← Chapters

ဆရာ တပည့်မှာ အနာဂတ်ဂိုဏ်းချုပ် ဖြစ်လာဖို့ အလားအလာရှိတယ်လို့ ထင်လား

Vol. 18 Ch. 267

ဆရာ တပည့်မှာ အနာဂတ်ဂိုဏ်းချုပ် ဖြစ်လာဖို့ အလားအလာရှိတယ်လို့ ထင်လား

Vol. 18 Ch. 267

နောက်နေ့မနက်၌။

ကောင်းကင်ကြီးက ဖြူဖွေးနေပြီ။

တစ်ညလုံး တင်ပျဉ်ခွေထိုင်နေသော ချင်းယန် သူ့မျက်လုံးများကို အေးအေးဆေးဆေး ဖွင့်လိုက်တဲ့အခါ မယုံနိုင်လောက်အောင် လန်းဆန်းသွားသလို ခံစားလိုက်ရလေသည်။ လေးနက်သောအဓိပ္ပာယ်ဖြင့် နစ်မွန်းနေသော နဂါးစွမ်းအင်သည် ဖြည်းညှင်းစွာ မပျောက်ကွယ်မီ သူ့ခေါင်းထက်တွင် ရစ်ပတ်ကာ ပြတင်းပေါက်အပြင်ဘက်မှ စီးဆင်းနေသော ခရမ်းရောင်စွမ်းအင်ဖြင့် အစားထိုးလိုက်သည်။

"မဆိုးပါဘူး..."

သူ့နောက်ကွယ်မှ ရွှေနဂါးသဏ္ဍာန် ပျောက်ကွယ်သွားသည်ကို ခံစားမိပါသည်။ သူ့ရဲ့ ကျင့်ကြံမှုအုတ်မြစ်သည် တစ်ညလုံး ခိုင်ခံ့လာခဲ့ကာ သူ့အရင်က အရာအားလုံးထက် သာလွန်သွားသည်ကို တွေ့လိုက်ရသည်။

တစ်နည်း ပြောရရင်တော့ ကျင့်ကြံမှုက ပိုအားကောင်းလာပြီပဲ ဖြစ်သည်။

နဂါးကံကြမ္မာ၏ ကောင်းချီးနှင့်အတူ နောက်ပိုင်း တိုက်ပွဲများတွင် အမြဲတစေ အနှီကျင့်စဥ်မှ အကူအညီအချို့ကို ရရှိလိမ့်မည်။ အနည်းငယ်ကွာခြားချက်က ရလဒ်အပေါ် သိသာထင်ရှားသော သက်ရောက်မှုမျိုး ရှိသွားနိုင်သည်။

သူ ဒီအရှိန်နဲ့ ဆက်သွားရင် တစ်လအောက်မှာပဲ ကောင်းကင်အဓိပတိကို ရောက်သွားပေလိမ့်မည်။

"ကောင်းကင်အရှင် အဓိပတိ...."

မုန့်ထျန်းရွှမ်၏ အဓိပတိခန္ဓာကို တွေးတောရင်း ချင်းယန်သည် ကြီးမားသော မျှော်လင့်ချက်ကြီးကို ခံစားလိုက်ရပေသည်။ တစ်ဖက်လူရဲ့ အဓိပတိခန္ဓာကို မြင်ပြီးနောက် သူ့ရဲ့ ကောင်းကင်အဓိပတိ ခန္ဓာကရော ဘယ်လိုဖြစ်နေမလဲ တွေးကြည့်ဖူးသည်။

...

...

မွန်းတည့် အချိန်မို့ ဖုဟိုင်ဗီလာ လူနေရပ်ကွက်အပြင်ဘက်တွင် နေရောင်ခြည်က အလွန် တောက်ပနေခဲ့သည်။

"အစ်မချင်းဟဲ... ဆရာတူအစ်ကိုကို ရုတ်တရတ် နှောင့်ယှက်တာ မသင့်တော်ဘူးမလား...?"

လီကျစ်ရွှမ်း နှင့် လီချင်းဟဲတို့ လမ်းမတစ်လျှောက် အေးအေးလူလူ လျှောက်လာခဲ့ကြသည်။ လီကျစ်ရွှမ်းသည် သူမ၏ ခြေသလုံးများကို ထင်ရှားပေါ်လွင်စေသော ကြော့ရှည်သော ၀တ်စုံကို ဝတ်ဆင်ထား၏။

"မနေ့ကပဲ ပြီးသွားတာ...ဆရာတူအစ်ကိုလည်း အနားယူဖို့ လိုတယ်လေ... ဒီလိုခေါက်လာရတာ ငါတို့ဘက်က အနှောက်အယှက် ကြီးလွန်းတယ် မဟုတ်လား"

"ကျစ်! ရွှမ်းရွှမ်း အများကြီး မပြောနဲ့!"

လီချင်းဟဲ နှုတ်ခမ်းကို တွန့်ပြီး လီကျစ်ရွှမ်းကို အပေါ်အောက် ငုံ့ကြည့်သည်။

"နင် ဒီမနက် အစောကြီး ထွက်သွားတာလေ... ဘယ်သူက အလုပ်ရှုပ်နေပြီး အခုအချိန်အထိ သည်းခံထားလဲ သိချင်လိုက်တာ နင် ဒီချင်းကောင်လေးကို တွေ့ချင်ရင် ငါ့ကိုပြောပါ... မတွေ့ချင်လည်း ငါတို့ အခုပြန်မယ်"

“ငါ… ငါတွေ့မယ်! !”

ဒါကိုကြားတော့ လီကျစ်ရွှမ်း စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်ပြီး နားရွက်နောက်က ဆံပင်စည်းတွေကို သပ်လိုက်သည်။ သူမ လီချင်ဟဲရှေ့က လျှောက်လာနေတာကို ကြည့်ရင်း ရှက်ရွံ့စွာ ပြောလေ၏။

"သူ့ကို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်မိမှာ ကြောက်လို့"

"ဘာကြောက်စရာရှိလို့လဲ နင် အရမ်းကြောက်တတ်တာပဲ အဲဒါကြောင့် ချင်းမျိုးရိုးက နင့်ကို သူ့လက်အောက်မှာ အပြည့်အဝ ထားထားတာ..."

လီချင်းဟဲ သက်ပြင်းချပြီး :"သူတို့ရဲ့ ရေခဲဘုရင်မက စာကြည့်တိုက်တာဝန်ခံကို အရမ်းစိတ်ဝင်စားနေတာသာသိရင် သူတို့ ဘယ်လိုထင်မလဲ မသိဘူး"

"လျှောက်မပြောနဲ့ အစ်မချင်းဟဲ! !"

လီကျစ်ရွှမ်းရဲ့ နားရွက်တွေ နီရဲသွားတော့သည်။

.....

သိပ်မကြာလိုက် သူတို့ ဗီလာတံခါးပေါက်သို့ရောက်ပြီး ခြံဝင်းလမ်းကြားတွင် လျှောက်သွားကာ အိမ်ထဲသို့ ဝင်လိုက်ရာ ဧည့်ခန်းထဲတွင် စောင့်နေပြီဖြစ်သော ချင်းယန်ကို တွေ့လိုက်ရသည်။

သူတိုအ လာမယ်ဆိုတာ သိထားသလိုပဲ လက်ဖက်ရည်ကိုတောင် ချထားပြီးပြီ။

"ရောက်လာပြီလား?"

ချင်းယန် လက်ဖက်ရည်အိုးအဖုံးကို ရုတ်လိုက်ပြီး :"အေးအေးဆေးဆေး ထိုင်ကြ... အချိန်က တိုတောင်းတယ်..."

"ဟဲဟဲ ဆရာက သိပ်သဘောကောင်းတာပဲ"

လီချင်းဟဲက ဆိုဖာပေါ်တွင် ရင်းနှီးသော လေသံဖြင့် ထိုင်ကာ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။

"ဆရာတူအဒေါ်က ဆရာ့ကို အနှောက်အယှက် ပေးမိမှာ စိတ်ပူပြီး မလာချင်ဘူး"

"ဟုတ်လား?"

ချင်းယန်သည် လီကျစ်ရွှမ်းကို စိုက်ကြည့်ရင်း ကျေကျေနပ်နပ်ကြီး ပြန်ပြောလိုက်သည်။

"ဆရာတူညီမ... မင်းဘာကို ကြောက်နေတာလဲ... မင်းငါ့ကိုဘာလို့ အရမ်းယဉ်ကျေးနေတာလဲ"

"..."

လီကျစ်ရွှမ်း ထိုင်ချလိုက်ပြီး လက်ဖက်ရည်သောက်ရင်း နှုတ်ခမ်းကိုကိုက်ကာ သူ့အဝတ်တွေရဲ့ ချည်သားကို ထိတ်လန့်တကြား ဆုပ်ကိုင်လိုက်ပြီး :"အကိုကြီးက ဒီကိစ္စကို အကြာကြီး ဖုံးထားတာပဲ... အခုမှ အစ်ကို အဓိပတိနယ်ပယ် ရောက်နေမှန်း သိလိုက်ရတာ...."

သူမ ချင်းယန်ကို စေ့စေ့ကြည့်ကာ မဝံ့မရဲ မေးသည်။

"အစ်ကို့ရဲ့ အရည်အချင်းတွေအကြောင်း ညီမကို ဘာလို့ မပြောပြတာလဲ"

"တောထဲမှာ အမြင့်ဆုံးသစ်ပင်က လေတိုက်ခံရတယ်တဲ့"

သူမရဲ့ စိတ်ရှုပ်ထွေးမှုကို ခံစားလိုက်ရပေမယ့် ချင်းယန်က လက်ဖက်ရည်သောက်ပြီး ဇာတ်လမ်းတစ်ပုဒ်ကို ကျွမ်းကျင်စွာ စတင်ဖန်တီးနေခဲ့သည်။

"ဆရာ အသက်ရှင်နေသေးတဲ့ အချိန်မှာ သူက နှိမ့်ချတဲ့လူ့စိတ်ကို ထိန်းထားဖို့ ငါ့ကို သတိပေးလေ့ရှိတယ် မဟုတ်ဘဲ ငါ ဖော်ထုတ်ခံရရင် ငါ့ကို စူးစမ်းဖို့ ဆိုးသွမ်းတဲ့သူတွေ အများကြီးကို ဆွဲဆောင်မိလိမ့်မယ်... ချိချင်းရှန်း အရေးကြီးတဲ့ ဥပမာပဲ..."

"အဲ့လိုလား…"

ဒါကိုကြားတော့ လီကျစ်ရွှမ်းရဲ့ မျက်လုံးတွေက အတွေးတွေနဲ့ တောက်ပလာခဲ့သည်။ သူမ ခဏလောက် စဉ်းစားပြီး။

“ဒါဆို ဆရာတူအစ်ကိုက ဆရာ့ရဲ့ သွန်သင်ချက်တွေကို ရည်ညွှန်းတာပေါ့… အဲဒါက အဓိပ္ပာယ်ရှိတယ်”

"အင်း"

ချင်းယန် သူ့မျက်လုံးများကို မှိတ်ထားကာ သူမကို ကျွမ်းကျင်စွာ ခြယ်လှယ်လိုက်သည်။

"ဆရာတူအစ်ကိုက အမြဲတမ်း နှိမ့်ချတတ်တယ် "

ဒီလိုကြားတာနဲ့ လီချင်းဟဲမှာ သူမ၏ လက်ဖက်ရည်ကို ထွေးထုတ်မိလုနီးပါးပင်။

ဘာလဲ?!

နှိမ့်ချတတ်တယ်?

ဒီချင်းမျိုးရိုးက နှိမ့်ချတဲ့အကြောင်း ပြောဖို့ သတ္တိရှိတယ်လား။

လီချင်းဟဲသည် ချင်းယန်၏ စွမ်းဆောင်မှုကို ဖျက်ဆီးရန် တွေးတောနေမိသည်။

"ကောင်းပါ အစ်ကိုကြီး အခု အချိန်ရှိလား"

လီကျစ်ရွှမ်း သူ့အဝတ်တွေကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း စကားပြောဖို့ ခဏလောက် တုံ့ဆိုင်းသွားသည်။

"ပြီးခဲ့တဲ့ တစ်ခေါက်က အစ်ကို နိယာမတွေရဲ့ စွမ်းအားကို နားလည်အောင် သင်ပေးခဲ့တယ်... ညီမ နားမလည်တာတွေ ရှိသေးတော့ ရေခဲနိယာမက ပြန်ပြီး မတည်မငြိမ် ဖြစ်လာတယ်... အဲဒါကို ပြန်ဖြေရှင်းပေးပါလား"

သူမစကားတွေ ဆုံးတော့ လီချင်းဟဲ နေရာမှာပဲ အေးခဲသွားသည်။

"???"

နိယာမတွေရဲ့ စွမ်းအားလား?

ရွှမ်းရွှမ်းက နိယာမစွမ်းအားကို တကယ် နားလည်သွားပြီလား?

ဒါက ဂိုဏ်းဆရာနယ်ပယ်တွေမှ ရနိုင်တာ မဟုတ်ဘူးလား။

"နင် ဘယ်တုန်းက နားလည်သွားတာလဲ"

လီချင်းဟဲ အံ့အားသင့်သွားသည်။ သူမသည် အရာများစွာကို လွဲချော်သွားသလို ခံစားလိုက်ရသည်-

"နင်ပြောတာကို ငါဘာလို့ အရင်က မကြားဖူးတာလဲ"

"အဲ့ဒါက ငါ့ရဲ့ကျင့်ကြံမှု အတားအဆီးကို ဖြတ်ကျော်ပြီးတဲ့ နောက်မှ မတော်တဆ ရခဲ့တာ... ဆရာတူအစ်ကိုရဲ့ ကျေးဇူးကြောင့်ပဲ.. ငါအချိန်မီ ဆုပ်ကိုင်နိုင်ခဲ့ပေမယ့် အရမ်းမတည်ငြိမ်သေးဘူး"

လီကျစ်ရွှမ်း တိုးတိုးလေး ပြောလိုက်သည်။ ထိုအကြောင်းကို ပြောရင်း သူမ ချင်းယန်ကိုကြည့်ကာ ဆက်ပြောလိုက်သည် ။

"တကယ်လို့ ဆရာတူအစ်ကိုသာ မရှိရင် ဒီနေ့ကို ရောက်လာမှာ မဟုတ်ဘူး... အစ်ကို မအားရင် ဆရာတူညီမ အစ်ကို့ကို အတင်းအကြပ်မလုပ်ပါဘူး..."

"အဆင်ပြေပါတယ်"

ချင်းယန်က တည်ငြိမ်စွာ ပြုံးကာ လက်ဆန့်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ နိယာမနှလုံးသားနှင့် ဖြည်းညှင်းစွာ ဆက်သွယ်ပေးရင်း။

"ဒီနေ့ တနင်္ဂနွေ ပိတ်ရက်ဆိုတော့ စာကြည့်တိုက်လည်း ပိတ်တယ်... အားနေတာဆိုတော့ မင်းရဲ့ အတွေးတွေကို စုစည်းဖို့ အချိန်ရတယ်..."

နိယာမနှလုံးက လေးနက်သော ဥပဒေသများကို အသက်ဝင်စေခဲ့သည်။ နှင်းခဲများသည် လီကျစ်ရွှမ်း၏ ခြေဖဝါးအောက်က မြေပြင်အနှံ့ ပျံ့နှံ့သွားခဲ့ပြီး သူမ၏ ခြေဖဝါးအောက်တွင် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားခဲ့သည်။

ချင်းယန် သူ၏နိယာမနှလုံးဖြင့် ရေခဲနိယာမကို အတင်းအကြပ် ချုပ်ကိုင်ထားသည်။

"သေချာ နားလည်... ဆရာတူညီမလေး"

"ဟုတ်ကဲ့!"

လီကျစ်ရွှမ်း ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် သေသေချာချာ အာရုံစိုက်လေ၏။ ချင်းယန် သူမဘေးမှာ ရပ်နေလိုက်သည်။

ခဏကြာသော်

"ဆရာ ဘယ်အချိန်အားမှာလဲ"

ခဏတာ အနားယူခြင်းကို အခွင့်ကောင်းယူပြီး လီချင်းဟဲ သူမ၏ အသံကို ချင်းယန်သို့ တိတ်တဆိတ် ပေးပို့ခဲ့ပြီး လီကျစ်ရွှမ်း၏ အကြည့်ကို ရှောင်ရှားခဲ့သည်။

"တပည့်လေးကလည်း မေတ္တာရပ်ခံချင်တာ ရှိတယ်..."

"ဘာလဲ?"

ချင်းယန် မျက်မှောင်ကြုတ်လိုက်သည်။

"ငါ့ကို အရင်ပြောကြည့်...."

"ကိုယ်ပွားခွဲနည်းပါ...."

လီချင်းဟဲ သူမ၏ လက်ချောင်းထိပ်များကို အရှက်မဲ့စွာ ပွတ်သပ်ရင်း: "တပည့် ဘယ်တော့ သင်ယူနိုင်မှာလဲ? ဖောက်ခွဲကောင်းကင်ဂိုဏ်းက ဒါကို မျက်နှာစာအဖြစ် သုံးထားပုံရတယ်နော်...."

"ကိုယ်ပွားခွဲနည်းလား?"

ဒါကိုကြားတော့ ချင်းယန် မျက်ခုံးပင့်ကာ သူမကို စိုက်ကြည့်နေမိသည်။

စောစောက ကိုယ့်ကိုကိုယ် ဖောက်ခွဲခဲ့တာကြောင့် သူမသည် ကောင်းကင်မြေကြီး အသက်ရှည်ခြင်း၏ တူညီသော အဆင့်ကို သူမ သိရှိနေခဲ့တာ ဖြစ်နိုင်သည်။

သွေးနတ်ဘုရားသိုင်းကျမ်းကိုသာ သင်ယူခဲ့မယ်ဆိုရင် အရာအားလုံးကို ထုတ်ဖော်ပြသမိမှာ မဟုတ်ဘူးလား။

"မင်းတကယ်သင်ချင်တာလား?"

"သင်ချင်တယ် အရမ်း သင်ချင်ပါတယ် ဆရာ!"

လီချင်းဟဲ စိတ်လှုပ်ရှားစွာနဲ့ :"ဆရာသာသင်ပေးရင် တပည့် ဘာမဆိုလုပ်မယ်!"

"မင်း ငါ့ကို လာနောက်နေတာလား"

ချင်းယန်သည် တစ်ဖက်က လီကျစ်ရွှမ်း၏ နိယာမစွမ်းအင်ကို ဖိထားပြီး တစ်ဖက်ကလည်း လီချင်းဟဲ၏ 'ဆန္ဒရှိသော တွေးခေါ်မှု' ကို ခွန်းတုံ့ပြန်နေရသည်။

"ဒါက ငါတို့ဂိုဏ်းရဲ့ အနီးကပ် စောင့်ကြပ်ထားရတဲ့ လျှို့ဝှက်ချက်... အနာဂတ်ဂိုဏ်းချုပ်ကပဲ ဒါကို လေ့လာဖို့ အရည်အချင်းပြည့်မီတယ်"

"ဟင်?"

လီချင်းဟဲ အနည်းငယ် ထိတ်လန့်သွားသော်လည်း လွယ်လွယ်နှင့် အရှုံးမပေးချင်ပေ။

"ဒီလို အဆင့်အတန်းမြင့်တဲ့ ဂိုဏ်းချုပ်လား? ဆရာ... တပည့်က ဂိုဏ်းချုပ်ဖြစ်လာဖို့ အလားအလာရှိတယ်လို့ ထင်လား"

“…”

ချင်းယန် တိတ်ဆိတ်နေပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။

"ဂိုဏ်းချုပ် ဖြစ်မှလား ငါတောင် မဖြစ်သေးပါဘူး မင်းက အိပ်မက်မက်နေတာလား!!"

……

……

နေဝင်ရီတရော အချိန်ရောက်သော် နေမင်းကြီး၏ အလင်းရောင်သည် ကောင်းကင်ကို နီစွေ့စွေ့ တောက်ပနေစေ၏။ လီကျစ်ရွှမ်း သင်ယူပြီးနောက် လီချင်းဟဲလည်း ချန်းယန်ထံမှ လက်ဖက်ရည်နှစ်ဗူးကို ယူကာ အမြတ်များစွာရခဲ့သည်။

သူတို့ထွက်သွားပြီးတဲ့အခါ ခြံဝင်းကျယ်ကြီးလည်း ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

အရွက်များ ဝေ့ဝဲ၍ ကြွေကျပြီး ဆောင်းဦးရာသီရောက်လာပြီ။ ရာသီဥတုက အေးပြီး ခြောက်သွေ့နေသည်။ တစ်ချိန်က ရွှေရောင်ခြယ်ထားသော ခြံဝင်းအတွင်းရှိ မေပယ်ပင်များသည် ယခုအခါ အများအားဖြင့် ညှိုးနွမ်းပြီး အဝါရောင်များ ဖြစ်နေသည်။

“အချိန်တွေ ကုန်သွားပြီ…”

ချင်းယန် ဝင်းတံခါးဝတွင် ရပ်ကာ ညီအစ်မနှစ်ယောက် ထွက်သွားသည်ကို ကြည့်ပြီး တံခါးဘေးရှိ တံမြက်စည်းကို ပေါ့ပေါ့ဆဆ ကောက်ယူကာ ကြွေကျနေသော သစ်ရွက်များကို လှည်းနေလေသည်။

သူက အေးအေးဆေးဆေး သုတ်သင်ပြီး အေးချမ်းတဲ့ အခိုက်အတန့်ကို ခံစားနေ၏။ ထိုစဥ် ရုတ်တရက် တုန်လှုပ်နေသော အသံလေး ထွက်ပေါ်လာသည်။

သူသည် အိမ်ဝင်းအတွင်းရှိ သစ်ပင်များနှင့် အပင်များကို သဘာဝအတိုင်း သက်တမ်းတိုးစေခဲ့သည်။

ပဋိသန္ဓေ ၊ အို၊ ဖျားနာ ၊ မရဏ ဟူသည် သဘာဝအတိုင်းပဲ ဖြစ်သည်။

အမြဲတမ်း လွန်ဆန်နေစရာ မလိုချေ။ ယခုကဲ့သို့ပင် သူသည် သုတ်သင်ခြင်း လုပ်ငန်းစဉ်ကို ပျော်ရွှင်စွာ အာရုံစူးစိုက်ကာ မကြိုးစားဘဲ လျှောက်လှမ်းနေကာ ရလဒ်ကို သိပ်စိတ်မပူတော့ပေ။

ခြံဝင်းအတွင်းမှ ကြွေကျနေသော သစ်ရွက်ခြောက်များ တဖြည်းဖြည်း မြင့်လာသည်။ ကောင်းကင်ကြီးကလည်း တဖြည်းဖြည်း မှောင်လာချေပြီ။

သို့သော်လည်း သူ လမ်းတစ်ဝက်တွင် ဖြတ်ကျော်လာစဉ် ချင်းယန် ရုတ်တရက် မျက်မှောင်ကြုတ်ကာ အရှေ့တောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး သူ့ဆီသို့ ဦးတည်လာနေ၏။

ရန်သူလား?

ရောင်ဝါကို အာရုံခံရင်း ချင်းယန် သူ့စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။

ရန်သူ မဟုတ်ခဲ့ပါ။ ၎င်းက လျိုဝူရွှမ်းပင်။

"ဒီလူက ဘာလို့ ဒီကိုလာနေတာလဲ"

လျိုဝူရွှမ်း လေထဲသို့ ရောက်ရှိလာပြီး သူ၏ ခမ်းနားထည်ဝါသော ၀တ်ရုံများ လွင့်ပျံလာသည်။ သူသည် ချင်းယန်ကို အဝေးမှာကတည်းက လှမ်းမြင်နေကာ ခြံဝင်းအတွင်းသို့ ညင်သာစွာ ဆင်းသက်ခြင်းမပြုမီ ချင်းယန် သူ့နာမည်ကို အရင်လှမ်းခေါ်လိုက်သည်။

"အကြီးအကဲ လျိုဝူရွှမ်း"

ချင်းယန် သမ်းပြီး သူ့တံမြက်စည်းကို ချလိုက်သည်။

"ခင်ဗျား အခု ဒီမှာ ဘာလုပ်နေတာလဲ ခင်ဗျားရဲ့ မဟာမိတ်ခေါင်းဆောင်က ကျနော့်ကိုဖိအားပေးဖို့ အမိန့်ပေးထားတာလား"

"မဟုတ်ဘူး... ကောင်လေး နားလည်မှုမလွဲပါနဲ့!"

လျိုဝူရွှမ်း သူ့လက်များကို လျင်မြန်စွာ ဝှေ့ယမ်းကာ အပြစ်ရှိနေသည့် မျက်နှာဖြင့် ခေါင်းငုံ့လိုက်သည်။

"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းကို တောင်းပန်ဖို့ ဒီကို ရောက်လာရတာပါ... မနေ့က အဖြစ်အပျက်တွေ... မင်းရဲ့ ဦးလေးရှစ်ယောက် အသေခံသွားတဲ့အပေါ် ငါလည်း တာဝန်ကြီးပါတယ်"

"ဒါအတွက်ပဲလား?"

ဒါကိုကြားတော့ ချင်းယန် သက်ပြင်းတစ်ချက်ချလိုက်ပါ၏။

"ခင်ဗျား ကျနော့်ကို ထပ်ပြီးဖိအားပေးဖို့ ဒီမှာရှိနေတယ်လို့ ထင်နေတာ"

"ဒါကိုတော့ မင်းစိတ်ချထားလို့ ရပါတယ်"

လျိုဝူရွှမ်း သူအရင်ကလုပ်ခဲ့တဲ့ အရာတွေကို ပြန်သတိရပြီး ပိုပိုပြီး အပြစ်ရှိသလို ခံစားလာရတော့သည်။

"ပြီးခဲ့တဲ့ အဖြစ်အပျက်က ငါ့အမှားပဲ ငါက အရမ်းမိုက်မဲမိတာ....."

"ကောင်းပြီ ဒီကိစ္စကို လွှတ်ထားလိုက်ရအောင်.. ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေ သေရတဲ့ ကိစ္စက ဟိုလူကိုပဲ အပြစ်တင်ရမှာ... ခင်ဗျားအတွက်လည်း ခက်ခဲတဲ့ အခြေအနေတစ်ခုမို့ ခင်ဗျားနဲ့ မဆိုင်တော့ဘူး"

"ဟမ်?"

ဒါကိုကြားတော့ လျိုဝူရွှမ်း ဗြောင်ကျကျနဲ့ မော့ကြည့်လိုက်သည်။

"ဒီလိုပဲ ပြီးသွားပြီလား မင်း ငါ့ကို အပြစ်မတင်ဘူးလား"

ချင်းယန်၏ စကားမှာ အမှန်တကယ်ပင် လွှတ်ထားပေးတဲ့စကား ဖြစ်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ ပြင်းပြင်းထန်ထန် ဆုံးမမည်ဟု သူမျှော်လင့်ထားသော်လည်း ယခုတော့ ဆူပူကြိမ်းမောင်းခြင်းပင် မရှိခဲ့ပေ။ ဖောက်ခွဲကောင်းကင်ဂိုဏ်း၏ စိတ်နေစိတ်ထားမှာ မြင့်မားလွန်းလှသည်။

ညနေခင်း လေပြင်းတစ်ချက် တိုက်ခတ်လာတဲ့အခါ ခြံဝင်းအတွင်းရှိ သစ်ရွက်ခြောက်များ ဝေ့ဝဲကာ လေနှင့်အတူ တက်လာပြီး ခြံဝင်းနံရံကို တိတ်တဆိတ် လျှောကျနေသည်။

လျိုဝူရွှမ်း အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး သူ့ရှေ့မှ ချင်းယန်ကိုကြည့်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သလိုမျိုး သူ့မျက်လုံးများက စဉ်းစားနေခဲ့သည်။ ပြီးမှ။

"ချင်းကောင်လေး ငါ မင်းကို မေတ္တာရပ်ခံချင်တာ ရှိတယ်"

"ဘာကိစ္စလဲ ?"

ချင်းယန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"လျိုဝူရွှမ်း ကျနော်တို့ ကောင်းကင်ဂိုဏ်းက ခင်ဗျားကို ခွင့်လွှတ်ပြီးပြီ နောက်တစ်ခါ ရယ်စရာတွေ ဖြစ်အောင် ထပ်မကြိုးစားပါနဲ့ ဒါမှမဟုတ်ရင်တော့ ကျနော်ခင်ဗျားကို စကားကောင်းကောင်း မပြောနိုင်တော့ဘူး"

"စိတ်မပူပါနဲ့ သေချာပေါက် မဖြစ်စေရဘူး..."

လျိုဝူရွှမ်း သူ့ခေါင်းကို ကုတ်လိုက်ပြီး အလွန်အပြစ်ရှိစိတ်ဖြင့် ဆိုလာသည်။

“အဲဒါက… မင်း... ငါ့ကို ဖောက်ခွဲကောင်းကင်ဂိုဏ်းထဲ ဝင်ခွင့်ပြုပါလား.... "

ဒီလိုကြားတာနဲ့ ချင်းယန် လုံးဝ အံ့အားသင့်သွားသည် ။

“???"

All Chapters