အခန်း (၁၆၂၃)
Vol. 116 Ch. 1623
ဟန်ယွင်ဖုန်း၏ ကျင့်ကြံခြင်းစွမ်းအားက စကြာဝဠာအဆင့်မှာဖြစ်ပြီး သူ့မှာ ကိုယ်ပိုင်စကြာဝဠာတစ်ခုရှိသည်။
သူ့အနောက်မှ ကောင်းကင်ဘုံအစောင့်တပ်သားများထဲတွင် အားအနည်းဆုံး စစ်သည်တော်များက ခြေလှမ်းဝက် ကနဦးမူလအဆင့်မှာ ဖြစ်ကြသည်။
ထိုသို့စစ်တပ်၏ တိုက်ပွဲစွမ်းအားသည် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော တပ်စခန်းများ ယှဉ်ပြိုင်နိုင်သောအရာ မဟုတ်ပေ။
စစ်သည်တော်တစ်သောင်းပါရှိသော တပ်စခန်းတစ်ခုသည်ပင် ကောင်းကင်ဘုံအစောင့်တပ်သားတစ်ရာပါဝင်သော စစ်တပ်တစ်တပ်ကို မယှဉ်နိုင်ပေ။
“ ရှန်းဟဲစီရင်စုရဲ့ ကောင်းကင်ဘုံအစောင့်တပ်ရဲ့ လက်ထောက်ဗိုလ်ချုပ်ရာထူးက လစ်လပ်နေတယ်လို့ ငါကြားတယ်… သူက အဲ့ဒီရာထူးကို လိုချင်နေတာများလား ”
ယန်ယွင်ဖုန်း၏ အနောက်မှ တစ်စုံတစ်ယောက်က တိုးညင်းစွာ ပြောသည်။
ယန်ယွင်ဖုန်းက ခေါင်းညိတ်လိုက်သည့်အခါ သူ၏ အမူအရာက အနည်းငယ် တည်ကြည်သွားသည်။
“ လက်ထောက်ဗိုလ်ချုပ်ချောင်လန် မရှိတော့တာ နှစ်ပေါင်းတစ်ရာရှိသွားပြီ… သူ့ရဲ့ စစ်တပ်က ခေါင်းဆောင်ကင်းမဲ့နေတာ ရာစုနှစ်တစ်ခုရှိသွားပြီ… အခုက အဲ့ဒီနေရာကို ဖြည့်စွက်ဖို့ အကောင်းဆုံးအချိန်ပဲ ”
မနီးမဝေးတွင် ကျောက်မင်ယွင်၊ ရှုဖုန်းယန်နှင့် တခြားလူများက အရပ်မျက်နှာအသီးသီးဆီသို့ ထွက်ပြေးနေကြသော မဟာမူလကလန်မှ တိုက်တန်များကို လိုက်လံသတ်ဖြတ်နေကြသည်။
ခွန်အားမလုံလောက်သော မဟာမူလကလန်မှ တိုက်တန်များက တိုက်ရိုက် ဝိုင်းရံခံလိုက်ကြရပြီး သုတ်သင်ခံလိုက်ကြရသည်။
ယန်ယွင်ဖုန်းနှင့် တခြားလူများက ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ရပ်ကြည့်နေကြသည်။
အဘယ့်ကြောင့်ဆိုသော် ကျောက်မင်ယွင်နှင့် တခြားလူများက ဟန်မူယဲ့နှင့် တစ်ဖွဲ့တည်းဖြစ်ကြောင်း သူတို့ပြောနိုင်ကြသည်။
ဟန်မူယဲ့က အမြန်ရွေ့လျားနေပြီး မဟာမူလကလန်မှ စကြာဝဠာအဆင့် တိုက်တန်များကို လိုက်ဖမ်းနေသည်။ သူ၏ လက်သီးထိုးချက်များက တိုက်တန်များ၏ ဧရာမခန္ဓာကိုယ်ကို တိုက်ရိုက် ပေါက်ကွဲသွားစေသည်။
အချင်းဆယ်မိုင်အတွင်းမှ တောင်တန်းများနှင့် မြစ်ချောင်းများက ပြိုကျပျက်စီးသွားကြသည်။ နောက်အခိုက်အတန့်မှာ ယင်းတို့အားလုံးက သူ့အနောက်မှ စကြာဝဠာနယ်မြေထဲသို့ ဆွဲသွင်းခံလိုက်ကြရသည်။
“ ဝေါင်း ”
အချင်းမိုင်တစ်သောင်းအတွင်းမှ မိုးမြေကို တုန်ယင်သွားစေမည့် မြည်ဟိန်းသံက ထွက်ပေါ်လာသည်။ မိုးမြေကြားတွင် အလင်းစီးကြောင်းများက ထွက်ပေါ်လာကြပြီး အဖြူရောင်နှင့် အနက်ရောင်အဖြစ် နှစ်ခြမ်းခွဲထွက်သွားသည်။
ယန်ယွင်ဖုန်းနှင့် တခြားလူများသည် ရုတ်တရက် ထွက်ပေါ်လာသော အပြောင်းအလဲကြောင့် မျက်နှာပျက်ယွင်းသွားကြသည်။
“ ယင်ယန်အဆင့် သန္ဓေပြောင်းသားရဲတစ်ကောင် ”
ယန်ယင်အဆင့် သန္ဓေပြောင်းသားရဲတစ်ကောင်၏ တိုက်ပွဲစွမ်းအားသည် ယင်ယန်အဆင့် ကျင့်ကြံသူတစ်ယောက်ထက် အများကြီး ပိုသန်မာသည်။ ထိုစွမ်းအားက ၎င်းတို့၏ သွေးမျိုးဆက်ထဲမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထို့ပြင် ၎င်းတို့က မဟာမူလဘုံမှ မိုးမြေစွမ်းအား၏ ကောင်းချီးပေးမှုကိုလည်း ရရှိထားကြသည်။ ထို့ကြောင့် မဟာပန်သွန်ဘုံမှ ကျင့်ကြံသူများသည် အဆင့်တူသော ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ ချက်ချင်း အနောက်ဆုတ်ကြလိမ့်မည်။
“ မြန်မြန် အနောက်ဆုတ်ကြမယ် ”
ယန်ယွင်ဖုန်းက အော်ပြောလိုက်သည်။ ထို့နောက် သူက ကျောက်မင်ယွင်နှင့် တခြားလူများကို ကြည့်လိုက်သည်။
“ မင်းတို့တွေလည်း အမြန်အနောက်ဆုတ်သင့်တယ်… မဟုတ်ရင် ယင်ယန်အဆင့်ပညာရှင်တွေ စတိုက်ခိုက်ကြတဲ့အခါ ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ”
ထိုသို့ပြောပြီးနောက် သူက ချက်ချင်း အနောက်ဆုတ်သွားသည်။
ကျောက်မင်ယွင်နှင့် တခြားလူများက ခေါင်းမော့လိုက်ကြပြီး အဝေးသို့ လှမ်းကြည့်လိုက်ကြသည်။
ထိုနေရာတွင် ဟိန်းသံက ပဲ့တင်ထပ်သွားသည့်အခါ အလွန်အားကောင်းသော သွေးချီအလင်းတန်းတစ်ခု ပေါ်လျှိုးလာသည်။ ယင်းထဲမှာ ကိန်းအောင်းနေသော သွေးချီစွမ်းအားက အလွန်သိပ်သည်းလေရာ အဝေးမှပင် မြင်နိုင်ပေသည်။
“ မင်းတို့တွေ အရင်အနောက်ဆုတ်ကြ ”
ရှုကျိချူးက သူ့ဘေးမှ ရှုဖုန်းယန်နှင့် တခြားလူများကို ကြည့်လိုက်ပြီး ပြောသည်။
“ စီနီယာအကိုရှုဖုန်းယန်နဲ့ ငါက တစ်ချက်သွားကြည့်မယ် ”
“ ငါလည်း လိုက်မယ် ”
မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဝူရှီလန်းက ပြောသည်။
ထို့နောက် သူတို့သုံးယောက်က လေပေါ်သို့ ခုန်လိုက်ကြပြီး မီတာရှစ်ရာရှည်လျားသော ဘီလူးအဖြစ် အသွင်ပြောင်းလဲလိုက်ကြသည်။ သူတို့က ပေါက်ကွဲသံ ထွက်ပေါ်လာသော နေရာဆီသို့ တန်းမတ်စွာ ပြေးသွားကြသည်။
အနောက်ဆုတ်သွားနေသော ကောင်းကင်ဘုံအစောင့်တပ်မှ ယန်ယွင်ဖုန်းနှင့် တခြားလူများက ထိုမြင်ကွင်းကို မြင်သွားသောအခါ မျက်လုံးပြူးကျယ်သွားကြသည်။
“ ဟန်မူယဲ့ရဲ့ နောက်ခံက ဘာလဲ ”
“ သူ့ဆီမှာ ခြေလှမ်းဝက် စကြာဝဠာအဆင့် နောက်လိုက်သုံးယောက်တောင် ရှိတယ်… သူက စီရင်စုထဲက နာမည်ကြီးမိသားစုတစ်ခုကလား ”
ယန်ယွင်ဖုန်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
“ မင်းတို့တွေ အရင်အနောက်ဆုတ်ကြ… အဲ့ဒီကို ငါတစ်ချက်သွားကြည့်ဦးမယ် ”
သူက အလောင်းအစားတစ်ခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ ဟန်မူယဲ့မှာ နောက်ခံအကြီးကြီးတစ်ခု ရှိမည်ဆိုလျှင် သို့မဟုတ် သူက ယင်ယန်အဆင့် သန္ဓေပြောင်းသားရဲတစ်ကောင်ကို အနိုင်ယူနိုင်သည်ဆိုလျှင် ထိုသို့ပုဂ္ဂိုလ်က သူအသိအကျွမ်းလုပ်ရန် ထိုက်တန်ပေသည်။
ထိုသို့ပုဂ္ဂိုလ်က အနာဂတ်မှာ ကြီးမားသော အောင်မြင်မှုများကို သေချာပေါက် ရရှိလိမ့်မည်။
“ ဘန်း ”
အဝေးတွင် ဟန်မူယဲ့က စတင်လှုပ်ရှားလိုက်သည်။
ဤတစ်ကြိမ်တွင် ဟန်မူယဲ့က လက်ဗလာဖြင့် မတိုက်ခိုက်တော့ပေ။ ဓားတစ်လက်က သူ၏ လက်ထဲမှာ ထွက်ပေါ်လာသည်။
သူက ဓားရှည်ကို အလျားလိုက် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ မိုင်တစ်ထောင်ရှည်လျားသော ဓားအလင်းက ပျံသန်းထွက်သွားပြီး အဝေးမှ ချဉ်းကပ်လာနေသော သန္ဓေပြောင်းသားရဲကို တန်းမတ်စွာ ထိမှန်သွားသည်။
ဓားအလင်းသည် အဆုံးမဲ့သော မီးတောက်များကို သယ်ဆောင်လျက် သန္ဓေပြောင်းသားရဲ၏ ဧရာမခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ မီးတောက်မီးလျှံများက သန္ဓေပြောင်းသားရဲကို မရပ်မစဲ လောင်ကျွမ်းပစ်နေသည်။
ယင်ယန်အဆင့် သန္ဓေပြောင်းသားရဲသည် မီတာတစ်သောင်းရှည်လျားပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။ ဦးချိုနှစ်ချောင်းက ၎င်း၏ ဦးခေါင်းပေါ်မှာ ဆူထွက်နေပြီး ၎င်း၏ ခြေဖဝါးအောက်မှာ ဆီးနှင်းခဲများရှိသည်။
၎င်းက ယင်ယန်အဆင့် အစွမ်းထက် သန္ဓေပြောင်းသားရဲတစ်ကောင်ဖြစ်သည်။
သို့သော်လည်း ၎င်းမျက်လုံးဖွင့်လိုက်သည့်အခိုက် မျက်လုံးတစ်လုံးက အဖြူရောင်ပြောင်းသွားပြီး တခြားမျက်လုံးတစ်လုံးက အနက်ရောင်ပြောင်းသွားသည်။ ၎င်း၏ မျက်လုံးများထဲမှ ထွက်ပေါ်လာသော အဖြူအနက်အလင်းက ဟန်မူယဲ့ ထုတ်လွှတ်လိုက်သော မီးတောက်ဓားအလင်းတန်းကို ခုခံတားဆီးလိုက်သည်။
“ ဝုန်း ”
အချင်းမိုင်တစ်ရာကျယ်ပြောသော ဧရိယာက အဖြူတစ်ခြမ်း၊ အနက်တစ်ခြမ်းအဖြစ် ခွဲထွက်သွားသည်။
သေခြင်းတရားကို ကိုယ်စားပြုသော အနက်ရောင်အခြမ်းက အက်ကွဲသွားစဉ် ရှင်သန်ခြင်းကို ကိုယ်စားပြုသော အဖြူရောင်အခြမ်းက ပြိုကွဲသွားသည်။
ယင်းက သေခြင်းရှင်ခြင်းစွမ်းအားမှလွဲ၍ တခြားမဟုတ်ပေ။
ထိုသို့သေခြင်းရှင်ခြင်းစွမ်းအားဖြင့် ရင်ဆိုင်ရသည့်အခါ တစ်စုံတစ်ယောက်က တစ်ဖက်လူ၏ မူလစွမ်းအားကို မချိုးဖြတ်နိုင်လျှင် သေခြင်းရှင်ခြင်းနယ်နိမိတ်ထဲမှာ သေချာပေါက် အသက်ဆုံးရှုံးသွားလိမ့်မည်။
ထို့ကြောင့် တစ်စုံတစ်ယောက်၏ စွမ်းအားက ပိုပြီးမြင့်မားလေ သေခြင်းရှင်ခြင်းစွမ်းအားအပေါ် သူတို့၏ ထိန်းချုပ်နိုင်စွမ်းက ပိုပြီးအားကောင်းလေ ဖြစ်သည်။
မိုးမြေအလွန်တွင် မူလစွမ်းအင်အားလုံးက သေခြင်းရှင်ခြင်းနယ်နိမိတ်ကို ဖြတ်ကျော်ကြရလိမ့်မည်။ ထိုသို့စွမ်းအားကို မည်သူက တောင့်ခံနိုင်မည်နည်း။
“ ဝီး ”
အဖြူအနက်အလင်းဖြင့် လွှမ်းခြုံခံလိုက်ရသည့်အခါ ဟန်မူယဲ့၏ မီးတောက်မီးလျှံများက တအိအိလှုပ်ခတ်သွားပြီး ဖရိုဖရဲဖြစ်သွားသည်။ ဤသည်မှာ မီးတောက်များက ငြိမ်းသတ်သွားတော့မည့်အလားပင်။
“ အဲ့ဒါ သေခြင်းရှင်ခြင်းအဆင့် တိုက်ပွဲပဲ… ”
ရှုဖုန်းယန်က အလန့်တကြား ရေရွတ်လိုက်လေရာ ရွှေရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွန်းလင်းသွားသည်။
“ ငါ့ဆရာရဲ့ အကန့်အသတ်က ဘယ်အထိလဲ ငါသိချင်မိတယ် ”
ရှုကျိချူးက နူးညံ့စွာ တီတိုးရေရွတ်လိုက်သည်။
အဝေး၌ ဓားမော့ကိုင်ထားသော ယန်ယွင်ဖုန်းက ဟန်မူယဲ့ကို လှမ်းကြည့်လိုက်သည်။
ယခု ဟန်မူယဲ့၏ တုံ့ပြန်မှုအရ သူက မည်သည့်အစွမ်းထက်တိုက်ခိုက်မှုမှ မထုတ်လွှတ်ရသေးပုံပေါ်သည်။
သို့သော်လည်း ဟန်မူယဲ့က သာမန်မဟုတ်ကြောင်း သူသိသည်။ သို့မဟုတ်လျှင် မည်သို့ကြောင့် ဟန်မူယဲ့က သန္ဓေပြောင်းသားရဲကို အရင်ဦးစွာ တိုက်ခိုက်ခဲ့မည်နည်း။
“ ငါထင်ထားသလိုပဲ ”
ယန်ယွင်ဖုန်းက အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး ဟန်မူယဲ့၏ လက်ကို ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က သူ၏ လက်ထဲမှ ဓားကို မြှောက်လိုက်သည်။
ဓားထိပ်ဖျားပေါ်မှာ အဖြူအနက်အလင်းက စုဝေးသွားသည်။
ယင်းက သေခြင်းရှင်ခြင်းစွမ်းအား ဖြစ်သည်။
သို့သော်လည်း ဤသေခြင်းရှင်ခြင်းစွမ်းအားက အဆုံးစွန်ထိ သိပ်သည်းသွားပြီး အဖြူအနက်ရောင်ခြည်စက်ဝန်းအဖြစ် ကွဲထွက်သွားသည်။
“ ဝှီး ”
ဓားအလင်းက နောက်တစ်ကြိမ် ပျံသန်းထွက်သွားသည်။
ထိုဓားချက်က ရှုဖုန်းယန်၊ ရှုကျိချူးနှင့် တခြားလူများကို မျက်လုံးပြူးကျယ်သွားစေသည်။
ဓားအလင်းက ခမ်းနားထည်ဝါသော်လည်း လေပြေလေညင်းသဖွယ် သိမ်မွေ့နူးညံ့သည်။ မရေမတွက်နိုင်သော အလင်းစီးကြောင်းများက ဓားအလင်းထဲမှာ ယှက်ထွေနေကြစဉ် ထိုဓားချက်က ယင်ယန်နှင့် သေခြင်းရှင်ခြင်းကို တစ်ချက်တည်းဖြင့် ခွဲထုတ်ပစ်နိုင်ပုံပေါ်သည်။
ထိုသို့ဓားစွမ်းရည်က သေချာပေါက် ယင်ယန်အဆင့်၏ အထက်မှာသာ တည်ရှိသည်။
“ ဝီး ”
သန္ဓေပြောင်းသားရဲ၏ မျက်လုံးထဲမှ အဖြူအနက်အလင်းက ချက်ချင်း အက်ကွဲသွားသည်။
အက်ကွဲကြောင်းတစ်ခုက အဖြူအနက်စက်ဝန်းထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် မိုးမြေက အလယ်မှ နှစ်ခြမ်းကွဲထွက်သွားသည်။
အချင်းမိုင်တစ်ရာကျယ်ဝန်းသော ဧရိယာက ချက်ချင်း အေးခဲသွားသည်။ ဤသည်မှာ အချိန်က ရပ်တန့်သွားသည့်အလားပင်။
ဟန်မူယဲ့က သူ၏ ဓားကို နောက်တစ်ကြိမ် မြှောက်လိုက်သည်။
ထိုဓားချက်က အစောနက ဓားချက်နှင့် မတူပေ။ ဤတစ်ကြိမ်တွင် မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပသော ရွှေရောင်အလင်းက ထွက်ပေါ်လာသည်။
ရွှေရောင်အလင်းက အရပ်မျက်နှာပေါင်းစုံမှ ပေါ်လျှိုးလာသည်။ နောက်အခိုက်အတန့်မှာ ယင်ယန်စွမ်းအားနှင့် သေခြင်းရှင်ခြင်းစွမ်းအားက ပျောက်ကွယ်သွားကြပြီး လောကက ဧရာမသက်တံ့အဖြစ် ပြောင်းလဲသွားသည်။
ယင်ယန်ဖြစ်စေ သို့မဟုတ် သေခြင်းရှင်ခြင်းဖြစ်စေ ယင်းတို့အားလုံးက သက်တံ့၏ တစ်စိတ်တစ်ပိုင်းဖြစ်လာကြသည်။
“ ယင်ယန်စက်ဝန်း… အဲ့ဒါက အထွတ်အထိပ် ယင်ယန်အဆင့်လား ”
ယန်ယွင်ဖုန်းက ကောင်းကင်ဘုံအစောင့်တပ်၏ တပ်မှူးတစ်ယောက်ဖြစ်လေရာ ဤလောက၏ ထူးခြားဆန်းကြယ်သော အရာများစွာကို မြင်တွေ့ဖူးသည်။ သို့တိုင် သူက ဤအခိုက်အတန့်မှာ ဟန်မူယဲ့ ထုတ်ဖော်လိုက်သော ဓားနည်းစနစ်ကို ယခင်က တစ်ခါမှ မမြင်ဖူးချေ။
တစ်စုံတစ်ယောက်က ဤလောက၏ ယင်ယန်ကို ပြောင်းပြန်လှန်နိုင်သည်လော။
“ အဲ့ဒါ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းရဲ့ အမွေအနှစ်ပဲ ”
ရှုဖုန်းယန်က တီးတိုးရေရွတ်လိုက်သည်။ စိတ်ရှုပ်ထွေးသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ အမွေအနှစ်ဓားသိုင်းသည် မိုးမြေ၏ အသွင်ပြောင်းလဲမှုစွမ်းအားကို အသုံးပြု၍ စကြာဝဠာကို ပြောင်းပြန်လှန်နိုင်ပြီး ယင်ယန်ကို ပြောင်းလဲပစ်နိုင်သည်။
သို့သော်လည်း ထိုဓားသိုင်းများကို ဒဏ္ဍာရီများထဲမှာသာ သူကြားဖူးသည်။
ဓားကို အသုံးပြု၍ မိုးမြေစွမ်းအားကို ပြောင်းလဲပစ်ခြင်း… ။
တစ်စုံတစ်ယောက်က ထိုသို့လုပ်ဆောင်နိုင်ရန် မည်မျှအစွမ်းထက်သော ဓားတာအိုကို ပိုင်ဆိုင်ထားရမည်နည်း။
“ ဝီး ”
မိုးမြေက ပြောင်းပြန်လှန်သွားသည့်အခါ အရာအားလုံးက ပြောင်းပြန်ဖြစ်သွားသည်။
ထို့ကြောင့် အစောနက ပျက်စီးသွားခဲ့သော အရာအားလုံးက ပြန်ကောင်းမွန်သွားကြပြီး ဤနယ်မြေအတွင်းမှ သက်ရှိများက ပြန်အသက်ရှင်လာကြသည်။
အစောနက သုတ်သင်ခံလိုက်ရသော သန္ဓေပြောင်းသားရဲသည်ပင် ဤအခိုက်အတန့်မှာ မျက်လုံးဖွင့်လိုက်ပြီး စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ အခု ယင်ယန်အဆင့်ရဲ့ စစ်မှန်တဲ့ အနှစ်သာရကို မင်းနားလည်ပြီလား ”
ဟန်မူယဲ့က သူ၏ ဓားဖြင့် သန္ဓေပြောင်းသားရဲ၏ ဦးခေါင်းကို ချိန်ရွယ်လိုက်ပြီး ပြောသည်။
သန္ဓေပြောင်းသားရဲက တုန်ယင်သွားသည်။ ထို့နောက် ၎င်း၏ ဧရာမခန္ဓာကိုယ်က စတင်ကျုံ့သွားသည်။
မီတာတစ်သောင်း… ။
မီတာတစ်ထောင်… ။
မီတာတစ်ရာ… ။
နောက်ဆုံးမှာတော့ ၎င်းက ဆယ်မီတာအရွယ်အစားထိ ကျုံ့သွားသည်။ ၎င်းမှာ ခြေလေးချောင်းနှင့် ဦးချိုနှစ်ချောင်းရှိပြီး အဖြူရောင်အမွှေးများက ၎င်း၏ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည်။
“ တိမ်မြူသားရဲက သခင်ကို အရိုအသေပေးပါတယ် ”
ဆယ်မီတာရှည်လျားသော အဖြူရောင်သားရဲက ဟန်မူယဲ့၏ အရှေ့မှာ ဒူးထောက်လိုက်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အဝေးမှ ရှုဖုန်းယန်နှင့် တခြားလူများကို ကြည့်လိုက်သည်။
“ တိမ်မြူသားရဲ… သူတို့တွေ စကြာဝဠာအဆင့်ကို တတ်လှမ်းနိုင်အောင် မင်းက ကူညီစောင့်ရှောက်ပေးပါ ”
ထိုသို့ပြောပြီးနောက် ဟန်မူယဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ပျောက်ကွယ်သွားသည်။ သူ၏ နေရာတွင် အပြာရောင်ဓားရှည်တစ်လက်က ထွက်ပေါ်လာသည်။
ကျန်းချန်းသေမင်းတပ်စခန်းရှိသော နေရာတွင် ဟန်မူယဲ့၏ ပုံရိပ်က ပြန်ပေါ်လာသည်။
အရှေ့တွင် မဟာမူလကလန်မှ မရေမတွက်နိုင်သော တိုက်တန်များက သူ့ဆီသို့ ပြေးလာနေကြသည်။
“ အကိုကြီး… ကျုပ်တို့တွေ အဝိုင်းခံထားရပြီ ”
“ အဲ့ဒီကောင်တွေက ကျုပ်တို့ကို ချုံခိုတိုက်ခိုက်ဖို့ စောင့်နေကြတာ ”
ကျန်းကန်းက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အံတင်းတင်းကြိတ်၍ ပြောသည်။
ဟန်မူယဲ့၏ အကြည့်က ဘေးပတ်ဝန်းကျင်ဆီသို့ ဖြတ်သန်းသွားသည်။ ရွှေရောင်အလင်းလွှာ၏ ဖုံးလွှမ်းမှုအောက်မှာ သူ၏ ခန္ဓာကိုယ်က မီတာတစ်သောင်းရှည်လျားသွားသည်။
“ အဝိုင်းခံထားရတယ်လား ”
“ ပုရွက်ဆိတ်လေးတွေပါ ”
သူ၏ လက်သီးတစ်ချက်အောက်မှာ အချင်းမိုင်တစ်ရာအတွင်းမှ တောင်တန်းများနှင့် မြစ်ချောင်းများက အက်ကွဲသွားကြသည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က သေခြင်းနတ်ဘုရားတစ်ပါးအသွင် ပြောင်းလဲသွားသည်။ အချင်းမိုင်တစ်ထောင်အတွင်းမှ မူလစွမ်းအား၏ လွှမ်းမိုးမှုအောက်မှာ အဆုံးမဲ့သော အလင်းတန်းများက ပေါ်လျှိုးလာကြသည်။
“ သူ့ကို တားဆီးကြ ”
အဝေးမှ အော်သံတစ်သံ ပဲ့တင်ထပ်လာသည်။