← Chapters

ဓားနတ်ဘုရားနယ်မြေက ချိချင်းရှန်းကို သတ်ပြီး အစွမ်းပြပြီ!

Vol. 18 Ch. 254

ဓားနတ်ဘုရားနယ်မြေက ချိချင်းရှန်းကို သတ်ပြီး အစွမ်းပြပြီ!

Vol. 18 Ch. 254

လူတိုင်း မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြသည်။

"မင်း... မင်းက... တကယ် အဓိပတိနယ်ပယ်လား?"

ချိချင်းရှန်းသည် ချင်းယန်ကို စေ့စေ့ကြည့်ကာ မျက်နှာက ဖြူဖတ်သွားသည်။ ချင်းယန်ဆီက ထွက်လာတဲ့ ရောင်ဝါကို ခံစားလိုက်ရတဲ့အခါ သူ့ကိုယ်သူ လူပြက်တစ်ယောက်လို ခံစားလိုက်ရလေသည်။ ချင်းယန်သာ တကယ် အဓိပတိနယ်ပယ် ဆိုရင် သူ ဒီချင်းကောင်လေးကို နာကျင်စေခဲ့တာ အားလုံးက လုပ်ရပ်တစ်ခု ဖြစ်သွားပြီ မဟုတ်လား။

"မင်းက တော်တော် သရုပ်ဆောင်ကောင်းတာပဲ... အငယ်တန်းလေး ငါ မင်းကို အထင်လွဲသွားတယ်"

ချိချင်းရှန်း သူ့သွားတွေကို အံကြိတ်ကာ သူ့မျက်လုံးတွေက ဒေါသမီးရောင်တွေ တောက်နေတော့သည်။

"ဝူရွှမ်းက မင်းကို လိမ္မာပါးနပ်တဲ့ မျောက်တစ်ကောင်လို့ ခေါ်တုန်းက ငါမယုံခဲ့ဘူး... မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က ငါ့ကို လှည့်စားနိုင်တဲ့ အဆင့်ထိ ရောက်သွားတာပဲ! ဟမ့်... မင်းရဲ့ အထက်တန်းစား ဓားရှည်နဲ့ ငါ့ကို ဒုက္ခပေးနိုင်မယ်လို့များ ထင်လား"

ချင်းယန် မျက်ခုံးပင့်ကာ လက်ပိုက်ကြည့်လိုက်သည်။ ကြောက်ရွံ့မှု မရှိဘဲ ချိချင်းရှန်းရဲ့ မျက်လုံးတွေကို သေချာ ပြန်စိုက်ကြည့်ကာ။

"ကြွားလုံးထုတ်တာ မဟုတ်ဘူး... ဒါပေမယ့် မျက်လုံးမှိတ်ထားရင်တောင် မင်းမှာရှိတဲ့ ချို့ယွင်းချက်တွေ အများကြီး ရှိနေတာကို အလွယ်လေး ထောက်ပြနိုင်တယ်"

"ဓားတွေ.....မင်းရဲ့ဓားပညာက ထက်မြက်ပြီး အစွမ်းထက်ပေမယ့် လက်တွေ့မှာတော့ မင်းရဲ့ကျင့်စဥ် အားလုံးက အိုဟောင်နေပြီ... မကိုက်ဘူး!"

"မင်းရဲ့ဓားကျွမ်းကျင်မှု... မင်းက ဓားသမားဖြစ်ဖို့တော့ အံကိုက်ပါပဲ... မင်းဘယ်တော့မှ စစ်မှန်တဲ့ ဓားသမား ဖြစ်လာမှာမဟုတ်ဘူး..."

"မင်း! ကောင်လေး! မင်း ငါ့တာအိုနှလုံးသားကို နှောင့်ယှက်နေတာလား!!"

ချိချင်းရှန်း ချက်ချင်းဆိုသလို ဒေါသတကြီး ဟောက်တော့သည်။ သူ့မျက်နှာသည် ဝက်အသည်းနဲ့ နင်လားငါလား မေးရတဲ့အထိ နီရဲလာပြီး လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသဖြင့် လက်သည်းများပင် သူ့အသားထဲ နစ်ဝင်သွားကာ သူ့ပုခုံးများ ပြင်းထန်စွာ တုန်ခါသွားသည်။

သူသည် ဓားရေးပညာကို လိုက်ရှာရင်း ဘဝတစ်ခုလုံးကို ရင်းခဲ့သည်။ ကောင်းကင်ဘုံသို့ ရောက်ရန် အချိန်များစွာ ကုန်ဆုံးခဲ့ပေမယ့် အခုတော့ ချင်းယန်က သူ့ကို ပြောင်ပြောင်တင်းတင်း စော်ကားနေ၏။

"ဘာလဲ? မင်း မယုံဘူးလား!?"

ချင်းယန်သည် ကျစ်ဝေးနတ်ဓားပေါ် လက်နှစ်ချောင်းဖြင့် ပွတ်သပ်ကြည့်နေသော်လည်း ချိချင်းရှန်းရဲ့ စိတ်ခံစားမှုများကို အာရုံခံမိပုံပေါ်ကာ။

"မင်းရဲ့ဓားပညာက လူငယ်ကို အနိုင်ကျင့်ရတာကိုပဲ သိတာများလား"

ဗုံးခွံလိုပြောသည့် နောက်ဆုံးစာကြောင်းက ချိချင်းရှန်းရဲ့ ဒေါသကို ချက်ချင်း လောင်ကျွမ်းသွားစေခဲ့သည်။

"မင်းက သေလမ်းရှာနေတာပဲ!!"

ချိချင်းရှန်း၏မျက်နှာ ဖျော့တော့သွားပြီး သူ့လည်ပင်းက သွေးပြန်ကြောများပင် ပေါက်ထွက်တော့မတတ် ထောင်တက်လာသည်။ သူသည် ချက်ချင်းပင် ကြယ်စွမ်းအင်များကို ဖွင့်ကာ သူ့အပိုဓားကို ထုတ်ယူလိုက်၏။ ၎င်း၏ချွန်ထက်သော အစွန်းက ချင်းယန်ကို တိုက်ရိုက် ညွှန်ပြရင်း။

"ဒီနေ့ မင်းခေါင်းကို ရအောင် ဖြတ်ပြမယ်!"

"ချင်းရှန်း စိတ်လျှော့...."

သူ့စိတ်အခြေအနေကို မြင်လိုက်ရတော့ လျိုဝူရွှမ်း ထုံးစံအတိုင်း ဖြည်းညှင်းစွာ ရှေ့သို့ တိုးဝင်ကာ ဝင်စွက်ဖက်လိုသည်။ ဤတိုက်ပွဲကို ရှောင်ရှားနိုင်မည်။ ဒါကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်သူအဖြစ် သူလည်း ဝင်ကစားချင်သည်။

ဒါပေမယ့် သူ ခြေလှမ်းအနည်းငယ်သာ လှမ်းနိုင်၏။

ရုတ်တရက်!

"ပြန်လာခဲ့!"

ဒေါသတကြီး အော်သံတစ်သံ ထွက်ပေါ်လာသည်။ မုန့်ထျန်းရွှမ် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ထိုလမ်းကြောင်းကို ပိတ်ဆို့ဖို့ ရှေ့ကို တိုးလာ၏။

"ဒီတိုက်ပွဲက ရှောင်လွှဲလို့ မရဘူး... ချိချင်းရှန်းရဲ့ အတွင်းစိတ်ဝိညာဉ်ဆိုးကို ချိုးဖျက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက သူ့ကို သတ်ပစ်ဖို့ပဲ!"

"ဒါပေမယ့် မဟာမိတ်ခေါင်းဆောင်..."

လျိုဝူရွှမ်း ထပ်ပြောတော့မည် ဖြစ်သော်လည်း လမ်းတစ်ဝက်တွင်ပင် ပြတ်တောက်သွားသည်။

"ဒီကိစ္စက သူတို့ ဆုံးဖြတ်ရမှာ... မင်း အဲဒီကို တက်သွားလည်း ဘာမှ ထူးထူးခြားခြား ဖြစ်မလာဘူး"

မုန့်ထျန်းရွှမ်က ချင်းယန်ရဲ့ ဦးတည်ရာကို ကြည့်လိုက်ပြီး သူ့မျက်လုံးထောင့်ကနေ လျိုဝူရွှမ်းကို ငဲ့ကြည့်ကာ သူ့အသံက ပိုအေးစက်လာလေပြီး။

"ဘာလဲ လျိုဝူရွှမ်း မင်းကငါ့စကားကိုတောင် နားမထောင်တော့ဘူးလား"

"ဒီလက်အောက်ငယ်သား မဝံ့ရဲပါဘူး!"

*ချွင်း!*

ထက်ရှသော ဓားကို ဆွဲထုတ်လိုက်ပြီးသည်နှင့် ဓားအလင်းတန်းတစ်ခု ဖြတ်ကျော်သွားသည်။ ချိချင်းရှန်း သူ့ကိုယ်သူ အမှန်တကယ် မထိန်းနိုင်တော့ပေ။ သူသည် သူ့ဓားကို ချင်းယန်ဆီကို တည့်တည့်အားသွင်းထားကာ သူ့မျက်လုံးများက သွေးထွက်နေသည့်အလား နီရဲနေ၏။

"သေသွားတဲ့ ပါရမီရှင်က ပါရမီရှင် မဖြစ်နိုင်တော့ဘူး! ဒီနေ့ မင်းကို ကျန်းဟိုင် ဓားနတ်ဘုရားနဲ့တွေ့ဖို့ ပို့ပေးလိုက်မယ်!!"

"လာလေ!"

ချင်းယန်ကလည်း ကျစ်ဝေးနတ်ဓားကို ဝေ့ယမ်းလိုက်သည်။ အားကောင်းသော ကြယ်စွမ်းအင်များ စုစည်းလာကာ ဓားတစ်ချက်တည်းဖြင့် ကောင်းကင်တံခါးကို ဖွင့်ပေးခဲ့သည်။

ရွှင်း!

ဓားမီး ၁၂စင်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!?"

ချိချင်းရှန်း မျက်လုံးများ ပြူးကျယ်သွားကာ သူ့လည်ပင်းမှာ ပေါ်လာတဲ့ သွေးတွေကို ထိလိုက်သညိ။ အစွန်းနားက ဓားစွမ်းအင်က သူ့ခံစစ်ကို ချက်ချင်း ချိုးဖျက်ပစ်လိုက်ခြင်းသာ။ ယခုအချိန်၌ ကြီးမားသော အကြောက်တရားက သူ့နှလုံးသားထဲအထိ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။

ငါသူ့ကိုမတိုက်နိုင်ဘူး!

စစ်မှန်သော ကျွမ်းကျင်သူက အကြည့်တစ်ချက်ဖြင့် ပြောပြနိုင်သည်။

ဓားရည်ရွယ်ချက်၊ နတ်လက်နက်အဆင့် သို့မဟုတ် ကြယ်စွမ်းအင် အတက်အကျများပင်ဖြစ်စေ ချင်းယန်၏ စိုးမိုးမှုမှာ အကြွင်းမဲ့ဖြစ်ပြီး အခြားလူအားလုံးထက် သာလွန်သည်။ သူ အနားတောင် မကပ်နိုင်ခဲ့လို့ တိုက်ပွဲက ဘယ်လိုဖြစ်သွားလဲ မသိလိုက်ချေ။

"မဟာမိတ်ခေါင်းဆောင်... ကျနော့်ကိုကယ်ပါ!"

တစ်စက္ကန့်မျှ မတုံ့ဆိုင်းရဲတော့ဘဲ မုန့်ထျန်းရွှမ်ဆီ အကူအညီ တောင်းပြီး ချင်းယန်အနောက်ကနေ လိုက်သတ်နေတာကို ရှောင်တိမ်းကာ ခွေးသေတစ်ကောင်လို လှည့်ပတ်ပြေးနေသည်။ ပြင်းပြင်းထန်ထန် ဟောက်သံကြီး ထွက်ပေါ်လာသည်။ ၎င်းက ကောင်းကင်ကို လှုပ်ခါပြီး အရပ်ရပ်သို့ ပဲ့တင်ထပ်သွား၏။

တခဏချင်းမှာပဲ လူတိုင်းက သူရဲဘောကြောင်တဲ့ စကားလုံးတွေကို ပြောနေတဲ့ အရက်စက်ဆုံး လေသံနဲ့ သူ့အသနားခံချက်ကို ကြားလိုက်ရလေသည်။

"..."

အဓိပတိ မဟာမိတ်ခေါင်းဆောင်လည်း မည်းမှောင်သွားသည်။ ဤအသနားခံချက် အတွက် သူ့ခမျာ ပြောစရာစကား ပျောက်ရှသွားသည်။ သူ့အတွင်းစိတ်က နတ်ဆိုးတွေကို ကျော်လွှားနိုင်တဲ့ ရဲစွမ်းသတ္တိအတွက် ချိချင်းရှန်းကို ချီးကျူးခဲ့သော်လည်း မျက်နှာကို ပါးရိုက်ခံရရုံသာ ဖြစ်သွား၏။

"အမှိုက်!!"

"မင်းက အငယ်တန်းကိုတောင် အနိုင်မယူနိုင်ဘူး... မင်း ငါ့ရဲ့ အဓိပတိမဟာမိတ် အတွက် ဘာအကျိုးရှိလဲ"

"ကျနော်..."

ချိချင်းရှန်းခမျာ ချင်းယန်ကို ရှောင်တိမ်းရင်း စကားမပြောရလောက်အောင် ရှက်ရွံ့စွာ ထွက်ပြေးသွားခဲ့သည်။ လူတိုင်းရှေ့မှာ ပတ်ပြေးနေရတာက ရှက်စရာကောင်းပေမယ့် သူ ဂရုမစိုက်နိုင်တော့ပါ။ အသက်ရှင်ကျန်နေမှသာလျှင် ကလဲ့စားချေဖို့ နည်းလမ်းရှိနိုင်လိမ့်မည်။

အကယ်၍ သူသာ ချင်းယန်ဆီက အသတ်ခံရပါက သမိုင်းတွင် အရှက်တရားဖြင့် ထာဝရ သံမှိုရိုက် ခံထားရမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးအတွက် ရယ်မောစရာပင် ဖြစ်လာပေမည်။

"သွား!"

ဒါကို မဟာမိတ်ခေါင်းဆောင်ကြီးလည်း နားလည်ပုံပင်။ သူက ချိချင်းရှန်းနဲ့ ချင်းယန်ကြားက နေရာဆီသို့ ရိုက်ချရန် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။ ရုတ်တရက် ကြီးမားကျယ်ပြန့်သော လေထုကြီးထဲတွင် ကြီးမားသော လက်ဖဝါးကြီးတစ်ခု ပေါ်လာပြီး ဖြည်းညှင်းစွာ ဖိချလိုက်သည်။

ဗုန်း!

ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ လွင့်ထွက်ကာ သူတို့နှစ်ဦးကို ပိတ်ဆို့ထားလိုက်သည်။

ချင်းယန်: "ကျစ်! မြွေဟောက်အိုကြီး! ဒါက ဟာသလုပ်ရမယ့် အချိန်မဟုတ်ဘူး!"

ချင်းယန် လှည့်ထွက်ကာ တိုက်ခိုက်မှုအကွာအဝေးကို ရှောင်လိုက်သည်။ ဓားအလင်း ဧရာမလက်ဆီ ရိုက်ခတ်လာသောအခါတွင် လက်ဝါးကြီးလည်း ပျောက်ကွယ်သွားသည်။

"ကျေးဇူးတင်ပါတယ်... မဟာမိတ်ခေါင်းဆောင် ကျနော့်အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်!"

ချိချင်းရှန်း တစ်ကိုယ်လုံး အေးစက်သော ချွေးများဖြင့် စိုရွှဲနေသည်။ သူ့လည်ပင်းကို ထိလိုက်သည်နှင့် သွေးအနည်းငယ် ထွက်နေသေးတာ တွေ့လိုက်ရသည်။ ခေါင်းဆောင်သာ တစ်လှမ်းနောက်ကျရင် သေသွားလိမ့်မည်။ ဒီချင်းကောင်လေးက တကယ်ကို ကရုဏာမရှိ၊ သူ့ကိုသတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။

သူသည် အသစ်စက်စက် အဓိပတိနယ်ပယ် ကျွမ်းကျင်သူနှင့်ပင် နှိုင်းယှဉ်၍ မရလောက်ပေ။

"ငါ့ဓားပညာက အစကတည်းက မှားနေတာလား"

သူ့စိတ်ထဲ ချင်းယန်ရဲ့ ရွံ့ရှာမှုကို ပြန်သတိရပြီး ကိုယ့်ကိုယ်ကို သံသယစိတ်တွေ ဝင်လာခဲ့သည်။

"နောက်ပြန်ဆုတ်!"

ဤအခိုက်တွင် မုန့်ထျန်းရွှမ်က ခေါင်းယမ်းကာ သူ့ကို ရပ်တန့်လိုက်ပြီး ချိချင်းရှန်းအား စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုမှ ပြန်ဆွဲထုတ်ခဲ့သည်။ ဒီလိုမှမဟုတ်ရင် သူ့စိတ်အခြေအနေ ပိုဆိုးသွားလိမ့်မည်။

"ဒီနေ့ကစပြီး မင်းကို မဟာမိတ်အဖွဲ့မှာ ငါးနှစ်ကြာချုပ်နှောင်ထားပြီး အပြစ်ပေးမယ်... မင်းနောက်ထပ် အပြင်ထွက်ဖို့ တားမြစ်လိုက်ပြီ!"

"ဟုတ်ကဲ့"

ချိချင်းရှန်း လုံးဝ စိတ်ပျက်လက်ပျက်ဖြင့် နောက်ဆုတ်သွားသည်။ ချိချင်းရှန်း စိတ်တည်ငြိမ်သွားပြီးနောက် မုန့်ထျန်းရွှမ် ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ပြီး ချင်းယန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ကောင်လေး မင်းတော်တော် အရည်အချင်း ရှိပါတယ်... အဓိပတိနယ်ပယ်က ကျွမ်းကျင်သူတစ်ယောက်ကို သတ်နိုင်တာက တကယ့်ကို ထူးထူးခြားခြား ပါရမီရှင်ပဲ ဒါပေမယ့် အရမ်းလည်း မောက်မာမနေနဲ့!"

“မဟာမိတ်ခေါင်းဆောင်.. ဒါက အဓိပ္ပာယ်မဲ့တာပဲ”

ချင်းယန် နတ်ဓားပေါ်က သွေးများကို သုတ်လိုက်ပြီး။

"မာနမကြီးတဲ့ လူငယ်က အလကား လူငယ်တစ်ယောက်ပဲ.... အဘိုးကြီး... ကျုပ်က မာနကြီးလွန်းနေတာ မဟုတ်ဘူး ခင်ဗျားကသာ အသက်ကြီးနေတာ! လမ်းဟောင်းကို စွဲစွဲမြဲမြဲ လိုက်နေလို့ ဝိုင်းရံပိတ်မိနေတယ် ပိုမြင့်တဲ့ နယ်ပယ်ကို ရောက်ချင်ပေမယ့် ဘယ်တော့မှ မရောက်နိုင်ဘူး!"

*ဝုန်း!*

နားမကြားနိုင်သော နေရာတစ်နေရာက ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားပုံရသည်။

“ဟုတ်တယ် လမ်းဟောင်းကို လိုက်လျှောက်ရင် ဘယ်လိုလုပ် ဖြတ်ကျော်နိုင်မှာလဲ”

လျိုဝူရွှမ်း ထိုစကားများ၏ အဓိပ္ပာယ်ကို တွေးတောရင်း ညည်းညူလိုက်သည်။ ထိုစဥ် သူ့တာအိုနှလုံးသားက ယိမ်းယိုင်လာ၏။ သူသည် အဓိပတိမဟာမိတ်အပေါ် အမြဲတစေ မယိမ်းယိုင်သော ယုံကြည်ချက် ရှိခဲ့သော်လည်း ယခုအခါ သူ့တွင် သံသယအချို့ ရှိလာပြီ။

ဒီလမ်းက တကယ်မှန်ရဲ့လား။

နောက်လက်အောက်ငယ်သား တစ်ယောက်ရဲ့ တာအိုနှလုံးသားကပါ ကမောက်ကမ ဖြစ်သွားပုံရသည်။

"လုံလောက်ပြီ!"

မုန့်ထျန်းရွှမ်၏ မျက်နှာက ရုပ်ဆိုးလာတော့သည်။ သူလက်လှမ်းပြီး ချင်းယန်ကို ဖမ်းကိုင်လိုက်သည်။ သူ၏ကြီးမားသော လက်ဖဝါးကြီးက ချက်ချင်း ကျယ်လောင်သော အသံနဲ့အတူ ပြေးထွက်လာသည်။

"မင်း ဒါကို ဘယ်လိုရှောင်ရမလဲ ကြည့်ရအောင်!"

"ရှောင်ရမယ်?"

ချင်းယန်သည် နတ်ဓားကို ကိုင်ထားလျက်မှ တိုက်ခိုက်လာနေသော လက်ဖဝါးကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်သည်။

"ဒီကမ္ဘာကြီးက အကျယ်ကြီးပဲ မဟုတ်ဘူးလား"

ဗုန်း!

ဓားနတ်ဘုရား စွမ်းအားနယ်မြေ ဖွင့်လိုက်ပြီ။

သူ့ရုပ်သွင်က လေထဲတွင် ပျောက်ကွယ်သွား၏။ လူတိုင်း၏ မျက်စိရှေ့တွင် သူ၏အသွေးအသားများသည် ဓားများအဖြစ်သို့ ပြောင်းလဲ၍ ရုတ်တရက် လေထဲမှာတင် ပျောက်ကွယ်သွားသည်။ ၎င်းတို့၏ ချွန်ထက်မှုသည် အပြည့်အ၀ပေါ်လွင်ကာ ကမ္ဘာကြီးထဲ လွတ်လပ်စွာ ပျံ့လွင့်သွားခဲ့သည်။

တခဏအတွင်း။

ကျန်းဟိုင် ဒေသတစ်ခုလုံးသည် တိုက်ခန်းအဆောက်အဦး၏အထက် ကောင်းကင်ထက်တွင် တပ်သားတစ်ထောင်ကဲ့သို့ ဓားမုန်တိုင်းတို့၏ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

ဓားတစ်သောင်း စုစည်းခြင်း!

ဤနေ့တွင် ကျန်းဟိုင်က ဓားသွားလမ်းတစ်ခုလုံးသည် တစ်ဖန် ပဲ့တင်ထပ်နေပြန်သည်။

"ဒါက?!"

လူအိုလီသည် တုန်လှုပ်နေတဲ့ဓားကို ကိုင်ရင်း တစ်ခုခုကို သတိရသွားသလိုမျိုး ရုတ်တရက် မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ လွန်ခဲ့သော ရက်များစွာက ကျန်းဟိုင်မြို့သည် မြို့တွင်းရှိ ဓားသမားအားလုံးအတွက် ဂုဏ်ပြုသည့်နေ့အဖြစ် အလားတူမြင်ကွင်းကို မြင်တွေ့ခဲ့ရဖူးသည်။

အခုလည်း အဲဒီတုန်းကလိုပါပဲ။

"ဒါဆို...ဒါကိုအခု ကြိုးကိုင်တဲ့လူက မိတ်ဆွေလေးချင်းပေါ့?..."

လူအိုလီ သဘောကျစွာ အော်လိုက်ပြီး သူ့ဓားကို ဖြည်းညှင်းစွာ လွှတ်လိုက်သည်။ ဓားကလည်း ချက်ချင်း အထက်သို့ ပြေးတက်သွား၏။

ထောင်ပေါင်းများစွာသော ဓားရည်ရွယ်ချက်များ ထွက်ပေါ်လာပြီးနောက် ချင်းယန်၏ရုပ်သွင်လည်း အလုံးစုံ ပျောက်ကွယ်သွားခဲ့သည်။ သောင်းချီသော ဓားများသည် ပင်လယ်လှိုင်းကြီးသဖွယ် တုန်ခါသွားကာ ရွှေသံချောင်းအဖြစ် ပြောင်းလဲ၍ မဟာမိတ်ခေါင်းဆောင်ကို တိုက်ရိုက်တိုက်ခိုက်သည်။

"ငါ့ဆီလာတယ်!?"

အဓိပတိ မဟာမိတ်ခေါင်းဆောင်သည် တုန်လှုပ်သွားပြီး ပိတ်ဆို့ရန် အလိုလို လက်ကို မြှောက်လိုက်သည်။ တစ်ဆက်တည်း သူ့အမှားကို သဘောပေါက်သွား၏။

"မဟုတ်ဘူး! ဒီဓားက ငါ့ကို ရည်ရွယ်တာ မဟုတ်ဘူး!"

အဓိပတိ မဟာမိတ်ခေါင်းဆောင်မှာ သူ့အပေါ် သတ်ဖြတ်လိုသော ရည်ရွယ်ချက် မရှိလေကြောင်း တုံ့ပြန်မိခဲ့သည်။ သူ့အမူအရာမှာ ထိတ်လန့်သွားကာ ပေအတော်အတန်အကွာမှ ချိချင်းရှန်းဘက် ချာကနဲ ပြန်ကြည့်လိုက်သည်။

ခေါင်းထက်၌ ထောင်နှင့်ချီသော ဓားစွမ်းအင်များ ချိတ်ဆွဲထားကာ ၎င်းတို့၏ ချွန်ထက်သော အစွန်းများ ထိပ်တိုက်တွေ့ကာ အမတဓားတစ်လတ်လို ဓားပုံစံ ဖြစ်ပေါ်လာသည်။ ချင်းယန်က သူ့ကို ကျော်ဖြတ်ပြီး ချိချင်းရှန်းဆီ တည့်တည့် ပြေးထွက်သွား၏။

"မင်း သတ္တိကောင်းလှချည်လား?!"

မုန့်ထျန်းရွှမ် ကောင်းကင်သို့ ဟောက်လိုက်သော်လည်း ချင်းယန်ကို မမြင်နိုင်တော့ချေ။ အဲဒီအချိန်မှာပဲ တည်ငြိမ်တဲ့အသံက ရုတ်တရက် တုံ့ပြန်လာခဲ့သည်။

"ချွင်း!"

နောက်အခိုက်အတန့်!

ထောင်သောင်းချီသော ဓားရှည်များ တုန်လှုပ်ကာ တညီတညွတ်တည်း ပေါက်ကွဲသွားပြီးနောက် ရုတ်တရက် ကျုံ့သွားသည်။

*ဖောင်း!*

အသားနှင့်အသွေးကို ဖောက်ထွင်းခံလိုက်ရသည်။ ထောင်ပေါင်းများစွာသော ဓားသွားများသည် ထိုလူ၏ ခန္ဓာကိုယ်အနှံ့ ထိုးဖောက်ဝင်ရောက်လာခဲ့လေ၏။

"မဟာမိတ်ခေါင်းဆောင်... ကယ်ပါဦး..."

ချိချင်းရှန်း လက်ဆန့်၍ အဓိပတိမဟာမိတ် ခေါင်းဆောင်ဆီသို့ ပြေးလာကာ အကူအညီရဖို့ အော်ဟစ်လိုက်သော်လည်း ချက်ချင်းဆိုသလိုပင် ဒါဇင်ပေါင်းများစွာသော ဓားများက သူ့လည်ချောင်းကို ဆုတ်ဖြဲကာ အုတ်မြစ်ကိုပါ ဖြတ်တောက်ပစ်လိုက်သည်။

သေလုမြောပါး အခိုက်အတန့်တွင် ဓားလမ်းစဥ် ကျွမ်းကျင်သူ ချင်းယန်ကို မတွေ့ဆုံခဲ့လျှင် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုကို တက်နိုင်ပေလိမ့်မည်။ အခုတော့ ချင်းယန်နှင့် တွေ့ပြီးသည်နှင့် သေခြင်းတရားသည် ချက်ချင်းရောက်လာ၏။

ဓားဖြင့်မွေးဖွားလာကာ ဓားဖြင့်သေဆုံးရသည်။

"ချင်းရှန်း!"

မဟာမိတ်အဖွဲ့ ခေါင်းဆောင်လည်း ထိတ်လန့်သွားသည်။ သူ ချိချင်းရှန်းအလောင်းဆီကို ဖျတ်ကနဲ ရောက်သွားပြီး အကြွင်းအကျန်များကို ထုတ်ယူရန် ကြိုးစားရင်း သူ့စိတ်တွေ လုံးဝ ရူးသွပ်သွားခဲ့သည်။

ဤဓားနတ်ဘုရား၏ တပည့်တော်သည် ရယ်စရာ ကောင်းလောက်အောင် သေခြင်းအပေါ် အဆုံးအဖြတ် ပေးခဲ့သည်။

"အလောင်းကို ယူဖို့ ကြိုးစားနေတာလား... အိပ်မက်မက်နေလိုက်လေ!"

ချင်းယန် ဟောက်ပြီး ကျစ်ဝေးနတ်ဓားကို ထုတ်လိုက်သည်။ ပြင်းထန်သော ဓားစွမ်းအင်မုန်တိုင်းက ဝေ့ဝဲကာ ဓားနယ်မြေထဲက စွမ်းအင်အားလုံးကို ပြန်လည်စုစည်းလိုက်၏။ ဓားစွမ်းအင်များ ကျုံ့သွားသည့်အခိုက် ချိချင်းရှန်း၏ အလောင်းဆီသို့ မိုးကြိုးပစ်ချက် တစ်ချက် တိုက်ရိုက်ထိသွားချေသည်။

တကယ်ဆို သူ သက်သေတွေကို ဖျက်ဖို့ ကြိုးစားနေတာပါပဲ။

"မင်းလုပ်ရဲလား!"

မုန့်ထျန်းရွှမ် ဒေါသတကြီးဟောက်ပြီး သူ့ကြယ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ချင်းယန်ရဲ့ တိုက်ခိုက်မှုကို ရပ်တန့်ရန် ကြီးမားသော တောင်ကြီးတစ်ခုလို လက်တစ်ချောင်းကို ပစ်လွှတ်လိုက်သည်။

အခု ချိချင်းရှန်းက အလောင်းကနေ ရှင်ပြန်ထမြောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။ အလောင်းကျန်နေသရွေ့ ဝိညာဥ်နဲ့ အခွင့်အရေး ရဦးမည်။ ဒါပေမယ့် နောက်ဆုံးတော့ အရမ်းနောက်ကျသွားပြီ။

ဗုန်း!

ပြင်းထန်သော ဓားတစ်လက်သည် ကောင်းကင်နှင့်မြေကြီးကို ဖြတ်ကျော်ကာ ဓားစွမ်းအင် အဆတစ်သန်းကို ပစ်လွှတ်လိုက်ရာ ပိုကြီးသော ဖိအားများဖြင့် ပေါက်ဖွားလာခဲ့သည်။ အရိုးတွေ ကွဲအက်၊ အသားတွေ ပြန့်ကျဲကုန်တာမို့ ချိချင်းရှန်း အလောင်းက အမှုန်အမွှားတွေ ဖြစ်ကုန်ပါပြီ။

အလောင်းလုံးဝ မကျန်တော့ပါ။

"သေတာကောင်းတယ်!"

ချိချင်းရှန်း၏ အလောင်းထက်တွင် လွင့်မျောနေသော ချင်းယန်သည် သူ့အားသာချက်ကို ဖိကာ သူ၏ သားရဲမီးစွမ်းအားအပြည့်ကို ထုတ်လွှတ်လိုက်သည်။

ဝူး!

သွေးများ အငွေ့ပျံသွားစေနိုင်တဲ့ မီးပင်လယ်ကြီး ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ဤကမ္ဘာမှ လုံးဝ လတ်စဖျောက်ပစ်လိုက်သည်။ သဲလွန်စ မကျန်တော့ပေ။

အဲဒီတုန်းက သူ့ကို စစ်ဆေးမေးမြန်းဖို့ သူ့ဓားဖိအားကို အသုံးပြုခဲ့တယ်။

ယခုမူ အဆတစ်ထောင်၊ အဆတစ်သောင်း ဓားရည်ရွယ်ချက်ဖြင့် ပြန်ဆပ်ခဲ့ရပေပြီ။ သူ့အလောင်း အပိုင်းအစတွေတောင် မရှိတော့တဲ့အပြင် သွေးခြေရာတွေတောင် မကျန်ခဲ့ချေ။

All Chapters