← Chapters

ကောင်းကင်အရှင် အဓိပတိခန္ဓာ

Vol. 18 Ch. 256

ကောင်းကင်အရှင် အဓိပတိခန္ဓာ

Vol. 18 Ch. 256

တိုက်ခန်း၏အထက်တွင် မိုးကြိုးတိမ်တိုက်များ၊ ထူထပ်သော အနက်ရောင် တိမ်တိုက်များ စုဝေးကာ အဆုံးမသတ်နိုင်ဘဲ ကျန်းဟိုင်မြို့အထက်က ကောင်းကင်ယံတွင် တဖျတ်ဖျတ် လျှပ်စီးလက်နေသည်။

"နှစ်တွေကြာခဲ့ပြီ... ငါဘယ်သူ့ဆီကမှ ဒီလိုစကားမျိုး မကြားရတာကြာပြီ..."

မုန့်ထျန်းရွှမ် သူ့ရှေ့မှ ချင်းယန်ကို စိုက်ကြည့်နေစဉ် ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြင့် ဒေါသမီးတောက်တွေ တောက်လောင်နေပြီး အပေါ်မှ မိုးကြိုးမုန်တိုင်းကလည်း ပိုမိုပြင်းထန်လာသည်။ မရေမတွက်နိုင်သော ကျန်းဟိုင်ပြည်သူများ၏ နားထဲတွင် ဆူညံသော ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

ဟမ့်!

ချင်းယန်သည် သူ၏တပည့်ဖြစ်ရန် တောင်းဆိုမှုကို ငြင်းပယ်ရုံသာမက သူ၏ဂုဏ်သိက္ခာကိုလည်း လုံးလုံးလျားလျား လျစ်လျူရှုခဲ့သည်။

"ငါက မထိုက်တန်ဘူးလား?"

ဤနေရာသို့လာရာ သူ၏ ခရီးတစ်လျှောက်လုံး၌ သူ့ကို လေးစားမှု တစ်စုံတစ်ရာ မပြဝံ့သော သားရဲနတ်အရှင်ဂိုဏ်းက သူ့ဆရာတူညီလေးမှလွဲ၍ လူတိုင်းက သူ့အပေါ် မှီခိုအားထားနေခဲ့ရသည်။

ဒါပေမယ့် အခု ဒီအငယ်တန်း ချင်းယန်က ဒီလောက် မာနကြီးဖို့ သတ္တိရှိနေသည်။

"မင်းသတ္တိ ဘယ်လောက်ထိရှိလဲ?! မင်းက ငါ့ကို ငြင်းရဲတယ်ပေါ့!"

"အလျင်လိုမနေပါနဲ့ လူအိုကြီး...."

ချင်းယန်က သူ့အမူအရာကို ကြည့်ပြီး ဖြည်းဖြည်းချင်းပဲ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ရယ်မောသော အမူအရာက ပျော့ပျောင်းလာပြီး ကြယ်စွမ်းအင်များက အတွင်း၌ ပျံ့နှံ့သွားပြီး သူ၏ "ဓားနတ်ဘုရား စွမ်းအင်နယ်မြေ" ကို အချိန်မရွေး ထုတ်လွှတ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ရှင်းနေပါပြီ။ ထိုသို့ငြင်းဆန်ပြီးနောက် မုန့်ထျန်းရွှမ်၏ဒေါသသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ မိမိသည် သူ၏ ခံစစ်များကို ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ ဝေးကွာတော့ပြီး ယခုအခိုက်တွင် ကောင်းကင်အဓိပတိ ကျွမ်းကျင်သော ပညာရှင်သည် ဒေါသကြောင့် မျက်နှာနီမြန်းနေသည့် အခြေအနေတွင် ရှိနေ၏။

သူ့ခံစစ်ကို နည်းနည်း ထပ်ပိုဖြတ်ဖို့ နည်းလမ်းရှာရမယ်။

ချင်းယန် အာရုံမစိုက်သော လေသံဖြင့် ဆက်ပြောသည် ။

"အဘိုးကြီး ခင်ဗျားရဲ့ အင်္ကျီလက်ထဲမှာ တခြား လှည့်ကွက်တွေ ရှိသေးလား... အဲဒါတွေ အကုန် ထုတ်လာခဲ့လိုက်... ကျနော်ဒီမှာ ယူလိုက်မယ်!"

မုန့်ထျန်းရွှမ်ရဲ့ မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။ တစ်ဖက်လူ သူ့ထောင်ချောက်ထဲသို့ ကျသွားကြောင်း အတည်ပြုလိုက်သည်နှင့် သူ၏ကြယ်စင်စွမ်းအင်များလည်း တိုးလာသည်။ အနုစိတ်သော ဂါထာများကို ရွတ်ဆို၍ သတ်ဖြတ်ရန် ကြံရွယ်သည်ဟုပင် ဆိုနိုင်သည်။

"မဟာမိတ်ခေါင်းဆောင်.... ခင်ဗျား ဘာလုပ်နေတာလဲ"

လျိုဝူရွှမ်းသည် ဆူနာမီလို ပေါက်ကွဲထွက်နေသော ပတ်ဝန်းကျင်က ကြယ်များ၏ စွမ်းအင်အတက်အကျများကို သတိပြုမိကာ အရှိန်အဟုန်ဖြင့် ဝင်ရောက်စွက်ဖက်ရန် ကြိုးစားခဲ့သည်။ ဒါပေမယ့် သူအနားကို ရောက်တာနဲ့ မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေ၏။

ဗုန်း!

မုန့်ထျန်းရွှမ်၏ ခန္ဓာကိုယ်ထဲက အရိုးများ တဆတ်ဆတ် တုန်ခါလာသည်။ လျှပ်စီးကြောင်းတွေ ဖြာထွက်နေသည့်အတိုင်း သူ၏ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သော ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် လျင်မြန်စွာ ကြီးထွားလာနေ၏။

ဆယ်မီတာမှ ပေတစ်ရာအထိ.…

မျက်စိတစ်မှိတ် အတွင်းမှာ ပေရာနှင့်ချီမြင့်သော ရုပ်သွင်ကြီးတစ်ခု ပေါ်ထွက်လာ၏။ ၎င်းက ကောင်းကင်နှင့်မြေကြီးကြား၌ ရပ်နေကာ ကိုယ်ခန္ဓာသည် ကြယ်ရောင်အလွှာများဖြင့် လွှမ်းခြုံထားသည်။ သူ့ခြေထောက်တွေက ဖုန်မှုန့်တွေပေါ် နင်းထားပြီး ဦးခေါင်းက ကောင်းကင်ကို ထိုးတက်နေကာ လက်နှစ်ဖက်က ကျယ်ပြောလှတဲ့ တိုက်ခန်းဧရိယာကို ဖုံးလွှမ်းထား၏။

အသက်ရှုလိုက်တိုင်း လေနှင့် မိုးခြိမ်းသံတို့က မြေကြီးပေါ်သို့ ဆင်းသက်လာလေရာ ဧရာမနတ်ဘုရားတစ်ဆူက ပေါက်ကွဲနေသော ကောင်းကင်ဘုံကို ဂရုမစိုက်ဘဲ ငုံ့ကြည့်နေကြသည့် အတိုင်းပင်။

"ဒါက!"

“ကောင်းကင်အရှင် အဓိပတိရဲ့ စွမ်းအင်ပုံစံ !”

လျိုဝူရွှမ်း စိတ်ပျက်အားငယ်စွာ မော့ကြည့်ရင်း တစ်ယောက်တည်း ညည်းညူလိုက်သည်။ သူမ

ဒဏ္ဍာရီအရ ကောင်းကင်အရှင် အဓိပတိသည် နိယာမစွမ်းအင်၏ အကျိုးဆက်ဖြစ်သော ကောင်းကင်နှင့် မြေကြီးစွမ်းအင်ကို စုစည်းနိုင်သည်။ ၎င်းကို အထွတ်အထိပ်သို့ မွေးမြူထားသူများသည် သာမာန်ကမ္ဘာ ကိုးခုသို့ တက်နိုင်ပြီး ထူးကဲသော စွမ်းအားကို ပိုင်ဆိုင်နိုင်သည်။ ဤသည်မှာ ကမ္ဘာပေါ်ရှိ မြေအဓိပတိနှင့် ကောင်းကင်အဓိပတိတို့ကြားက မရှိမဖြစ် ခြားနားချက်ဖြစ်သည်။

"မင်း အခု လွတ်မြောက်နိုင်ဦးမယ်လို့ ထင်လား ချင်းယန်"

မုန့်ထျန်းရွှမ် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ဓားနတ်ဘုရား စွမ်းအင်နယ်မြေကို ဖိချလိုက်သည်။ ထောင်ပေါင်းများစွာသော ဓားပျံများက လက်တုံ့ပြန်ပြီး သူ့နဖူး၊ နောက်ကျောအပါအဝင် သူ့အရေးပါသော နေရာများကို မဆုတ်မနစ် ရိုက်နှက်သည်။

သို့သော် နောက်အခိုက်အတန့်တွင် သူ့သံသယများကို အတည်ပြုနိုင်ခဲ့သည်။ မုန့်ထျန်းရွှမ်ထံမှ ဖိနှိပ်ချုပ်ချယ်သော အငွေ့အသက်သည် တိုက်ခန်းမှ အပြင်သို့ ပျံ့နှံ့သွားပြီး အနီးနားရှိ ကြယ်သိုင်းရဲစခန်း ရဲဌာန၏ ကြိုးဝိုင်းအထိ ရောက်ရှိသွားသည်။

ဖိအားဒဏ်ခံရသော သံချပ်ကာယာဉ်များခမျာ အလူမီနီယမ်ဗူးများ ဖိသိပ်ထားရသလိုမျိုး တဆတ်ဆတ်တုန်နေသော အသံကို ထုတ်လွှတ်လာသည်။ ရဲအရာရှိအချို့သည် ကြယ်ပွင့်ဖိအားကြောင့် ချောင်းတဟွတ်ဟွတ် ဆိုးကာ သွေးများ ထွက်လာသည်။ အနှီဖိအားကို မခံနိုင်သဖြင့် တဆက်ဆက် တုန်ကာ ဒူးထောက်လုနီးပါး ဖြစ်သွား၏။

"အားလုံး နောက်ဆုတ်လိုက်ကြ!"

ဦးစီးချုပ် အလျင်အမြန် အမိန့်ပေးလိုက်သည်။

သူကိုယ်တိုင်က မွေးရာပါနယ်ပယ်ရဲ့ အကာအကွယ်အာဏာကို ပိုင်ဆိုင်ထားပေမယ့် တိုက်ခန်းတွေအနီးမှာ ကျန်နေသေးတဲ့ အရာရှိတွေကတော့ မလုပ်ရဲကြပါဘူး။ အဲဒီလို ဖိအားတွေအောက်မှာ ကြာကြာနေရင် သေသွားမှာ သေချာသည်။

အခြေအနေက လုံးဝ ပြောင်းသွားပြီ။

အဓိပတိ မဟာမိတ်ခေါင်းဆောင်သည် မြင့်မြတ်သော နယ်ပယ်ထက် အဆပေါင်းများစွာ ရူးသွပ်သွားခဲ့ပြီ ဖြစ်သည်။

"ရှင်းရှင်းလေးပဲ... ဒီမဟာမိတ်ခေါင်းဆောင် ရူးသွားပြီလား"

ရှဟဲသည် အဖွဲ့သားတစ်ဦးကို တွဲထူကာ တုန်တုန်ယင်ယင်ဖြင့် ပြောရင်း ထိုသူ့ကို အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လမ်းတွေက ကွဲအက်နေပြီ။ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက သူ့ခြေထောက်များကိုတောင် အားနည်းလာစေသည်။

လောင်ချင်း ဒီလိုဘီလူးတစ်ကောင်ကို တကယ် တိုက်ခိုက်နိုင်ပါ့မလား။

"သူငယ်ချင်း... မင်းတကယ်မိုက်တာပဲ..."

လူအိုလီသည် အပေါ်က ကောင်းကင်ကို စူးစိုက်ကြည့်ကာ တံတွေး မျိုချလိုက်သည်။ အဓိပတိ မဟာမိတ်ခေါင်းဆောင်၏ ပုံရိပ်သည် တောင်ပေါ်ကပင် မျှော်ကြည့်၍ မရနိုင်သော မြင်ကွင်းများအဖြစ် သူ့သူငယ်အိမ်ထဲ ထင်ဟပ်နေပါသည်။

ဖိနှိပ်ချုပ်ချယ်သော ရောင်ဝါကလည်း တဖြည်းဖြည်း ကျဆင်းလာသည်။ ကောင်းကင်အရှင် အဓိပတိရဲ့ အဓိပတိခန္ဓာက ဒါဖြစ်မည်။ ကောင်းကင်အဓိပတိကို ရောက်ရှိပါက အဓိပတိခန္ဓာ ရနိုင်သည်ဟု ဒဏ္ဍာရီတွင် ဆိုထား၏။

ဒီလို ကြောက်စရာကောင်းတဲ့ ဖိအားတွေ မဖြစ်ခင်မှာတောင် လူတွေဟာ ပေါင်းပင်တွေလိုပင်။ မုန့်ထျန်းရွှမ် အမြင်မှာလည်း သူတို့က ပုရွက်ဆိတ်တွေလိုပါပဲ။

လူအိုလီ၏လက်များ တဆက်ဆက် တုန်ကာ ကြောက်စိတ်များက သူ့နှလုံးသားထဲ ပျံ့နှံ့သွားသော်လည်း သူသည် အပေါ်က ချင်းယန်ကို ကြည့်နေဆဲဖြစ်ပြီး သူ့မျက်လုံးများက စိုးရိမ်မှုပြနေသည်။

ဓားနတ်ဘုရား၏ အကြီးဆုံးတပည့်အဖြစ် သူ့ကို ပြုစုစောင့်ရှောက်ပေးရန် ကျိန်ဆိုခဲ့ဖူးသည်။

ယခုမူ မဟာမိတ်ခေါင်းဆောင်သည် ကောင်းကင်အရှင် အဓိပတိ၏ အဓိပတိပုံစံကို ထုတ်လွှတ်လိုက်သောကြောင့် မိတ်ဆွေလေးချင်း၏ ရှင်သန်နိုင်မယ့် အခွင့်အလမ်းများမှာ နည်းပါးသွားပြီ။ အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ သူ့ကံကြမ္မာအပေါ်တွင်သာ မူတည်တော့သည်။

အင်တာနက်ပေါ်မှာတော့ ဒီမြင်ကွင်းရဲ့ အသည်းကွဲနိုင်တဲ့ ဗီဒီယိုဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး တိုက်ရိုက် ထုတ်လွှင့်မှု တစ်ခုလုံးကို လွှမ်းခြုံသွားပါ၏။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော နိုင်ငံသားများသည် ကြောက်ရွံ့ထိတ်လန့်သွားရုံသာမက အသက်မရှူဝံ့ဘဲ တိတ်တဆိတ် ချွေးထွက်များလာခဲ့ကြသည် ။

【ဘာတွေဖြစ်နေတာလဲ?!】

[ရုတ်တရက်ကြီး ဘာလို့ဒီလောက် ကြီးလာတာလဲ...]

【ဒါက ကောင်းကင်အရှင်ရဲ့ အဓိပတိခန္ဓာလား? ရှေးကျမ်းစာတွေမှာ မှတ်တမ်းတင်ထားတာ တွေ့ဖူးတယ်... ဖောက်ခွဲကောင်းကင်ဂိုဏ်းတော့ ကျိန်းသေပေါက် အဆုံးသတ်တော့မှာပဲ!】

[ပြီးသွားပြီ...ဖောက်ခွဲ ကောင်းကင်ဂိုဏ်း ပြီးပြီ...]

"ဒီအရှင်ရဲ့ အောက်မှာ အားလုံးက ပုရွက်ဆိတ်တွေပဲ မင်းတို့ ဒီနေ့ ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး!!"

ယခုအချိန်တွင်တော့ မုန့်ထျန်းရွှမ်သည် ကောင်းကင်နှင့်မြေကြီး အထက်တွင် ပေတစ်ရာမြင့်သော ရုပ်တုအဖြစ် ပြောင်းလဲသွားသည်။ သူ့လက်ဖဝါးသည် တောင်ကဲ့သို့ ရွေ့လျားသွားပြီး လင်တုံ့တို့ကို အင်းဆက်ပိုးကောင်များကဲ့သို့ ဂရုမစိုက်ဘဲ ငုံ့ကြည့်နေသည်။

"ထွက်သွားလို့မရရင် ငါတို့မသွားဘူး!"

ဒါကိုကြားတော့ လင်တုံ့က သူ့လက်ကို မြှောက်လိုက်ပြီး ဝမ်းဗိုက်ထဲမှာ စုစည်းထားတဲ့ ကြယ်ပါဝါကြိုးကို ဖြိုခွဲပစ်လိုက်သည်။ တစ်ဆက်တည်း အကျဉ်းချ ကောင်းကင်လက်ချောင်းကြီးကို ပစ်လွှတ်လေ၏။ သူသည် မုန့်ထျန်းရွှမ်ကို စိုက်ကြည့်ကာ မခံမရပ်နိုင်သော အံတုမှုများဖြင့် တိုက်ခိုက်နေသည်။

သူတို့က ငါတို့ကို အကြိမ်ကြိမ် အနိုင်ကျင့်တယ်!

ဒီမဟာမိတ်အဖွဲ့ခေါင်းဆောင် အရမ်း လွန်သွားပြီ။

"အကိုကြီးပြောတာ မှန်တယ်... ငါတို့ မထွက်နိုင်ဘူးဆိုမှတော့ ငါတို့ မသွားတော့ဘူး"

ယဲ့ဖန်ကလည်း ရှေ့သို့လှမ်းကာ ဖောက်ခွဲ ကောင်းကင်ဂိုဏ်း၏ အခြားအဖွဲ့ဝင်များနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။

“ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက မင်းခြိမ်းခြောက်တာကို ကြောက်နေမယ်ထင်လား”

"ငါတို့ သူ့ကို သေအောင်တိုက်မယ်!"

ယဲ့ဝူချွဲကလည်း သူ့အား ဝန်းရံထားသော ကြယ်စွမ်းပင်ကြိုးများကို ဓားဖြင့် ဖြိုခွဲကာ မုန့်ထျန်းရွှမ်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။ ချက်ချင်းပင် ချင်းယန်၏နောက်ကွယ်တွင် မပြိုကွဲနိုင်သော လူသားတံတိုင်းတစ်ခုအဖြစ် အရိပ်ခုနစ်ခု လွင့်ပျံလာသည်။

…

“ဒီလုပ်ရပ်က တကယ်ကို ချီးကျူးစရာကောင်းပြီး ဝမ်းနည်းစရာလည်း ကောင်းတယ်...”

လူအိုလီ ညည်းညူလိုက်မိသည်။ ဒါကို ဘယ်လို နားလည်ရမှန်းကို မသိတော့ပေ။ သူ့ရှေ့က မြင်ကွင်းက အလွန်ကြောက်စရာကောင်းပြီး သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားချေပြီ။

မြို့ရဲ့အထက် ကောင်းကင်ယံဟာ ဘယ်တုန်းကမှ ဒီလောက်ထိ အသက်မဝင်ခဲ့ပါဘူး။ အဓိပတိမဟာမိတ် ခေါင်းဆောင်၏ ဗုံးကြဲတိုက်ခိုက်မှုကို စတင်လိုက်သည်နှင့် ဖောက်ခွဲကောင်းကင်ဂိုဏ်းကလည်း သံသယမရှိ သေဆုံးသွားလိမ့်မည်။

"မဖြစ်ဘူးမလား ငါ့ဦးလေးနဲ့ ဦးငယ်လေးတွေ အကုန်လုံး သေကုန်တော့မှာလား"

လီချင်းဟဲသည် လင်တုံ့နှင့် အခြားသူတို့ကို ၎င်းတို့၏ အကြောင်းကြောင့် သေခါနီးတွင် ပြတ်ပြတ်သားသား မျက်နှာထားဖြင့် ကြည့်နေသည်။ သူမ လုံးဝ ထုံကျင်သွား၏။ သူမသည် သူတို့ဂိုဏ်းကို လက်ခံရရုံသာ ရှိသေးသည် ။

ရက်အနည်းငယ် အတွင်းမှာပဲ ပျက်စီးသွားပြီလား?!

………….

"မဟာမိတ်ခေါင်းဆောင် ရပ်လိုက်ပါတော့... ထပ်ပြီး ဖိအားမပေးပါနဲ့လား!"

လျိုဝူရွှမ်း အသံက တုန်တုန်ယင်ယင်ဖြင့် ထွက်ပေါ်လာ၏။ ယခု မုန့်ထျန်းရွှမ်က ဖိအားတွေ ထပ်ပေးနေပြီ။ ဒီဖိနှိပ်မှု အရှိန်အဝါ ပြန့်ပွားဖို့ သိပ်ကြာမဟုတ်ပေ။ မကြာခင် ကျန်းဟိုင်မြို့တစ်ခုလုံး ဒုက္ခရောက်လိမ့်မည်။

သို့သော် သူပြောပြီးသည်နှင့် မလိုက်လျောတဲ့ အဓိပတိမဟာမိတ်ခေါင်းဆောင်၏ သွေးနီရောင် မျက်လုံးများထဲက သတ်ဖြတ်လိုစိတ်များကို တွေ့လိုက်ရလေရာ လျိုဝူရွှမ်း ထိတ်လန့်သွားပြီး ရုတ်ချည်း အေးခဲသွားလေ၏။

"မဟာမိတ်ခေါင်းဆောင်?"

လျိုဝူရွှမ်း အလိုလို နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားခဲ့သည်။

သူ့ရှေ့တွင်ရပ်နေသော သူသည် မဟာမိတ်ခေါင်းဆောင် မဟုတ်တော့သလိုပါပဲ။ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းချုပ်ကို ထွက်လာစေဖို့ မည်သည့်အရာမဆို လုပ်လိုစိတ်ရှိနေသဖြင့် စိတ်ဝိညာဥ် ပျောက်ဆုံးနေသော သားရဲတစ်ကောင်ဖြစ်လာသည်။

"ပါးစပ်ပိတ်ထား... လျိုဝူရွှမ်း ဒါက မင်းကိစ္စမဟုတ်ဘူး.... ဒီကနေ ချက်ချင်းထွက်သွား!"

မုန့်ထျန်းရွှမ် အော်လိုက်သည်။

"ချင်းရှန်း... ဟိုဟိုဒီဒီ လုပ်နေတုန်းက မင်းက ချင်းယန်ကို ကာကွယ်ဖို့ အကြံအစည်တွေ အဆက်မပြတ် ပြောနေခဲ့တယ်... ငါမသိဘူးလို့များ ထင်နေတာလား အခု မင်း နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရဲသေးလား... ငါ့မျက်စိရှေ့က ချက်ချင်းထွက်သွား!"

“ကျနော်.…”

လျိုဝူရွှမ်းသည် ဤစကားကို ကြားလိုက်ရတော့ ခဏလောက် မှင်တက်သွားသည်။

ထွက်သွားဖို့ ပြောနေတာလား။

သူတကယ် ထွက်သွားသင့်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုနေ့မှစ၍ “မြှားနတ်ဘုရား” ၏ စကားများသည် သူ့စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲ။ အဓိပတိမဟာမိတ်သည် မည်သည့်အချိန်ကစ၍ လုံးဝပြောင်းလဲသွားသည် မသိသော်ငြား တစ်ချိန်က အဓိပတိမဟာမိတ်မျိုး မဟုတ်တော့ချေ။

“လမ်းဟောင်းကို မျက်စိမှိတ် လိုက်နာတာ အစကတည်းက မှားနေတာလား”

လျိုဝူရွှမ်း စိတ်ပျက်သွားပြီး ချင်းယန်ကို နောက်တစ်ကြိမ် ပြန်ကြည့်ကာ နောင်တရမှုများ နက်နဲလာသည်။

“ဆုံးဖြတ်ချက် ပြတ်သားမယ်ပေါ့!”

မုန့်ထျန်းရွှမ်သည် လျိုဝူရွှမ်း၏ရုပ်ပုံကို ငုံ့ကြည့်လိုက်သည်။ သူ့အတွေးတွေကို မြင်နေသလိုဖြင့်။

“မင်း မထွက်သွားသေးရင် မင်းငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့... မင်းကိုလည်း သတ်ပစ်လိုက်မယ်!"

တစ်ဆက်တည်း တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာပြီး သူ၏ ပြစ်တင်ဝေဖန်မှုကို နှောင့်ယှက်လိုက်သည်။

"လျိုဝူရွှမ်း မင်းရဲ့မဟာမိတ်ခေါင်းဆောင် ပြောတာမှန်တယ် မြန်မြန်ထွက်သွားပါတော့..."

ထိုအချိန်တွင် ချင်းယန်သည်လည်း လက်ကိုဝှေ့ယမ်းကာ :"ခင်ဗျားရဲ့ကြင်နာမှုကို ကျနော် တန်ဖိုးထားပါတယ်... ဒါပေမယ့် အခုအချိန်မှာ တော့ တုံ့ဆိုင်းမနေနဲ့!"

"ချင်းကောင်လေး..."

လျိုဝူရွှမ်း ချင်းယန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ ချင်းယန်ပြောချင်တာကို သဘာဝကျကျ နားလည်သည်။ ထက်မြက်သော လျှာဖြစ်သော်လည်း နူးညံ့သော နှလုံးသားဖြင့် သူ အမြန်ဆုံး ထွက်ခွာသွားရလိမ့်မည်ဟု သူ ရိုးရိုးရှင်းရှင်း မျှော်လင့်နေခြင်းပင်။

သို့သော် ပြဿနာမှာ မြှားနတ်ဘုရား ကိစ္စမှာ သူ့စိတ်ထဲမှာ နစ်မွန်းနေဆဲ။ ဒါပေမယ့် အခုဒီမှာနေဖို့က ဘာအထောက်အကူမှ မဖြစ်ချေ။ နှစ်ဖက်စလုံးအတွက် ကျေးဇူးမကင်းတဲ့အလုပ်တစ်ခုပင်။

"ချင်းကောင်လေး... တောင်းပန်ပါတယ်"

ထိုသို့ပြောပြီးနောက် လျိုဝူရွှမ်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး မိုးကုတ်စက်ဝိုင်း အတွင်း ပျောက်ကွယ်သွားသည်အထိ စစ်မြေပြင်မှ ထွက်ပြေးသွားခဲ့သည်။

"ဟမ့် သူရဲဘောကြောင်ပြီး အရည်အချင်း မရှိတဲ့ကောင်!"

မုန့်ထျန်းရွှမ် သူ့ကို ထွက်သွားတာကို ကြည့်ပြီး အသုံးမဝင်တဲ့ ခွေးသေတစ်ကောင်လို လှောင်လိုက်သည်။

"ငါ ပြန်ရောက်ရင် သူ့ကို သေသေချာချာ ဆုံးမပေးရမယ်..."

"အကြီးအကဲ မပတ်သက်တဲ့သူတွေက ထွက်သွားတော့ စကားထပ်ပြောစရာ မလိုတော့ဘူး"

ချင်းယန်သည် မုန့်ထျန်းရွှမ်၏ ပုံမှန်မဟုတ်သော အမူအရာကို သတိပြုမိပြီး ချက်ချင်းဆိုသလို ပြောလိုက်သည်။

"ဒါက ကျနော့်နဲ ခင်ဗျားကြားက ကိစ္စပဲ တခြားသူတွေနဲ့ ပတ်သက်နေစရာ မလိုဘူး"

"ဟက်! မင်းတို့ရဲ့တာဝန်တွေကို အချောင်ခိုဖို့ မကြိုးစားနဲ့" “

သူ့အကြည့်တွေက လင်တုံ့နဲ့ တခြားသူတွေကို လွှမ်းခြုံသွားပြီး နောက်ဆုံးမှာတော့ ချင်းယန်ဆီ ရောက်သွားခဲ့သည်။

"မင်းရဲ့ဦးလေးငယ် မြှားနတ်ဘုရား သေပြီးကတည်းက လျိုဝူရွှမ်းရဲ့ စိတ်အခြေအနေက ပျက်စီးသွားတာ... သူ အဓိပတိမဟာမိတ်ကို ပြန်ရောက်ကတည်းက မှင်တက်နေတာ... ဒီကိစ္စကို ဒီအတိုင်းထားလို့မရဘူး"

"?"

ချင်းယန် မျက်မှောင်ကြုတ်ကာ သူ့နဖူးမှာ မေးခွန်းအမှတ်အသားတစ်ခု ပေါ်လာသည်။

ဒီကိစ္စအတွက်လည်း မင်းကငါ့ကို အပြစ်တင်ချင်တယ်ပေါ့?

အဲဒီတုန်းက ငါ လုံးဝကို အဆင်ပြေခဲ့ပါတယ်။

မင်း အဲဒီခွေးရူးကို ငါ့အိမ်တံခါးရှေ့ လာမပို့သေးတဲ့အချိန်အထိ အရာအားလုံးက ငြိမ်းချမ်းနေပြီးသား..

"မင်းတို့ လူတွေမှာကိုက ပြဿနာတွေ ရှိနေတာ... ငါတို့ ဖောက်ခွဲကောင်းကင်ဂိုဏ်းနဲ့ ဘာပတ်သက်လို့လဲ? ဟာသပဲ"

သူစကားပြောနေစဉ်တွင် ချင်းယန်နောက်ကွယ်မှ ပြင်းထန်သော အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာပြီး ကောင်းကင်ဂိုဏ်းဝင်အားလုံးကို အမိန့်ပေးလိုက်သည်။

"လူတိုင်း... ဖွဲ့စည်းမှုပုံစံလုပ်ဖို့ ငါ့နောက်ကိုလိုက်ခဲ့!"

All Chapters