နဂါးပေါ်ထွက်ကျင့်စဥ်
Vol. 18 Ch. 264
"တင်း! ကောင်းကင်အဓိပတိကို ကျွမ်းကျွမ်းကျင်ကျင် အောင်မြင်စွာ ခြိမ်းချောက်နိုင်ခဲ့တာကို တွေ့ရှိရ၍ ဆုလာဘ် အဆတစ်ရာ တိုးသွားပါပြီ!"
"ဂုဏ်ယူပါတယ် host!"
“ရရှိသောဆုများ- နဂါးအစစ် ပုံဖော်ခြင်းနည်းပညာ နဂါးပေါ်ထွက်ကျင့်စဥ်”
"ဒီကျင့်စဥ်ကို သင်ယူသူတွေဟာ ၎င်းတို့ရဲ့ မြင့်မြတ်သောသဘောဖြင့် နဂါးတစ်ကောင်ကို မြင်ယောင်နိုင်ပါတယ်... စိတ်ကူးပုံဖော်ကြည့်ပြီးနောက် စစ်မှန်တဲ့ နဂါးခန္ဓာကို ပိုမို ချုပ်ချယ်နိုင်ပါတယ်! ကောင်းကင်အဓိပတိကို တက်လှမ်းနိုင်ပါပြီ!"
စနစ်၏ သတိပေးချက်များ ဆက်တိုက်ထွက်ပေါ်လာသည်။
“နောက်ဆုံးတော့ ဆုလာဘ်တစ်ခု ပေါ်လာပြီ”
ချင်းယန် ဆိုဖာပေါ်ပြန်လှဲပြီး သက်တောင့်သက်သာဖြင့် သက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့ သူ့နှလုံးသားက တည်ငြိမ်သွားပြီ။ ဒီတိုက်ပွဲက မယုံနိုင်လောက်အောင်ကို ခက်ခဲခဲ့ပြီး သူတစ်နေ့တာလုံး ဒီဟာကြောင့် အလုပ်ရှုပ်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆုငွေကို သိမ်းပိုက်နိုင်ခဲ့၏။
"မလွယ်ဘူး"
ချင်းယန်သည် နဂါးပေါ်ထွက်ကျင့်စဥ်၏ စိတ်ကူးပုံဖော်ခြင်းနည်းပညာကို အကြမ်းဖျင်းအားဖြင့် ခြုံကြည့်လိုက်သည်။ ကြမ်းတမ်းသော ကောက်ကြောင်းသည် သူ့စိတ်ထဲတွင် ရွှေရောင်အကြေးခွံများ၊ သမင်ချိုများနှင့် လင်းယုန်ခြေသည်းများ ပေါ်လာသော်လည်း ၎င်းသည် ကြမ်းတမ်းသော ကောက်ကြောင်းမျှသာ ဖြစ်ပြီး မှုန်ဝါးကာ ရှင်းရှင်းလင်းလင်း မဟုတ်သေးချေ။
"မဆိုးပါဘူး နိယာမစွမ်းအင်တွေကို အောင်အောင်မြင်မြင် ချုပ်ကိုင်နိုင်သမျှတော့ ကောင်းကင်ဘုံကို ရောက်သွားနိုင်တယ်!"
ချင်းယန် အလွန်ကျေနပ်စွာ ရေရွတ်ကာ အတွင်းစိတ်လောကရဲ့ ဉာဏ်အလင်းပွင့်သည့်နေရာမှ ထွက်သွားလေသည်။ သူ့အတွက် အလျင်လိုစရာ မလိုချေ။ အလျင်စလို လုပ်တာ ဖြုန်းတီးပစ်ရာကျသည်။
ယခုအချိန်မှစ၍ သူသည် အနားယူပြီး သူ၏လေ့လာမှုများကို ပျော်ရွှင်စွာ လုပ်ဆောင်နိုင်ပြီ။ ဒါ့အပြင် ဉာဏ်အလင်းရရန် အချိန်များစွာ ရှိသေးသည်။
ယခု ထပ်မံမျှော်လင့်နေရမည့် အရာမှာ မုန့်ထျန်းရွှမ် သေလျှင်ရမည့် ဆုလာဘ်ဖြစ်သည်။ မုန့်ထျန်းရွှမ်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေရုံနဲ့ ဒီလောက် အံ့သြစရာကောင်းတဲ့ ဆုလာဘ်ကို ရနိုင်ခဲ့ရာ သူ့ကိုသတ်နိုင်ရင် ဘာဖြစ်မလဲ။
အဲဒီအခါမှာ သူဘယ်လိုဆုမျိုးရလောက်မလဲ။
"နဂါးပေါ်ထွက်ကျင့်စဥ်ထက်တော့ သေချာပေါက် မနိမ့်လောက်ဘူး"
ဒါကိုတွေးရင်း ချင်းယန် မျှော်လင့်ချက်အပြည့်နဲ့ သူနှုတ်ခမ်းကို သပ်လိုက်ပြီး ပြင်းထန်စွာ ဒဏ်ရာရသွားသော မုန့်ထျန်းရွှမ်ကို သတိရကာ သူ့စိတ်လှုပ်ရှားမှုက ပိုပြင်းထန်လာသည်။
၎င်းသည် အဓိပတိ မဟာမိတ်ခေါင်းဆောင်တစ်ဦးမျှသာမဟုတ် ထိုသူသည် လမ်းလျှောက်နေသော ရတနာသေတ္တာ ဆိုတာ ထင်ရှားသည်။
"အဲဒီလူကြီးဆီက ဆုတွေက မကုန်သေးပါဘူး ကောင်းကင်အဓိပတိကို ရောက်တာနဲ့ ငါ သူ့ကို ချောင်းတိုက်ကြည့်ရမယ်"
"သခင် ဘာတွေတွေးနေတာလဲ... တအားပျော်ရွှင်နေသလိုပဲ"
ထိုအချိန်တွင် ရှောင်ပိုင် ချဉ်းကပ်လာသည်။ သူမက ချင်းယန်ရှေ့မှာ သူ့လက်လေးကို ဝှေ့ယမ်းပြီး စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေ၏။
"တစ်ခုခုကို ထပ်ပြီး တွေးနေတာလား"
ချင်းယန် ပြုံးလိုက်တိုင်း မြေခွေးလေးရဲ့ နှလုံးသားကို မကျေမနပ် ဖြစ်စေသည်။
"ဟမ့်... ဒီက ထွက်သွား ငါ့ကို မနှောင့်ယှက်နဲ့"
ချင်းယန် သူ့လက်ကို ခါယမ်းပြီး ဆက်တွေးနေလိုက်သည်။
"အသံမထွက်နဲ့ ငါစဉ်းစားနေတာ"
"ဟေး ဘာစဉ်းစားနေတာလဲ"
ရှောင်ပိုင် သူ့လက်ကိုဆွဲကာ လသာဆောင်အပြင်ဘက်ရှိ တိုက်ခန်း အဆောက်အဦးဆီသို့ ညွှန်ပြလိုက်သည်။
"ကျွန်မတို့ အခုမလုပ်ရင် အဲဒီမာနကြီးတဲ့လူက ကျန်းဟိုင်ကို ကျော်ပြီး ထွက်ပြေးလိမ့်မယ်... ကျွန်မတို့ သူ့ကို အခုဖမ်းနိုင်လောက်ပေမယ့် တလီတောင်ကို ရောက်ရင် ဖမ်းနိုင်တော့မှာ မဟုတ်ဘူး!"
သူမ ပြောပြီးတာနဲ့ပဲ...
ဖြောင်း!
ချင်းယန် စိတ်ဆိုးပြီး သူမနဖူးကို ရိုက်ပစ်လိုက်သည်။
“သူ့ကို လိုက်တော့ ဘာရမှာလဲ? အဲဒီကောင်က ကောင်းကင်အဓိပတိ...အခု သူ့ကို နာကျင်အောင် လုပ်နိုင်တာက ငါ့ကိုယ်ပွားတွေ ဖောက်ခွဲထားလို့... သူ့ကို သတ်ဖို့ အခွင့်အလမ်းက လက်တွေ့မှာ သုညပဲ...သူ့မှာ လွတ်မြောက်ဖို့ နည်းလမ်းတွေ အများကြီး ရှိသေးတယ် ငါက ဘာလို့ လိုက်ပြီး နှောင့်ယှက်ရမှာလဲ”
“အိုး”
ရှောင်ပိုင် နှုတ်ခမ်းစူကာ သူမ၏ခေါင်းပေါ်ရှိ အဖုအပိန့်များကို ဆုပ်ကိုင်ထားကာ စိတ်တိုနေပုံရသည်။
"ဒါဆို ကျွန်မတို့ အခု ဘာလုပ်ကြမလဲ"
"ငါ့သွေးကို ဖြည့်ရမယ်... တတ်နိုင်သမျှ ပြန်ဖြည့်ရမယ်"
ချင်းယန် ကိုယ်တိုင်ထကာ ရှောင်ပိုင်ကို မီးဖိုချောင်ထဲသို့ တွန်းပို့လိုက်သည်။
“ငါ့သွေးကို ပြန်ဖြည့်ဖို့ မင်း ဘာလုပ်နိုင်မလဲ စောင့်ကြည့်ဦးမယ်”
“ကောင်းပါပြီ”
ခဏအကြာ၌ ရှောင်ပိုင် ခါးစည်းကို ၀တ်ထားပြီး ချက်ပြုတ်ရင်း အလုပ်ရှုပ်နေသောကြောင့် မီးဖိုချောင်မှ အိုးများနှင့် ဒယ်အိုးသံများ ပဲ့တင်ထပ်သွားသည်။
ဧည့်ခန်းထဲတွင်တော့ ချင်းယန်သည် သူ့ဖုန်းကိုဖွင့်ကာ ဗီဒီယိုများမှတစ်ဆင့် လှိမ့်ကြည့်ရင်း မကြာသေးမီက ခေတ်စားနေသော အကြောင်းအရာများကို တစ်ချက်ကြည့်လိုက်သည်။ အွန်လိုင်း အငြင်းပွားမှုတွေက ဆက်လက် ကြီးထွားလာနေဆဲပါ။ ဒီတိုက်ပွဲက ကျန်းဟိုင်မြို့ကိုလည်း သိသိသာသာ သက်ရောက်မှု ရှိခဲ့လေ၏။
မုန့်ထျန်းရွှမ် သူ၏ အဓိပတိခန္ဓာကို ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်တဲ့အတွက် ကျယ်ပြောလှသော ဧရိယာကို ထိခိုက်သွားသည်။ နောက်ဆက်တွဲ ငလျင်များသည် တိုက်ခန်းအဆောက်အအုံ၏ တည်နေရာမှ တိုက်ရိုက် ပျံ့နှံ့သွားသည်။
ကီလိုမီတာများစွာ အကွာအဝေးအတွင်းင အဆောက်အဦများပင် ပြိုကျသွားသဖြင့် ထိုနေရာက နေထိုင်သူများပင် မလွတ်မြောက်ခဲ့ကြပေ။ အကြားအာရုံဆုံးရှုံးခြင်းမှ သွက်ချာပါဒ နှင့် သေဆုံးမှုအထိ အများအပြား ဒဏ်ရာရရှိခဲ့ကြသည်။
ဤမြင်ကွင်းက သဘာဝဘေးအန္တရာယ် တစ်ခု ဖြစ်သွားရုံမျှသာ ဖြစ်သည်။
…
……
တိုက်ခန်း အဆောက်အဦဘက်မှာလည်း နေရာတိုင်း အပျက်အစီးများဖြင့်သာ ပြည့်နေ၏။
အားဖြည့် ကွန်ကရစ်တုံးကြီးများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ ဖရိုဖရဲ ပြိုကျနေသော အပျက်အစီးများကြားတွင် ဖျော့တော့သော ခြေရာများဖြင့် ရဲတပ်ဖွဲ့များ လမ်းလျှောက်ဝင်လာကြသည်။
“နည်းနည်း ဖယ်ကြပါဟ!”
ရှဟဲသည် သူ့နှုတ်ခမ်းမှ စီးကရက်တစ်လိပ်ဖြင့် ရှေ့က ဝင်သွားလေသည်။ ရဲအရာရှိအများအပြားသည် ရဲတိပ်ခွေကို ဆွဲယူကာ တိုက်ခန်းထဲသို့ ဝင်လိုက်သည်နှင့် တိုက်ရိုက် ထုတ်လွှင့်သူများ ဝပ်သွားခဲ့သည်။
ဤနေရာသည် အပြင်းထန်ဆုံး ထိခိုက်မှုဖြစ်ခဲ့သည်။ မပြီးပြတ်သေးသော အဆောက်အအုံများက နေရာအနှံ့ ပြိုကျခဲ့၏။ အကယ်၍ ဤမြို့လယ်တွင်သာ တိုက်ပွဲဖြစ်ပွားခဲ့ပါက ဆုံးရှုံးမှုများကို တွက်ချက်၍ပင် မရလောက်ချေ။ ကျန်းဟိုင် စီးပွားရေးတစ်ခုလုံးပါ ဆိုးဆိုးရွားရွား ပျက်စီးသွားလိမ့်မည်။
"ကံဆိုးမှုတွေကြားထဲက ကံကောင်းခြင်းတစ်ခုပဲ..."
ရှဟဲ တစ်ယောက်တည်း ဆင်ခြင်ပြီး သူ့အဖွဲ့သားများကို အချက်ပြလိုက်သည်။ ထို့နောက် ကောင်းကင်ကို မော့ကြည့်ကာ စီးကရက်ကို ဖြည်းညှင်းစွာ နှိမ့်ချလိုက်ပြီး မီးခိုးကွင်းကို ရှူထုတ်လိုက်သည်။
ရွှေရောင် တိမ်တိုက်များက အပေါ်မှ လွင့်ပျံလာနေဆဲပင်။
ကောင်းကင်၌ ကိန်းဂဏာန်းများ ရွေ့လျားသွားသည်။ ဖောက်ခွဲကောင်းကင်ဂိုဏ်းက ထိပ်တန်းခေါင်းဆောင်များ လေထဲတွင် ဆိုင်းငံ့နေဆဲဖြစ်ပြီး လောင်ချင်းက ၎င်းတို့နှင့် စကားပြောနေဆဲဖြစ်သည်။ သူတို့မဆင်းလာခင် အချိန်တစ်ခုတော့ ကြာလိမ့်မည်။
"ရှဟဲ!"
ဦးစီးချုပ် အသံက အနောက်မှ ထွက်ပေါ်လာသည်။ ရှဟဲ အမြန်လှည့်ကြည့်လိုက်တော့ တစ်ဖက်လူက သူ့ဆီ လျှောက်လာနေတာကို တွေ့လိုက်ရ၏။
"ဦးစီးချုပ်!"
ရှဟဲ စီးကရက်ကို အလျင်အမြန် လွှတ်ပစ်လိုက်ပြီး လက်ကို တည့်တည့်မတ်မတ်နဲ့ထားကာ လေးလေးစားစား မတ်တပ်ရပ်လိုက်သည်။
"ဘာအမိန့်များ ရှိပါလဲ?"
"ဘာမှမဖြစ်ပါဘူး အဲ့လိုလုပ်နေဖို့ မလိုဘူး... မင်းရဲ့ အနားယူချိန်အတွင်းမှာပဲ ရှိသေးတယ် ငါတို့ အထက်လူကြီးနဲ့ လက်အောက်ငယ်သားလို ရာထူးတွေ သုံးစရာ မလိုဘူး"
ဦးစီးချုပ်က အသံတိုးတိုးနဲ့ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ...ယောက္ခထီး"
ဒီလို အခေါ်အဝေါ် ပြောင်းတာကို ကြားတော့ ရှဟဲ အနည်းငယ် စိတ်လျှော့ပြီး သူ့အိတ်ကပ်ထဲက စီးကရက်တစ်လိပ်ကို ထပ်ထုတ်လိုက်သည်။
"ခင်ဗျားလည်း အနားယူသင့်တယ်..."
"ယောင်းယောင်း အဆင်ပြေလား?"
ဦးစီးချုပ် ရှဟဲဆီက စီးကရက်ကိုယူ၍ :"မင်း မြန်မြန် ပြေးလာခဲ့တာပဲ... သူ့အတွက် ဘာစီစဥ်ထားလဲ?"
"ယောက္ခထီး... အားလုံးပြေလည်သွားပြီ"
'အိမ်ထောင်မပြုဘူး' ဆိုတဲ့ စောစောက ပြောခဲ့တဲ့ စကားတွေကို သွားသတိရမိသဖြင့် ရှဟဲ စကားဆက်လိုက်သည်။
"အဲဒီတုန်းက စိတ်ဆိုးပြီး ရက်စက်လိုက်မိတာပါ ယောက္ခထီး... ကျေးဇူးပြုပြီး အဲဒီစကားတွေကို စိတ်ထဲမထားပါနဲ့... အဲဒါက ... ဒီတစ်ကြိမ် ခြွင်းချက်ထားပေးပါ"
ဦးစီးချုပ်က သူ့ကို မော့ကြည့်လိုက်သည်။
"မင်း ချင်းယန်အတွက် ဒါကို လုပ်လိုက်တာလို့ ယူဆရင် ငါ ဒီတစ်ခါတော့ အလျှော့ပေးလိုက်မယ်... ဒါပေမယ့် အမိန့်ကို ထပ်ပြီး မနာခံတာမျိုး မဖြစ်စေနဲ့..."
"ဟုတ်ကဲ့... "
ရှဟဲ သူ့ခေါင်းကို ကုတ်လိုက်ပြီး ရှက်ရွံ့စွာ ရယ်မောလိုက်သည်။
"ဒါပေမယ့် ဘာတတ်နိုင်မှာလဲ? လောင်ချင်းက ကျနော့်အတွက် ညီအစ်ကို... တစ်ခါတလေကျရင်..."
စကားမဆုံးသေးခင် ရှဟဲ ရုတ်တရက် တိတ်ဆိတ်သွားသည်။ သူ့အကြည့်များသည် ဦးစီးချုပ်၏ပခုံးပေါ်မှ ရှေ့တည့်တည့်သို့ ဆန့်တန်းကာ ကောင်းကင်ကို စူးစိုက်စိုက် ကြည့်နေ၏။
ရွှေရောင် တိမ်တွေ လွင့်နေတာကို သတိပြုမိသည့်အခိုက် ရင်းနှီးသော ရုပ်ပုံလွှာက တဖြည်းဖြည်း ကျဆင်းလာသည်။ နိုင်ငံသားများစွာလည်း အံ့အားသင့်စွာ မျှော်ကြည့်နေကြသည်။
"သူ ဆင်းလာပြီ ဓားနတ်ဘုရားရဲ့ တပည့်အကြီးဆုံး ဆင်းလာပြီ!!"
"မြန်မြန်သွား.. ဟိုကိုသွား!"
"လမ်းကနေ ဖယ်စမ်း! မတွန်းနဲ့ဟ ဘာလို့ အလျင်လိုနေတာလဲ ?!"
.....
"အမိုက်စားပဲ!!! လောင်ချင်း!"
ဒါကိုမြင်လိုက်တာနဲ့ ရှဟဲ စိတ်ထဲမှာ ဗလာကြီး ဖြစ်သွားသည်။ ချင်းယန် သူ့ဆီသို့ ဖြည်းညှင်းစွာ ပျံသန်းလာနေတာကို ကြည့်ရင်း ဦးစီးချုပ်ကို အလိုလို စွန့်လိုက်ပြီး ချင်းယန်ဆီသို့ ပြေးသွားလိုက်သည် ။
တစ်လှမ်းလျှင် ပုံမှန်ခြေသုံးလှမ်းစာလောက် လှမ်းတက်ကာ ကိုယ်တိုင် မတုံ့ပြန်နိုင်ခင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပစ်လိုက်သည်။
ယခု ရဲအုပ်ကြီး၏ လေ့ကျင့်သင်ကြားမှုကို ခံယူပြီးနောက် ရှဟဲ၏ ကြွက်သားများ သန်မာလာခဲ့သည်။ ချင်းယန်၏ အသွင်အပြင်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ပိန်သွားပုံပေါ်၏။ ဒါပေမယ့် ရှဟဲ၏ ချင်းယန်အပေါ် အထင်ကြီးလေးစားမှုကို မလျော့စေခဲ့ပေ။
ဖောက်ခွဲကောင်းကင်ဂိုဏ်း၏ နောက်ခံသမိုင်းကြောင်းတွင် အသက်အငယ်ဆုံး အဓိပတိနယ်ပယ် ဖြစ်သည်။ ဤအောင်မြင်မှုများသည် မည်သည့်နေရာတွင်ပင်ရှိပါစေ လေးစားခံရလိမ့်မည်။ ပြီးတော့ ဒီမယုံနိုင်လောက်အောင် သန်မာတဲ့လူက တကယ်တော့ သူ့ညီအစ်ကိုတဲ့လား။
"လောင်ချင်း အရမ်းတော်တာပဲ!!"
"ဖြည်းဖြည်းလုပ်စမ်း! အသေမဖက်ထားနဲ့ ငါထွက်မပြေးပါဘူး"
ချင်းယန် သူ့ကို တားဖို့ ကြယ်စွမ်းအင်ကို မသုံးဘဲ ပွေ့ဖက်ထားစေခဲ့သည်။ သူတို့အားလုံးက အပေါင်းအဖော်တွေပဲမလို့ ပွေ့ဖက်ထားတာလောက်က မနာကျင်ပါဘူး။
"မိတ်ဆွေလေးချင်း.."
ထိုအချိန်တွင် လူအိုလီနှင့် အခြားလူများလည်း ရောက်လာကြသည်။ ဦးစီးချုပ်က ထိုဒေသရှိ လူများကို လူစုခွဲကာ ၎င်းတို့နောက်သို့ လိုက်လာခဲ့သည်။
သူတို့ကိုမြင်တော့ ရှဟဲလည်း ချင်းယန်ကို အမြန်လွှတ်ပေးလိုက်ပြီး သူ့အရှက်ကို ဖုံးကွယ်ဖို့ ပေါ့ပေါ့တန်တန် ချောင်းဆိုးလိုက်သည်။ ချင်းယန်နဲ့ လူအိုလီအတွက် နေရာပေးဖို့ ခြေလှမ်းအနည်းငယ် နောက်ကို ဖြည်းဖြည်းချင်း ပြန်ရွှေ့လိုက်၏။
"လူအိုလီ... ဦးစီးချုပ်..."
ချင်းယန် ခေါင်းညိတ်ပြီး တစ်ယောက်ချင်း နှုတ်ဆက်ပြီးနောက် သူ့အကြည့်က လီချင်းဟဲပေါ် ရောက်သွားသည့်အခိုက် ရုတ်တရက် မျက်ခုံးပင့်သွားသည်။ တစ်ဖက်လူက တစ်ခုခုလွဲနေသလို ခံစားနေရ၏။
ယခုအချိန်တွင် လီချင်းဟဲ၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ သူမသည် တစ်စုံတစ်ခုကို ဖုံးကွယ်နေသကဲ့သို့ အပြုံးတစ်ဝက်ဖြင့် သူ့ဆံပင်တိုတိုကို သပ်တင်နေ၏။
"တကယ်ကို ကြောက်စရာကောင်းတဲ့ လူငယ်တစ်ယောက်ပဲ သမိုင်းမှာ အငယ်ဆုံး အဓိပတိနယ်ပယ်..."
ဤအခိုက်အတန့်တွင် လူအိုလီသည် ရှေ့သို့လှမ်းကာ သူ၏မုတ်ဆိတ်ဖြူဖြူများကို ပွတ်သပ်ရင်း ပြောလေ၏။
"ဒီနေ့အထိ အသက်ရှင်နေထိုင်ပြီး လူငယ် အဓိပတိနယ်ပယ် မိတ်ဆွေလေးကို မြင်တွေ့ခွင့်ရတာက ငါ့ဘဝ တန်ဖိုးရှိဖို့ လုံလောက်ပါပြီ"
"လူကြီးလီ... ခင်ဗျား ကျနော့်ကို မြှောက်ပင့်နေတာပဲ"
ချင်းယန်က အေးဆေးတည်ငြိမ်စွာ ပြောပြီး ယဉ်ယဉ်ကျေးကျေး စကားလုံးတချို့ကို ပေါ့ပေါ့တန်တန် ထပ်ပြောလိုက်သည်။
"အဲဒါကို နှလုံးသွင်းဖို့ မလိုပါဘူး"
"မိတ်ဆွေလေးချင်းက သိပ်ကြင်နာတာပဲ မင်းရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်က မြင့်တယ်... ကျန်းဟိုင်မြို့မှာ ပထမဆုံး နယ်ပယ်စုံ ကျွမ်းကျင်ပညာရှင်က မော့ဖုန်းလို့ တစ်ချိန်က ထင်ခဲ့ပေမဲ့ မိတ်ဆွေလေးက ရှေ့တစ်လှမ်း ပိုတိုးနေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး..."
သူစကားပြောနေစဉ်တွင် ချင်းယန်ကိုကြည့်ကာ လေးစားမှုအပြည့်ရှိသော မျက်လုံးများဖြင့် စကားထပ်ဆက်ပြန်သည်။
"ပြီးတော့ မင်းက မော့ဖုန်းထက် အများကြီးငယ်တယ် တကယ်ပဲ ဓားနတ်ဘုရားရဲ့ တပည့်ဖြစ်ထိုက်ပါတယ် နောက်ထပ် ကျိုးနွံနေစရာ မလိုပါဘူး..."
"မှန်တယ် မှန်တယ် ဆရာ... ဆရာကတော့ နှိမ့်ချနေပြန်ပြီ"
လီချင်းဟဲသည် လူအိုလီ၏နောက်တွင် ရပ်နေကာ သူမ၏ ဘယ်ဘက်မျက်ခွံအား အထပ်ထပ်အခါခါ ကြိမ်ဖန်များစွာ မျက်တောင်ခတ်ပြကာ ရူးသွပ်စွာ နူတ်ဆက်နေသည့် အမူအရာဖြင့်။ အနှီမျက်လုံးများမှာ "ဆရာ့ကို ဖြတ်မြင်နေရတယ်" လို့ ပြောနေသည့်အလား။
ချင်းယန် : "???"
ဒီကောင်မလေး ဘာလုပ်နေတာလဲ။
သူမ ဘာကို ဆိုလိုတာလဲ။
"မင်းမျက်လုံး တစ်ခုခုဖြစ်နေတာလား"
ချင်းယန် မထိန်းနိုင်ဘဲ သူမနဖူးကို တိုက်ရိုက် ပုတ်လိုက်ပြီး :"မင်းမျက်ခွံတွေ အရမ်းလှုပ်နေတယ်"
ရိုက်ပြီးနောက် လီချင်းဟဲ၏ မျက်လုံးများ ချက်ချင်း ကြည်လင်လာသည်။
"အား!"
သူမ နဖူးကို ပွတ်သပ်ရင်း စိတ်တိုလာသည်။ သူသည် လူအိုလီနှင့် သူ့ဘေးနားရှိ အခြားလူများကို ကြည့်လိုက်ပြီးနောက် သူ့အသံကို တိတ်တဆိတ် ထုတ်လွှင့်လိုက်သည်-
"ဆရာ ဟန်ဆောင်တာကို ရပ်လိုက်ပါတော့ တပည့် အကုန်မြင်လိုက်တယ် အဲဒီဆရာတူဦးလေးတွေက ငါးစာပဲမလား"
"..."
ချင်းယန် တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်သည်။
အမိုက်စား ကောင်မလေးက သူ့ကို နောက်တစ်ခါ ဖောက်မြင်သွားပြန်ပြီလား။
သို့သော် ချင်းယန် မအံ့သြမိပေ။
ဒီမိန်းကလေးက မယုံနိုင်လောက်အောင် လိမ္မာပါးနပ်မှန်း သူသိသည်။ ဓားနတ်ဘုရား မသေကြောင်းကို သူမကပဲ ပထမဆုံး သဘောပေါက်ခဲ့သူ ဖြစ်သည်။
"မင်း ဒီစကားတစ်ခွန်းကို ထုတ်ပြောရဲရင် မင်းအသက်ကို ကာကွယ်နိုင်မလား သတိထားနေ!"
ချင်းယန် သူ့လှည့်စားမှုကို တည်ငြိမ်စွာ ဖုံးကွယ်ကာ :"ဒါက ငါတို့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို သက်ဆိုင်တယ်... အပြင်လူက သိလို့မဖြစ်ဘူး... သတင်း ထွက်သွားရင် မင်းရဲ့ ဆရာဘိုးဘိုးနဲ့ ငါ မင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး"
"ဟဲဟဲ စိတ်မပူပါနဲ့ ဆရာ! ဒီတပည့်က ပါးစပ်ကို သေချာပိတ်ပြီးပြီ တပည့်ကလွဲလို့ ဒီလျှို့ဝှက်ချက်ကို ဘယ်သူမှ သိမှာ မဟုတ်ဘူး!"
လီချင်းဟဲ ကျားသွားများကို ထုတ်ဖော်ရန် ပြုံးရင်း ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။ သူမ ချင်းယန်ကို နှုတ်ဆက်ကာ စိတ်လှုပ်ရှားစွာဖြင့် နှလုံးခုန်နေတော့သည်။
အရင်က သံသယဖြစ်ခဲ့ပေမယ့် ယခု ချင်းယန်ဆီက ကိုယ်တိုင် ဝန်ခံချက်ကို ကြားလိုက်ရပြီမို့ အရာအားလုံးက မှန်ကန်သည်ဟု ဆိုလိုသည်။
"ဒီလျှို့ဝှက်ချက်ကို တစ်သက်လုံး သိမ်းထားလိုက်ပါ့မယ် ဆရာ!"
"..."
ချင်းယန် သူ့မျက်လုံးများကို အတွင်းကျကျ မှိတ်ထားကာ အာရုံစိုက်ရန် ပျင်းလွန်းသွားသည်။ ဒီအချိန်မှာ အနီးအနားမှာ စောင့်နေတဲ့ ဦးစီးချုပ်လည်း ရောက်လာ၏။
"ချင်းယန် မင်းရဲ့ဦးလေးတွေက ဘယ်မှာလဲ"
ဦးစီးချုပ်က အသံနက်ကြီးဖြင့် လွတ်နေသော ကောင်းကင်ကြီးကို ငေးကြည့်ရင်း မေးလိုက်သည်။
"ငါတို့ သူတို့ကို ကျေးဇူးမတင်သေးဘူး"
"ခင်ဗျားက အားနာလွန်းနေပါပြီ ကျနော့်ဆရာဦးလေးတွေက အရေးကြုံမှ ပေါ်လာကြတာ... ဒီလိုနေရာမှာ ဆက်နေဖို့ စိတ်မဝင်စားကြဘူး"
"အဲ့လိုလား... ချင်းယန် ငါ မင်းကိုမေးစရာရှိတယ်"
ဦးစီးချုပ် ခဏလောက် စဉ်းစားပြီးနောက် ရုတ်တရက် အကြောင်းအရာပြောင်းကာ ပြောလိုက်သည်။
"ငါတို့ရဲ့ တရားဝင်အဖွဲ့အစည်းမှာ ပါဝင်ဖို့ မင်း စိတ်ဝင်စားလား"
"အာ?!"
ချင်းယန် အံ့အားသင့်သွားသည်။
တရားဝင်အဖွဲ့အစည်းမှာ ပါဝင်ရမှာလား။