← Chapters

ဒီအရှင် မဖျက်ဆီးဘူးလို့ ထင်နေတာလား

Vol. 18 Ch. 262

ဒီအရှင် မဖျက်ဆီးဘူးလို့ ထင်နေတာလား

Vol. 18 Ch. 262

ကောင်းကင်အထက်က သပ်သပ်ရပ်ရပ်ရှိတဲ့ အရိပ်များကို လူတိုင်းလည်း မျှော်ကြည့်နေကြသည်။

ဒီမြင်ကွင်းက ရင်းနှီးနေသလိုပဲ...

ရင်းနှီးပြီးသား မြင်ကွင်းက သူ့အလိုလို ထပ်ခါထပ်ခါ ဖြစ်နေသည့်အလား။ ကောင်းကင်ကလေသံ၊ တောင်တန်းဟိန်းသံနဲ့ ပင်လယ်လှိုင်းသံ စသည့် ကျယ်လောင်သော အသံများသည် မိုင်ပေါင်းများစွာ သယ်ဆောင်လာကာ မရေမတွက်နိုင်သော နိုင်ငံသားများ၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။

“နောက်ထပ်… အဓိပတိနယ်ပယ်တွေ.…”

လျိုဝူရွှမ်းသည် ဖောက်ခွဲကောင်းကင်ဂိုဏ်း၏ အဓိပတိနယ်ပယ်များကို စူးစူးစိုက်စိုက်ကြည့်ရင်း လန့်ဖျပ်သွားသည်။ တစ်ဖက်က အံ့အားသင့်သွားသလို သူ့ရှေ့က မြင်ကွင်းကြောင့်လည်း အလွန် တုန်လှုပ်သွားခဲ့သည်။

အရိပ်များက တဖျပ်ဖျပ်ခတ်ကာ ရွှေရောင်တောက်နေသည်။ ယခု ရောက်လာသူတွေ အားလုံးက အဓိပတိနယ်ပယ်တွေသာ။ နောက်ထပ် အဓိပတိနယ်ပယ် ကျွမ်းကျင်သူ ခုနစ်ယောက် ထပ်ရောက်လာပါပြီ။

"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ စွမ်းအားက ကြောက်စရာလိုက်တာ အဓိပတိနယ်ပယ်က ဘယ်တုန်းက ဒီလောက် သာမန်ဖြစ်သွားခဲ့တာလဲ"

အဓိပတိနယ်ပယ် ပညာရှင်တစ်ယောက်ကတင် မယုံနိုင်လောက်အောင် ဂုဏ်သိက္ခာ ကြီးမားနေပြီ ဖြစ်သည်။

ဘယ်နေရာပဲရောက်ရောက် အားလုံးက ရိုသေလေးစားကြသည်။ သာမာန်အားဖြင့် တစ်စုံတစ်ယောက်ကို မြင်ရပါက ကံကောင်းခြင်းတစ်ခုဟု သတ်မှတ်ခံရသည်။ အဓိပတိမဟာမိတ်မှာတောင် ဒီလောက် လူမများချေ။

ယခုမူ ချင်းယန်ကို ကယ်တင်ရန်အတွက် ဖောက်ခွဲကောင်းကင်ဂိုဏ်းက ထိပ်တန်းအဆင့် မြေအဓိပတိ ဆယ့်လေးယောက်ကို စေလွှတ်လိုက်ပြီ။ အားလုံးက ပုဂ္ဂိုလ်ရေးအရ စေလွှတ်ခြင်းများသာ။

"မဖြစ်နိုင်ဘူး ချင်းယန်ရဲ့ အရည်အချင်းက ဘယ်လောက်တောင် မြင့်မားနေလို့လဲ"

လျိုဝူရွှမ်း ခပ်လှမ်းလှမ်းက ချင်းယန်ကို လေးလေးနက်နက် ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် ငြူစူခြင်း အရိပ်အမြွက် အနည်းငယ်မျှပင် ရောပါသွား၏။ ဖောက်ခွဲကောင်းကင်ဂိုဏ်း ထိုသို့သော အင်အားကို စုစည်းခဲ့ကြတာက ချင်းယန်ကို ကာကွယ်ရုံမျှသာ ဖြစ်သည်။

ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက မရေမတွက်နိုင်သော နောင်တော်များသည် ချင်းယန်အတွက် တစ်ချက်မျှ မကျေမနပ်မရှိဘဲ ကိုယ်ကျိုးမဖက် စတေးခဲ့ကြပါသည်။

ဒီလိုဆို ချင်းယန်ရဲ့ ဝိသေသလက္ခဏာက ဘယ်လိုလုပ် ရိုးရှင်းနိုင်ပါတော့မလဲ။

"သူက အဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆီကနေ ပုဂ္ဂိုလ်ရေးအရ ရွေးချယ်ခံထားရတဲ့ ဆက်ခံသူ ဖြစ်နိုင်လား"

လျိုဝူရွှမ်း အတွေးနက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

ဒါဆို ချင်းယန်ရဲ့ နယ်ပယ်အစစ်က ဘာလဲ?

အဓိပတိနယ်ပယ်? မြေအဓိပတိလား?

ဒါမှမဟုတ်... ပိုမြင့်တဲ့ နယ်ပယ်တစ်ခုလား?

လျိုဝူရွှမ်း စိတ်ကူးတောင်မ ယဉ်ရဲတော့ချေ။

...

အနီးနားရှိ စောင့်ကြည့်ရေးမျှော်စင်တွင်။

လူအိုလီသည် ပြတင်းပေါက်လက်ရန်းကို ဆုပ်ကိုင်ထားပြီး သူ့လက်သည်းများကို သဲထဲအထိ ထိုးဖောက်ထားမိသည်။ မျက်လုံးများက ပြူးကျယ်ကာ အပေါ်စီးက ရုန်းရင်းဆန်ခတ် လေထုကို စေ့စေ့ကြည့်နေသည်။

"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းမှာ တကယ်ပဲ အဓိပတိနယ်ပယ်က ကျွမ်းကျင်သူတွေ အများကြီးရှိတာလား။"

သူ မယုံနိုင်ချေ။

အဓိပတိနယ်ပယ် ပညာရှင်ခုနစ်ယောက် အပြည့်ပင်။

"ဒါဆို ကျန်းဟိုင်မြို့က လျှို့ဝှက်အရည်အချင်း ရှိသူတွေ ပြည့်နေပြီလား?"

လူအိုလီက စိတ်လှုပ်ရှားစွာနဲ့။

"ရေတိမ်ပိုင်းတွေက နဂါးအစစ်တွေကို မမွေးနိုင်ဘူးလို့ ဘယ်သူပြောလဲ ကြည့်ကြည့်လိုက်စမ်း!"

သူ့နောက်ကနေ ဖောက်ခွဲကောင်းကင်ဂိုဏ်းသားများကို ကြည့်ပြီး လီချင်းဟဲ၏ မျက်လုံးထောင့်များ အနည်းငယ် တုန်လှုပ်သွားသည်။

"ငါ သံသယဝင်နေတဲ့ အတိုင်းပဲ ဒီမိန်းကလေး မမှားဘူး"

သူမသည် အထက်က လူအုပ်ကို စူးစိုက်ကြည့်နေသည်။ ဤအဓိပတိနယ်ပယ် ပညာရှင် ခုနစ်ယောက်၏ အသွင်အပြင်က သူမ၏ ယခင်သံသယများကို အတည်ပြုနိုင်ခဲ့သည်။

ဒါက သေချာပေါက် လုပ်ရပ်တစ်ခုပင်။

သူတို့အားလုံးသည် သူမ၏ဂိုဏ်းမှ မွေးထုတ်ထားသော သတ္တဝါများဖြစ်သည်။

"ဟေး ဒီဂိုဏ်းက အရမ်းမိုက်တာပဲ...ဒီအတိုင်းတောင် ကစားလို့ရတယ်..."

လီချင်းဟဲ သူမ၏ မျက်နှာကို ဖုံးအုပ်ထားပြီး အလွန်အမင်း ပြုံးရွှင်နေသည်။ သူမ၏ ခြေချောင်းများကပင် စိတ်လှုပ်ရှားစွာ လှုပ်ယမ်းနေ၏။

"ဒီမိန်းကလေး သဘောကျသွားပြီ!"

ရွှေရောင်အလင်းတန်းများသည် မိုင်ပေါင်းများစွာအထိ ကြာရှည်စွာ ဖြန့်ကျက်ကာ ကမ်းရိုးတန်းမြို့ငယ်လေး ကျန်းဟိုင်တွင် ရွှေရောင်တောက်ပနေသည့် အဆောက်အဦးများ၊ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုကို ပြသနေလျက်ရှိသည်။

ထောင်ပေါင်းများစွာသော နိုင်ငံသားများသည် အခင်းဖြစ်ရာကို စူးစိုက်ကြည့်ကာ တိုက်ခန်း အဆောက်အအုံဆီသို့ ခေါင်းလှည့်နေကြပေမယ့် ရွှေရောင်တိမ်တိုက်များပေါ်မှ ရုပ်ပုံများကိုသာ မြင်နိုင်ကြသည်။

မှုန်ဝါးသော မြင်ကွင်းမျိုးတွင်ပင်။ ခမ်းနားထည်ဝါမှုနှင့် ရင်သပ်ရှုမောဖွယ်ရာ သဘာဝတရားသည် ထင်ထင်ရှားရှား မြင်နိုင်သည်။

ကြယ်ပွင့်သံချပ်ကာယာဉ်နား၌။

ရှဟဲသည် နှုတ်ခမ်းမှ စီးကရက်ကို ချိတ်ဆွဲကာ နံရံကို မှီလျက် ကောင်းကင်ဖြစ်ရပ်ကို ကြည့်နေသည်။ သူ့အဝတ်တွေပေါ်ကို မီးပွားတွေကျလာတဲ့အထိတောင် သတိမထားမိခဲ့။ ခဏကြာလို့ ဖြစ်ပျက်နေတာတွေကို သိပြီး အမြန် သုတ်ပစ်လိုက်ရသည်။

"သောက်ကျိုနည်း! သောက်ကျိုနည်း!"

သူ့အဝတ်အစားတွေကို ဖြောင့်စင်းအောင် ပြန်ပြုပြင်ပြီးတဲ့နောက် ကောင်းကင်ကို ထပ်မံ မော့ကြည့်မိပြန်သည်။

"ကောင်းလိုက်တာ.. ချင်းအိုကြီးရဲ့ နောက်ခံက အားကောင်းလွန်းတယ်"

ယခင်က သူသည် သူ့မိသားစုနှင့် ဆက်စပ်မှုကို ကြွားဝါခဲ့ဖူးသော်လည်း လက်ရှိအခြေအနေအရ လောင်ချင်းကသာ အဆက်အသွယ်ရှိတဲ့ တကယ့်သူပဲ။

…

"ဘာ!"

မဟာမိတ်ခေါင်းဆောင်က သူ၏ပေါင်ကို ဆုပ်ကိုင်ရင်း ထိတ်လန့်တကြား အော်ဟစ်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။

“မြေအဓိပတိတွေ ဘယ်လိုလုပ် ထပ်ရှိနေသေးတာလဲ!”

ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက စေလွှတ်လိုက်သော လူအရေအတွက်သည် အဓိပတိမဟာမိတ်ထက်ကို ကျော်လွန်နေပြီ ဖြစ်သည်။ ၎င်းတို့က လူများကို တစ်ယောက်ပြီး တစ်ယောက် ပို့နေသည်။ မြေအဓိပတိတွေကို လက်ကားဝယ်ယူနေကြပါသလား သံသယဝင်စရာပင်။

“ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး တကယ် တစ်ခါမှ မမြင်ဖူးဘူး”

မုန့်ထျန်းရွှမ်သည် ရွှေရောင်တိမ်တိုက်များက ချင်းယန်ခေါင်းထက်တွင် ဖုံးအုပ်ထားပြီး လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည်အထိ ကြောင်ကြည့်နေမိလေသည်။ သူ နည်းနည်းလေးမှ မလှုပ်ရဲတော့ချေ။ သူသာ တစ်ချက် လှုပ်လိုက်ရင် ချက်ချင်း အသတ်ခံရနိုင်ဖွယ် ရှိသည်။

...

...

ကျန်းဟိုင်မြို့မြောက်ဘက်။

ကောင်းကင်အထက်က မမြင်ရတဲ့ တစ်နေရာတွင်မူ အနက်ရောင် မြူမှုန်များသည် ကောင်းကင်ကို ဖြတ်၍ လွင့်မျောနေသော တိမ်မည်းများကဲ့သို့ ပျံ့နှံ့သွားသည်။ အရှင်ကျိုထျန်း ပုန်းနေသည့်နေရာပင်။ သူလည်း ထိုလူ ၇ယောက်ကို တွေ့တော့ ကြောက်ရွံ့သွား၏။

"ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ စွမ်းအားက ကြောက်စရာကောင်းတာပဲ"

အရှင်ကျိုထျန်း လက်ဖဝါးကို ဖွင့်လိုက်တဲ့အခါ အနက်ရောင် မြူခိုးတွေက တိုက်ခန်း အဆောက်အဦးရဲ့ အပေါ်က တိုက်ပွဲကို ပုံဖော်ထားတဲ့ အရုပ်သေးသေးလေးတွေအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းကာ တွင်းထဲမှာ ဝေ့ဝဲနေ၏။

ဤသူလျှိုနည်းပညာကို အသုံးပြု၍ တိုက်ပွဲကို အဝေးမှ ကြည့်ရှုနိုင်သည်။

"မုန့်ထျန်းရွှမ် ဒီလိုနဲ့ ပေါက်ကွဲသွားမှာလား?"

အရှင်ကျိုထျန်း မယုံနိုင်စွာ ညည်းတွားလိုက်သည်။

ယုတ္တိဗေဒအရပြောရရင် မြေအဓိပတိ ခုနစ်ပါးတို့သည် ဖောက်ခွဲ ကောင်းကင်ဂိုဏ်း၏ စွမ်းအား၏ ကန့်သတ်ချက် ဖြစ်သင့်သော်လည်း ယခု ၎င်းတို့က နောက်ထပ် စေလွှတ်လိုက်သေးသည်။ သူသည် သူတို့၏ အရင်းအမြစ်များ နက်နဲမှုကို တွေးပင် မတွေးတောနိုင်တော့ချေ။

ဤပုဂ္ဂိုလ်ငယ်လေးကို ကာကွယ်ဖို့နှင့် မဟာမိတ်ခေါင်းဆောင်ကို သတ်ဖို့ မြေအဓိပတိက လူ၁၄ယောက် ဆင်းလာခဲ့သည်။ မြေအဓိပတိက ဒီလောက် အလွယ်လေး ထိုးဖောက်နိုင်တဲ့ နယ်ပယ်လား။

အဲဒီတုန်းက ကျူးချွဲ့နှင့် ကျားဖြူတို့ သေသွားစဥ်တွင် ကမ္ဘာပေါ်ရှိ ဆရာတော်နှစ်ပါး ကွယ်လွန်ခဲ့သည့်အလား တစ်လခွဲကြာအထိ ဂိုဏ်းက အသည်းကွဲခဲ့ရပါသည်။ သို့သော် ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက သူတို့ကို ဂရုမစိုက်သလို တစ်ဖွဲ့ပင် ထပ်လွှတ်လိုက်သည်။

"ကြောက်စရာကောင်းတယ် တကယ် ကြောက်စရာကောင်းတယ်"

သို့သော် အတွေးတစ်ခုက သူ့စိတ်ထဲ ဖြတ်သွားကာ ရင်ခုန်လာသည်။ တိုက်ခန်း အဆောက်အအုံများဆီသို့ စိတ်ဝင်တစား ကြည့်ရင်း သူသည် လေထဲ၌ တင်ပျဉ်ခွေကာ အေးစက်စွာ ရယ်မောလိုက်သည်။

"အကိုကြီးမုန့်... ငါမင်းကို မကူညီတာ မဟုတ်ဘူး... မင်းဒီအချိန်မှာ တော်တော် ဒုက္ခရောက်နေပြီးပြီ!"

...

ရွှေရောင် တိမ်တိုက်များ အတောမသတ်နိုင်အောင် ဖြန့်ကျက်လျက် ရှိသည်။ ချင်းယန်သည် သူ၏ ခေါင်းထက်က ရွှေရောင်တိမ်တိုက်များအောက်၌ လက်နှစ်ဖက်ပိုက်လျက် ရပ်နေသည်။ သူသည် ကောင်းကင်သူရဲကောင်းကဲ့သို့ လှံနှင့်ဓားကို ကိုင်ထားသည်။

"ဘယ်လိုလဲ မဟာမိတ်ခေါင်းဆောင် ကိုယ့်ကိုယ်ကို ဖျက်ဆီးမှုတွေ နောက်ထပ် ကြုံရမှာ မဟုတ်ဘူးလား"

ချင်းယန် တိမ်ထဲက ရွှေရောင်သဏ္ဌာန်များကို မော့ကြည့်ရင်း ဖျတ်ခနဲ ပြုံးလိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို ဖွင့်ရင်း ဆိုလိုက်၏။

“ကျနော်ပျော်နေလို့ ခင်ဗျားအတွက် လုံလောက်အောင် စီစဉ်ပေးလိုက်တာပါ...”

"ခင်ဗျားကိုယ်တိုင် ရွေးချယ်တာနော်... ဒီနေ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းက ခင်ဗျားကို ကောင်းကင်နဲ့မြေကြီးအထိ အသက်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်..."

သူစကားပြောပြီးသည်နှင့် ရွှေရောင်တိမ်တိုက်မှ ရုပ်သွင်သည် လေထဲတွင် ပြည့်လျှံနေသော အသံဖြင့် တုံ့ပြန်ခဲ့သည်။ တခဏချင်းမှာပဲ ကောင်းကင်ကြီးက တောက်ပလာပြီး အားကောင်းမောင်းသန် မီးခိုးတလုံးက ခေါင်းပေါ်ကို လွင့်ပျံလာသည်။ ၎င်းရဲ့ လူသတ်ချင်စိတ်ကလည်း ကောင်းကင်တခွင်ကို ပြင်းထန်စွာ ပျံ့လွင့်သွားခဲ့သည်။

မုန့်ထျန်းရွှမ် တိမ်တိုက်ကို ကြည့်ပြီး သူ့တစ်ကိုယ်လုံး အလိုလို တုန်လှုပ်နေသည်။ ခြေထောက်တွေက တုန်ခါနေလွန်းလို့ နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်တာတောင် ယိုင်သွားသေး၏။

သူ နောင်တရလာသည်။

"ဒါကို မွေးနေ့ပွဲလို့ ခေါ်သင့်လား?"

ဤသည်မှာ အဓိပတိနယ်ပယ်မှ ကျွမ်းကျင်သူခုနစ်ဦး၏ ဗုံးကြဲတိုက်ခိုက်မှု တစ်ခုဖြစ်သည်။ ပိုကြောက်စရာ ကောင်းတာက ဖောက်ခွဲကောင်းကင်ဂိုဏ်းမှာ အဖွဲ့ဝင် ဘယ်နှစ်ယောက် ကျန်နေလဲဆိုတာကို သူ မသိလိုက်ရသေးတာပါပဲ။

"သူတို့က အငယ်ကောင်ကို အရင်လွှတ်ပြီး အခုမှ အသက်ကြီးသူတွေ ရောက်လာတာ... ဒီဂိုဏ်းက တကယ့်ကို ကြောက်စရာကောင်းတာပဲ"

မုန့်ထျန်းရွှမ် အလောင်းအစား မလုပ်ရဲတော့ချေ။

ယခု သူသည် သူ၏လျှို့ဝှက်ဘဏ္ဍာကို ဆုံးရှုံးသွားပြီး ဒဏ်ရာပြင်းထန်စွာ ရထားခဲ့သဖြင့် ဆက်တိုးပါက ဤအရူးများ၏ ဆွဲငင်ရာအတိုင်း ပါသွားရမှာ အမှန်ပင်။ ထို့ကြောင့် သူ ထွက်ခွာရန် နည်းလမ်းရှာရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

"ချင်းယန် မင်းရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကျင့်ကြံမှု လမ်းကြောင်းကို စဉ်းစားပေးတဲ့ အနေနဲ့ ဒီနေ့ကိစ္စ ဒီမှာပဲ အဆုံးသတ်လိုက်မယ်..."

မုန့်ထျန်းရွှမ်သည် တည်ငြိမ်အောင် ကြိုးစားကာ အသံနက်ကြီးဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"မင်းရဲ့ဂိုဏ်းက မြေအဓိပတိ ခုနစ်ပါးကိုလည်း ဆုံးရှုံးခဲ့ပြီးပြီ ဒါက မင်းရဲ့ ဂိုဏ်းအတွက် ဆုံးရှုံးမှုကြီးပဲ ဒါကို ရှင်းရအောင်"

သူစကားပြောနေစဉ်တွင် သူသည် ရွှေရောင်တိမ်တိုက်၏ အထက်က ရုပ်ပုံကိုကြည့်ကာ ကျန်လက်ဖဝါးဖြင့် မြှောက်လိုက်သည်။

"လူတိုင်း... ငါတို့ ဆက်ပြီး တိုက်ပွဲဝင်မယ် ဆိုရင်တောင် ဒီမဟာမိတ်ခေါင်းဆောင်ကို မင်းတို့သတ်နိုင်မှာ မဟုတ်ဘူး... အသေအပျောက်တွေ မလိုအပ်ဘဲ တိုးလာလိမ့်မယ်... မလိုအပ်တဲ့ အနစ်နာခံမှုတွေ ထပ်မထည့်ရအောင် အခုပဲ လူစုခွဲလိုက်ကြရအောင်"

"ဟားဟား.. ကျနော်တို့ရဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းက ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျနော်တို့ဂိုဏ်းရဲ့ဆောင်ပုဒ်က 'အသက်ရှင်ရတာ ဘယ်လောက် ပျော်စရာကောင်းလဲ သေရမှာကိုရော ကြောက်လား'တဲ့... "

"..."

သူသည် မုန့်ထျန်းရွှမ်ကို အပေါ်အောက် ငုံ့ကြည့်လိုက်သည်။ ယခု တစ်ဖက်လူရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာများဖြင့် ပြည့်နေပါ၏။

"အဘိုးကြီး ခင်ဗျားမှာ ပျော်စရာမရှိရင် ကျနော်က အဆုံးထိ လူကောင်းဖြစ်ပေးပြီး ခင်ဗျားဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်"

စကားမဆုံးခင်မှာ မိုင်ပေါင်းများစွာ တုန်ခါနေတဲ့ ရွှေရောင်တိမ်တိုက်တွေဆီကနေ သက်ကြီးရွယ်အို အသံတစ်ခု ပဲ့တင်ထပ်လာ၏။

"တူလေးချင်းယန် ပြောတာ မှန်ပါတယ် ငါ့ကို ပထမဆုံး လုပ်ခွင့်ပေး! !"

လူကြီးတစ်ဦးသည် ရွှေရောင်တိမ်တိုက်များမှ ထွက်ခွာလာပြီး သူ၏ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ တိုက်ပွဲဝင်လာခဲ့သည်။ ခြေတစ်လှမ်း တစ်ဝက်လှမ်းပြီးသည့်နောက် သူ၏ ရောင်ဝါက ချက်ချင်း ဖရိုဖရဲ ဖြစ်သွားသည်။

အပျက်အစီးများ အက်ကွဲသွားပြီး အက်ကွဲကြောင်းများက သူ့အရေပြားအနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ဗုန်း!

ပေါက်ကွဲသံများက ကောင်းကင်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဒီတစ်ကြိမ်မှာတော့ သူက စကားကိုတောင် မဖြုန်းတီးဘဲ မုန့်ထျန်းရွှမ်ကို တိုက်ရိုက် လုပ်ကြံလိုက်ပေ၏။

"ထပ်ပြီး?!"

မုန့်ထျန်းရွှမ်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် ၎င်းကို ပိတ်ဆို့ရန် ကြယ်စွမ်းအင်လက်ဝါးကို အလျင်အမြန် မြှောက်လိုက်သော်လည်း အသုံးမဝင်တော့ပေ။

ကနဦး တိုက်ခိုက်မှုကို စတင်ခဲ့သော မြင့်မြတ်သူသည် ရွေ့လျားမှုဆိုင်ရာ နည်းစနစ်များ ကျွမ်းကျင်ပြီး အကွာအဝေးကို ခြေတစ်လှမ်းချင်းဖြင့် ကျုံ့ကာ ချက်ချင်း သူ့ရှေ့သို့ ရောက်နေပြီဖြစ်သည်။

အစအဆုံး ခြေတစ်လှမ်းသာ လိုခဲ့၏။

"အရူးတွေ! မင်းတို့က အရူးတွေပဲ!"

မုန့်ထျန်းရွှမ် သူ့လက်ကို မြှောက်လိုက်ပြီး တစ်ဖက်လူရဲ့ ဦးခေါင်းကို ဖိလိုက်ကာ အဝေးကို ဖယ်ထုတ်ဖို့ ကြိုးစားပေမယ့် ပြိုင်ဘက်က သူ့ကို ဖိနင်းဖို့ ပိုပြင်းထန်တဲ့ ခွန်အားကို အသုံးပြုထားခဲ့တာကြောင့် မုန့်ထျန်းရွှမ် တစ်လက်မမှ မရွေ့နိုင်ခဲ့ပေ။

"မဟာမိတ်ခေါင်းဆောင် ဖောက်ခွဲကောင်းကင်ဂိုဏ်းက မင်းကို အသက်ရှည်ပြီး ချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်"

ဗုန်း!

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးက ကောင်းကင်ကို လှုပ်ခါသွားစေသည်။

ပြင်းထန်သော အပူရှိန်သည် မုန့်ထျန်းရွှမ်၏ ကြွက်သားများနှင့် အရေပြားကို ဝါးမြိုသွားခဲ့သည်။

ကောင်းကင်မှာလည်း မီးခိုးတွေ ပြည့်သွား၏။

ခဏအကြာ၌ အဓိပတိ မဟာမိတ်ခေါင်းဆောင်၏ ရုပ်ပုံ ပြန်ပေါ်လာသည်။ ယခုတစ်ကြိမ်က ပို၍ပင် ကြောက်စရာကောင်းလှသည်။ သူ့တစ်ကိုယ်လုံး အရေပြား ကင်းစင်နေပြီး ကြွက်သားများက အပြင်ဘက်တွင် ဖောင်းကားနေကာ သူ၏ ဝမ်းဗိုက်အောက်ရှိ အဖြူရောင်နံရိုးများပင် ပေါ်လွင်နေပါပြီ။

ဒါပေမယ့် သူ အသက်ရှင်နေသေးသည်!

“အရူးတစ်စု...”

မုန့်ထျန်းရွှမ် သူ၏ ကြယ်စွမ်းအားကို အရူးအမူး အသက်သွင်းပြီး အသက်စွမ်းအားကို ထိန်းသိမ်းထားသည်။ ကောင်းကင်အဓိပတိ၏ ကြယ်စွမ်းအားဖြင့် သူ၏ တည်ရှိမှုကို အတင်းအကျပ် သက်တမ်းတိုးစေခဲ့သည်။

သို့သော် ဤကဲ့သို့ ဆက်လက် တောင့်ခံထားတာက အဖြေမဟုတ်ပေ။ မည်မျှပင် အသက်ရှည်ပါစေ ဖောက်ခွဲ ကောင်းကင်ဂိုဏ်း၏ ယိုစီးမှုကို သူ မခံနိုင်ပါ။ သူ့ခန္ဓာကိုယ်က နောက်ဆုံးတွင် ပြိုကျသွားလိမ့်မည်။

"ငါသွားမှ ရတော့မယ်…"

"အိုး? အသက်ရှင်နိုင်သေးတာလား"

ချင်းယန် မုန့်ထျန်းရွှမ်၏ အခြေအနေကို ကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။ ထို့နောက် သူသည် တယ်လီပို့သတင်းစကားကို သုံး၍ ထိပ်တန်းနယ်ပယ်မှ ကျွမ်းကျင်သူခြောက်ဦးကို တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်။

တိမ်ပင်လယ်က နှစ်ဖက်စလုံးသို့ ကွဲသွားပြီးသည်နှင့် ကျယ်လောင်တဲ့ မြည်သံကြီးက ကောင်းကင်တစ်ခွင့် ပဲ့တင်ထပ်သွား၏။ ကျန်လူ၆ယောက်က ချက်ချင်း ရှေ့သို့ အရှိန်မြှင့်ကာ မုန့်ထျန်းရွှမ်ကို တိုက်ရိုက် တိုက်ခိုက်ကြသည်။ သူတို့၏ ခမ်းနားထည်ဝါသော ၀တ်ရုံများ လွင့်ပျံသွားကာ သူတို့၏ ဓားသည် စူးရှထက်မြက်ကာ အူသံများဖြင့် ဖြတ်သွားလေသည်။

"စိတ်ပျက်စရာပဲ!"

ဒါကိုမြင်တော့ မုန့်ထျန်းရွှမ် ဒေါသတကြီး ကျိန်ဆဲတော့သည်။

"ဒီမဟာမိတ်ခေါင်းဆောင်က လိမ်ဖို့လွယ်တယ်လို့များ ထင်နေလား"

"မြေအဓိပတိ ပုရွက်ဆိတ်တစ်စု! ဒီအရှင်က ကိုယ့်ကိုကိုယ် မဖျက်ဆီးရဲဘူးလို့ မင်းတို့ တကယ်ထင်နေလား"

All Chapters