← Chapters

သခင်က...တကယ်တော့ ကြယ်နဂါးသားရဲလား?

Vol. 18 Ch. 266

သခင်က...တကယ်တော့ ကြယ်နဂါးသားရဲလား?

Vol. 18 Ch. 266

ညဘက် ရောက်လာပြီမလို့ ကြယ်ရောင်တွေက လင်းလက်တောက်ပနေသည်။

ထိုစဥ် ဖုဟိုင်ဗီလာထဲ၌ ဧည့်ခန်း စားပွဲပေါ်ရှိ ပူဖောင်းများနှင့် ရေနွေးငွေ့များ၊ အနီရောင်ဆီများ ပွက်ပွက်ဆူလာလျက် အစပ်၊ တိုဟူး၊ ဘယ်ရီသီးနှင့် ဂျင်ဆင်းတို့လို အမျိုးမျိုးသော ပါဝင်ပစ္စည်းများဖြင့် အရသာအစုံ ဟင်းပွဲများ တည်ခင်းထားလေ၏။

"လာ သခင် များများစား..."

ရှောင်ပိုင်သည် သူမ ဓားဖြင့် ပါးပါးလှီးထားသည့် သွေးအပိုင်းအစကို ကောက်ယူပြီး ချင်းယန်ပန်းကန်ထဲသို့ သေချာ ထည့်ပေးလိုက်သည်။

"အနှစ်သာရသွေးတွေ အများကြီး စွန့်လိုက်ရတာ ဆိုတော့ သခင့်ခန္ဓာကိုယ်အတွက် မကောင်းဘူး မြန်မြန်ပြန်ဖြည့်ဖို့ လိုတယ်..."

"ဟမ် မဆိုးပါဘူး..."

ချင်းယန်သည် သားရဲသွေးများကို ပါးစပ်ထဲ အပြည့်ထည့်လိုက်သည်။ ၎င်း၏ နူးညံ့သော အသွင်အပြင်က အရသာခံဖုများကို နှိုးဆွပေးရာ သူ့တစ်ကိုယ်လုံးနီးနီး အရသာရှိသော စပ်စပ်အရသာကို ခံစားလိုက်ရသည်။

"မင်းရဲ့ ဟင်းချက်ကျွမ်းကျင်မှုက ပိုကောင်းလာသားပဲ.."

"ဟီးဟီး ဒါပေါ့!"

ရှောင်ပိုင် သူမ၏ လက်ချောင်းများကို ချလိုက်သည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်မမှာ ဘာမှလုပ်စရာ မရှိဘူးလေ...အဲဒါကြောင့် ဒီနတ်သမီးက အိမ်မှာ ဟင်းချက်ရင်း သုတေသနလုပ်နေတာ ပြီးတော့ ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်ကလည်း ပြန်ပြီး တိုးတက်လာပြီ.... အခု စောင့်ကြည့်မှုတွေ မရှိတော့ဘူးဆိုတော့ သေချာပေါက် ကြိုးစားထားရမယ်!"

သူမသည် ခွေးခြေခုံပေါ်တွင်ထိုင်ကာ ဖုန်းပေါ်ရှိ ခေတ်စားနေသော ဗီဒီယိုများကို လှန်ကြည့်ရင်း ချင်းယန်ကိုလည်း ညစာ ကျွေးမွေးနေသည်။

"သခင့်ရဲ့ကိုယ်ပွားလှည့်ကွက်က တကယ် စိတ်ဝင်စားဖို့ကောင်းတယ် အွန်လိုင်းက လူတွေကိုတောင် အရူးလုပ်နိုင်တယ်!"

ဒီအချိန်မှာတော့ အင်တာနက်ပေါ်၌ ချင်းယန် အကြောင်း ဆွေးနွေးမှုများက ပြင်းထန်လာသလို လူထု၏ ပြင်းထန်သော အော်ဟစ်သံသည်လည်း ပို၍ ပြင်းထန်လာသည်။ အင်တာနက်အသုံးပြုသူ အများစုက သူ့ကို ဒုတိယမျိုးဆက် ဓားနတ်ဘုရား အဖြစ်ပင် ချီးကျူးထားကြသည်။

အထူးသဖြင့် လူအိုလီ ဦးဆောင်သော ဒေသန္တရ ကျန်းဟိုင်ဓားနတ်ဘုရား ဖိုရမ်တွင် ဓားနတ်ဘုရား၏ နောက်လိုက်တစ်ဦး ဖြစ်လာခဲ့သည်။ စီမံခန့်ခွဲသူတစ်ဦးအနေဖြင့် လူအိုလီသည် သီးသန့်ဆွေးနွေးမှု အဖွဲ့များကို ကိုယ်တိုင်ကိုယ်ကျ တည်ထောင်ခဲ့သေး၏။

ဤကာလအတွင်း အွန်လိုင်းတွင် လူကြိုက်များမှု တိုးလာသည်နှင့်အမျှ "ဓားနတ်ဘုရားတောင်ကြား" ဖိုရမ်ကလည်း ကြော်ငြာရှင်များစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး အသွားအလာ များပြားလာခဲ့သည်။

သူတို့သည် လူအိုလီနှင့် ကြော်ငြာခများ စတင်ညှိနှိုင်းခဲ့ပြီး ဖိုရမ်ကို ချဲ့ထွင်ရန်နှင့် ၎င်း၏အသွားအလာဖြင့် ငွေရှာရန် လူတိုင်းအတွက် အနိုင်ယူနိုင်သော အခြေအနေတစ်ခုဖြစ်ကြောင်း သိမ်မွေ့စွာ ဖော်ပြခဲ့သည်။

သို့သော် ချင်းယန် ထိုအရာအားလုံးကို လုံးဝသတိမထားမိပေ။

"သခင်... အခု လုံးဝနာမည်ကြီးနေပြီ ပထမဓားနတ်ဘုရားနဲ့ သူ့ဂိုဏ်းတူတပည့်တွေက တစ်ယောက်တည်းလို့ ဘယ်သူထင်မှာလဲ"

ရှောင်ပိုင် သူမဖုန်းကိုချကာ မျက်တောင်လေး ခတ်ကာ ချင်းယန်ကို ပြုံးပြလိုက်သည်။

"သခင် တော်တော်မိုက်တာပဲ ဒီကျန်းဟိုင်မြို့သားတွေကို ဆိုးဆိုးရွားရွား လှည့်စားလိုက်တာပဲ!"

"အဟမ်း"

ချင်းယန်သည် ဆိတ်သားတစ်ကိုက်ကိုယူကာ ငရုတ်ဆီအနည်းငယ် လှမ်းတို့ရင်း ချောင်းဆိုးလိုက်သည်။

"မင်းဘာတွေပြောနေတာလဲ 'လှည်းစားတယ်' က ဘာကိုဆိုလိုတာလဲ ငါ နာမည်တစ်ခုတည်းကို သုံးပြီး ဘယ်သူ့ကိုမှ မလှည့်စားဘူး... ဒါက ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းချက်တစ်ခုဆိုတာ အရှင်းကြီးကို!"

"ဖြေရှင်းချက် တစ်ခုလား?"

ရှောင်ပိုင် စားပွဲပေါ်မှ လက်ညိုးများကို လှုပ်ယမ်းကာ မျှော်ကြည့်လိုက်သည်။

"ဒါဆို ဒီနတ်သမီးကို ဘယ်တော့ သင်ပေးမှာလဲ သခင်... အများကြီး မလိုပါဘူး"

သူမပြောသည့်အတိုင်း သူမလက်ချောင်းများကို ဖိပြကာ။

"ဒီလောက်လေးပဲ.... ခန္ဓာကိုယ်ကျင့်စဥ်တွေ... ဟမ် ပြီးတော့ ကိုယ့်ကိုကိုယ် ဖျက်စီးတဲ့ နည်းရောပဲ... အရမ်း စိတ်ဝင်စားဖို့ကောင်းတာပဲ..."

"ကိုယ့်ကိုယ်ကို ဖျက်စီးပြီး ဘာလိုချင်နေတာလဲ"

ချင်းယန် မျက်ခုံးပင့်ကာ ဇွန်းဖြင့် သိုးသားအပိုင်းအစ အနည်းငယ်ကို ညှပ်ယူကာ သူ့ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။

"မင်းရဲ့သခင်ကို အကြောင်းပြချက်မရှိဘဲ ဗုံးခွဲခိုင်းမလို့လား?"

"မဟုတ်တာ!"

ရှောင်ပိုင်က ဂုဏ်ယူစွာနဲ့ ခေါင်းကို မြှောက်လိုက်သည်။

"ကျွန်မ သခင်နဲ့နေတာကြာပြီ... ကျွန်မတို့ကြားမှာ နှောင်ကြိုးရှိတယ် သခင့်ကို သေချာပေါက် မထိခိုက်ချင်ပါဘူး....ကျွန်မ လိုချင်တာက... အဓိပတိမဟာမိတ်က ဘယ်သူ လာဦးမလဲလို့လေ... ကျွန်မ ခုန်ထွက်ပြီး တိုက်ခိုက်မယ်... ဖောက်ခွဲကောင်းကင်ဂိုဏ်းက နတ်သမီး အော်ပြီး...သူတို့ရှေ့မှာ ကိုယ့်ကိုကိုယ် ဖျက်စီးပစ်မယ်! ဗုန်းဗုန်းဗုန်း!! မြင်ကွင်းတစ်ခုလုံး ထိတ်လန့်စရာကြီး ဖြစ်နေမှာ!"

"ကျွန်မ သခင့်လို အေးဆေးနေချင်တယ်!!"

"မင်းလည်း လူတွေကို ဗုံးခွဲဖို့ ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်မှာလား"

ချင်းယန် သူ့သိုးသားကို ဝါးရင်း ခဏလောက် စဉ်းစားနေသည်။

ရှောင်ပိုင် ကိုယ့်ကိုယ်ကို ဖျက်စီးပစ်လိုက်ရင်လား။

ဒါဟာ အကြံဆိုးတစ်ခုလို့တော့ မထင်ရချေ။

ဘာပဲဖြစ်ဖြစ် ဒီမြေခွေးမိုက်လေးက အိမ်မှာလည်း ဘာမှလုပ်စရာမရှိဘူး မဟုတ်ပါလား။ သူမကိုယ်သူမ ဖျက်ဆီးရင်း ရန်သူကို မှုတ်ထုတ်လိုက်ရင် သူမဂုဏ်သိက္ခာကို ရရှိစေမည်။ သို့သော် ချင်းယန် ၎င်းကို ပြန်တွေးပြီး နောက်ဆုံးတွင် ခေါင်းယမ်းလိုက်သည်။

ဒီရက်ပိုင်း ဘယ်သူတွေ ဒုက္ခရောက်နေတာလဲ။

၎င်းတို့အားလုံးက အဓိပတိနယ်ပယ်နှင့် အထက်တွင် ရှိနေကြသည်လေ။ ရှောင်ပိုင်လို မွေးရာပါနယ်ပယ် မြေခွေးတစ်ကောင်က ဘာလုပ်နိုင်မှာလဲ။ ပစ်မှတ်က မရောက်လာခင်မှာ သူမက အသေကောင်ပင် ဖြစ်နေလောက်ပြီ။

သူမ ကံကောင်းစွာဖြင့် ထိုနေရာကို ရောက်အောင် သွားနိုင်ခဲ့သော်လည်း အရေးမကြီးပါ။ အဓိပတိနယ်ပယ် ကျင့်ကြံသူက သူမရဲ့ ဖောက်ခွဲမှုကို အသာလေး ခံနိုင်ရည်ရှိလိမ့်မည်။

ဒီလို အမှိုက်ခွန်အားတွေနဲ့ သူမသည် သူ့ကိုယ်သူ "ဖောက်ခွဲကောင်းကင်ဂိုဏ်း နတ်သမီး" ဟု ခေါ်ဝံ့ဦးမည်လော။ အရှက်ကွဲရုံသာ ရှိမည်။ ဖောက်ခွဲကောင်းကင်ဂိုဏ်း၏ ဂုဏ်သိက္ခာကို အမှန်တကယ် ညှိုးနွမ်းစေနိုင်သည်။

"မင်းက?"

ချင်းယန်သည် ရှောင်ပိုင်ကို အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်ကာ မထီမဲ့မြင်ပြုလျက်။

"မေ့လိုက်ပါတော့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းအတွက် အရှက်ရစရာ ကောင်းလွန်းတယ်... မင်းအတွက် မလုံလောက်ဘူး မင်းဘယ်မှမသွားဘဲ အိမ်ထဲမှာပဲနေသင့်တယ်"

"???"

ရှောင်ပိုင် ဒေါသတကြီးဖြင့် သွားများကို ကြိတ်လိုက်ပြီး။

"ဘာကိုဆိုလိုတာလဲ သခင် ဒီနတ်သမီးက ဟန်မဆောင်တတ်ဘူးလို့ ပြောချင်တာလား"

ဘုရင်အဆင့် ကြယ်သားရဲတစ်ကောင်က ဒါကိုလုပ်ဖို့ အဆင်သင့် မဖြစ်နိုင်ဘူးတဲ့လား?

မင်းငါ့ကိုလျှော့တွက်နေတာလား!

"သခင်.. ကျွန်မ သတိပေးလိုက်မယ်"

ရှောင်ပိုင် ဟစ်အော်ကာ လက်နှစ်ဖက်ပိုက်လျက် ခေါင်းကို ဘေးသို့ လှည့်ကာ ကလေးဆန်စွာ ပြုမူလာသည်။

"ဒီမြေခွေးကို အဝေးကို တွန်းပို့ရင်တော့ ဒီနတ်သမီးက..."

"မင်းဘာလုပ်မှာလဲ?"

"အမ်...."

ရှောင်ပိုင် သူမနားကိုဆွဲကာ ခဏလောက်စဉ်းစားပြီးနောက် ချင်းယန်ကို တစ်ချက်ကြည့်လိုက်ကာ သူမရွေးချယ်သည့်လမ်းက အားနည်းချက်ဖြစ်နေပုံရကြောင်း သဘောပေါက်လိုက်သည်။

ချင်းယန် မရှိရင် ဆေးလုံးတွေ မရှိတော့သလို နိယာမစွမ်းအင် အာဏာကိုတောင် မသုံးနိုင်တော့ဘူး။ ထို့ကြောင့် အကြောင်းပြချက်ကို သူမ အချိန်အတော်ကြာအောင် မစဉ်းစားနိုင် ဖြစ်နေတော့သည်။

သူမ အံကြိတ်ကာ: "ဒီနတ်သမီးက အိမ်ကနေ ထွက်ပြေးသွားမှာ... ကျွန်မ ပြောချင်တာက သခင့်အတွက် အခုချိန်ကစပြီး ဟင်းချက်ပေမယ့် မြေခွေး မရှိတော့ဘူး"

"ကောင်းပြီ လှည့်စားချင်နေတာကို ရပ်လိုက်တော့... မင်းကို ကိုယ်ခွဲနည်းနဲ့ ကိုယ့်ကိုယ်ကို ဖျက်စီးနည်းကို ငါသင်ပေးနိုင်တယ်... မင်းဘယ်လိုလုပ်ပြမလဲ ဆိုတာတော့ နောက်မှကြည့်ကြတာပေါ့"

ချင်းယန် သူ၏တူချောင်းများကို ချလိုက်ပြီး ပွက်ပွက်ဆူကာ ဖောင်းနေသော ဗိုက်ကို ပွတ်လိုက်သည်။

"ငါခိုင်းထားတဲ့ သွေးဖြည့်ဖို့တွေရော ပြင်ဆင်ပြီးပြီလား"

"တကယ်နော်?"

ရှောင်ပိုင် အလွန်ဝမ်းသာသွားပြီး ပစ္စည်းများကို ထုတ်ယူဖို့ သူမ၏ ကြယ်လက်စွပ်ကို ချက်ချင်း ဝေ့ယမ်းလိုက်သည်။

"အားလုံး အဆင်သင့်ဖြစ်ပါပြီ သခင် ကိုယ်တိုင်သာ ကြည့်လိုက်!"

နောက်အခိုက်အတန့်တွင် သူမ ပန်းကန်သေးသေးလေးတွေကို စားပွဲပေါ် တင်လိုက်လေ၏။ ထူထဲပြီး ညစ်ညမ်းသောသွေး၏ အနံ့သည် ကြွေပန်းကန်လုံးများထဲမှ စိမ့်ထွက်လာပြီး ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ ဂျင်ဆင်း၊ ကြာပန်း နှင့် အခြားရှားပါး အဖိုးတန် ဆေးဖက်ဝင်အပင်များလည်း ပြန့်ကျဲနေသေး၏။

သို့သော် သွေးစိမ်ထားသော ပန်းကန်ဘေးရှိ ဆေးဖက်ဝင် အပင်များကို အဂ္ဂိရတ်ဆေးအိုးထဲ မထည့်ရသေးမီ ခဏအတွင်းမှာပဲ ကြက်သွေးရောင် အလွှာတစ်ခုဖြင့် ဖုံးအုပ်ထားကာ သားရဲသွေးများ လျင်မြန်စွာ စွန်းထင်းထားသဖြင့် ဤကြယ်သားရဲ၏ ရက်စက်ကြမ်းကြုတ်သော သွေးဖြစ်ကြောင်း သက်သေပြနေသည်။

"သခင် ပြီးတော့ ဘာလုပ်မှာလဲ"

ရှောင်ပိုင် အမြီးကို တွန့်ပြကာ စားပွဲပေါ်ရှိ သွေးစွန်းနေသော အညစ်အကြေးများကို သိချင်စွာဖြင့် ဆိုလိုက်သည်။

"ဒီသွေးတွေကို မသန့်သေးဘူး မီးဖိုချောင်ထဲ သွားလုပ်ရမှာလား...?"

"အဆင်ပြေတယ်..."

ချင်းယန် သူ့လက်ကို ဝှေ့ယမ်းကာ အနှောင့်အယှက် ပေးလိုက်သည်။

"သားရဲသွေးက သူ့ရဲ့မူလအခြေအနေမှာပဲ လုံးဝကောင်းတာ..."

သွေးနတ်ဆိုးထံမှ ရရှိသော 'သွေးနတ်ဘုရားသိုင်းကျမ်း' ကို ရရှိပြီးနောက်တွင် ၎င်းကို အကြာကြီး သိမ်းထားခဲ့ရသည်။ အခု နောက်ဆုံးတော့ အသုံးတည့်သွားပြီ။ သွေးနတ်ဘုရားသိုင်းကျမ်း အထွတ်အထိပ်ရောက်ပြီး အကောင်းဆုံး အကျိုးသက်ရောက်မှု ရရှိရန် ဤဆေးဖက်ဝင်အပင်များက ၎င်းတို့၏ မူလအခြေအနေမှာ ရှိနေရမည်။

"အရင်ဆုံး စမ်းကြည့်ရအောင်"

ချင်းယန် စားပွဲပေါ်က ပန်းကန်တွေကို ကြည့်ပြီး လက်ဝေ့ယမ်းလိုက်သည်။ သွေးငွေ့တွေ လျှံတက်လာ၏။ ပန်းကန်လုံး မျက်နှာပြင်ပေါ်တွင် ပွက်ပွက်ဆူနေသော သွေးများသည် ရုတ်တရက် အငွေ့ပျံသွားပြီး သူ့လက်ဖဝါး ချွေးပေါက်များမှတဆင့် သူ့ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားသည့် သွေးအငွေ့အလွှာများအဖြစ် ချက်ချင်း ပျံ့နှံ့သွားသည်။

ထိုမှတစ်ဆင့် သူ့အတွင်းအင်္ဂါများထဲအထိ တဖြည်းဖြည်း စိမ့်ဝင်သွားသည်။ ချင်းယန်မှာ သူ့ခန္ဓာကိုယ်ထဲ ပူနွေးသော လျှပ်စီးကြောင်းတွေ စီးဆင်းသွားသလို ခံစားလိုက်ရလေ၏။

ဆုံးရှုံးသွားသော အနှစ်သာရနှင့် သွေးများသည် ချက်ချင်းပင် ပြန်လည်ဖြည့်တင်းလာကာ ခန္ဓာကိုယ်ကိုလည်း အာဟာရဖြစ်စေသည်။

"အင်း... အရမ်းခံစားလို့ကောင်းတယ်"

ချင်းယန် ရှောင်ပိုင် ဖုံးကွယ်ထားဖို့ စိတ်မ၀င်စားတော့ဘဲ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ့လက်ကို ရိုးရှင်းစွာ ဆန့်ထုတ်လိုက်ပြီး ကျန်သွေးစုနေသော သွေးကြောပေါ်မှ လက်ဖဝါးကို ပွတ်သပ်ကာ အားလုံးကို သက်တောင့်သက်သာ စုပ်ယူလိုက်သည်။

သူ့ခန္ဓာကိုယ်ထဲသို့ သွေးစွမ်းအင်များစွာ ဝင်လာသည်နှင့် ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များက တဖြည်းဖြည်း မြင့်တက်လာသည်။

ခဏအတွင်း ချင်းယန်၏ လည်ပင်းတွင် သွေးကြောများ အမြောက်အမြား ထွက်လာသဖြင့် ပြင်းထန်သော ဝေဒနာကြောင့် ရှုံ့မဲ့နေသော သူ့မျက်နှာသည် ကြောက်စရာ နတ်ဆိုးတစ်ကောင်လို ဖြစ်နေတော့သည်။

“???”

ရှောင်ပိုင်ခမျာ ဒါကိုမြင်တော့ ခဏလောက် အေးခဲသွားပြီး သူ့ရဲ့ ပျော့ပျောင်းတဲ့ မြေခွေးအမြီးကို ဆုပ်ကိုင်ထားရင်း အမှတ်တမဲ့ နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ အခုအချိန်မှာ သူမရဲ့ ခြေထောက်တွေ တုန်ရီနေ၏။

သခင် သွေးတွေ အကုန်လုံးကို သောက်ပစ်တာလား?

ရှောင်ပိုင် စားပွဲပေါ်ရှိ ကြွေပန်းကန်အလွတ်များကို မယုံကြည်နိုင်သော မျက်လုံးပြူးပြူးလေးဖြင့် စိုက်ကြည့်နေသည်။ ပန်းကန်လုံးက တကယ်ကို ဗလာဖြစ်နေပြီ။

သခင် ဘယ်တုန်းက သွေးစသောက်တတ်သွားတာလဲ။

“ဧကန္တ.…”

“အရင်က အဲဒီသွေးစုပ်တဲ့ ပိုးမွှားတွေကို သတ်တာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးလား!”

ရှောင်ပိုင် ထိတ်လန့်စွာ တွေးရင်း သူမ၏ ခေါင်းလေး လှုပ်စပြုလာသည်။

ဒီအကြောင်းကို သူမ ပိုတွေးလေလေ၊ ပိုထင်လာလေလေပါပဲ။

"အိုး မဟုတ်ဘူး ငါ့သခင်က အဲဒီသွေးစုတ်နေတဲ့ ပိုးကောင်တွေဆီက ကူးစက်ခံလိုက်ရတာလား? သူ... ငါ့သွေးကို နောက်ကျရင် စုပ်မှာများလား?"

"ရှောင်ပိုင်!"

ချင်းယန် မျက်လုံးများ ပြူးကျယ်လာပြီး သူမအား ရုတ်တရက် အော်လိုက်သည်။ သူ့မျက်နှာက ငြိမ်သက်သွားကာ သူ့မျက်နှာပေါ်က သွေးပြန်ကြောတွေ ပျောက်ကွယ်သွားပေမယ့် သူ့သူငယ်အိမ်တွေရဲ့ သွေးထွက်သံယို အလင်းတန်းတွေက သူ့ကို ကြောက်စရာကောင်းအောင် ပုံဖော်ပေးနေ၏။

"မင်း ကိုယ်ပွား ဖန်တီးနည်းကို လေ့လာတော့မလား"

“မဟုတ်ဘူး… အခု မသင်တော့ဘူး သခင်! ကျွန်မ ပန်းကန်ဆေးတော့မှာမို့…သခင့်ကို မနှောင့်ယှက်တော့ဘူး”

သူမကို စူးစူးစိုက်စိုက် ကြည့်နေသည်ကို ခံစားလိုက်ရသဖြင့် ရှောင်ပိုင် ထိတ်လန့်တုန်လှုပ်ကာ ခြေထောက်များကို အမြန်ဆွဲ၍ မီးဖိုချောင်သို့ ပြေးသွားလိုက်သည်။

သူမ တခဏချင်း ပျောက်ကွယ်သွားသည်။

"??? ပြေးသွားပြီလား?"

ချင်းယန်လည်း ဒါကိုမြင်တော့ အံ့ဩသွားပြီး။

"ထွက်ပြေးသွားတာလား ဒီခွေးမိုက်က ဘာလို့ ဒီလောက်မြန်မြန် ပြေးနေရတာလဲ"

သူက စိတ်ကောင်းရှိလို့ သူမကို ကိုယ်ပွား မွေးထုတ်ပေးဖို့တောင် စဉ်းစားနေသေးတာလေ။

ကိစ္စမရှိပါဘူး။

"ထားလိုက်တော့ မင်းဘာသာ လုပ်ချင်သလိုလုပ်..."

ချင်းယန်သည် ရှောင်ပိုင်၏ ထူးဆန်းသော အပြုအမူကို အာရုံစိုက်ရန် ပျင်းရိလွန်းသဖြင့် ခေါင်းယမ်းလိုက်သည်။ အတွင်းစိတ်လောကထဲက စနစ်ရဲ့ ဆုလာဘ်များကို စတင် စုပ်ယူနေတော့၏။

နဂါးပေါ်ထွက်ကျင့်စဥ်!

ဤသည်မှာ ကောင်းကင်အရှင် အဆင့်သို့ တက်လှမ်းရန် လိုအပ်သော နည်းစနစ်တစ်ခု ဖြစ်သည်။

ဤကျင့်စဥ်ကို လေ့ကျင့်သူများသည် ခန္ဓာကိုယ်၊ အရိုး၊ ဦးချိုများ၊ အသားများ၊ အရွတ်များ၊ အရေခွံများ၊ အကြေးခွံများ စသည်တို့ကို ၎င်းတို့၏ အတွင်းစိတ်အာရုံများမှတဆင့် မြင်ယောင်နိုင်သည်။ ကျင့်စဥ်ဖြင့် ၎င်းတို့၏ အတွင်းပိုင်းကို ညီညွတ်စေကာ ၎င်းတို့၏ စစ်မှန်သော အနှစ်သာရကို ချိန်ညှိရမည်။ ပြီးနောက် လူသားအသွင်သဏ္ဍာန်ဖြင့် နဂါးတစ်ကောင်၏ စွမ်းအားကို ရရှိနိုင်မည် ဖြစ်သည်။

“…”

ချင်းယန်သည် အတွင်းစိတ်လောကထဲ နစ်မြုပ်သွားပြီး ၎င်းကို နားလည်လာခဲ့သည်။ ခဏကြာတော့ အဖြူရောင် နဂါးအရိုးစုတစ်ခု သူ့စိတ်ထဲတွင် ပေါ်ထွက်လာပြီး လိုက်လျောညီထွေ ရွေ့လျားနေသည်။ အဆစ်အမြစ်များက တဖြည်းဖြည်း ကွဲအက်ကာ နဂါးအစစ်၏ ပုံစံကို တုပလာနိုင်၏။

ချင်းယန်သည် တိမ်များကို မျိုချလိုက်ပြီး အခိုးအငွေ့များကို ရှူရှိုက်လိုက်သကဲ့သို့ သူ့နှာခေါင်းများမှ ပြင်းထန်စွာ အသက်ရှူသွင်းလိုက်သည်။

ဝူး!

ကြီးမားသော နဂါးကြီးဟိန်းသံကြီး ပေါက်ကွဲသွားလေသဖြင့် ဧည့်ခန်းတစ်ခုလုံး ရွှေရောင်အလင်းတန်းများ ရုတ်တရက် ဖြာထွက်သွားသည်။

"ဟမ်?"

မီးဖိုချောင်ထဲက ရှောင်ပိုင် ရုတ်တရက် နားရွက်ပေါက်လာကာ နူးညံ့သော နှာခေါင်းလေးက ရှုံ့ချည်ပွချည်ဖြင့် လေကို ရှူရှိုက်ရင်း တစ်ခုခုလွဲမှားနေသည်ကို ခံစားလိုက်ရလေသည်။ သူမ မီးဖိုချောင်ထဲတွင် ဟော့ပေါ့ ချက်ပြုတ်နေခြင်းပင်။

ဒါဘာလဲ?

နဂါးရောင်ဝါလား?

ဒါမှမဟုတ် သူ့သခင်ဆီက လာတာလား။

"ဟမ်?"

ရှောင်ပိုင် တံခါးဝသို့ တိတ်တဆိတ်သွားကာ ဧည့်ခန်းထဲရှိ ချင်းယန်ကို သတိထားပြီး ချောင်းကြည့်လိုက်သည်။

ဧည့်ခန်းထဲမှာတော့ ကြီးမားကျယ်ပြန့်သော နဂါးကြီး ဝေ့ဝဲနေသည်။ အပြင်မှာသာဆို တိမ်တိုက်များနှင့် မြူခိုးများကြားတွင် ပြေးလွှားနေလိမ့်မည်။ ချင်းယန်သည် ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်နေကာ နဂါးပုံသဏ္ဌာန်က အခန်းအတွင်း မြင့်မားစွာ ချိတ်ဆွဲထားကာ အလွန်ကြောက်စရာ ကောင်းနေသည့်ပုံပေါ်သည်။

"...တကယ် နဂါးလား?" “

ရှောင်ပိုင် ညည်းညူရင်း သူမအကြည့်ကို ဆုတ်လိုက်သည်။ တစ်ဆက်တည်း ချင်းယန်၏ သားရဲသွေးစုပ်နေသည့် အခိုက်အတန့်ကို ရုတ်တရက် သတိရသွား၏။

အသားစိမ်းစားပြီး သွေးသောက်တယ်....

နဂါးရဲ့ အရိပ်အာဝါသကို ပိုင်စိုးတယ်...

တခဏအတွင်း လှုံ့ဆော်မှုတစ်ခုက သူမကို ရိုက်ခတ်သွားသည်။ သူမ စိတ်ထဲတွင် ရဲရင့်သော အတွေးတစ်ခုလည်း ရုတ်ချည်း ထွက်ပေါ်လာ၏။

"ဒီလို အပြုအမူတွေကို အဆုံးအဖြတ် ပေးရရင် ငါ့သခင်က ကြယ်သားရဲများလား"

"ဒါမှမဟုတ် ဒါက နဂါးတစ်ကောင်ရဲ့ ဒဏ္ဍာရီဆန်ဆန် လူ့ဇာတိခံတာများလား?!"

All Chapters