သူ့ကို မသတ်နိုင်သေးဘူးလား အကြိမ်ပေါင်း တစ်ဘီလီယံ ထပ်ကြိုးစားကြည့်တာပေါ့
Vol. 18 Ch. 259
"မလုပ်နဲ့!"
ကောင်းကင်မှာ အဖြူရောင်အလင်းတန်းတွေ ပြည့်သွားပြန်သည်။
လူအိုလီ ကြမ်းပြင်ပေါ်သို့ ခွေယိုင် လဲကျသွားသည်။ သူ၏ ညှိုးနွမ်းနေသော မျက်နှာပေါ်က အရေးအကြောင်းများသည် နှစ်ပေါင်းများစွာ အသက်ကြီးလာသကဲ့သို့ ချက်ချင်းပင် နက်နဲလာသည်။
နောက်ထပ် အဓိပတိနယ်ပယ်က လူတစ်ယောက် ကျသွားပြန်ပြီ။
ဤသည်မှာ အဓိပတိနယ်ပယ်က ကျင့်ကြံသူ ဖြစ်သည်။ ဘယ်နေရာပဲရောက်ရောက် အားလုံးရဲ့ လေးစားမှုကို ခံရမှာပင်။ အဓိပတိနယ်ပယ် လူနှစ်ယောက် တစ်ရက်တည်းမှာ ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။ သူတို့ ကျန်းဟိုင် နယ်မြေအတွင်းမှာပဲ တစ်ယောက်ပြီး တစ်ယောက် ဆုံးပါးသွားခဲ့ကြသည်။
"လူကြီးမင်းတို့ အေးအေးဆေးဆေး အနားယူကြပါ..."
လူအိုလီမှာ လည်ချောင်းကို တစ်ခုခုဖြင့် တင်းတင်းကြပ်ကြပ် ညှစ်ခံထားရသလို အသံပြာကာ စကားပြောရန်ပင် ခက်ခဲလာသည်။
"လောင်လီ"
ဦးစီးချုပ်က ရှေ့သို့ တိုးလာကာ သူ့ပုခုံးကို ညင်သာစွာ ပွတ်သပ်ကာ နှစ်သိမ့်ပေးလာသည်။
"ဝမ်းနည်းတယ်... ငါဒီဝမ်းနည်းမှုကို ဘယ်လိုများ လက်ခံရမလဲ... အဲဒီဓားနတ်ဘုရားရဲ့ ဆရာတူညီနဲ့ အစ်ကိုလည်း ငါတို့ ကျန်းဟိုင်မြို့မှာပဲ သေသွားပြန်ပြီ!"
ဦးစီးချုပ်၏ ပံ့ပိုးမှုအောက်တွင်ပင် လူအိုလီခမျာ အတော်လေး တုန်လှုပ်နေသည်။
"အဓိပတိနယ်ပယ် နှစ်ယောက်... သူတို့ရှေ့မှာ ကြီးမားတဲ့ အသက်တွေ ရှိနိုင်တယ် ဒီထက်ကြီးတဲ့ အမြင့်ကို ရောက်နိုင်တယ် ဒါပေမယ့် အခုတော့ သူတို့ရဲ့ မျှော်လင့်ချက်တွေ အကုန် ပျက်စီးသွားကုန်ပြီ...."
"အင်း"
ထိုစကားကိုကြားတော့ ဦးစီးချုပ်လည်း သည်းမခံနိုင်တော့ဘဲ နံရံဘက်သို့ ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ အဓိပတိမဟာမိတ် လက်အောက်ခံ ဦးစီးချုပ်ကြီး အနေဖြင့် ယဲ့ဖန်နှင့် အခြားသူများ၏ သေဆုံးမှုသည် နောက်ဆုံးတွင် သူနှင့် လုံးဝ ဆက်စပ်မှု မရှိခဲ့ဘူးဟု မဆိုနိုင်ချေ။
…………
ထိုအချိန်တွင် တစ်ဖက်က လီချင်းဟဲသည် ပြတင်းပေါက်ဘေးတွင် ရပ်ကာ ကန့်လန့်ကာကို ရုတ်သိမ်းလိုက်သည်။ တခြားသူတွေနဲ့ မတူတာက သူမ ငိုတာ ဝမ်းနည်းတာ မဟုတ်ပေ။ ယင်းအစား မျက်မှောင်ကြုတ်ကာ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို သေချာ တွေးတောကြည့်နေ၏။
သူမ သဲလွန်စတစ်ခုကို တွေ့လိုက်ပုံပဲ။
အစပိုင်းမှာတော့ သူမ သေချာမသိပေမယ့် လင်တုံ့ရဲ့ကိုယ်ကိုကိုယ် ဖျက်ဆီးတာကို မြင်တွေ့ပြီးနောက်မှာတော့ သူမ ယုံကြည်လာခဲ့သည်။
"အရမ်းတူတာပဲ...တူလွန်းတယ်..."
လီချင်းဟဲ တိုးညှင်းစွာ ညည်းညူလိုက်သည်။ သူမသည် လင်တုံ့၏ မိမိကိုယ်ကို ဖျက်ဆီးခြင်း ဇာတ်ဝင်ခန်းကို စိတ်ထဲတွင် ဆက်လက် ပုံဖော်နေခဲ့၏။ သူတို့ရဲ့ အသွင်အပြင်တွေက တဖြည်းဖြည်းချင်း ထပ်ကာထပ်ကာ ရင်းနှီးလာခဲ့တယ်။
"..."
ဒါကိုတွေးရင်း၊ သူမသည် "ကောင်းကင်နှင့်မြေကြီး အသက်ရှည်ခြင်း" ကို သူမ၏ကြယ်လက်စွပ်ထဲမှ တိတ်တဆိတ်ထုတ်ယူကာ မာတိကာကိုဖွင့်ကာ ကြယ်စွမ်းအင် အတက်အကျရှိသော စာမျက်နှာကို လှန်လိုက်သည်။ ထို့နောက် ၎င်းအား ပတ်ဝန်းကျင်ရှိ ကြယ်စွမ်းအင် အတက်အကျများနှင့် နှိုင်းယှဉ်ခဲ့သည်။
သူမ၏ နှလုံးခုန်နှုန်းတို့ မြန်ဆန်လာသည်။ သူမသည် အံ့အားသင့်ဖွယ်ရာ ရှာဖွေတွေ့ရှိမှုတစ်ခုကို ပြုလုပ်ခဲ့သည်။
"...ကြယ်တွေရဲ့ စွမ်းအင် အတက်အကျကတောင် အတူတူပဲလား?!"
မျက်လုံးများ ပြူးကျယ်သွားတော့၏။ ကြယ်တွေရဲ့ စွမ်းအင်အတက်အကျကို အကဲဖြတ်ကြည့်တော့ အခု ကောင်းကင်ပေါ်က အနက်ရောင် ၀တ်စုံဝတ်ထားတဲ့ တခြားသူတွေကို ကြည့်လိုက်သည်။
သူမ၏ စိတ်ထဲတွင် သံသယစိတ်များ လျင်မြန်စွာ ပြင်းထန်လာသည်။
တူညီသော မိမိကိုယ်ကို ဖျက်ဆီးတိုက်ခိုက်နည်း...
တူညီတဲ့ တိုက်ခိုက်မှုနည်းလမ်း...
"မဟုတ်သေးဘူး... ဒါက ငါးစာများလား?"
ဤရဲရင့်သော ထင်မြင်ယူဆချက် ပေါ်လာသည်နှင့်အမျှ လီချင်းဟဲ၏မျက်လုံးများ ကျယ်လာပြီး ချက်ချင်း စိတ်လှုပ်ရှားလာသည်။
ဒါပဲ!
ငါ့ဂိုဏ်းက အကြောင်းပြချက်မရှိဘဲ ဘယ်လိုသတ်သေသွားမှာလဲ။
"ကိုယ့်ကိုကိုယ် ဖျက်ဆီးတဲ့ နည်းလမ်းတစ်ခုပဲ ရှိတာ!"
လီချင်းဟဲ ရွှင်မြူးစွာဖြင့် ရယ်မောလိုက်သော်လည်း သူမ ပတ်ဝန်းကျင်ကို လှမ်းကြည့်ရင်း ဝမ်းနည်းနေသော မျက်နှာကို တင်ထားရသည်။ အခြားသူများကဲ့သို့ ငိုယိုကာ သူမ၏ အမူအရာကို အမြန်မျိုသိပ်လိုက်သည်။
နောက်ဆုံးတော့ အားလုံးက လင်တုံ့အတွက် ဝမ်းနည်းနေကြသည်လေ။
"ငါ့ဂိုဏ်းကို ထုတ်ဖော်ခွင့် မပေးဘူး!"
အတွေးထဲမှ ရေရွတ်ရင်း ပြတင်းပေါက်ကို ငေးကြည့်လိုက်သည်။ လျိုဝူရွှမ်းသည် မဝေးလှသော ခပ်မြင့်မြင့် အဆောက်အဦ တစ်ခုပေါ်တွင် ရပ်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်ပြီး တိုက်ပွဲကို ကြည့်နေ၏။
...
"ဘာလို့ဒီလိုဖြစ်ရတာလဲ..."
လျိုဝူရွှမ်းက အဆောက်အဦးအထက်တွင် ပျံဝဲနေကာ မျက်လုံးများ စိုစွတ်နေသည်။ သူ၏ မျက်ခုံးများသည် နာကျင်မှုကြောင့် တွန့်သွားပြီး နောင်တတို့ဖြင့် မြေပြင်ပေါ် ဒူးထောက်ကျသွား၏။ ဖောက်ခွဲကောင်းကင်ဂိုဏ်းက အဓိပတိနယ်ပယ် ကျွမ်းကျင်သူ နောက်တစ်ယောက် လဲဆုံးသွားပြန်ပြီ။
နောက်ဆုံးတော့ ဒီအဖြစ်ဆိုးရဲ့ ရင်းမြစ်က သူကြောင့်ပဲလေ။ ချိချင်းရှန်းကို လမ်းရှာဖို့ သူ မခေါ်ခဲ့ဘူးဆိုရင် မဟာမိတ်ခေါင်းဆောင်ကို သူတို့ ဘယ်လိုဆွဲဆောင်နိုင်မှာလဲ။
မဟာမိတ်ခေါင်းဆောင်ရဲ့ ဖိအားမပါဘဲ ဖောက်ခွဲကောင်းကင်ဂိုဏ်းက အခုလို မိမိကိုယ်မိမိ ဖျက်စီးရတဲ့ အခြေအနေမျိုးနဲ့ ဘယ်လိုလုပ် အဆုံးသတ်ရပါ့မလဲ။
ယခုသေဆုံးသွားသော ဖောက်ခွဲ ကောင်းကင်ဂိုဏ်းဝင် တစ်ဦးစီနှင့်အတူ လျိုဝူရွှမ်း၏ နှလုံးသားသည်လည်း ပိုမိုညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံစားနေရလေသည်။
"ဘာကြောင့်များ အားလုံးက ကိုယ့်ဘဝကိုယ် မေ့နေကြတာလဲ"
လျိုဝူရွှမ်းမှာ နောင်တအပြည့်ဖြင့် တစ်ယောက်တည်း အိမ်ခေါင်မိုးပေါ်မှာ လဲကျသွားခဲ့သည်။ အဓိပတိနယ်ပယ်ကို ရောက်ရှိရန် အလွန်ခက်ခဲလှ၏။ ကြုံတွေ့ရသည့် အခက်အခဲများကို သူ သိသော်လည်း လင်တုံ့နှင့် အခြားသူများကတော့ အလွယ်တကူ လက်လျှော့လိုက်ကြသည်။
သေခြင်းတရားကို ကြောက်ရွံ့ခြင်းမရှိဘဲ ရင်ဆိုင်ခဲ့ကြရသည်။ ဤစိတ်ထား တစ်ခုတည်းကို အခြေခံလိုက်လျှင်ပင် လျိုဝူရွှမ်းကိ လုံး၀ အနိုင်ရသွားခဲ့သည်။
"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက သေခြင်းတရားကို တကယ် မကြောက်ကြဘူးပဲ"
…………
အဝေးက အင်ပါယာမြို့တော်က လင်မိသားစုဝင်းထဲ၌။
နွေဦးလေညင်းက ညင်ညင်သာသာလေး မှုတ်ထုတ်သွားသည်။ အဖြူရောင်နံရံများနှင့် ကြွေပြားများသည် နွေးထွေးသော နေရောင်ခြည်ကို ရောင်ပြန်ဟပ်နေ၏။
လင်မော့ဖုန်းသည် အိမ်ဝင်းအတွင်း၌ ရပ်ကာ သူ့ဖုန်းမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း သည်းမခံနိုင်သော ဝေဒနာများအား ခံစားလိုက်ရသည်။
"ဘာဖြစ်နေတာလဲ...?"
"အဓိပတိ မဟာမိတ်အဖွဲ့ထဲက လူတွေ အားလုံး ဒီလိုပဲလား"
သူ မယုံနိုင်ပေမယ့် သူ့မျက်လုံးရှေ့မှာ ပေါ်လာတဲ့ မြင်ကွင်းတွေက သူ့ယုံကြည်ချက်ကို မဆုတ်မနစ် ဖျက်ဆီးပစ်လိုက်လေပြီ။
"ဘာမဟာမိတ်ခေါင်းဆောင်လဲ... အကုန်လုံး ကြောင်သူတော်တွေ! ရွံ့စရာကောင်တွေ!"
...
အားလုံးရဲ့ မျက်လုံးအောက်မှာ ဒုတိယလှိုင်းက ဖုန်မှုန့်တွေ လွင့်သွားသည်။ မုန့်ထျန်းရွှမ် ပြန်လည်ပေါ်လာနေဆဲ။ သူ၏အရေပြားသည် နီရဲ အက်ကွဲကာ အသားကောင်းတစ်စမျှ မကျန်တော့ဘဲ မည်းမှောင်နေ၏။
သူ့မျက်လုံးတွေက သွေးတွေထွက်နေပြီး ဆံပင်တွေက ပွစိရိုက်နေသည်။ သူ့အရင်က အေးဆေးတည်ငြိမ်စွာ စုစည်းထားတဲ့ အမူအရာနဲ့ လုံးဝ မတူတော့ပေ။
"ကောင်းပြီ ငါ ထပ် လွတ်သွားပြန်ပြီ"
မုန့်ထျန်းရွှမ် အသက်ရှုကြပ်လာသည်။
မြေအဓိပတိ ပညာရှင်နှစ်ဦး၏ ကိုယ်ကျိုးဖျက်ဆီးမှုကို ကြံ့ကြံ့ခံပြီးနောက် သေဘေးက လွတ်မြောက်လာခဲ့သည်။ ဖောက်ခွဲကောင်းကင်ဂိုဏ်းမှ ဤအဖွဲ့ဝင်များသည် ၎င်းတို့၏ ကျင့်ကြံခဲ့သည့် သက်တမ်းကိုပင် ဂရုမစိုက်ဘဲ မိမိကိုယ်မိမိ ဖျက်ဆီးရန် အသက်အန္တရာယ်ကို စွန့်စားခဲ့ကြသည်။
သို့သော် မပြီးသေးချေ။ အရှေ့တွင် သူ့အားစောင့်နေသော လူနှစ်ယောက်ကို မုန့်ထျန်းရွှမ် သတိပြုမိလိုက်သည်။ ယဲ့ဝူချွဲနဲ့ မုချန်တို့က မလှမ်းမကမ်းတွင် ရပ်ကာ လက်နှစ်ဖက်ကို ဖြန့်ရင်း မုန့်ထျန်းရွှမ်ကို အေးစက်စွာ ကြည့်ပြီးနောက် သိသိကြီးဖြင့် ပြုံးပြလိုက်သည်။
"အကိုကြီး... ဒီခွေးက အရမ်းကြမ်းတာပဲ... သူဒီလောက် အကြာကြီးအထိ အသက်ရှင်နေမယ်လို့ မမျှော်လင့်ထားဘူး"
"ကိစ္စမရှိပါဘူး ညီငယ်လေး... သူ့ကို ထပ်ပြီး ဗုံးခွဲလိုက်ရအောင် သူ ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမလဲ ကြည့်ရသေးတာပေါ့!"
သူတို့နှစ်ယောက် ရှေ့ကို တောက်လျှောက် ပြေးထွက်လာခဲ့ပြန်သည်။ ဒါကိုမြင်တော့ မဟာမိတ်အဖွဲ့ခေါင်းဆောင်ခမျာ သူ့လည်ပင်းမှ သွေးပြန်ကြောတွေ ပေါက်ထွက်ပြီး ဒေါသူပုန်ထကာ ရူးသွပ်သွားတော့မလို ဖြစ်လာ၏။
ကောင်းကင်အဓိပတိ၌ အေးအေးချမ်းချမ်း နေခဲ့သော်လည်း ယနေ့ခေတ်လောက်ထိ တုန်လှုပ်ခြောက်ခြားရတာမျိုး မရှိခဲ့ပါဘူး။ ယခု ဖောက်ခွဲ ကောင်းကင်ဂိုဏ်း၏ မဆုတ်မနစ်သော ဗုံးကြဲတိုက်ခိုက်မှုအောက်တွင် သူ၏ စုတ်ပြတ်နေသော ၀တ်ရုံများက သူ့ကို လမ်းပေါ်က သူတောင်းစားတစ်ယောက်လို ဖြစ်သွားစေသည်။
"မြေအဓိပတိတွေ! ငါပြန်ကောင်းလာတဲ့တစ်နေ့ မင်းတို့ရဲ့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းတစ်ခုလုံးကို ချေမှုန်းပစ်မယ်လို့ ငါကျိန်ဆိုခဲ့တယ်!!"
အဓိပတိမဟာမိတ် ခေါင်းဆောင်သည် ယဲ့ဝူချွဲတို့ လုပ်ရပ်ကို ရပ်တန့်ရန် ကြယ်စွမ်းအင်များကို အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။
ဒါပေမယ့် ဘာတွေဖြစ်သွားတာလဲ...
သူ့နှလုံးသားက တုန်သွား၏။
နောက်အခိုက်အတန့်၌ ယဲ့ဝူချွဲနှင့် မုချန်တို့သည် ကြယ်အလင်း၏ တိုက်ခိုက်မှုကို အမှန်တကယ် ခံနိုင်ရည်ရှိပြီး ၎င်းတို့၏ အသားကို ထိသော ထိုးနှက်မှုများကိုပင် လျစ်လျူရှုခဲ့သည်။
ဘာမှ မထိခိုက်သလိုပဲ။
သူတို့ဟာ ဒဏ်ရာတစ်ခုခုကြောင့် လုံးလုံးလျားလျား ကြေကွဲမသွားဘဲ ရှေ့ကို ဦးတည်နေ၏။
"သေလမ်းကိုရှာနေတာ!"
"!"
မုန့်ထျန်းရွှမ် ဟောက်ပြီး သူ့ကြယ်စွမ်းအင်ကို တစ်ဖန် ထုတ်လွှတ်လိုက်သည်။
*ဝုန်း!*
ကြယ်စွမ်းအားတွေ ပေါက်ကွဲထွက်လာ၏။
ကြယ်ပွင့်များ၏ ဖိအားများ ထွက်ပေါ်လာပြီးနောက် လေထုက ရုတ်ချည်း ကွဲအက်ကာ ယဲ့ဝူချွဲက ခန္ဓာကိုယ်တစ်ဝက်ကို ချက်ချင်းဖောက်ခွဲ၍ သူ့အတွင်းပိုင်း အင်္ဂါများကို ဖော်ထုတ်လိုက်သည်။
ဒါပေမယ့် သူတို့ ခြေလှမ်းများက တုန်လှုပ်ခြင်းမရှိဘဲ ခိုင်မြဲနေခဲ့သည်။
"လန်းဆန်းတယ်... လုံးဝ လန်းဆန်းနေတာပဲ"
ယဲ့ဝူချွဲ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့အပျက်အစီး ခန္ဓာကိုယ်ကို ဆွဲယူလာနေသည်။ သူ့မျက်နှာမှာတော့ သွေးတွေ လွှမ်းနေ၏။ သူ့ကိုကြည့်ရတာ ပိုတောင် ကြောက်စရာကောင်းလာသေးသည်။
"မင်းက အရူးပဲ!"
မုန့်ထျန်းရွှမ်ခမျာ အနှီမြင်ကွင်းတွင် ပြင်းထန်စွာ တုန်လှုပ်သွားရပြန်သည်။
သေရမှာကို သူတို့ မကြောက်ကြဘူးလား?
ဖောက်ခွဲကောင်းကင်ဂိုဏ်းမှ ဤအရူးများသည် အသွေးအသားကိုပင် ဂရုမစိုက်၊ သူတို့သည် သေခြင်းတရားကိုလည်း အမှန်တကယ် မကြောက်ကြချေ။
သူတို့ကို တိုက်ခိုက်ရတဲ့ အကြောင်းရင်းက ဘာလဲ။
မုန့်ထျန်းရွှမ် လှည့်ထွက်သွားသော်လည်း ထိုအချိန်တွင် ကြီးမားသော အင်အားဖြင့် ထိမှန်သွားသလို ရုတ်ချည်းဆိုသလိုပင် သူ့ခန္ဓာကိုယ် အေးခဲသွားသည်ကို ခံစားလိုက်ရကာ ခြေလှမ်းတိုင်းသည် မယုံနိုင်လောက်အောင်ပင် ခက်ခက်ခဲခဲ အတားအဆီးဖြစ်နေသည်။
မျှော်ကြည့်လိုက်တော့ ကြယ်ခုနစ်လုံးက သူ့ခေါင်းပေါ်သို့ ဆင်းလာနေပြီ။ မုချန်က အနောက်မှ အနီးကပ်လိုက်လာကာ ပါးစပ်နှင့်နှာခေါင်းတို့မှ သွေးများ စီးကျလာနေသည်။ လက်တစ်ဖက်က အခင်းအကျင်း ပုံကြမ်းကို ထိန်းချုပ်ထားကာ အတင်းအကြပ် အသက်သွင်းရန် သူ့အသက်စွမ်းအင်ကို သုံးနေ၏။
"ဆရာတူအစ်ကိုက သွေးထွက်ထားတာဆိုတော့ ဆရာတူညီလေးလည်း နောက်မဆုတ်နိုင်ဘူး!"
ခုနှစ်စင်ကြယ် အခင်းအကျင်းက တုန်ခါနေပြီး အကန့်အသတ်များကို ဖြတ်ကျော်ကာ နယ်နိမိတ် အတားအဆီးကို ဆက်ကျော်ဖြတ်၍ မုန့်ထျန်းရွှမ်ကို နှစ်စက္ကန့်ကြာ အတင်းအကြပ် ထိန်းချုပ်ထားသည်။
အတိအကျပြောရရင် ဒါဟာ ခဏတာအခွင့်အရေးပါပဲ။ ထို၂စက္ကန့် အတွင်း၌ ယဲ့ဝူချွဲ နဲ့ မုချန်က မုန့်ထျန်းရွှမ်ပေါ်ကို ရောက်နေပြီပဲ ဖြစ်သည်။
“ရပ်…ရပ်စမ်း…”
ကြောက်စိတ်တွေ သူ့နှလုံးသားထဲ ပျံ့နှံ့သွားပေမယ့် အချိန်နှောင်းသွားပြီ။
ဗုန်း!
စူးရှသော မီးရှူးမီးပန်းနှစ်စင်း ထွက်ပေါ်လာသည်။
ပြင်းထန်သော အပူရှိန်ကြောင့် ထွက်လာသော မုန့်ထျန်းရွှမ်၏ ဟောက်သံသည် ကောင်းကင်နှင့်မြေကြီးတစ်ခွင် လွှမ်းခြုံသွားလေ၏။ ကျန်းဟိုင် မြို့အထက်က ကောင်းကင်ယံသည် ကြီးမားသော ခေါင်းလောင်းသံကဲ့သို့ ပဲ့တင်ထပ်နေပုံရပြီး ပြိုးပြိုးပြက်ပြက် အဖြူရောင်အလင်းတန်းများ နောက်တစ်ကြိမ် ထပ်မံ ဆင်းသက်လာသည်။
………….
ဖုဟိုင်ဗီလာ၌။
4K ရုပ်မြင်သံကြားတွင် မြင်ကွင်းကို ကြည်လင်ပြတ်သားစွာ တိုက်ရိုက်ထုတ်လွှင့်နေပြီး ထပ်ခါတလဲလဲ ပြသနေသည်။ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများကြောင့် ကင်မရာတောင် တဟုန်ထိုး တုန်ခါသွားကာ ပရိသတ်များအား ထိုနေရာတွင် ရှိနေသကဲ့သို့ ခံစားလာရစေသည်။
"အံ့ဩစရာပဲ လုံးဝကို အံ့သြစရာပဲ!"
ရှောင်ပိုင်သည် တီဗီတွင် မီးရှူးမီးပန်းများကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ ၎င်း၏အမြီးကို လှုပ်ယမ်းလိုက်၏။
"သခင် အရမ်းတော်တာပဲ!"
"ဘယ်လိုလဲ မီးရှူးမီးပန်းကြည့်ရတာ မကြိုက်ဘူးလား"
ချင်းယန် တည်တည်ငြိမ်ငြိမ် ပြုံးကာ လက်ဖက်ရည်သောက်ကာ ဆိုဖာပေါ်တွင် သက်တောင့်သက်သာ လှဲနေလိုက်၏။ အပြင်ဘက်တွင်တော့ ပေါက်ကွဲသံများက ပဲ့တင်ထပ်သွားသည် ။
"မီးပန်းက ဘယ်လိုလဲ"
"ကောင်းတယ် ဒါပေမယ့်..."
ချင်းယန်ဘေးတွင် ကပ်နေသော ရှောင်ပိုင်သည် ၎င်း၏အမြီးကို လှန်လိုက်ကာ ချင်းယန်ကျောကို နှိပ်နယ်ပေးရင်း တိုးတိုးလေး ရေရွတ်လေ၏။
"ကိုယ့်ကိုယ်ကို ဖျက်ဆီးတာတောင်မှ ဒီကောင့်ကို မသတ်နိုင်သေးဘူးထင်တယ်!"
"အင်း သူက ကောင်းကင်အဓိပတိ"
ချင်းယန် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး လက်ဖဝါးကို မြှောက်လိုက်သည်။
"ဒီသခင်မှာ နည်းလမ်းတွေ အများကြီးရှိတယ်... ငါ အလွယ်လေး အသုံးချနိုင်ပါတယ်"
ထူထဲသော အမြုတေသွေးတစ်စက် သူ့လက်ဖဝါးတွင် ပေါ်လာသည်။ သွေးရောင် အငွေ့အသက်တွေ အခန်းထဲ ပြည့်လျှံလာ၏။
"အနံ့လေးက မွှေးနေတာပဲ...."
ရှောင်ပိုင်သည် လေထဲက သွေးရနံ့ကို ရှူရှိုက်လိုက်ရာ သူမ၏ မြေခွေးနားရွက်လေးက ချက်ချင်း တောက်လောင်လာသည်။ အနံ့ခံပြီးနောက် သူမ ချင်းယန်၏ လက်ဖဝါးဆီသို့ လှမ်းကြည့်ကာ ချွန်ထက်သော သွားများကြားမှ သွားရည်ကြီးများ ရွှဲနစ်သွားသည်။
မြေခွေးတစ်ကောင်အနေဖြင့် သူမသည် ဤအနှစ်သာရသွေး၏ ထူးကဲသော သဘာဝကို ပြင်းပြင်းထန်ထန် ခံစားနိုင်သည်။ အနှစ်သာရ သွေးတစ်စက်သည် သွေးစွမ်းအင်၏ အနှစ်သာရမှ ပေါင်းစပ်ထားရ၏။
ထို့အပြင် ချင်းယန်၏ လက်ရှိကျင့်ကြံမှု အဆင့်သည် ကောင်းကင်နှင့်မြေကြီးမှ ဝိညာဉ်ဆေးဖက်ဝင် အပင်များနှင့် နှိုင်းယှဉ်နိုင်သော ဤအနှစ်သာရသွေးကို ထိပ်တန်းအဆင့်သို့ တိုက်ရိုက် မြှင့်တင်ပေးနိုင်သည်။
ဒါဟာ သူမအတွက် ကောင်းမွန်တဲ့ ဆေးစွမ်းတစ်လက်လည်း ဖြစ်ပါ၏။
"သခင်... ကျွန်မ ကျွန်မကို ဆုပေးတာလား"
ဆံပင်ဖြူဖြူကလေးမလေးသည် ချင်းယန်၏ ပေါင်ပေါ်သို့ စိတ်လှုပ်ရှားစွာ ပြေးတက်သွားကာ နှုတ်ခမ်းများကို သပ်လိုက်ပြီး ဖြူဖွေးသောလက်လေးကို ဆန့်ထုတ်၍ သူ့လက်ဖဝါးထဲရှိ အနှစ်သာရသွေးတစ်စက်ကို ဖမ်းယူရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
"ဒီအနှစ်သာရသွေးရသရွေ့ ဒီနတ်သမီးက ရှေ့တိုးနိုင်ပြီ!"
"ကျစ်! မင်းဘာတွေတွေးနေတာလဲ"
ချင်းယန်က သူမကို မထီမဲ့မြင် စိုက်ကြည့်နေပြီး ရှောင်ပိုင်ဦးခေါင်းကို ဖိချကာ သူမ၏ မငြိမ်မသက်မှုကို ရပ်တန့်လိုက်သည်။
ဤအနှစ်သာရသွေးသည် မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး သူ၏ကိုယ်ပိုင်အနှစ်သာရကို ပေါင်းစည်းကာ ပိုမိုအားကောင်းသော ကိုယ်ပွားကို ဖန်တီးနိုင်စွမ်းရှိသည်။
ရှောင်ပိုင်စားဖို့
သူပြင်ဆင်နေတဲ့ တကယ့်အလုပ်က အခုမှ စတာ။
"ခဏစောင့်ပြီးရင် ပွဲကြည့်လို့ရပြီ"
ချင်းယန် အနှစ်သာရသွေးများကို ဖယ်ထုတ်လိုက်တဲ့အခါ နောက်အခိုက်အတန့်တွင် သွေးချည်မျှင်များ လွင့်မျောသွားလေသည်။ ၎င်းက တစ်ခုခုကို ခြေရာခံရှာဖွေကာ တိုက်ခန်းဆီသို့ အတိအကျ ဦးတည်သွားခဲ့သည်။
"ရှောင်ပိုင် ငါတောင်းထားတဲ့ သွေးအားဖြည့်ဆေးကို မင်းပြင်ဆင်ပြီးပြီလား"