ချက်သာ မဟုတ်ပေ။ ယင်းက မိုးမြေ၏ အကြွင်းမဲ့ဖိနှိပ်မှု ဖြစ်သည်။

မရေမတွက်နိုင်သော ကြယ်စွမ်းအင်က ဒြပ်ထည်ဖွဲ့စည်းသွားသည့်အခါ ရွှေရောင်လက်သီးက မီတာတစ်ထောင် အရွယ်အစားကြီးမားသွားသည်။

လက်သီးပုံရိပ်က တောင်တန်းများပေါ်သို့ တိုက်ရိုက် ဆင်းသက်သွားသည်။

“ ဗုန်း ”

ထိုလက်သီးထိုးချက်က တောင်တန်းများနှင့် မြစ်ချောင်းများကို ချက်ချင်း အက်ကွဲပျက်စီးသွားစေသည်။

ဤနေရာသည် မဟာပန်သွန်ဘုံ မဟုတ်ပေ။ သို့ဖြစ်၍ ဤနေရာမှ မူလစွမ်းအားက ဟန်မူယဲ့ကို မဖိနှိပ်နိုင်ပေ။

မိုင်တစ်ထောင်ကျယ်ပြောသော တောင်တန်းဒေသက ပြိုကျပျက်စီးသွားပြီး မြစ်ရေပြင်က လှိုင်းတဝုန်းဝုန်း ထသွားသည်။

ကျောက်ဆောင်ကျောက်တုံးများက တုန်ယင်သွားပြီး လေကြမ်းများက ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ စကြာဝဠာနယ်မြေတစ်ခုက သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။

“ ဝါးမျိုလိုက် ”

ဟန်မူယဲ့၏ အမိန်ပေးမှုအောက်မှာ စကြာဝဠာနယ်မြေက တိုးညင်းစွာ ဟိန်းဟောက်လိုက်ပြီး အက်ကွဲပျက်စီးနေသော တောင်ထွတ်ဆယ်ခုကို တိုက်ရိုက် ယူဆောင်လိုက်သည်။ ပရမ်းပတာ လှုပ်ခတ်နေသော မြစ်ချောင်းသည်လည်း စကြာဝဠာနယ်မြေထဲသို့ ဆွဲသွင်းခံလိုက်ရသည်။

အချင်းမိုင်တစ်ထောင်ကျယ်ပြောသော ဧရိယာထဲမှ တောင်တန်းအားလုံး၊ မြစ်ချောင်းအားလုံးနှင့် သက်ရှိအားလုံးက စကြာဝဠာနယ်မြေထဲသို့ ထည့်သွင်းခံလိုက်ကြရသည်။

ယင်းက ကောင်းကင်ဘုံစစ်ပွဲတွင် အစွမ်းထက်ပညာရှင်များ လုပ်ဆောင်ကြသောအရာ ဖြစ်သည်။ ယင်းက အရင်းအမြစ်စုဆောင်းခြင်း ဖြစ်သည်။

မိုးမြေ၏ တစ်စိတ်တစ်ပိုင်းက တစ်စုံတစ်ယောက်၏ စကြာဝဠာနယ်မြေထဲသို့ ထည့်သွင်းခံလိုက်ရသည့်အခါ ယင်းက အကြွင်းမဲ့ သိမ်းပိုက်ခံရလိမ့်မည်။

စကြာဝဠာနယ်မြေထဲသို့ ဝင်ရောက်သွားသော တောင်တန်းများနှင့် မြစ်ချောင်းများက ဟန်မူယဲ့၏ သန့်စင်ခံရပြီးလျှင် သူ့ကိုယ်ပိုင်စကြာဝဠာ၏ တစ်စိတ်တစ်ပိုင်းများ ဖြစ်လာကြလိမ့်မည်။

အပြန်အလှန်အနေဖြင့် သန့်စင်ခံလိုက်ရသော ထိုစွမ်းအားက သူ၏ လက်သီးပုံရိပ်ကို အစွမ်းမြှင့်တင်ပေးလိမ့်မည်။

ထို့ကြောင့် ဟန်မူယဲ့ လက်သီးထိုးလွှတ်လိုက်သည့်အခါတိုင်း တောင်တန်းများနှင့် မြစ်ချောင်းပုံရိပ်များက သူ၏ လက်သီးပုံရိပ်ထဲမှာ ထွက်ပေါ်လာကြသည်။

“ ဝီး ”

နတ်ဘုရားအလင်းက အချင်းမိုင်တစ်ထောင်ကျယ်ပြောသော ကောင်းကင်ယံမှာ ထွက်ပေါ်လာသည်။

အဆုံးမဲ့သော အာကာသနှင့် ကြယ်ပင်လယ်က ထွက်ပေါ်လာသည်။

ဟန်မူယဲ့ လက်သီးထိုးလိုက်သည့်အခါတိုင်း တောင်တန်းများနှင့် မြစ်ချောင်းပုံရိပ်များက ထွက်ပေါ်လာကြသည်။

ပျက်စီးသွားသော ကမ္ဘာများက ဟန်မူယဲ့၏ စကြာဝဠာထဲသို့ ထည့်သွင်းခံလိုက်ကြရသည်။

ကျန်းကန်းနှင့် တခြားလူများသည်တော့ သူတို့၏ ဘေးပတ်ဝန်းကျင်မှ သန္ဓေပြောင်းသားရဲများကို သတ်ဖြတ်လိုက်ကြသည်။

ဟန်မူယဲ့၏ လက်သီးပုံရိပ်များက မိုးမြေကြားမှ တောင်တန်းများနှင့် မြစ်ချောင်းများကို ဖျက်ဆီးလိုက်သည့်အခါ ထိုနေရာများမှာ နေထိုင်ကြသော သန္ဓေပြောင်းသားရဲများက နေစရာဘုံပျောက်သွားကြသည်။

ထို့ကြောင့် ၎င်းတို့က အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးသွားကြသည်။

ဝမ်းသာပျော်ရွှင်မှုက ကျန်းကန်းနှင့် သူ့အပေါင်းအဖော်များ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သို့သော်လည်း တစ်ခဏကြာပြီးနောက် သူတို့က မျက်မှောင်ကြုတ်လိုက်ကြသည်။

သူတို့က သန္ဓေပြောင်းသားရဲအများအပြားကို သတ်ဖြတ်ခဲ့ကြသည်။ သို့သော်လည်း သူတို့က ရွှေရောင်မိစ္ဆာအရိုးများနှင့် မဟာပန်သွန်ကျောက်တုံးများကို မစုဆောင်းနိုင်ကြချေ။

သူတို့က ခေါင်းလှည့်လိုက်ကြပြီး ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ ရွှေရောင်အလင်းတန်းများက ရွှေရောင်စက်လုံးများအဖြစ် ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။ ထို့နောက် ရွှေရောင်စက်လုံးများက လူတိုင်းထံသို့ အသီးသီးပျံသန်းသွားကြသည်။

“ ငါမင်းတို့ကို သိုလှောင်လေဟာနယ် ငှားပေးမယ် ”

သိုလှောင်လေဟာနယ်… ။

သိုလှောင်လေဟာနယ်သည် သူ့ကိုယ်ပိုင်စကြာဝဠာမှ ခွဲထွက်သွားသော စွမ်းအားဖြစ်သည်။

တစ်စုံတစ်ယောက်က ကနဦးမူလအဆင့်သို့ မရောက်ရှိသေးလျှင် ပစ္စည်းများကို သိမ်းဆည်းရန် မူလလေဟာနယ်ကို ဖွဲ့စည်းနိုင်ဦးလိမ့်မည် မဟုတ်ချေ။

စကြာဝဠာအဆင့် ကျင့်ကြံခြင်းစွမ်းအားမရှိလျှင် တစ်စုံတစ်ယောက်က သိုလှောင်လေဟာနယ်ကို တခြားလူများဆီသို့ ခွဲပေးနိုင်လိမ့်မည် မဟုတ်ချေ။

ရွှေရောင်စက်လုံးများကို ဖမ်းဆုပ်လိုက်သည့်အခါ လူတိုင်းက ဝမ်းသာပျော်ရွှင်သွားကြသည်။

ဟန်မူယဲ့က သူတို့ရှာဖွေထားသော ရွှေရောင်မိစ္ဆာအရိုးများနှင့် မဟာပန်သွန်ကျောက်တုံးများအား လက်ဝါးကြီးအုပ်သွားမည်ကိုတော့ သူတို့မစိုးရိမ်ကြပေ။

ဟန်မူယဲ့ကဲ့သို့ ယင်ယန်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦးက မည်သို့ကြောင့် ထိုပစ္စည်းသေးသေးလေးများကို စိတ်ဝင်စားမည်နည်း။

သူ၏ အဓိကရည်ရွယ်ချက်က မိုးမြေစွမ်းအားကို စုစည်းရန် ဖြစ်သည်။

“ ဗုန်း ”

တောင်ထွတ်ဆယ်ခုကို စုပ်ယူပြီးနောက် ကျယ်လောင်သော မြည်ဟိန်းသံက အဝေးမှ ပဲ့တင်ထပ်လာသည်။ ဧရာမပုံရိပ်တစ်ခုက ဤနေရာဆီသို့ အမြန်ပြေးလာနေသည်။

ထိုသူက မီတာတစ်သောင်းရှည်လျားသော တိုက်တန်တစ်ကောင် ဖြစ်သည်။

၎င်းက မဟာမူလဘုံမှ ယင်ယန်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး ၎င်း၏ လက်နှစ်ဖက်စလုံးမှာ ရှည်လျားသော လက်သည်းများ ရှိကြသည်။ ၎င်း၏ မျက်လုံးများက သွေးနီရောင်အလင်းကို ထုတ်လွှတ်နေပြီး ၎င်း၏ နဖူးပေါ်တွင် ရှည်လျားသော ဦးချိုတစ်ချောင်း ရှိသည်။

၎င်း၏ အနက်ရောင်အကြေးခွံများပေါ်တွင် နက်နဲသိမ်မွေ့သော သင်္ကေတအမှတ်အသားများရှိပြီး ယင်းတို့က ရွှေရောင်အလင်းလွှာတစ်ခုကို ဖွဲ့စည်းပေးနေသည်။

၎င်း၏ ချွန်ထက်သော လက်သည်းရှည်များပေါ်မှာပင် အနက်ရောင်အလင်းစီးကြောင်းတချို့ကို မြင်တွေ့နိုင်ပေသည်။

မဟာမူလကလန်… ။

၎င်းတို့က မဟာမူလဘုံ၏ အရှင်သခင်များ ဖြစ်ကြသည်။

၎င်း၏ ခန္ဓာကိုယ်အရွယ်အစားက ယင်ယန်အဆင့်ဖြစ်သော်လည်း ဤဘုံမှ မိုးမြေစွမ်းအား၏ ကောင်းချီးပေးမှုအောက်မှာ ၎င်းက တခြားဘုံများမှ အဆင့်တူကျင့်ကြံသူများထက် အများကြီး ပိုသန်မာသည်။

“ သေစမ်း ”

မဟာမူလဘုံမှ ယင်ယန်အဆင့် ကျွမ်းကျင်ပညာရှင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ၎င်း၏ အော်သံက ဘေးပတ်ဝန်းကျင်မှ မိုးမြေကို တုန်ယင်သွားစေသည်။

ဤဘုံ၏ အရှင်သခင်တစ်ပါးအနေဖြင့် ၎င်းက မဟာမူလဘုံမှ မိုးမြေစွမ်းအားနှင့် လိုက်လျောညီထွေမှုရှိသည်။

ထိုသို့စွမ်းအားက ယင်ယန်အဆင့်၏ အထွတ်အထိပ် ဖြစ်သည်။

“ ဘန်း ”

မဟာမူလကလန်မှ ယင်ယန်အဆင့် ကျွမ်းကျင်ပညာရှင်က စတင်လှုပ်ရှားလိုက်သည့်အခါ ဟန်မူယဲ့က လက်သီးတစ်လုံး ထိုးလွှတ်လိုက်သည်။

ထိုလက်သီးထိုးချက်က မူလစွမ်းအား၏ ဒြပ်ထည်ဖွဲ့စည်းမှု ဖြစ်သည်။

ယင်းထဲမှာ ကိန်းအောင်းနေသော ရေခဲစွမ်းအားက ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို ချက်ချင်း အေးခဲသွားစေသည်။

ထိုလက်သီးချက်သည် မိုးမြေကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားကို သယ်ဆောင်လျက် မဟာမူလကလန်မှ ယင်ယန်ပညာရှင်၏ ရင်ဘက်ပေါ်သို့ ဦးတည်သွားသည်။

မီတာတစ်သောင်းရှည်လျားကြသော ဘီလူးတစ်ကောင်အတွက် ထိုလှုပ်ရှားမှုက ရိုးရှင်းပြီး ထိရောက်သည်။

ကြောက်ရွံ့မှုက မဟာမူလကလန်မှ ယင်ယန်ပညာရှင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ၎င်းက လက်သည်းများကို အမြန်မြှောက်တင်လိုက်ပြီး ၎င်း၏ ရင်ဘက်အရှေ့မှာ ခုခံလိုက်သည်။ ရွှေရောင်အလင်းလွှာက ၎င်း၏ ရင်ဘက်အရှေ့မှာ ဖွဲ့စည်းသွားသည်။

မဟာမူလကလန်၏ အဖွဲ့သားများက လျှင်မြန်မှုနှင့် ချွန်ထက်သော လက်သည်းများကြောင့်သာ နာမည်ကျော်ကြားခြင်း မဟုတ်ပေ။ ၎င်းတို့၏ ခုခံကာကွယ်မှုသည်လည်း အလွန်သန်မာသည်။

သို့သော်လည်း မဟာမူလကလန် ဂုဏ်ယူရသော ထိုခုခံကာကွယ်မှုက ဟန်မူယဲ့၏ လက်သီးအရှေ့မှာ စက္ကူတစ်ရွက်နှယ် ဆုတ်ပြဲသွားသည်။

“ ဗုန်း ”

ရွှေရောင်အလင်းလွှာက ချက်ချင်း အက်ကွဲသွားသည်။

ဟန်မူယဲ့၏ လက်သီးက မဟာမူလဘုံမှ တိုက်တန်၏ ရင်ဘက်ပေါ်သို့ ကျဆင်းသွားသည်။

တိုက်တန်၏ ခန္ဓာကိုယ်ထဲမှ အရိုးများက ကျိုးကြေသွားပြီး ၎င်းက မြေကြီးပေါ်သို့ လဲကျသွားသည်။

ထိုလက်သီးချက်ထဲမှာ ကိန်းအောင်းနေသော စွမ်းအားက စိတ်ကူးမယဉ်နိုင်အောင် အလွန်သန်မာသည်။

ဟန်မူယဲ့၏ တိုက်ခိုက်မှုက မပြီးသေးပေ။

သူက ညာခြေထောက်ကို မြှောက်လိုက်ပြီး တိုက်တန်၏ ရင်ဘက်ပေါ်သို့ အကြမ်းပတမ်း နင်းချလိုက်သည်။

“ ခရက် ”

ကျောရိုးအက်ကွဲသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

မဟာမူလကလန်မှ တိုက်တန်သည် စက္ကန့်အနည်းငယ်ကြာ ရုန်းကန်ပြီးနောက် ငြိမ်သက်သွားသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး တိုက်တန်၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက တိုက်တန်ကို သူ့ကိုယ်ပိုင် စကြာဝဠာနယ်မြေထဲသို့ ထည့်သွင်းလိုက်သည်။

စကြာဝဠာနယ်မြေထဲသို့ ဝင်ရောက်သွားပြီး သိပ်မကြာမီ တိုက်တန်၏ ဧရာမခန္ဓာကိုယ်က မရေမတွက်နိုင်သော မဟာပန်သွန်ကျောက်တုံးများနှင့် အဆုံးမဲ့သော သွေးချီစီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။

တိုက်တန်၏ အားဖြည့်ပေးမှုအောက်မှာ စကြာဝဠာနယ်မြေက တုန်ယင်သွားပြီး မိုးမြေက ပိုပြီးအုတ်မြစ်ခိုင်မာသွားသည်။ ထို့နောက် နတ်ဘုရားအလင်းက စကြာဝဠာနယ်မြေထဲမှာ ထိန်ထိန်လင်းသွားသည်။

ကျန်းကန်းနှင့် တခြားလူများက ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

မဟာမူလဘုံ၏ ယင်ယန်အဆင့်ပညာရှင် တိုက်တန်တစ်ကောင်က ထိုအတိုင်း အသတ်ခံလိုက်ရသည်လော။

အဲ့ဒါ အရမ်းမလွယ်နေဘူးလား… ။

“ စစ်မြေပြင်ကို ရှင်းလင်းကြ ”

ဟန်မူယဲ့က အမိန့်ပေးလိုက်သည်။

အစောနက သူ၏ လက်သီးထိုးချက်အောက်မှာ ရွှေရောင်အလင်းလွှာက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားခဲ့ပြီး ယင်း၏ အပိုင်းအစများက အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားခဲ့သည်။

ရွှေရောင်အလင်းလွှာသည် ယင်ယန်အဆင့်ပညာရှင်တစ်ဦး၏ ရတနာဖြစ်သည်။ ယင်းက ယင်ယန်အဆင့် မဟာပန်သွန်ကျောက်တုံးများဖြင့် တန်ဖိုးညီမျှသည်။

ကျန်းကန်းနှင့် တခြားလူများက ရွှေရောင်အလင်းလွှာ၏ အစိတ်အပိုင်းများကို အမြန်စုဆောင်းလိုက်ကြသည်။

သခင်လုသည်ပင် ပြန့်ကျဲသွားသော ရတနာများကို ဂရုတစိုက် လိုက်လံစုဆောင်းနေသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ သူ၏ လက်ထဲမှ ကောင်းကင်ဘုံအစောင့်တပ်တုံကင်က ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။

အစွမ်းထက်ရန်သူများကို သတ်ဖြတ်ခြင်းက အကျိုးပြုမှုတုံကင်များကို ရရှိစေလိမ့်မည်။

တခြားဘုံ၏ မိုးမြေကို ဖျက်ဆီးပစ်ခြင်းသည်လည်း အကျိုးပြုမှုတုံကင်များကို ရရှိစေလိမ့်မည်။

ယခုအချိန်တွင် သူ၏ ကောင်းကင်ဘုံအစောင့်တပ်တုံကင်ထဲမှာ အကျိုးပြုမှုတုံကင်အရေအတွက်က စုစုပေါင်းသုံးထောင်အထိ ရှိသွားသည်။

အကျိုးပြုမှုတုံကင်တစ်ခုက တိုက်ပွဲတစ်ခုကို ကိုယ်စားပြုသည်။ တစ်စုံတစ်ယောက်က တိုက်ပွဲတစ်ရာကို ကျော်ဖြတ်ပြီးလျှင် ကောင်းကင်ဘုံအစောင့်တပ်သားတစ်ယောက် ဖြစ်လာလိမ့်မည်။

ဟန်မူယဲ့၏ လက်ရှိ တိုက်ပွဲအကျိုးပြုမှုတုံကင်များအရ သူက ကောင်းကင်ဘုံအစောင့်တပ်သားတစ်ယောက်ဖြစ်ရန် အရည်အချင်းပြည့်မီသွားသည်။

သို့သော်လည်း ဟန်မူယဲ့အတွက်တော့ ကောင်းကင်ဘုံအစောင့်တပ်သားဖြစ်လာခြင်းက ဒုတိယဦးစားပေး ဖြစ်သည်။

သူ၏ အဓိကဦးစားပေးက မိုးမြေမူလစွမ်းအားကို စုဆောင်းရန် ဖြစ်သည်။ သို့မှသာ သူ့ကိုယ်ပိုင်စကြာဝဠာနယ်မြေက ဆင့်ကဲပြောင်းလဲနိုင်လိမ့်မည်။

“ ဂျိန်း ”

အဝေးမှ ကောင်းကင်ယံတွင် ရွှေရောင်မိုးကြိုးသွားတစ်စင်းက သူ့အပေါ်သို့ တိုက်ရိုက် ကျဆင်းလာသည်။

မနီးမဝေးတွင် မီတာတစ်သောင်းရှည်လျားသော တိုက်တန်တစ်ကောင်က ရွှေရောင်တုတ်ချောင်းကို ကိုင်ထားလျက် မိုးမြေကြားထဲမှာ မတ်တတ်ရပ်နေသည်။ ၎င်းက ရွှေရောင်မိုးကြိုးသွားကို ဆင့်ခေါ်နေသည်။

ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး မျက်လုံးမှေးကျဉ်းလိုက်သည်။

“ ငါ့အရှေ့မှာ မိုးကြိုးတာအိုစွမ်းအားကို အသုံးပြုရဲတယ် ”

“ တကယ့်မိုးကြိုးက ဘာလဲ ငါမင်းကို ပြမယ် ”

သူစကားပြောလိုက်သည်နှင့် သန်းပေါင်းများစွာသော မိုးကြိုးသွားများက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။

မိုးကြိုးသွားတစ်ခုစီက အန္တိမတာအိုအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ရန် လုံလောက်သည်။ ကနဦးမူလအဆင့် ကျင့်ကြံသူသည်ပင် ထိုမိုးကြိုးသွား၏ အရှေ့မှာ အန္တရာယ်များပေသည်။

All Chapters