← Chapters

အခန်း (၁၃)

Vol. 2 Ch. 13

အခန်း (၁၃)

Vol. 2 Ch. 13

ဝမ့်လင်းလင်းက ဘာမှနားမလည်ခဲ့ပါ။

သူမသည် ခနလောကအိပ်ပြီး နိုးလာချိန်တွင် သူမရဲ့ အိမ်မှာ ကပြောင်းကပြန်တွေ ဖြစ်နေခဲ့သည်။

ဝမ့်လင်းလင်းက မျက်စိဖွင့်လိုက်သည့် အချိန်တွင် ထောင့်ဘက်ရှိ ကြွေပြားများ ကျိုးနေသည်ကို တွေ့လိုက်ရသည့်အခါ သူမလည်း စိတ်ရှုပ်သွားခဲ့သည်။

ဒါက စန်းယာရဲ့ အခန်းမလား။ ငါက ဘယ်လိုလုပ် ဒီမှာ အိပ်ပျော်နေရတာလဲ။

သူမသည် ထိုကိစ္စကို အဖြေထုတ်မရသေးခင် လီချွမ်းကျင်သည် တံခါးကိုဖွင့်ကာ ဝင်လာခဲ့သည်။

တံခါးရဲ့ ပတ္တာများမှာ တကျွီကျွီမြည်နေပြီး လီချွမ်းကျင်၏ မျက်နှာမှာလည်း ဒဏ်ရာနှစ်ခု ရှိနေခဲ့သည်။ သူမကြည့်ရတာ လေးငါးနှစ်လောက် အိုသွားပုံရသည်။

“သမီးလေး၊ နိုးလာပြီလား။ သမီး မူးနောက်နောက် ဖြစ်နေသေးလား။”

“သမီး မမူးတော့ပါဘူး။…အမေ၊ သမီးက ဘာလို့ ဒီနေရာမှာ အိပ်ပျော်နေရတာလဲဟင်။”

လီချွမ်းကျင်၏ မျက်နှာမှာ ဝမ်းနည်းပြီး သူ့ရဲ့ မျက်လုံးများမှာ ဒေါသများနှင့် ပြည့်နေခဲ့သည်။

“အဲဲဒါက စန်းယာရဲ့အပြစ်တွေပဲ။ သမီးမသိဘူးလား။ မနေ့က….”

ဝမ့်လင်းလင်းက တုန်လှုပ်သွားခဲ့သည်။ စန်းယာက သူမကို နာကျင်ပြီး သတိမေ့သွားအောင် လုပ်ခဲ့တာဟု သူမရဲ့အမေက တွေးနေခဲ့သည်။ စန်းယာသည် အိမ်ထဲက ပစ္စည်းများအားလုံးကို ဖျက်စီးသွားခဲ့သည်။ တပ်မဟာမှူးလည်း ရောက်လာပြီး စန်းယာပိုင်သမျှ ပစ္စည်းများကို ပြန်ပေးဖို့အတွက် ထောက်ခံပေးသွားသည်။ အခုဆိုရင် စန်းယာကသာ ပိုက်ဆံနှင့် အစားအသောက်များကို ပြန်ယူသွားခဲ့သည်။

ဝမ့်လင်းလင်းက အံ့ဩသွားကာ ထပ်ပြီး လဲကျတော့မလို့တောင် ဖြစ်သွားခဲ့သည်။

လီချွမ်းကျင်သည် မျက်ရည်များကို သုတ်လိုက်ပြီး သူမရဲ့ အသံမှာ ခါးခါးသီးသီး ဖြစ်သွားခဲ့သည်။ “ဒီ မုန်းဖို့ကောင်းတဲ့ ကောင်မ၊ ဒီလို အကျိုးမပေးတဲ့ ကလေးမျိုးက မိမစစ် ဖမစစ်လေး….”

ဝမ့်လင်းလင်းရဲ့ခေါင်းမှာ ချာချာလည်နေခဲ့ကာ သူမသည် လီချွမ်းကျင်၏ လက်ကို အားနှင့် လှမ်းဆွဲလိုက်ပြီး အစောတလျင် မေးခဲ့သည်။ “မနေ့က စန်းယာက ဒါတွေကို တပ်မဟာမှူး ရောက်လာအောင် ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ခဲ့တာလား။”

လီချွမ်းကျင်က ရှိုက်ကာ အသံတိုးတိုးဖြင့် ပြောခဲ့သည်။ “အဲ့လိုလည်း မဟုတ်ဘူး။….တပ်မဟာမှူးက ဘာလို့ ရောက်လာလဲဆိုတာတော့ အမေလည်း မသိဘူး။ ဒါပေမယ့် အဲ့ဒါက စန်းယာရဲ့ အော်သံကြောင့်တော့ မဟုတ်လောက်ဘူး။”

တပ်မဟာမှူး ရောက်လာတဲ့အချိန်မှာ စန်းယာက ဝမ့်လင်းလင်းကို ခေါ်ပြီး အိမ်ပြန်လာတာ။ ဒါပေမယ့် သူမက အပြင်လည်း ထပ်မထွက်ဘူးလေ။

“အော်လိုက်တဲ့ ဝူကွေ့ဟွာဘေးမှာ လေပေါနေတဲ့ မိန်းမတွေ ရှိကို ရှိနေလိမ့်မယ်။”

ဝမ့်လင်းလင်းသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သော်လည်း လီချွမ်းကျင်က ထပ်ပြီး ဆူခဲ့ပြန်သည်။ သူမသည် တစ်ခွန်းပြီးတစ်ခွန်း ဆဲနေခဲ့သည့်အတွက် ဝမ့်လင်းလင်းသည် သူမရဲ့ အော်ဟစ်သံများကို စိတ်ကုန်လာခဲ့သည်။

“…အမေ၊ အမေ့ကို သမီး တံခါး သော့ခတ်ထားဖို့ ပြောခဲ့တာပဲလေ။ အခုတော့ ဘာဖြစ်ကုန်ပြီလဲဆိုတာ ကြည့်လိုက်ဦး။”

ဝမ့်လင်းလင်းသည် သူမကိုယ်တိုင် လက်ထပ်ရမည့်အစား ဝမ့်ရင်း လက်ထပ်ဖို့ကို တွေးနေဆဲ ဖြစ်သည်။ တကယ်လို့ ဝမ့်ရင်းက တပ်မဟာနဲ့ မပြေလည်တဲ့ ဆက်ဆံရေးတွေ ရှိနေရင် အဲ့လို လုပ်တော့ရော ဘာထူးမှာလဲ။

လီချွမ်းကျင်က စိတ်ညစ်ညစ်ဖြင့် ပြန်ပြောခဲ့သည်။ “ငါ မဟုတ်သေးပါဘူး။…..ငါက နင်တို့ မောင်နှမ နှစ်ယောက်အကြောင်းကို တွေးနေတာပါအေ။”

တကယ်လို့ သူမကသာ စန်းယာကို ဖိအား မပေးဘူးဆိုရင် စန်းယာက သူမကို ဘယ်လိုလုပ် ကောင်းကောင်းမွန်မွန်၊ ရိုရိုကျိုးကျိုးနဲ့ အလုပ် လုပ်ပေးပါ့မလဲ။

သနားဖို့ကောင်းလိုက်တာ။ ဒီကောင်မစုတ်လေးက ဘာလို့ မသေသေးတာပါလိမ့်။

အခုဆို သူမရဲ့လက်ထဲမှာ ပိုက်ဆံရော၊ အိမ်ရော ရှိနေပြီ။ သူမလို ဆွေမရှိ မျိုးမရှိတဲ့သူမျိုးက ပိုက်ဆံကို သုံးဖို့အတွက် အခွင့်အရေးရော ရှိလို့လား။ ဒီလို အပေါစား မိန်းမမျိုးက ကောင်းကောင်းစားဖို့ရော တန်လို့လား။

ဝမ့်လင်းလင်းသည် အပြစ်ရှိတယ်ဟု လုံးဝကို မခံစားခဲ့ရပါ။ ထိုအချိန်တွင် သူမ တွေးနေသည့် အရာမှာ ကျောက်ကျွင်းကို ဘယ်လို လက်ထပ်ရမလဲ ဆိုသည့် အကြောင်းသာ ဖြစ်သည်။ သူမရဲ့ နှလုံးသားလေးမှာ ကျောက်မိသားစုရှိရာ အသိုက်အမြုံလေးသို့ ရောက်ရှိနေခဲ့သည်။ သူမအမေက အခုလို ပြုမူသည်ကို ကြားလိုက်ရသောအခါ သူမသည် ဝမ့်ရင်းအပေါ်မှာ ဆက်ပြီး လွှမ်းမိုးလို့ ရပါဦးမလားဆိုတာကိုသာ တွေးပူနေခဲ့သည်။

“ဟုတ်ပါပြီ။ ပြောနေတာ ရပ်ပါတော့။”

ဝမ့်လင်းလင်းသည် အိပ်ရာပေါ်တွင် လှဲချကာ ပြောလိုက်သည်။ “သမီးကိုစားဖို့ တစ်ခုခုလုပ်ပေးဦး”

သူမသည် နောက်ထပ် ဘာဆက်လုပ်ရမလဲ ဆိုတာကို သေသေချာချာ တွေးဖို့ လိုအပ်နေခဲ့သည်။

“သမီးကို ကြက်ဥတစ်လုံးလောက် ပြုတ်ပေး။”

ဝမ့်လင်းလင်းသည် သူမခေါင်းက မူးနေဆဲဆိုတာကို သိလိုက်ပြီး စိတ်အေးအေး ထားခဲ့သည်။ သူမ ပြန်လည် မွေးဖွားလာကတည်းက ကြိုးစားပမ်းစား တွေးနေခဲ့ခြင်း ဖြစ်သည်။ မနေ့တုန်းက သူမသည် ဘာမှ မစားထားသည့်အတွက် တကယ်ကို ခေါင်းမူးနေခဲ့သည်။ ထို့ကြောင့် သူမသည် သကြားလုံးလေး တစ်လုံးဖြင့် ထိလိုက်ရုံဖြင့် မူးလဲသွားခဲ့သည်။

လီချွမ်းကျင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောခဲ့သည်။ “ဘယ်မှာလဲ ကြက်ဥ။ အဲ့ဒါတွေ အကုန်လုံးက စန်းယာကို ပေးလိုက်ပြီလေ။”

အိမ်တွင် ကြက်အထီးတစ်ကောင်၊ အမ နှစ်ကောင်နှင့် စုစုပေါင်း သုံးကောင်ရှိကာ မိသားစုများအကြား ခွဲယူခဲ့ကြပြီ ဖြစ်ကာ အမတစ်ကောင်နှင့် အထီးတစ်ကောင်အား စန်းယာအား ပေးလိုက်ရသည်။ သူတို့ သိမ်းထားသည့် ကြက်ဥ ၁၂ လုံးကိုလည်း မနေ့က ပေးလိုက်ရသည်။ သူမမှာကျန်ခဲ့တဲ့ ကြက်မကြီးက ဒီနေ့ထိကို ဥ မဥသေးပေ။

လီချွမ်းကျင်သည် ပြောင်းဆန်ပြုတ်တစ်ပွဲ ဝယ်လာခဲ့သည်။ ထိုဆန်ပြုတ်မှာ ကျဲတောက်နေပြီး ကိုယ်ပုံကိုယ်တောင် ပြန်မြင်နိုင်သည်။

“အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းဆိုလို့ ပြောင်းဆန်နဲ့ အစေ့အဆံတွေရယ်၊ အာလူးရယ် ပြောင်းဖူးရယ်ပဲ ရှိတာ။”

ထိုနေ့ရက်များသည် လူတိုင်းအတွက် ခက်ခဲလှသည်။ သို့သော် ကံကောင်းစွာဖြင့် သူတို့ရဲ့ တပ်မဟာသည် နေရာကောင်းတွင် ရှိနေပြီး တောင်ပေါ်မှာလည်း သီးပင်များစွာ စိုက်ပျိုးထားသည်။ တပ်မဟာထဲတွင် ဆာလောင်နေသည့် လူများစွာရှိနေသော်လည်း ဘယ်သူကမှ အစာရေဆာငတ်ပြီး သေဆုံးခြင်းမျိုး မရှိခဲ့ပါ။

သူမ တစ်နှစ်အတွင်းမှာ ယွမ်နည်းနည်းလောက် မစုနိုင်ခဲ့ရင်တောင် လယ်ထဲကရတဲ့ ဝင်ငွေနဲ့လည်း လုံလောက်သည်။ ကိုယ်ပိုင် မြေကွက်လေးမှာ စိုက်ပျိုးထားတဲ့ သစ်သီးဝလံတွေက တစ်နှစ်စာ ဝမ်းစာအတွက် လုံလောက်သည်။

ဝမ်းနည်းစရာတစ်ခုမှာ ဒီတစ်ခေါက်တွင် ဝမ့်ရင်းသည် အဖိုးတန် အရာအားလုံးကို ယူသွားခဲ့ပြီး သူမအတွက် မကောင်းသော အစေ့အဆံများနှင့် သူမမြေက အသီးအရွက် အချို့ကိုသာ ထားပေးခဲ့သည်။

လီချွင်းကျင်သည် သူမတို့ တစ်မိသားစုလုံးမှာ နှစ်ကုန်သည်အထိ အသက်ရှင်အောင် ခါးစည်းခံရတော့မည်ဟု စိတ်ထဲတွင် တွေးနေခဲ့သည်။ နှစ်ကုန်သည့်အခါ တပ်မဟာမှ အဓိက အစားအစာများကို ဝေပေးမည်ဖြစ်ပြီး အိမ်က ဝက်များကို ပေးကာ ပိုက်ဆံအချို့နှင့် လဲလှယ်နိုင်မည် ဖြစ်သည်။

ဝမ့်လင်းလင်းသည် အဆာမပြေသည့် ပြောင်းဆန်ပြုတ်ကို ရွံရှာစွာ ကြည့်လိုက်ပြီး ကျောက်ကျွင်းအကြောင်းကို ပိုပြီး တွေးနေမိသည်။

ကျောက်ကျွင်းသည် စစ်သားတစ်ယောက်အဖြစ် အမှုထမ်းနေပြီး တစ်နှစ်တစ်နှစ်လည်း ပိုက်ဆံကို အရမ်းကြီး မသုံးဘဲ ပိုက်ဆံအကုန်ကို အိမ်သို့ ပြန်ပို့ပေးသည်။

အတိတ်တုန်းကလိုပဲ သူမသာ သူ့ရဲ့ အိမ်ရှင်မ ဖြစ်လာရင် ရှုရွှမ်းကို ယူတုန်းကလောက် အခြေအနေ ဆိုးမှာ မဟုတ်ဘူး။

ဝမ့်လင်းလင်းက ဆန်ပြုတ်ကို သောက်ပြီးနောက် လီချွမ်းကျင်သည် အလုပ်ကို သွားရတော့မည် ဖြစ်သည်။ ထို့ကြောင့် သူမသည် ခြံထဲက ဝက်များကို အစာကျွေးရန်အတွက် သူမကို မှာထားခဲ့သည်။

ဝမ့်လင်းလင်းသည် ထုံးစံအတိုင်း သဘောတူလိုက်ပြီး ချက်ချင်း လှည့်ကာ ဝက်စာကျွေးရမည့် ကိစ္စကို ဘေးဖယ်ထားလိုက်သည်။

'ဝက်စာကျွေးရမယ်တဲ့လား။ အရမ်းညစ်ပတ်ပြီး နံစော်နေတာကို။ အဲ့အစား စန်းယာကို နည်းနည်းလောက် သွားချော့လို့တော့ ရနိုင်ပါသေးတယ်။ '

အရင်ဘဝတုန်းက ဝမ့်လင်းလင်းရဲ့ ခံစားချက်မှာ အတော်လေးကို လေးလေးနက်နက် ရှိသည့်အတွက် အခုချိန်မှာ သူမသည် ဒါကို ခေါင်းငုံ့မခံနိုင်ဘူးဟုတောင် ပြောလို့ရသည်။

သူမ အတိတ်ဘဝတုန်းက ဝမ့်ရင်းက အလုပ်ထဲမှာ သူစိတ်နှစ်ပြီး လုပ်တာမျိုးကို မြင်ဖူးသည်။ ဝမ့်ရင်းက စိတ်ပျက်ဖို့ကောင်းတဲ့ ချွေးမလေး တစ်ယောက်လို ပြုမူနေတာ။ အဲ့ဒါကို ဘယ်လိုပဲ ကြည့်ကြည့် သူမက အားနည်းလွန်းလို့ လူတိုင်းက သူမကို အနိုင်ကျင့်လို့တောင် ရသည်။

ထိုအချိန်တုန်းက ဝမ့်ရင်းလုပ်နေသည့် “အားနည်းပြီး အနိုင်ကျင့်ဖို့ အလွယ်လေး” ဆိုတဲ့ အရာက ဘာများ ဖြစ်မလဲ။

ဝမ့်ရင်းသည် မိသားစုမှ ခွဲပေးလိုက်သည့် ၁၈.၆၅ ယွမ်နှင့် ၁၀ ကီလိုဂရမ်လေးသည့် အစားအသောက် တံဆိပ်များနှင့်အတူ နိုင်ငံပိုင် အဆင့်ရှိသည့် ဟိုတယ်၏ တံခါးဝတွင် ရပ်နေခဲ့သည်။

ဆောင်းဦးလေလေးက ချမ်းစိမ့်နေကာ ဝမ့်ရင်းသည် သူမအနောက်တွင် သစ်ရွက်လေး နှစ်ရွက်က တဝဲလည်လည် ဖြစ်နေပြီး လေပေါ်တွင် လွင့်နေခဲ့သည်။

….ဒါ သူမက ပိုက်ဆံတွေကို ပေါပေါသီသီ သုံးနေတာ မဟုတ်ဘူး။

သူမသည် သူမရဲ့ကိုယ်ပိုင် လက်ရာအပေါ်မှာ မှီခိုဖို့အတွက် တကယ်ကို ခက်ခဲလှသည်။

ဝမ့်ရင်းသည် ဆိုင်ထဲကို မဝင်ခင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများကို လုံလုံလောက်လောက် ပြုလုပ်ခဲ့သည်။

စားပွဲထိုးသည် ကောင်ကိုမှီနေကာ မျက်တောင်ကိုတောင် မခတ်ခဲ့ပါ။ ထိုပုံစံမှာ အရင်တုန်းကနှင့် တူသလိုရှိသည်။ နင် အဲ့ဆိုင်ထဲကို တစ်ခုခု ဝယ်ဖို့အတွက် ဝင်လာတဲ့အခါမှာ စားပွဲထိုးကို နင့်ဘာသာ ရှာရမှာ။ စားပွဲထိုးက နင့်ကို “ကြိုဆိုပါတယ်”လို့ ပြောဖို့ကို မျှော်လင့်ထားတယ်ဆိုရင် အဲ့ဒါက မမြင်နိုင်တဲ့အရာပဲ။

ဝမ့်ရင်းသည် အချိန်အကြာကြီး ဆိုင်ထဲက အစားအသောက် နာမည်များကို စိုက်ကြည့်နေခဲ့သည်။

မနေ့တုန်းက အသားပေါက်စီများမှာ အတော်လေးကို မွှေးကြိုင်နေသည့်အတွက် ထိုပေါက်စီများကို သူမရဲ့ အိပ်မက်ထိတောင် စွဲမက်နေဆဲ ဖြစ်လာခဲ့သည်။

ဒါပေမယ့် အဲ့ဒါကို စားလိုက်ရုံနဲ့ သူမကို နည်းနည်းလေး ပင်ပန်းသလို ဖြစ်သွားစေသည်။ ဒုတိယတစ်ခေါက် စားပြီးတဲ့အချိန်မှာ ခံစားရတဲ့ ပင်ပန်းမှုမျိုးနဲ့ ပထမတစ်ခေါက် စားလို့ ပင်ပန်းတဲ့ ခံစားချက်မျိုးက မတူနေခဲ့ပေ။ ဒါပေမယ့် သူမကတော့ တစ်တန်းချင်းကို အများကြီး စားလိုက်တာပဲ။

ဝမ့်ရင်းသည် ထိုဆိုင်က ဘယ်လိုမှ ထပြီး ထွက်မပြေးနိုင်ဘူးလို့ ခံစားရပြီး သူမလုပ်နိုင်သည့် အဆိုးဆုံးအရာမှာ ပြန်သွားပြီး အသားပေါက်စီကို ထပ်စားဖို့သာ ဖြစ်သည်။

သူမသည် ရည်ရွယ်ချက်တစ်ခုဖြင့် ပြန်လာခဲ့သည်။

ဝမ့်ရင်းသည် တွက်ချက်ခဲ့ပြီး ဆိုင်ထဲက ပန်းကန်များသည် မတူညီကြတာကို တွေခဲ့ရသည်။ ဝက်သား၊ နံရိုး၊ ဝက်လက်နှင့် ကြက်သားကင်သည့် အသား ပန်းကန်နှင့် သက်သက်လွတ်သမားများအတွက် ပန်းကန်သည် ယခုခေတ်တွင် အနည်ငယ် တူညီကြပြီး ခေါက်ဆွဲ ဒါမှမဟုတ် ထမင်းနှင့် တွဲဖက် စားသုံးကြသည်။ ထိပ်ဆုံးတွင် လက်ရေးကြီးကြီးဖြင့် ရေးထားသည့် အကြီးဆုံး ဟင်းလျာမှာ အသားပေါက်စီများ၊ ပေါင်းထားသော အဖြူရောင် ပေါက်စီနှင့် ဖက်ထုပ်များ ဖြစ်သည်။

ယေဘူယျအားဖြင့် အမျိုးအစား အများကြီး မရှိဘဲ အသားဟင်းများသည် သက်သက်လွတ် ဟင်းလျာများထက် ပိုများသည်။

ဒါက ပုံမှန်ပါပဲ။ သူမတို့အားလုံးက နိုင်ငံပိုင် အဆင့်ရှိတဲ့ စားသောက်ဆိုင်ကို ရောက်လာကြတာပဲလေ။ အဲ့တော့ ဘယ်သူကများ ဒီကို သက်သက်လွတ် စားဖို့အတွက်နဲ့ ရောက်လာကြမှာလဲ။

ဝမ့်ရင်းသည် ကိုယ်တိုင် စားဖို့အတွက် ဝက်သားနှပ်နှင့် ပေါင်းထားသော ပေါက်စီများကို မှာခဲ့ပြီး ၂ယွမ်နှင့် အစားအစာ တံဆိပ်ခေါင်း ငါးခုကို သုံးလိုက်ရသည်။

ဝမ့်ရင်းသည် သူမရဲ့ ခေါင်းကိုက်တဲ့ဒဏ်ကို သည်းခံထားပြီး စားပွဲထိုးအား မေးခဲ့သည်။ “ကျွန်မလေ ဝက်သားနှပ်တော့ အရမ်းကြီး မလိုပေမယ့် အရိုးပြုတ်ရည်လေး ပိုလိုနေလို့။”

စားပွဲထိုးလေးသည် ဝမ့်ရင်းအား အံ့ဩစွာဖြင့် ကြည့်လိုက်သည်။ နိုင်ငံပိုင် အဆင့်ရှိတဲ့ စားသောက်ဆိုင်ကို လာတဲ့ ဘယ်သူမဆို အသား ပမာဏကိုပဲ အာရုံစိုက်နေကြတာ မဟုတ်ဘူးလား။

အချို့ သတိလက်လွတ်ဖြစ်ကြသည့် သူများသည် ပန်းကန်ပြားပေါ်တွင် အလေးချိန်ကို ညီတူညီမျှဖြစ်အောင် ချိန်ပြီး မေးခဲ့ကြသည်။ “ဆိုင်ထဲမှာ မင်းကို အသားတွေ လုံလုံလောက်လောက် မပေးလို့လား။ ဒီလို မက်လုံးမျိုးတွေက တော်တော်လေး ကူကယ်ရာမဲ့စေတာပဲ။ အဲ့ဒါကြောင့် ကောင်တာအနောက်မှာ ချိန်ခွင်တစ်ခုကို ထားထားတာ။ အဲ့လိုလူတွေလာပြီး ပြဿနာတွေ လာရှာသွားမှာကို ကြောက်လွန်းလို့လေ။

ရလဒ်အနေဖြင့် ထိုကောင်မလေးက တကယ်တမ်းမှာ အသားနည်းနည်း၊ အရည်များများလို့ ပြောလိုက်တာမလား။

စားပွဲထိုးလေးသည် စပ်စပ်စုစုနှင့် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။

မီးဖိုချောင်နောက်တွင် ရှုရွှမ်းက ဂျုံနယ်နေခဲ့သည်။ ဂျုံဖြူကို သူ့ရဲ့ ဘယ်ညာ လက်နှစ်ဖက်ဖြင့် နယ်ခဲ့သည်။ ထို့နောက် မကြာခင်မှာပဲ ထိုဂျုံမှာ ဘောလုံးပုံစံ ဝိုင်းဝိုင်းလေး ဖြစ်သွားခဲ့သည်။ အဆာပလာ ဖြည့်ပြီးသားများကို စဥ်းနီတုံး၏ ထောင့်နားတွင် ချထားပြီး ရှုရွှမ်းလက်များရဲ့ လျင်လျင်မြန်မြန် လှုပ်ရှားမှုတို့ကြောင့် ရွှေတုံးပုံစံ ဖက်ထုပ်လေးများကို လုပ်ပြီးခဲ့ပြီး ဖြစ်သည်။

စားပွဲထိုးက ရှုရွှမ်း၏ ခေါင်းကို တို့လိုက်သည့်အခါ သူလည်း ရပ်လိုက်သည်။

စားပွဲထိုးက အိမ်ထောင်ကျပြီးသားသူ ဖြစ်သော်လည်း သူသည် ရှုရွှမ်း၏ ပုံစံကို မြင်လိုက်ရသည့်အခါ အနည်းငယ် စိတ်လှုပ်သွားသည်ကို မထိန်းနိုင်ခဲ့ပါ။

“…ကျွန်တော် ဝက်သားနှပ်ကို အရည်များများ အသားနည်းနည်းနဲ့ ပေါက်စီ နှစ်လုံးကို လိုချင်တယ်။”

ရှုရွှမ်းသည် ခေါင်းငြိမ့်ပြလိုက်ကာ ပေါက်စီကို အသားများ ထည့်ဖို့အတွက် ပြန်လှည့်သွားခဲ့သည်။

စားပွဲထိုးသည် ရှုရွှမ်း၏ တိတ်ဆိတ်မှုကို အသားကျကာ သူ့ကိုယ်သူ ပြောခဲ့သည်။ “ထူးဆန်းလိုက်တာ။ အသားများများနဲ့ ပေါက်စီကို ကြီးကြီးလုပ်ပေးဖို့ ပြောတဲ့သူတွေကိုပဲ ငါမြင်ဖူးတာ။ ဒါပေမယ့် စွပ်ပြုတ်အတွက် မေးတဲ့သူကိုတော့ ဒါ ပထမဆုံး ငါမြင်ဖူးတာပဲ။”

ရှုရွှမ်းသည် လက်ထဲက ကိုင်ထားသော စွပ်ပြုတ်ကို ထားလိုက်ပြီး အသား အိုးကြီးထဲမှ တစ်ဇွန်း ပြည့်ပြည့်ကို ခပ်လိုက်သည်။

ဝက်သားနှပ်ကို အမြဲတမ်း ပန်းကန်ပြားပေါ်မှာ တည်ခင်းသော်လည်း ဒီတစ်ကြိမ်မှာတော့ ရှုရွှမ်းသည် ထိုဝက်သားနှပ်ကို ပန်းကန်လုံးထဲသို့ ချက်ချင်းပဲ ပြောင်းထည့်လိုက်သည်။

ဇွန်းအပြည့် ခပ်လိုက်သော စွပ်ပြုတ်သည် နီညိုရောင် ရှိပြီး စီချွမ်းငရုတ်ကောင်းနှင့် စမုန်စပါးစေ့များမှာ စွပ်ပြုတ်ပေါ်တွင် ပေါ်နေခဲ့သည်။

စားပွဲထိုးသည် ထိုပန်းကန်လုံးကို ယူလိုက်သည့်အခါ လေးသောကြောင့် ချလိုက်သည်။ “ဟေး။ ရပြီလေ။”

ရှုရွှမ်း - “ငါအသားတစ်တုံးကို ဖယ်လိုက်တာလေ။”

စားပွဲထိုး - “ဒါဆို ဒါက ဖယ်လိုက်တဲ့ အသားတုံးနဲ့ စွပ်ပြုတ်ကို လဲလိုက်တာပေါ့။”

ဒီလို အသားတုံးကြီးကို စွပ်ပြုတ်တစ်ဝက်လောက်နဲ့ လဲတဲ့သူမျိုးကို အရူးလို့ ခေါ်သင့်တယ်။

“အရူးပဲ။”

ဝမ့်ရင်းသည် ဆိုင်ထဲတွင်ထိုင်ကာ ယူလာတာကို ကြည့်နေခဲ့သည်။ သူမသည် စားပွဲထိုးက အသားကို ယူလာတာကို ကြည့်ပြီး ထိုပန်းကန်ကို သွားယူဖို့ မြန်မြန်လေး လျှောက်သွားခဲ့သည်။

ထိုဝက်သားနှပ် ပန်းကန်ကြီးရဲ့ အနံ့က ချက်ချင်းဆိုသလိုပဲ စွဲမက်သွားစေသည်။

ဝမ့်ရင်းသည် သတိမထားဘဲ မျိုချလိုက်ရင် ပန်းကန်ကြီးထဲတွင် နှပ်ထားသော ဝက်သားတုံး များစွာကို တွေ့လိုက်ရသည်မှာ ပင်လယ်ထဲမှ ရေခဲတုံးကြီးများအလား ဖြစ်နေသည်။

ကြည်နေပြီး ဂျယ်လီလို ဖြစ်နေသော ဝက်သားတုံးမှာ လက်ချောင်းလောက် အထူရှိပြီး နူးညံနေသော နီညိုရောင် အသားများကို တစ်ပိုင်းချင်း တင်ထားသည်မှာ ဆွဲဆောင်မှု ရှိနေခဲ့သည်။

ဝမ့်ရင်းသည် အမှတ်မထင် ပေါက်စီကို ပိုင်းလိုက်သည့်အခါ အထဲတွင် ထည့်ထားသော ဝက်သားနှပ်မှ အနှစ်များမှာ ကျလာသည့်အတွက် ပြန်ကပ်ပြီး တစ်ကိုက် ကိုက်လိုက်သည်။

အသားရဲ့ အနံ့မှာ ချက်ချင်းဆိုသလို အာရုံးငါးပါး ထွေပြားသွားစေခဲ့သည်။

အသားကြီး၏ အနံ့တွင် ပုံမှန် ဟင်းသီးဟင်းရွက် အနံ့အရသာမျိုး တစ်စက်ကလေးမှ ရှိမနေခဲ့ပါ။

ဝမ့်ရင်းသည် ထိုအရာကို စားပြီးနောက် ငိုချင်လာခဲ့သည်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။

ရက်ရက်ရောရော ထည့်ပေးထားသော အသားနှင့် နူးညံ့သည့် အဖြူရောင် ပေါက်စီကို သူမသည် ဒီအချိန်တွင် ဘာနှင့်မှ လဲနိုင်မည် မဟုတ်ပါ။

ဝမ့်ရင်းသည် အသားကို မြည်းကြည့်လိုက်သည့်အခါ စားပွဲထိုးသည် အံ့ဩတကြီး ငေးကြည့်နေခဲ့ပြီး ထိုအစားအစာများကို ငေးကြည့်နေရုံဖြင့် ဗိုက်ဆာလာခဲ့သည်။

'ဟူး၊ သူက ဒီ ဝက်သားနှပ်ကို နေ့တိုင်း မြင်ပြီး အနံ့ခံနေရတာ ပင်ပန်းနေလောက်ပြီ။ အခု သူ ဘာလို့ ဒီလောက်တောင် ဗိုက်ဆာနေရတာလဲ။'

'စောနက သူ ဘာမှမစားရသေးလို့ ဗိုက်ဆာနေတာလား။'

'ညနေပိုင်း အလုပ်ပြီးတဲ့အချိန်ထိ သူ ဘာလို့ မစောင့်နိုင်ရတာလဲ။ ပြီးတော့ တစ်လုံးမှ တစ်ယွမ်ထဲကို ဝယ်သွားပြီး အိမ်မှာ မြည်းကြည့်ရင် ကောင်းမလား။'

သူက တွေးထဲမှာ လွန်ဆွဲနေဆဲ ဖြစ်သော်လည်း ဝမ့်ရင်းကတော့ စားလို့သောက်လို့ ပြီးသွားပြီ ဖြစ်သည်။

All Chapters