ဓားတစ်ချောင်းက နိယာမအားလုံးကို ဖြိုခွဲပြီ
Vol. 18 Ch. 253
"ဒါပေမယ့် သူ ကျင့်ကြံနေတာလည်း တစ်ခါမှ မတွေ့ဖူးဘူး!"
လီချင်းဟဲ တစ်ဖက်လူ၏ ဖြစ်တည်မှုကို မေးခွန်းထုတ်နေသည်။ အားလပ်ချိန်တိုင်း သူမ ချင်းယန်ကို စောင့်ကြည့်လေ့ရှိသည်။ ထိုသူသည် သူ၏နေ့ရက်များကို အားမနာတမ်း စားသောက်နေကာ ကျင့်ကြံနေတဲ့ အချိန် အနည်းငယ်မျှပင် မမြင်ဖူးခဲ့ပေ။
ဒီလိုလူမျိုးက တကယ်ပဲ အဓိပတိနယ်ပယ် ကျင့်ကြံသူ ဖြစ်လာနိုင်လား။
"မဟုတ်ဘူး ဆရာ... ဘာမှမလုပ်ဘဲ အမြဲတမ်း လိမ်နေခဲ့တာလား"
လီချင်းဟဲ သူမ၏ဆံပင်တိုတိုကို နောက်ပြန်ဆွဲလိုက်သည်။ ဤသည်မှာ မယုံနိုင်စရာ ဖြစ်သော်လည်း သူ့ဆီမှ ထွက်ပေါ်လာသော ရောင်ဝါကို အတုမလုပ်ယူနိုင်ပေ။ အခန်းတွင်းရှိ လူတိုင်းသည် သူဆီက ကြယ်စွမ်းအင်၏ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားလိုက်ရပြီးနောက် အဓိပတိနယ်ပယ်ထက် အဆပေါင်းများစွာ ကျော်လွန်သွားခဲ့သလို ခံစားလိုက်ရ၏။
၎င်းသည် အဓိပတိ မဟာမိတ်ခေါင်းဆောင်၏ အသွင်အပြင်နှင့် ဆင်တူသည်။
ဒါကိုတွေးရင်း လီချင်းဟဲ အံသြသွားသည်။ ယနေ့ သူမ၏ကမ္ဘာ့အမြင် တစ်ခုလုံး ကွဲအက်သွားခဲ့ရ၏။
ပထမတော့ သူ့ဂိုဏ်း။
ဒါပေမယ့် အခုချိန်မှာတော့ တစ်ဖက်လူရဲ့ ဖြစ်တည်မှုက ပိုလို့တောင် မေးခွန်းထုတ်စရာ ဖြစ်လာသေးသည်။ ချင်းယန်က တကယ် အဓိပတိနယ်ပယ် ကျင့်ကြံသူ ဖြစ်သည် ။
"ဘာပြဿနာရှိလို့လဲ?"
ချင်းယန် သူ့လက်နှစ်ဖက်ကို ဖွင့်လိုက်သည်။
"ငါပြောပြီးပြီ အဲဒါက အချောင်ခိုတာ မဟုတ်ဘူး လေ့ကျင့်နေတာ... မင်းမှငါ့ကို မယုံတာ!"
သူပြောပြီးသည်နှင့် တပြိုင်နက် သူ၏ရုပ်သွင်သည် ပျက်ပြယ်သွားကာ စစ်မြေပြင်ဆီသို့ ပြေးထွက်သွားလေသည်။
...
...
တိုက်ခန်းအပြင်ဘက်၊ ကြယ်သိုင်းရဲစခန်း ရဲမှူးက စိုက်ထူထားသော နယ်နိမိတ်မျဉ်းအောက်၌ သံချပ်ကာယာဉ် အမြောက်အများ စုဝေးနေသည်။ မိုးက သည်းထန်စွာ ရွာသွန်းနေပြီး တံစက်မြိတ်အောက်တွင် လူနှစ်ဦး သက်ပြင်းချနေကြသည်။
"ခေါင်းဆောင်ရှ ငါတို့ကို ခက်ခဲအောင် မလုပ်ပါနဲ့"
လက်နက်အပြည့်အစုံနဲ့ ရဲအရာရှိက ရှဟဲရဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားပြီး။
"ဒါက တရားဝင်မစ်ရှင်... ဦးစီးချုပ်ရဲ့ အမိန့်... မင်း လုံးဝ မဝင်ရဘူး ကျေးဇူးပြုပြီး ဒီကနေပဲ စောင့်ကြည့်ပေးပါ"
"ဟူး... ကောင်းပြီ"
ရှဟဲ ခြေတစ်လှမ်း နောက်ဆုတ်ကာ ခေါင်းကို ခိုကိုးရာမဲ့ ခါယမ်းလိုက်သည်။
"ဒါဆို ငါဒီမှာပဲ စောင့်နေမယ်"
ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အဓိပတိနယ်ပယ်တွေကြားက ဤတိုက်ပွဲသည် သူ့မျှော်လင့်ချက်ထက် များစွာကျော်လွန်သွားခဲ့သည်။ သူသာ ချဥ်းကပ်သွားမိရင် သေတာထက် အလွန်ဆိုးရွားသော အကျိုးဆက်များနှင့်အတူ ပြင်းထန်သော ဒဏ်ရာများပင် ရသွားနိုင်သည်။
"အဓိပတိနယ်ပယ်က တကယ် အံ့သြစရာ ကောင်းတာပဲ"
ရှဟဲ လှည့်ပတ်တွေးတောပြီး ဆက်မသွားရဲတော့ပေ။ ဤနယ်ပယ်က သူ့အတွက် ဝေးကွာလွန်းလှသည်။
လှည့်ပတ်ကြည့်လိုက်တော့ မပြီးသေးသော အဆောက်အအုံများ နေရာအနှံ့ ပြိုကျထားကာ ဖုန်မှုန့်များနှင့် မီးခိုးများ ထွက်နေသည်။ ရဲအရာရှိအများစုက ရှက်ရွံ့ဟန်ဖြင့် ရွေ့လျားနေ၏။ သူတို့အားလုံးလည်း အဓိပတိ နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်၏ ဟောက်သံကို ခံစားရပြီးနောက် များစွာသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ခံစားခဲ့ကြရသည်။
"ဒါတောင် ဧရိယာရဲ့ အစွန်းတစ်ခုပဲ ရှိသေးတယ်..."
ရှဟဲ အတွင်းစိတ်က သက်ပြင်းချရင်း :"ငါတို့သာ တိုက်ခန်းရဲ့ အလယ်ဗဟိုနဲ့ ပိုနီးသွားရင် ဘာဖြစ်မလဲ မသိဘူး"
ကံကောင်းစွာပဲ သူသည် ချင်းယန် ပေးခဲ့တဲ့ "ခြင်ဆီ သန့်စင်ဆေး" ကို ရခဲ့သည်။ မဟုတ်ရင် သူလည်း သူတို့လိုပဲ အဆုံးသတ်သွားလိမ့်မည်။ ဒီမှာထိုင်ပြီး ရဲအရာရှိတွေနဲ့ ငြင်းခုံရတာဟာ ကံဆိုးမှုကြားက ကံကောင်းခြင်းတစ်ခု ဖြစ်နေပါပြီ။ ဒီထက်ပိုပြီး ဘာကိုမှ မမျှော်လင့်ထားပါဘူး။
"လောင်ချင်း အခု ဘယ်လိုနေလဲ မသိဘူး"
ရှဟဲသည် သံချပ်ကာရဲကားကို ခိုကိုးရာမဲ့ မှီကာ အိတ်ကပ်ထဲရှိ စီးကရက်ဘူးထဲမှ စီးကရက်နှစ်လိပ်ကို ထုတ်ကာ လမ်းပိတ်ဆို့နေသော ရဲအရာရှိဆီ လှမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ရှ"
လမ်းကို ပိတ်ဆို့နေတဲ့ အဖွဲ့သားက စီးကရက်ကို ယူသွားခဲ့ပေမယ့် ချက်ချင်း မသောက်ခဲ့ပါဘူး။ အဲဒီအစား သူ့အိတ်ကပ်ထဲကို ထည့်လိုက်ပြီး သူ့တာဝန်ကိုပဲ ဆက်လုပ်နေလိုက်သည်။
"ရပါတယ် ရပါတယ် ငါမင်းကို သတင်းမပို့ပါဘူး..."
ရှဟဲ သူ့အသင်းဖော်အတွက် စီးကရက်မီးညှိရန် သူ၏မီးခြစ်ကို ထုတ်လိုက်သည်။
သူ့အကြည့်တွေက ကောင်းကင်ဆီ အမှတ်မထင် လွင့်စင်သွားတော့ စစ်မြေပြင်ရှိရာသို့ ဦးတည်သွားနေတဲ့ အရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရလေ၏။ အနှီလမ်းကြောင်းရှိ ကြယ်စင်စွမ်းအင်များ ပြိုကျသွားသည်။
"???"
ရှဟဲ ကောင်းကင်ကို ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်ရင်း ရင်းနှီးသောရုပ်သွင်ကို သတိပြုမိသည်။ အခြားသူများမှာ သံသယရှိကောင်းရှိနိုင်သော်လည်း သူကတော့ ထိုလူကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိသည်။
"အဲဒါ... ချင်းအိုကြီးလား?"
ရှဟဲ အေးခဲနေပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသဖြင့် သူ့ပါးစပ်ထဲမှ စီးကရက်တစ်လိပ်ပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"လောင်ချင်းက အဓိပတိနယ်ပယ် ကျွမ်းကျင်သူလား?"
အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒီကလေးက တစ်နေ့လုံး လိမ်နေတာပဲ။ ငါလည်း သူ့ဆီမှာ ခဏခဏ အလိမ်ခံရဖူးတယ်ပေါ့။
…
အပေါ်မှာတော့ ဖုန်မှုန့်တွေ ဝေ့ဝဲနေ၏။
"လူတိုင်း ဆက်တောင့်ခံထားဖို့ မလိုတော့ဘူး"
မုန့်ထျန်းရွှမ် သူ့လက်ကို ရွှေ့လိုက်ပြီး ကြယ်ပွင့်စွမ်းအင်များ၏ ရောင်ဝါကို ရုတ်သိမ်းကာ ဖြည်းဖြည်းချင်း အသက် ရှူထုတ်လိုက်သည်။ ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်သည် သူ့မျှော်လင့်ချက်ထက် အဆပေါင်းများစွာ နက်နဲကြောင်း ဝန်ခံရပေမည်။ အဖွဲ့ဝင်တိုင်းသည် ဧကရာဇ်အဆင့် ကိုယ်ခံပညာကို အမှန်တကယ် ပိုင်ဆိုင်ထားကြသည်။
သို့သော် ကံကောင်းထောက်မစွာပဲ ဧကရာဇ်အဆင့် ကိုယ်ခံပညာတစ်ခုတည်းက အသုံးမဝင်ချေ။ မြေအဓိပတိနဲ့ ကောင်းကင်အဓိပတိ အကြား ကွာဟချက်ကတော့ ကြီးမားသေးသည်။
သူသည် သူ၏ ကြယ်စင်စွမ်းအင်ကို ရိုးရှင်းစွာ အသုံးချပြီး သူတို့လမ်းကို ပိတ်ဆို့ထားနိုင်ခဲ့သည် ။
“…”
မုန့်ထျန်းရွှမ် သူ့ရှေ့မှ လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်သည်။
သူတို့မျက်စိရှေ့မှာတော့ လင်တုံ့ နဲ့ တခြားသူတွေရဲ့ ပါးစပ်၊ နှာခေါင်းထဲကနေ သွေးတွေ ထွက်ကျလာပြီး ကြယ်ရောင်ဝါတွေ ဆုတ်ယုတ်သွားသည်။ အသားအရေတွေ သိသိသာသာ အားနည်းလာကာ မျက်နှာတွေက နှင်းခဲတွေလို ဖြူဖတ်လာ၏။
"မဆိုးပါဘူး... အခုချိန်ထိ ဆက်ထိန်းထားနိုင်ခဲ့တဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းက တကယ့်ကို ထူးခြားပါတယ်"
မုန့်ထျန်းရွှမ်သည် အေးစက်စက်နှင့် ရက်စက်သော အသံဖြင့် လူအုပ်အပေါ် ဘာသိဘာသာ ပြောလိုက်သည်။
"ငါ မင်းတို့ကို နောက်ထပ် အခွင့်အရေး တစ်ခု ပေးမယ်... မင်းရဲ့ ဂိုဏ်းချုပ်ကို ခေါ်လိုက်.... အတိတ်က ကျူးလွန်မှုတွေ အားလုံးကို ခွင့်လွှတ်ပေးမယ်"
"ဟမ့်.. မင်းတို့ ကိုယ့်ကိုကိုယ်လည်း ပိုတွက်ကြည့်စမ်းပါဦး... မင်းတို့ ဂိုဏ်းချုပ်ကရော တိုက်နိုင်မယ်ထင်နေလား"
ချိချင်းရှန်းသည် မုန့်ထျန်းရွှမ်အနားတွင် ရပ်ကာ အသံကျယ်ကျယ်နဲ့ လှောင်ပြောင် ပြောဆိုလိုက်သည်။ သူသည် ခရမ်းရောင် နတ်ဓားကို စိုက်ကြည့်ရင်း လောဘတွေ ပိုပြင်းထန်လာ၏။
ယခု ဖောက်ခွဲကောင်းကင်ဂိုဏ်းမှ အဖွဲ့ဝင်ခုနစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသောကြောင့် မဟာမိတ်ခေါင်းဆောင်သာ ထပ်မံတိုက်ခိုက်ပါက ဤဓားနတ်ဘုရား၏ ညီအစ်ကိုများ ပျက်စီးသွားလိမ့်မည် ဖြစ်သည်။ ဤခရမ်းရောင် ကြယ်နတ်ဘုရားဓားကို သူ ရလိမ့်မည်။
"မဟာမိတ်ခေါင်းဆောင်... မြန်မြန် အပြတ်ရှင်းလိုက်တော့မလား"
ဒါကိုတွေးရင်း ချိချင်းရှန်း စိတ်မရှည်တော့ပေ။
သူက စိတ်လှုပ်ရှားစွာ လက်နှစ်ဖက်ကို ပွတ်သပ်ကာ တွန်းလိုက်သည်။
"အလျင်မလိုနဲ့"
"ဖောက်ခွဲကောင်းကင်ဂိုဏ်း ဂိုဏ်းချုပ်! မြန်မြန်ထွက်လာခဲ့!"
သို့သော် ကောင်းကင်မှ ဘာတုံ့ပြန်မှုမှ မရှိလာသေးချေ။ ဤတစ်ကြိမ်တွင် မုန့်ထျန်းရွှမ် တုံ့ဆိုင်းမနေဘဲ လက်ဖဝါးကိုလှန်ကာ နောက်တစ်ကြိမ် ဖိနှိပ်လိုက်ရာ အကန့်အသတ်မဲ့ နိယာမစွမ်းအင်တွေက ယခင်ကထက် ပိုမိုအားကောင်းလာခဲ့သည်။
ထိုခဏခြင်းတွင် တစ်ခုခုကို ခံစားမိလိုက်ကာ ပြတ်သားသော မြည်သံက သူ့နားထဲ တိုးဝင်လာသည်။
ဓားအော်သံ?!
စူးရှသော ခရမ်းရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ခရမ်းရောင် ကျစ်ဝေနတ်ဓားသည် အခမ်းအနား ကျင်းပနေသကဲ့သို့ စူးရှသော အသံဖြင့် အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်တွင် ၎င်းသည် အသုံးပြုသူ၏လက်မှ ခရမ်းရောင်အလင်းအဖြစ်သို့ ပျံသန်းသွားပြီး ထောင့်တစ်ခု အရောက်၌ အောက်ဖက်သို့ ပြေးဆင်းသွား၏။
"ဒါက?!"
အဓိပတိ မဟာမိတ်ခေါင်းဆောင်၏ သူငယ်အိမ်များ သိသိသာသာ ကျဉ်းမြောင်းလာသည်။
"ဘာတွေဖြစ်နေတာလဲ?"
ချိချင်းရှန်း ပြင်းထန်စွာ တုန်လှုပ်သွားပြီး အေးစက်သော ချွေးများက သူ့နောက်ကျောဘက်မှ စီးကျလာတော့၏။ ခရမ်းရောင် ကျစ်ဝေကြယ်နတ်ဘုရားဓား သွားရာနောက် ငေးကြည့်ပြီးနောက် အလယ်ဗဟိုတွင် ကြီးမားသော လက်တစ်စုံ ပျံဝဲလာနေသည်ကို တွေ့လိုက်ရသည်။
ရုတ်တရက် အရိပ်တစ်ခု ဖျတ်ကနဲ ပေါ်လာသည်။
ခရမ်းရောင် ကျစ်ဝေးနတ်ဓားသည် သဘာဝဖန်တီးမှု တစ်ခုလိုပင် လွယ်ကူသက်သာစွာ ထိုလူ၏ လက်ထဲသို့ ဆင်းသက်သွားခဲ့သည်။
ဝုန်း!!!
တခဏအတွင်းမှာပင် ဓားမုန်တိုင်းလို ဓားစွမ်းအင်များ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာသည် ။
"ချင်းကောင်လေး!"
လျိုဝူရွှမ်း ဒါကိုမြင်လိုက်ရတော့ ချက်ချင်း ထိတ်လန့်သွားသည်။ သူ ချင်းယန်ကို ချက်ချင်း မှတ်မိပေမယ့် ဒီအချိန်မှာ ရုတ်တရတ် ပေါ်လာမယ်လို့တော့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။
ယခုအခါ မဟာမိတ်ခေါင်းဆောင်၏ လက်ဝါးအောက်၌ ဘယ်သူ့ကိုမှ ကယ်တင်ဖို့ အချိန်မရှိချေ။ သို့သော် နောက်အခိုက်အတန့်တွင်တော့ သူတို့ ဘယ်တော့မှ မမေ့နိုင်တဲ့ မြင်ကွင်းတစ်ခုကို တွေ့ခဲ့ရ၏။ ချင်းယန်က သူ့လက်ကို လျှော့ပြီး ကျစ်ဝေးနတ်ဓားကို ဆွဲကိုင်လိုက်ရင်ပဲ ဓားစွမ်းအင်များက သူ့ကို အလယ်ဗဟိုပြုကာ စုဝေးလာကြတော့သည်။
သူက လျှပ်စီးကြောင်းဖြင့် နောက်တစ်ကြိမ် ဆွဲယမ်းလိုက်သည်။
ချွင်း!
ဓားအလင်းသည် ဧရာမလက်ဖဝါးဆီသို့ အေးစက်သော မျဉ်းကြောင်းအဖြစ် ပြောင်းလဲ ပြေးဝင်သွားသည်။ ကြီးမားလှသော လက်ဖဝါးကြီးသည် ၎င်းကို ထိပ်တိုက်တွေ့ပြီးသည်နှင့် ကြောက်မက်ဖွယ်ရာ အစွမ်းထက်သော ရောင်ဝါများ ဖြာထွက်ကာ လက်ဖဝါးကြီး ချက်ချင်း အက်ကွဲသွားသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?"
အဓိပတိ မဟာမိတ်ခေါင်းဆောင်သည် သူ၏လက်ဖဝါးတစ်လျှောက်တွင် ပြန့်ကျဲနေသော သွေးမျဉ်းကို မြင်လိုက်ရတာနဲ့ ချက်ချင်းပင် ထိတ်လန့်သွားသည်။
"မင်းလား?!"
ချိချင်းရှန်း စိတ်တည်ငြိမ်မှု ပြန်ရလာကာ သူ့ရှေ့ရှိရုပ်သွင်ကို ဒေါသတကြီး စိုက်ကြည့်နေ၏။ သူ လုံးဝ အံ့အားသင့်သွားကာ နေရာတွင်ပင် အေးခဲသွားသည်။
"ဒါကဘယ်သူလဲ ချင်းရှန်း"
အဓိပတိ မဟာမိတ်ခေါင်းဆောင် မုန့်ထျန်းရွှမ်က မျက်မှောင်ကြုတ်ကာ သူ့လက်ဖဝါးမှ ကြယ်စွမ်းအင်ကို ရုပ်သိမ်းလိုက်သည်။ သူ့မျက်နှာက တည်ငြိမ်နေပေမယ့် သူ့နှလုံးသားက ကမောက်ကမ ဖြစ်နေပါပြီ။
အခုပဲ ရုတ်တရက် သူစိမ်းတစ်ယောက်ရဲ့ တိုက်ခိုက်မှုက သူ့ဧရိယာမှာရှိတဲ့ ကြယ်စွမ်းအင်ချိန်ခွင်လျှာကို တိုက်ရိုက် ကွဲသွားစေပြီး အခြေအနေကို ချက်ချင်းပြောင်းပြန် လှန်ပစ်လိုက်သည်လေ။
သူ့ရဲ့ တိုက်ခိုက်မှုကို ကြည့်ပြီး သံသယဖြစ်စရာ မရှိပါဘူး။ ၎င်းက နောက်ထပ် အဓိပတိနယ်ပယ် ကျင့်ကြံသူ တစ်ဦးဖြစ်သည်။
"ဘာလို့ သူ့ကို အရင်က မတွေ့ရတာလဲ"
ဒါကိုတွေးပြီး မဟာမိတ်အဖွဲ့ခေါင်းဆောင်မှာ ပိုလို့တောင် အံ့သြသွား၏။ ကျန်းဟိုင်ကို မရောက်ခင် စေ့စေ့စပ်စပ် စုံစမ်းမှုတွေ လုပ်ထားပြီးသားပါ။
ဒါပေမယ့် သူ မမျှော်လင့်ထားခဲ့ဘူး...
ယခုအခါတွင် အဓိပတိနယ်ပယ် ကျွမ်းကျင်သူတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာ၏။
"ကျန်းဟိုင်မြို့မှာ အဓိပတိနယ်ပယ်တွေ ဘယ်လောက်တောင် ရှိနေတာလဲ"
မုန့်ထျန်းရွှမ် သူ့အစွမ်းအစကို သံသယဝင်လာသည်။ အဓိပတိမဟာမိတ်မှာ အစည်းအဝေး လုပ်ရင်တောင်မှ အဓိပတိနယ်ပယ် ရှစ်ယောက်ကို ချက်ချင်း မစုစည်းနိုင်ကြပါ။ သူတို့ကို ခေါ်ဖို့ ကြေငြာဖို့ အချိန်ယူရလိမ့်မယ်။ သို့တိုင် အဓိပတိနယ်ပယ်တွေက ကျန်းဟိုင်မှာတော့ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသဖြင့် သတိလက်လွတ် မနေဝံ့တော့ပေ။
သူ၏ ပထမဆုံး ခန့်မှန်းချက်မှာ ဖောက်ခွဲကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်မည်ဟု။ သို့သော် ၎င်းမှာ လူငယ်လေး ဖြစ်နေ၏။
"ကျန်းဟိုင် ဓားနတ်ဘုရား လက်အောက်က နံပါတ်တစ် တပည့် ချင်းယန်!"
ချင်းယန်သည် နတ်ဓားကို နောက်ပြန်ဆုတ်ကိုင်ကာ ကြေညာလိုက်သည်။
“ခင်ဗျားဆီကလမ်းညွှန်မှု လာယူတာပါ”
"အကြီးအကဲတို့အားလုံး အဆင်ပြေလား"
ချင်းယန် "လင်တုံ့" နှင့် အခြားလူများကို ကြည့်ကာ နှုတ်ဆက်လိုက်သည်။
ချင်းယန်ကို မြင်လိုက်ရတော့ လင်တုံ့နဲ့ တခြားသူတွေရဲ့ မျက်နှာအရောင်များ ပြောင်းလဲသွားသည်။ သူတို့ ချင်းယန်အနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာကာ သူတို့၏ ဖြူဖျော့သော မျက်နှာပေါ်တွင် အားနည်းသော အပြုံးကို တွန်းအားပေးရင်း။
"ချင်းယန် မင်းကို ဘယ်သူ ခေါ်လို့လဲ ကောင်လေး"
"အဲ့ဒီမှာပဲ နေဖို့ပြောထားတယ်မလား..."
အကြီးအကဲတစ်ဦး၏ စိုးရိမ်မှုကိုမြင်လျှင် ချင်းယန်သည် လက်ဆုပ်လျက် အလျင်အမြန် လေးလေးစားစား ပြောလိုက်သည်။
"ကျနော်တို့ဂိုဏ်းက ဒုက္ခရောက်နေပြီ.... ဆရာဦးလေးနဲ့ ဦးငယ်လေးတွေ အကုန်လုံးက သတ္တိရှိရှိ တိုက်ခိုက်နေကြတာ... ကျနော် မတ်တပ်ရပ်ပြီး ဘာမှ မလုပ်ဘဲ ကြည့်မနေချင်ပါဘူး...."
သူက စကားပြောနေစဉ်တွင် ချိချင်းရှန်းကို လှည့်ကြည့်လိုက်ပြီး သူ၏ လူသတ်လာသော ရည်ရွယ်ချက် တောက်တောက်နှင့်။
"ဒါနဲ့ ဒီခွေးက ရက်ကန်ရက်ကန် လုပ်နေတာ ကြာပြီလေ... သူ အရင်ကလည်း ကျနော့်အပေါ် အကြွေးတင်ထားတယ် ဒီတစ်ခါတော့ ကျနော်ကိုယ်တိုင် ရှင်းမယ်!"
"မင်း!"
ချိချင်းရှန်း ချက်ချင်း ဒေါသထွက်သွားသည်။ သူ အလိုလို ရှေ့သို့ အပြေးအလွှား သွားချင်သော်လည်း နောက်တစ်ကြိမ် ထပ်တွေးကာ တစ်စုံတစ်ခုကြောင့် ကြောက်စိတ်ဖြင့် နောက်ပြန်ဆုတ်သွားခဲ့သည်။ အကယ်၍ ချင်းယန်သာ အဓိပတိနယ်ပယ်တွင် ရှိနေခဲ့ပါက သူအရင်က ပေးခဲ့သော ဓားရည်ရွယ်ချက် ဖိအားအားလုံးက အချည်းနှီးသက်သက်ပင် မဟုတ်ပါလော။
ဒါဖြင့် ဒီကလေးက ဒါအကုန်လုံးကို လိမ်နေတာလား။
လူရွှင်တော်က တကယ်တော့ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေတာလား။
"ချင်းကောင်လေးက တကယ် အဓိပတိနယ်ပယ်လား?"
ဘေးတွင်ရပ်နေသော လျိုဝူရွှမ်းလည်း ထိတ်လန့်သွားပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။ ဒီစကားကြားတော့ သူ့နားကိုတောင် မယုံနိုင်အောင် ဖြစ်သွား၏။ မုန့်ထျန်းရွှမ်လည်း ချင်းယန်ဟု ကြားလိုက်သောအခါတွင် သူ့အမှတ်တရများကို သော့ဖွင့်လိုက်သည်။
သူ ယောင်ဝါးဝါး သတိရသွားသည်။
"ချင်းယန်.... ဒါက ဓားနတ်ဘုရားရဲ့ တပည့်ပဲ"
ငယ်ငယ်ရွယ်ရွယ်နဲ့ အဓိပတိနယ်ပယ် ရောက်နေပြီ။ ဒီလိုအရည်အချင်းရှိတာက တကယ်ကြောက်စရာ ကောင်းလေသည်။
...
ဖုဟိုင်ဗီလာ၌။
"သခင် အရမ်းတော်တာပဲ!"
"ထားပါ ထားပါ"
ချင်းယန်သည် ဆိုဖာပေါ်တွင် လှဲလျောင်းနေပြီး ရှောင်ပိုင်ရဲ့ နှိပ်နယ်မှုကို နှစ်သက်စွာ ခံစားနေသည်။
"အခြေခံအချက်လေးတွေလေ... ထွေထွေထူးထူး လုပ်စရာမလိုဘူး"
"ဒါပေမယ့် သခင်... သခင်စဉ်းစားထားတာ တစ်ခုခုရှိလား"
လူသားနှင့် မြေခွေးတစ်ကောင်သည် တီဗွီမှ ထုတ်လွှင့်မှုကို ကြည့်နေကြကာ ရှောင်ပိုင် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒီလိုမျိုး ဆက်ပြီး ဟန်ဆောင်ပြနေရင်တော့ နောက်ပိုင်းကျ အရိုက်ရလိမ့်မယ်နော်!"
“???”
ချင်းယန် စကားမပြောနိုင် ဖြစ်သွားသည်။
အဲဒါက ဘယ်လိုစကားမျိုးလဲ။
"ဒါပေမယ့် စိတ်မပူပါနဲ့ သခင်..."
ရှောင်ပိုင် မျက်တောင်ခတ်လိုက်ပြီး အကြောင်းအရာကို ပြောင်းကာ သူမ၏သေးငယ်သော အဖြူရောင်လက်ကို ဆန့်ထုတ်၍ အဖွင့်အပိတ်လေး လုပ်ပြလိုက်သည်။
“အဲဒီအချိန်ကျရင် သခင် တိုက်ရိုက်သာ ဖောက်ခွဲပစ်လိုက်... ဗုန်းဗုန်းဗုန်း!! မဟာမိတ်ခေါင်းဆောင်လို့ ခေါ်တဲ့ ကောင်လည်း အသေခံသွားရမှာ သေချာတယ်”
ချင်းယန် : “…”