ဒီနေ့ မင်းတို့ငါ့ကိုသတ်နိုင်မလား ကြည့်ရသေးတာပေါ့
Vol. 18 Ch. 258
ယဲ့ဖန်ကလည်း မုန့်ထျန်းရွှမ်နှင့် အကွာအဝေးချုံ့လိုက်ကာ အရေပြားထဲက အက်ကွဲကြောင်းများကို ထုတ်ဖော်ပြသလိုက်သည်။
"အရူးတွေ သူတို့အားလုံး ရူးကုန်ပြီ!"
"မင်းတို့က အရူးတွေ!"
ရူးသွပ်နေသော ယဲ့ဖန်ကို ကြည့်ကာ မဟာမိတ်အဖွဲ့ခေါင်းဆောင်မှ ကျိန်ဆဲလိုက်လေသည်။
"ဒီ 'ဖောက်ခွဲကောင်းကင်ဂိုဏ်း' လို့ ခေါ်တဲ့ ဂိုဏ်းက သေချာပေါက် အရူးသွပ်ဂိုဏ်းပဲ!"
ကိုယ့်ကိုကိုယ် ဖျက်ဆီးဖို့ အသက်အန္တရာယ်ကိုတောင် မကြည့်ကြတော့ဘူးလား?
မင်းတို့က ဘဝတွေကို တန်ဖိုးမထားပေမယ့် ငါကတော့ ထားတယ်!
"ယဲ့ဖန် စကားပြောရအောင်!"
ဒါကိုတွေးရင်း မုန့်ထျန်းရွှမ် ကြောက်လန့်တကြား ဖြစ်လာသည်။ ယဲ့ဖန်ဘက်ကို လှည့်လိုက်စဥ် သူ့အသံက လုံးဝပျော့သွား၏။
"ငါတို့ဘာလို့ဒီမှာ မရပ်တာလဲ... ငါအခုနက မဆင်မခြင် လုပ်မိသွားလို့ နားလည်မှုလွဲသွားတာဖြစ်မယ်..."
"..."
ယဲ့ဖန် ထိုစကားကိုကြားတော့ တိတ်တိတ်ဆိတ်ဆိတ်ပင် ကြည့်နေသော်ငြား သူ့ခန္ဓာကိုယ်မှ ထွက်လာသော ကြယ်စွမ်းအားများ၏ အတက်အကျကတော့ ပိုပြင်းထန်လာသည်။
သူ့ပတ်ဝန်းကျင်ရှိ လေထုရ တုန်လှုပ်သွားပြီး အာကာသ၏ နိယာမများကို ကိုယ်စားပြုသော အာကာသနိယာမ စက်ဝိုင်းအတွင်းမှ ကြယ်စွမ်းအင်များသည် အပြင်ဘက်သို့ တဖြည်းဖြည်း ပျံ့နှံ့သွားကာ ထင်သာမြင်သာသော လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။
"အခုတော့ ကရုဏာကို တောင်းဖို့ သိပြီပေါ့... သိပ်နောက်ကျသွားပြီလို့ မထင်ဘူးလား"
ယဲ့ဖန် အေးစက်စွာ ပြန်ပြောလိုက်သည်။ သစ်မြစ်တွေလို အက်ကွဲကြောင်းများက သူ့မျက်နှာတွင် ပြန့်ကျဲနေပြီး အတွင်းမှ အပြင်သို့ တောက်ပနေသော ကြယ်ရောင်များ ထွက်ပေါ်လာသည်။
အချိန်မရွေး ပေါက်ကွဲနိုင်မယ့် အနေအထားမျိုး ရောက်နေပြီ။
မုန့်ထျန်းရွှမ် တုန်လှုပ်ချောက်ချားသွားပြီး မလှုပ်ရှားရဲတော့ပေ။ ယဲ့ဖန် သူ့ရှေ့မှာ ပေါက်ကွဲရင် ထိခိုက်သွားမှာ သေချာ၏။ ဒါက အဓိပတိနယ်ပယ်ရဲ့ မိမိကိုယ်ကို ဖျက်ဆီးခြင်း ဖြစ်တာကြောင့် သူ အလောင်းအစား မလုပ်ရဲချေ။
"ယဲ့ဖန် ငါတို့ ဒီလောက်ရုပ်ဆိုးအောင်လုပ်ဖို့ မလိုဘူး"
မုန့်ထျန်းရွှမ် သူ့ကို စိတ်တည်ငြိမ်အောင် ကြိုးစားရင်း :“မင်း အဓိပတိနယ်ပယ် ရောက်သွားပြီ.. မင်းမှာ တောက်ပတဲ့ အနာဂတ်ရှိတယ်… ဘာလို့ ကိုယ့်ကိုယ်ကို စတေးချင်ရတာလဲ”
“ကောင်းပြီ မဟာမိတ်ခေါင်းဆောင် မင်းငါ့ရဲ့ဆုံးဖြတ်ချက်ကို ယိုင်သွားအောင် လုပ်ချင်နေတာ ဆိုရင်တော့ မင်းလက်လျှော့လိုက်တော့...”
ယဲ့ဖန် ထိုအတွေးများဖြင့် သဘာဝအတိုင်း ရယ်မောလိုက်သည်။
ယခုအခါ *ကောင်းကင်နှင့်မြေကြီး အတူယှဉ်တွဲနေထိုင်ခြင်း* ကျင့်စဥ်သည် အပြည့်အဝလွတ်မြောက်ခြင်းမှ ခြေတစ်လှမ်းမျှသာ ဝေးတော့သည့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
မုန့်ထျန်းရွှမ်ခမျာ ကရုဏာကို တောင်းရမ်းရင်းပင် ထိတ်လန့်စပြုလာသည်။
"လူယုတ်မာ မင်းတကယ် ဘာမှမလိုချင်ဘူးလား"
ထိုအခိုက် မုန့်ထျန်းရွှမ် ပြာယာခတ်သွားသည်။
ဒီလို အရူးမျိုးနဲ့ ကြုံရမှာလောက် ဘာမှမကြောက်ရချေ။ သို့သော် သူ အရှုံးမပေးဘဲ ထပ်အော်မေးလိုက်သည်။
"ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ အငယ်တန်း တစ်ယောက်အတွက်နဲ့ ကိုယ့်ကိုယ်ကို ဖျက်စီးပစ်ရတာ တကယ်ကို ထိုက်တန်ရဲ့လား...?"
"တန်လား?"
ယဲ့ဖန် အေးစက်စွာ ပြန်ဖြေပြီး သူ့နောက်က ချင်းယန်ကို လှည့်ကြည့်လိုက်သည်။
"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက တပည့်တွေရဲ့ ငြိမ်းချမ်းရေးကို မနှောက်ယှက်ဖို့ ကျန်းဟိုင်ကို လူတွေကို အကြိမ်ကြိမ် စေလွှတ်ခဲ့တယ် ဒါက ထိုက်တန်လား မထိုက်တန်ဘူးလားဆိုတာ မင်း မေးခွန်းထုတ်စရာ မဟုတ်ဘူး..
ဒီတစ်ခါ မင်းကို သင်ခန်းစာမပေးရင် မင်းက ငါ့ရဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းကကို နောက်တစ်ကြိမ် ထပ်စော်ကားဦးမှာ သေချာတယ်!"
"ယဲ့ဖန် မင်း ဒီအထိ သွားချင်နေတာလား"
ဒါကိုကြားတော့ မုန့်ထျန်းရွှမ် မျက်မှောင်ကြုတ်သွားသည်။
သူ့ကို သင်ခန်းစာ ပေးလို့မလား?
ကိုယ့်ကိုကိုယ် ဖျက်ဆီးပြီး သူ့ကို သင်ခန်းစာ ပေးမလို့လား
အရမ်းရက်စက်လွန်းတယ်။
မုန့်ထျန်းရွှမ် သူ့ကို ထပ်ပြီး ဆွဲဆောင်ဖို့ ကြိုးစားသည်။
“မြေအဓိပတိနဲ့ ကောင်းကင်အဓိပတိကြားက ခြားနားချက်က အကြီးကြီးပဲ ကိုယ့်ကိုကိုယ် ဖျက်ဆီးရင်တောင် ငါ့ကို မသတ်နိုင်ဘူး... ငါ အသက်ရှင်နေသရွေ့တော့ ရှားပါးပြီး အဖိုးတန်ပစ္စည်းတွေရဲ့ အကူအညီနဲ့ ပြန်ရနိုင်သေးတယ်... ဒါပေမယ့် မင်းရဲ့ကိုယ်ကို ဖျက်ဆီးတာက မတူဘူး မင်းသေရင် ပြန်ကောင်းလာမှာမဟုတ်ဘူး!"
သူက စကားပြောနေစဉ် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ယဲ့ဖန်၏ မျက်လုံးများကို စေ့စေ့ကြည့်ကာ မေးခွန်းထုတ်သည်။
"အဓိပတိနယ်ပယ်ကို ပြုစုပျိုးထောင်ဖို့ ဘယ်လောက်ခက်ခဲလဲ... မင်းဘဝတစ်ခုလုံးရဲ့ ကျင့်ကြံမှုကို အငယ်တန်းတစ်ယောက်အတွက် တကယ်စွန့်လွှတ်ဖို့ ဆန္ဒရှိနေတာလား"
လင်တုံ့: "လုံလောက်ပြီ... အဓိပ္ပာယ်မရှိတာတွေ ထပ်ပြောမနေနဲ့!"
ယဲ့ဖန် သူ၏နောက်ဆုံး ကြယ်စွမ်းအားကို အသက်သွင်းလိုက်ပြီး :"လူတိုင်းက မင်းလို အခေါက်မကိုက်ဘဲ ကြောင်သူတော်ဖြစ်ဖို့ပဲ အသက်ရှိနေမယ်လို့ ထင်နေလား?"
"ဒီနေ့ မင်း ငါ့ဂိုဏ်းတပည့်ကို စော်ကားလိုက်တဲ့အတွက် ဒီသင်ခန်းစာကို ခံရလိမ့်မယ်!"
ယဲ့ဖန်သည် မုန့်ထျန်းရွှမ်၏ တင်းမာသော ရုပ်သွင်ကို တိုက်ရိုက်စွပ်စွဲလိုက်ပြီး လေထဲ ခုန်တက်လိုက်၏။ သူဖြတ်သွားရာ နေရာတိုင်းက မှန်များကွဲသွားသလို ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများဖြင့် လှုပ်ခါသွားသည် ။
"သေသင့်တဲ့ကောင်!"
မုန့်ထျန်းရွှမ်၏ အမူအရာမှာ သိသိသာသာပြောင်းလဲသွားပြီး ဟန့်တားရန် ကြယ်စွမ်းအင်များကို အလျင်အမြန် ဆင့်ခေါ်လိုက်သည်။
ဒါပေမယ့် အရမ်းနောက်ကျသွားပြီ။
ယဲ့ဖန်၏ရုပ်သွင်က လွင့်ပျံလာပြီး သူ့ရင်ဘတ်ရှေ့သို့ အတိအကျ ရောက်ရှိလာကာ သူ့ကိုယ်ခန္ဓာက မီးလောင်ကျွမ်းသွားသလို "ကောင်းကင်နှင့်မြေကြီး အသက်ရှည်ခြင်း" နည်းလမ်းကို ကန့်သတ်ချက်အထိ တွန်းပို့လိုက်တော့သည်။
ဗုန်း!!
ပြင်းထန်သော လျှပ်စီးကြောင်းများ ပေါက်ကွဲသွားခဲ့သည်။
အပူချိန် ထောင်ပေါင်းများစွာ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာပြီး မဲနယ်လျှပ်စီးအပေါက်ကြီးကို ဖောက်ခွဲပစ်လိုက်သည်။
ပြိုးပြိုးပြက်ပြက် ပြနေသော ကြယ်ရောင်များက ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ကာ ကမ္ဘာကြီးကို အဖြူရောင် ကွက်လပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်သည်။ လူသတ်ချင်နေသော ရည်ရွယ်ချက်မှာ မိုင်ပေါင်းများစွာအထိ တုန်လှုပ်သွားခဲ့၏။ ယဲ့ဖန်နှင့် အဓိပတိ မဟာမိတ်ခေါင်းဆောင်တို့ တိုက်မိပြီးနောက် တောက်ပသော အလင်းတန်းများ ကောင်းကင်အနှံ့ လွှမ်းခြုံသွားသည်။
…
ထိုကဲ့သို့ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာပြီးနောက် မရေမတွက်နိုင်သော ကြယ်များက ကောင်းကင်တွင် ရုတ်တရက် ပေါ်လာသည်။
“မဟုတ်ဘူး…”
လီလူအိုသည် ကောင်းကင်ပြင်ရှိ မြင်ကွင်းကို ငေးကြည့်ရင်း မျက်နှာပေါ်၌ ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်လာသည်။
အခန်းတွင်းရှိ အခြားလူများကလည်း သူတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်ငိုကြွေးကုန်ကြသည်။ တခဏအတွင်းမှာပင် ရှိုက်ကြီးတငင် ငိုကျွေးသံများ အခန်းထဲ ပြည့်သွား၏။ နောက်ထပ် အဓိပတိနယ်ပယ် ကျွမ်းကျင်သူ ထွက်ခွာသွားပြန်ပြီ။
ကျန်းဟိုင်ဓားနတ်ဘုရား အပါအဝင် အမြင့်မြတ်ဆုံးနယ်ပယ်မှ ကျွမ်းကျင်သူ သုံးဦးလုံး ကျန်းဟိုင်တွင် ကျဆုံးခဲ့သည်။ ကျန်းဟိုင်က အဓိပတိနယ်ပယ်မှ ပညာရှင်များအတွက် သင်္ချိုင်းကုန်းလို ဖြစ်လာသည်မှာ ကြာပါပြီ။
“ဦးလေး…တောင် သွားပြီ…”
လီချင်းဟဲ အသံတိတ် ရေရွတ်မိသည်။ ငိုကြွေးသံများက သူမနားထဲတွင် ပဲ့တင်ထပ်နေကာ အခိုက်အတန့် ဆိတ်သုဉ်းမှုကို ပိုမို အလေးထားလာခဲ့သည်။ သို့သော် သူမ၏ ဝမ်းနည်းပူဆွေးမှု ကြားတွင် ယခင်က တစ်နေရာရာမှာ မြင်ဖူးသလိုမျိုး ထူးဆန်းသော ရင်းနှီးမှုကို ခံစားခဲ့ရသည်။
“ဒီအကွက်က… ဂိုဏ်းဆရာတုန်းကနဲ့ ခပ်ဆင်ဆင်တူနေသလိုပဲ.…”
လီချင်းဟဲ သူ့မျက်ရည်များကို အကြမ်းပတမ်း သုတ်လိုက်ပြီး နားမလည်နိုင်သော ရင်းနှီးကျွမ်းဝင်မှုက သူမကို အတွေးထဲသို့ လွင့်သွားစေသည်။
…
…
ကြီးမားလှသော ဟောက်သံကြီးက ကောင်းကင်ယံကို ဖြတ်၍ မိုင်ထောင်ချီဝေးသော နေရာအထိ ပျံ့လွင့်သွားသည်။
ဒဏ်ရာရသူတွေ စုဝေးရာ ရဲစခန်းက နေရာတိုင်းမှာ ရဲအရာရှိတွေ လဲလျောင်းပြီး အနားယူနေကြသည်။ မုန့်ထျန်းရွှမ် အဓိပတိခန္ဓာကို အသက်သွင်းပြီးကတည်းက ၎င်း၏ ကြီးမားသော စွမ်းအားသည် လူအများကို ထိခိုက်စေခဲ့ပြီး ဤနေရာကို ယာယီ နားခိုရာနေရာအဖြစ် ပြောင်းလဲခဲ့ရသည်။ ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူများနှင့် ပြည့်နေပါသည်။
အနားယူနေသော အရာရှိအချို့သည် တိုက်ခန်း အဆောက်အအုံဆီသို့ ဦးတည်နေသည့် ထူးဆန်းသော မြင်ကွင်းကို လှမ်းကြည့်ကာ နာကျင်မှုအား မေ့သွားကြသည်။
"ကျစ်! မြေအဓိပတိ မိမိကိုယ်ကို ဖျက်ဆီးတာ မြှားနတ်ဘုရားထက်တောင် ပိုအစွမ်းထက်နေတယ်!"
"ငါတို့ ဒီတစ်ခါရော နိုင်မယ်ထင်လား"
“ဖြစ်နိုင်တယ်… ဒါက သူ့ကိုယ်သူ ဖျက်ဆီးတာ မဟုတ်ဘူး! အဲဒါက နျူကလီးယား ဗုံးကြဲချသလိုပဲ”
“သွားပြီ နောက်တစ်ယောက် ပြုတ်ကျသွားပြီ…”
“…”
ရှဟဲသည် သံချပ်ကာယာဉ်ကို မှီထားရင်း လှမ်းကြည့်နေကာ နှုတ်ခမ်းမှ စီးကရက်တစ်လိပ် ပြုတ်ကျသွားခဲ့သည်။ သူ ကောင်းကင်ကို စူးစူးစိုက်စိုက်ကြည့်ကာ စိုးရိမ်စိတ်များနှင့် ပြည့်နှက်နေသော သူ့နှလုံးသားကို ပြန်ကြည့်လိုက်သည်။
ဤကိုယ်ကိုကိုယ် ဖျက်ဆီးခြင်း၏ တန်ခိုးက ကြီးမားလှ၏။ မိုင်ပေါင်းများစွာ ဝေးတဲ့အရပ်မှာတောင် ကြောက်မက်ဖွယ်ကောင်းတာကို သူခံစားနိုင်တာကြောင့် အခု ချင်းအိုကြီး ဘယ်လိုနေမလဲ သိချင်လာသည်။
"ကျေးဇူးပြုပြီး မင်း ဘာမှမဖြစ်ပါစေနဲ့..."
ရှဟဲ မီးခိုးငွေ့များကို ရှူထုတ်လိုက်ပြီး လေးလံသောနှလုံးဖြင့် ထိုင်ချလိုက်ပြီး ရဲအုပ်ကြီး၏ တံဆိပ်ကို ထုတ်ယူလိုက်သည်။
သူ တိတ်တိတ်လေး သက်ပြင်းချမိသည်။
ရဲအုပ်ကြီး၏အဖွဲ့တွင် ပါဝင်ပြီးနောက်တွင် သူသည် အမှန်တကယ် ခွန်အားရှိမည်ဟု ထင်ခဲ့ပြီး ချင်းယန်ကိုတောင် အချောင်မခိုပါရန် တိုက်တွန်းခဲ့သည်။
ဒါပေမယ့် အခုတော့ သူသဘောပေါက်သွားပြီ...
သူ့အရိပ်ကို မြင်နိုင်ခွင့်မပြောနဲ့ ချင်စအိုကြီးကို ကျော်တက်ဖို့တောင် နီးစပ်မလာခဲ့ပါဘူး။ ဒီကောင်က သူ့ကို အဝေးကြီးမှာ ထားခဲ့ပြီး လက်လှမ်းမမီနိုင်လောက်အောင် ဖြစ်နေပြီ။
သစ်တော်ပန်းပွင့်၏ မိုးအပ်၊ အဂ္ဂိရတ်ပညာ၊ ထိပ်တန်းအဆင့် အစွမ်းထက်သော ကျင့်စဥ်။ သူ၏ လက်ဖက်ရည်ကပင် လွန်စွာကောင်းမွန်နေသည်။ သူသည် အရာရာ၌ ကျွမ်းကျင်တတ်မြောက်ပြီး သူလက်ရှိပါဝင်နေသည့် တိုက်ပွဲများကလည်း လက်လှမ်းမမီနိုင်ချေ။
ချင်းယန်ရဲ့ အကူအညီကြောင့်သာ မဟုတ်ရင်...
"ငါက နိမ့်ကျတဲ့ ရဲအရာရှိတစ်ယောက်ပဲ ဟုတ်တယ်မလား"
"လူတွေကြားက ကွာခြားချက်က အရမ်းကြီးတာပဲ"
ရှဟဲ သူ့ရဲတံဆိပ်ကို ဖယ်လိုက်ပြီး တိုက်ခန်းအဆောက်အဦးရဲ့ အပေါ်က စစ်မြေပြင်ကို လှမ်းကြည့်လိုက်သည်။
"လောင်ချင်း မင်းအသက်ရှင်လျက် ပြန်လာရင် ပိုကောင်းလာမယ်... ငါမင်းကို အလုပ်ကထွက်ပြီး တံကျင်နဲ့ထိုးဖို့စောင့်နေပြီ"
"အရာရှိရှ.. ကြည့်မနေနဲ့တော့ အနားယူသင့်ပြီ"
ဒီအချိန်မှာ ရဲအရာရှိတစ်ယောက်က တုန်တုန်ယင်ယင်နဲ့ လှမ်းတက်လာပြီး သူ့ပုခုံးပေါ် လက်တစ်ဖက်တင်ကာ။
"မင်းအစကတည်းက ဒီမှာရပ်နေတာ တစ်လက်မမှ မလှုပ်ဘူး အနားယူပါတော့"
"ဟူး..."
ရှဟဲ သက်ပြင်းတစ်ချက်ချကာ ကူကယ်ရာမဲ့ ညည်းတွားလိုက်သည်။
"ညီအစ်ကို မင်း ငါ့ရဲ့ ဝမ်းနည်းမှုတွေကို မင်းနားမလည်ဘူး မင်းငါ့ကို မကူညီနိုင်ဘူး..."
*ဝူး!*
ထိုအခိုက် လေထဲကို ဖြတ်သွားတဲ့ အရာတစ်ခုရဲ့ စူးစူးရှရှ အသံတစ်သံ ထွက်ပေါ်လာသည်။
အရာရှိများအားလုံး မော့ကြည့်လိုက်တော့ အလင်းတန်းတစ်ခုလို ရွေ့လျားနေကာ တိုက်ခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားနေသည့် အသွင်အပြင်ကို တွေ့လိုက်ရသည်။
"ဟမ်?"
ရှဟဲ သူ့နှုတ်ခမ်းမှ စီးကရက်ကို တွဲလောင်းချကာ ထိုပုံကို တစ်ချက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"လျိုဝူရွှမ်းလား?"
"အဲဒီလူကြီး ထွက်သွားတာ မဟုတ်ဘူးလား.. အခု သူဘာပြန်လာလုပ်နေတာလဲ"
...
မိုင်ပေါင်းများစွာ ဝေးကွာသော အဆောက်အဦးများဆီ၌ ပြာမှုန်တောက်တောက် အလင်းတန်းများ လင်းလက်သွားသည်။ လျိုဝူရွှမ်းသည် အဆောက်အဦးများကြားတွင် ပျံသန်းရင်း တိုက်ခန်းဆီသို့ ပြေးသွားခဲ့သည်။
သူတို့အကြံဉာဏ်ကို လိုက်နာပြီး တိုက်ခန်းဧရိယာကို အမြန်ထွက်သွားခဲ့ပေမယ့် ကျယ်လောင်တဲ့ပေါက်ကွဲသံကို ကြားတော့ နောက်ပြန်လှည့်ဖို့ မထိန်းနိုင်ခဲ့ပါဘူး။
သူ့ရဲ့ အဆိုးဆုံး အကြောက်တရားတွေက တကယ်ဖြစ်လာခဲ့ပါပြီ။
"ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ နောက်ထပ်အဖွဲ့ဝင်တစ်ယောက်က သူ့ကိုယ်သူ ဖျက်စီးသွားပြန်ပြီ..."
လျိုဝူရွှမ်းသာ် တိုက်ခန်းနှင့် မနီးမဝေး ဘန်ဂလိုသို့ ရောက်ရှိလာပြီး ပြိုးပြိုးပြက်ပြက် ပြနေသော အဖြူရောင်အလင်းတန်းကို မြင်လိုက်ရသောအခါတွင် သူ့နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်သွားပြီး အတိတ်က အမှတ်တရများ ထပ်မံတုန်လှုပ်သွားခဲ့သည်။
သည်းမခံနိုင်သော အမှတ်တရများက ဒီရေကဲ့သို့ ပြန်ဖုံးလွှမ်းသွားသည်၊
လီရွှေရေကန်ထက်က... မိမိကိုယ်ကို ဖျက်ဆီးသွားသူ... ကျန်းဟိုင် မြှားနတ်ဘုရား...
မြင်ကွင်းက အတူတူပါပဲ။
လွန်ခဲ့သောရက်များက မြှားနတ်ဘုရားသည် ထိုကဲ့သို့ပင် မိမိကိုယ်ကို ဖျက်ဆီးခဲ့ပြီး သားရဲနတ်အရှင်ရဲ့ နတ်ဆိုးများကို မြူးမြူးကြွကြွဖြင့် ဖြိုခွင်းခဲ့သည်။ အချိန်အတော်ကြာပြီး နောက်တွင်ပင် လျိုဝူရွှမ်းမှာ အစစအရာရာ အားလုံးကို မှတ်မိနေသေးသည်။
မြှားနတ်ဘုရား သေဆုံးခြင်း၏ အသေးစိတ် အချက်တိုင်းက သူ့နှလုံးသားထဲတွင် ထာဝရအမှတ်ရနေစေခဲ့သည်။
ဒါပေမယ့် အခုရင်းနှီးပြီးသား မြင်ကွင်းက ပြန်ထွက်လာပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ပြိုင်ဘက်က အဓိပတိမဟာမိတ် ဖြစ်သည်။ သမိုင်းက သံသရာလည်နေသလိုပဲ အရင်က ဖြစ်ပျက်ခဲ့တာတွေက နောက်တစ်ကြိမ် ထပ်ဖြစ်ဦးမည်။
“ဒါ.…”
လျိုဝူရွှမ်း နီးကပ်လာသော အဖြူရောင်အလင်းရောင်ကို ကြောင်အစွာ စိုက်ကြည့်နေမိသည်။
"သူတို့က ကောင်းကင်အဓိပတိ တစ်ယောက်ကိုတောင် အတင်းအကြပ် ဖောက်ခွဲပစ်တာလား ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက လူတွေက သေရမှာ တကယ်မကြောက်ဘူးလား"
…
ခဏအကြာ။
တိုက်ခန်း၏ အထက်တွင် လှုပ်ခတ်သွားသော ငလျင်များ ပျောက်ကွယ်သွားပြီး မီးခိုးများ ကင်းစင်သွားသည်။
လူတိုင်းက တိုက်ပွဲကို စေ့စေ့ကြည့်ရှုနေခဲ့ကြပြီး မရေမတွက်နိုင်သော မျက်လုံးများက ယဲ့ဖန် နောက်ဆုံး ပေါ်ထွက်လာမည့်အချိန်ကို စောင့်မျှော်နေပါသည်။
သို့သော် နောက်အခိုက်အတန့်၌ မြူခိုးများကြားက ပထမဆုံး ပေါ်ထွက်လာတာက ယဲ့ဖန် မဟုတ်နေခဲ့။
“အဟွတ် အဟွတ်…”
မုန့်ထျန်းရွှမ် မီးခိုးများကြားတွင် ပေါ်လာသည်။ သူ၏ ၀တ်ရုံများက စုတ်ပြဲကာ ဖုန်မှုန့်များနှင့် အညစ်အကြေးများ ဖုံးလွှမ်းထားတာကြောင့် လုံးလုံးလျားလျား ပွက်ပွက်ဆူနေသည့်ပုံပေါ်သည်။
လူတိုင်းက သူ့ဒဏ်ရာတွေကို ကြည့်ပြီး မောဟိုက်နေကြ၏။ မုန့်ထျန်းရွှမ်၏ ရင်ဘတ်တွင် ပေါက်ထွက်နေသော သွေးထွက်သံယို အပေါက်တစ်ခု ကွဲထွက်သွားပြီး အရိုးများ ကွဲအက်နေပြီမလို့ အတွင်းအင်္ဂါများကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရကာ နှလုံးခုန်သံများပင် ကြားနေသည်။
သူသည် သူ၏ ယခင် ရင်ကော့ခဲ့သူနှင့် လုံးဝခြားနားသော လူတစ်ယောက် ဖြစ်လာသည်။
"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက အရူးတွေချည်းပဲ!"
မုန့်ထျန်းရွှမ်သည် သူ့ရင်ဘတ်ရှိ သွေးထွက်နေသော အပေါက်ကို လက်ဖြင့် ဖိကာ ဒဏ်ရာကို ပြုပြင်ရန် နိယာမစွမ်းအင်ကို လမ်းကြောင်းပေးလိုက်သည်။ သူ့မျက်လုံးများကတော့ ဖျောက်ဖျက်၍မရသော အကြောက်တရားကို ထုတ်ဖော်ပြသနေဆဲ။
သူသည် ဖောက်ခွဲကောင်းကင်ဂိုဏ်း၏ လှည့်စားမှုထဲ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
အကယ်၍ သူသာ ကြယ်စွမ်းအင်ဖြင့် အချိန်မီ မလုပ်ဆောင်ဘဲ ပျက်စီးမှုအများစုကို မရှောင်ရှားနိုင်ပါက ဤနေရာတွင် အမှန်တကယ် ဆုံးပါးသွားလိမ့်မည် ဖြစ်သည်။
ဒါတောင် ယဲ့ဖန်ရဲ့ ကိုယ့်ကိုယ်ကို ဖျက်ဆီးမှုက သိသိသာသာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေဆဲပါပဲ။
"ကံကောင်းလိုက်တာ... ဒီမဟာမိတ်ခေါင်းဆောင်က လွတ်သွားပြီ..."
သူသည် ပတ်ဝန်းကျင်ရှိ ကြယ်ရောင်များကို ဖြန့်ကျက်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။
"မြေအဓိပတိ ကျင့်ကြံသူလေး နည်းနည်းကများ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေကြတာလား? အိပ်မက် မက်နေလိုက်!"
"အိုး? ဒါပဲလား?"
ရုတ်တရက် အေးစက်သော အသံတစ်သံ ထွက်လာသည်။ အသံတိတ်တစ္ဆေလို ထွက်ပေါ်လာလေတဲ့ အနှီအသံကြောင့် မုန့်ထျန်းရွှမ် တုန်လှုပ်သွားသည်။
"ဘယ်သူလဲ?!"
မုန့်ထျန်းရွှမ် လှည့်ပတ်ကြည့်သည်။
ထိုမှသာ လင်တုံ့က သူ့အနောက်မှာ အတော်ကြာ ရပ်နေပြီး လက်နှစ်ဖက်ကို ဖြန့်ကာ အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို သိလိုက်ရသည်။ လူသတ်ချင်နေတဲ့ ရည်ရွယ်ချက်တွေက လေထဲကို စိမ့်ဝင်သွားကာ အောင်မြင်တော့တဲ့ မုဆိုးတစ်ယောက်လို အငွေ့အသက်များ ဖြာထွက်နေလေသည်။
လင်တုံ့ မဆိုင်းမတွဘဲ မုန့်ထျန်းရွှမ်ထံ တိုက်ရိုက် ပြေးထွက်သွားပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး အသက်ရှည်ခြင်း နည်းအား အသက်သွင်းလိုက်လေပြန်ရာ တခဏချင်းမှာပဲ ကြယ်ရောင်တောက်တောက်တွေ တောက်ပသွား၏။
"အရူး!"
မုန့်ထျန်းရွှမ် ဒေါသတကြီး ဟောက်ပေမယ့် အဖြူရောင်အလင်းက သူ့ကို လွှမ်းပြီးနေပြီ။ ဒေါသတကြီး ဟောက်သံက ကောင်းကင်ပြင်ကို ပဲ့တင်ထပ်ပြီး ကျန်းဟိုင်မြို့တစ်ခွင် ကျယ်လောင်သွားသည် ။
"ဒီနေ့ မင်းတို့ငါ့ကိုသတ်နိုင်မလား ကြည့်ရသေးတာပေါ့!!"